ဒေါက်တာရင်ရင်နွယ်နှင့်တွေ့ဆုံခြင်း
|1989- Hits|
၁၉၉၁ခုနှစ်မှ၂၀၁၁ခုနှစ်အထိ ယူနီဆက်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ဖေဖေါ်ဝါရီလ၌ ကမ္ဘာ့ကုလသမဂ္ဂ၏ အမြင့်ဆုံးရာထူးများထဲမှ တခုအပါအ၀င် ဖြစ်သည့် ယူနီဆက်၏ တရုတ်နိုင်ငံဌာနေကိုယ်စားလှယ်အဖြစ်မှ အငြိမ်းစားယူခဲ့ သော ဒေါက်တာရင်ရင်နွယ်သည် အမေရိကနိုင်ငံ တောင်ပိုင်းကယ်လီဖိုးနီးယားသို့ ခေတ္တအလည်အပတ်ရောက်ရှိလာစဉ်ကိုဖီးလစ်ထွန်း(အရီဇိုးနား)၏ မိတ်ဆက်စီစဉ် ပေးမှုဖြင့် ၂၀၁၁ခုနှစ် မေလ၁၆ရက်နေ့၌ ရတနာပုံနေပြည်တော်သတင်းစာမှ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
ဒေါက်တာရင်ရင်နွယ်ရဲ့ကိုယ်ရေးရာဇ၀င်အကျဉ်း…
ဇာတိကရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့။ စစ်ပြီးခေတ်မှာမွေးပါတယ်။ အဖေ က ကျိုင်းတုံစော်ဘွားကြီးရဲ့သား စ၀်ဆိုင်မိုင်းမင်းရဲ (Sao Saimong Mangrai)အမေက ဒေါ်မီမီခိုင်(ကမ္ဘောဇကျောင်းအုပ်) မွန်လူမျိုးဆိုတော့ ရှမ်းနဲ့မွန်ကပြားလို့ပြောရမှာပေါ့။ ညီမ ဒေါ်သီသီတာ(ရန်ကုန်)၊ မောင်လေး စ၀်ခိုင်မိုင်း(Sao Khai Mong)USA မောင်နှမ၃ယောက်ပါ။
ငယ်စဉ်ကလေးကျောင်းသားဘ၀မှာ အမေတည်ထောင်ထားတဲ့ ကမ္ဘောဇကောလိပ် လို့ခေါ်တဲ့ကျောင်းမှာ ၁၀တန်းအထိတက်ခဲ့တယ်။ ၁၀တန်းစာမေးပွဲကြီး ဖြေခါနီးမှာ အမေ့ရဲ့ကျောင်း ပြည်သူပိုင်သိမ်းခံရတဲ့အတွက် ကမ္ဘောဇကျောင်းကနေ ၁၀တန်း မအောင်ဘဲ ဂန္ဒီကျောင်းကနေ ၁၀တန်းအောင်ခဲ့တယ်။ ပြည်သူပိုင်သိမ်းခံရတဲ့ ကျောင်းတွေထဲမှာ အမေ့ရဲ့ကမ္ဘောဇကျောင်းက ပထမဦးဆုံးပြည်သူပိုင်အသိမ်းခံ ရတဲ့ကျောင်းပါ။
နောက် ၁၉၆၄ အသက်၁၅နှစ်မှာ ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ် တက်ခဲ့ပြီး ဘူမိဗေဒ အဓိကနဲ့၁၉၆၈ခုနှစ်မှာ ဘွဲ့ယူခဲ့တယ်။ နှစ်စဉ်ဘာသာစုံဂုဏ်ထူးနဲ့ အောင်ခဲ့တယ်။ တက္ကသိုလ်နောက်ဆုံးနှစ် ၁၉၆၈ခုနှစ်မှာ အင်္ဂလန်က FGA ကျောက်မျက်ဆိုင်ရာ ဒီပလိုမာကိုရခဲ့တယ်။ ၁၉၆၉ ဇန်န၀ါရီလ ဘွဲ့ရချိန်မှာ အသက်၁၉နှစ်။ ဘွဲ့ရပြီးတာနဲ့ အလုပ်တန်းဝင်တော့အသက်က၁၉-၂၀ဘဲရှိသေးတယ်။ တက္ကသိုလ်မှာ သရုပ်ပြဆရာမအနေနဲ့ အလုပ်စလုပ်တယ်။ အသက်၂၁နှစ်မှာ နိုင်ငံခြားပညာတော်သင်အနေနဲ့ အင်္ဂလန်မှာရှိတဲ့ ကင်းဘရစ်တက္ကသိုလ်မှာ ပညာ သင်ခွင့်ရတယ်။ ကင်းဘရစ်တက္ကသိုလ်ကနေ အသက်၂၅နှစ်၊ ၁၉၇၄နှစ်ကုန်မှာPh.D စာတမ်းတင်နိုင်ခဲ့တယ်။ ၁၉၇၅ခုနှစ်မှာMineralogy နဲ့ Ph.D ပါရဂူဘွဲ့ မရခင်မှာ အပိုလိုအာကာသယာဉ်က ယူလာတဲ့ လကမ္ဘာကကျောက်တွေကို စစ်ဆေး တဲ့အလုပ်ကို ၆လလောက်လုပ်ခဲ့တယ်။ မြန်မာပြည်က လွှတ်တဲ့ ပြည်ပပညာတော်သင်တွေထဲမှာ အသက်အငယ်ဆုံးနဲ့ Ph.D ဘွဲ့ကိုရခဲ့တာပါ။ Ph.D ဘွဲ့ရပြီးမြန်မာပြည်ပြန်လာပြီးရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံ တက္ကသိုလ်ဘူမိဗေဒဌာနမှာ တိုင်းပြည်အတွက်အလုပ်ပြန်လုပ်ခဲ့တာ ကထိကဖြစ် တဲ့အထိ၁၉၈၈စက်တင်ဘာလအထိ၁၉နှစ်ကြာအလုပ်လုပ်ခဲ့တယ်။
၁၉၈၈ စက်တင်ဘာလ၁၇ရက်နေ့မှာ မြန်မာနိုင်ငံကထွက်ပြီး ဂျာမနီနိုင်ငံMunich Technical University မှာသုတေသနအလုပ်လုပ်ခဲ့တယ်။ ၁၉၉၁ခုနှစ်မှာ ယူနီဆက်မှာ အောက်ခြေကစပြီး အလုပ်လုပ်ပါတယ်။ ပတ်ဝန်းကျင် ဆိုင်ရာ ပရိုဂျက်အရာရှိလုပ်ခဲ့တယ်။ နိုင်ငံ၅၀ကျော်မှာ နေထိုင်အလုပ်လုပ်ခဲ့တယ်။ ၁၉၉၄ကနေ၁၉၉၉ခုနှစ်အထိ အနောက်အာဖရိကတိုက်မှာယူနီဆက်ရဲ့ဒေသဆိုင်ရာ အကြံပေးအရာရှိအနေနဲ့လုပ်ခဲ့တယ်။ ၁၉၉၉ကနေ၂၀၀၁အထိ အရှေ့အလယ်ပိုင်း နိုင်ငံ၂၀မှာဒေသဆိုင်ရာစီမံကိန်းအရာရှိ၊ ၂၀၀၁ကနေ၂၀၀၅အထိအင်ဒိုနီးရှားနိုင်ငံ မှာ၊ ၂၀၀၅ခုနှစ်မှာ ယူနီဆက်ရဲ့ ဆူနားမိဆိုင်ရာအကြီးအကဲနဲ့ ၂၀၀၆ခုနှစ်ဒီဇင်ဘာလ ၁ရက်နေ့ကနေ အငြိမ်းစားယူတဲ့ ၂၀၁၁ဖေဖေါ်ဝါရီလအထိ တရုတ်ပြည်ဆိုင်ရာဌာနေ ကိုယ်စားလှယ် ဖြစ်ခဲ့တယ်။
တက္ကသိုလ်မှာအလုပ်လုပ်ခဲ့တဲ့အကြောင်း…
ဘွဲ့ရပြီးတာနဲ့သရုပ်ပြဆရာမအနေနဲ့ ကထိက ရာထူးအထိနဲ့ ဘူမိဗေဒပညာရှင် အနေနဲ့ နှစ်ပေါင်း၂၀နီးပါး အလုပ်လုပ်ခဲ့တယ်။ နောက်ပြီး တက္ကသိုလ်က တပည့် ကျောင်းသားတွေနဲ့ ရင်းရင်းနှီနှီး မြန်မာပြည်အနှံ့ကွင်းဆင်း၊ အတူတူ ပင်ပန်းဆင်း ရဲခံပြီးစာတမ်းတွေရေးခဲ့ဘူးတယ်။ ဒီလိုတပည့်ကျောင်းသားတွေနဲ့ရင်းနှီးမှုအတိုင်း အတာတွေ၊ အတွေ့အကြုံတွေက ဘာနဲ့မှအစားထိုးလို့ မရနိုင်ဘူး။ ဒါကြောင့်ကမ္ဘာ အနှံ့ ဘယ်နိုင်ငံသွားသွား နိုင်ငံတော်တော်များများမှာ တပည့်တွေရှိလို့လာပြီးနှုတ်ဆက်ကြပါတယ်။ မြန်မာပြည်မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရတဲ့အချိန်တွေ၊ ကွင်းဆင်းကျောင်း သားတွေနဲ့ နိုင်ငံအနှံ့ ပင်ပန်းဆင်းရဲခံပြီး လက်တွေ့ကွင်းဆင်းသင်ခဲ့၊ လေ့လာခဲ့ရတာ တွေကို နောင်တ မရပါဘူး။ မမသူငယ်ချင်းတွေကပြောကြတယ်၊ စောစောစီးစီး နိုင်ငံခြားထွက် အလုပ်လုပ်ရင် စောစောစီးစီးချမ်းသာတာပေါ့တဲ့။ မမကတော့ ဒီလိုမမြင်ဘူး၊ မြန်မာပြည်မှာ ဘူမိဗေဒပညာရှင်တဦးအနေနဲ့လုပ်ခဲ့ဘူးလို့ အောက် ခြေလူတန်းစားအကြောင်း နားလည်ခဲ့တယ်၊ ဆင်းရဲသားတွေအကြောင်းလဲ ပိုနား လည်ခဲ့တယ်၊ဆင်းရဲခြင်းအကြောင်းကိုပိုသိခဲ့တယ်။
နိုင်ငံခြားထွက်ခဲ့တဲ့အကြောင်း…
မမ နိုင်ငံခြားကိုထွက်ချင်ရင် အစောကြီးထဲက ပညာတော်သင် ပြီးကတည်းက လို့ ပြောရင်ပိုမှန်မယ်ထင်တယ်၊ ထွက်လို့ရပါတယ်။ ဒါပေမယ့် ဘူမိဗေဒဌာနက ဆရာကြီးတွေ ဆရာမကြီးတွေ နဲ့ မိဘတွေက ကိုယ့်ကိုယုံကြည်လို့ နိုင်ငံခြားလွှတ် ပြီးပညာသင်စေခဲ့တယ်၊ အားလုံးကပြန်လာမယ်လို့မျှော်လင့်ကြတယ်၊ ဒီလိုယုံကြည် မှုကိုတော့အလွဲသုံးစားမလုပ်ချင်ဘူး၊ ဒါကြောင့်သစ္စာရှိရှိနဲ့မြန်မာပြည်ကိုပြန်လာတယ်၊ကိုယ်နဲ့အတူပညာသင်သွားကြတဲ့ တချို့အကိုကြီးတွေ၊ တချို့အမကြီးတွေဆို လျော်ကြေးပေးလိုက်တယ်။ ပြန်မလာကြတော့ဘူး။ စိတ်ဆုံးဖြတ်ပြီး နိုင်ငံခြားကိုထွက်ဖြစ်တာက ၁၉၈၈စက်တင်ဘာ၁၇ရက်မှာ ထွက် လာခဲ့တယ်။
ထွက်ရတဲ့အဓိကအကြောင်းအရင်းကလဲ သားလေးကြောင့်ဘဲ။ အိမ် ထောင်ကွဲပြီးတော့ သားကိုမမကပဲစောင့်ရှောက်လာရတော့ သူ့ကို ပညာရေး ကောင်း ကောင်းပေးရမယ်လို့ ခံယူထားတယ်။ သားလေးကလဲ အင်မတန်ကို စာတော်တဲ့ ကလေး။ ဒါကြောင့် သူ့အတွက် အကောင်းဆုံးဖြစ်အောင်၊ သူ တိုးတက်ဖွံ့ဖြိုးရေး အတွက် မမကြိုးစားမယ်လို့ ခံယူပြီး ဒီစိတ်နဲ့ဘဲ အကိုတယောက်ဆီမှာ ဒေါ်လာ တစ် ထောင်ချေးပြီး ထွက်လာခဲ့တယ်။ ဘယ်နိုင်ငံ၊ ဘယ်ဒေသ၊ ဘာအလုပ်ရမယ်ဆိုတဲ့ အာမခံချက်တခုမှမရှိဘဲထွက်လာခဲ့တာ။ ခုအသက်အရွယ်မှာပြန်စဉ်းစားတွေး ကြည့်တော့ကြောက်မိပါတယ်။ ၁၉၈၈နှစ်မှာ ဂျာမဏီနိုင်ငံဘွန်းမြို့Alexander von Humboldt ဖေါင် ဒေးရှင်းက Ph.Dဘွဲ့ရှိတဲ့ပညာရှင်တွေကိုခန့်မယ့်Post တခု ကမမကို ခေါ်ထား တာရှိတယ်။ ဖေါင်ဒေးရှင်းက Post အတွက် မမကိုလက်ခံလိမ့်မယ်ဆိုတဲ့ မျှော်လင့် ချက်နဲ့ဂျာမနီနိုင်ငံကိုထွက်သာထွက်လာခဲ့ရတယ်၊ ဘာမှမသေချာဘူး။ ဂျာမနီနိုင်ငံကိုရောက်တော့ ခေါ်ထားတဲ့ Post မှာအလုပ်ရဖို့ အမေရိက၊ဂျပန်၊ အင်္ဂလိပ်သိပ္ပံရှင်တွေနဲ့ (ယှဉ်)ပြိုင်ပြီးမှ အလုပ်ရခဲ့တယ်။ မြန်မာနိုင်ငံရဲ့အခြေအနေ အ ကြောင်းကြောင်းကြောင့် လာတာ နောက်ကျပေမယ့် အလုပ်ရခဲ့တယ်။ မမကို အလုပ် ပေးတာက အသက်၄၀အောက် ထူးချွန်တဲ့ သိပ္ပံပညာရှင်ဖြစ်လို့၊ နောက်ပြီး မြန်မာ ပြည်မှာလုပ်ခဲ့တဲ့သုတေသနလုပ်ငန်းတွေကိုကြည့်ပြီးတော့ပေးတာလို့သိရတယ်။
မြန်မာနိုင်ငံမတ္တရာ၊မိုးကုတ်ဒေသမှာ အနေအစားဆင်းရဲ၊ခေတ်မှီပစ္စည်းကရိ ယာမစုံလင်ဘဲ ကွင်းဆင်းလေ့လာပြီး သုတေသနစာတမ်းကောင်းကောင်းတွေ ထွက် လာနိုင်လို့ရွေးတာဖြစ်တယ်လို့ဆိုပြီး မမကိုကြိုက်တဲ့မြို့ရွေးဆိုပြီး အလုပ်ခန့်လိုက် တော့တာပဲ။ ဒီလိုနဲ့မမလဲ ဂျာမနီနိုင်ငံMunich Technical University တက္ကသိုလ်မှာ ၁နှစ်ခွဲကျော် သုတေသနအလုပ်တွေ လုပ်ခဲ့ပါတယ်။ အလုပ်မှာ မမကမြန်မာပြည် ကလာတာဆိုတော့ ကွန်ပျူတာပညာမှာ သူများတွေထက် ခေတ်နောက်ကျနေပေ မယ့်လဲ ကြိုးစားပြီး လေ့လာလိုက်တော့ စာတမ်းတွေထွက်ခဲ့ပါတယ်။ အလုပ်လုပ်နေရင်းပဲ ကိုယ့်တက္ကသိုလ်ဟောင်းဖြစ်တဲ့ ကင်းဘရစ်ကို ပြန်သွားလေ့ လာကြည့်တယ်။ ဂျာမနီမှာက ဘာသာစကားက နဲနဲခက်တယ်။ ပြီးတော့ သား ပညာ ရေးကိုလည်း အင်္ဂလန်မှာ ထားချင်တယ်ဆိုတော့ ကင်းဘရစ်တက္ကသိုလ်ကို သွား ကြည့်ခဲ့တယ်။
အဲဒီမှာဘာကိုမြင်လိုက်သလဲဆိုတော့ မမ ငယ်ငယ်ကသူငယ်ချင်းတွေကပရော် ဖက်ဆာကြီးတွေ၊ဆရာကြီးတွေဖြစ်နေကြပြီ။ ဒီလိုဖြစ်နေကြပေမယ့်လည်း သူတို့ရဲ့ ဘ၀ဟာ တကယ့်အောက်ခြေမဆန်ဘူး။ အောက်ခြေမဆန်ဘူးဆိုတာကလူတွေနဲ့ ထိတွေ့မှုနည်းတာကိုပြောတာနော်။ သူတို့ကသုတေသနခန်းထဲ၊ဓါတ်ခွဲခန်းထဲ မှာ၊ စာကြည့်တိုက်ကြီးတွေထဲမှာဘဲ ကျင်လည်နေကြရတယ်။ ဆရာကြီးတွေက ပြောတယ်၊ ဒီမှာအလုပ်လုပ်ချင်ရင်ဆက်လုပ်။ အချိန်တန်ရင်ပါမောက္ခတော့ဖြစ် လာမှာဘဲလို့ပြောတယ်။ ဒီမှာမမ စဉ်းစားတယ်။ ငါ ဒီလို စာကြည့်တိုက်ကြီးထဲ၊ သုတေသနအခန်းထဲမှာ နေနိုင်မလားပေါ့။ မမ က မြန်မာပြည်က ထွက်လာတာလဲ မကြာသေးဘူး။ မြန်မာပြည် ရဲ့ တချို့နေရာတွေမှာ အစာရည်စာချို့တဲ့နေတာတွေ၊ တိုင်းပြည်ဆင်းရဲနေတာတွေ ကိုလည်းမျက်မြင်ကိုယ်တွေ့မြင်လာခဲ့ရသူဆိုတော့ ဘယ်လိုခံစားမိလိုက်သလဲဆို တော့ ငါ တက္ကသိုလ်မှာ မလုပ်ချင်ဘူး၊ လူတွေနဲ့ ထိတွေ့တဲ့အလုပ်၊ အထူးသဖြင့် ဆင်းရဲတဲ့နိုင်ငံတွေမှာ လူတွေကို ကူညီတဲ့ အလုပ်ဘဲ လုပ်ချင်တယ်ဆိုတဲ့ စိတ်ဆန္ဒက ထင်းထင်းကြီးပေါ်လာတယ်၊ မမရဲ့နိုင်ငံကူးလက်မှတ် အခက်အခဲလဲ ဖြစ်နေတော့ ကုလသမဂ္ဂအလုပ်ကိုကြိုးစားမယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်တယ်။
ကုလသမဂ္ဂ အလုပ်ဝင်ခဲ့ရပုံတွေအကြောင်း…
၁၉၉၀ဂျာမနီကထွက်လာပြီးအမေရိကကိုရောက်လာခဲ့တယ်။ ကုလသမဂ္ဂမှာ အလုပ်ဝင်တော့လဲ Ph.D မို့သူတို့ကတန်းခန့်လိုက်တာ မဟုတ်ပါဘူး။ အောက်ခြေ ကနေ စ၀င်လုပ်ပြီး ပင်စင်ယူတဲ့အချိန်မှာ ကုလသမဂ္ဂရဲ့ အဆင့်အမြင့်ဆုံးရာထူး ထဲကတခုဖြစ်တဲ့ တရုတ်ပြည်ရဲ့ဌာနေကိုယ်စားလှယ် ရာထူးတာဝန်ထမ်းဆောင်ခဲ့ပြီးမှပင်စင်ယူခဲ့ပါတယ်။ အလုပ်စ၀င်တော့လဲ ၃လ ယာယီအလုပ်ပေါ်လို့ ၀င်လျှောက်လိုက်ပြီး ကုလသမဂ္ဂမှာ ၀င်သွားတာပါ။ Database ရေးဖို့ လူလိုလို့ခေါ်တော့ မမက ဒီလောက်ကတော့ အပျော့ပေါ့ဆိုပြီးဝင်လျှောက်လိုက်တာ။ မမက မြန်မာပြည်မှာ နောက်ဆုံးပေါ်ကွန်ပျူတာပညာကို မလေ့လာခဲ့ရပေမယ့် ဂျာမနီရောက်တော့ သူများထက် အများကြီးကြိုးစားလေ့လာခဲ့တဲ့အတွက် စာတမ်း တွေအတွက် ကွန်ပျူတာတွေကို ကောင်းကောင်းသုံးတတ်နေပြီ။ Database အလုပ်ရတာကတော့ မမရဲ့ဆရာကြီး ဒေါက်တာညီညီရဲ့ ကျေးဇူးနဲ့ စောင့်ရှောက် မှုကြောင့်ပဲ။ ဒီ Detabase အလုပ်လုပ်နေတုန်းယူနီဆက်ကနံပါတ်၂လူကြီးဖြစ်တဲ့ ဒေါက် တာရစ်ချတ်ဂျော်လီက မမကို ကင်းဘရစ်တက္ကသိုလ်ကPh.D ဆိုတာလဲသိရော မမ လုပ်နေရတဲ့အလုပ်နဲ့ အရည်အချင်းနဲ့က မတန်ဘူးဆိုပြီး စမ်းသပ်တဲ့အနေနဲ့ စာ တမ်းတခုရေးခိုင်းတယ်။
အဲဒါကလဲ ရှင်းရှင်းပြောရရင်UN အေဂျင်စီတွေကို Coordination လုပ်တဲ့အကြောင်း စာတမ်းဖြစ်နေတယ်။ မမကြိုးစားပြီး သုတေသနတွေလုပ်၊ တွေ့ဆုံ မေးမြန်းတာတွေလုပ်၊ အချက်အလက်တွေစုပြီး ရေးလိုက်တာ စာတမ်းတစောင် ထွက် သွားရော။ မမ တင်လိုက်တဲ့စာတမ်းကို လူကြီးတွေ ဘယ်လောက် သဘောကျ သလဲဆိုရင် တကမ္ဘာလုံးမှာရှိတဲ့ UNရုံးတွေကိုUN ရဲ့စာအနေနဲ့ ဖြန့်တယ်။ မမ နာမည် ကိုတော့ မတပ်ဘူး။ အဲဒါကပိုပြီးသိက္ခာရှိတယ်။ အဲဒီမှာ နာမည်ရသွားပြီး UN မှာ အလုပ်ရသွားတယ်။ ကိုယ့်ရဲ့ဘွဲ့ကဘူမိဗေဒဆိုတော့ ဘူမိဗေဒနဲ့ ပတ်သက်တဲ့အလုပ် ကိုရလိုက်တယ်။ဒါပေမယ့်လည်းနိမ့်တဲ့ရာထူးကနေစတာပေါ့လေ။
UN မှာလုပ်ခဲ့ရတုန်းကကြုံတွေ့ရတဲ့အတွေ့အကြုံအကြောင်း…
UN မှာပထမဆုံးစလုပ်ရတဲ့အလုပ်ကနEnvironment ပေါ့။ နယူးယောက်မှာလုပ် ရတယ်။ ဒါပေမယ့် ဂျီနီဗာနဲ့ Rio deJaneiro မြို့တွေကို သွားအလုပ်လုပ်ခဲ့ရတယ်။ အဲဒီမှာ ကလေးလူငယ်တွေနဲ့ပတ်သက်တဲ့နJhEnvironment Policy
တွေကို မမ ရေးခဲ့တယ်။ ယူနီဆက်မှာ အောင်မြင်မှုတွေရခဲ့လို့ ရာထူးတိုးခဲ့တယ်။ စစ်ဖြစ်နေတဲ့ နိုင်ငံ ဘော့စတီးနီးယား၊ ယူဂိုစလားဗီးယား၊ ပါကစ္စတန်၊ တာဂျစ်ကစ္စတန်နိုင်ငံမှာ လဲလုပ်ခဲ့တယ်။
တချို့နိုင်ငံတွေမှာဆိုရင် စစ်အတွင်း တာဝန်ထမ်းဆောင်ရတာ ဖြစ်တဲ့အတွက် UN ကားပေါ်မှာ မမနဲ့ကားဒရိုင်ဘာ၂ယောက်ထဲ သွားအလုပ်လုပ်ခဲ့ရတယ်။ ဒီလို လုပ်နေရင်းနဲ့ ကိုယ့်ကို ရာထူးနေရာတွေ ပေးလာတယ်။ ဆားဗီးယားမှာ လက်ထောက် ဌာနေကိုယ်စားလှယ်ရာထူး၊ ဒါမှမဟုတ် ဒီစစ်ဖြစ်နေတဲ့နိုင်ငံတွေမှာ လုပ်မလား ဆိုပြီးဖြစ်လာတယ်။ ဒီတော့ မမ စဉ်းစားတာက စစ်ဖြစ်နေတဲ့နေရာတွေမှာ မမ က ကလေးကို ခေါ် ထားလို့လဲမရဘူး။ ဒီစစ်ဖြစ်တဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်ရင် သားလေးကို ဘော်ဒါကျောင်းပို့ရတော့မယ်။ မမမှာလဲ ဒီသားနဲ့အမေနှစ်ယောက်ထဲရှိတာ၊ ကိုယ့် မှာ ခက်ခက်ခဲခဲဒီသားကိုပြုစုလာတာ။ ကိုယ့်သားနဲ့လဲဝေးသွားမယ်။ မြန်မာစကား လဲတတ်တော့မှာမဟုတ်ဘူး။ ဒီရာထူးကို ကိုယ်ယူလိုက်ရင် ကျိန်းသေ ရာထူးတိုး မြန် မှာမှန်ပေမယ့် မမ မယူခဲ့ဘူး။ ဒါနဲ့ မမလဲစဉ်းစားတယ်။ ကိုယ့်သားနဲ့ လဲပြီး ရာထူးယူမလား၊ သားနဲ့အတူနေမလား ပေါ့။ နောက်ဆုံး ရာထူးမတိုးလဲနေ သားကိုတော့ မခွဲနိုင်ဘူး ဆိုပြီး အာဖရိကကို ရွေးခဲ့တယ်။
၁၉၉၄ကနေ ၁၉၉၉ခုနှစ် ၆နှစ်နီးပါးကို ၂၃နိုင်ငံအတွက် အလုပ်လုပ်ခဲ့ တယ်။ ၁၅နိုင်ငံက ပြင်သစ်ဘာသာစကား၊ ၅နိုင်ငံက အင်္ဂလိပ်စကား၊ ၂နိုင်ငံက ပေါ် တူကီစကား၊ ၁နိုင်ငံကစပိန်စကားတွေပြောကြတယ်ဆိုတော့ မမက ပြင်သစ်စကား ကို သေချာပြောနိုင်အောင်ပဲသင်ခဲ့တယ်၊ ပြင်သစ်စကားနဲ့ အင်္ဂလိပ်စကားတတ်ရင် နိုင်ငံတော်တော်များများကိုအုပ်ချုပ်နိုင်ပြီ။ နိုင်ငံ၂၀အတွက် အဆင်ပြေလို့ မမက ပြင်သစ်စကားသင်ခဲ့တယ်။ ပုံမှန်ဆိုရင် နိုင်ငံတနိုင်ငံမှာ ၃နှစ်လုပ်ပြီးရင် နောက်တခြားနိုင်ငံကို ပြောင်းလို့ ရတယ်။ မမက ဘာလို့ အာဖရိကမှာ ၅နှစ်ကျော်၆နှစ်ထိကြာနေသလဲဆိုတော့ ကိုယ့်သားလေးက အဲဒီမှာ အထက်တန်းကျောင်းကို တက်နေပြီဆိုတော့ သူ အထက် တန်းအောင်ပြီးတဲ့အထိနေမယ်ဆိုပြီး မမက မပြောင်းချင်ကြောင်း တောင်းဆို လိုက်တယ်။ သားလေးလဲ Abidjan (Cote d’Ivoire) Ivory Coast ကနေ အထက်တန်းအောင်ခဲ့တယ်။
အဲလို ဆင်းရဲတဲ့နိုင်ငံတွေမှာ လုပ်ခဲ့ရလို့ လူတွေရဲ့ တကယ့်ဆင်းရဲမွဲတေမှုတွေ၊ တိုး တက်ဖွံ့ဖြိုးဖို့ လိုအပ်တာတွေ၊ ရောဂါမျိုးစုံတွေကို တွေ့ခဲ့ရတယ်။ ဒီလို ဆင်းရဲ သားတွေ၊ ရောဂါတွေကို ကိုယ်တိုင်ကြုံတွေ့မြင်ခဲ့ရတဲ့အတွက် နောက်ပိုင်းမှာ ကိုယ် ကဆရာဝန်မဟုတ်သော်လည်းဘဲဆရာဝန်တွေကိုပါအုပ်ချုပ်လာနိုင်ခဲ့တယ်။ ဒီလိုဆင်းရဲပြီး ရောဂါထူပြောတဲ့ တိုင်းပြည်တွေမှာ လုပ်ခဲ့ရတယ်။ ကိုယ်ရောက်တဲ့ နိုင်ငံ၊ တိုင်းပြည်တိုင်း၊ ရွာတိုင်းမှာ လူနာတွေကြားထဲ၊ ဆင်းရဲသားတွေကြားထဲ မှာ သူတို့နဲ့တန်းတူ နေထိုင်ခဲ့တယ်။ သူတို့ကြားထဲမှာ ၀င်ဆန့်ရတယ်။ အောက်ခြေ ဆန်စွာနေထိုင်နိုင်တယ်လို့ပြောရမှာပေါ့။
၁၉၉၈မှာ သားက တက္ကသိုလ်တက်ပြီဆိုတော့ မမလဲ ၁၉၉၉မှာ အရှေ့အလယ်ပိုင်း ကို ပြောင်းတယ်။ အဲဒီမှာ နိုင်ငံပေါင်း၂၀အတွက် အလုပ်လုပ်ခဲ့တယ်။ အနောက်ဖက်အစွန်ဆုံးနိုင်ငံကမော်ရိုကို၊ အရှေ့ဘက်အစွန်းဆုံးကနိုင်ငံအီရန်အထိဘဲ။ ဆာဒန်ဟူ စိန်ခေတ်မှာလုပ်ခဲ့ရတယ်။ ဒီနိုင်ငံတွေက အာရပ်စကားဘဲပြောတယ်။ အာရပ်ဘာ သာကခက်လွန်းတော့ မမ မသင်ခဲ့ဘူး။၂နှစ်ခွဲနေခဲ့တယ်။ အယ်ဂျီးရီးယားမှာအလုပ်လုပ်တဲ့အချိန်ကတဖက်စွန်းရောက်သူတွေကအစိုးရကို ဒုက္ခပေးတဲ့အနေနဲ့ရိုးရိုးအရပ်သားတွေကိုလည်ပင်းဖြတ်နေတဲ့အချိန်မှာကိုတာဝန်ထမ်းဆောင်ခဲ့ရတယ်။ တခြာ့ြး ၀န်ထမ်း၊ နိုင်ငံခြားသားတွေကတော့ အရပ်ထဲ မ သွားရဲကြဘူး။ အိမ်တွေ ကွင်းဆင်းလေ့လာရေးကို မသွားရဲကြဘူး။ ကိုယ်ကရှင်းရှင်း ပြောရရင် မြန်မာပြည်မှာ နည်းမျိုးစုံ၊ အခက်ခဲမျိုးစုံနဲ့ ကွင်းဆင်းခဲ့ရတဲ့ အတွေ့အကြုံ တွေက ရှိခဲ့တော့ မကြောက်ဘူး၊ ဘယ်သူသွားသွား မသွားသွား ကိုယ်ကသွားတာဘဲ။ ကိုယ်က ဗုဒ္ဓဘာသာဝင်လဲဖြစ်တော့ သေတနေ့မွေးတနေ့ဘဲဆိုပြီး သွားတာဘဲ၊ မကြောက်ဘူး။ ဒါကြောင့်အာရပ်တပည့်တွေက ကိုယ့်ကိုချစ်ကြတယ်။
အာရှမှာ စီးပွားပျက်ကပ်ဆိုက်ပြီးတဲ့နောက် အင်ဒိုနီးရှားမှာ သမ္မတဆူဟာတို ပြုတ် ကျပြီး တိုင်းပြည်က စစ်ဘေးကြုံပြီးပြိုလဲမလို ဖြစ်ခဲ့တယ်။ နေရာတိုင်းမှာ မူဆလင်နဲ့ ခရစ်ယာန်တွေ စစ်ဖြစ်နေတဲ့အချိန်မှာ မမက အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ယူနီဆက်ရဲ့ နံပါတ်(၂) အကြီးအကဲရာထူးအနေနဲ့ သွားအလုပ်လုပ်ခဲ့တယ်။ အင်ဒိုနီးရှားရဲ့ အရှေ့ဖျားPapua ဆိုတဲ့ကျွန်းစုက ဟိုးအရင်က လူသားစားတဲ့ နေရာပေါ့။ အဲဒီ ကျောက်ခေတ်လူသားတွေ နေတဲ့နေရာကို လမ်းပြတယောက်နဲ့ ၂ ယောက်ထဲ တောတောင်တွေဖြတ်ပြီး ကုန်းကြောင်း လမ်းလျှောက် သွားခဲ့တယ်။ အဲဒီလူတွေက ခုချိန်ထိ မီးခြစ်မသုံးဘူး၊ မီးလိုရင် သစ်ကိုင်းခြောက်ချင်း ပွတ်တိုက်ပြီး မီးမွှေးယူကြတုန်းဘဲ။ အ၀တ်အစားမ၀တ်ကြဘူး။ သူတို့ရဲ့ ဓလေ့အယူအရ မိခင်တယောက်ဟာ သူ့ရဲ့ကလေးတယောက် သေသွားတိုင်း လက်ချောင်းတချောင်းဖြတ်ရတယ်။ လက်နှစ်ဘက်မှာရှိတဲ့ လက်ချောင်းလေးတွေ အားလုံးဖြတ်လို့ရတယ်။ လက်မကိုတော့ပေးမဖြတ်ဘူး။ လက်မက အလုပ်လုပ်လို့ ရအောင်ချန်ထားတာ။ လက်ချောင်းတွေဖြတ်လို့ ကုန်ရင်နားရွက်ဖြတ်ရတယ်။ ဒီလို ဖြတ်တဲ့အခါမှာလဲ ကျောက်ခေတ်လူသားတွေဖြစ်တဲ့အတွက် ခေတ်မှီသံမဏိဓါး တွေမရှိတဲ့အတွက် ကျောက်ဓါးတွေနဲ့ဖြတ်ရတယ်။ အရမ်းကို ခေတ်မမှီတဲ့နေရာတွေ ကိုသွားခဲ့ရတယ်။အလုပ်လုပ်ခဲ့ရတယ်။
ဒီလိုအောက်ခြေကျကျအလုပ်လုပ်ခဲ့ရသလို အမြင့်ဆုံးကိုလဲ ရောက်ခဲ့တယ်။ အင်ဒိုနီးရှား အမျိုးသမီးသမ္မတMegawati Sukarnoputri နဲ့ လက်ရှိသမ္မတ Susilo Bambang Yudhoyono ၂ယောက်စလုံးနဲ့တွေ့ခဲ့ရတယ်။ ၂၀၀၄ ဩဂုတ်လ အားချဲ Acehမှာသူပုန်တွေထနေတဲ့အတွက် ဘယ်နိုင်ငံခြားသား မှ ပေးမ၀င်တဲ့အချိန်မှာ မမ နဲ့ ယူနီဆက်ရဲ့ အလှူရှင်နှစ်ဦးနဲ့ ကျန်းမာရေးဝန်ကြီး လေယာဉ်ပျံနဲ့သွားနိုင်ခဲ့တယ်။
၂၀၀၄ခု ဒီဇင်ဘာ၂၆မှာ ဆူနာမိ ဖြစ်တော့လဲ မမ သွားပြီး စီမံခန့်ခွဲခဲ့ရတယ်။ မမသွားပြီး လုပ်ကိုင်ခဲ့တဲ့အခါမှာ လုပ်ရည်ကိုင်ရည် ကောင်းလို့ နာမည်အရမ်းတက်ခဲ့ တယ်။ ဒါကြောင့် ၂၀၀၅မှာ ရာထူးအကြီးကြီး တိုးခဲ့တယ်။ ဆူနာမိထိတဲ့ နိုင်ငံ၈နိုင်ငံ အတွက် ဒေါ်လာသန်း၇၀၀ကျော်ကို ကိုင်ပြီး စီမံခန့်ခွဲခဲ့ရတယ်။ ဒီလို ငွေသန်း၇၀၀ကျော်ကို သုံးတဲ့နေရာမှာ မှန်မှန်ကန်ကန်နဲ့ လိမ်လည်မှုမရှိဘဲ သုံး စွဲတယ်ဆိုတာကို သံသယကင်းအောင် သိသာနိုင်တဲ့ စာရင်းစစ်တဲ့နည်းစနစ်၊ အထက် တင်ပြတဲ့နည်းစနစ်တွေကို နယူးယောက်မှာ ရုံးထိုင်ရင်းနဲ့ တီထွင်ခဲ့တယ်။ ဒီလိုလုပ် နိုင်ခဲ့တဲ့အတွက် ကိုဖီအာနန်၊ သမ္မတကလင်တန်တို့ရုံးနဲ့ အလုပ်လုပ်ခဲ့ရတယ်။ ဟောလီးဝုဒ်သရုပ်ဆောင် Roger Mooreနဲ့လဲလက်တွဲလုပ်ခဲ့ရဘူးတယ်။တရုတ်ရုပ်ရှင်မင်းသမီး Zhang Ziyi နဲ့လဲလက်တွဲလုပ်ခဲ့ရဘူးတယ်။ တရုတ်ဒုသမ္မတXi Jinping တက်ခဲ့တဲ့ High-Level Meeting on
Cooperation for Child Rights in Asia Pacific Region ကို ၂၀၁၀ နိုဝင် ဘာလ၄ရက်ကနေ၆ရက်အထိတရုတ်နိုင်ငံပေကျင်းမြို့မှာဦးစီးလုပ်ပေးခဲ့တယ်။
သားတိုးနေ၀င်းအကြောင်း…
၁၉၇၉မှာမွေးတဲ့သားက မြန်မာပြည်က ထွက်လာတဲ့အချိန်မှာ ၈နှစ်၉နှစ်အရွယ် ကတည်း မမကရောက်တဲ့နေရာတိုင်းမှာ တနေ့ကို တနာရီ မြန်မာစာ သင်ပေးပါ တယ်။ အမေ အလုပ်လုပ်တဲ့ တိုင်းပြည်တွေကို လိုက်ရလို့လဲ ဘာသာစကားပေါင်း ၄မျိုးကိုပြောနိုင်ပါတယ်။ အာဖရိကမှာ အင်တာနေရှင်နယ်ကျောင်း တက်ပြီး အထက်တန်းအောင်တယ်။ SATကို အမှတ်ပြည့်နဲ့အောင်လို့ MIT, Harvard တက္ကသိုလ်တွေက ၀င်ခွင့်ပေးတယ်။ နောက်ဆုံး သူက MITတက္ကသိုလ်ကို ရွေးလိုက် တယ်။ ၁၉၉၈မှာ MIT တက္ကသိုလ်ကိုတက်ပြီး ၅နှစ်အတွင်း ကွန်ပျူတာသိပ္ပံ အပါ အ၀င်ဒီဂရီ၃ခုနဲ့အောင်တယ်။ အမေပိုက်ဆံကုန်မှာစိုးလို့ Ph.D ဘွဲ့မယူဘဲ အလုပ် တန်းဝင်လိုက်တာခုအမေထက်ချမ်းသာနေပါတယ်။
အခုလက်ရှိဆရာမရဲ့အစီအစဉ်…
မမက အခုပင်စင်ယူလိုက်ပြီဆိုပေမယ့် ပင်စင်ယူခြင်းသည် အလုပ်ရပ်စဲခြင်းမျိုး မဟုတ်ပဲ အလုပ်ကိုဆက်လုပ်မယ်။ Consultant အနေနဲ့လုပ်ဘို့ အစီအစဉ်ရှိတယ်။အဖွဲ့အစည်းတခုက မမကို အလုပ်အပ်ချင်ရင် မမကို အီးမေးလ်နဲ့ ဆက်သွယ်လိုက်ရုံ ဘဲ။ မမပြန်နေမယ့် မြန်မာနိုင်ငံမှာ အီးမေးလ်က နေ့တိုင်းနာရီတိုင်း ရနေတာ မဟုတ် ပေမယ့်လဲ အီးမေးလ်တော့ရတယ်။ မမရဲ့အလုပ်က အီးမေးလ်တခုတည်းရှိရုံနဲ့ဖြစ် တယ်။ ဘယ်နိုင်ငံကမဆို မမကို လိုလို့ ဒီအလုပ်ကို လာလုပ်ပေးပါလို့ အီးမေးလ် ပို့ လိုက်တာနဲ့ မမက ထိုင်းနိုင်ငံကိုထွက်ပြီး လိုအပ်တဲ့အချက်အလက်တွေ စုဆောင်း ရှာဖွေပြီး သုတေသနလုပ်ပြီး အလုပ်လုပ်ရုံပါဘဲ။
ထိုင်းနိုင်ငံကို ထွက်လုပ်ရတယ် ဆိုတာကလဲ ရန်ကုန်ရဲ့အင်တာနက်က နှေးပြီး ထိုင်းမှာက ပိုမြန်လို့ အလုပ်လုပ်ရတာ နဲ့ လိုချင်တဲ့အချက်အလက်တွေရှာတဲ့နေရာမှာ ထိုင်းမှာက ပိုမြန်လိမ့်မယ်။ မြန်မာနိုင်ငံမှာတော့ စီးပွားရေးအရ အလုပ်လုပ်မှာ မဟုတ်ဘူး။ ပရဟိတလုပ်ငန်း ကိုလုပ်မယ်။ သူများကိုကူညီတာ၊ လူငယ်တွေကို သင်တန်းပို့ချတာတွေ လုပ်မယ်လို့ ဆန္ဒရှိပါတယ်။ လန်ဒန်တက္ကသိုလ်က Public Policy ဘွဲ့တခု ယူဖို့ ကြိုးစား နေတယ်၊ တရုတ်ဘာသာစကား ဆက်သင်ဦးမယ်။ အိမ်ကလဲ ပြင်နေတယ်ဆိုတော့ ဒီနှစ်တွေထဲမှာဒါတွေပဲလုပ်ဖို့ရှိပါတယ်။ အမေ့အိမ်ကို ကိုယ်က ပြန်ဝယ်ပြီး ပြန်ပြင်နေတယ်။ နဂိုအိမ်လေးကို ဖျက်လိုက်တဲ့ အတွက် အိမ်ဖျက်တာ သိန်း၂၀ကျော် ရတယ်။ အဲဒါအားလုံးကို ပရဟိတလုပ်ငန်း လုပ်တဲ့ဘုန်းကြီးကျောင်းကိုလှူပစ်လိုက်တယ်။
တက္ကသိုလ်မှာစာသင်ခဲ့စဉ်ကအမှတ်တရဖြစ်တဲ့အကြောင်း…
တက္ကသိုလ်မှာ သရုပ်ပြဆရာမဘ၀နဲ့ စာစသင်တဲ့အရွယ်က ၁၉နှစ် ၂၀ မပြည့် သေးဘူး။ နောက် နယ်တွေမှာ လက်တွေ့ဆင်းရတော့လဲ ကျောင်းသားတွေနဲ့ မမက လက်ရည်တပြင်တည်း နေထိုင်စားသောက်တယ်။ ဆရာမဆိုပြီး သီးသန့်နေတာမျိုး မရှိခဲ့ပါဘူး။ တောနက်ထဲမှာ ကျားတွေရှိတဲ့ ဂူကြီးထဲမှာ ဖြတ်ပြေးခဲ့ရဘူးတယ်။အမှတ်တရတွေကတော့အများကြီးပါဘဲ။ မမက ကျောင်းဆရာဗီဇပါတယ်လို့ ပြောလို့ရတယ်။ ယူနီဆက်မှာ လုပ်နေရင်းလဲ ရောက်ရာတိုင်းပြည်မှာ သင်တန်းတွေပေးရတယ်။ စာတွေသင်ပေးရတယ်။ တသက် လုံးစာသင်ပေးလာရတယ်လို့ပြောလို့ရပါတယ်။
အလုပ်များတဲ့ကြားကအပန်းဖြေနည်း…
တနေ့ကို တနာရီခွဲ့ Yoga လုပ်ပါတယ်။အင်ဒိုနီးရှားမှာတုံးကရေကူးပါတယ်။ ရုပ်ရှင်သိပ်မကြည့်ဖြစ်ပါဘူး၊။ တီဗီမှာသတင်းပဲကြည့်ဖြစ်တယ်။ ခရီးသွားရတော့ လေယာဉ်စောင့်တဲ့အချိန်မှာ စာဖတ်ပါတယ်။ ငယ်ငယ်က ၀တ္ထုဖတ်ပေမယ့် နောက် ပိုင်း Non Fiction, Biography နဲ့ Political History စာအုပ်တွေဖတ်ပါတယ်။ အခုအသက်အရွယ်အထိမျက်မှန်မတပ်ရသေးဘူး။ တောင်တက်ဝါသနာပါလို့ မနှစ်က မမက မောင်လေးရယ်၊ ညီမလေးနဲ့အတူ ၀ိတိုရိယ တောင်သွားတက်ခဲ့ပါတယ်။
ဖြည့်ပြောချင်တဲ့စကား…
နိုင်ငံခြားရောက်လာတဲ့ မြန်မာလူငယ်တွေ မြန်မာဘာသာစကားအပြင် အခြားဘာ သာစကားကိုလဲသင်စေချင်ပါတယ်။ လူငယ်တွေကို ပရဟိတလုပ်ငန်းတွေ များများ လုပ်စေချင်သလို ပရဟိတလုပ်ငန်းတွေမှာလဲ လှူဒါန်းစေချင်တယ်။ လူတိုင်း ကျန်းမာရေးအတွက် အချိုကို လျှော့စားစေချင်တယ်။ အခွင့်ရရင်မြန်မာပြည်ရဲ့ပညာရေးစနစ်ကိုတိုးတက်အောင်လုပ်ပေးချင်ပါတယ်။ ။
ရတနာပုံနေပြည်တော်သတင်းစာ၏ တွေ့ဆုံမေးမြန်ခြင်းကို စိတ်ရှည်လက်ရှည် ဖြေကြားပေးသော ဒေါက်တာရင်ရင်နွယ် အားအထူးကျေးဇူးတင်ပါသည်။
မိုးသက်ကို တွေ့ဆုံမေးမြန်းသည်။
မှတ်ချက်။ ။ မန္တလေးဂေဇက် နိုဝင်ဘာ ၂၀၁၁ “ထင်ရှားကျော်ကြား မြန်မာများကဏ္ဍ” တွင်ပုံနှိပ်ဖေါ်ပြပြီးဖြစ်ပါသည်။
Related posts:
- မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာစံအေးနှင့်တွေ့ဆုံခြင်း
- Hissho Sushi ၏ CEO ကိုဘုန်းလွင်( Philip Maung) နှင့်တွေ့ဆုံခြင်း
- မိသားစု ကုထုံးရှင် ပညာရှင် ဆရာမ Phoebe H. Jeong နှင့်တွေ့ဆုံခြင်း
- HIV/AIDS ကုပေးသော ဆရာတော်နှင့်တွေ့ဆုံခြင်း။
- ဗိုလ်မှုးကြီး ကဒါဖီးနှင့်တွေ့ဆုံခြင်း(Meeting Colonel Gadhafi) အပိုင်း (၁)



မူရင်းက.. ဇော်ဂျီဖေါင့်မဟုတ်တာကို ..ပြောင်းတာ.. အင်္ဂလိပ်လိုတွေ အကုန်မပြင်ရသေးဘူး..။
အားသလောက်ပြင်ပေးသွားပါမယ်..။
အဲဒါ လောလောဆယ် သည်းခံဖတ်ပေါ့နော..။
Was this answer helpful?
LikeDislikeသည်းခံဖတ်သွားပါသည် သဂျီးမင်း ရှင့်။ (စာလုံးတွေ ဖောင့်မှားနေတယ်လို့ မန့်မလို့ သဂျီးက ဦးသွားလို့)
Was this answer helpful?
LikeDislikeအောက်ကသတင်းကို.. ကိုမိုးသီးဇွန်ဘလော့ဂ်က ကူးပါတယ်..။
ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်အတွက် တတ်သိပညာရှင်တွေ.. အဆက်အသွယ်ကောင်းသူတွေ ပြန်.. ရီခရုလုပ်နေသလားလို့ပါ..။
Was this answer helpful?
LikeDislikeပြောရရင် ကိုယ့်ကိုယ်ကို လည်လှပြီပဲ ထင်ခဲ့တာ။ မှော်ဘီဆရာသိန်းရေးတဲ့ အရှေ့ကနေဝန်းထွက်သည့်ပမာကို ဖတ်ပြီးမှ ရှေးမြန်မာတွေနဲ့ ယှဉ်ရင် ကိုယ်က ဘာမှ မဟုတ်တာကိုတွေ့ရတယ်။ generation gap ဘာလို့ ဒီလောက်ကွာသွားလဲမသိဘူး။ ကြိုးတော့ ကြိုးစားတာပဲ၊ အသက်ခြင်းယှဉ်ရင်တောင် အများကြီး ကွာနေသေးတယ်။
အခုလိုမျိုး တော်တဲ့၊ ကြိုးစားတဲ့ မြန်မာတွေအကြောင်းဖတ်ရတာ အားတက်ပါတယ်။ ပြောရရင် ကျွန်တော့်အတွက် အခုချိန်လိုနေတာ ဒီလိုစာမျိုးပဲ။
Was this answer helpful?
LikeDislike” ဟာ ” ကနဲ ကို ဖြစ်သွားရပါတယ် သူကြီးဦးခိုင်ရေ…………
နံပါတ်ဝမ်းကြီးနဲ့ပါတ်သက်ပြီး ဆရာမ ဒေါ်နီနီမြင့်(International Relation-IR) ရယ်၊ ဆရာမဒေါ်ရင်ရင်နွယ် (Geology)
ရယ်ဟာ ကျနော်တို့ ကျောင်းသားတွေရဲ့ကြားမှာအလွန်တရာ အံ့ဩချီးကျူးဘွယ်ရာ “ဟီးရိုး” ပုံပြင်လေးတွေရှိပါတယ်။
ဆရာမမြန်မာပြည်မှာဘုန်းမီးနေလ တောက်ပခဲ့တဲ့ ဟိုတုန်းကအချိန်တွေကို ပြန်သတိရသွားတယ်။
ကျနော့ ဆရာမတော့ မဟုတ်ပါဘူး။ဒါပေမဲ့ မြန်မာပြည်မှာ ကျနော် လေးစားမိတဲ့ တက္ကသိုလ်ဆရာ/ဆရာမတွေထဲက ထိပ်တန်းတယောက်ပါဘဲ။
Geology က ဆိုရင် ဒေါက်တာညီညီ ရယ် ဆရာမဒေါ်ရင်ရင်နွယ် ကိုတော့ လူသတင်းလူချင်းဆောင်ဆိုသလို ကြားသိရတာတွေအများကြီးပါ။
ကျနော်သိထားတဲ့ ဆရာမအကြောင်းတွေက ကောင်းသော စကားတွေပါ။
ဒါပေမဲ့ Personal တွေပါနေလို့ ဒီလောက်ဘဲပြောပါရစေ။
ဆရာမကိုကျန်းကျန်းမာမာနဲ့တွေ့လိုက်ရလို့ဝမ်းသာမိပါတယ်။
ခုလိုဖတ်ရလို့လဲ ဆရာခိုင်ကိုကျေးဇူးပါ။
Was this answer helpful?
LikeDislikeသဂျီးရေ ဖောင့်မြန်မြန် ပြင်ပေးပါခင်ဗျ
ဖတ်ရင်းနဲ့ ၊ ဖတ်ရင်းနဲ့ ဟိုစာလုံးတွေ အရောက် ဘာလဲဆိုတာ အရမ်းသိချင်လာတယ်
ဖတ်ရင်းနဲ့ လဲ ဒေါက်တာဒ်ါရင်ရင်နွယ်လိုမျိုး အရမ်းဖြစ်ချင်လာတယ်ဗျာ..
Was this answer helpful?
LikeDislikeအားကျအတုယူဖွယ်ကောင်းတယ် မြန်မာပြည်.က ဟီး၇ိုတစ်ယောက်ပါဗျာ အခုလို. ဖတ်ခွင်.ရလို. အများကြိး ကျေးဇူးတင်ပါတယ် မြန်မာလူမျိုးတွေ ဘယ်လောက်တော်ကြောင်း မိမိတို.လည်း ဒီလို. ကြိုးစားသင်ကြောင်း ဒီမေးမြန်းမူလေး ဖတ်ပြီး စဉ်းစားမိပါတယ်ဗျာ..
Was this answer helpful?
LikeDislikesusunosuki ရေ
(မှော်ဘီဆရာသိန်းရေးတဲ့ အရှေ့ကနေဝန်းထွက်သည့်ပမာကို ဖတ်ပြီးမှ ရှေးမြန်မာတွေနဲ့ ယှဉ်ရင် ကိုယ်က ဘာမှ )လို့ရေးထားတော့
မှော်ဘီဆရာသိန်းရေးတဲ့နာမယ်ကြီးစာအုပ်က အရူးလွယ်အိတ်
အရှေ့ကနေ၀န်းထွက်သည့်ပမာဆိုတဲ့ မြန်မာလွတ်လပ်ရေးသမိုင်း နောက်ခံဝတ္တုရေးသူက
တက်ဘုန်းကြီးသိန်းဖေလို့နာမယ်ကြိးခဲ့တဲ့ ဆရာသိန်းဖေမြင့်
ဒါက ကျနော်ဖတ်မိ မှတ်မိတာလေး၊
တစ်ခုခုတော့ လွဲနေသလားလို့ဗျာ။
Was this answer helpful?
LikeDislikeအားကျတယ် .. လေးစားတယ် … ချီးကျူးတယ်… ဂုဏ်ယူတယ်… ကိုယ့်အမျိုးတွေတော်လို့
ဒါနဲ့ ဆရာမက အခု ဘယ်မှာ နေတာလဲ သူကြီး …
မြန်မာပြည်မှာရော ပရဟိတလုပ်ပေးမယ်ဆိုတာ ဒီမှာ အခြေချနေထိုင်ပြီး လုပ်ပေးမှာလား ….
ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ပြည်ကိုယ်ရွာကို စေတနာထားတာလေးမြင်ရတော့ တကယ် ၀မ်းသာတယ်…
တင်ပေးတဲ့ သူကြီးကိုလည်း ကျေးဇူးတင်တယ်..
Was this answer helpful?
LikeDislikeI know her son – Toe Nay Win. He is one of U Nay Win’s grand children, he is very obedient, polite.
Was this answer helpful?
LikeDislikeကွန်းမန့်တွေ ဖတ်မှ ဆရာမကြီးအကြောင်း ပိုပြည့်စုံသွားပါတယ်။ ဆရာသစ်မင်း ပြောတဲ့ ပါစင်နယ်ဆိုတာလည်း ရိပ်သန်းဖန်သမ်း သိလိုက်ရတယ်။ ဖတ်လို့မရတဲ့ စာလုံးပေါင်းများကို အမြန်ပြင်ပေးစေလိုပါတယ် သဂျီး။ ဘွဲ့အမည်၊ ကျောင်းနာမည် စတာတွေက စာလုံးခြင်း မတူတော့ ဘာမှန်းမသိ ဖြစ်လို့ပါ။ ယူအန်မှာ အဆင့်မြင့် ဌာနေကိုယ်စားလှယ်အပါအဝင် စီမံအုပ်ချုပ်မှုတာဝန် ထမ်းဆောင်နေတဲ့ မြန်မာများစွာ ရှိပါတယ်။ စီနီယာ ပရော်ဖက်ရှင်နယ် အဆင့်နဲ့ ဒစ်ပလိုမတ် diplomat အဆင့်များကို ဆိုလိုပါသည်။ မြောက်ကိုရီးယားနိုင်ငံ ကမ္ဘာစားနပ်ရိက္ခာကိုယ်စားလှယ်သည် မြန်မာတဦးလို့သိထားတယ်။ ဒစ်ပလိုမတ်ပို့စ်ဆိုတာမျိုးက နိုင်ငံရေးရာထူးမျိုးပါ။ တော်တတ်ရုံအပြင် နိုင်ငံရေးသဘောပါတယ်။ ဘယ်လောက်တော်တော် P အဆင့်နဲ့ ပြီးသွားသူ အများကြီးပါ။ သူ့လူကိုယ့်လူ ရွေးတယ်။ အဆက်သွယ်လိုတယ်။ ဌာနေကိုယ်စားလှယ်၊ ဒေသဆိုင်ရာ အကြီးအကဲ လုပ်မဲ့သူဆိုရင် သက်ဆိုင်ရာနိုင်ငံ အစိုးရများ၊ အဖွဲ့အစည်းများ သဘောတူဖို့လိုတယ်။ စစ်တပ်မှာဆို နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ စစ်ဦးစီးသင်တန်းဆင်းလာတဲ့ ဗိုလ်မှူးကြီးများကို တပ်မမှူး ရာထူးပေးသလို ဖြစ်ပါတယ်။ အဲဒီကနေမှ တိုင်းမှူးအဆင့်ကို သွားခွင့်ရတာပါ။ ဆရာမကြီးကတော့ အားလုံးပြည့်စုံသူမို့ ပန်းခင်းလမ်း မဟုတ်ပေမဲ့ ကျန်းမာသန်စွမ်းစွာ တောစီးဖိနပ်ကောင်းကောင်းနဲ့ တောလမ်းခရီးကို ဖြတ်သန်းအောင်မြင်ခဲ့တယ်လို မြင်ပါတယ်။
နိုဝင်ဘာလထုတ် ဂေဇက်သတင်းစာ ဖတ်လိုပါ၍ ဒေါင်းရန်လင့်ခ်ပေးစေလိုပါသည်။ သို့မဟုတ် အီးမေးလ်မှတဆင့် aungkyuu@gmail.com သို့ ဖိုင်ပို့ပေးပါခင်ဗျား။။။
Was this answer helpful?
LikeDislikeအားကျလိုက်တာ..
ဟိုတစ်ခါ ဆူရှီသထေးတွေ ကြိုးစားခဲ့တဲ့ အကြောင်း.တင်တယ်..
ခုလဲ..အင်မတန်တော်..အင်မတန်ကြိုးစား.အောင်မြင်နေတဲ့.ဆရာမကြီးအကြောင်း.
ဟမေငေး..အားကျလိုက်တာ….
အန်တီကြီးပြောသွားတဲ့အထဲမှာ..မြန်မာနိုင်ငံ အင်တာနက် သုံးစားလို့ မရတာလဲ ပါတယ်..
အင်းလေ..ဟုတ်တာပဲ..ဟာဂျီးကို..
Webpage ဖွင့်ရင်..လုဒ်ဒင်တို့ ..နတ်ဝေါ့အယ်ရာတို့ ..ယူအာလယ်လ် နော့ဖောင်း တို့ နဲ့ တင်……တစ်နေလို့ …….ဘာစာတမ်းမှ ပြုစုနိုင်မှာမဟုတ်ဘူး..
အဟိ..
တဂျီး..ဖောင့်တွေက ကောင်းခန်းရောက်မှ..လွဲလွဲနေသလိုပဲနော့
Was this answer helpful?
LikeDislikeခုလိုနိုင်ငံတကာဝင်ဆန့် ထင်ရှားခဲ့တဲ့
ဆရာမဒေါက်တာဒေါ်ရင်ရင်နွယ်ကို
မြန်မာနိုင်ငံသားတယောက်အနေနဲ့
ဂုဏ်ယူပါတယ်
စနစ်ပြောင်းခဲ့ယင်မြန်မာနိုင်ငံပြန်လာပြီး
တတပ်တအားကူညီမယ်လို့မျော်လင့်မိပါတယ်
လေးစားစွာဖြင့်…. ကိုရင်မောင်
Was this answer helpful?
LikeDislikeသဂျီးရေ ကျေးဇူးတင်ပါတယ် လူငယ်တွေအားလုံး ဆရာမကြီးကို အတုယူ ဘ၀အခက်အခဲတွေကိုကျော်ဖြတ်နိုင်ကြပါစေလို့
Was this answer helpful?
LikeDislike“အခွင့်ရရင်မြန်မာပြည်ရဲ့ပညာရေးစနစ်ကိုတိုးတက်အောင်လုပ်ပေးချင်ပါတယ်။”
ဆရာမကြီးအကြောင်း သေသေချာချာ ဖတ်လိုက်ပါတယ် သူကြီးရေ။
ဆရာမကြီးလို လူတွေက မြန်မာပြည် ပညာရေးစံနစ်ကို တိုးတက်အောင်လုပ်ပေးမယ်ဆိုရင်
ကျွန်တော်တို့က ကော်ဇောနီခင်းပြီးတောင် ကြိုဆိုသင့်တယ်လို့ ထင်ပါတယ်ဗျာ။
သိထားသင့်တဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ မိတ်ဆက်ပေးတဲ့ သူကြီးကို ကျေးဇူးတင်ပါတယ်။
Was this answer helpful?
LikeDislikeဒီလိုပို့စ်လေးတွေ မကြာခဏတင်ပေးဖို့ တောင်းဆိုချင်ပါတယ် သဂျီးမင်းရှင့်။ ဖတ်ရတာအားတက်လို့ပါ။
Was this answer helpful?
LikeDislikeနောက်လဗျူးမှာ တားတားကိုလေ ..တိဝူးလား …
Was this answer helpful?
LikeDislikeစာတွေပြန်ပြင်ပြီးသွားပါပြီနော..။
အသက်ကြီးလာလို့.. ပင်စင်ယူတဲ့ အရွယ်မှာ.. ဘာတွေလုပ်နေတယ်.. ဘာတွေတိုက်တွန်းတယ်… သိရအောင် သေသေချာချာ ပြန်ကုဒ်ပေးလိုက်ပါတယ်..။ အဲဒါမျိုး မြန်မာလူကြီးပိုင်းတွေ ဖြစ်စေချင်.. လုပ်ကြစေချင်ပါကြောင်း..။
Was this answer helpful?
LikeDislikeသဂျီးရေ
ဆရာမကြီးကို ပြောပေးပါခင်ဗျာ
မြန်မာပြည်က လူလတ်ပိုင်းနဲ့ လူငယ်တွေ လဲ ၊ ပရဟိတ လုပ်ငန်းတွေ ကို
တတ်နိုင်သလောက် ၊ ဝိုင်းဝန်း စုပေါင်းပြီး အားကျိုးမာန်တက် လုပ်နေကြပါပြီလို့ 
ကျုပ် တို့ မန်းတလေးမြို့ မှာ ဆိုရင်လဲ ၊ လူမသိကြတဲ့ အဖွဲ့ အစည်းတွေ အများကြီးပါလို့ 
ကျုပ်လဲ အခု ကင်မရာ ဝယ်ပြီးပြီ ဆိုတော့ ၊ ကြုံသမျှ ကြားရသမျှ ပရဟိတ ကောင်းသတင်းလေးတွေကို တင်ဆက်ပါမယ် ခင်ဗျ
Was this answer helpful?
LikeDislike…အခွင့်ရရင်မြန်မာပြည်ရဲ့ပညာရေးစနစ်ကိုတိုးတက်အောင်လုပ်ပေးချင်ပါတယ်။ …
နိုင်ငံတော်ကလည်း ဒါကို ကြိုဆိုမယ်လို့ထင်ပါတယ်။
Was this answer helpful?
LikeDislikeမောင်မိုးညိုတို့ တက္ကသိုလ်ကျောင်းသား ဘ၀က RASU ဘက်ရောက်ရင် ငေးကြည့်ရလောက်အောင်ကျက်သရေရှိ တဲ့ ဆရာမလေးက ခုတော့ နိုင်ငံအတွက်ဂုဏ်ယူစရာ ဆရာမကြီးဖြစ်နေပါပေါ့လား။
မကြာခင် လပိုင်းထဲမှာ နိပေါနိုင်ငံရဲ့ ကမ္ဘာုကျန်းမာရေးအဖွဲ့ချုပ်ကြီးရဲ့ ဌာနေကိုယ်စားလှယ် ကျောင်းနေဖက်သူငယ်ချင်းတယောက် အမေရိကားကိုရောက်လာလည်အုံးမှာ မို့၊ ကျောင်းတုံးကဇာတ်လမ်းတွေရော၊ သောင်းကြမ်းခဲ့တာလေးတွေပါမကျန် (ကလေးတွေအလစ်မှာ) စမြုံပြန်ကြဘို့။ စကားနာထိုးကြဘို့ တိုင်ပင်ထားလေရဲ့။ ဒီကောင်ကလည်း ဆရာမကြီးရဲ့ ခင်ပွန်းဟောင်းဘက်ကအနွယ်တော် တယောက်ပါဘဲ ဆိုတာလေးကိုပါ။
Was this answer helpful?
LikeDislikeအဲဒီတယောက်ကိုလည်း.. မေးမြန်း.. ဗျူးစမ်းဖို့.. အကိုကြီးမောင်မိုးညိုကို အကူအညီတောင်းထားပါတယ်နော..။
အားလုံး.. အားကျစိတ်ဝင်စားမှာ သေချာပါတယ်..။
စာဖတ်သူများ အတွက်ပါ..။
Was this answer helpful?
LikeDislike“လန်ဒန်တက္ကသိုလ်က Public Policy ဘွဲ့တခု ယူဖို့ ကြိုးစား နေတယ်၊ တရုတ်ဘာသာစကား ဆက်သင်ဦးမယ်။ ”
ဆရာမကြီး ထူးချွန်တာ မပြောနဲ့လေ။ အခုထိ သင်ယူနေဆဲဆိုတော့…….
Was this answer helpful?
LikeDislike“အခွင့်ရရင်မြန်မာပြည်ရဲ့ပညာရေးစနစ်ကိုတိုးတက်အောင်လုပ်ပေးချင်ပါတယ်”
Very interesting and inspiration post, hopefully fulfill with what she said accordingly.
“MIT တက္ကသိုလ်ကိုတက်ပြီး ၅နှစ်အတွင်း ကွန်ပျူတာသိပ္ပံ အပါ အ၀င်ဒီဂရီ၃ခုနဲ့အောင်တယ်။”
No wonder, her son is so bright like as his grand father convince by some comments.
I truly accept gene inherent of descending order and wish he may share his knowledge to human benefits.
Was this answer helpful?
LikeDislikeကိုခိုင်ရေ…
တိုက်တိုက်ဆိုင်ဆိုင် တီချာလည်း အင်္ဂလန်ရောက် တပည့်မလေးတစ်ယောက်
က လှမ်းပို့လိုက်တဲ့ link ကလေးကို ကနက်ရှင်ပြုတ်ကျ ပြန်တပ်စံနစ်နဲ့ အထူး
စိတ်ရှည်စွာ ဖတ်ကြည့်တော့ ဒေါက်တာရင်ရင်နွယ်အကြောင်းလေးပါ။ တပည့်မလေးက
တီချာတို့ခေတ်ကဆိုတော့ သိမလားလို့မေးချင်လို့ပါတဲ့၊ တိုးနေဝင်းဆိုတော့ သူတို့ စိတ်ဝင်စား
ကြတယ်ပေါ့လေ။ တီချာလည်း ဟဲ့ ငါလည်းအသေအချာမသိဘူးပေါ့။
တီချာစိတ်ဝင်စားမိတာက သူ့အမေ ဒေါ်မိမိခိုင်။ ပထမဆုံးမြန်မာယဉ်ကျေးမှုဓလေ့ အကြောင်း
အင်္ဂလိပ်လိုရေးသူလို့ ဆိုထားတယ်နော်။
Her mother was the author of Burmese Family, a book on Burmese culture
and was one of the first women to write in English about Burmese culture
and traditions.
ရှာပေးပါဦးကိုခိုင်ရေ။
ကျေးဇူးးးး။
Was this answer helpful?
LikeDislikeတီချယ်ကြီးရေ..သဂျီးကိုယ်စားရှာကြည့်လိုက်တာ (လျှာဝင်ရှည်တာပေါ့နော်)
ဒီလိုလေးတော့ တွေ့မိသား ခင်ဗျ…
အစောဆုံး ၁၉၅၈ အနေနဲ့..ဒေါ်မိမိခိုင်ရေးထားတဲ့
“People of the Golden Land: Burmese Character and Customs”. The Atlantic. February 1958.
“Burmese Names: A Guide”. The Atlantic. February 1958.
ဒီမှာမူရင်း ဆရာဝီကိ လင့်လေးပါ..
http://en.wikipedia.org/wiki/Mi_Mi_Khaing
မှားသွားရင်တော့ တောင်းပန်၏..
Was this answer helpful?
LikeDislikeတီချယ်ရေ..
အပေါ်မှာ.. amatmin ရေးထားတာများလား..
Amazon မှာတော့.. ဒေါ်မိမိခိုင်ရေးတဲ့စာအုပ်.. ၃အုပ်/၃မျိုးပဲတင်ရောင်းနေတာတွေ့ပါတယ်..။
http://www.amazon.com/gp/search/ref=sr_adv_b/?search-alias=stripbooks&unfiltered=1&field-keywords=&field-author=mi+mi+khaing&field-title=&field-isbn=&field-publisher=&node=&field-p_n_condition-type=&field-feature_browse-bin=&field-subject=&field-language=&field-dateop=&field-datemod=&field-dateyear=&sort=relevanceexprank&Adv-Srch-Books-Submit.x=0&Adv-Srch-Books-Submit.y=0
တခြားတော့ မသိပါဘူးလို့…။
Was this answer helpful?
LikeDislikeဗဟုသုတမပြည့်စုံလို့ မသိခဲ့ဘူး … အခုလိုသိခွင့်ရတဲ့အတွက် တင်တဲ့သူကိုကျေးဇူးတင်ပါတယ်… ဆရာမလိုလူမျိုးတွေ မြန်မာပြည်များများများရှိပြီး မြန်မာပြည်တိုးတက်ရာတိုးတက်ကြောင်းတွေလုပ်ပေးနိုင်ရင် သိပ်ကောင်းမှာပဲနော်… ဥပမာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပူးပေါင်းပြီး ပညာရေးကိုဘယ်လိုပံ့ပိုးပေးရင် ကောင်းမလဲဆိုပြီး လုပ်ပေးရင်ကောင်းမယ်နော်
Was this answer helpful?
LikeDislikeသူကြီးဦးခိုင်ရေ…ကျွန်တော်တို့မြန်မာလူမျိုးတွေထဲမှာထူးချွန်တဲ့သူက သူတစ်ပါးတိုင်းပြည်တွေအတွက်အလုပ်လုပ်ပေးနေရတာ ရင်နာစရာပါပဲဗျာ…တစ်ကယ်ကိုစိတ်မကောင်းစရာပါ..ဒီလိုလူတွေသာ ကျွန်တော်တို့တိုင်းပြည်အတွက် ပြန်လည်ပေးဆပ်ကျမယ်ဆိုရင် အင်မတန်မှကောင်းမွန်ပါလိမ့်မယ်လို့ယူဆမိပါတယ်…
Was this answer helpful?
LikeDislikeကိုရင့်ခံစားချက်နားလည်ပါတယ်..
ဒါပေမဲ့.. ဒီမှတ်ချက်က.. တမျိုးကြီးပဲ..။
သူတပါးပုဂ္ဂလိကအခွင့်အရေးနဲ့ဆုံးဖြတ်ချက်ကို ကိုယ်က..ကြားကနေ..၀င်ရင်နာနေသလို ဖြစ်နေတယ် ထင်မိပါတယ်..။
နောက်ပြီး…
ဒေါ်ရင်ရင်နွယ်က.. ကုလသမဂ္ဂမှာ လုပ်ခဲ့တာလေ.. ဆြာသမားရယ်..။
United Nations Children’s Fund (UNICEF; play /ˈjuːnɨsɛf/ yew-ni-sef) [1] was created by the United Nations General Assembly on December 11, 1946, to provide emergency food and healthcare to children in countries that had been devastated by World War II. In 1953, UNICEF became a permanent part of the United Nations System and its name was shortened from the original United Nations International Children’s Emergency Fund but it has continued to be known by the popular acronym based on this old name. Headquartered in New York City, UNICEF provides long-term humanitarian and developmental assistance to children and mothers in developing countries. It is one of the members of the United Nations Development Group and its Executive Committee.[2]It is estimated that 91.8% of their revenue is distributed to Program Services.[3]
Was this answer helpful?
LikeDislikeသူကြီးရေ ဒီ Interview ကို ဂေဇက် မှာဖတ်အပြီး မှတ်မှတ်ရရ သူများတွေကို Share လုပ်ပေးခဲ့တာပါ။
ကျွန်မတို့ အမျိုးသမီး တွေအတွက် တကဲ့ကို နမူနာ ယူဖွယ်ကောင်းတဲ့ စံပြမော်ဒယ်ပါဘဲ။
ကျွန်မ သူ့အတွက်လဲ အရမ်းကို ဂုဏ်ယူပါတယ်။
သူပြောသလို ကျွန်မတို့ နိုင်ငံ မှာ တောရွာဖက်တွေ အထိပါ ပရဟိတလုပ်ငန်း တွေ များများ လုပ်နိုင် သမျှလုပ်ပေးချင်တာပါဘဲ။
အခုချိန်မှာတော့ Day Dream ဖြစ်နေတုန်းပါဘဲ။
Was this answer helpful?
LikeDislikeခုလိုမျိုး ပိုစ့်လေးတွေ များများတင်စေချင်ပါတယ်။ မြန်မာမှာ ဒီလိုလူမျိုးတွေဘယ်လောက်ရှိနေသလဲ။ ဘယ်အတိုင်းအတာထိ လုပ်ဆောင်နေသလဲဆိုတာလည်း သိချင်ပါတယ်။ အားလည်းကျမိပါတယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုတာ အဖက်ဖက်ကလည်း ပြီးပြည့်စုံပါမှ ရှေ့ဆက်သွားလို့ရမှာပါ။ အရင်ခေတ်တွေထဲက မြန်မာမိန်းကလေးတွေက အမ်အေဒေါ်အုန်းတို့လည်း သူ့ခေတ်နဲ့သူ နာမည်ရခဲ့ကြပါတယ်။ အတုယူ လေးစားစရာ မြန်မာ့အမျိုးသမီးကောင်းတွေ ပေါ်ထွန်းလာတာ အရင်ထဲကလို့ သမိုင်းမှာ တွေ့ရှိထားပါတယ်။ နောက်ပိုင်းလည်း အဲလိုလူမျိုးတွေ အကြောင်း များများ ပိုသိချင်နေမိတယ်။ နောင်လူတွေလည်း လေးစားအတုယူသင့်တယ်လို့မြင်မိတဲ့အတွက် မနောလည်း လုပ်ဆောင်ကြည့်ချင်မိတယ် တစ်ချိန်ချိန်တော့ဖြစ်လာနိုင်ကောင်းပါရဲ့လေ…
Was this answer helpful?
LikeDislikeဟုတ်ပါတယ်ကိုခိုင်..ဆရာမကြီးက ကုလသမဂ္ဂမှာလုပ်ခဲ့တာပါ၊ဦးသန့်လည်းပဲ ကုလသမဂ္ဂမှာလုပ်ခဲ့တာပါ၊
ကျနော်ဆိုလိုတာက ပညာတတ်တွေတိုင်းပြည်ကိုစွန့်ခွါရတဲ့ အကြောင်းအရင်းရယ်ပါ…ကျနော်ရဲ့ဦးလေး အရင်းလဲ ၈၈ မတိုင်ခင်ထဲက ကုလမှာအလုပ်လုပ်နေခဲ့တာပါ လက်ရှိ L.Aမှာရှိပါတယ် ..ဆရာဝန်ပါ…
ဦးသန့်လိုလူမျိုးသာ တိုင်းပြည်ကိုအုပ်ချုပ်ခွင့်ရခဲ့မယ်ဆိုရင်…ဥပမာ..စင်္ကာပူကို တည်ထောင်နိုင်ခဲ့တဲ့ စကာင်္ပူရဲ့ဖခင်ကြီး လီကွမ်ယုလိုသာ ပညာတတ်ပြီးအမျှော်အမြင်ကြီးတဲ့ သူတွေသာအုပ်ချုပ်ခွင့်ရခဲ့မယ်ဆိုရင် …ကျနော်တို့တိုင်းပြည်ကြီးဆင်းရဲတွင်း မရောက်နိုင်ဘူးလို့ထင်မိပါတယ်..
Was this answer helpful?
LikeDislikeဒေါ်ရင်ရင်နွယ်က.. ကုလသမဂ္ဂမှာ လုပ်ခဲ့တာလေ.. ဆြာသမားရယ်..
People thought UN organization is perfect for welfare of societies.
To consider wide aspect, here is another example of how UNICEF under the inept leadership of Ann Veneman wastes $5.8M of its public and donor contributions.
(http://blog.collaborationmatters.com/blog/cmblog.nsf/dx/unicef-wastes-5.8m-migrating-to-ms-outlookexchange)
It can be found more infos by Just type “UN/UNICEF scandal” in search engine.
By my collaboration work with UN team found that most staffs with superficial talks, just reporting and awaiting for diplomatic opportunities (do not mean to true misanthropic).
Excuse me if that cross someone’s mind, resume to open minded in all aspects.
Was this answer helpful?
LikeDislikeဒီရွာမှာ တင်တဲ့ ပို့စ်လေးတွေကို သဘောကျတဲ့ သူတွေကို မေးလ် ကတဆင့် မျှဝေတတ်ကြပါတယ်
ကျွန်တော့်ဆီကို ခဏခဏ ရောက်လာတတ်ပါတယ်
လာတဲ့ မေးလ်တိုင်းမှာ ဒီ ဆိုဒ်က စာကိုယူပါတယ် ဆိုတဲ့ စာလေး တစ်ကြောင်းတောင်မပါဘူး
ဒီပို့စ် ကို သူကြီးတင်တာ နိုဝင်ဘာထဲက အဲ မနေ့ကမှ ကျွန်တော့်ဆီ ဖော်ဝပ်မေးအနေနဲ့ ရောက်လာတယ်
စာရဲ့ အောက်ဆုံးမှာ -
–
Posted By Blogger to လူဗိုလ်ဟူသည်
…at 2/08/2012
12:00:00 PM
–
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
http://groups.google.com/group/mrsorcerer/subscribe?hl=en ကို
နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင်
mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
–
Cheers!
ကျွန်တော်တို့ ရွာထဲမှာ တခြားဆိုဒ်က ကူးရင် ကရက်ဒစ်ပေးရသလို ( ကျင့်ဝတ်အရကို) ကျွန်တော်တို့ဆီက ပြန်ကူးတဲ့ လူများလဲ ကရက်ဒစ်ပေးသင့်ကြောင်းပါ
Was this answer helpful?
LikeDislikeကိုမှိုကြီးရေ
အဲလူတွေကလဲ တော်တော်ဆိုးဆိုးပဲဗျာ
စာရေးသူအတိအကျ မဖော်ပြပဲ တွေ့ ကရာလူလိုက်လိုက်ပို့ နေတာနဲ့  မူပိုင်ရှင်တွေ ငုတ်တုတ်မေ့ရတယ်..
Was this answer helpful?
LikeDislike