NLD မှတ်ပုံတင်ရေး တိုင်းနဲ့ ပြည်နယ်အမြင်
|2227- Hits|အောက်ကသတင်းကို VOAက ကူးပါတယ်..။
အဲဒီမှာက.. NLD ထဲကသဘောထားတွေ ပေးထားကြတာတွေ့ကြရမှာပါ။
လူထုသဘောထား မပါပါဘူး..။ အဲဒါနဲ့အဲဒီသတင်းလေးကူးတင်ပြီး ရွာထဲချပြလိုရင်းပါပဲ..။
ဖြစ်နိုင်ရင်တော့ သဘောထားလေး..ဆွေးနွေးချက်လေးပါ..ကော်မန့်ရေးပေးပေါ့..။
အခုလောလောဆယ် Poll လုပ်ထားတာအရ
NLD ပါတီမှတ်ပုံတင်ခြင်း ..
Total Votes: 1,813
၇၈.၂၇% က မှတ်ပုံတင်သင့်သည်… ဖြစ်နေတာမို့… မှတ်ပုံတင်ဖို့ လူထုကသဘောထားမှတ်ချက်ပေးထားတာ များတယ် သိသာပါတယ်..။
အခုလ.. ၁၈ရက်နေ့မှာ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်) ဗဟိုကော်မတီ ၁၀၆ ဦးပါ အစည်းဝေးကိုခေါ်ပြီး အပြီးဆုံးဖြတ်မှာမို့.. လူထုသဘောထားကို အဲဒီအစည်းအဝေးမှာအချက်အလက်တခုအနေနဲ့လုပ် ပေးချင်တာလည်းပါပါတယ်..။ (ယူတာမယူတာ.. တပိုင်းပေါ့..
)
အချိန်တော့ သိပ်မရပါဘူး..။
ဒါပေမဲ့.. ဖြစ်လာမဲ့တခုကို.. Poll လုပ်ရင်း.. မန္တလေးဂေဇက်ဟာ လူထုကို ဘယ်လောက်ကိုယ်စားပြုနိုင်သလည်း ဆိုတာလည်းသိသာစေဖို့လည်းပါတာပေါ့..။
အဲဒါလေးပါ..။
=================
ကြာသပတေး, 10 နိုဝင်ဘာ 2011
NLD မှတ်ပုံတင်ရေး တိုင်းနဲ့ ပြည်နယ်အမြင်
By မသင်းသီရိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ရေး မတင်ရေး ကိစ္စကို နိုင်ငံတ၀ှန်းက ဗဟိုဦးစီးအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပြီး ဆုံးဖြတ်ချက်မချခင် တချို့ပြည်နယ်နဲ့တိုင်းတွေမှာ ဆွေးနွေးနေကြတဲ့အထဲ မတူကွဲပြားတဲ့အမြင်တွေ ရှိနေကြပါတယ်။ အများစုကတော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ သဘောတူကြပေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့နေရာမှာ မတူတဲ့ အမြင်တချို့ ရှိနေတာပါ။ ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စအတွက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဆွေးနွေးအပြီး လာမယ့် နိုဝင်ဘာ ၁၈ ရက်နေ့မှာ တနိုင်ငံလုံးက NLD ဗဟိုဦးစီးတွေနဲ့ ထပ်မံတွေ့ဆုံပြီး ဆုံးဖြတ်ချက်ချဖို့ NLD က စီစဉ်ထားတာပါ။ ဒါ့ကြောင့်မို့ ၁၈ ရက်မတိုင်ခင် တချို့ပြည်နယ်တိုင်းတွေမှာ NLD အဖွဲ့ဝင်တွေရဲ့ သဘောထားတွေနဲ့ ဆွေးနွေးတိုင်ပင် နေတာတွေရှိနေပါတယ်။
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်ထဲက nld ပါတီဝင်တွေကတော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့မှာ သဘောတူကြတာများပေမယ့် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ဖို့မှာတော့ မတူတဲ့အမြင်တွေ ရှိတာမျိုး သိရတယ်လို့ မိတ္ထီလာခရိုင်က NLD ဗဟိုဦးစီးတယောာက်ဖြစ်တဲ့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။
“မေးကြည့်တဲ့အခါမှာ တချို့ကလည်း မတင်ချင်ဘူးပေါ့။ တချို့ကလည်းတင်ချင်တယ်ပေါ့။ ပါတီမှတ်ပုံတင်ဖို့ကိစ္စနဲ့ ပတ်သက်လို့ကတော့ တော်တော်များများက သဘောတူပါတယ်။ ရွေးကောက်ပွဲဝင်ရေးကိစ္စကတော့ တကဏ္ဍတဖြစ်နေတယ်လေ။ တချို့ကျတော့လည်း ရတဲ့အခွင့်အရေးကို ရတဲ့နေရာမှာ ရတဲ့ပုံစံနဲ့ လုပ်ရတဲ့အခါမှာ NLD က ရသလောက် ၀င်ယူကြမယ်ဆိုတဲ့ အနေအထားမျိုးတော့ ရှိပါတယ်။ လိုရင်းကတော့ တင်ရေးနဲ့ ၀င်ရေးပေါ့။ မှတ်ပုံလည်းတင်၊ ၀င်စရာရှိတာလည်း ၀င်လိုက်တော့။ ၀င်လိုက်တော့ဆိုတာက ကျနော်တို့ကြားထဲမှာ လုပ်ရမယ့်အလုပ်တွေက အများကြီးရှိသေးတယ်။ အတိုင်းအတာတခုအထိ ပါတီထဲမှာ တစိတ်တပိုင်းဝင်ထားခြင်းအားဖြင့် အကျိုးရှိမယ်လို့မြင်တယ်”
တခါ ကရင်ပြည်နယ်က NLD ပါတီဝင်တွေဟာ ဆိုရင်လည်း ပါတီမှတ်ပုံတင်ရေးကို ကန့်ကွက်သူမရှိ လက်ခံပေမယ့် ကြားဖြတ် ရွေးကောက်ပွဲဝင်ဖို့မှာတော့ တချို့က သဘောမတူတာရှိတယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဒီမိုကရေစီနည်းအရ အများဆန္ဒအတိုင်း လိုက်နာဆောင်ရွက်မှာ ဖြစ်သလို တိုင်းရင်းသားအရေး အားလုံး ပြေလည်ဖို့အတွက် ဘယ်လို ညှိနှိုင်းဆောင်ရွက်မှုမျိုးမဆို လိုက်နာဆောင်ရွက်မယ်လို့ ကရင်ပြည်နယ် NLD ပါတီက ခေါင်းဆောင် တဦးဖြစ်တဲ ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။
“အဲဒီအပေါ်မှာတော့ နည်းနည်းကွဲပြားမှုရှိတယ်။ ဒါပေမယ့် အဲဒါကျတော့လည်း ရန်ကုန်ကျမှပဲ ပြန်ပြီးတော့စုစည်းပြီးတော့ ပြန်ညှိနှိုင်းပြီးတော့ ဆုံးဖြတ်ကြမယ်လို့ တိုင်ပင်ထားကြတယ်။ တချို့ကလည်း မ၀င်ချင်ဘူး။ သူတို့တဦးထဲဆန္ဒပေါ့နော်။ မ၀င်ချင်ဘူးဆိုပေမယ့် အများဆန္ဒ အတိုင်းပါပဲ။ အများဆန္ဒက ၀င်မယ့်ဘက်ကဖြစ်တယ်ဆိုလို့ရှိရင် အန်တီတို့ကလည်း ကျေကျေနပ်နပ်ပဲလက်ခံမှာပါ။ လောလောဆယ် ဖြစ်နေတဲ့ တိုင်းရင်းသားတွေရဲ့စစ်ပွဲတွေကလေ တိုင်းရင်းသားတွေရော၊ ဒေသခံ ရှိတဲ့လူတွေ၊ မြို့ပေါ်မှာရှိတဲ့လူတွေက ဒီလောက် မသိသာပေမယ့် နယ်စပ်မှာနေတဲ့ တိုင်းရင်းသားတွေက အင်မတန်ဒုက္ခရောက်ပါတယ်။ အဲဒီလို အန်တီတို့ ဒီဘက်မှာ တင်းနေလို့ရှိရင် အဲဒီလို ရေရှည်ကြီးဖြစ်နေလိမ့်မယ်အတွက် အဲဒါကို တထစ်လျှော့တဲ့အနေနဲ့ အန်တီတို့လည်း လျှော့ပေးမယ်လို့ စိတ်က ကူးထားပါတယ်”
မန္တလေးတိုင်းကတော့ လတ်တလော ဗဟိုဦးစီး အစည်းဝေးလုပ်ပြီး သဘောထား မမေးမြန်းရသေးပေမယ့် NLD ပါတီကို ဦးဆောင်နေကြတဲ့ ဗဟိုနဲ့အတူ တခြား ပြည်နယ်၊ တိုင်းတွေရဲ့ သဘောထားအတိုင်း လုပ်ဆောင်မယ်လို့ NLD မန္တလေးတိုင်းဒုဥက္ကဋ္ဌ ဦးသိန်းတန်ကဆိုပါတယ်။
“အမျိုးမျိုးတော့ ရှိရမှာပေါ့ခင်ဗျာ။ ယတိပြတ်တော့ ပြောလို့မရပါဘူး။ တခြားတိုင်းတွေ ဘယ်လိုလုပ်ထားသလဲ၊ ဘာပြောမလဲဆိုတာ ကျနော်တို့လည်း unseen လေ။ ဘာမှ မသိရသေးဘူးလေ ခင်ဗျာ။ အဲဒီကျမှပဲ ကျနော်တို့ ဆွေးနွေးကြရမှာပေါ့။ ”
မန္တလေးတိုင်းရဲ့ သဘောထားပါရှင်။
တခါ ရှမ်းပြည်နယ်ကတော့ ဖြစ်ချင်တဲ့ ဆန္ဒတွေထက် ဖြစ်သင့်တာတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအောက်မှာ လိုက်ပါဆောင်ရွက်မယ်လို့ ရှမ်းပြည်နယ် ဗဟိုဦးစီးအဖွဲဝင် ဒေါ်ခင်မိုးမိုးကဆိုပါတယ်။
“ကျမတို့ ရှမ်းပြည်နယ်သဘောထားကတော့ ဒီအချိန်မှာ ဖြစ်သင့်ဖြစ်ထိုက်တာကို ဖြစ်အောင်လုပ်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မှတ်ပုံတင်ရေးကို ကျမတို့ ရှမ်းပြည်က လက်ခံပါတယ်။ ဒါပေမဲ့ ကျမတို့က ကြားဖြတ်ရွေးကောက်ပွဲဝင်တာကိုလည်း လက်ခံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုအောက်မှာ ဆက်လက်ပြီးပါတီရှင်သန်အောင် လုပ်ရမှာမို့လို့ကို အသွင်တွေပြောင်းလာတယ်။ အဲဒီလိုပဲ ကျမတို့ကလည်း တိုးတက်မှုအတွက် ပြောင်းလဲတာကို လက်ခံတဲ့သဘော ဖြစ်ပါတယ်။”
ဒါကတော့ ရှမ်းပြည်နယ် ဗဟိုဦးစီးအဖွဲဝင် ဒေါ်ခင်မိုးမိုးဖြစ်ပါတယ်။
လာမယ့် ၁၈ ရက်နေ့ အစည်းဝေးကိုတက်မယ့် ဧရာဝတီတိုင်းက ဗဟိုဦးစီအဖွဲ့ဝင် ဦးမန်းညွန့်သိန်းကတော့ လက်ရှိအစိုးရကို ဘယ်လောက် ယုံကြည်ရမလဲဆိုတဲ့ စဉ်းစာချက် သူ့မှာ ရှိနေတဲ့အတွက် ပါတီရဲ့ ရှေ့ရပ်တည်ချက်ဆိုင်ရာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုမယ်လို့ သုံးသပ်ပါတယ်။
“မှတ်ပုံတင်လိုက်ပြီးတော့ မ၀င်ဘဲနေလို့ရရင်လည်း နေစေချင်တယ်။ ၁၉၉၀ ခုနှစ်က ရှိသေးတာကိုး။ တကယ်လို့ မတော်တဆများ ယိုင်သွားမယ်ဆိုရင် တို့ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာလေးလည်း ပြန်စဉ်းစားရတယ်။ တို့ရဲ့အတွေ့အကြုံနဲ့ပေါ့လေ။ နှစ် ၂၀ ကျော် ဖြတ်သန်းခဲ့တဲ့ဟာ အမျိုးမျိုး အလှည့်ပတ်ခံပြီးတော့ သံသယအကျိုးကတော့ ရှိနေတယ်။ အခြေခံမှာ ပြောင်းလဲမှုတွေ မရှိသေးဘူးလား ဆိုတော့ အခြေခံမှာ ဒီ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးတွေရွေးတာကျတော့ နဂိုရ်မူလလူတွေပဲ သို့မဟုတ် သူတို့ကြံ့ခိုင်ရေးကလူတွေ၊ သို့မဟုတ် အာဏာပိုင်နဲ့ဆက်စပ်တဲ့လူတွေချည့်ပဲ။ ဒီလိုပဲ ငွေများတရားနိုင်၊ ငွေနည်းတရားရှုံးနေတာတွေလည်း ရှိနေတယ်”
ဧရာဝတီက ဦးမန်းညွန့်သိန်းပါ။ NLD ပါတီဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ်ဆိုရင်တော့ ဒီနှစ်မကုန်ခင် ကျင်းပပေးမယ်ဆိုတဲ့ ကြားဖြတ် ရွေးကောက်ပွဲကို ဥပဒေအရ ၀င်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၀င်နိုင်ခြေရှိတယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက VOA မြန်မာပိုင်းကို ပြောခဲ့ပါတယ်။
http://www.voanews.com/burmese/news/–11_10_11_my_news-burma—-133607333.html
Related posts:
- နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့်များ စိစစ်ခွင့်ပြုပေးလျက်ရှိ
- နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်များ စိစစ်ခွင့်ပြုပေးလျက်ရှိ
- နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့်များ စိစစ်ခွင့် ပြုပေးလျက်ရှိ
- ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေး မပေးသွင်းနိုင်၍ နိုင်ငံရေးပါတီများ၏ တင်သွင်းနိုင်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အရေအတွက် မျှော်မှန်းထားသည်ထက် နည်းပါးခဲ့ရ
- နိုင်ငံရေးပါတီ ၂ ခုကို တရားဝင်ခွင့်ပြု


ဒီ Poll ကလုပ်သာလုပ်တာပါ..။
မြန်မာပြည်တွင် အိုင်ပီလိပ်စာတူနေသူတွေ.. ထပ်လုပ်လို့မရတာမို့.. အရေအတွက်အမှန်မရပါဘူး..။
အကြံအဖန်နဲ့.. ၂ခါ၃ခါ လုပ်လို့မရအောင် ထိန်းထားလို့ဖြစ်ပါတယ်.။
တရက်ကု မတူတဲ့ ဒီရွာအလည်လာသူ ၂၅၀၀ ကနေ ၂၈၀၀ကြား ရှိတယ်လို့ Google Analytics ကပြထားပါကြောင်း..။
Was this answer helpful?
LikeDislikeသဂျီးသဂျီး …တကယ်မလွယ်တဲ့ သဂျီး
ဂူဂဲလ် အနဲလတစ် လည်း သူသိလိုက် တတ်လိုက်ရပြန်ပီ ….
သူ့ ဆီ စာလာလာရေးရတာ ကြောက်တောင် ကြောက်ထှာ..
anyway
အစက absolute unique user သည်လောက် ရှိမယ်တော့ မထင်ထားဘူးဗျ..
Was this answer helpful?
LikeDislikeကိုဇာက ကြော်ငြာထည့်မလို့ စိတ်ကူးနေပြီဗျ သဂျီးရေ။
Was this answer helpful?
LikeDislikeသဂျီးတယောက်ထဲ နေ့တိုင်း အကြိမ်၁၀၀၀လောက် ဝင်လိုက်ထွက်လိုက်လုပ်နေတာလည်း ပြောအုံးလေ။ မဒမ်ခိုင်က ၁၀၀၀၊ သားနဲ့သမီးက ၅၀၀စီဆိုတော့ တနေ့အကြိမ်ရေ၃၀၀၀ရှိတယ်။ ဂူဂဲကပြောတာ ပျမ်းမျှနေ့စဉ် ၂၆၀၀ထား ဘယ့်နှယ်လုပ် ၄၀၀က ပျောက်နေရသတုန်း။ အပြင်ကလူ ၂၀ယောက် ပုံမှန်ဝင်ကြည့်ရင် ၄၂၀… ပလုပ်တုပ် ဖိုးတွမ်တီးလို့ အင်္ဂလိပ်လို အသံထွက်နေပါကလား။။။။။။။။
Was this answer helpful?
LikeDislikeအခုက စစ်အစိုးရကိုယ်တိုင်ကလည်း လေးလေးစားစား ဆက်ဆံလာတာ တွေ့ရပါတယ် ။
NLD ပါတီ အပေါ် လူထုထောက်ခံမှု နှင့် လူထုရဲ့ ရဲစွမ်းသတ္တိကို စမ်းသပ်တဲ့အနေနှင့်
ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်သင့်ပါတယ် ။
တရားဝင် ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းတာ ဖြစ်တဲ့အတွက်
စည်းရုံးရတာ ပိုင်ပိုင်နိုင်နိုင် ရှိပြီး လူထုက အထူးထောက်ခံလာတာကို တွေ့ရမှာပါ ။
အဲဒီလို အထူးထောက်ခံလာတဲ့ လူထုအင်အားစုကိုတွေ့ရမှလဲ
စစ်အစိုးရကိုယ်တိုင်က ပိုလေးစားလာမှာပါ ။
Was this answer helpful?
LikeDislikeပါတီမှတ်ပုံတင်မှ ပိုအကျိုးများအောင်လုပ်နိုင်စရာရှိပါတယ်။ ဒါကြောင့် ပါတီမှတ်ပုံတင်ရေးကို ထောက်ခံပါတယ်။
ရွေးကောက်ပွဲဝင်ရေးအတွက်တော့ စစ်အစိုးရဘက်က လုပ်ပေးစရာလေးတွေရှိပါသေးတယ်။ ဒါပေမယ့်လဲ အဓိကက ပြည်သူအကျိုးရှိဘို့ပါ။ ထိခိုက်ခဲ့ရတာတွေ ခံစားခဲ့ရတာတွေ ပေးဆပ်ခဲ့ရတာတွေ အလွန့်အလွန်များခဲ့ပေမယ့် ဒါတွေအတွက် တရားမျှတမှု့ကိုတောင်းခံနေရင်း ဆက်အချိန်ကုန်မခံချင်တော့ပါဘူး။ သင့်လျှော်တဲ့ အသိအမှတ်ပြုမှု့မျိုး ရမယ်ဆိုရင် လွှတ်တော်ထဲဝင်ပြီး မျက်နှာချင်းဆိုင်လုပ်ရတာက ပိုကောင်းပါတယ်။ လက်ရှိ လွှတ်တော်ထဲက လူနည်းစု ဒီမိုကရေစီဘက်တော်သားတွေအတွက်လဲ အားဖြစ်ပါတယ်။ ရွေးကောက်ပွဲ မ၀င်ရင်လဲ ပါတီဆက်ရပ်တည်ခွင့် ရမှာလား?
ဒါကြောင့် ၀င်ရေး ကိုလဲ (သိပ်အစာမကြေသေးတဲ့ကြားကပဲ) ထောက်ခံပါတယ်။
Was this answer helpful?
LikeDislikeမြန်မာမာအစိုးရရဲ့ လက်ရှိရပ်တည်ချက်ကိုကြည့်ရအောင်။ ပထမဆုံးက good governance ဆိုတဲ့စကားကိုေ၇လဲနဲ့သုံးပြီး နမူနာအရေးယူမှုတွေုလုပ်တာတွေ။ ပြည်ပရောက်တွေကိုဖိတ်ခေါ်လိုက်တာတွေရယ်ပေါ့။ အမြင်မတူကြတာတွေဘေးချိတ်ပြီး ဆန့်ကျင်ဘက်နိုင်ငံရေးအင်အားစုတွေကိုဖိတ်ခေါ်လိုက်ပါတယ်။ အကျဉ်းသားတွေလွှတ်ပေးတယ်။ ဒီထဲ နိုင်ငံရေးအဓိကရအားလုံးမပါတောင် ပါသင့်သလောက်ပါလာပါတယ်။ မြစ်ဆုံကိစ္စလူထုဘက်ကရပ်ပြလိုက်တယ်။ ဒေါ်စုနဲ့ ဆွေးပွဲတွေမှာ ဟန်ပြသာမကတော့ဘဲ၊ လက်တွေ့ကျတဲ့ကိစ္စတွေဆွေးနွေးမှုအကြိမ်ကြိမ်လုပ်ပါတယ်။ စီးပွားရေးနဲ့ငွေရေးကြေးရေး ကိစ္စတွေ၊ ကျေးလက်ဒေသဆင်းရဲ့မွဲတေမှုကိစ္စ (အောင်မြင်မှုရဘို့ကတော့အတော်ကြီးကြိုးစားရပါမယ်) တွေဦးစားပေးလုပ်လာတယ်။ မင်းသားဇာဂနာ နဲ့ ရုပ်ရှင်အနုပညာအစည်းအရုံးတွေ တွေ့ဆုံစေပြီး လွတ်လပ်တဲ့အနုပညာပွဲတော်တရပ်ဖေါ်ထုတ်ရေးကို အားပေးလာပါတယ်။ ဒါတွေအားလုံးဟာ မြန်မာနိုင်ငံက လက်ရှိအရေးတကြီးလိုနေတဲ့ နိုင်ငံတကာပိတ်ဆို့မှုကို ဖျက်သိမ်းဘို့၊ အာဆီယံမှာ ဥက္ကဌနေရာ၇ဘို့ဆိုတဲ့ မျှော်လင့်ချက်တွေ လို့ ရုတ်တရက်ကြည့်ရင်ထင်စရာရှိပါတယ်။ ဒါပေမဲ့ အစိုးရကဒီကိစ္စတွေကိုအသံကျယ်ကျယ်မအော်တော့ပါဘူး။လွှတ်တော်အစည်းအဝေးတွေမှာ အမတ်တွေရဲ့ဆွေးနွေးချက်တွေ သတင်းတွေမှာမချွင်းမချန်ပါလာတာတွေ၊ ဆွေးနွေးတဲ့ပုံစံပြောင်းလာတာတွေဟာ ထူးခြားတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေလို့ဆိုပါရစေ။ အမှန်ါပြော်ရရင် စီးပွားရေးလုပ်ငန်းရှင်များအပြင်၊ အရပ်သားတွေကို ဗိုလ်ချုပ်တွေအပေါ်ကကျော်ပြီးနေရာပေးလာပါတယ်။ အရင်က သတင်းစာခေါင်းကြီးပိုင်းမှာနေရာယူကြတဲ့ဗိုလ်ချုပ်တွေဟာ ခုချိန်မှာ နောက်တက်တဲ့ အရပ်သားအစိုး၇အဖွဲ့ဝင်များရဲ့နောက်တန်းကိုရောက်မှန်းမသိရောက်သွားကြပါတယ်။ ဒါတွေဟာ အာဏာရှင်အစိုးရ ဘဲပြောပြော၊ ရုပ်သေးအစိုးရဘဲဆိုဆို လက်ရှိမြန်မာအစိုးရအတွက်အလွန်ကြီးလေးသော လိုက်လျောမှုတွေဆိုတာ ကိုယုံသင့်ပါတယ်။ သမိုင်းကိုသေသေချာချာကြည့်ရင် ဒီလိုခြေလှမ်းမျိုးတွေ ဆိတ်သုဉ်းတာ (၁၉၆၂) ကတည်းကပါ။
NLD ဘက်ကြည့်ရအောင်။ ဒေါ်စုဟာ လူထုနဲ့မြန်မာနိုင်ငံရဲ့ တခုတည်းသော မျှော်လင့်ချက်ရောင်ခြည်ဆိုတာကိုလူထုနဲ့ အတိုက်အခံအားလုံးလိုလိုက လက်ခံထားပါတယ်။ သူမကိုအခုအစိုးရပြစ်ပယ်လို့မရဘူးဆိုတာကောင်းကောင်းကြီးသိလို့၊ နေရာတွေပေးနေတာသိသာလာနေပါပြီ။ ဒါပေမဲ့ ရွှေဂုံတိုင်ကြှေုညာစာတမ်းနဲ့အတူ (၂၀၀၈) ဖွဲ့စည်းပုံကိုသပိတ်မှောက်ထားကြောင့် လက်ရှိအစိုးရနဲ့လွှတ်တော်ကိုလည်းကန့်ကွက်ထားတယ်ဆိုတဲ့ ကိစ္စကရှိနေပါတယ်။ ဒါပေမဲ့ ကိစ္စတိုင်း၊ ကြေငြာစာတမ်းတိုင်းဟာ လှေနံဓါးထစ်မှတ်လို့မရဘူးဆိုတာ၊ NLD ထိပ်ပိုင်းကကောင်းကောင်းလက်ခံထားပါတယ။် အမှန်ပြောရရင်တော့ (၂၀၀၈) ဖွဲ့စည်းပုံဟာ democracy စံနှုန်းတွေကိုလိုက်နာထားခြင်းမရှိတဲ့အပြင် နိုင်ငံတကာ (အထူးသဖြင့် အနောက်နိုင်ငံတွေက) ကလက်မခံပါဘူး။ အာဆီယံထဲမှာတောင်ပြောမကောင်းလို့သာပါ။ ဒါပေမဲ့ဖွဲ့စည်းပုံဆိုတာလဲ ဘွာတေ ခတ်ပြီးကောက်ပြင်လို့မရပါဘူး။ အဲ့ဒီအပိုင်းဘဲရှိပါတယ်။ ဥပမာအားဖြင့် စစ်တပ်က (၂၅%)မောင်ပိုင်သိမ်းတဲ့ကိစ္စကအစပေါ့။
ဒီတော့် နှစ်ဘက်လူအချင်းချင်းကတော့ စားပွဲမှာမျက်နှာချင်းဆိုင်ဆွေးနွေးနိုင်တဲ့အနေအထားမှာရှိနေပြီပေါ့။ ဒီမူကိုဘဲပြင်ရမှာလို့မောင်မိုးညိုကမြင်ပါတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတခုကိုတော့ဖြတ်သန်းရပါလိမ်ါမယ်။ ဘယ်လောက်ကြာမလဲ..ဘယ်သူမှမသိနိုင်ပါ။ လက်ရှိအစိုးရကလဲ သူ့အပေါ်တည်မှီနေကြတဲ့ အသိုင်းအ၀ိုင်းအုပ်ကကြီ့းမားပါတယ်။ ဒါတွေကိုအဲ့ဒိအသိုင်းအ၀ိုင်းဝ်နဲ့မိသားစုတွေက နားလည်လက်ခံလာကြဘို့လိုပါတယ်။
မပြင်လို့တော့မဖြစ်တော့ဘူး။ အုပ်ချုပ်သူလဲအဆင်မပြေ၊ လူထုလဲဒုက္ခတွေပင်လယ်ဝေတာ ရာစုတခုနီးပါးရှိနေပါပြီ။
အစိုးရလုပ်သူဟာ ပြည်သူတွေပေါ်မှာရင်ဝယ်သားကဲ့သို့အုပ်ချုပ်ဘို့လိုတယ်ဆိုတာသိကြပါတယ်။
မောင်မိုးညိုအနေနဲ့ကတော့ လက်ရှိဖွဲ့စည်းပုံကိုအတိုင်းတာတခုနဲ့ကာလတခုသတ်မှတ်သဘောတူကြပြီးအဆင့်လိုက်ပြောင်းပေးနိုင်မယ်ဆိုရင်NLD ကမှတ်ပုံတင်ေ၇းဟာလမ်းပွင့်သွားလိမ့်မယ်လို့ထင်ပါတယ်။
Was this answer helpful?
LikeDislikeအထင်မမှားရင်.. အဲဒါကို (တနည်းတလမ်းနဲ့)သဘောတူညီချက်ရထားတယ်..။
ဆိုတော့..
သဘောတူထားတဲ့ သူတွေ အသက်ကြိးပြီးမသေကြခင် လုပ်စရာရှိတာတွေ.. လုပ်ကြရမှာမို့.. အောက်တန်းရောက်လွန်းလှပြီဖြစ်တဲ့.. အမိမြေရေ..
အချိန်မဆိုင်း.. ခပ်ရိုင်းရိုင်းလေး.. ဖုန်းဂွမ်းအုံးးဒိုင်း..။
Was this answer helpful?
LikeDislikeဒေါက်တာလွဏ်းဆွေ ဘလော့မှာတင်ထားတဲ့ ၈၈ကျောင်းသားဟောင်း ဇော်ဝင်းရဲ့ အမြင်ဖြစ်ပါတယ်။ နယူးယောက်က ၈၈မျိုးဆက်ကျောင်းသားေ ခါင်းဆောင်တဦးဖြစ်တဲ့ ကိုဇော်ဝင်းလို့ထင်ပါတယ်။။။ သတ်ပစ် သတ်ပစ်၊ ဖောက်ပြန်ရေးသမားမှန်သမျှ သဂျီးပါမချန် သတ်ပစ် သတ်ပစ်။။။ မီးဒုတ် မီးဒုတ် ရှို့ရှို့….မီးဒုတ် မီးဒုတ် ရှို့ရှို့….မီးဒုတ် မီးဒုတ် ရှို့ရှို့။ ငါ့စိတ်နဲ့ငါပြောတာ ဘာဖြစ်သလဲ အနှုတ်ဝိုင်းပေကြမယ့် Aပေးတို့ရေ။။။။
Thursday, November 10, 2011
ကျုံးသွင်းခံရသော ဆင်ကြီးတကောင်
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
မကြာသေးခင်က “ကြံ့ဖွံ့အစိုးရ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက် များ” ဆောင်းပါးကို ကျနော် ရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ NLD မှတ်ပုံတင်ရေးပြဿနာကို စူးစိုက် မရေး သားနိုင်ခဲ့တဲ့အတွက် အခု ဒီဆောင်းပါးကို ထပ်ရေးတာဖြစ်ပါတယ်။
ကျနော် NLD ပါတီဝင် မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာ့နိုင်ငံရေးမှာ ၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့ကတည်းက စတင် ပတ်သက်လာပြီး ကနေ့အထိ နိုင်ငံရေးကို ကိုယ့်အစွမ်းရှိသလောက် ဆောင်ရွက်နေသူတယောက်ပါ။ အရင်ဆောင်းပါးနဲ့ပတ်သက်ပြီး စာဖတ်သူတွေရဲ့ မှတ်ချက်တွေထဲမှာ အမျိုးမျိုး ထင်မြင်ချက်တွေ ပေးကြတာ တွေ့လို့ ကိုယ်တတ်နိုင်သလောက် ရှင်းပြတာပါ။ ဒီ့ထက် တိတိကျကျ ပြောမပြနိုင်တာကိုလည်း နားလည်ပေး ကြစေချင်ပါတယ်။
တချို့က ဆိုကြပါတယ်။ NLD မှတ်ပုံတင်ရေး၊ မတင်ရေးဟာ သူ့ပါတီ အတွင်းရေးမို့ ကိုယ်နဲ့ မဆိုင်၊ ကိုယ့်မှာ ဝင်ရောက်စွက်ဖက်ခွင့် မရှိလို့ ဆိုကြပါတယ်။ အဲဒီအချက်ကို သဘောမတူနိုင်လို့ ဒီဆောင်းပါးကို ရေးတာဖြစ် ပါတယ်။
မှတ်ပုံတင်ရေး၊ မတင်ရေးသည် တတိုင်းပြည်လုံးရဲ့အရေး
NLD မှတ်ပုံတင်ရေး၊ မတင်ရေးဟာ တနိုင်ငံလုံးရဲ့အရေး၊ လူတိုင်းရဲ့အရေးပါ။ ဖြစ်လာမယ့် အကျိုးဆက်တွေ ကို NLD သာမက အများပြည်သူပါ ရင်ဆိုင်ကြရမှာပါ။ ဒါ့ကြောင့် အားလုံးဆွေးနွေးကြပါ။ စဉ်းစားကြပါ။ သူ့ပါ တီအရေး သူ့ဖာသာ စဉ်းစားပါစေဆိုပြီး လွှတ်ထားလိုက်လို့လည်း နောင်ဖြစ်လာမယ့် အကျိုးဆက်တွေဟာ ကျနော်တို့ခေါင်းပေါ် ကျမလာဘဲ နေမှာမဟုတ်ပါဘူး။
ဒီတော့ ပြောဖို့ တာဝန်ရှိတယ်ထင်လို့ ပြောပါမယ်။ ပြောပါရစေ။
“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မဖမ်းဖို့၊ နိုင်ငံရေးသမားတွေကို မဖမ်းဖို့၊ ပြည်သူတွေကို မနှိပ်စက်ဖို့အတွက် စစ်အစိုးရကို ချော့နေမှ ဖြစ်မယ်ဆိုရင်တော့ ကျနော်တို့ရဲ့နိုင်ငံရေးဟာ တခုခုတော့လွဲနေပြီလို့ ဆိုရတော့မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို မဖမ်းရဲအောင်၊ နိုင်ငံရေးသမားတွေကို မဖမ်းရဲအောင် လုပ်နိုင်မှသာ ကျနော်တို့အတွက် အစစ်အမှန် လုံခြုံမှုကို ရနိုင်မှာပါ။ ကိုယ့်ရဲ့လုံခြုံရေးဟာ စစ်အစိုးရရဲ့ စိတ်ကောင်းနှလုံးကောင်း ရှိမရှိအပေါ်မှာ မှီခိုနေရတယ်ဆိုရင် အဲဒါကို တကယ်လုံခြုံတယ်လို့ မဆိုနိုင်ပါဘူး။ အဲဒါမျိုးကို ကျားသနားမှ နွားချမ်းသာမယ့် လုံခြုံရေးလို့သာ ဆိုနိုင်ပါလိမ့်မယ်။”
ဆင်ကို ကျုံးသွင်းရန် ကြံ့ဖွံ့မုဆိုး ကြံစည်ပြီ
ဒီနေ့အချိန်မှာ ကြံ့ဖွံ့အစိုးရဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ဆင်ကြီးကို အဘက်ဘက်ကနေ ပြေး ပေါက် ထွက်ပေါက် မရှိအောင် ပိတ်ဆို့ထားပါတယ်။
ပါတီဝင်တွေကိုလည်း ဖမ်းပြီးထောင်ချတယ်။ ရွေးကောက်ပွဲ ဝင်လို့မရအောင်လည်း သူ့တပါတီတည်းအတွက် အထူးသီးသန့်စဉ်းစားပြီး ဥပဒေတွေနဲ့ ပိတ်ဆို့တားဆီး ကာရံပါတယ်။ ပါတီ တရားဝင် ရပ်တည်လို့ မရအောင် လည်း ဥပဒေသုံးပြီး ညစ်ပါတယ်။
အဲသလို အဘက်ဘက်က ပိတ်ဆို့ပြီးတဲ့နောက် ခုချိန်မှာတော့ ဘက်တဘက်မှာ လမ်းကျဉ်းကျဉ်းလေး တ ပေါက်ကို ဖွင့်ပေးလိုက်ပါတယ်။ အဲဒီလမ်းကျဉ်းကျဉ်းလေးဆီကို မသွားဘဲ မနေနိုင်အောင် တခြားဘက်တွေ ကနေ ဝိုင်းဝန်းခြောက်လှန့်ပေးနေတဲ့ အလုပ်ကိုလည်း လုပ်နေပါတယ်။ ပြည်ထဲရေးဝန်ကြီးက NLD ဟာ တ ရားမဝင်တော့တဲ့ ပါတီပါလို့ ပြောတာဟာ ခြောက်ထုတ်ပေးနေတာပါ။ “သဘောထားတင်းမာတဲ့သူတွေက အ ခြေအနေတွေ နောက်ပြန်ဆုတ်အောင် လုပ်နေတယ်” လို့ The voice ဂျာနယ်က ပြောတာကလည်း ခြောက် ထုတ်ပေးနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတခုရဲ့ ခေါင်းဆောင်သာမက အမျိုးသားခေါင်းဆောင် ဖြစ်ပါတယ်လို့ ပြောတာဟာလည်း ဒေါ်စုကို NLD နဲ့ ခွဲထုတ်နေတာပါ။ ဒါတွေအားလုံးဟာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ NLD ကို လမ်းကျဉ်းလေးထဲ မဝင်၊ ဝင်အောင် ခြောက်လှန့်ပို့ဆောင်ပေးနေတဲ့ နည်းလမ်းတွေ ဖြစ်ပါ တယ်။
အဲဒီ လမ်းကျဉ်းကျဉ်းလေးကနေ သွားရင် ရောက်မယ့်နေရာက ဆင်ဖမ်းတဲ့ ကျုံးကြီးထဲကို ဖြစ်ပါတယ်။
ဖွင့်ပေးလိုက်တဲ့ လမ်းကျဉ်းလေးက ပါတီ မှတ်ပုံတင်ရေး လမ်းကျဉ်းဖြစ်ပြီး မောင်းပို့နေတဲ့ ကျုံးကြီးကတော့ ၂၀၀၈ အခြေခံဥပဒေကျုံးကြီး ဖြစ်ပါတယ်။
ပါတီမှတ်ပုံတင်ရေး ဥပဒေမှာ “ထိန်းသိမ်းစောင့်ရှောက်” အစား “လေးစားလိုက်နာ” လို့ ပြင်ပေးလိုက်ပါတယ်။ “ထိန်းသိမ်းစောင့်ရှောက်” နဲ့ “လေးစားလိုက်နာ” ဆိုတာ တကယ်တော့ သိပ်မကွာလှပါဘူး။ ဒါပေမယ့် အဖွဲ့ ချုပ်ခေါင်းဆောင်တွေအနေနဲ့ကတော့ “ထိန်းသိမ်းစောင့်ရှောက်” ရမယ့်အစား “လေးစားလိုက်နာ” ရုံက တော် သေးတယ်လို့ ဆိုပါတယ်။ လိုက်နာတာကတော့ ပြဌာန်းထားတဲ့ ဥပဒေတရပ်ကို နိုင်ငံသားတိုင်း လိုက်နာရမှာ ပဲလို့လည်း ဆိုပါတယ်။ အများပြည်သူ သဘောမတူတဲ့ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန် ကြ ဆိုတဲ့စကားနဲ့ အခုစကားဟာ ဘယ်လောက်တောင် ကွာခြားလှပါသလဲ။ နိုင်ငံသားကောင်းပီသစွာ ဥပဒေ မှန်သမျှကို တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ အမြဲတမ်း လိုက်နာမယ်လို့ တရားသေ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ ဥပဒေဘောင်တွင်းက NLD ပါတီကြီးကို အစိုးရက ဥပဒေ တမျိုးပြီး တမျိုးထုတ် အရူးလုပ်နေပါ လိမ့်မယ်။
ထားပါတော့။ ဒီ “လေးစားလိုက်နာ” ဆိုတဲ့ စကားလုံးကို အကျယ်မဆွေးနွေးတော့ပါဘူး။ ဒီစကားလုံးနှစ်လုံး အဓိပ္ပာယ်ခြားနားမှု ရှိမရှိဆိုတာဟာ သူတို့လက်ထဲမှာပါ။ ဒီအစိုးရလက်ထက်မှာ ဥပဒေဆိုတာ မျှော့ကြိုးပါ။ ဒီ့ထက်မကတဲ့ စကားလုံးတွေကိုလည်း လိုသလို ချုံ့ခဲ့၊ ချဲ့ခဲ့ဖူးပါပြီ။
နောက်တချက်က ထောင်ကျနေတဲ့သူတွေကို ပါတီထဲကနေ ထုတ်ပစ်ဖို့ မလိုတော့ဘူးဆိုတဲ့ အချက်ပါ။ မှန်ပါ တယ်။ ဒီအချက်ကတော့ အစိုးရဘက်က တကယ်လိုက်လျောလိုက်တဲ့အချက်ပါ။ သူတို့ ဖွင့်ပေး၊ ဟပေးလိုက် တဲ့ လမ်းလို့လည်း ဆိုနိုင်ပါတယ်။ ငါးမျှားချိတ်မှာ သူတို့ တပ်ပေးဆင်ပေးလိုက်တဲ့ အစာလည်းဖြစ်ပါတယ်။ (ဒါပေမယ့် တချို့ပြောဆိုနေကြသလို ထောင်ကျနေသူတွေ ရွေးကောက်ပွဲဝင်နိုင်မယ်၊ မဲပေးနိုင်တော့မယ် ဆို တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဥပဒေက သပ်သပ်ပါ။ အဲဒီမှာ ဘာမှ ပြင်မပေးပါဘူး။)
ဥပဒေကို ပြင်ဆင်လိုက်တဲ့နေရာမှာ အဓိကကျတဲ့ အချက်တချက် ရှိပါတယ်။ အဲဒါကတော့ မှတ်ပုံတင်ပြီးရင် ကြားဖြတ်ရွေးကောက်ပွဲမှာတောင် သုံးနေရာ မဖြစ်မနေရ ရွေးကောက်ပွဲဝင်ရမယ်ဆိုတာပါပဲ။ (ဒီအချက်ကို သေသေချာချာ ဖတ်ကြည့်စေချင်ပါတယ်။ တချို့ နားလည်မှု လွဲနေကြပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးနေရာ မဝင်မနေရလို့ ပြောတာပါ။) ဒါကိုကြည့်ရင် အစိုးရက ဘာလိုချင်နေတယ် ဆိုတာ အရှင်းကြီးပါ။ ၂၀၁၅ အထိတောင် မစောင့်နိုင်ဘူး၊ အခု ကြားဖြတ်ရွေးကောက်ပွဲမှာပဲ ချက်ချင်း ရွေးကောက်ပွဲဝင်ရမယ်၊ မ ဝင်ရင်တော့ မှတ်ပုံတင်ခွင့် မပေးနိုင်ဘူးဆိုတဲ့ သဘောထားဟာ အထင်အရှားပါပဲ။
မှတ်ပုံတင်ရင် ဘာဖြစ်မလဲ
ဒီဥပဒေအရ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ပါတီခေါင်းဆောင်အားလုံးသာမက ပါတီဝင်တိုင်း ဟာလည်း လက်မှတ်ရေးထိုးကြရမှာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းပုဒ်မ ၁၂ (က) အပိုဒ်ခွဲ ၆ ၊ ပုဒ်မ ၁၀ (ဈ) (ဥပဒေ ပြင်ဆင်ချက်မှာ ပုဒ်မ ၁၀ (ဇ) အဖြစ်ပြောင်းလဲထား) တို့အရ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ လက်မှတ်ရေးထိုးမထားတဲ့ သူကို ပါတီက သိပါလျက်နဲ့ ထုတ်ပယ်မပစ်ဘဲ လက်ခံထားခဲ့ရင် အဲဒီပါတီကိုယ်တိုင်ဟာ တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့် ဆုံးရှုံးမှာဖြစ်ပါတယ်။
ဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မှတ်ပုံတင်ပြီးရင် “အခြေခံဥပဒေကို မလေးစား မလိုက်နာနိုင်တဲ့သူ တွေ ပါတီကထွက်ကြ” လို့ အမိန့်ထုတ်ရတော့မှာပါ။ အဲသလို အမိန့်မထုတ်ရင် ဥပဒေကြောင်းအရကတော့ ပါတီအနေနဲ့ ရထားတဲ့ မှတ်ပုံတင်ခွင့်လေးက ပြန်ဆုံးရှုံးရဦးမှာပါ။
ဒါပေမယ့် အခြေခံဥပဒေကို မလေးစား မလိုက်နာနိုင်တဲ့သူတွေ ပါတီကထွက်ကြလို့ ပြောရင် အဲဒီပါတီဟာ ဒီ မိုကရေစီကျတဲ့ပါတီ ဖြစ်နိုင်ပါဦးမလား။ လွတ်လပ်စွာ အမြင်ကွဲလွဲခွင့်မရှိတဲ့ပါတီဟာ ဒီမိုကရေစီပါတီ ဖြစ်နိုင် ပါဦးမလား။ စစ်အစိုးရ အလိုကျ အခြေခံဥပဒေကို လေးစားလိုက်နာဖို့ ငြင်းဆိုတဲ့သူကို ပါတီက ထုတ်ပယ်ရ မယ်ဆိုရင် ဒီပါတီဟာ ဒီမိုကရေစီပါတီလို့ ဆိုနိုင်ပါတော့မလား။ ဒါဟာ အလေးအနက် စဉ်းစားသင့်တဲ့ အချက် ဖြစ်ပါတယ်။ ပါတီမှတ်ပုံတင်ခွင့်နဲ့ ပါတီရဲ့ဒီမိုကရေစီအနှစ်သာရကို လဲလှယ်ပေးရမယ်ဆိုရင် ဘာကို ရွေးချယ် ကြမလဲ။ အားလုံးစဉ်းစားကြဖို့ပါ။ မှတ်ပုံတင်လိုက်တဲ့ ပါတီဟာ တချိန်က ကျနော်တို့ တလေးတစား မဲပေးခဲ့ ကြတဲ့ NLD နဲ့ တူနိုင်ပါဦးမလားဆိုတာ ကျနော်တို့ စဉ်းစားစရာဖြစ်လာမှာပါ။
ဒါကို စကားကပ်ပြောနေတယ်လို့ ယူဆလို့မရပါဘူး။ မှတ်ပုံတင်ပြီးရင် အခြေခံဥပဒေကို လေးစားလိုက်နာပါ မည်လို့ လက်မှတ်ရေးထိုးဖို့ ငြင်းဆိုတဲ့သူကို ပါတီက ထုတ်ပယ်ပေးဖို့ စစ်အစိုးရမှာ တောင်းဆိုခွင့်ရှိပါတယ်။ ဥပဒေအရ မည်သို့ပင်ဆိုသော်ငြား ဦးသိန်းစိန်ကတော့ စိတ်ကောင်းနှလုံးကောင်းနဲ့ မသိချင်ယောင်ဆောင် နေပါလိမ့်မယ်လို့ ယူဆ (assume လုပ်) ပြီး မှတ်ပုံတင်လိုက်လို့ မဖြစ်ပါ။ ဖြစ်နိုင်ခြေရှိတာ အားလုံးကို ထည့် သွင်းစဉ်းစားဖို့ လိုပါလိမ့်မယ်။
ဒီတော့ တကယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မှတ်ပုံတင်လိုက်မယ်ဆိုရင် ပါတီတခုလုံးဟာ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာသော ပါတီဖြစ်သွားပြီလို့ ဆိုရပါလိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ ဦးခင်မောင်ဆွေရဲ့ NDF ပါတီလို ဖြစ်လာပါလိမ့်မယ်။
၉၀ ရလဒ် စွန့်ပြီလား
အဆိုးဆုံးအချက်က ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးနေရာ ဝင်ပြိုင်ရမယ်ဆိုတဲ့ အချက်ပါ။ မူလဥပဒေအရဆို ရင် ၂၀၁၅ ခုကျမှ ရွေးကောက်ပွဲ ဝင်မဝင် ဆုံးဖြတ်ရမှာပါ။ ခုတော့ အဲဒီအထိ မစောင့်နိုင်လို့ ကြားဖြတ်ရွေး ကောက်ပွဲမှာ မဝင်မနေရဆိုပြီး ဥပဒေကို ပြင်လိုက်ပါတယ်။ ဒီလို တဘက်စောင်းနင်း ဥပဒေထွက်လာတာကို ကြည့်ရင် လွှတ်တော်ကို သူတို့ထင်သလို လုပ်နေတယ်ဆိုတာလည်း အထင်အရှားပါပဲ။
မှတ်ပုံတင်ရစေဦးတော့၊ ရွေးကောက်ပွဲ မဝင်ရဘူးဆိုရင်တောင် အခြေအနေက သိပ်အဆိုးကြီး မဟုတ်သေးပါ ဘူး။ ခုတော့ မှတ်ပုံတင်ချင်ရင် ရွေးကောက်ပွဲ ဝင်ကိုဝင်ရမယ်ဆိုတဲ့ အချက်ကို ဥပဒေအသစ် ပြင်ထည့်သွင်း လိုက်တဲ့အချက်ဟာ NLD ကို မကွဲကွဲအောင် တမင်သွေးထိုးတာဖြစ်ပါတယ်။ NLD ကို ၂၀၀၈ ခုအခြေခံဥပဒေ အောက် မရောက်ရောက်အောင် ဇွတ်ပို့နေတာလည်း ဖြစ်ပါတယ်။
ဦးဝင်းတင်က ပါတီမှတ်ပုံတင်တာနဲ့ ရွေးကောက်ပွဲဝင်တာကို သီးခြားစီ ခွဲစဉ်းစားရမယ်လို့ ဒီဥပဒေမူကြမ်းကို စတင် တင်သွင်းစဉ်အခါတုန်းက မီဒီယာမှာ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ကြံ့ဖွံ့အစိုးရဟာ NLD ကို အဲဒီအခွင့် အရေး ပေးမှာမဟုတ်ပါဘူး။ မပေးချင်လို့ ဥပဒေထဲမှာ အပိုဒ်သစ် တမင်ထပ်တိုးထားတာပါ။
ဒီတော့ ပြင်ဆင်ထားတဲ့ ဥပဒေနဲ့အညီ NLD ဟာ ပါတီ တရားဝင် ရပ်တည်ချင်ရင် ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးနေရာ ဝင်ပြိုင်ရပါမယ်။ အဲသလို သုံးနေရာ ဝင်ပြိုင်လိုက်ရင် ၉၀ ရွေးကောက်ပွဲရလဒ်ကို တရားဝင် စွန့် လွှတ်ပြီးသား ဖြစ်သွားပါပြီ။ ကြားဖြတ်ရွေးကောက်ပွဲလည်း ဝင်ပြိုင်ဦးမယ်၊ ၉၀ ရလဒ်လည်း မစွန့်နိုင်ဘူးဆိုပြီး လုပ်နေလို့ မရပါ။
ဒါကိုသိလို့လည်း အစိုးရက သုံးနေရာမှာ မဖြစ်မနေ ဝင်ပြိုင်ခိုင်းနေတာပါ။
NLD ကို ကြားဖြတ်ရွေးကောက်ပွဲမှာ မဝင်မနေရအတင်းဝင်ခိုင်းနေပေမယ့် နေရာများများမှာ ဝင်ပြိုင်ခွင့်လည်း မပေးချင်ပါဘူး။ နေရာများများမှာ ဝင်ပြိုင်ပြီး NLD တော်တော်များများ လွှတ်တော်ထဲရောက်လာမှာကိုလည်း တဘက်က ကြောက်ပါသေးတယ်။ ကြည့်ပါ။ NLD ပါတီကို နေရာ ၇၀-၈၀ မှာ ဝင်ပြိုင်ခွင့်ပေးရမှာစိုးလို့ လော လောလတ်လတ်မှာကိုပဲ ဥပဒေပြင်ဆင်ဖို့ မူကြမ်းတခု လွှတ်တော်မှာ တင်နေပါတယ်။ လစ်လပ်နေရာ ၇၀- ၈၀ မကျန်အောင်လုပ်မယ့် ဥပဒေပါ။ သမ္မတတို့၊ ဝန်ကြီးတို့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက် ပေးရမယ်ဆိုတဲ့ မူလဥပဒေကို ပြင်ဆင်ဖို့ မူကြမ်းတင်နေတာဖြစ်ပါတယ်။ သမ္မတတို့၊ ဝန်ကြီးတို့ဟာ လွှတ် တော်ကိုယ်စားလှယ် ဆက်ဖြစ်နေရင် ကြားဖြတ်ရွေးကောက်ပွဲမှာ သူတို့နေရာတွေ မလပ်တော့အောင်လုပ် တာပါ။ လစ်လပ်မယ့်နေရာ နည်းသွားအောင် လုပ်နေတာပါ။ NLD ကို အရိုးအရင်းလေးကိုက်ဖို့ ပေးရမှာကို တောင် မသဒ္ဓါသေးလို့ အရိုးမှာကပ်နေတဲ့ အသားလေးကို ခြစ်ယူနေတဲ့ လုပ်ရပ်ပါ။ သမ္မတကြီးရဲ့စေတနာကို ဒါလောက်ဆိုရင်ပဲ နားလည်ဖို့ကောင်းလှပါပြီ။
NLD ပါတီကို ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာတချို့ကို မစို့မပို့ ပေးလိုက်ရုံနဲ့ တသက်လုံး အရှက်ကွဲခဲ့ရရုံ သာမက အမျိုးမျိုး ခြောက်လှန့်နေခဲ့တဲ့ အဲဒီ ၉၀ အိပ်မက်ဆိုးကြီး ပျက်ပြယ်သွားအောင်လုပ်ရေးဟာ အစိုးရရဲ့ ရည်မှန်းချက်ပါ။ အဲသလိုသာ ရသွားမယ်ဆိုရင် စစ်အစိုးရအတွက်တော့ သိပ်အရတော်လှတယ်လို့ ဆိုရမှာပါ။
မှတ်ပုံမတင်ရင် ဘာဖြစ်မလဲ
အခု ရွေးရမယ့်လမ်းက နှစ်လမ်းပါ။ မှတ်ပုံတင်မလား၊ ဒါမှမဟုတ် မှတ်ပုံမတင်ဘူးလား။
မှတ်ပုံမတင်ရင် ကြံ့ခိုင်ရေးအစိုးရ၊ စစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ အခြေခံဥပဒေတို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရှေးယခင်ကအတိုင်း ရန်သူလို သဘောထားပါလိမ့်မယ်။ နောက်ဆုံးအဆင့်မှာ ဒေါ်အောင်ဆန်းစု ကြည်ကို ပြန်ဖမ်းပြီး အကျယ်ချုပ်ချ၊ နိုင်ငံရေးသမားတွေ အကုန်လုံး ပြန်ဖမ်းပြီးထောင်ချ၊ သေနတ်မိုး ဓားမိုး အုပ်ချုပ်တဲ့ အခြေအနေဆီ ပြန်ရောက်ချင်ရောက်ပါလိမ့်မယ်။ ဒီမိုကရေစီသမားတွေအနေနဲ့ အဲသလို ပြန်ဖြစ် မှာ စိုးရိမ်လို့ NLD ကို မှတ်ပုံတင်စေချင်ကြတယ်ဆိုတာကိုလည်း ကျနော် နားလည်ပါတယ်။ ဒါပေမယ့် မှတ်ပုံ တင်ပြီးရင်၊ ရွေးကောက်ပွဲဝင်ပြီးရင်ရော ဒါမျိုးတွေကို ရှောင်လွဲနိုင်ပြီလို့ ဆိုနိုင်ပါသလား။
စစ်အာဏာရှင်စနစ် တည်ရှိမှုကို ခြိမ်းခြောက်နေသမျှမှာ စစ်အစိုးရဟာ ဖိနှိပ်မှုတွေကို လုပ်နေဦးမှာပါ။ ဒါက စစ်အစိုးရဘက်က ရှောင်လွှဲမရတဲ့ ဘဝပေးအခြေအနေပါ။
ကျနော်တို့ဘက်က အခြေအနေကိုလည်း ကြည့်ရအောင်။ ဒီမိုကရေစီကို လိုလားနေသမျှမှာ ကျနော်တို့ဟာ စစ်အာဏာရှင်စနစ် တည်ရှိမှုကို ခြိမ်းခြောက်နေရမှာပါ။ ဒါကိုလည်း ကျနော်တို့ဘက်က ရှောင်လွှဲလို့မရပါ။
ဒါဟာ ဒီမိုကရေစီနဲ့ စစ်အာဏာရှင်ကြားက ရှောင်လွှဲမရတဲ့ ပဋိပက္ခပါ။ ဒါ့ကြောင့် ဒီမိုကရေစီအရေးကို လက်မ လွှတ်သေးသမျှမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းမယ့်အန္တရာယ်၊ နိုင်ငံရေးသမားတွေကို ဖမ်းမယ့်အန္တရာယ် ကို ကျနော်တို့ ရှောင်လွှဲမရ၊ ရင်ဆိုင်နေရဦးမှာပါ။
“ကိုယ့်မှာ စစ်အစိုးရကို ယှဉ်တိုက်နိုင်မယ့် လက်နက်အင်အားလည်း မရှိဘူး၊ လမ်းပေါ်ထွက် ဆန္ဒပြရင်လည်း စစ်အစိုးရက ပစ်သတ်မှာပဲ၊ ဒါ့ကြောင့် စစ်အစိုးရနဲ့ ပြေပြေလည်လည် ဆက်ဆံတဲ့နည်းက အကောင်းဆုံးပါလို့ တချို့က ဆိုကြပါတယ်။ ဒါဟာ အစိုးရအကြိုက် အတွေးအခေါ်ပါ။ အစိုးရ ဖြန့်ပေးနေတဲ့ အတွေးအခေါ်ပါ။ ပိုပြီး တိကျအောင် ပြောရရင် တတိယအုပ်စုကနေတဆင့် ဖြန့်ပေးနေတဲ့ အတွေးအခေါ်ပါ။”
တတိယအုပ်စုများက ကျနော်တို့ကို အကြံပေးနေတာက “ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်၊ ဗိုလ်တင်အောင်မြင့်ဦး တို့ရဲ့ အသက် အိုးအိမ် စည်းစိမ်ကို မထိခိုက်စေရ၊ စစ်အာဏာရှင်စနစ်ကိုသာ ကျနော်တို့ ဖြိုချမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ဗိုလ်ကြီးများ မစိုးရိမ်ကြပါနဲ့ ကျနော်တို့ကို ယုံကြည်ကြပါ” လို့ ပြောခိုင်းနေတာဖြစ်ပါတယ်။ ဒီလို ပြောရင် ပြေလည်သွားနိုင်မယ်လို့ တတိယအုပ်စုက တွေးပုံရပါတယ်။ တတိယအုပ်စုဟာ စစ်အာဏာရှင်ရဲ့ အင်အားကို ပိုတွက်ပြီး ကြောက်ရွံ့ကြပေမယ့် စစ်အာဏာရှင်စနစ်ရဲ့ အတွေးအခေါ်ကိုတော့ လျှော့တွက်နေ ပါတယ်။ စစ်အာဏာရှင်တွေဟာ တကယ်တော့ သူတို့ထင်သလို သူတို့ရဲ့အသက်အန္တရာယ်ကို ကြောက်လို့ အာဏာမစွန့်နိုင်တာ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကနေ ဆံခြည်တမျှင်မှ လျှော့မပေးနိုင်လို့ တင်းခံနေ တာပါ။
အစိုးရဘက်က နားလည်မှု ရှိလာနိုး၊ ပြောင်းလဲလာနိုး မျှော်လင့်ပြီး ကိုယ့်ဘက်က တဆင့်ပြီး တဆင့် ကျနော် တို့ အလျှော့ပေးသွားမယ်ဆိုပါတော့။ နောက်ဆုံး အားလုံးလျှော့ပြီးသွားတဲ့အချိန်မှာ ဘာမှဖြစ်မလာရင် ကျ နော်တို့ ဘာလုပ်ကြမလဲ။ အဲဒီအချိန်ကျမှ နောက်ပြန်ဆုတ်ချင်တယ်ဆိုရင် ကျနော်တို့အတွက် ဆုတ်လမ်းရှိ တော့မှာ မဟုတ်ပါ။ အဲဒီဆုတ်လမ်းမရှိတော့တဲ့ အခြေအနေရောက်အောင် စစ်အစိုးရက တွန်းပို့နေတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မဖမ်းဖို့၊ နိုင်ငံရေးသမားတွေကို မဖမ်းဖို့၊ ပြည်သူတွေကို မနှိပ်စက်ဖို့အတွက် စစ်အစိုးရကို ချော့နေမှ ဖြစ်မယ်ဆိုရင်တော့ ကျနော်တို့ရဲ့ နိုင်ငံရေးဟာ တခုခုတော့လွဲနေပြီလို့ ဆိုရတော့မှာ ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို မဖမ်းရဲအောင်၊ နိုင်ငံရေးသမားတွေကို မဖမ်းရဲအောင် လုပ်နိုင်မှသာ ကျနော် တို့အတွက် အစစ်အမှန် လုံခြုံမှုကို ရနိုင်မှာပါ။
ကိုယ့်ရဲ့လုံခြုံရေးဟာ စစ်အစိုးရရဲ့ စိတ်ကောင်းနှလုံးကောင်း ရှိမရှိအပေါ်မှာ မှီခိုနေရတယ်ဆိုရင် အဲဒါကို တ ကယ်လုံခြုံတယ်လို့ မဆိုနိုင်ပါဘူး။ အဲဒါမျိုးကို ကျားသနားမှ နွားချမ်းသာမယ့် လုံခြုံရေးလို့သာ ဆိုနိုင်ပါလိမ့် မယ်။
ကိုယ့်မှာ စစ်အစိုးရကို ယှဉ်တိုက်နိုင်မယ့် လက်နက်အင်အားလည်း မရှိဘူး၊ လမ်းပေါ်ထွက် ဆန္ဒပြရင်လည်း စစ်အစိုးရက ပစ်သတ်မှာပဲ၊ ဒါ့ကြောင့် စစ်အစိုးရနဲ့ ပြေပြေလည်လည် ဆက်ဆံတဲ့နည်းက အကောင်းဆုံးပါလို့ တချို့က ဆိုကြပါတယ်။ ဒါဟာ အစိုးရ အကြိုက် အတွေးအခေါ်ပါ။ အစိုးရ ဖြန့်ပေးနေတဲ့ အတွေးအခေါ်ပါ။ ပို ပြီး တိကျအောင် ပြောရရင် တတိယအုပ်စုကနေတဆင့် ဖြန့်ပေးနေတဲ့ အတွေးအခေါ်ပါ။ စစ်အစိုးရနဲ့ မပြေ လည်ချင်လို့ ပြောနေတာ မဟုတ်ပါဘူး။ အခုပြောတဲ့ ပြေလည်နည်းဟာ ကျားသနားမှ နွားချမ်းသာမယ့် ပြေ လည်နည်း ဖြစ်နေလို့ ပြောနေတာပါ။ စစ်အစိုးရ စိတ်ကောင်းနှလုံးကောင်းရှိမှ ချမ်းသာရမယ့် နည်းလမ်းဖြစ် နေပါတယ်။ တကယ်တမ်း စစ်အစိုးရသာ စိတ်ကောင်းနှလုံး ကောင်းရှိနေရင် တွေ့ဆုံဆွေးနွေးနေစရာတောင် မလိုပါဘူး။ ဒီမိုကရေစီ ရပြီးတာ ကြာလှပါပြီ။ “စစ်အစိုးရက မယုံနိုင်သေးလို့ပါ၊ သူယုံကြည်လာအောင် လုပ်ရ မယ်” လို့ တတိယအုပ်စုတွေက ပြောနေပါတယ်။ ဟုတ်ကဲ့။ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံလိုက်မှသာ စစ်အစိုးရက ယုံကြည်နိုင်မှာပါ။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ခိုင်းနေသေးသမျှမှာ စစ်အစိုးရက ယုံကြည်နိုင် မှာ မဟုတ်ပါဘူး။ ဒီသဘောထားကို စစ်အစိုးရက အကြိမ်ကြိမ်ပြသပြီးပါပြီ။ ၂၀၀၈ အခြေခံဥပဒေကို ထောက် ခံလို့ကတော့ ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ပါဘူး။ ဘယ်သူ့ကိုမဆို လက်ခံပါတယ်။ ကုန်ကုန်ပြောရရင်၊ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေကိုတောင် ၂၀၀၈ အခြေခံဥပဒေကို လက်ခံမယ်ဆိုရင် စစ်အ စိုးရက ကြိုဆိုမှာပါ။ ဒါပေမယ့် ဒါဟာ ကျနော်တို့ ရွေးချယ်သင့်တဲ့ လမ်းမဟုတ်ပါဘူး။ ဒီမိုကရေစီသမားရဲ့ လမ်းမဟုတ်ပါဘူး။ တတိယအုပ်စုတို့၊ ဗဟုတို့ရဲ့ လမ်းပါ။
NLD မှတ်ပုံတင်ရင်တော့ စစ်သား တမတ်သားပါဝင်တဲ့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကို ကြားဖြတ်ရွေး ကောက်ပွဲအပြီးမှာ လူနည်းစုအဖြစ် ပါဝင်ပူးပေါင်းရပါလိမ့်မယ်။
ဒါ့အပြင် စစ်အစိုးရဟာ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကို လာပါလာပါ လက်ယပ်ခေါ်ပေမယ့် တကယ်တမ်း ဝင်ရောက်လာတဲ့အခါ ဦးထွန်းအောင်ကျော်တို့လို စစ်အစိုးရသတင်းစာတွေထဲမှာ ဆောင်းပါးရေးနေတဲ့ နိုင်ငံ ရေးသိပ္ပံ ဘောဂဗေဒ ကျောင်းတော်သားကြီးတွေ၊ ကိုအေးလွင်တို့လို စီးပွားရေးပိတ်ဆို့မှု ဖွင့်ပေးဖို့ တောင်း ဆိုပေးသူတွေကိုတောင်မှ မျက်နှာသာမပေး နေရာမပေးဘူး ဆိုတာကိုလည်း သတိထားဖို့ လိုပါတယ်။ တ ကယ်တမ်း ရွေးကောက်ပွဲဝင်ခဲ့တဲ့ NDF အခုဘာဖြစ်နေသလဲဆိုတာကိုလည်း ကြည့်ဖို့လိုပါမယ်။ ရွေးကောက် ပွဲဝင်ခဲ့တဲ့ NDF ဟာ ရွေးကောက်ပွဲမဝင်တဲ့ NLD လောက်တောင် နိုင်ငံရေးလုပ်ခွင့်ရပါရဲ့လား။ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ NDF ကို ရွေးကောက်ပွဲမဝင်တဲ့ NLD လောက်တောင်မှ စစ်အစိုးရက အရေးတယူ ဆက်ဆံပါရဲ့လား။
မှတ်ပုံတင်လိုက်ရင် အစိုးရနဲ့ ပြေလည်ချင် ပြေလည်ပါလိမ့်မယ်။ အစိုးရနဲ့ ပြေလည်ဖို့ အဓိက၊ အစိုးရနဲ့ နား လည်မှုရဖို့က အဓိက ဆိုရင်ဖြင့် မှတ်ပုံတင်တဲ့ နည်းလမ်းဟာ အကျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် စစ်အစိုးရနဲ့ ပြေ လည်ပြီးရင် ဒီမိုကရေစီစနစ်ဆီကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းသွားမှာလား။ ဒါမှမဟုတ် စစ်အာဏာရှင်စ နစ်ထဲကို ငြိမ်းချမ်းစွာ ပေါင်းစည်းသွားမှာပါလား။
အန္တရာယ်ရှိတာကတော့ မှတ်ပုံတင်လိုက်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေအောက်ကို ချည်ပြီးတုပ်ပြီး အနေ အထားနဲ့ ကျရောက်သွားနိုင်တဲ့ အန္တရာယ်ပါ။
ဒါ့ကြောင့် ဘယ်သူမဆို NLD မှတ်ပုံတင်သင့် မတင်သင့်ကို စဉ်းစားမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို တ ခေါက်လောက် ပြန်ဖတ်စေချင်တယ်လို့ အကြံပြုချင်ပါတယ်။
NLD ပါတီအတွက် အဓိက စိန်ခေါ်ချက် နှစ်ရပ်
အခုအချိန်မှာ NLD အတွက် နံပါတ်တစ်အရေးကြီးဆုံးအချက်က ပါတီမကွဲဖို့ပါ။ ပါတီသစ်ထောင်ဖို့ တိုက်တွန်း သူတွေ ရှိနေကြတာကိုလည်း အားလုံးအသိပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတခုရဲ့ ခေါင်းဆောင် မဖြစ် သင့်ဘူး၊ တမျိုးသားလုံးရဲ့ ခေါင်းဆောင်ဖြစ်သင့်တယ်လို့ ပြောနေကြတာလည်း အားလုံးအသိပါ။ တကယ် တော့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲထုတ်နေတာပါ။ မကွဲကွဲအောင် လုပ်နေတာပါ။ NLD အနေနဲ့ လူသိရှင်ကြား တရားဝင် ကွဲပြဲတာမျိုး မဖြစ်အောင် တားဆီးဖို့လိုသလို တက်ကြွ လှုပ်ရှားသူတွေ စိတ်ပျက်ပြီး ဘေးထွက်ထိုင်သွားတာမျိုး မဖြစ်အောင် ထိန်းသိမ်းဖို့လည်း လိုပါတယ်။ ကွဲတာ လူမသိစေချင်လို့ တချို့လူတွေ စိတ်ပျက်ပြီး ဘေးထွက်ထိုင်သွားကြမယ်ဆိုရင်လည်း တိုင်းပြည်အတွက်က တော့ နစ်နာဆုံးရှုံးတာပါပဲ။
NLD အတွက် နံပါတ်နှစ် အရေးကြီးတဲ့ အချက်က ၂၀၀၈ အခြေခံဥပဒေလက်အောက်ကို ချည်ပြီးတုပ်ပြီး ကျ ရောက်သွားတဲ့အဖြစ်မျိုး မဖြစ်ဖို့ပါ။ ၂၀၀၈ အခြေခံဥပဒေ ပင်စည်ကို၊ ကျောရိုးကို ပြင်ခွင့်မရတော့ဘဲ သူ့ ဘောင်ထဲဝင်၊ သူ့အရိပ်ကို ခိုပြီး ဟိုအကိုင်းလေးခုတ်ဖို့ ကြိုးစားလိုက်၊ ဟိုအတက်ကလေး ချိုးဖို့ ကြိုးစားလိုက် လုပ်ရင်း တနိုင်ငံလုံး စစ်ကျွန်ဘဝကို အကာအကွယ်မဲ့ ကျရောက်သွားမယ့်အဖြစ်ကို ရှောင်ရှားနိုင်ဖို့ အရေး ကြီးပါတယ်။ အဲသလို အခြေအနေမျိုးဖြစ်သွားရင် ပါတီဟာ နိုင်ငံရေးအညွန့်တုံးတဲ့ ဘဝကို ရောက်သွားမှာပါ။
နိုင်ငံရေးပါတီတခုဟာ မူကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်ရင် အစိုးရဖျက်ပေမယ့် လွယ်လွယ်နဲ့ မပျက်ပါဘူး။ မူပျောက်ရင် ပါတီအလိုလို သေးသိမ် မှေးမှိန်ပြီး တဖြည်းဖြည်း လုံးပါးပါး ပျောက်ကွယ်တတ်ပါတယ်။ မြန်မာ့ သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ အဲသလို အစဉ်အလာ နမူနာတွေ အများကြီး ရှိပါတယ်။
၂၀၀၈ အခြေခံဥပဒေသည်သာ အခရာ
လွှတ်တော်ထဲမှာ စစ်သား တမတ်သား ပါဝင်မှာကို သဘောတူရင်၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီက အချိန်မရွေး အာဏာသိမ်းမှာကို သဘောတူရင် NLD မှတ်ပုံတင်တာကိုလည်း ထောက်ခံလို့ ရပါ ပြီ။ အဲဒါတွေကို သဘောမတူနိုင်ရင်တော့ NLD မှတ်ပုံတင်ရေးဟာ ရင်လေးစရာကြီးပါ။ ဒီမိုကရေစီပါတီ ဆို တာ တရားဝင် မှတ်ပုံတင်ရမှာပဲဆိုတဲ့ အခြေခံလောက်ကို တွေးပြီး လွယ်လွယ်မဆုံးဖြတ်ကြစေလိုပါ။
စစ်အစိုးရအဖို့မှာတော့ ၂၀၀၈ အခြေခံဥပဒေကို ရထားတာဟာ လိုတရ ဆေးကြိမ်လုံးကို ရထားသလိုပါပဲ။ နောက်ဆုံး ကုန်ကုန်ပြောရရင် ၂၀၁၅ မှာ NLD ရွေးကောက်ပွဲဝင်ပြီး တနိုင်ငံလုံးမှာ အနိုင်ရသွားရမယ်ဆိုပါ တော့ (ဥပမာ ပြောတာပါ၊ တကယ်တမ်းမှာ သူတို့ ဒါမျိုး နောက်တခါ ထပ်အဖြစ်မခံပါဘူး။ NLD မပါဘဲနဲ့ တောင် ၂၀၁၀ တုန်းက ဘယ်လောက် ရုပ်ပျက်ဆင်းပျက် မဲခိုးခဲ့သလဲဆိုတာ အားလုံးအသိပါ။ ) တကယ်လို့ ၂၀၁၅ မှာ NLD အနိုင်ရသွားရင်တောင်မှ ပြဿနာရှာပြီး အာဏာပြန်သိမ်းလိုက်ရင် ၂၀၀၈ ခု အခြေခံဥပဒေ အရ တရားဝင်နေပါသေးတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ သူတို့အတွက် အဲသလောက် အာမခံချက်ရှိပါ တယ်။ ဒါ့ကြောင့် ၂၀၀၈ ခုအခြေခံဥပဒေကြီးကို သိပ်တရားဝင်စေချင်နေတာပါ။ NLD ကိုယ်တိုင် လက်ခံထား တဲ့ အခြေခံဥပဒေပါလို့ နိုင်ငံတကာကို ပြောချင်နေတာပါ။ အဲသလို ပြောနိုင်ဖို့အတွက် အခုကြိုးစားနေတာပါ။
ဒီတော့ NLD ပါတီ မှတ်ပုံတင်မတင်ဆိုတဲ့ ပြဿနာရဲ့အဖြေဟာ ၂၀၀၈ အခြေခံဥပဒေကို လက်ခံ မခံဆိုတဲ့ စိန်ခေါ်မှုသာဖြစ်တယ်လို့ ဆိုချင်ကြောင်းပါ။
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
Posted by ဒေါက်တာလွဏ်းဆွေ at 11:07 PM
Was this answer helpful?
LikeDislikeကိုကြောင်ကြီး လက်ထဲ ကမီးဒုတ်ကို မီးလိုက်တို့ပေးမယ်ဗျာ..
ရှို့သာ.. ရှို့
ရှို့သာ.. ရှို့
ရှို့သာ.. ရှို့
ကိုဇော်ဝင်းဆို သူတွေးတာမှာ ..ကိုယ်ကြိုက်တာတွေပါလို့….
Was this answer helpful?
LikeDislikeအခရာက ဖွဲ့စည်းပုံအခြေခံဥပဒေပါ။ ခက်တာက အာရှနိုင်ငံများအပါအ၀င်မြန်မာနိုင်ငံလိုနိုင်ငံတွေ ဟာ အာဏာပိုင်စိုးမှုက ဥပဒေအပေါင်းတို့ရဲ့အချုပ်အခြာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုစိန်ခေါ်မှူကြိမ်ဖန်များစွာဖြစ်ခဲ့တဲ့ သာဓကတွေအများကြီးရှိခဲ့ပါတယ်။ လူပြောင်းတိုင်းဥပဒေတွေလိုက်ပြောင်းပါတယ်။ လူတိုင်းရဲ့အထက်မှာဥပဒေရှိတယ်ဆိုတဲ့ rule of law concept ကို လက်ခံတဲ့ နိုင်ငံရယ်လို့ အမေရိကားဘဲရှိပါတယ်။ အခြားဥရောပနိုင်ငံတွေတောင်မှ အဲ့ဒီစံနှုန်းအနားကိုမကပ်နိုင်သေးပါဘူး။ ဆိုလိုတာက မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေး ခလုတ်ကသင်းကလက်ရှိ (၂၀၀ဂ) အခြေခံဥပဒေရဲ့အဓိကပြဌာန်းချက်ကြီးတချို့သာဖြစ်ပါတယ်။ အဲ့ဒီပြဌာန်းချက်တွေ ဖျက်သိမ်းနိုင်တဲ့ အခြေအနေကောင်းတွေ ဖန်တီးလာနိုင်သည်နှင့်အမျှ လက်ရှိအစိုးရရဲ့ အတွင်းသရုပ်ပေါ်လာပါလိမ့်မယ်။ ဒါတွေဖြစ်လာနိုင်မလား။ ဖြစ်လာနိုင်မယ်လို့မျှော်လင့်ရပါတယ်။ လက်ရှိအစိုးရက အတိုက်အခံနဲ့ တကွ ဒေါ်စုကိုကြုံးသွင်းနေတာကောမဖြစ်နိုင်ဘူးလား။ ကြုံးသွင်းတယ်ဘဲထားတော့….ဒါဟာ အစိုးရကဒေါ်စုနဲ့တကွလူထုအားလုံးကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ မစည်းရုံးလို့မရတော့ဘူးဆိုတဲ့ လက္ခဏာပါဘဲ။ အရင်က အပုတ်ချပြစ်တင်မှုပေါင်းသောင်းခြောက်ထောက်လုပ်တဲ့ဘ၀၊ လူထုအော့နှလုံးနာတဲ့ ကိစ္စတွေ၊ အသုံးအနှုန်းတွေ ကင်းရှင်းစပြုလာပါပြီ။ သူကိုယ်တိုင်ကပြောတဲ့စကားရှိနေပါပြီ။ အမြင်မတူတာတွေဘေးချိတ်၊ လူထုနဲ့ နိုင်ငံအတွက်လက်တွဲလုပ်ကြရအောင်ဆိုတဲ့စကားဆိုလာနေပါပြီ။ ဆိုပါတော့..ဒေါ်စုကလက်ရှိအစိုးရရဲ့ စကားနားယောင်ပြီး၊ သူပြုသမျှ နုရတဲ့ဘ၀ရောက်သွားပြီဆိုပါတော့။ သူတို့အတွက်ဘာထူးပြီးအမြတ်ထွက်လာနိုင်စရာရှိလဲ။ မထင်……။
သေခြာတာကတော့ ရှစ်လုံး (တင်အောင်မြင့်ဦး) အပါအ၀င် hardliners တွေရဲ့ လိုလားလောဘကြီး၊ခေါင်းမာမှု။ သူတို့အကျိုးစီးပွားရေးတွေ ကိစ္စတွေကို လက်ရှိ ဗိုလ်သိန်းစိန်အစိုးရက အတော်ကြီးအာခံလုပ်နေရတဲ့ အထောက်အထားတွေ တဖြေးဖြေးတွေ့လာရပါတယ်။ ဒါပေမဲ့ ဒီကြားထဲ စိတ်ပျက်စရာကိစ္စတွေ၊ အစိုးရက ရှိသမှကိစ္စအားလုံးမှာဝင်နေရာယူလက်ဝါးကြီးအုပ်ချင်တဲ့အဖြေစ်တွေကတော့ ဖြစ်ပျက်နေဆဲဆိုတာ ကိုတော့ ၀န်ခံရမှာပါ။ တွက်ချက်ကြည့်ရလောက်ကတော့ အစိုးရဘက်ကလိုက်လျောရမဲ့ကိစ္စတွေ အဆင်သင့်ဖြစ်နေလောက်ပြီလို့ထင်ပါတယ်။
(၂၀၀၈) ရွေးကောက်ပွဲဟာ တကယ်တော့ ဗိုလ်သန်းရွှေ ထွက်ပေါက်လုံခြုံရေးအတွက်ရည်ရွယ်ချက်သက်သက်သာဖြစ်ပါတယ်။ နာဂစ်အတွင်းကမ္ဘာကရော၊ ပြည်တွင်းကပါရစရာမရှိအောင်ဝေဖန်ကန်ုကွက်နေတဲ့ကြားထဲက ဖြစ်အောင်အတည်ပြုတာ၊ သူကြိုက်အမတ်တွေ ကို မဲခိုးနည်းမျိုးစုံသုံးပြီးပြောင်ပြောင်တင်းတင်း (ကြိုတင်မဲနည်း) တွေနဲ့ လွှတ်တော်ဖွဲ့တာ၊ သူ့စိတ်ကြိုက်တွေကို အစိုး၇ နဲ့စစ်တပ်မှာ ခန့်ထားခဲ့တာ၊ သူ့အနားမှာထီးတော်မိုး၊ ပန်းတော်ကပ်တွေကို နေပြည်တော်ကောင်စီ နဲ့ အရေးပါတဲ့ စစ်တပ်၊ လုံခြုံရေး နဲ့ ကာကွယ်ရေျးမှာခန့်ထားခြင်းတွေဟာ၊ ဗျူဟာကျတဲ့အစီအစဉ်တွေပါဘဲ။ ကျေးဇူးတင်ရမဲ့ကိစ္စကတော့၊ အကျင့်သိက္ခာနဲ့စီးပွားရေးကိစ္စမှာ စံနမူပြုရမယ်လို့ထင်စရာရှိလောက်တဲ့ (ဗိုလ်နေ၀င်း မိသားစု ရဲ့အာဏာပြန်လည်ထူထောင်ရေး ကိစ္စကိုဖေါ်ကောင်လုပ်ခဲ့ပေးတာကလွဲရင်) ဗိုလ်သိန်းစိန်ကိုသမ္မတရာထူးပေးခဲ့ပါတယ်။
ပါတီမှတ်ပုံတင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေးဟာ သီးသန့်ကိစ္စတွေ ဖြစ်သလို သီးခြားဥပဒေတွေနဲ့ ရှိတာမို့ သိပ်ပြဿနာဖြစ်စရာမရှိလောက်ပါဘူး။ ဒါပေမဲ့ အဆင့်အတန်းမမှီဖြစ်နေတဲ့လက်ရှိ ဖွဲ့စည်းပုံကိုဘယ်အတိုင်းအတာအထိပြင် နိုင်မလဲ…ဒါကအရေးကြီးနေပါတယ်။ ဒါဆိုရွှေဂုံတိုင်ကြေငြာစာတမ်းဟာလဲ revised ကြေငြာစာတမ်းဖြစ်လာနိုင်စရာရှိပါတယ်။
မောင်မိုးညိုမြင်ရသလောက်ကတော့..ဒေါ်စုဟာခေသူမဟုတ်ပါ။ ဖွဲ့စည်းပုံကိုပထမဆုံးဖတ်ပြီးကတည်းက ဘယ်လိုမှသဘောမတူနိုင်ဖြစ်ခဲ့ရတာမို့…အစိုးရနဲ့ဆွေးနွေးတဲ့အခါမှာလဲ ဒိကိစ္စဟာ တွေ့ဆုံပွဲတိုင်းမှာပါလောက်မယ်လို့ယူဆရပါတယ်။
လူထုကတော့အနစ်နာကြီးနစ်နာနေရပြီ…action ကိုဘယ်တော့မြင်ရမလဲ…….
Was this answer helpful?
LikeDislikeNLD ပါတီဝင်တွေက မှတ်ပုံတင်ရေး တခဲနက် ထောက်ခံကြလိမ်.မယ်
ဘာလို.လဲဆိုတော. ပါတီအနေနဲ. လှပ်ရှားရတော.မယ်ဆိုရင်
တရားဝင်ပါတီဖြစ်မှ ပါတီဝင်တွေလှပ်ရှားမှု ပိုပြီး အားပါလာမှာမို.ပါ
အားလုံးသိတဲ.အတိုင်းဘဲ တချို.တွေဟာ လုပ်ချင်ပေမယ်. အစိုးရရဲ.
နှိပ်ကွတ်မှု တွေအောက်မှာ အများစုက ထွက်မလာရဲကြဘူးလေ
အထူးသဖြင်.နယ်တွေမှာပိုသိသာတယ် တရားဝင်ပါတီဖြစ်လာရင်
ပါတီက ကိုယ်. ပါတီဝင်တွေကို ပိုပြီး အကာကွယ်ပေးနိင်တောမှာမို.
မှတ်ပုံတင်ရေး သေချာပေါက်ထောက်ခံမှု ရမှာပါ
ကြားဖြတ်လဲဝင်သင်.ပါတယ်
အခု NLD ခေါင်းဆောင်တွေဟာ အတွေ.အကြုံ ရင်.ကျက်သလို
အသက်တွေလဲမငယ်တော.ပါဘူး သူတို.ဟာ နောက်မျိုးဆက်ကို
မွေးထုတ်ရတော.မယ် နောက်လာမယ်. ၅နှစ်သက်တန်းဟာ
သူတို.အလှည်.မဟုတ်ဘူး ငယ်ရွယ်တဲ.မျိုးဆက်သစ် တွေအတွက်ဆိုတာ
သူတိုသိကြပါတယ် အဲဒီတော.အခုထဲက လွတ်တော်ထဲမှာ ၀င်ပြီး
ရင်းကြရတော.မှာပါ သေချာ ပေါက်လဲအရွေးခံရမှာပါ
ပန်းခင်းလမ်းတော. မဟုတ်ပါဘူး လွတ်တော်၂ရပ်စလုံး က
ကောင်းကောင်းပညာပေးဘို.စောင်.နေကြပြီဆိုတာ သေချာပါဘဲ…
Was this answer helpful?
LikeDislikeလိုသလိုရေးဆွဲပြုပြင်ထားတဲ့၂၀၀၈ ဖွဲ့ စည်းပုံဟာအသာစည်းနဲ့ အနိုင်ရရှိအောင်ပြုလုပ်ပြီးမှ ပြည်သူလူထုဆန္နကိုမတရားသဖြင့် ရယူလာခဲ့တာပါ အာဏာရှင်စနစ်ကို ပြည်သူလူထုက မတွန်းလှန်နိုင်ခဲ့ပါဘူး..
NLD မှတ်ပုံတင်ဖို့ အတွက်ကိုထောက်ခံပါတယ်
ပြည်သူလူထုကို အေးမြတဲ့အရိပ်ပေးနိုင်ဖို့ အတွက်ဆိုတာဟာ NLD ဆိုတဲ့ထီးတစ်လက်က လိုအပ်နေပါတယ်
၁၉၉၀ ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ ပြည်သူ့ ဆန္နဖြစ်တယ်ဆိုတာကို ကနေ့ ထိငြင်းကွယ်လို့ မရနိုင်ပါဘူး
NLD ကိုမှတ်ပုံတင်နိုင်အောင် ၂၀၀၈ ဖွဲ့ စည်းပုံပါဥပဒေကို ပြန်လည်ပြင်ဆင်ဖြည့်စွက် ပေးခဲ့တဲ့သမ္မတကြီးကို
ကျေးဇူးတင်ပါတယ် အမေဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမှသာ ပြည်သူလူထုအတွက်သာမက နိုင်ငံတော်
အတွက်ပါ ပိုမိုအကျိုးရှိမယ်ဆိုတာကို ယုံကြည်ပါတယ် နိုင်ငံရေးမှာအမျှော်အမြင်ကြီးမားပြီးညဏ်ပညာထက်မြက်တဲ့ အမေဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုသာမက ကမ္ဘာကပါယုံကြည်လေးစားရတာပါ NLD
မှတ်ပုံတင်ဖို့ အတွက်လိုလားလျှက် ရှိနေပါကြောင်းပြောလိုက်ပါရစေ….
ဆန္နရှိတဲ့..ပြည်သူတစ်ဦး
Was this answer helpful?
LikeDislikeဒီအကြောင်းကို ဒီသတင်းနဲ့အခြေခံပြီး ရေးမလို့ သိပ်ပြီးရေးလို့မတတ်တာနဲ့
ကဦးဆောင်ပြီး ဆုံးဖြတ်မယ်တို့ဘာတို့ဆိုပြီးပြီး ပုံကြီးချဲ့ပြီးပြောနေကြတဲ့
)
တစ်ယောက်ယောက်ရေးရင်ကောင်းမှာဘဲလို့တောင် စိတ်ကူးမိသေးတယ်
ဘာဘဲဖြစ်ဖြစ်ပါ တစ်ခုခုကိုတော့ ဆုံးဖြတ်ရမှာလို့ဘဲပြောရမှာပေါ့နော
အားလုံးသိပြီးသလိုပါဘဲ တရားဝင်ရပ်တည်ဘို့က အရေးကြီးတယ်ဘာညာပေါ့
အများစုက မှတ်ပုံတင်ရေးပေါ့ မှတ်ပုံတင်လိုက်ရင် လွပ်လပ်စွာလုပ်ကိုင်နိုင်မယ် လို့ တွက်ကြတာပေါ့နော
အောက်က ပုဂ္ဂိုလ်ရဲ့ သဘောထားတွေကို သေခြာလေ့လာကြဘို့ တိုက်တွန်းပါတယ်
…………………………………………..
( လာမယ့် ၁၈ ရက်နေ့ အစည်းဝေးကိုတက်မယ့် ဧရာဝတီတိုင်းက ဗဟိုဦးစီအဖွဲ့ဝင် ဦးမန်းညွန့်သိန်းကတော့ လက်ရှိအစိုးရကို ဘယ်လောက် ယုံကြည်ရမလဲဆိုတဲ့ စဉ်းစာချက် သူ့မှာ ရှိနေတဲ့အတွက် ပါတီရဲ့ ရှေ့ရပ်တည်ချက်ဆိုင်ရာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုမယ်လို့ သုံးသပ်ပါတယ်။
“မှတ်ပုံတင်လိုက်ပြီးတော့ မ၀င်ဘဲနေလို့ရရင်လည်း နေစေချင်တယ်။ ၁၉၉၀ ခုနှစ်က ရှိသေးတာကိုး။ တကယ်လို့ မတော်တဆများ ယိုင်သွားမယ်ဆိုရင် တို့ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာလေးလည်း ပြန်စဉ်းစားရတယ်။ တို့ရဲ့အတွေ့အကြုံနဲ့ပေါ့လေ။ နှစ် ၂၀ ကျော် ဖြတ်သန်းခဲ့တဲ့ဟာ အမျိုးမျိုး အလှည့်ပတ်ခံပြီးတော့ သံသယအကျိုးကတော့ ရှိနေတယ်။ အခြေခံမှာ ပြောင်းလဲမှုတွေ မရှိသေးဘူးလား ဆိုတော့ အခြေခံမှာ ဒီ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးတွေရွေးတာကျတော့ နဂိုရ်မူလလူတွေပဲ သို့မဟုတ် သူတို့ကြံ့ခိုင်ရေးကလူတွေ၊ သို့မဟုတ် အာဏာပိုင်နဲ့ဆက်စပ်တဲ့လူတွေချည့်ပဲ။ ဒီလိုပဲ ငွေများတရားနိုင်၊ ငွေနည်းတရားရှုံးနေတာတွေလည်း ရှိနေတယ်”)
…………………………
ဆိုတော့ကာ လွန်ခဲ့တဲ့ ရွေးကောက်ပွဲတုန်းကလည်းဒီလိုဘဲနော် လူတွေက လွယ်လွယ်လေးတွက်တယ်
ဝင်ရွေးရင်နိုင်မှာဘဲ ဒါပေမယ့်ယ္ခုလက်ရှိ အစိုးရဟာ သူခိုးအစိုးရဘဲ မတရားလိမ်ပြီးတက်လာတယ်
ဘယ်သူဘာလုပ်လို့ရလဲ
သူဘယ်လိုဘဲ တက်လာတက်လာ NLD မပါတဲ့အတွက် သူဘာမှလုပ်လို့မရဘူး သူမှမမှန်တာ
90 တုန်းက NLD နိုင်တာကို မပေးဘူး ညစ်တယ် မနှစ်က ရွေးကောက်ပွဲဆိုပြီးထပ်လုပ်တယ် NLD မပါဘူး
ဒါလည်းသူနိုင်တာမဟုတ်ဘူး သူရှုံးတာဘဲ ထုံးစံအတိုင်း ကောက်ကျစ်ထားပြန်တာဘဲ
NLD က ဝင်ပြိုင်မှ သူတို့က တရားဝင်ဖြစ်မှာ ( ဘာ့ကြောင့် သူတို့ NLD ကိုပြိုင်ပွဲထဲ ဝင်စေခြင်နေတာလည်း ? )
အမှန်အကန်တိုင်းသာလုပ် NLD အနေနဲ့ တစ်ရေးနိုးထပြိုင်လည်း နိုင်ရမယ်
ဒီစစ်အုပ်စုတွေ အနိုင်ရမရာ ဘာအကြောင်းမှ မရှိဘူး
သူတို့အောက်လက်သား အများစုတောင်သူတို့ကို ထောက်ခံတာမဟုတ်ဘူး
NLD နိုင်ကို နိုင်ရမယ် အမှန်ကန်ဖြစ်ရင် ပြောတာ
၁။ NLD အနေနဲ့ မှတ်ပုံမတင်ရင် ရှေ့ဆက်ဘာဖြစ်လာနိုင်သလဲ
၂။ NLD အနေနဲ့ မှတ်ပုံတင်လိုက်ရင် ရှေ့ဆက် ဘာဖြစ်လာနိုင်လဲ
၃။ NLD အနေနဲ့ မှတ်ပုံတင်ပြီး ဝင်ပြိုင်လို့မှ အညစ်ခံရရင် ဘာဆက်လုပ်မယ်
( မတရားမှု့တွေဘာတွေ စစ်အစိုးရ အလိုမရှိ ဘာညာ ခွေးလို မဟောင်ပြနဲ့ ဘာမှမဖြစ်လာဘူး)
၎။ NLD အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲကို မပြိုင်ခင် တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ဆောင်မှု့တွေ မရရင်
ဝင်မပြိုင်ဘဲ နေခွင့်ရှိလား အဲ့သည်အခါ ဘာဖြစ်လာနိုင်လဲ? ဆိုလိုတာက လွန်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာလဲ
မဲစနစ်တွေကို ကော်မရှင်တွေ ပြည်သူတွေ သေခြာစောင့်ကြည့် စစ်ဆေးခွင့် မရှိတာ ကိုသိလျှက်သားနဲ့
ငါလိုးမသား အမတ်လောင်းတွေက လွှတ်တော်ထဲမှာ ဖင်သွားခံခြင်တိုင်းနဲ့ ဖင်ဝင်ယားလို့
မအေလိုးတွေ အစိုးရဆိုပြီးဖြစ်နေတာ ခင်ဗျားတို့မြင်တယ်မဟုတ်လား NLD က ဝင်မပြိုင်လို့ ဒီနွားမသားတွေ
ဘာမှလုပ်လို့ မရလို့ NLD မှတ်ပုံတင်ရေးကို သူတို့ကြိုးစားနေတာ။ ( ဒီအချက်က အရေးကြီးဆုံးဘဲ )
နိဂုံးအနေနဲ့ ပြောခြင်တာကတော့ NLD အနေနဲ့ မှတ်ပုံတင်လိုက်မှ တရားဝင်လှုပ်၇ှားမှု့တွေ ရမှာ
ဘာဖြစ်တယ်ညာဖြစ်တယ် လီးလိုမှိုလို အတွေးလောက်လေးနဲ့ လာမပြောနဲ့
ခင်ဗျားတို့ အဲ့လို စောက်သုံးမကျတွေးပြီး ထည့်တဲ့ မဲတွေဟာ NLD နဲ့ မြန်မာနိုင်ငံကို ဘယ်လို
ထိခိုက်နစ်နာစေတယ်ဆိုတာ ခင်ဗျားတို့ နားလည်လား
စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်ပါစေ NLD အနေနဲ့ တစ်ခါမဟုတ်ဘူး ဆယ်ခါ ဆယ်ခါ
တစ်ရေးနိုးထပြိုင်နိုင်ရမယ်
ကြုံလို့ပြောလိုက်ပါဦးမယ် NLD အနေနဲ့ ရွေးကောက်ပွဲ မှတ်ပုံတင်ရေး မတင်ရေးတွေကို
အဖွားကြီး
ခွေးမသားတွေလည်း သတိထားကြဦး
အဲ့သည်အဖွားကြီးက အာဏာကို စောက်ရူးထနေတာမဟုတ်ဘူး
အဲ့သည်အဖွားကြီးက အကြောင်းအရာတစ်ခုမှာ အများသဘောတူရမယ်ဆိုတဲ့ စကားကို
ပြောလည်းပြောတယ် လုပ်လည်းလုပ်နေမတယ်ဆိုတာကို ခင်ဗျားတို့ မသေမခြင်းမှတ်ထားကြဦး
ပိုပြီးအရေးကြီးတာက
အဲ့သည်အဖွားကြီးရဲ့ ဦးဆောင်မှု့နောက်ကနေခင်ဗျားတို့ ဘာလုပ်ရဲလဲ
ကျုပ်အထင် အဖွားကြီးအနေနဲ့ ခင်ဗျားတို့ကို တော်တော်လေးတော့ သဘောပေါက်နေပြီလို့ထင်တာဘဲ
ဟို အင်္ဂလန်သံရုံးရှေ့မှာ ဆန္ဒပြနေကြတဲ့ သတ္တဝါတွေနဲ့ ဒီကိစ္စကလည်း နည်းနည်းပါးပါး
စက်စပ်နေမလားတော့ ဆိုနိုင်ဘူး
( ဆဲတာ ဆိုတာကတော့ ထုံးစံအတိုင်း သဂျီးမင်းက အရေးယူပေလိမ့်မယ်ပေါ့ကွယ်နော
Was this answer helpful?
LikeDislikeကိုအောင်ဘု ပြောတာထဲကနေ ကောက်နုတ်ပြချင်တာက။။။။ (မဆဲနဲ့ဗျာကိုပု၊ ခင်ဗျားဆဲတော့ ကျုပ်လည်းဆဲချင်ဒယ်
“”"”"”"”လွန်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာလဲ မဲစနစ်တွေကို ကော်မရှင်တွေ ပြည်သူတွေ သေခြာစောင့်ကြည့် စစ်ဆေးခွင့် မရှိတာ ကိုသိလျှက်သားနဲ့
ငါလိုးမသား အမတ်လောင်းတွေက လွှတ်တော်ထဲမှာ ဖင်သွားခံခြင်တိုင်းနဲ့ ဖင်ဝင်ယားလို့
မအေလိုးတွေ အစိုးရဆိုပြီးဖြစ်နေတာ ခင်ဗျားတို့မြင်တယ်မဟုတ်လား NLD က ဝင်မပြိုင်လို့ ဒီနွားမသားတွေ
ဘာမှလုပ်လို့ မရလို့ NLD မှတ်ပုံတင်ရေးကို သူတို့ကြိုးစားနေတာ။ ( ဒီအချက်က အရေးကြီးဆုံးဘဲ )”"”"”"”"
Was this answer helpful?
LikeDislikevote လုပ်တုန်းကတော့ NLD မှတ်ပုံတင်သင့်တယ်လို့ လုပ်လိုက်တာပဲ။ ခုမှ ပြောတာတွေနားထောင်ပြီး ပြန်စဉ်းစားတော့ မှတ်ပုံမတင်သင့်ဘူးလို့တောင် ထင်နေပြီ။ NLD ဘယ်လို ဆုံးဖြတ်မလဲဆိုတာကိုပဲ နားစွင့်ရတော့မှာပဲ။
(တရက်ကို မတူတဲ့ ဒီရွာအလည်လာသူ ၂၅၀၀ ကနေ ၂၈၀၀ကြား ရှိတယ်လို့ Google Analytics ကပြထားပါကြောင်း..။)
သဂျီးရဲ့ အောင်မြင်မှုကိုလည်း ဂုဏ်ယူပါကြောင်း…… :bravo:
Was this answer helpful?
LikeDislikeမှတ်ပုံ တင်တာကို ထောက် ခံပါတယ် ဗျာ နိုင်ငံရေး အကျဉ်းသားတွေ လပြည့်နေ့ လွှတ်မယ် ထင်ထားတာ တော့ မလွှတ် သေးဘူး အဲ ဒီတော့ လည်း သံသယ တွေ တော့ ရှိ နေတုန်း ပါ
၁၈ ရက်နေ့ မတိုင် ခင် လွှတ် ရင် တော့ ပို ကောင်းတဲ့ ရလဒ်တွေ ထွက်လာ မယ် ထင်ပါတယ်
Was this answer helpful?
LikeDislikeလက်ရှိအနေအထားမှာအစိုးရက Legitimacy ကောင်းကောင်းရဘို့အရေးကြီးဆုံးအချိန်ရောက်နေပါပြီ။
၂၀၁၀ မေလ ဂျီ ၂၀ ဆမ်းမစ်(G20 Summit) မှာ အာဆီယမ် ပလပ်အိပ်(ASEAN+8) ဆိုပြီး အန်ကယ်ဆမ်တို့လက်လာတွဲကတည်းက
မြန်မာအစိုးရရဲ့ Legitimacy ပြတ်သားဖို့ကိုအာဆီယမ်ဖိုး(ASEAN4= Malaysia, Thai, Indonesia, Philippines)ကဖိပြီဆိုတာနားလည်လိုက်ပါတယ်။
ဒီလောက်ကောင်းတဲ့အရှေ့ဘက်ကိုလှဲ့လာတဲ့ (World Economic Gravity) ကမ္ဘာ့ စီးပွါးရေးဂရတ်ဗီတီ ကို အာဆီယမ်ကမညင်းနိုင်ပါဘူး။မြန်မာကြောင့်ညိုညင်သွားမှာစိုးပါတယ်။
မြန်မာအစိုးရကတော့သူ့ကို Legitimacy ကောင်းကောင်းပေးနိုင်တဲ့ သူက အမေစုတို့အဖွဲ့ဘဲဖြစ်လေတော့ ပြောရရင်သူလဲ ဘိုက်နာနေတာမျိုးဆိုတော့……….
“တရားမျှတတဲ့ အခြေခံဥပဒေအသစ်အတည်ပြုရွေးကောက်ပွဲ” ကိုနိုင်ငံတကာစံနှုန်းနဲ့အညီပြန်လုပ်ဘို့တောင်းဆိုသင့်တယ်။
နိုင်ငံတကာစံနှုန်းဆိုတာ မဲလိမ်မဲခိုးအမျိုးမျိုးမပါအောင် လုပ်ရမယ် လွတ်လပ်ရမယ်၊လို့ဆိုလိုတာ။
စစ်တပ်ကိုနေရာပေး/ကာကွယ်ပေး/ပစားပေးထားတဲ့ ဒီလက်ရှိအခြေခံဥပဒေရဲ့အောက်မှာတော့ သိပ်သဘောမတူဘူးလို့
ပြောချင်တယ်။
အဲဒီဟာပြီးရင် မှတ်ပုံတင်ရွေးကောက်ပွဲပါဝင် ပေတော့သဘောရှိ။ပြောတော့ဘူးဘာမှ။စိတ်ချပြီ။
ခုတိုင်းဆိုရင်တော့ သူ့အိပ်ကပ်ထဲကပဲကြီးလှော်ဖြစ်သွားဖို့ကခပ်များများရယ်။စိတ်မချပါဘူး။
Was this answer helpful?
LikeDislikeLegitimacy ရဲ့ ပစ်မှတ်က Geopolitics ပါ။ ပြည်တွင်းမှာ Good Governance လို့အော်ရင် နိုင်ငံတကာနဲ့ဆက်ဆံတဲ့နေရာမှာ Good Geopolitics ပါ။
သဘောချင်းအတူတူပါဘဲ။
ကုန်သွယ်ရေးဟာဒီခေတ်ရဲ့စီးပွါးရေးဆိုတော့ နယ်စပ်ကုန်သွယ်ရေးနဲ့(Black Market and Informal sector)အင်ဖော်မယ်ကုန်သွယ်ရေးကိုအသားကျနေတဲ့အစိုးရကစီးပွါးရေးဖိအားကိုအတိုင်းအတာတခုအထိခံနိုင်တာဘဲ အဲဒီအတွက်တော့ Legitimacy ကလိုကိုမလိုတာ။
ခုဟာက သူ့ပျားအုံကြီးကို သူကာကွယ်ပေးရအုန်းမယ်။
အစိုးရသစ်ဆိုတာ ဒီပျား အုံ ထဲကပျားတကောင်ဘဲ ဆိုတော့ လေ။
တိုင်းရင်းသားအမျိုးသမီးအဖွဲ့တွေအပါအဝင်အမျိုးမျိုးသောUN Targeted Report အစီရင်ခံစာတွေဟာ အရင်ပျားအုံ ကြီးကို မီးတိုက်လောက်တဲ့အကြောင်းမဟုတ်ပါဘူးလို့ ဘယ်သူအာမခံမလဲ။
တရားမဲ့ လုပ်ရပ်တွေအပါအဝင် အရင်ပျားတွေရဲ့လုပ်ရပ်ကို
ဂျီနိုဆိုဒ် Genocide လို့ခေါ်တဲ့လူသားမျိုးနွယ်တုန်းသတ်ဖြတ်ရေးလယ်ဗယ်ရောက်အောင် သူတို့ပုံဖော်ထားတဲ့အစီအရင်ခံစာတွေဟာ “ဘာဖြစ်မယ်”မှန်း ကြိုမတွက်နိုင်ဘူး။
“”"မျက်စေ့တဆုံးကြည့်မယ်ဆိုတဲ့ ဦးနှောက်ရှိရင်”"”………..
အဲဒီတော့ ဒီ”သစ်ကိုင်းကြီး မှာ ကျနော်တို့ရဲ့ ပျားအုံ ကြီး ရှိတာမှန်ပါတယ်။
ဒါပေမဲ့ “ဒီမို” ရှဉ့့်လေးတွေ ကို လျှောက်လမ်းလေးပေးထားတယ်နော် ကြည့် .ဒီလို လုပ်ရတာ။အဲဒါ=Legitimacy
အဲဒီ လျှောက်လမ်းကို သူတို့ သူတို့တော့ သိပါတယ်ဆိုတာ= Geopoltical power
ဘာဘဲဖြစ်ဖြစ် Geopolitics Aspect ကောင်းထားရင် UN (Security Council)မှာမဲခွဲတဲ့အခါ အဲဒီပြဿနာကို အတိုင်းအတာတခုအထိရှင်းနိုင်တယ်။
ဒီခေတ်မှာ (Horn of Africa) အာဖရိကဦးချိုနိုင်ငံတွေလိုစုတ်ပြတ်သတ်မနေချင်ဘူးဆိုရင်၊
မြောက်ကြီးလို တကောင်ထဲရူးကြောင်မူးကြောင်နေလို့မရဘူးဆိုရင်၊
အရှေ့အလယ်ပိုင်းနဲ့အာရပ်ကဗာလို အပစ်အခတ်တွေမကြုံချင်ဘူးဆိုရင်
Geopolitics Construction နဲ့ကင်းလို့မရဘူး။
ဒါဆို Legitimacy မရှိလို့မရဘူးလို့ အဓိပ္ပ္ပ္ပါယ်ထွက်တယ်။
ပြောရရင် အခုသမတကြီးရဲ့ အနားမှာရှိနေကြတဲ့ တတ်သိပညာရှင်တွေရဲ့ “လေ” ကို”သိ”နေလို့၊ သူတို့ရဲ့ ရွှေ့ကွက်ကိုပြောနိုင်တာပေါ့ဗျာ။သဘောကအဲဒီလိုပါ။
Was this answer helpful?
LikeDislikeFollowing are the comments for Ko Big Cat Post from Dr. Lwan Swe blog.
1. အန်တီစု ဟာ NLD ရဲ့ ခေါင်းဆောင်တင် မကပါဘူး ။ တမျိုးသားလုံးရဲ့ ခေါင်းဆောင်ပါ.. မှတ်ပုံတင်လို့ NLD ကွဲမယ်.. အန်တီစု အားလျော့သွားမယ်လို့ လုံးဝ မယုံကြည်နိုင်ပါ.. စာရေးသူများအနေနဲ့လည်း NLD ကို ဝေဖန်ရုံတင်မက ပဲ ဘယ်လိုလုပ်သင့်တယ် ဆိုတဲ့ propose plan ကို ချပြနိုင်ရင် ပိုကောင်းပါလိမ့်မယ်..
2. ကျွန်တော်တို့က ဘာနိုင်ငံရေးသမားလည်းမဟုတ်-ဘာစာမှလည်းမရေးတတ်ပါဘူး–ဝေဖန်ရေးလည်း သေသေချာချာမလုပ်တတ်ပါဘူး–ဒါပေမယ့် ဒီမိုကရေစီကိုလိုလားတယ် လွတ်လပ်မှု တရား မျှတမှုတွေကို လိုချင်ပါတယ်–လူမျီုးရေးတန်းတူမှုကို လိုလားပါတယ်။ဒါကို ဦးတင်ဦး-ဦးဝင်းတင်-ဦးညာဏ်ဝင်း နှင့်တကွ့ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြားအခြားသော NLD ခေါင်းဆောင်တွေက အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းနေကြပါ တယ် -ဒါဟာ အမှန်တရားလို့မြင် ပါတယ်-ဒီတော့ သူတို့က ဘယ်လိုဆုံးဖြတ် ခေါင်းဆောငိတွေရဲ့နောက်မှာ အားလုံးညီညီညွတ်ညွတ် ရပ်တည်ဖို့က ကျွန်တော်တို့အလုပ်ဖြစ်ပါတယ်-ခေါင်းဆောင်တွေကို အပြစ်ပြောရတာ လွယ်ပါတယ်–ဒါပေမယ့် ခေါင်းဆောင်ဖို့ဆိုတာ မလွယ်ပါဘူး-ကျွန်တော့်အမြင်အရ NLD ခေါင်းဆောင်ကြီးတွေ ဆုံးဖြတ်တာကို ပြည်သူ တစ်ရပ်လုံး လက်ခံကြဖို့ ပါဘဲ။ ဒါမှ ခေါင်းဆောင်တွေကို အင်းအားဖြည့်ပေးရာရောက်ပါလိမ့်မယ်။
3.ကောင်းတယ်ဗျာ။ဆောင်းပါးဖတ်လို့ ကောင်းပါတယ်။
ကိုဇော်ဝင်းရေးသလို
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကမှတ်ပုံမတင်ဘူး။
ရွေးကောက်ပွဲမ၀င်ဘူး ဗျာ။
၂၀၀၈ အခြေခံဥပဒေကိုသပိတ်မှောက်ပြီဗျာ။
အဲဒီအနေအထားမှာ
NLD ဘာဆက်လုပ်သင့်သလဲ။
ဒေါ်အောင်ဆန်းစုကြည်ကရော
ကျနော်တို့ ပြည်သူတွေကရော
ဘာတွေလုပ်ကြမလဲ။
ဘာတွေလုပ်သင့်ကြသလဲ။
????????????????????
ဒါတွေက ကိုဇော်ဝင်းဆောင်းပါးကိုဖတ်ပြီး
ခေါင်းထဲဝင်လာတဲ့အတွေးတွေပါ။
အဲဒီမေးခွန်းတွေကို ကိုဇော်ဝင်းဖြေပေးနိုင်
ရင်တော့ဖြေပေးစေချင်ပါတယ်။
ကျနော်တော့အဲဒီလောက်ဥာဏ်မမှီပါဘူး။
ကျနော်ကွန်မင့်တခါပေးဘူးပါတယ်။
ပုစ္ဆာလာမပေးပါနဲ့ ။ တွက်နည်းပေးပါလို့ ။
ဒီပုစ္ဆာက ဆယ်စုနှစ်နဲ့ ပေါက်အောင်ကို
ကျနော်တို့ တွက်ခဲ့ကြလို့ မေးခွန်းက
အလွတ်ရနေပါပြီ။
တွက်နည်းပဲလိုနေတာပါ။
၂၀၀၈ အခြေခံဥပဒေဟာလည်းမတရားတဲ့
ဥပဒေဆိုတာသဘောပေါက်ပါတယ်။
စစ်အစိုးရကလည်း ကဒါဖီလိုပါပဲ။
အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း နောက်ဆုံး ရုပ်ပျက်ဆင်းပျက်နဲ့ မှပဲ
မိုက်ဇတ်က သိမ်းသွားတာပါ။
စီတ်ကောင်းနှလုံးကောင်းနဲ့ 
ဘယ်တော့မှလျှော့မှာမဟုတ်ဘူးဆိုတာ
ကိုဇော်ဝင်းလိုပဲ ကျနော်တို့ ကောင်းကောင်း
သဘောပေါက်ပါတယ်။
4.ဇော်ဝင်းကိုနယူးယော.မှာ လေဖေါဇော်ဝင်း ဆို၇င်အ
ကုန်သူသိတယ်။ပထမဆုံးယူတဲ.မိန်မကအင်္ကျီလျှော်
ဆိုင်မှာညသန်းခေါင်ထိလုပ်ပြီး basement လေးမှာနေ
ပြီး ၃၊၄ နှစ်လုပ်ကျွေးတယ်။ဇော်ဝင်းကကျောင်းတက်
သယောင်၊နိုင်ငံေ၇းလုပ်သယောင်ယောင်နဲ.အလုပ်အ
ကိုင်မလုပ်ဘဲ။နိုင်ငံေ၇းအစည်းအဝေးတွေမှာလေလိုက်
ဖေါတာမခံနိုင်တော.ပြေးသွားတယ်။အဲတာဗိုလ်ချူပ်
ကျော်ဘတို.ခေတ်က၊နောက်တ၇ုတ်မလေးတယောက်
နိုင်ငံေ၇းခိုလှူံဖို.လုပ်၇င်းအထင်ကြီးမိသွားလို.ကျပြန်
ေ၇ာ၊လပိုင်းဘဲခံတယ်။ဒီလိုနဲ.မိန်ခလေး၎ ယောက်
လောက်နွံနစ်ခဲ.တယ်။ဒီလိုနဲ. refugee အလုပ်နေ၇ာချ
ထားေ၇းမှာလုပ်ပြန်တယ်။အင်္ဂလိပ်စကားကိုလေလုံးကွဲ
အောင်မပြောတတ်တော.၁ လတောင်မခံဘူး။နောက်
စားစ၇ာမ၇ှိတော.မိုးသီဇွန်နောက်ကတပည်.ခံပြီးတော.
ထိုင်းကိုသွားလိုက်၊ဂျပန်ကိုသွားလိုက်လုပ်ပြီးနိုင်ငံတကာ
ကထောက်ပံငွေတွေသုံးဖြုံးတယ်။ဟိုကမသိတဲ.လူတွေ
ကတော.အမေ၇ိက၊ကလာတာဆိုပြီးအထင်ကြီးကြအုံး
မယ်။ဒီလိုဟိုေ၇ာင်ေ၇ာင်၊ဒီေ၇ာင်ေ၇ာင်ကောင်ကများဒေါ်
စုကိုဝေဖန်၇သေးတယ်။ချီးပေနေတဲ.ဖိနပ်နဲ.မျက်နှာကို
ုဖြတ်၇ိုက်လိုက်မယ်။
5.ကျွန်တော်တို့အလုပ်ဖြစ်ပါတယ်-ခေါင်းဆောင်တွေကို အပြစ်ပြောရတာ လွယ်ပါတယ်–ဒါပေမယ့် ခေါင်းဆောင်ဖို့ဆိုတာ မလွယ်ပါဘူး-ကျွန်တော့်အမြင်အရ NLD ခေါင်းဆောင်ကြီးတွေ ဆုံးဖြတ်တာကို ပြည်သူ တစ်ရပ်လုံး လက်ခံကြဖို့ ပါဘဲ။
ကိုထွန်းအောင်ကျော် ပြောတာကို ၁၀၀ % ထောက်ခံပါတယ်။
ပြည်သူတွေစည်းလုံးရင် မအောင်မြင်စရာ ဘာမှ မရှိပါ။ စည်းလုံးမှုသည် အဓိက.
6.ထောက်ပြထားတာတွေကမှန်ကန်သော်လည်း၊မြန့်မာ့
အရေးကိုမျက်ချေမပြတ်လေ့လာဆောင်ရွှက်နေသူများ
အတွက်တော့ဘာမှမထူးဆန်းသော၊အားလုံးကသတိပြု
စောင့်ကြည့်နေသည်များသာဖြစ်ပေသည်။ပြောချင်တာ
ကတော့ခေါင်းစဉ်ကိုဖြစ်သည်၊လက်လဲမခံနိုင်ပါလုပ်ကြံမှု
တခုဟုမြင်မိပါသည်၊သို့မဟုတ်လမင်းကိုခွှေးဟောင်မှု
အသစ်တခုသာဖြစ်လိမ့်မည်၊ထွန်းအောင်ကျော်၊အေးလွှင်
တို့လိုလူမျိုးတွေကိုပင်ကြော်ငြာပေးသွားသလိုခံစားရပါ
သည်။
7.ကိုထွန်းအောင်ကျော် ပြောတာ လက်ခံပါတယ်။ စစ်အစိုးရ လူလည်လုပ်တယ်၊ ပြည်သူအများစုက မခံချင်ဘူး။ သမရိုးကျ အတိုက်အခံ လုပ်လာကြတာ နှစ်ပေါင်း ကြာခဲ့တာ လွပ်လတ်ရေး ရပြီးကတည်းက ဒီနေ့အထိ။ ပြောပလောက်တဲ့ ထူးခြားမှု မရှိသလောက်ပဲ။ အဲဒီတော့ (ကျွန်တော့အထင်) ပူးပေါင်း ကြည့်တာ ကောင်းမလားလို့ ထင်မိတယ်။ ဘာပဲဖြစ်ဖြစ် အတိုက်အခံ အုပ်စုတွေ သွေးမကွဲဖို့ အရေးကြီးတယ်။ NLD မပြိုကွဲဖို့ လက်ရှိ ထောက်ခံ အားပေးသူတိုင်းမှာ တာဝန်ရှိပါတယ်။
8.နေ၇ာပြောက်မှာ စိုးလို့ သွေး၇ူးသွေးတန်း နဲ့ အော်မနေ နဲ့ ပြည်သူတွေ မှာ ဦးနှောက် ၇ှိတယ် သူတို့ အပေါ်ဘယ်သူ စေတနာ မှန် တယ် ဆို တာ သိတယ် …
Was this answer helpful?
LikeDislikeသဂျီးဦးခိုင် Patriot ဆိုသူရဲ့ ကိုဇော်ဝင်းအား ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထားသော ကွန်းမန့်ကို ဖျက်ပေးပါ ခင်ဗျား။။။။ ကိုဇော်ဝင်းနှင့် မည်သို့မှ မပတ်သက်သော်လည်း ရေးထားသော စာလုံးများမှာ စစ်တပ်ဒလျှိုများ၏ လက်ချက်မှန်း သိသာလွန်းနေပါသည်။ ။။။
Was this answer helpful?
LikeDislike11. ပုဂ္ဂိုလ်ရေးထိခိုက်စေသော ပို့စ်၊ကော်မန့်များကို ကာယကံရှင်မှ အယ်ဒီတာထံ ကန့်ကွက်စာအီးမေးလ်ပေးပို့ပြီး ဖျက်ပေးရန် တောင်းဆိုစေလိုသည်။ ထိုကဲ့သို့သော ပို့စ်တင်သူအား ပွိုင့်၁၀၀၀ နှုတ်ပါမည်။
သဂျီးဦးလေပေါ၊ ကိုယ်ထုတ်ထားတဲ့ စည်းကမ်း ပြန်ဖတ်ကြည့်ပါအုံး။
Was this answer helpful?
LikeDislike( NLD ကို ဝေဖန်ရုံတင်မက ပဲ ဘယ်လိုလုပ်သင့်တယ် ဆိုတဲ့ propose plan ကို
ချပြနိုင်ရင် ပိုကောင်းပါလိမ့်မယ် )
ဒီအဆိုကို အပြည့်ဝ ထောက်ခံပါတယ်
ကိုယ့်အမြင် ကိုယ့်ရှု့ဒေါင့်ကနေ ကိုယ်ပြောနေပေမယ့်
ဆန့်ကျင်နေတာလည်းမဟုတ်ဘူး
ထောက်ခံနေတာလည်းမဟုတ်ဘူး
ခင်ဗျားပြောသလိုဘဲ
ခင်ဗျားကျုပ်ထက် လက်ရေးပိုလှတယ် ခင်ဗျားဘယ်သူလည်းကျုပ်မသိပေမယ့်
ကျုပ်ကတော့ ဘာကောင်မှမဟုတ်ဘူး
ဒါပေမယ့် ကျုပ်တို့ရဲ့ သားလေးတွေ သမီးလေးတွေ တူမလေးတွေ တူလေးတွေ ၇ဲ့
အနာဂတ်တွက်ပါ ( ကျုပ်ကလူပျိုဂျီး တစ်ခါမှ မတစ်ခါသေးဘူး )
ဆိုတော့ကာ
အမှန်တရားတွက် ကျုပ်တို့ ပြောရတော့မယ် ဆိုရတော့မယ်
သေခြာတာကတော့ NLD အနေနဲ့ အမှန်တိုင်းသာဖြစ်
ကျရှုံးစရာ ဘာအကြောင်းမှ မရှိဘူး
ဒီတော့ ကျုပ်တို့ NLD ကို ဘယ်လိုမေးခွန်းတွေ ထုတ်မလဲ
ကျုပ်တို့ အော်နေတာကိုရော NLD က ကြားပါ့မလား
ဖြစ်နိုင်မယ်ဆိုရင် NLD အနေနဲ့ မှတ်ပုံတင်မယ် ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်
စတဲ့အကြောင်းတွေကို
ဘာ့ကြောင့် ဝင်မယ် ဘာ့ကြောင့် မဝင်ဘူး ဆိုတဲ့
ရှင်းလင်းချက်လေးတွေကို တင်ပြ ကြေငြာပေးဘို့
တောင်းဆိုပါတယ်
NLD ကြားစေသောဝ်
Was this answer helpful?
LikeDislikeHi Big Cat, I am not attacking other people personal affairs. I don’t know who is Zaw Win. You just copy the post from Dr. Lwan Swe blog to here. So i believe that people in here aslo right to read what is the other people comments on this post.
Was this answer helpful?
LikeDislikeBy the way, I am a regular and earlier member in MG than you since MG just established. But i am only love to read that why you cannot see my post and comment in here.
Was this answer helpful?
LikeDislikeကျနော်ကတော့ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှု့နောက်မှာဘဲ
ညီညီညွတ်ညွတ်လိုက်ဘို့အကြံပေးချင်ပါတယ်…..
ကိုဇော်ဝင်းထောက်ပြတဲ့စိုးရိမ်စရာအချက်တွေ ဒေါ်စုမသိဘူးလို့တော့မထင်ပါနဲ့
အစိုးရအနေနဲ့ဘယ်လောက်ထောင်ချောက်ဆင်ဆင် ဒေါ်စုဦးဆောင်တဲ့NLDနောက်ကို
ကျနော်တို့ပြည်သူအားလုံးကထောက်ခံအားပေးနေယင်
သူတို့တွေလုပ်ချင်တိုင်းလုပ်လို့မရဘူးဆိုတာသိလာရမှာပါ….
Was this answer helpful?
LikeDislikeNLD မှတ်ပုံတင်မယ်ဆိုရင် ကောင်းကျိုးဆိုးကျိုးတွေ ရှိမှာဖြစ်သလို မှတ်ပုံမတင်ဘူးဆိုရင်လည်း ကောင်းကျိုးဆိုးကျိုး တွေရှိပါလိမ့်မယ်..။
အရေးကြီးတာ ဒီမိုကရေစီနဲ့ အမှန်တရားရဲ့ဘက်တော်သားတွေ အချင်းချင်း စိတ်ဝမ်းမကွဲဖို့ပါ..။
နယ်ချဲ့အင်္ဂလိပ်တွေပေးတဲ့ (အလွန်ချီးကျူးဖွယ်ရာကောင်းတဲ့ နိုင်ငံရေးပရိယာယ်တစ်ခုဖြစ်တဲ့) ဒိုင်အာခီအုပ်ချုပ်ရေးကြောင့် အဲဒီခေတ်က အင်မတန်ညီညွတ်တဲ့ ဂျီစီဘီအေအဖွဲ့ကြီး ပြိုကွဲသွားတာမျိုး ခေါင်းဆောင်တွေအချင်းချင်း၊ ပြည်သူတွေအချင်းချင်း
စိတ်ဝမ်းကွဲတာမျိုးမဖြစ်ဖို့၊ ထောင်ချောက်ထဲမကျဖို့ သင်္ခန်းစာယူရပါမယ်..။
Was this answer helpful?
LikeDislikeNLD ရွေးကောက်ပွဲဝင်ဖို့ ကိစ္စကို ဆန့်ကျင်တဲ့သူတွေရဲ့ သဘောထားကို
( ၁ ) နားလည်ပါတယ် ။
( ၂ ) Principle အရလည်း လက်ခံပါတယ် ။
ဒါပေမယ့်
( ၁ )
၁၉၉၀ ရွေးကောက်ပွဲပြီး ကတည်းက ထိပ်တိုက်ရင်ဆိုင်နေတာ
အခု ၂၀၁၁ အထိ ဘာများထူးလာလို့တုန်း ။
ဘယ်ပြည်သူကများ သတ္တိရှိရှိနှင့် ဘာများ ထိထိရောက်ရောက်
လုပ်နိုင်ခဲ့လို့တုန်း ။ လုပ်ရဲ လို့တုန်း ။
Near Future မှာကော
ဘာတွေ ထဖြစ်မယ် ထလုပ်မယ်လို့ မျော်မှန်းလို့ ရလို့တုန်း ။
လုပ်ရဲရင်လည်း အခုသာလာလုပ်ပေတော့ ပြောမနေနှင့်တော့ ။
ပြောတာလွန်သွားရင် Sorry ပါ ။ Democracy ကို လိုလားတဲ့စိတ်ရှိတာ
တစ်ခုတည်းနှင့် လေးစားပြီးသားပါ ။ အခြေနေမှန်ကို သိစေချင်လို့ပါ ။
အဘ ကိုယ်တိုင်တော့ မြန်မာပြည်သားတွေကို သိပ်မမျှော်လင့်ဘူး ။
အဘ အမြင်တော့ လူစုစု စုစု ဆိုရင် ဟေးလားဝါးလား အော်ရဲတာ နှင့်
ကိုယ့်ဖက်က သာနေရင် ဆွမ်းကြီးဝိုင်းလောင်းရဲတာ ကလွဲရင်
မြန်မာလူမျိုးဟာ ကောက်ရိုးမီးထက်ပိုပြီး သတ္တိ သိပ်မရှိလှဘူးလို့ ထင်တယ် ။
မြန်မာလူမျိုးတွေ တကယ်သာသတ္တိရှိပြီး လူ နှစ်သောင်းလောက်
အသေခံရဲရင် ဒီမိုကရေစီ ရနေတာ ကြာပေါ့ ။
( ၂ )
အဘအမြင်ပြောရရင် စစ်အစိုးရဟာ
ဘာ Legitimacy တရားဝင်မှု တရားမျှတမှုမှ
သောက်ဂရုစိုက်တဲ့ ကောင်တွေမဟုတ်ဘူး ။
အဲဒီဟာကို အရင်ကလည်း သမိုင်းတလျှောက် ပြခဲ့ပြီးပြီ ။
အခုလည်း ကချင်ပြည်နယ် ထိုးစစ်ကြီးနှင့်
ဘယ်သောက်ကောင်ကိုမှ ဂရုမစိုက်ကြောင်း ဆက်ပြနေတယ် ။
ဘယ် နိုင်ငံရေး စီးပွားရေး Pressure မှ ဂရုစိုက်လှလို့ မဟုတ်ဘူး ။
ဖြစ်ချင်းဖြစ် ပြည်သူကိုသနားလာလို့သာ ဖြစ်မယ် ။
အဲဒီတော့ အခု စစ်အစိုးရကိုယ်တိုင်က
အမေစုကို လေးလေးစားစား ဆက်ဆံလာတာ ကမ်းလှမ်းလာတာဟာ
သူတို့ရဲ့ ခေါင်းဆောင်သစ် ကိုယ်တိုင်ကိုက ပြောင်းသင့်ပြီထင်လို့
ကမ်းလှမ်းလာတာပဲ ။
( ၃ )
မမေ့ပါနှင့် သူတို့ ခေါင်းဆောင်သစ် ပြောင်းသွားပြီ
ဦးသိန်းစိန် နှင့် ဗိုလ်ချုပ် မင်းအောင်လှိုင် နှစ်ယောက်စလုံးရဲ့
လက်ထဲမှာ Democracy ပြည်သူတွေရဲ့ သွေးမစွန်းဘူးဘူး ။
အဲဒီတော့ သူတို့လည်း သွေးစွန်းချင်မှာ မဟုတ်ဘူး ။
သူတို့မှာလည်း ဝုန်းဒိုင်း ပြောင်းပစ်လိုက်လို့ မရတဲ့
အရမ်းသိမ်မွေ့တဲ့ အခက်အခဲ တွေရှိမှာပဲ ။
လက်နက် ကိုယ်စီကိုင်ထားတဲ့ အဖွဲ့အစည်းလေ ။
အဲဒီတော့ သူတို့ ကိုယ်တိုင်ကိုက ပြောင်းသင့်ပြီထင်လို့
လေးလေးစားစား ကမ်းလှမ်းလာတဲ့ အချိန်မှာ
သူတို့ တကယ်သာပြောင်းချင်စိတ်ရှိနေရင်
( သူတို့ တကယ်သာပြောင်းချင်စိတ်ရှိနေရင် )
သူတို့ကို အခွင့်အရေး တစ်ကြိမ်တော့ပေးရမှာပဲ ။
မှန်တာပြောရရင် ကိုယ်တွေကတောင် ကူညီ ဖေးမ ကြိုဆိုရမှာ ။
တချိန်လုံး စစ်တပ်ဆိုမကောင်းဘူးလို့ မျက်မှန်စိမ်းကြီးတပ် နေရင်
လုပ်ငန်းမအောင်မြင်နိုင်ဘူး ။
အထူးသဖြင့် ပြည်သူနာတယ် ။ ခံနေရတာ ကြာပြီ ။
( ၄ )
မမေ့ပါနှင့် နိုင်ငံရေးဆိုတာ အလျော့အတင်းနှင့် ကစားရတာပါ ။
ဇလုပ်တိုက်စရာ ဇလုပ် Ideologies တွေကိုယ်နှိုက်ကိုက အမျိုးမျိုးရှိတာပါ ။
တင်းလွန်းရင်လည်း ပြတ်ပါတယ် ။
စိုးရိမ်စရာအချက်တွေကို အမေစုမသိဘူးလို့တော့မထင်ပါနဲ့ ။
( ၅ )
နောက်တစ်ချက်
လူထုမှာ လောက်လောက်လားလား အားကိုးစရာ ခေါင်းဆောင်ဆိုလို့ သိပ်များများ မရှိဘူး ။
အဲဒီထဲကမှ အမေစုဟာ တဦးတည်းသော ထင်ရှားတဲ့ ခေါင်းဆောင်ပဲ ။
ရှင်းရှင်း ပြောရရင် လက်ရှိ မြန်မာနိုင်ငံရဲ့ တဦးတည်းသော လူထု ခေါင်းဆောင်ပဲ ။
အမေစုရဲ့ နိုင်ငံချစ်စိတ် နိုင်ငံအတွက်အနစ်နာခံမှု ဒီမိုကရေစီပေါ်မြတ်နိုးမှု အမြင်ကျယ်မှု
သင့်တင့်တဲ့ နိုင်ငံရေးပညာတတ်မှု တွေဟာ အပြစ်ကြီးကြီးထောက်စရာမရှိဘူး လို့ထင်တယ် ။
အဲဒီတော့ အခုလို အလှည့်အပြောင်းဖြစ်မယ့် အရေးကြီးဆုံး အခြေအနေမျိုးမှာ
စည်းလုံး ညီညွတ်မှု အထူးလိုနေတဲ့ အထူးပြသင့်နေတဲ့အခြေအနေမျိုးမှာ
စိတ်ဝမ်းကွဲတာမျိုးမဖြစ်ဖို့၊ ထောင်ချောက်ထဲမကျဖို့ လိုပါတယ် ။
အမေစုရဲ့ သမိုင်းအစဉ်အလာ အပြုအမူ နှင့် အနစ်နာခံခဲ့တာတွေ အရ ယုံလောက်တဲ့သူမို့လို့ ၊
အမေစုနောက်က အတူတကွ ယုံယုံ ကြည်ကြည်နှင့် လိုက်ပါပြီး
စည်းလုံး ညီညွတ်ကြောင်းကို ပြသင့်ပါတယ် ။
( ၆ )
နောက်ဆုံးတစ်ချက် ။
ဦးသိန်းစိန် ဒေါ်စု နှင့် အမေရိကန် သုံးပွင့်ဆိုင် ညှိနေပုံရပါတယ် ။
အမေရိကန်က အကူအညီတွေပေးမယ်လို့တောင် ပြောနေပါဘီ ။
အကြမ်းဖျင်းပြောရရင် အမေစုကသာ ချဉ်ချင်ချဉ်နေ လိမ့်မယ် ။
အမေရိကန် ကတော့အချဉ်ကြီး မဟုတ်တာ သေချာပါတယ် ။
မြို့မေတ္တာ ခံယူအုံးမယ့် အဘ ( Foreign Resident )
Was this answer helpful?
LikeDislikeUS ready to be Myanmar’s ‘partner’: Clinton
(AFP) – 22 hours ago
HONOLULU — Secretary of State Hillary Clinton said Thursday that the United States was ready to become a “partner” of Myanmar if it makes good on signs of reform in the long-isolated country.
Speaking in Honolulu ahead of a weekend Asia-Pacific summit, Clinton praised what she called the “first stirrings of change in decades” in the country formerly known as Burma.
“Many questions remain, including the government’s continued detention of political prisoners and whether reform will be sustained and extended to include peace and reconciliation in the ethnic minority areas,” Clinton said in a speech a week before she heads to Southeast Asia.
“Should the government pursue genuine and lasting reform for the benefits of its citizens, it will find a partner in the United States.”
Myanmar’s generals last year freed democracy icon Aung San Suu Kyi and later nominally handed over control to civilians. More recently, authorities freed some 200 political prisoners and defied ally China by freezing work on an unpopular dam.
Critics say that the changes are cosmetic and argue that Myanmar has at best reverted to its situation before a bloody crackdown on protests led by Buddhist monks in 2007.
President Barack Obama’s administration in 2009 opened talks with Myanmar in hopes of coaxing it into the international mainstream, concluding that years of pressure have not worked.
Diplomatic activity has risen sharply in recent months. A new US envoy on Myanmar, Derek Mitchell, has visited the country three times since his appointment in September and has said the United States is ready to offer incentives for reform.
However, a full end to economic sanctions would require approval by the US Congress.
Copyright © 2011 AFP. All rights reserved
Was this answer helpful?
LikeDislikeDr လွဏ်းဆွေ Blog ပေါ်မှာတင်ထားတဲ့
စာရေးသူ ကိုဇော်ဝင်း (၈၈ ကျောင်းသားဟောင်း) ရဲ့
“ကျုံးသွင်းခံရသော ဆင်ကြီးတကောင်” ဆောင်းပါးကို
စာဖတ်သူ RAM က Comment ပြန်ရေးထားတာလေးပါ ။
RAM said…
ဇာဂနာကို စောက်ပြစ်ပြောဖို့ စဉ်းစားချိန်တွင်..နေမျိုးအေး တယောက်
ဇာဂနာ နှင့် ငါ ဖြတ်သန်းပုံ ခြင်းတူညီ ရဲ့လားလို့ကော စဉ်းစားမိရဲ့လား။
လွဏ်းဆွေကကော ဒီအချိန်အထိ နယ်စပ်ပြေးခဲ့ရသည်မှာ အစိုးရ နှင့်
မည်သို့မည်ပုံငြိ၍ပါဟု ပွင့်ပွင့်လင်းလင်း ပြောဆိုပြီးပြီလား။ မတူပါ ။ မတူနိုင်ပါ။
ကိုယ်ကျိုးစွန့် အနစ်နာခံမှုများ မရှိဘဲ ဘေးမှနေ ဟိုလိုလုပ် ဒီလိုလုပ်
ပြောနေသူများအတွက် နေရာမရှိပါ။
ဇာဂနာမှားသည် ဒေါ်စုမှားသည် ဝေဖန်ခြင်ပါသလား ။
ဇာဂနာလုပ်သလောက် ဒေါ်စုလုပ်သလောက် အရင်လုပ်ကြည့်ပါ။
မိမိ တတ်နိုင်ရင် မိမိ ၀င်ထိုးပါ။
ဘေးထိုင်ပြီး ဟိုလိုမထိုးလို့ ရှုံးတာ ဒီလိုမထိုးလို့ရှူံးတာ အော်မနေပါနှင့်။
နောက်ဆုံးအနေ နှင့် ပြောချင်သည်မှာ….ကျည်းကန်ရှင်ကြီး၏ စာအတိုင်း
မင်းမှာလုပ်ချင်၏ တင်းကုပ်မှာ အချုပ်ခံဝံ မခံဝံ့။
ပဲဟင်းကိုရှုပ်ချင်၏ နှုတ်ခမ်းမွှေးမှာ အနှုတ်ခံ ၀ံ မခံ ၀ံ့။
မှို နှင့် မျှစ်ကိုနှုတ်ချင်၏ ကျဉ်တုတ် ခံဝံ မခံဝံ့။
ဆိုတာလိုပဲ ကျဉ်တုတ်မခံဝံ့လို့ အပြင်ကို ထွက်ပြေးလာသူ တွေက
ကျဉ်တုတ်ခံနေရတဲ့ ကိုမင်းကိုနိုင်ကတောင်
ကျဉ်တုတ်ခံခဲ့ရလို့ အကြောင်းသိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က
ဆုံးဖြတ်တာကိုနားထောင်မဲ့အကြောင်း ပြောနေချိန်မှာ
ခါချဉ် မပြောနဲ့ ပင့်ကူရှပ် တာတောင် မခံနိုင်တဲ့
ဒေါက်လွဏ်းတို့ နေမျိုးအေး တို့ပြောတာကို
အရေးလုပ်စရာ အကြောင်းမရှိပါကြောင်း
ရှင်းရှုင်းလင်းလင်း မြင်အောင် ပြောလိုက်ရပါတယ်။
P.S.
လူထုခေါင်းဆောင် အောင်ဆန်းစုကြည် မည်သူမျှ ထိုဘွဲ့ကို officially မပေးပါ။
မိမိ ကိုယ်တိုင် လူထု ခေါင်းဆောင် လုပ်နိုင်သော
opportunities – chances လူတိုင်းတွင် ရှိနေပါသည်။
လုပ်ပါ။ ရဲ လျှင် တူလျှင် တတ်နိုင်လျှင်။ မတားပါ။
လူထုကလည်း ဒေါ်စုကို အားမရပါ။
ခင်ဗျား သူ့ထက်တော်လျှင် ခင်ဗျားနောက် လိုက်ပါမည်။
( စစ် အစိုးရ ကိုယ်တိုင် ခင်ဗျားနောက် လိုက်ပါမည် )။
ဇာဂနာ စောက်သုံးမကျဟု ဆိုချင်သလား။
ဇာဂနာလို အထဲမှဆဲပါ။ အပြင်မှ မဆဲနှင့်။
ရဲ ပါသလား။ မရဲပဲနှင့် မနှိုင်း နှင့်။
မဲဆောက်တွင် အရက်ဝိုင်းဖွဲ့ရင်း ပြောတာနှင့်
မြ၀တီတွင် လက်ဖက်ရည်ဆိုင်ထိုင်၍ တီးတိုးပြောတာတောင်မတူပါ။
ခင်ဗျားတို့ အဲဒီသတ္တိ အရင်မွေးပါဦး။ ပြီးမှ စင်ပေါ်တက်ပါ။
Was this answer helpful?
LikeDislikeတစ်ခါတစ်လေကြတော့လည်း ပုဂ္ဂိုလ်ရေးအကြောင်းတွေကို
သပ်သပ် ထင်မြင်ယူဆချက်ကသပ်သပ်ထားမှ ရမယ်ထင်တယ်
ပြည်ပအဖွဲ့စည်းအချို့လို့ ခေါ်မလား ပြည်ပနေသူအချို့လို့ခေါ်မလား
အဲ့သည်အကြောင်းတွေကို လုံးစေ့လိုက်ပြောနေရရင်တော့
ရွာလည်ယုံတင်မကဘူး စင်္ကြာဝဠာပါ လည်သွားနိုင်တယ်
ဆိုတော့ကာ
ဘယ်သူက ဘာဖြစ်တာ တစ်ပိုင်းထားပြီး
သူတို့ရဲ့ ထင်မြင်ယူဆချက်တွေထဲက
ဖြစ်နိုင်ခြေတွေကို ထုပ်နှုတ်သုံးသပ်ကြမှ
အကြိုးကြီးမယ်လို့တော့ထင်မိတာပါဘဲ ( အထင်ပါ )
အထူးသဖြင့် NLD ကို အတိုက်ခံလုပ်ပြီး ဝေဖန်ရင်တော့
လုံးဝလက်မခံနိုင်ပါဘူး
ကြုံလို့ပြောရရင်
လွန်ခဲ့တဲ့ ရက်တွေတုန်းက တစ်ခုသော ပြည်ပဆိုဒ်တစ်ခုမှာ
ထိုင်းနိုင်ငံ ရေကြီးတဲ့ အကြောင်းတွေကို ဖေါ်ပြကြလေရဲ့
ရေဘေးဒုက္ခသည်တွေကို ကူညီမှု့တွေဘာတွေပေါ့
အဲ့သည်မှာ လူတစ်ယောက်မေးခွန်းထုတ်ထားတာလေး
ကိုတင်ပြပါတယ် အတိကျမဟုတ်ပေမယ့် သူ့ဆိုလိုရင်းက
………………………………….
ဒေါက်တာလွဏ်းဆွေတို့ မိုးဒသီးဇွန်တို့ပေါ့လေနော
ပြည်ပမှာနေပြီး နိုင်ငံရေးလှုပ်ရှားတယ်သာပြောတယ်
မြန်မာပြည်ထဲမှာ ဖြစ်တဲ့ကိစ္စတွေကိုကျတော့ ကိုယ်ကပြည်ပမှာ
နေတဲ့အတွက် ဘာမှ မလုပ်သာဘူးဖြစ်တဲ့အတွက်
နားလည်ပေးဘာဒယ်ဒဲ့
ခု
ထိုင်းမှာ ဖြစ်တဲ့ မြန်မာပြည်သားတွေရဲ့ ရေဘေးကိစ္စတွက်
ဘာများလုပ်ဆောင်ပါသလဲလို့ မေးခွန်းထုတ်ထားတာလေး
တစ်ခုတွေ့မိပါကြောင်း
…………..
သတိထားကြဘို့ပါ
အထူးတိုက်တွန်းခြင်တာက တစ်ကယ်လုပ်နေတဲ့သူတွေကို
အတိုင်းထက်လွန် ပြောလာလျှင်တော့
အလွန် စက်စုတ်ဖွယ်ဖြစ်မည်ဟု ဆိုခြင်ပါကြောင်း
Was this answer helpful?
LikeDislikeဦးဖောရေ ဦးဖော ပြောတာ အနော်ကတော့ လွန်စွာ သဘောကျသဗျာ..
ဦးဖော ပြောသလို ပဲဖြစ်ရမှာပါ့..
နို့ပေမယ့် ဘောက်မယ်ကြောင့်များ အနီကဒ်တွေ များနေသလဲ မသိ
အချို့က လိုချင်တာ သိပ်များပြီး ရအောင်မယူတတ်ကြဘူး..
အချို့ကတော့ လိုချင်တာကို ရအောင်ယူတတ်ကြတယ်..
တိုင်းပြည်ကို အမှန်တစ်ကယ် ပြုပြင်ပြောင်းလဲနိုင်ဖို့ရာမှာ
လုပ်ခွင့်ရသူတွေက လုပ်နိုင်သူ တွေ ဖြစ်နေဖို့ လိုသလို..
လုပ်နိုင်သူတွေက လုပ်ခွင့်ရဖို့လည်း လိုတယ်…
The Right Man at The Right Place ဖြစ်ဖို့ရာမှာ..
ပြီးတော့…. မဟာဗျူဟာကို ချပေးတဲ့သူ ရှိနေခဲ့ရင်တောင်မှ တစ်ကယ် အကောင်အထည်ဖော် နိုင်မယ့် နိုင်ငံသားတွေ ရှိနေဦးမှ ဆိုတော့ကာ..
ဟိုလူ ဒီလူ အပြစ်ပြောနေခြင်းထက်….
လက်ရှိအနေအထားမှာကိုပဲ…. ဘယ်လိုများ ပြုပြင်ပြောင်းလဲကြမလဲ..
နိုင်ငံက ငါ့ကို ဘာလုပ်ပေးနိုင်မလဲထက် ငါက နိုင်ငံကို ဘယ်လို အကျိုးပြုနိုင်မလဲ ဆိုတာကိုသာ စဉ်းစားကြဖို့ အချိန်လို့ ထင်ပါရဲ့ဗျာ…
သို့ပါသောကြောင့်….
ဒီရွာထဲမှာ ကျွန်တော်တို့ ရှိနေနိုင်ခြင်းဟာ. သဂျီးကြောင့်ဖြစ်သလို…. သဂျီးရဲ့ရွာ ဒီလို ရှိနေနိုင်ခြင်းဟာလည်း ကျွန်တော်တို့ကြောင့်လို့ ပြောလို့ရတာကြောင့်..
နိုင်ငံရဲ့ အပြောင်းအလဲ နဲ့ တိုးတက်မှုများအတွက် အကောင်အထည်ဖော်ရာမှာ..
တိကျတဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်ရယူမှု များအတွက်…
NLD ပါတီ မှတ်ပုံတင်ခြင်း
ထိုမှ အစိုးရ အဖွဲ့အတွင်း အမှန်တစ်ကယ် ပါဝင် ပါတ်သက်လာခြင်းဟာ..
ကောင်းသော ဖြစ်သင့်သော.. အရွေ့တစ်ခုဖြစ်ပါကြောင်း.. ထောက်ခံတင်ပြပါတယ်ဗျာ…
Was this answer helpful?
LikeDislikeလူထု ဖြစ်ချင်တာကို လုပ်မလား …
NLD ဖြစ်ချင်တာကို လုပ်မလား ဆိုတဲ့ အဖြစ် ပါ။
NLD ကိုယ့်ကိုယ်ကို ယုံကြည်မှု့ မလွန်ကဲဘို့လို ပါလိမ့်မယ်။
လူထု အများစုက လတ်တလော ဒီမိုကရေစီထက် ဘာကိုတောင့်တနေကြလဲဆိုတာကို ထဲထဲဝင်ဝင် နားထောင်ပေးဖို့ လိုပါလိမ့်မယ်။
Was this answer helpful?
LikeDislikeကို htoosan ပြောတဲ့-
“လူထု အများစုက လတ်တလော ဒီမိုကရေစီထက် ဘာကိုတောင့်တနေကြလဲ”
ဆိုတာကို တကယ်လူထုကြားထဲ သွားနားထောင်ကြည့်ဘို့လိုပါတယ်။
တကယ်လူထုဆိုတာ ဘယ်သူတွေလဲ?
လယ်သမားတွေ အလုပ်သမားတွေ ရောင်းဝယ်ဖေါက်ကားနေတဲ့ လက်လီဈေးသည်တွေ ၀န်ဆောင်မှု့ပေးနေတဲ့သူတွေ ဌာနဆိုင်ရာအောက်ခြေ၀န်ထမ်းအများစု (စစ်သားနဲ့ရဲ မိသားစုတွေထည့်မပြောပါဘူး၊ တကယ်တော့သူတို့လဲ ပြည်သူတွေပဲ) ကျောင်းသူကျောင်းသားတွေ ကုန်ထုတ်လုပ်သားတွေ – +++++
အဲဒါတွေကို လူထုလို့ပြောမယ်ဆိုရင်- သူတို့လိုချင်တာ အကျဉ်းချုပ်ရင် ၃ မျိုးရှိပါတယ်။
၁။ အခုဒုက္ခများလွန်းလို့ မြန်မြန်ဒါ့ထက်အဆင်ပြေ(သက်သာရာရ)ချင်တယ်။
၂။ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တင်ချင်တယ်။
၃။ စစ်တပ်နဲ့တကွ လက်ရှိအုပ်ချုပ်နေသူတွေကို စိတ်ကုန်လွန်းလို့ အုပ်ချုပ်သူနေရာက ထွက်နိုင်သမျှထွက်သွားစေချင်တယ်။ သို့မဟုတ် အုပ်ချုပ်မှု့ပုံစံကို ပိုပြီးတရားမျှတအောင် ခံသာအောင် ဖြစ်စေချင်တယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို ဘာမှန်းညာမှန်းမသိပဲနဲ့ကို ကြံ့ဖွံ့မဟုတ်ရင်ပြီးရောဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် တန်းစီမဲပေးခဲ့ကြတာ ကြည့်ရင်သိနိုင်ပါတယ်။ အဲဒါတောင် စစ်တပ်ကလဲ အစွမ်းကုန်ညစ်၊ ကြံ့ဖွံ့ကလဲ အစွမ်းကုန်ချော့လိုက်ခြောက်လိုက်နဲ့ မဲလိမ်၊ NLD လို ပြည်သူအပေါ် အလွန်သြဇာကြီးတဲ့အဖွဲ့ကိုက မဲမထည့်ဘို့တိုက်တွန်းကြတာ မှတ်မိမှာပါ။ ဒါပေမယ့် ပြည်သူတွေက အခွင့်သာတဲ့ မဲဆန္ဒနယ်တွေမှာ – လက်ရှိအစိုးရမဟုတ်ရင်ပြီးရော ဆိုပြီး ဖြူဖြူမဲမဲ ဇွတ်မဲထည့်ခဲ့ကြတာပါ။ အခွင့်မသာတဲ့မဲဆန္ဒနယ်တွေ အထူးသဖြင့် နယ်မြို့တွေမှာတော့ စစ်တပ်က ခြိမ်းခြောက်လို့ ကြံ့ဖွံ့တွေ အမတ်ဖြစ်ခဲ့ကြတာ။
ဆိုချင်တာက တကယ့်လူထုအများစုက ဒီမိုကရေစီတို့ လစ်ဂျစ်တမေစီတို့ ဘာမှလဲသိပ်မသိပါဘူး။ သိအောင်ပြောပြဘို့တာဝန်ရှိတဲ့ (ကျွန်တော်တို့လို ၈၈ -ကျောင်းသားတွေအပါအ၀င်) နိုင်ငံရေးသမားဆိုသူတွေကလဲ နှစ်၂၀ကျော်အတွင်း ဘာမှ လူထုကြားထဲ မပို့ပေးနိုင်ခဲ့ဘူး။ အဲဒါကိုယ်ညံ့တာပါ။ ဒီလောက်တောင်လူမကြိုက်တဲ့ စစ်အစိုးရကိုရှုံးတဲ့ ကိုယ့်ရဲ့အရှုံးအစစ်ပါ။ တကယ်က ပြည်သူတွေက သိပ်မသိလို့ပါ။ သိများသိရင် ကျွန်တော်တို့ကိုပါ ရောပြီး စိတ်ကုန်နေလောက်ပါပြီ။
အခုကျွန်တော်တို့ဆန္ဒထက် တကယ့်လူထုအများစုကြီးရဲ့ဆန္ဒကို အလေးထားဘို့သင့်ပါပြီ။
ဒါကြာင့် NLD တရားဝင်ပါတီအဖြစ် ရပ်တည်စေချင်ပါတယ်။
စစ်တပ်က လုပ်ပေးစရာရှိတာလေးတွေ လုပ်ပေးရင် (နိုင်ငံရေးအကျဉ်းသားတွေ အခုလိုနာမည်ကောင်းယူရုံမဟုတ်ပဲ ဖြစ်ဖြစ်မြောက်မြောက်လွှတ်ပေးတာ+ အခြေခံဥပဒေကို ပါတီမှတ်ပုံတင်နိုင်ရုံလေးတင်မကပဲ တမင်ကလန့်ထားတာတွေ ပြင်ဆင်ဖို့အခွင့်အလမ်း သို့မဟုတ်ကတိ ပေးတာ) NLD ရွေးကောက်ပွဲဝင်ပြီး ဒီမိုကရေစီဘက်သား အမတ်တွေကို ဦးဆောင်သင့်ပါတယ်။
လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းတွေကို တရားဝင်ဝေဖန်ကန့်ကွက်သင့်ပါတယ်။ မကြာတဲ့တချိန်ချိန်မှာ အခြေခံဥပဒေကိုပါ ပြင်ဘို့လုပ်သင့်ပါတယ်။ ဒေါ်စုနဲ့ NLD နောက်မှာ ပြည်သူအများစုရှိတယ်။ ပြည်သူ့ချဉ်ဖတ်ကြံ့ဖွံ့နဲ့ အူကြောင်ကြားစစ်ဗိုလ်တမတ်သားကို ကြောက်နေစရာမဟုတ်ပါဘူး။ အီရတ်မှာ အီဂျစ်မှာ လစ်ဗျားမှာ နမူနာတွေရှိပါတယ်။
ကကယ်လို့ လွှတ်တော်ထဲရောက်ပြီးမှ စစ်တပ်လုပ်ပုံမဟုတ်ရင် အဲဒီကျမှ ကမ္ဘာကိုကြေညာပြီး ရဲရဲရင့်ရင့် လွှတ်တော်ထဲက ရင်ကော့ပြီးထွက်ပါ။ အဲဒီအချိန်မှာ လူထုကမပါရင် အဲဒီတော့မှ လူထုကိုအပြစ်တင်ပါ။ အထင်သေးပါ။
Was this answer helpful?
LikeDislikeko ko aung ရေ… သူတို့က အစိမ်းဆိုရင် ကျောင်းစိမ်းလို့ မမြင်ဘူး၊ စစ်စိမ်းရောင်နဲ့ ကြံ့ဖွတ်၊ ပြည်သူဆိုရင်လည်း အဓမ္မအတင်းတက်ခိုင်းလို့ လာရသူတွေကို ပြည်သူတွေလို့ မြင်နေတာ။ စိတ်ကူးယဉ်အိမ်မက်ကမ္ဘာမှာ နေသူများပေါ့ဗျာ….။
Was this answer helpful?
LikeDislikeကျွန်တော်လည်း…ဒေါ်စုတို့  ပါတီ..မှတ်ပုံတင်သင့်တယ်..ပဲ..မြင်ပါတယ်။
Was this answer helpful?
LikeDislikeအောင်ဆန်းဆုကြည်ဟာ ညံ့မယ့်လူ …
အလိမ်ခံမယ့်လူ ….
ညပ်ချတိုင်း ခံမယ့်သူ မဟုတ်ဘူးလို့ ထင်တယ်
အရပ်စကားနဲ့ ပြောရမယ်ဆိုရင် အချဉ် မဟုတ်ဘူးပေါ့ ….။
နောက်ဆုံး ညှပ်ချခံတယ်ဆိုရင်တောင်
သူပြောတဲ့စကားအတိုင်း ပြည့်သူ့အကျိုးအတွက် အသုံးချခံတာလို့ ထင်တယ် …
ဒါကြောင့် မှတ်ပုံတင်ေ၇း မတင်ရေး ဆိုတာ သူဆုံးဖြတ်သင့်တဲ့ ကိစ္စပဲ …
ကျွန်တော့ ညဏ် တစ်ထွာ တစ်မိုက်နဲ့ မဝေဖန်ချင်ဘူး …
ကျွန်တော်ကတော့ သူကောင်းသလိုသာလုပ် ကျေနပ်တယ် ….
သူက အာဏာ ဥစ္စာကို တက်မက်မယ့်သူ မဟုတ်ဘူးဆိုတာ ယုံတယ် …
ကျွန်တော့ကို မင်း အနှစ်နှစ်ဆယ်လောက် ထောင်ထဲဝင်နေမလား
ပြန်ထွက်လာရင် သမ္မတ ရာထူးပေးမယ်ဆိုရင်တောင် ထောင်ထဲ မနေဘူး …
သူက ဒီလိုအခက်အခဲတွေကို ရဲရဲဝင့်ဝင့် ကျော်ဖြတ်နှိုင်တယ် ..
တော်ရုံသူဆိုရင် သူနေရာမှာ သွေးကြောင်ပြီး နိုင်ငံေ၇းလောကကို ခြေပြန်ချရဲမှာ မဟုတ်လောက်တော့ဘူး .. ။
အခုအချိန်မှာ သူအပြောခံနေရတာ အဆန်းတော့မဟုတ်ဘူး …
ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်နဲ့ပေါင်းပြီး စစ်ဝန်ကြီး ရာထူးယူတုန်းကလဲ အလိုတော်ရိလို့ ပြောခဲ့တဲ့သူတွေ အများကြီး …
ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်လဲ ပြောဘူးတယ် …
လွှတ်တော်ထဲမှာ ပညာတတ်တွေ မလိုဘူးတဲ့ … သူ့နောက်ကနေ ညီညီညွတ်ညွတ်နဲ့ လက်ညှိုးထောင် ခေါင်းညိတ် လုပ်တတ်ရင် တော်ပြီတဲ့ …
ကျွန်တော်တော့ အမေစု နောက်ကပဲ လက်ညှိုးထောင် ခေါင်းညိတ်လုပ်တော့မယ် …
ဒါ က
Was this answer helpful?
LikeDislikeပုတုဇဉ်တွေဖြစ်တဲ့အတွက် အမှားနဲ့မကင်းနိုင်ပါဘူး…. ဒါကြောင့် အမြဲ လက်ညိုးထောင် ခေါင်းညိတ်နေရင် မကောင်းလောက်ပါဘူး… လက်မခံဖို့ပြောတာလဲ မဟုတ်ပါဘူး၊ ပုဂ္ဂိုလ်စွဲမထားဖို့ပါ….
Was this answer helpful?
LikeDislikeကျွန်တော့ သဘောထားပါ …
Was this answer helpful?
LikeDislikeNLD အမေစုတို့ အဖွဲ့က ဖွဲစည်းပုံအ ခြေခံဥပဒေ ထဲကမကြိုက်တဲ့ unfair ဖြစ်တဲ့ အချက်ကိုပြင်ခိုင်းလိုက်တယ်။
ဥပမာ ထောင်ကျတဲ့သူတွေပါတီမှာမပါရ ဆိုလားပဲ။ အခုသမတကြီးက အဒီကိစ္စပြင်လိုက်ပြီကြားတယ်။ ကျွန်တော် တစ်ယောက်ထဲတွေးတတ်သလောက်ကတော့ ပန်းတိုင်ရောဖို့ ရှေ့ ရသလောက်တော့တိုးရမှာပါပဲ။ ရှေ့တိုးမှ ရှေ့ရောက်မှာ နောက်ဆုတ်ရင်နောက်ရောက်ကြမှာပါပဲ။
နောက်ပြီး ၁၉၉၀ ရွေးကောက်ပွဲ NLD အနိုင်ရတာနဲ့ပတ်သက်ပြီး အမေစုက လက်ရှိအစိုးရ က တစ်နည်းနည်းနဲ့ အသိအမှတ်ပြုပေး ဖို့တောင်းထားတယ်။ လွှတ်တော် အကြီးအကဲ ကလည်း ၁၉၉၀ ရွေးကောက်ပွဲ ဟာအ ရေးပါကြောင်း ပြောပြီး ဖြစ်ကြောင်းကို Hot News journal vol 2 ,NO (65) ဆရာကြီးဦးဝင်တင်အင်တာဗျူးမှာ ပါလာတယ်။ အမေစုရဲ့ခြေလှမ်းလေးတွေက စိတ်ပြီး ပန်းတိုင်ရောက်မှာပါ။ ဥာဏ်ပညာရှိတစ်ယောက်ပဲလေ။ ကျွန်တော်တော့ ကြားဖြတ်ပဲဖြစ်ဖြစ် ရွေးကောက်ပွဲဖြစ်ဖြစ် ၀င်စေချင်ပါတယ်။ ရွေးကောက်ပွဲ ၀င်ဖို့ကြိုးစား မှ လိုချင်တဲ့ ပန်းတိုင်ရောက်မယ်။ လိုချင်တဲ့ ပန်းတိုင်ရောက်မှ မလိုချင်တာတွေပြင်
မကြိုက်တာကိုစည်းရုံးပြီးပြန်ပြင်ရမယ် လို့ယူဆပါကြောင်းကိုခိုင်ရေ…
ချစ်ခြင်းအားဖြင့် ကိုဆန်နီ…
Was this answer helpful?
LikeDislikeကျွန်တော် တခုထပ်ပြောချင်သေးတာက -
လက်ရှိ ၂၀၀၈ အခြေခံဥပဒေဟာ ပြဿနာတုံးကြီးပါ။ လုံးဝမှားယွင်းနေပါတယ်။ ရေရှည်ဆက်သုံးဘို့ လုံးဝမဖြစ်နိုင်ပါဘူး။ အဲဒီအခြေခံဥပဒေထဲမှာကို တိုင်းပြည်ထိခိုက်ပြိုကွဲစေဘို့ မျိုးစေ့တွေပါပြီးသားပါ။ အာဏာရှင်နောက်မျိုးဆက်ပေါ်ထွန်းဘို့ မျိုးစေ့တွေပါပြီးသားပါ။ တကယ်လို့များပေါ်ခဲ့ရင် နောက်မျိုးဆက်အာဏာရှင်တွေလက်မှာ ကျွန်တော်တို့တိုင်းပြည် ကျောက်ခေတ်ရောက်သွားမှာပါ။
ဒီအခြေခံဥပဒေကို တနည်းနည်းနဲ့ အစအဆုံး ပြင်ကိုပြင်ရပါမယ်။
ပြင်ဘို့နှစ်နည်းရှိပါတယ်-
ပထမ (ကျွန်တော်တို့စိတ်ကြိုက်နည်း) က ပြည်ပ ကမ္ဘာ့အကူအညီတွေနဲ့ ပြည်တွင်းအင်အားစုတွေစုပေါင်းပြီး ဒီကောင်တွေကိုဖြုတ်ချ ကြားဖြတ်အစိုးရတခုယာယီဖွဲ့ ၂၀၀၈ အခြေခံဥပဒေကိုဆုတ်ဖြဲ။ ပေမီဒေါက်မီ အခြေခံဥပဒေအသစ်ကိုပြန်ဆွဲ။ အဲဒီအခြေခံဥပဒေအရ ဒီမိုကရေစီနည်းကျ အစိုးရအဖွဲ့ကို ရွေးကောက်တင်မြှောက်….. ဆိုတာမျိုးပါ။
အဲဒါက ကောင်းပေမယ့် လက်တွေ့လုံးဝနီးပါးမဖြစ်နိုင်တော့ပါဘူး။
ဒီတော့ဖြစ်နိုင်တဲ့ ဒုတိယနည်းက ပြည်သူအများစု ထောက်ခံတဲ့ (တနည်းအားဖြင့် စစ်ခေါင်းဆောင်တွေ မျက်နှာလွှဲခဲပစ်မလုပ်ရဲတဲ့) ဒီမိုကရေစီအုပ်စု NLD က လွှတ်တော်ထဲဝင်၊ အာဏာရပါတီကို မျက်နှာချင်းဆိုင်ခပ်တင်းတင်းရင်ဆိုင် နောက်ရွေးကောက်ပွဲတွေမှာ မသမာမှု့မဖြစ်အောင်တား – အဲဒါဆို နောက်ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ ရှုံး၊ အဲဒီနည်းနဲ့ ကိုယ်က majority ယူပြီး ရွေးကောက်ပွဲနှစ်ဆက်လောက်အတွင်းမှာ လွှတ်တော်ကိုလက်ထဲထည့်ပြီး မှ ပြည်သူ့ဆန္ဒခံယူပွဲပြန်လုပ်ပြီး အခြေခံဥပဒေအသစ်ဆွဲလို့ရမှာပါ။
လွှတ်တော်ထဲမှာ စစ်သားတမတ်ရှိသရွေ့ အခြေခံဥပဒေကို လွှတ်တော်ထဲက ထိထိရောက်ရောက် ပြင်နိုင်ဘို့ မဖြစ်နိုင်ပါ။
ဒီဒုတိယနည်းဟာလဲ သိပ်မလွယ်ဘူးဆိုရင်တောင် ပထမနည်းလို လုံးလုံးမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။
အာဏာရှင်တွေကို အာဏာစွန့်ခိုင်းဘို့ဆိုတာ လွယ်နိုင်စရာလဲမရှိပါဘူး။ မလွယ်တဲ့ကြားကပဲ တိုင်းပြည်နဲ့လူမျိုးအတွက် ဖြစ်အောင်ကြိုးစားရမှာပါ။
ဒီဒုတိယနည်းလမ်းအတွက်ပဲ NLD ကို လွှတ်တော်ထဲရောက်စေချင်တာ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ မသထာရေစာ ပြောဆိုနိုင်ခွင့်ကလေး ကန့်ကွက်နိုင်ခွင့်ကလေး အဆိုပြုနိုင်ခွင့်လေး နဲနဲရဘို့ လွှတ်တော်ထဲသွားရမှာမဟုတ်ပါဘူး။ ပြည်သူ့အာဏာကို ပြည်သူ့လက်ဝယ်ပြန်ရအောင်ယူဘို့ လွှတ်တော်ထဲသွားရမှာပါ။ အချိန်တခုတော့ယူရပါလိမ့်မယ်။ အချိန်ယူနေစဉ်မှာလဲ ပြည်သူ့အကျိုးအတွက် လုပ်နိုင်စရာတွေ အများကြီးရှိပါတယ်။
Was this answer helpful?
LikeDislikeဘာတွေညာတွေတော့သိပ်မသိပါဘူး။ဒါပေမဲ့NLDမှတ်ပုံတင်တာကိုတော့လိုချင်တယ်။ အရင်ကတည်းကလိုချင်တာ။
Was this answer helpful?
LikeDislikeအသေအချာတစ်ခု သိထားတွေးထားတာကတော့ သေချာပေါက်ကို NLD မှတ်ပုံတင်ပါလိမ့်မယ်။ ပြီးတော့ သေချာပေါက် ကြားဖြတ်ရွေးကောက်ပွဲဝင် ပါလိမ့်မယ်။ ဘာကြောင့်မှန်းမသိပေမယ့် အမြင်၊ အကြား၊ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံအရ NLD အသေအချာ လုပ်မယ်ဆိုတာသိနေပါတယ်။ ကျန်တဲ့အမြင်တွေတော့ ကျနော် မဆွေးနွေးချင်တော့ဘူး…..
Was this answer helpful?
LikeDislikeပထမဦးစွာ ကျွန်တော်သောက်သုံးမကျတာ oန်ခံပါတယ်။ ကြားဖြတ်ယွေးကောက်ပွဲဆိုတာကို ကျွန်တော် နားမလည်လို့ပါ။ တခြားနိုင်ငံတွေမှာကော အဲဒီလိုပဲလား။ အတူတူပဲလားလို့ သိချင်ပါတယ်။ ပြီးတော့ မှတ်ပုံတင်တာက နောင်နှစ်ဆိုတင်လို့မယတော့ဘူး။ အဲဒီလိုမျိုးလား။ အခုချက်ချင်းတင်ယမယ် အဲဒီလိုလား။ ပါတီတစ်ခုမှတ်ပုံတင်တာ ဘယ်အချိန်တင်တင်မယဘူးလား။ စိတ်မဆိုးကြပါနဲ့ ၊ တကယ်မသိလို့မေးတာပါ။ ကျွန်တော်ကတော့ မတင်သင့်ဘူးထင်တာပါပဲ။ ပူလွန်းသောထမင်း မစားသင့်ဘူးပေါ့ဗျာ။ ဒါကျွန်တော်ပြောတဲ့ စကားမဟုတ်ပါဘူး။ အလောင်းဘုယားပြောတဲ့စကားပါ။ ပြီးတော့ ချိုလွန်းသောအသီး ပိုးထိုးတတ်သည် ဆိုတဲ့စကားယှိပါတယ်။ ဒေါ်စုနဲ့တွေ့တုန်းက ဗိုလ်ချုပ်ဓာတ်ပုံချိတ်ထားတာတို့ ဒါမျိုးပေါ့ဗျာ။ ဒါဟာ ထောင်ချောက်မဟုတ်ဘူးဆိုယင်တောင် သံသယယှိပြီဆိုယင် ခဏဆိုင်းထားသင့်ပါတယ်။
ပြောတာမှားယင် ထောက်ပြကြပါ။ ကျွန်တော်က နိုင်ငံယေးဦးနှောက်မယှိပါဘူး။ လူပြိန်းပါ။ လူပြိန်းသိပဲပြောတာပါ။ ပြီးတော့ ကျွန်တော့်ကီးဘုတ်ပျက်နေလို့ အပေါ်တန်းကကီးတွေယိုက်လို့မယဘူး။ အဲဒါ ကြောင့် စာလုံးပေါင်း ယ ကို သီးခံပြီးဖတ်ပေးကြပါခင်ဗျာ။
Was this answer helpful?
LikeDislikeအချက်အလက်ရအောင် သမိုင်းမှတ်တမ်းကျန်အောင် ကူးတင်ပေးလိုက်တာပါ..။
ဆွေးနွေးရာမှာ အချက်အလက်အနေနဲ့ ကိုးကားနိုင်ပါတယ်..။
သတင်းဆောင်းပါးဟာ ဆိုင်ရာသူတွေရဲ့ အာဘော်သာဖြစ်ပါကြောင်း…။
==
NLD ရွေးကောက်ပွဲဝင်ရေးအပေါ် ဦးဝင်းတင်အမြင်
By ကိုဇော်ဝင်းလှိုင် http://www.voanews.com/burmese/news/NLD-11-12-11-133739748.html
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ ပါတီ မှတ်ပုံတင်ရေးကိစ္စနဲ့ပတ်သက်လို့ ဘာမှ ပြောစရာမရှိပေမဲ့ ရွေးကောက်ပွဲဝင်ရေး ကိစ္စကိုတော့ အများကြီး စဉ်းစားရလိမ့်မယ်လို့ NLD ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။ ရွေးကောက်ပွဲဝင်ရေး ကိစ္စဟာ ၂၀၀၈ အခြေခံဥပဒေအပေါ် သဘောထားနဲ့ သက်ဆိုင်တယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
NLD ပါတီ မှတ်ပုံတင်ရေးကိစ္စနဲ့ တပါတည်း ပါတီရွေးကောက်ပွဲ ၀င်သင့်မ၀င်သင့် ဆိုတဲ့ အကြောင်းအရာတွေက မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ အခုတလော အတော်လေး လူပြောများလာနေတဲ့ ကိစ္စပါ။ ဒီကိစ္စကို NLD ဗဟိုကော်မီတီဝင်တွေ စည်းဝေးထိုင်ပြီးမှ ဆုံးဖြတ်မှာဖြစ်ပေမဲ့ ပါတီမှတ်ပုံတင်ရေး ကိစ္စအတွက် ဘာမှ အငြင်းပွားစရာ မရှိပေမဲ့ မှတ်ပုံတင်ပြီး နောက်ဆက်တွဲဖြစ်လာမယ့် ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးဆိုတဲ့ကိစ္စကတော့ အများကြီး စဉ်စားကြရမယ်လို့ ဗဟိုကော်မီတီဝင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က သူ့သဘောထားကို အခုလို ထုတ်ဖော် ပြောဆိုလာတာပါ။
“ဒီကိစ္စက အပိုင်းနှစ်ပိုင်းရှိတယ်လို့ ကျနော် ယူဆတယ်။ တစ်ပိုင်းက မှတ်ပုံတင်ရေးကိစ္စ၊ တစ်ပိုင်းက ရွေးကောက်ပွဲဝင်ရေးကိစ္စပေါ့။ ရွေးကောက်ပွဲဝင်ရေးကိစ္စနဲ့ ပတ်သက်လာပြီဆိုရင်တော့ အတော်ကို စဉ်းစားရမယ့်ကိစ္စတွေ၊ စဉ်းစားစရာတွေ၊ မေးခွန်းထုတ်စရာတွေ၊ ဒွိဟ သံသယတွေ တော်တော်များများ ပေါ်နိုင်လိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲဝင်တဲ့ကိစ္စက ကျနော်တို့က ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ကျနော်တို့ လက်ခံသလား၊ လက်မခံဘူးလား ဆိုတဲ့ဟာနဲ့ စဉ်းစားရမယ့်ဟာကိုး။ ဒါကတစ်ချက်။ နောက်တစ်ချက်က ကျနော်တို့တွေ ၀င်သွားမယ့်လွှတ်တော်ဆိုတော့ နေရာဒေသကလည်း ဘာပဲပြောပြော ၂၀၀၈ အခြေခံဥပဒေလွှမ်းမိုးနေတဲ့ နေရာဒေသဖြစ်တဲ့အခါကျတော့ ကျနော်တို့ အဲဒီလွှတ်တော်ထဲကို ၀င်သွားဖို့အတွက် ရွေးကောက်ပွဲ ၀င်ကြမယ်ဆိုတဲ့ကိစ္စမှာ ကျနော်တို့ ပါတီဝင်ထုကြားထဲမှာ အများကြီး စဉ်းစားတဲ့သူတွေ ဒွိဟ သံသယတွေ ပေါ်နိုင်တယ်လို့ ကျနော်ထင်တယ်။”
ရွေးကောက်ပွဲဝင်ရေးကိစ္စအတွက် ပါတီတွင်းမှာ ကွဲလွဲတဲ့ အယူအဆတွေ ရှိနိုင်တာကြောင့် သူ့အနေနဲ့ အခုလို ပြောတာဖြစ်တယ်လို့ ဦးဝင်းတင်က ဆက်ပြောပါတယ်။
“ကျနော် ပြောနိုင်တာတစ်ခုကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီ မှတ်ပုံတင်ကိစ္စရော၊ ရွေးကောက်ပွဲဝင်ရေး ကိစ္စရောမှာ သေချာတာတစ်ခုကတော့ ကျနော်တို့မှာ ကွဲလွဲတဲ့အယူအဆတွေ၊ ကွဲလွဲတဲ့ အမြင်တွေ၊ သဘောထားတွေ၊ ရပ်တည်ချက်တွေ၊ တောင်းဆိုချက်တွေ စသည်ဖြင့် အများကြီး ကွဲလွဲမှုတွေ ရှိနိုင်တယ်။ ဒါ သေချာတယ်။ ဒါကို ကျနော်တို့ ဘာမှငြင်းစရာမလိုဘူး။ သို့သော် အဲဒီကွဲလွဲမှုတွေ အားလုံးကို ကျနော်တို့ ပါတီရဲ့ အစဉ်အလာရှိတဲ့အတိုင်းပဲ ဆုံးဖြတ်ချက်မှာတော့ ကျနော်တို့ပါတီဟာ တညီတညွတ်တည်း ဆုံးဖြတ်နိုင်တဲ့အစဉ်အလာအတိုင်းပဲ ဆုံးဖြတ်လိမ့်မယ်လို့ ကျနော်ကတော့ ထင်မြင်တယ်ဗျာ။”
ပါတီမှတ်ပုံတင်ရေးကိစ္စနဲ့ပတ်သက်လို့ မကြာခင်ရက်ပိုင်းအတွင်း ဗဟိုကော်မီတီ စည်းဝေးထိုင်ပြီး ဆုံးဖြတ်ဖို့ရှိတယ်ဆိုတာ သိရပေမဲ့ ဘယ်နေ့ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီများ မှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေစဉ်းမျဉ်းတွေအပေါ် သဘောမတူတဲ့အတွက် NLD က မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပေမဲ့ အခု အဲဒီဥပဒေတွေကို ပြီးခဲ့တဲ့လကုန်ပိုင်းအတွင်း ပြင်ဆင်ဖို့ လွှတ်တော်က ဆုံးဖြတ်ပြီး သမ္မတက လက်မှတ်ထိုးလိုက်ပြီ ဖြစ်တာကြောင့် ပါတီမှတ်ပုံတင်ရေး ကိစ္စအတွက်တော့ အလွယ်တကူ ဆုံးဖြတ်ချက် ကျနိုင်လိမ့်မယ်လို့ ဦးဝင်းတင်က ပြောပါတယ်။
“မှတ်ပုံတင်ရေးကိစ္စနဲ့ပတ်သက်လို့ကတော့ ကျနော်တို့တွေ အရင်တုန်းက ၂၀၁၀ တုန်းက ငြင်းဆန်ခဲ့တဲ့ ပါတီမှတ်ပုံတင်ခြင်း ဆိုတဲ့နေရာမှာ ရွေးကောက်ပွဲဥပဒေအရ သတ်မှတ်ထားတဲ့ စည်းကမ်းတွေပေါ့ဗျာ၊ စကားလုံးတွေ သက်သာအောင်လုပ်ပေးတဲ့ သက်သာပျော့ပြောင်းတဲ့ ပေါ့ဗျာ စည်းကမ်းချက်များ ဖြစ်တဲ့အတွက် ကျနော် ထင်တယ်၊ ကျနော်တို့ ပါတီဝင်ထုတွေကြားထဲမှာ ဒီကိစ္စက သိပ်ပြီးတော့ ပြဿနာရှိလိမ့်မယ်လို့ ကျနော် သိပ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တွေက ဒီမိုကရေစီပါတီ ဖြစ်တယ်၊ တောခိုမယ့်ပါတီလည်း မဟုတ်ဘူးဗျာ၊ မြေသျှိုးမယ့်ပါတီလည်း မဟုတ်ဘူးဆိုတဲ့အခါကျတော့ ကျနော်တို့ဟာ ဒီမိုကရေစီပါတီပီပီ ဥပဒေဘောင်အတွင်းမှာ နေချင်ကြတာပေါ့။”
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် ပြောပြခဲ့တာပါ။
ပြည်နယ်တိုင်းတွေမှာရှိတဲ့ NLD အဖွဲ့ဝင်တွေက လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဗွီအိုအေ မြန်မာပိုင်းကို ပြောပြခဲ့တဲ့ သဘောထားတွေအရကတော့ မှတ်ပုံတင်ရေးကိစ္စအတွက် ပါတီဝင်အများစုက ယေဘုယျအားဖြင့် သဘောတူကြပေမဲ့ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးဆိုတဲ့ကိစ္စအပေါ်မှာ သဘောထားကွဲပြားမှုတွေ ရှိနေတယ် ဆိုတာကို ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။
Was this answer helpful?
LikeDislikeအချက်အလက်ရအောင် သမိုင်းမှတ်တမ်းကျန်အောင် ကူးတင်ပေးလိုက်တာပါ..။
ဆွေးနွေးရာမှာ အချက်အလက်အနေနဲ့ ကိုးကားနိုင်ပါတယ်..။
အီးမေးလ်ကရထားတာဖြစ်ပါတယ်..။
ဆောင်းပါးဟာ ဆိုင်ရာသူတွေရဲ့ အာဘော်သာဖြစ်ပါကြောင်း…။
=====
တိုင်းပြည်နဲ့လူထုအတွက် ဒါလေးတွေလည်း စဉ်းစားကြည့်ပေးပါ – မောင်ပါလ
မြို့တော်ခန်းမရှေ့က ဘတ်စ်ကားမှတ်တိုင်မှာ ရေခဲရည်ရောင်းနေတဲ့ ကောင်းလေးတယောက်ကို တိုးတိုးတိတ်တိတ်လေး မေးကြည့်ပါ။ “လက်ရှိကြံ့ဖွတ်အစိုးရနဲ့ ၂၀၀၈-ဖွဲ့စည်းအုပ်ချုပ်ပုံကို အယုံအကြည်ရှိ လက်ခံပါသလား” လို့….။ ရေခဲရည်သည်လေးက နှစ်ကိုယ်ကြားလေသံနဲ့ တီးတိုး ပြန်ဖြေပါလိမ့်မယ်။ ”၂၀၀၈-ဖွဲ့စည်းပုံကို ကျနော်ရဲ့ရေခဲရည်ရောင်းရတဲ့ အမြတ်ငွေလောက် စိတ်မ၀င်စားပါဘူး။ ကြံ့ဖွတ်အစိုးရကိုတော့ အယုံအကြည်မရှိ လက်မခံပါဘူး” လို့…..။
ဒီလိုပါပဲ။ ယနေ့ NLD ပါတီ မှတ်ပုံတင်သင့်/မသင်တင့် ဆွေးနွေးနေကြသူတွေ၊ မတင့်သင့်ကြောင်း ပြင်းပြင်ထန်ထန် ကန့်ကွက်ဝေဖန်နေသူတွေ၊ တင်သင့်ပါတယ် ပြောနေကြသူတွေ၊ ကြားနေသယောင်လုပ်နေသူတွေ အားလုံး (ကြံ့ဖွတ်အစိုးရနှင့် ၄င်းတို့၏ လက်ကိုင်ဒုတ် အရိုးအရင်းကိုက် ခွေးများမပါ) သန်း ၆၀-နီးပါးရှိသော မြန်မာနိုင်ငံသူ၊ နိုင်ငံသား ၁၀၀% ဟာ တမတ်သားဖွဲ့စည်းပုံကို လက်မခံကြပါဘူး။ လက်ရှိသိန်းစိန်အစိုးရကို အယုံအကြည်မရှိကြပါဘူးဆိုတာ သေချာပါတယ်။
ဒါကြောင့် အောက်ခြေက အခြေခံလူထု၊ လူတန်းစားတရပ်လုံးကတောင် လက်ရှိအစိုးရနဲ့ ၂၀၀၈-ဖွဲ့စည်းပုံကို လက်မခံနိုင်ပါဘူးဆိုတဲ့အချိန်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီမှ နိုင်ငံရေးခေါင်းဆောင်ကြီးများဟာလည်း အခြေအနေမှန်ကို သိရှိလက်ခံထားမှာ ဖြစ်ပြီး တိုင်းပြည်နဲ့လူထုအတွက် အကျိုးကျေးဇူးများနိုင်မယ့်၊ ပြည်သူဖက်က ဆုံးရှုံးပေးဆပ်ရမှု အနည်းဆုံးဖြစ်နိုင်မယ့် လမ်းကြောင်း (ထွက်ပေါက်) တခုကို စဉ်းစားအဖြေရှာနေကြခြင်းသာဖြစ်ကြောင်း ပြည်သူလူထုရဲ့ နားလည်လက်ခံပေးနိုင်မှုက ယနေ့အချိန်မှာ အရေးအကြီးဆုံး ဖြစ်နေပြီး စည်းလုံးညီညွတ်စွာနဲ့ ခေါင်းဆောင်တွေနဲ့အတူ ၀ိုင်းဝန်းကူညီ အဖြေရှာပေးနိုင်ဖို့ဟာ လတ်တလောလိုအပ်ချက်ဖြစ်နေပါတယ်။
၂၀၀၈-ဖွဲ့စည်းပုံနဲ့ ကြံ့ဖွတ်အစိုးရကို အယုံအကြည်မရှိမူ အောက်မှာပဲ NLD ပါတီ မှတ်ပုံမတင်သင့်ပါဘူးဆိုတာကို စပြီးချဉ်းကပ်ကြည့်ရအောင်။ မှတ်ပုံမတင်ဘူးဆိုရင် ငြိမ်းချမ်းရေးလမ်းကြောင်းက ပျက်ပြယ်သွားမယ်လို့ ယူဆရပြီး လူထုတိုက်ပွဲဖော်ဆောင်ဖို့ လမ်းကြောင်းတခုတည်းကို ကျနော်တို့ ရွေးချယ်ရပါမယ်။ နောက်ဆုံးအဆင့်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ဖမ်းပြီး အကျယ်ချုပ်ချ၊ နိုင်ငံရေး သမားတွေ အကုန်လုံးပြန်ဖမ်းပြီးထောင်ချ၊ သေနတ်မိုး ဓါးမိုး အုပ်ချုပ်တဲ့ အခြေအနေဆီ ပြန်ရောက်ချင် ရောက်ပါလိမ့်မယ်။ ဒီအခြေအနေကို စိုးရိမ်လို့ အဲလိုပြန်ဖြစ်မှာစိုးလို့ ပါတီမှတ်ပုံတင်သင့်ပါတယ်လို့ ပြောနေကြတာတော့ မဟုတ်နိုင်ပါဘူး။ ဒီအခြေအနေကို မရောက်ခင်၊ ရောက်ပြီး စပ်ကြားကာလမှာ အောက်ပါ စဉ်းစားရမယ့်အချက်လေးတွေ ရှိနေပါတယ်။ ပါတီမှတ်ပုံမတင်သင့်ပါဘူးလို့ ဝေဖန်နေကြသူများအနေနဲ့ ၀ိုင်းပြီး စဉ်းစားပေးစေလိုပါတယ်။
၁) ထောင်တွင်းမှာ လက်ရှိကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအများစုအတွက် ဘယ်လိုဝိုင်းပြီး စဉ်းစားကြမလဲ။ (လွှတ်တာလည်း နည်းနည်း နည်းနည်းနဲ့ မလွှတ်ဘဲထောင်ထဲမှာ ဆက်ထားလည်း ထောင်ထဲကခေါင်းဆောင်တွေက ကျနော်တို့နဲ့ သဘောထားတထပ်တည်းပါပဲလို့တော့ မပြောကြပါနဲ့။ ၁၀၀ ပဲလွှတ်လွှတ်၊ ၂၀၀ ပဲလွှတ်လွှတ် လွတ်လာတဲ့သူများအတွက် အတိုင်းမသိ ၀မ်းသာကြရသလို လွတ်လာသူများနဲ့ အပြင်မှာရှိနေကြသူများ အင်အားစုပေါင်းပြီး ထောင်တွင်းမှာ ကျန်နေသူများအတွက် ဆက်ပြီး ၀ိုင်းဝန်းလုပ်ဆောင်နိုင်ကြမယ်လို့ စဉ်းစားမိပါတယ်။)
၂) လူထုတိုက်ပွဲ ဖော်ဆောင်နိုင်ဖို့အတွက် ပါဝင်လာနိုင်မယ့် လူထုအင်အားကို စည်းရုံးနိုင်မှု၊ ပါဝင်လာနိုင်မှု အခြေအနေတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ (လူထုတိုက်ပွဲဖော်ဆောင်ဖို့အတွက် မြန်မာနိုင်ငံသားတိုင်း ပါဝင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးကို ဖတ်မိသူတိုင်းဟာ မြန်မာလူမျိုး၊ မြန်မာနိုင်ငံသားများသာ ဖြစ်ကြတဲ့အတွက် မိမိကိုယ်တိုင်လည်း ပါဝင်ဖို့ လိုအပ်သလို ပါဝင်နိုင်တဲ့ အခြေအနေမှာ ရှိနေပြီလားဆိုတာကိုလည်း မိမိကိုယ်မိမိ မလိမ်မညာဘဲ ဝေဖန်သုံးသပ်ရဲဖို့ အရမ်းအရေးကြီးပါတယ်။ ဒါမှသာ ကျနော်တို့ဟာ လူထုတိုက်ပွဲဖော်ဆောင်နိုင်ဖို့အတွက် မှန်ကန်တဲ့ လူထုအင်အားကို ရနိုင်မှာပါ။)
၃) ငြိမ်းချမ်းရေးလမ်းကြောင်းကို စွန့်လွှတ်ပြီဆိုရင် အမျိုးသားသွေးစည်းညီညွတ်ရေးကို လက်နက်ကိုင်ပြီးတော့ပဲ ဖြေရှင်းကြမှာလား။ (မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီးတောက်လောင်ခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။ ခုထိ ဆက်လက်ဖြစ်ပွားနေဆဲပါ)
၎) လူထုတိုက်ပွဲမှာ ပါဝင်လာမယ့် လူထုတွေကို ဘယ်သူ/ဘယ်အဖွဲ့အစည်းက မှန်ကန်စွာ ဦးဆောင်မှု ပေးနိုင်မလဲ။ (၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလည်း ထောင်ထဲမှာနဲ့ တတိယနိုင်ငံတွေမှာပါ။ ဒေါ်စုနဲ့ NLD ပါတီက ပေးနိုင်တယ်ပြောရအောင် အခုအချိန်မှာတောင် လူကြီးမင်းတို့ရဲ့ ဝေဖန်ကန့်ကွက်မှုတွေက ပြင်းထန်နေတယ်ဆိုရင် လူထုတိုက်ပွဲဖောင်ဆောင်မယ့်အချိန်မှာလည်း ဒီလိုပဲဖြစ်နေမယ်ဆိုရင် မခက်ပေဘူးလား)
၅) လူထုတိုက်ပွဲစပြီဆိုရင် စစ်တပ်ရဲ့ အကြမ်းဖက်ဖြေရှင်းမှုကို ဘယ်လိုတုန့်ပြန်ကြမလဲ။ (စစ်တပ်ကပစ်မှာပဲဆိုတာက Out of Question ပါ။ လူထုတွင်း စစ်တပ်ပါဝင်လာနိုင်ဖို့ဆိုတာက အချိန်ယူစည်းရုံးရမှာ ဖြစ်သလို ခုလိုမျိုး ကိုယ့်တပ်ကိုယ်နင်း ကသောင်းကနင်းအနေအထားနဲ့ ရန်သူကို ဘယ်လိုစည်းရုံးကြမလဲ)
၆) ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ဖမ်းပြီး အကျယ်ချုပ်ချ၊ နိုင်ငံရေး သမားတွေ အကုန်လုံးပြန်ဖမ်းပြီးထောင်ချ၊ ထားတဲ့အချိန်မှာ လူထုတိုက်ပွဲဖော်ဆောင်ဖို့ တိကျတဲ့အစီအစဉ်၊ ရည်မှန်းချက်တွေကို ဘယ်သူကဦးဆောင် အကောင်အထည်ဖော်မှာလဲ။ (၂၃-နှစ်လည်း စောင့်ခဲ့ပြီးပါပြီ။ ဘာမှလည်းထူးခြားမလာသေးပါဘူး။ ဘယ်နှစ်နှစ်ထပ်စောင့်ရအုံးမှာလဲ။ ဆိုသူများနဲ့ လူထုတိုက်ပွဲတခုတည်းသာ ဖော်ဆောင်သင့်တယ်ဆိုသူများအနေနဲ့ ခေါင်းဆောင်မှုပေးနိုင်ပါစေကြောင်း ပြည်သူများ မျှော်လင့်နေပါတယ်)
NLD ပါတီ မှတ်ပုံမတင်သင့်ပါဘူး ဆိုသူများကို အငြင်းအခုန်လုပ် မေးခွန်းထုတ်ထားတာ မဟုတ်ပါဘူး။ မှတ်ပုံမတင်ရင် ဒါလေးတွေလည်း ထပ်ပြီးစဉ်းစားအဖြေရှာပေးကြဖို့ လိုအပ်ပါတယ်။
ထိုနည်းတူစွာပဲ မှတ်ပုံတင်ခဲ့ရင်လည်း ကောင်းကျိုး ဆိုးပြစ်တွေ ရှိနေမှာပါ။ ဆိုးပြစ်တွေကတော့ မှတ်ပုံမတင်သင့်ပါဘူးလို့ ထောက်ပြထားသူများ ရေးကြတဲ့အတိုင်းပါပဲ။ ကောင်းကျိုးအနေနဲ့ကတော– ပြည်သူတို့ အနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ချုပ်၏ အနှစ်၂၀ ပေးဆပ်မှုအပေါ် အသိအမှတ်ပြုထားခြင်းကြောင့် မှတ်ပုံတင်ရေးဆုံးဖြတ်ချက် ချမည်ဆိုလျှင် ထောက်ခံအားပေးကြမည်သာ ဖြစ်သည်။ တရားဝင်နိုင်ငံရေး ပါတီအဖြစ်ဖြင့်သာ ပါတီတည်ဆောက်ရေး၊ အရည်အသွေးမြှင့်တင်ရေး၊ မျိုးဆက်သစ်ခေါင်းဆောင်များမွေးထုတ်ရေး၊ လူထုစည်းရုံးရေး၊ မဟာမိတ်ဆက်ဆံရေး၊ နိုင်ငံတကာ ဆက်ဆံရေး စသည့် ပါတီယန္တရားများကို ပြန်လည်လည်ပတ်နိုင်လိမ့်မည်။
အဖွဲ့ ချုပ်သည် လွှတ်တော်ပြင်ပတွင် ပြည်သူတို့ ၏ အကြောက်တရားကို လျော့ချကာ နိုင်ငံရေးရေချိန် မြှင့်ပေးခြင်းနှင့် ဆီဗဲလ်ဆိုဆိုက်တီး လူထုအခြေပြုအဖွဲ့ အစည်းများ ဖွဲ့ စည်းရန် ကူညီအားပေးခြင်း၊ လွှတ်တော်အတွင်း အတိုက်အခံအင်အားစုအနေဖြင့် ချိန်ခွင်လျှာထိန်းညှိခြင်းစသည့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ တည်ဆောက်နိုင်မည်။ တချိန်တည်းမှာပင် စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာများ၏ မဏ္ဍိုင်သုံးရပ်အပေါ် စောင့်ကြည့်မှု၊ ပညာရှင်များ၏အမြင်သဘောထားဖော်ပြမှု၊ ပြည်သူအသံနားထောင်မှု စသည်တို့ သည်လည်း ဒီမိုကရက်တစ် အင်စတီကျူးရှင်း အားကောင်းမောင်းသန် ဖြစ်လာရေးအပေါ် များစွာအထောက်အကူ ပေးနိုင်ပါသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၌ နိုင်ငံတကာထောက်ခံမှုအလံနှင့် လူထုထောက်ခံမှုအလံ ရှိနေပါသည်။ အစိုးရ၌ အပြောင်းအလဲလုပ်ပိုင်ခွင့် အာဏာအလံရှိနေပါသည်။ အလံသုံးလက်လုံးကို နှစ်ဘက်သဘောတူ စုစည်းနိုင်မှသာလျှင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ရှေ့ တိုးနိုင်ပါလိမ့်မည်။ လက်ရှိအစိုးရ၏ အလံတစ်လက်တည်းဖြင့် ကောင်းမွန်သောအနာဂါတ်ကို မဖန်တီးနိုင်ကြောင်း အစိုးရ၊ အတိုက်အခံ၊ ပြည်သူနှင့် နိုင်ငံတကာ အားလုံးက သိနေသည်။ (ညီသင့်မြတ်၏ ”ဒီမိုကရေစီဘောင်ကိုချဲ့ပါ၊ သမိုင်းဘီး ရှေ့သို့လှည့်ပါ” မှ ထုတ်နှုတ်ထားပါတယ်)
လက်ရှိအစိုးရနဲ့ သူတရစ်လျော့ ကိုယ်တရစ်လျော့ ဆက်ဆံကြတဲ့အတိုင်း နိုင်ငံရေးအကျဉ်းသားတွေ အနှေးနဲ့အမြန်၊ အနည်းနဲ့အများ တဖြည်းဖြည်းလွတ်မြောက်လာနိုင်ဖွယ် ရှိပါတယ်။ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်ပြီး ကိုင်စွဲထားနိုင်သလို တခြားတဖက်ကလည်း လူထုတိုက်ပွဲဖော်ဆောင်နိုင်ရေး၊ လူထုတွင်းစည်းရုံးရေး၊ မျိုးဆက်သစ်ခေါင်းဆောင်များမွေးထုတ်ရေး စတာတွေကို ပြင်ဆင်ထားနိုင်ပါမယ်။ ၂၀၀၈-ဖွဲစည်းပုံနဲ့ ကြံ့ဖွတ်အစိုးရကို အယုံအကြည်မရှိမူအောက်မှာသာ ချဉ်းကပ်ခြင်းဖြစ်တဲ့အတွက် ၂၀၀၈-ဖွဲ့စည်းပုံကို ငြိမ်းချမ်းရေးမူနဲ့ ပြင်ဆင်ဖို့ အခွင့်အရေး မရခဲ့ရင် တချိန်ချိန်မှာ မလွဲမသွေ လူထုတိုက်ပွဲကို ကြုံတွေ့ရမှာပါ။ အဆိုးဆုံးအခြေအနေလို့ သုံးသပ်ရပါလိမ့်မယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်မှုဟာလည်း အဆိုးဆုံးအခြေအနေမှာ လူထုတိုက်ပွဲဖော်ဆောင်နိုင်ရေးအတွက် အဓိက အရေးပါတဲ့ အခန်းက ပါဝင်နိုင်ပါလိမ့်မယ်။
အဓိကအားဖြင့် ပြောလိုတာက NLD ပါတီ မှတ်ပုံတင်သင့်/မတင်သင့်၊ ရွေးကောက်ပွဲဝင်သင့်/မ၀င်သင့် ဝေဖန်ဆွေးနွေးအငြင်းပွားလိုခြင်း မဟုတ်ဘဲ အခက်အခဲတွေကြားထဲမှာ ပြည်သူအကျိုးကိုရှေးရှုပြီး ရုန်းကန်ရပ်တည်နေရတဲ့ ခေါင်းဆောင်တွေကို နားလည်ပေးကြပြီး ၀ိုင်းဝန်းပံ့ပိုးနိုင်ကြမယ်ဆိုရင် တိုင်းပြည်နဲ့လူထုအတွက် ပိုပြီးအကျိုးများစရာသာ ဖြစ်နိုင်သည်ဟု ယူဆမိပါကြောင်း…..
မောင်ပါလ
၁၂.၁၁.၂၀၁၁
Was this answer helpful?
LikeDislikeလာမဲ့ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်ဆုက ရန်ကုန်မြို့နယ်တနယ်က နေပြီး ပါဝင်ယှဉ်ပြိုင်ဘို့အလားအလာ ရှိတယ်လို့ NLD ပါတီ ပြောရေဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က စနေနေ့ တွင်ပြော
Suu Kyi ‘likely’ to stand in Myanmar by-election
http://my.news.yahoo.com/suu-kyi-likely-stand-myanmar-election-075625243.html
Myanmar’s democracy icon Aung San Suu Kyi is likely to contest an upcoming by-election, a party spokesman said Saturday, paving the way for a political comeback after years of exclusion by army generals.
Her National League for Democracy (NLD), delisted last year for boycotting the first elections for 20 years, will consider on Friday whether to re-register as a political party, after Myanmar’s president recently approved changes to the registration laws.
“The NLD is likely to register and also Daw Suu is likely to participate at the coming by-election,” Nyan Win, a party spokesman told AFP. Daw is a term of respect.
It is not yet clear when a by-election will be held, but there are more than 40 seats available in parliament’s two chambers…….
Was this answer helpful?
LikeDislikeဘာပဲလုပ်လုပ် ကျုပ်တို့ရွာကတော့ ထောက်ခံတယ်ဗျို့…
တိုင်းပြည်ကောင်းစားရေးဘယ်အရေးမဆို ထောက်ခံလျှက်ပါ….
ဒါပေမယ့် တိုင်းပြည်ကို ထိပါးစော်ကားလာမှုမျိုးကိုတော့ လက်မခံပါခင်ဗျား..
Was this answer helpful?
LikeDislikeရွေးကောက်ပွဲပြီးတော့ ဂန္တီခန်းမ ကြေငြာစာတန်းထွက်တယ်၊အန်အယ်လ်ဒီ ကအရေးပါတဲ့၊ အမတ်တော် တော်များ များ နှင့် စီအီးစီ၊ စီစီ၊ တိုင်းတာဝန်ခံ လူကြီး၊ လူငယ် တော်တော် များ များ အဖမ်းခံ ရတယ်၊ လွှတ်တော်ရေးရာကော်မီတီလည်းအလဲလဲအကွဲကွဲ ပြည်ပရောက်သူ၊ ထောင်ထဲ ရောက်သူတွေရောစုံလို့၊ အကြီးအကျယ်ဖြိုခွဲခံရတာ၊ အဲသည်တုန်းက သူရို့သီတင်း စာထဲမှာ ကာတွန်း တစ်ပုဒ်ပါတယ်၊ (မောင်ခေါ်ရာလိုက်ခဲ့ပါကွယ်ဆိုပြီး)-
(ကျောက်ခေတ်လူသားထီးက ကျောက်ခေတ်လူသားမိန်းမကိုခေါ်တဲ့ပုံနဲ့၊ )အဲသည်တော့ အဖွဲ့ချုပ်က ကာတွန်းဆရာက အဖွဲ့ချုပ်ထုတ်စာစောင်မှာ ကာတွန်းပြန်ရေးတယ်၊(မောင်ခေါ်ရာမလိုက်နိုင်ဘူး ပေါ့)၊ သည်တော့ န၀တ သီတင်းစာမှာ နောက်ထပ်ကာတွန်းပြန်ရေးပြန်ရော၊ (မောင်ခေါ်ရာမလိုက်ရင် ရိုက်ခေါ် မယ်ဆိုပြီး၊) ကျောက်ခေတ်လူသားထီးက၊ ကျောက်ခေတ်လူသားမိန်းမကို ဆံပင်ကနေစုဆွဲပြီး ဒရွတ်တိုက် ခ်ါလာတဲ့ပုံနဲ့ သူလက်ထဲမှာလည်း ကျောက်ခေတ်ကတင်းပုတ်ကြီးကိုင်လို့ပေါ့ ။ ကဲ ခုချိန်ထိအောင်ကို အဲသည် ကာတွန်းပုံအတိုင်းကို၊ သူရို့က အဲလိုဆွဲခေါ်လာတာ၊ သည်မှာကျုပ်ဘာမြင်ရလည်းဆိုရင်၊သူရို့မှာ
သူရို့ Plam အတိုင်းအပျက်လုးံဝမခံပဲ၊ ခုထိသွားနေတာ၊ ရှင်းရှင်းပြောရရင် (1988)အရေးတော်ပုံဆိုတာ
လည်းအဲလောက်ထိကြီးထွားလာအောင် သူရို့ Issue လုပ်ခဲ့တာပါပဲ၊ (ဒါဦးဆောင်ခဲ့သူတွေ၊ပြည်သူတွေကို
အသိအမှတ်မပြုပဲပြောလိုချင်းမဟုတ်ဘူး၊) အဲသည်အရေးတော်ပုံကာလထွက်ခဲ့တဲ့ ဂျာနယ် အာပေါ်တွေ
မှာ၊သီတင်းတွေမှာ၊ ဘယ်လို စစ်ဆင်ရေးတွေနဲ့ ဘယ်လိုနာမည်ပေးပြီး၊ ဘယ်လိုလုပ်မယ် ဆိုတာအတိ အလင်းဖေါ်ပြခဲ့တာတွေရှိတယ်၊ စစ်အာဏာမသိမ်းခင်ကတည်းက၊ ဒေါက်တာမောင်မောင်ကြီး မျက်ရည်
လည်ရွှဲ နဲ့ ပြောခဲ့ပြီးသား ပါတီစုံရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတာ၊ အဲသည်မှာ မထင်ပဲ ၊သူရို့ မူလPlam
ထဲ မတွေးမိခဲ့တဲ့၊ လူထုကိုစွဲဆောင်နိုင်တဲ့၊သြဇာရှိတဲ့ ဒေါ်စု နဲ့ အန်အယ်လ်ဒီ ပါတီဆိုတာပေါ်လာတာပဲ၊
ဒါ လူထုအတွက်ကော်ကောင်ဖြစ်သလို၊ သူရို့အတွက် တော့ကြီးမား တဲ့အနှောက် အယှက်ဖြစ်ခဲ့တာ ၊ ဒါပေမည့်၊ သူရို့ Plam အတိုင်းဆက်လုပ်ခဲ့တယ်၊အဲသည်မှာ အန်အယ်လ်ဒီ လမ်းကြောင်းက Revolution မှမွေးဖွားလာတဲ့ ပါတီဖြစ်လေတော့၊ မတရားတဲ့အမိန့်အာဏာဟူသမျှ ဆန့်ကျင်ကြဆိုပြီး၊ လက်ခုတ် သံ တစ် ဖျောင်းဖျောင်းနဲ့ ရွှေရောင်တောက်ပတော့တာပဲ၊အဲသည်မှာ သူရို့ မျှော်မှန်းတဲ့ အစီစဉ်ကြီး ထဲမှာအဓိ
ကကျတဲ့ သူတို့နဲ့ညှိနှိုင်းလို့ရမည့်၊ တဆည ကဟက်တက်ကွဲပြီး၊ သူတို့နဲ့ လုံဝဆန့်ကျင်တဲ့ အန်အယ်လ်ဒီက
အပြတ်အသတ်နိုင်ခဲ့တာ၊ ဒီတော့ သူတို့ မူလအစီစဉ်ပျက်ပြီး နောက်ဆုံးမှာ၊ ကတိပေးလွန်သွားတဲ့၊ ဗိုလ် စောမောင်ကိုဖြုတ်ချ၊ဗိုလ်ရွှေတက်လာတာပါပဲ၊အဲဒါ အစိုးရအကြီးကဲ ပြောင်းတာမဟုတ်ပဲ၊ ဖြုတ်ချပြီး
တက်တာမို့၊ အရင်လူရဲ့ကတိ ကိုမတည်လည်းရတယ်ဆိုတဲ့သဘောဆောင်နိုင်အောင်လုပ်ခဲ့တာပဲ၊ အဲသည်နောက်၊အမျိုးသားညီလာခံခေါ်၊ သူတို့လိုချင်တဲ့အချက်တွေက၊ိုတက်ရောက်သူ ကိုယ်စား လှယ် အားနဲ့ထောက်ခံတဲ့ပုံစံရအောင်ကလဖန်ထိုးပြီး၊ အများဆန္ဒ အရဆိုပြီးဖြစ် အောင်ဖန်တီး ခဲ့တယ် ၊ သည် မှာလည်း၊ တစ်ဖက်သတ်ကျတဲ့ သူတို့လူအများစုပါဝင်ဆုံးဖြတ်တဲ့ရလဒ်ဆိုပြီး၊ အဖွဲ့ချုပ်ကိုယ်စား လှယ် တွေကန့်ကွက်ပြီးညီလာခံမှထွက်ခဲ့ပြန်ရော၊ အဲသည်အသုတ်မှာလည်းကိုယ်စား လှယ်တော်တော်များများ အဖမ်းခံရပြန်တယ်၊လူငယ်ခေါင်းဆောင်ပိုင်းတွေလည်းအပါအ၀င်ပေါ့၊အဲသည်မှာတင်- အဖွဲ့ချုပ်ရဲ့ အင် အားအားလုံးနီးပါး ကုန်သလောက်ဖြစ်ခဲ့ပါသည်။ အဲသည်နောက် ကြံ့ဖွတ်ကို တဆည နေရာမှာ အစားထိုး
ရန်ပီပီပြင်ပြင်မွေးခဲ့သည်၊ ကြံ့ဖွတ်အား၊တပ်တွင်းအား၊ငြိမ်းချမ်းရေးဝင်သူ တိုင်းရင်းသားအားတွေ သူရို့ အလိုကျရလာသောအခါတွင်၊သူရို့အလိုကျ မလိုက်ခဲ့သော အဖွဲ့ချုပ်ရလဒ်ကို ပယ်ရန် 2008 ဖွဲ့စည်းပုံကို
ရေးဆွဲ၊သူ့အမာခံ အဖွဲ့စည်းများ၏၊ အင်အားအမာခံပြုလျှက် ပြည်သူလူထု ထောက်ခံပါတယ်ဆိုသည်ကို
ငြင်းမရအောင်ဆောင်ရွက်ခဲ့ပြီ၊ ထိုအခြေခံဥပဒေအရ ရွေးကောက်ပွဲ လုပ်ခဲ့ပြီ၊ သည်မှာသူရို့လိုချင်သော
သူရို့ဘ၀လုံခြုံမှု နှင့် ချုပ်ကိုင်နိုင်မှုအခြေအနေဖြစ်ခဲ့ပြီ၊ကဲဘာပဲပြောပြော သူတို့ နဂိုကရှိပြီးသော အစီစဉ်
ကြီးထဲမှာ ကျုပ်တို့အားလုံး ဆံပင်ဆွဲ ၊တင်းပုတ်နဲ့ရိုက်ခေါ်ခံလာရပြီမဟုတ်ပါလား၊ မလိုက်ချင်လည်း
ရောက် ခဲ့ပြီးမဟုတ်ပါလား၊ သည်တော့ဘာကိုငြင်းနေကြအုန်းမှာလည်း။မောင်ခေါ်ရာလိုက်ပြီး မောင့်ကို
ကိုယ့်ဘက်ပါအောင်လုပ်ရုံမှတစ်ပါး၊ အခြားမရှိဟုထင်ပါသည်။ခုချိန်မှာတော့ တိုင်းပြည်စည်းလုံးရေးကပို
အရေးကြီးနေပါသည်။လွှတ်တော်အတွင်းတိုင်းပြည်အတွက် ဆွေးနွေးဆောင်ရွက်ရင်း၊အားလုံး၏၊ယုံကြည်
မှုကိုရရှိနိုင်ကာ၊အမျိုးသားရင်ကြားစိရေးဖြစ်လာပါလိပ်မည်ဟုယုံကြည်ပါသည်။
ဟိုးတုန်းကဖတ်ဖူးသောအကြောင်းအရာလေးကိုပြန်သတိယသည်။ ဂျပန်တွေဘုန်းမီးနေလတောက်ခဲ့ရာမှ
အနုမြူဗုံး စာမိပြီး၊စစ်ရှုံးရသောအခါ၊ သူရို့လူမျိုးတို့၏ ဂုဏ်သိက္ခာပြန်ဆည်ရိုးထုံတမ်းအစဉ်အလာအတိုင်း
ဆာမူရိုင်းခံယူချက်(ဘူရှီဒို စိတ်ဓါတ်)အရ၊ လူရှုံးသော်လည်း ခံယူချက်စိတ်ဓါတ်မရှုံးသည် ကိုသက်သေ ပြ သည့်အနေနှင့်၊ကိုယ့်ကိုယ်ကို ဓါးဖြင့်ထိုးကာသတ်လေ့ရှိကြသည်။ ဒုတိယကဗ္ဘာစစ် ၏စစ်ရှုံးကြောင်း လက် မှတ်ထိုးကာ၊လက်နှက်ချရန်သွားသည့်လမ်းတွင်၊ ဂျပန်ဧကရာဇ်၏၊ခြေတစ်လှမ်းလှမ်းတိုင်း၊သူ့ဘေးဘက် ၀ဲ၊ယာမှ ဂျပန်စစ်သားတွေတရုန်းရုန်းဘုံးဘုံးလဲကာ ကိုယ့်ကိုကိုယ် သတ်သေ နေကြပြီ၊ တစ်သုတ် ပြီး၊ တစ်သုတ်ပါတကား၊ သူ့မျိုးချစ်တပ်သားတွေကိုကြည့်ရင်း၊ဧကရာဇ်ခဗျာ တစ်ဆတ်ဆတ် တုန်နေ ရရှာ ပြီ၊သည်အတိုင်းဆို ငါ့တိုင်းပြည်မှာ ယောက်ကျားတွေကျန်မှာ၊တောင်မ ဟုတ်တော့ဘူးပဲ၊ တစ်ခဏ အ တွင်း နေမ၀င်အင် ပါယာကြီးမျိုးကန်း တော့မည်ကိုသူ တွေးမိ လိုက် သည်၊ ဧကရာဇ်ရှေ့ဆက် မလှမ်း ရဲတော့ပါ၊ သူအမြန်တစ်ခုခုတော့လုပ်ရမည်။ သူဆုံးဖြတ်ချက် ကပီပြင်သည်၊ အမျှော်အမြင်ကြီး မား သည်၊ဂရုဏာရှေ့ထားသည်၊ချက်ချင်းအမိန့်ထုတ်ပြီ။
တိုင်းပြည်နှင့်သူ့ကိုချစ်သောပြည်သူအားလုံး( လုံးဝ)ကိုယ့်ကိုယ်ကို သတ်မသေရ၊ တိုင်းပြည်ရှင် သန်ရေး အတွက်အားလုံးအသက်ရှင်ရမည်တဲ့။ သူ့ပြည်သူတွေ ၊ သူရို့ဘုရင့်အမိန့်ကိုအားလုံးမျက်ရည်လည်ရွှဲ
နာခံခဲ့ကြပြီ၊ ထိုစိတ်ဓါတ်ဖြင့်၊လုံးပါးပါးမည့်မာနခံ ယူချက်မှလွတ်မြောက်ခဲ့ကြပြီး၊ ခေတ်နှင့်။ပကတိအ ခြေအနေပေါ်သုံးသပ်တတ်သောခေါင်းဆောင်နောက်မှ သူရို့တိုင်းပြည်ပြန်လည်နိုးထခဲ့ပြီ။၊ပြာပုံဘ၀မှ ပြန်လည်ရှင်သန်ခဲ့ပါသည်။ အဖွဲ့ချုပ်ကြီးကိုလည်း မာန်မာန သိက္ခာတို့ ဖြင့် မည်သို့ ရှင်သန်သင့်သည် ကိုအကြံပြုခြင်းမျှသာ၊ အားလုံးကိုလေးစားလျှက်။
Was this answer helpful?
LikeDislikeကျေးဇူးအထူးအထူးတင်ပါတယ် ဘကြီးရေ။ ကျွန်တော်ငယ်တုန်းက အဖြစ်တွေကို မနည်းပြန်စဉ်းစားပြီး ရုပ်လုံးဖော်ရတယ်။ အခုလိုခြုံငုံပြီးပြောပြတာ ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော့်ရင်ထဲမှာ မရှင်းတာအချို့ရှိပေမယ့် နောက်ကြုံမှပဲ မေးပါတော့မယ်။ ဥပမာ မှတ်ပုံတင်၊ ရွေးကောက်ပွဲဝင်ပြီးမှ လွှတ်တော်ထဲဝင်လို့မရရင် အရှက်မကွဲဘူးလား။ အဲဒါမျိုးတွေ သိချင်တာပါ။ ဒီကြားထဲမှာ အာစီယံကိစ္စ၊ U.S နဲ့ကိစ္စတွေမှာ ဦးကြောင်ကြီးတင်ပေးတဲ့ပို့စ်ထဲကလို ဆင်ကြီးကျုံးသွင်းခံရရင်ကော။ ကျွန်တော် စာဖတ်အားနည်းလို့ သေချာ မမေးမြန်းနိုင်တာပါ။ ကျွန်တော် လုံးဝမအားလို့။
Was this answer helpful?
LikeDislike(၁) NLD လွှတ်တော်ထဲ ကိုဝင်ပြီး တိုင်းပြည် အရေး ဆောင်ရွက် ရန် တိုက်တွန်းပါသည်။
(၂) အသွင်ပြောင်း စစ်အစိုးရ ၏ မယုံ ကြည်ရမှုများကို ပြည်သူ အများ သိသလို NLD က ပိုသိပါလိမ့်မည်။
(၃) NLD အဖွဲဝင် အားလုံး၏ တိုင်းပြည် အပေါ်ချစ်စိတ် ကို အပြည့်အ၀ ယုံကြည်ပါသည်။ သို့သော် အုပ်ချုပ်ရေး အတွက် မျိုးချစ်စိတ် တစ်ခုတည်းဖြင့် လည်း မလုံလောက်ပါ။
(၄)ဒီမိုကရေစီ တိုက်ပွဲအတွက် ပြည်ပ တိုင်းပြည်များသို့ ရှောင်ကြရ တိမ်းကြရ သူတွေ အဆင်မပြေ ဖြစ်ကြရသည်များကို မြင်ရတိုင်း အတွေ့အကြုံ နုနယ် ကြသေး သည် အုပ်ချုပ် စီမံရေးတွေ လိုသေးသည် ဟု စိတ်မကောင်းစွာ တွေ့မြင် ခဲ့ရပါသည်။
(၅) ၁၉၉၀ ပြည့်ရွေးကောက် ပွဲသည် စစ်အစိုးရအား မနှစ်သက်ကြောင်း ဆန့်ကျင် ကြောင်း သိရှိစေရန် အလိုငှာ မည်သူမည်ဝါ မသိပဲ NLD ဘက်ကိုသာ မဲပေးခဲ့ကြ ခြင်း ဖြစ်ပါသည်။ ထိုအချိန်က NLD သည် တိုင်းပြည် အုပ်ချုပ်ရေး အတွက် လုံလောက် သော အစိုးရ ဖွဲရန် အင်အား မရှိသေးဟုပင် ထင်ပါသည်။
(၆) ယခု အချိန်တွင် လွှတ်တော် ထဲသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်သွားပါက ယခု ပြုလုပ်နေသည့် အလိုက်အထိုက် လွှတ်တော် လည်း ပုံစံ ပြောင်းသွားမည်ဟု ယုံကြည်ပါသည်။
(၇)လွှတ်တော် အတွင်းရှိ တတ်ကျွမ်း ပညာရှင် အချို့လည်း NLD သို့ ကူးပြောင်း လာမည် မှာ သေခြာပါသည်။ အသိပညာရှင် အတတ် ပညာရှင် အချို့ အကြောင်း အမျိုးမျိုးကြောင့် ကြံ့ဖွံ့ အသွင် ပြောင်း နေခဲရခြင်း များလည်း ရှိခဲ့ပါသည်။ အပြစ် ကြီးကြီး မရှိသူများကို လက်ခံ ရန် တိုက်တွန်း ပါသည်။
(၇)စာရေးသူ မိမိ အနေဖြင့် အတိတ် ထက် ပစ္စုပ်ပန်နှင့် အနာဂတ်ကို ပိုမို စိတ်ဝင်စားသူ ဖြစ်ကြောင်း ၀န်ခံပါသည်။
Was this answer helpful?
LikeDislike=
ကျွန်တော်… ဒေါက်တာခင်စိန်ပါ..
.ဆောင်းပါရှင်ကတော့ (ဝေမော်) Email Sender က kyi phyo (kyiwayphy0@yahoo.com) ဆိုတော့..အီးမေးဖြန့်သူက (ကိုထွန်းလှိုင် – အမေရိက) ဖြစ်နေပါတယ်။ ကိုထွန်းလှိုင်ဆိုသူက IFBNC အဖွဲ့မှာကျွန်တော်တို့နဲ့ အတူလုပ်နေတဲ့နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်ပါ။ အခုသူ့ဆောင်းပါး (ခြေစုံပစ်ထောက်ခံရမယ့်အချိန်)ခေါင်းစဉ်ပေါ်မှာ NLD ပါတီမှတ်ပုံတင်ရင်ဒေါ်အောင်ဆန်းစုကြည် နွားဖြစ်သွားမယ်လို့ဒေါက်တာခင်စိန်က ပြောပါတယ်ဆိုတဲ့ ထိပ်စည်းတပ်ပြီးသူ့ဆောင်းပါးကိုဖြန့်ပုံထောက်တော့ ..ကျွန်တော့်ကို နိုင်ငံရေးအရှိန်အ၀ါကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုင်ပေါက်ပြီး နိုင်ငံရေးထိုးနှက်တာပေါ့ဗျာ။ ရှင်းပါတယ်။ ကျွန်တော်ရေးသား တာကို ပထမတကြိမ်လဲ 8888peoplepower မှာရှင်းပြီးပါပြီ။ အခုတခါထပ်တက်လာလို့ ထပ်ရှင်းရဦးမယ်။ ကျွန်တော့်ရေးသားချက်မှာက ဒေါ်အောင်ဆန်းကြည်ကို ဘိုင်နိမ်းတပ်ပြီးပါတီမှတ်ပုံတင်ရင်နွားဖြစ်သွားမယ်ဆိုတဲ့ ရေးသားချက်မပါပါဘူး။ ကျွန်တော်က ဆောင်းပါးရှင်ကိုဇော်ဝင်းရဲ့ (ကျူံးသွင်းခံရတဲ့ဆင်ကြီးတကောင်) ဆောင်းပါးကိုကြိုက်လို့ အောက်မှာထပ်ဆင့် ကွန်မင့်အတိုလေးရေးခဲ့တာပါ။ အဲဒီကွန်မင့်ကလဲကျွန်တော်စတန့်ထွင်ရေးတဲ့ကွန်မင့်မဟုတ်ပါ။ လက်ရှိ NLD ခေါင်းဆောင် ဦးဝင်တင်တရားဝင်ပြောကြားခဲ့တဲ့စကား ( ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နအဖ တည်ဆောက်ထားတဲ့နွားတင်း ကုပ်ကြီးပဲ။ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေအောက် ၀င်တဲ့လူတိုင်းဟာနွားတင်းကုပ်ထဲ ၀င်တာနဲ့ အတူတူပဲ)လို့ ပြောခဲ့တာ အားလုံးအသိပါ။ အဲဒီ ဦးဝင်းတင်ရဲ့ စကားကို ကိုးကားပြီး ကျွန်တော့်ကွန်မင့်မှာ အဘဦးဝင်တင်စကားအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ဖြစ်၊ NLD ဖြစ်ဖြစ် ဒီ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို မယ်မယ်ရရ မပြင်ဆင်ပဲနဲ့ ရွေးကောက်ပွဲဝင်ပြီးအဲဒီအောက်မှာ ၀င်လုပ်မယ်ဆိုရင် အဘဦးဝင်းတင်စကားအရ နွားဖြစ်သွားနိုင်တယ်လို့ ရေးခဲ့တာပါ။ မှန်ပုံတင်တာမတင်တာနဲ့မဆိုင်ပါဘူး။ ဒါကြောင့် ဒီစကားရဲ့ပင်မပိုင်ရှင် (Primary Owner )ကဦးဝင်းတင်ပါ။ ကျွန်တော် ဒေါက်တာခင်စိန်က ( Secondary )အဲဒီပင်မပိုင်ရှင်ရဲ့ စကားအဓိပ္ပါယ်ကို ထပ်ဆင့်ရှင်းလင်းပြီးဝေဖန်သူသာဖြစ်ကြောင်းပြောချင်ပါတယ်။ ဒါပေမဲ့ ခုလိုနိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်အချင်းချင်း အစွန်းနဲနဲထွက်လာရင်လိုသလိုအစဆွဲထုတ်ပြီး ဒေါ်စုနဲ့ကိုင်ပေါက်လိုက်မယ်ဆိုတဲ့ စိတ်ဓာတ်ကတော့ ရင့်ကျက်တဲ့ရဲဘော်ရဲဘက်စိတ်ရှိရင်မလုပ်သင့်ဘူးလို့ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာကျွန်တော်တို့ရဲ့ခေါင်းဆောင်ပါ။ အရင်လဲခေါင်းဆောင်။ ခုလဲခေါင်းဆောင်ပါဘဲ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဘာပြောပြော ဘာလုပ်လုပ်ခေါင်းငြိမ့်ပါ။ ထောက်ခံရမယ်။ မဝေဖန်ရဘူးဆိုတဲ့အထဲ မှာတော့ ဒေါက်တာခင်စိန်မပါဘူး။ ဒီမိုကရေစီကိုသွားရင် ခေါင်းဆောင်လုပ်တာအကုန်လက်ခံရမယ်။ မဝေဖန်ရဘူး ဆိုတာဒီမိုကရေစီရဲ့အနှစ်သာရမဟုတ်ဘူး။အဲဒီအယူအဆအတွေးအခေါ်တွေဟာဒီမိုကရေစီနဲ့မဆီလျော်ပါဘူး။ ခေါင်းဆောင်လုပ်တာ အကုန်လက်ခံရမယ်။ မဝေဖန်ရဘူး။ ခိုင်းတာလုပ်။ခံမပြောနဲ့ဆိုတာတွေက စစ်တပ်တို့ အာဏာရှင်စံနစ်တို့နဲ့ပဲ ဆီလျော်ပါတယ်။ အခုလဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ခေါင်းဆောင်အဖြစ် ဦးဆောင်ပါတီအဖြစ်လက်ခံလျှက်ပါ။ထောက်ခံလျှက်ပါဘဲ။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုမပြင်ဆင်ပဲနဲ့ ဦးသိန်းစိန်အစိုးရနဲ့ ပူးပေါင်းမှာတော့ ကျွန်တော်လက်မခံပါဘူး။ ဒေါ်စုကိုလက်မခံတာမဟုတ်ဘူး။ သွားမဲ့လမ်းကိုကန့်ကွက်တာ။ လက်မခံတာကို ငြိမ်ငြိမ်လေးနေပြီးလက်မခံတဲ့ အစားထဲမှာလဲကျွန်တော်မပါဘူး။ ဒါပေမဲ့ကျွန်တော့ ကွန်မင့်ကအဘဦးဝင်းတင်ရဲ့ စကားကိုကိုးကားလိုက်တဲ့အတွက်စကားလုံးအရှိန်ပြင်းသွားတာတော့ ကျွန်တော်မတတ်နိုင်ဘူး။ ဒါဒုတိယနဲ့နောက်ဆုံးရှင်းလင်းချက်ပါ။ နောက်ထပ်ကျွန်တော့်ကွန်မင့်နှင့်ပတ်သက်ပြီးထပ်မံရှင်းလင်းခြင်းပြုလုပ်တော့မည်မဟုတ်ပါ။
အားလုံးကိုလေးစားလျှက်
ဒေါက်တာ ခင်စိန်
Was this answer helpful?
LikeDislikeကောင်းလိုက်တာဗျာ…ကျွန်တော်တို့မြန်မာတွေမှာ ကြိုက်မိပြီဆိုရင် ဘာလုပ်လုပ် ဝေလေလေ ကြတဲ့စရိုက်ကပါလာတာ တယ်ဆိုးဘဲ။ ဒေါက်တာခင်စိန်ပြောသလို ပြောတိုင်းခေါင်းညိမ့်ရမဲ့ ကိစ္စမျိုးဒေါ်စုကလဲ ကြိုက်မယ်မထင်ပါဘူး။ တကယ်တော့ ပြောသမျှခေါင်းညိမ့်တတ်တဲ့သူက ပိုကြောက်ဖို့ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျဉ်းထဲကြပ်ထဲရောက်ရင်အဲ့ဒီလိုလူမျိုးက အရင်ခြံလုန်တတ်လေ့ရှိတတ်တာမျိုးတွေ့ဘူးလို့ပါနော်…။
Was this answer helpful?
LikeDislikeအောက်ဆုံးက.. အီလဲဗန်းကသတင်းဖြစ်ပါတယ်..။
ဆိုတော့.. ဒီချုပ်က.. ၀င်-တင် ကို ကန့်ကွက်သူမရှိနဲ့ဆုံးဖြတ်လိုက်တယ်ပေါ့..။
မန္တလေးဂေဇက်ရဲ့ Poll ရလဒ်ကို ချုပ်လိုက်ပါမယ်..။
ဒီနေ့အထိ..
==
အထက်ကအတိုင်း ရထားတာမို့.. လူထုဆန္တွနဲ့.. ဒီချုပ်နဲ့ တထပ်ထဲကျတယ်လို့ ကောက်ချက်ချနိုင်ပါလိမ့်မယ်..။
ဒီအရှိန်အတိုင်းသွားပြီး.. ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေတဲ့ အမတ်နေရာအားလုံး ဒီချုပ်က အနိုင်ရပါစေကြောင်း.. ဆုမွန်ပေးလိုက်ပါကြောင်း..။
============
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဆုံးဖြတ် PDF Print
Friday, 18 November 2011 13:58
AddThis Social Bookmark Button
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဆုံးဖြတ်ခဲ့ကြောင်း နိုဝင်ဘာလ (၁၈)ရက်နေ့တွင် ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ကြေညာချက်အရ သိရသည်။
အဆိုပါဆုံးဖြတ်ချက်မကြေညာမီတွင် “ပွင့်ပွင့်လင်းလင်းပြောရရင် ကျမက မှတ်ပုံတင်ရေးဘက်က ရပ်တယ် ၊ ရွေးကောက်ပွဲကိုလည်း (၃) နေရာ စတိအစား လစ်လပ်နေရာအားလုံးကို ယှဉ်ပြိုင်စေချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေး၏ ဆုံးဖြတ်ချက် ၂ ရပ်မှာ
(၁) နိုင်ငံရေးပါတီဖြစ်မှတ်ပုံတင်မည်
(၂) ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည် ဟူ၍ ဖြစ်ပါသည်။
ယခုဆုံးဖြတ်ချက် ၂ ရပ်ကို ကန့်ကွက်သူမရှိ တစ်ညီတစ်ညွတ်တည်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Was this answer helpful?
LikeDislike(ယခုဆုံးဖြတ်ချက် ၂ ရပ်ကို ကန့်ကွက်သူမရှိ တစ်ညီတစ်ညွတ်တည်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။) ဆိုတော့ NLD ရဲ့ ညီညွတ်မှုကို ပြလိုက်တာမို့ အားရလိုက်တာ။

ဦးသန့် ဒုတိယအကြိမ် ကုလသမဂ္ဂမှာ အရွေးချယ်ခံရတုန်းကလည်း ကန့်ကွက်မဲ မရှိခဲ့ဘူးလို့ ကြားဖူးတယ်။
ယုံကြည်မှုအပြင် အားကိုးမှုတွေပါ ပါနေတယ်။
Was this answer helpful?
LikeDislikehttp://www.irrawaddyblog.com/2011/11/blog-post_7569.html
==
အဲဒီစစ်တမ်းအောက်မှာ ကောမန့်လေးတွေးပြီး အခုလိုရေးထားတယ်..။
ထူးဆန်းတာက.. ၇၈ % ဆိုတာပါ..။
မန္တလေးဂေဇက်နဲ့.. ရလဒ်အတိအကျကြီး.. လာတူနေပါတယ်လို့…။
Was this answer helpful?
LikeDislike