ယနေ့ (နိုဝင်ဘာ ၁၇) ညဦးပိုင်းက စတုတ္ထအကြိမ်မြောက် မြန်မာရုပ်ရှင်ပွဲတော်တက်ရောက်ရန် မင်းသမီးသက်မွန်မြင့် နှင့်ရုပ်ရှင်ကားပရိုဂျူဆာတို့နှစ်ဦး ထိုင်းနိုင်ငံမှတဆင့် လော့စ်အိန်ဂျလိစ်သို့ ရောက်ရှိလာပါသည်။
‘အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်’ ရုပ်ရှင်ကားပြသမည့်ပွဲသို့ တက်ရောက်လာခြင်းဖြစ်ပြီး ဆန်ဖရန်စစ္စကို၊ မြောက်ကာရိုလိုင်းနားတို့တွင်လည်း ရုပ်ရှင်ပြသဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရှိရသည်။

NetMAA ( netmaa.org) အသင်းမှဦးစီးကျင်းပသော မြန်မာရုပ်ရှင်ပွဲတော်သည် ယခုနှစ်တွင် ၄နှစ်( စတုတ္ထအကြိမ်)ရှိပြီဖြစ်ပြီး ယခင်နှစ်များကလည်း မင်းသမီးကြီးချိုပြုံး၊ ဒါရိုက်တာမီးပွား၊ Kyaw Entertainment မှပရိုဂျူဆာ ဦးကျော်ကျော်အောင်တို့ လာရောက်ခဲ့ဖူးသည်။
ယခုနှစ်တွင် ထူးခြားချက်အဖြစ် မင်းထင်ကိုကိုကြီးရိုက်ကူးသော “အင်းသီး”(အင်းလေးကန်အတွင်းရှိ ဓါတုမြေသြဇာသုံးခရမ်းချဉ်သီးများကြောင့် သဘာဝပျက်စီးပုံအကြောင်း) ဇတ်ကားနှင့် “Crossing Salween” (အိုင်ယာလန်မှရိုက်ကူးသော ကရင်တိုင်းရင်းသူမိန်းကလေးငယ် သံလွင်မြစ်ဖြတ်ကျော်ပြေးခန်း) တို့ပါ ပူးတွဲပြသရန် ရွေးချယ်ထားကြောင်းသိရှိရသည်။
ပွဲတော်နေ့မှာ လာမည့် (၁၉ရက်)စနေနေ့ တွင် အထူးပွဲဖြစ်ကာ ၂၀ရက်နေ့(တနင်္ဂနွေ)တွင် ၀င်ကြေး ၈ဒေါ်လာဖြင့် မည်သူမဆို ကြည့်ရှုနိုင်ကြောင်း သတင်းရရှိပါသည်။



သက်မွန်မြင့်အား ကြိုဆိုသူများနှင့်အတူ တွေ့ရစဉ်



kai

About kai

Admin Kai has written 517 post in this blog.

Editor - The Mandalay Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.

Related posts:

  1. သက်မွန်မြင့်၏ချစ်စရာပုံစံ
  2. အမေရိကန် အဆင့်မြင့် အရာရှိတစ်ဦး မြန်မာနိုင်ငံသို့ ရောက်ရှိလာ
  3. ကမ္ဘာလှည့်ခရီးသည် ၄၀၀ခန့်ပါဝင်သော MV. Crystal Symphony ဇိမ်ခံသင်္ဘောကြီး ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာ
  4. မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်ရှိလာ
  5. ရန်ကုန်မြို့၌ ယခင်စံချိန်ကျိုးခဲ့သည့် အမြင့်ဆုံးအပူချိန်ဝန်းကျင်သို့ရောက်ရှိ