မြင်ကွင်းပြောင်းလဲလာသော မြို့တော်ရန်ကုန်( အဝေးရောက်များအတွက်)
|719- Hits|ပထမဆုံးပုံ ကတော့ဆောက်ပြီးမြင်ရမဲ့ပုံပါ။
အဲဒီအဆောက်အဦက Junction Centre
တခုဖြစ်ပါတယ်။ မြန်မာ့အသံရဲ့အနောက်ဖက်
ယခင်ကြံ့တောသုသာန်ဝင်းအတွင်းဖြစ်ပြီး
အခုတော့ ကားပွဲစားတန်းပေါ့။အဲဒီမှာဆောက်နေတာပါ။
အောက် ၃ ပုံကတော့ မြေနီကုန်း
မီးပွိုင့်မှာရှိတဲ့ Dagon Centre ရဲ့တိုးချဲ့
အဆောက်အဦဖြစ်ပါတယ် ..။
စင်ကာင်္ပူကိုအမီလိုက်တော့မလားမသိ ..။
ပဲခူးမှာ international Airport ပြန်ဆောက်ပါမယ် ..။
ဘူတာကြီးကိုလဲ အရင်ရာထားတဲ့အတိုင်း
ရွာသာကြီးဘက်ကိုပြောင်းပါမယ် ..။
Related posts:








ခုလိုနောင်တွေရမဲ့ပုံတွေတင်ပေးတဲ့အတွက်ကျေးဇူးပါ
Was this answer helpful?
LikeDislikeဦးဖက်က အမတ်ကြီး ဦးခင်ရွှေ ရဲ့ မပြီးနိုင်တော့သော အဆောက်အဦးကြီးတော့ မပြဘူးပေါ့လေ။ ဖြတ်သွားတိုင်း ၀ယ်ထားမိတဲ့ သူတွေကို သနားမိတယ်။
Was this answer helpful?
LikeDislikeပြည်လမ်းပေါ်ကလား။
ပိုင်ရှင်ပြောင်းသွားတာကြာလှပေါ့။
Was this answer helpful?
LikeDislikeအတော်ဟုတ်နေတာဘဲ ကျေးဇူးပါ u fatt
Was this answer helpful?
LikeDislikeon the first photo, is it the prototype or real photo?
Why can’t they use Myanmar people in that? Or they copied the whole building design from the other country?
Was this answer helpful?
LikeDislikeပထမ ပုံက ကြော်ငြာပါ။ အောက်နှစ်ပုံ က ဆောက်လက်စ အဲ့ဒီ့ပုံ။
နေရာကတော့ တစ်ချိန်တုံးက ကြံတော အဖြစ် နံမည်ကြီးခဲ့တဲ့ မီးသဂြိုလ်စက်နေရာလေ။
ဝိညဉ်များနဲ့ ဈေး အတူဝယ်ကြတာပေါ့။
Was this answer helpful?
LikeDislikeသွားစရာ လာစရာ နေရာအစုံတင်ပေးပါဗျို့။ အသစ်ဆောက်တဲ့ shopping mall တွေ ပြောတာပါ။
Was this answer helpful?
LikeDislikeဘာတွေဘယ်လိုပြောင်းပြောင်း လူမကောင်းရင် တိုင်းပြည်မကောင်းနိုင် ပြီ:
ခဲ့တဲ့၅နှစ်ကမြန်မာပြည်ပြန်တာ လေဆိပ်အိမ်အပြန်လမ်းမှာ ထူးထူးခြားခြားကြည့်လို့မ ကောင်းတာကတော့ ဆလွန်းကားနဲ့တိုင်စီ အိုအိုဟောင်းဟောင်းတွေလမ်းမှာ ယိုင်တိုင်ယိုင်တိုင် တွေနဲ့လမ်ပေါ်မှာမောင်းနေကြတုံးပါပဲ ၈၈အရေးအခင်းအပြီး ကားပါမစ်ကိုစစ်တပ်က ရိုက်စားတွေလုဎ်ပြီး ကျန်ခဲ့တဲ့အမွေအနှစ် တွေပါ(ပြောချင်တာက လုဎ်ချင်တာတွေ သာလွယ်လွယ်လေးနဲ့လုဎ်ခဲ့ ရင်ကျန်ခဲ့တဲ့မျိုးဆက်တွေကဖြစ်ချင်တာတွေဖြစ်သလို ကျန်ရစ်ခဲ့ကြတာကိုသိစေချင်တာပါပဲ)တိုင်းပြည်မှာတကယ်လိုအပ်နေတာက တိုင်းပြည်ကိုလှအောင် အသစ်တွေဆောက် အရောင်တွေသနေတာထက် တကယ်လိုအပ်တဲ့ ဆေးရုံ၊ကျောင်း။စတဲ့တကယ်အခြေခံအဆောက်အအုံများကို ဦးစားပေးသင့်ပါတယ် (မရောင်ရာဆီလူးရင် ဝေဒနာဟာထူးမခြားနားပါပဲ)
Was this answer helpful?
LikeDislikeပထမဆုံးပုံက poster ပါ။ ဒုတိယပုံကမှတကယ်ဆောက်နေတဲ့ပုံပါ။ကျန်တဲ့နေရာ ထူးထူးခြားခြား
ရှိလို့အဆင်ပြေခဲ့ရင်လဲတင်ပေးပါ့မယ် ..။ မြိ့ထဲမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ရုံးကြီး စိန်ဂျွန်း
မှတ်တိုင်နားကအဆောက်အဦကြီးကိုတော့ ဆေးရုံကြီးအဖြစ်ပြောင်းပြီးဆောက်နေပါတယ် …။
မြန်မာပြည်ကိုသတိရလို့ ဒီဆိုဒ်လေးဖွင့်ကြည့်တဲ့သူတွေကြည့်ရကျိုးနပ်စေချင်လို့ အလွမ်းတွေ
ပြေစေချင်လို့ပါ။ကျနော့တုန်းက ကိုရီးယားမှာ မျက်ရည်ကျရတဲ့နေ့တွေမနဲပါဘူး homesick ဖြစ်တာ။
သားက ၃ နှစ်နဲ့ထားခဲ့ရတော့သားကိုအရမ်းလွမ်းမိတာပါ။
Was this answer helpful?
LikeDislikeအဝေးရောက်တွေကော ၊ အဝေးမရောက် (ရန်ကုန်မလာနိုင်သေး) သူ ကျွန်တော်တို့ အတွက်ကော ဦးဖက်ရဲ့ ရင်ထဲကလာတဲ့ စေတနာကို သိရတာ၊ ပြောပြတဲ့ ပုံတွေ၊ သတင်းတွေကို မြင်ရတာတွေ အတွက် က စိတ်ဝင်စားစရာတွေပါ။
Was this answer helpful?
LikeDislikeshopping centre တွေကတော့တခုပြီးတခုကိုပေါ်လာတယ်နော်
ဝယ်လိုအားထက်ရောင်းလိုအားတွေပိုများနေသလိုဘဲ
ဘယ်လောက်ဘဲ shopping centre တွေပေါ်ပေါ်ကျမကတော့ရောက်ဖူးယုံ
လောက်သာသွားတယ် တကယ်လိုအပ်ရင်တော့ဝယ်မယ် မလိုအပ်ဘဲနဲ့တော့
တော်တန်မ၀ယ်ဖြစ်ဘူး ကျမလိုလူမျိုးများရင် ဒီနေရာတွေတွက်ခြေမှကိုက်ပါ့မလား
Was this answer helpful?
LikeDislikeလေးဖက်ရေ … တခြားနိုင်ငံတွေရောက်နေတဲ့လူတွေ မပြောနဲ့ … ရန်ကုန်မှာနေတဲ့လူတွေတောင် ဓါတ်ပုံတွေကြည့်ရတာ မြင်ကွင်းတမျိုးလိုဖြစ်စေပါတယ် … ။
ဒဂုံစင်တာနားက အဆောက်ဦးက အောက်တိုဘာလကုန်လောက်မှာ ငြမ်းစင်ပြိုကျတာ လူငါးယောက် ဒဏ်ရာရသွားတယ်ကြားတယ် … ။ ပဲခူးမှာ international Airport ပြန်ဆောက်မယ်ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ …. ။ ပဲခူးမြို့ ကျဉ်းကျဉ်းလေးမှာသာ နိုင်ငံတကာ အဆင့်မှီလေဆိပ်သာရှိမယ်ဆို အရောင်းဝယ် ၊ စီးပွားရေး လုပ်ငန်းတွေ ပိုကောင်းလာမယ်ထင်တယ် … ။
Was this answer helpful?
LikeDislikeဒေါ်အိဒုံ ရေ ပဲခူးမှာ ဆောက်မဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်က အဓိက က ရန်ကုန်အတွက်ပါ ၊
အပြောင်းအလဲမှာ တိုးတက်လာမဲ့ ခရီးသည်နဲ့ဆို ရန်ကုန်လေဆိပ်က သေးနေပါသေးတယ် ၊ ထပ်ချဲ့ဘို့ နေရာ မရှိတော့လို့ ဖြစ်မှာပေါ့ ၊ နေပြည်တော်လေဆိပ် ရှိလာမှာဖြစ်ပေမဲ့ နေပြည်တော် လေဆိပ်ကို ခရီးသွားတွေများဘို့က နှစ်တွေကြာဦးမှာပါ ၊ခရီးသည်က ရန်ကုန်ကိုပဲ အလားများနေဦးမှာပဲ ၊ မလေး၊ ထိုင်း လေဆိပ်တွေ အားလုံးလဲ မြို့နဲ့ ခပ်လှမ်းလှမ်းမှာပဲ ရှိကြပါတယ်
ကျွန်တော် မှတ်မိသလောက် ပဲခူးလေဆိပ်က ကိုရီးယားတွေနဲ့ဆောက်မယ် ဘယ်နှနှစ်အပြီး ဘာညာနဲ့ သတင်းစာထဲ ပါလာသေးတယ် နောက်မှ ရပ်သွားတာ (ငွေကြောင့်လို ထင်တာပဲ) အခု ပြန်ဆောက်မယ် ဆိုတော့ ချေးငွေ ရလို့ဖြစ်မှာပေါ့ ( ဦးဖက်လဲ ရှယ်ယာ ၀င်ထားတာ ဖြစ်နိုင်တယ်)
Was this answer helpful?
LikeDislikeဘူတာပြန်စမယ်ဆိုတာသေချာရဲ့လား။
စကားနဲ့တင် ဒလက မြေတွေ မတရားတက်နေပါပေါ့လာ။
Was this answer helpful?
LikeDislike