7

———————

The Church

ဘုရားကျောင်း

        In the morning of 1936, Mrs Simpson wrote a letter to her husband.

၁၉၃၆ ခုနှစ် တစ်ခုသော နံနက်ခင်းမှာ..မစ်စစ်ဆင်မဆင် က သူ့ခင်ပွန်းဆီကို စာတစ်စောင်ရေးသား

လိုက်ပါတယ်။

“Dear Ernest,” she wrote. “You have been very kind to me. You are a good and strong man.

But I must tell you that our marriage is finished. I am in love with the King and I want a divorce.

Don’t be angry. There is nothing you can do. I’ll never forget you, but I have to be free.”

ချစ်ရပါသော အားနစ်ရေ..

ရှင်ဟာကျမအပေါ်မှာ အကြင်နာတရားတွေနဲ့

ထုံလွှမ်းစေခဲ့ပါတယ်။ရှင်ဟာလေးစားထိုက်တဲ့ယောကျာင်္းကောင်းတစ်ယောက်ပါ

သို့ပေမဲ့..ကျမတို့ရဲ့ ချစ်ခြင်းအားဖြင့်တည်ဆောက်ခဲ့ရတဲ့ ချစ်ကမ္ဘာလေး ဒီမှာတင် တစ်ခန်းရပ်ပါ ရစေ လို့

ဆိုပါရစေရှင်။ နားနဲ့မနာ ဖ၀ါးနဲ့နာပါ ကျမလေ အက်ဒ၀ပ်ဘုရင်ကို ချစ်မိနေပြီ။ ကျမ ရှင့်ကို ကွာရှင်းပြတ်စဲခွင့်ပြုပါ။

အခဲမကြေမဖြစ်ပါနဲ့ရှင်။ ရှင်လည်း ဒီကိစ္စ ကို ဘာမှ ကိုင်တွယ်ဖြေရှင်းလို့ရမှာမဟုတ်ပါဘူး။ ရှင်ကို ကျမ

ဒီတသက်မေ့သွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့…ကျမကို လွတ်လပ်စွာခွဲထွက်ခွင့်ပေးပါနော်။…..

Ernest replied immediately: “Your letter arrived this morning. I will do what you ask, but I’ll

never stop loving you. And if you need me, I’ll always be here.”

အားနစ် ချက်ချင်းဆိုသလို ပြန်စာပို့လိုက်ပုံလေးက….

“ဒီမနက်ကပဲ စာရရှိပါတယ်။ မင်းသဘောအတိုင်းကိုယ် လိုက်လျောပါ့မယ်။ ဒါပေမဲ့

မင်းအပေါ်ထားတဲ့ကိုယ့် ချစ်ခြင်းတွေက ဘယ်တော့မှ ရပ်တန့်မသွားဘူးနော်။

မင်းတစ်ခုသိထားရမှာက..မင်းကိုယ့်ကိုလိုအပ်တဲ့အချိန် ခေါ်လိုက်ပါ ကိုယ်အမြဲ မင်းအတွက်

ဖြစ်စေရမယ်။”

That night, the King and Wallis met at a small restaurant in Piccadilly. Edward read Ernest’s letter again and again. “That’s wonderful news,” he said. “Nothing can stop us now!”

အဲဒီ ည မှာပဲ ဘုရင် နဲ့ ဝေါလစ် တို့ ပစ်ကယ်ဒီလီ က စားသောက်ဆိုင်လေး တစ်ခုမှာ ဆုံတွေ့ကြပါတယ်။

အက်ဒ၀ပ် က အားနစ် ရဲ့ စာကို ဖတ်ပြီး…

“ကောင်းသတင်းပါပဲ..ဘယ်အရာမှ ကိုယ်တို့အချစ်ကို  တားဆီးလို့မရနိုင်တော့ဘူးပေါ့။”

The next day, when Edward came to down to breakfast, Gordon Lang, the Archbishop of

Canterbury, was waiting for him.

နောက်တစ်ရက်ရောက်တော့..အက်ဒ၀ပ် နံနက်စာစားဖို့ဆင်းအလာ ကန်တာဘာရီ က ခရစ်ယာန် ဂိုဏ်းချုပ်

ကြီး ဂေါ်ဒန် လန်း က တွေ့ဖို့စောင့်နေပါတယ်။

“Good morning, Gordon,” the King said. “How nice to see you again. And what can I do for you?”

“မင်္ဂလာနံနက်ခင်းပါ..ဂေါ်ဒန်..” “တွေ့ ရတယ် ၀မ်းသာ ကြည်နှုး ပါတယ်။ ဘာများ အကူအညီပေးရမလဲဗျ…”

For a moment the Archbishop said nothing. Then he opened a small black bag and

took out three newspapers.

ခဏတော့ခရစ်ယာန်ဂိုဏ်းချုပ်ကြီး ဂေါ်ဒန်လန်းက ဘာမှာပြောသေးဘူးပေါ့။

ပြီးမှ..အိတ်အနက်ကလေးတစ်ခုထဲကနေ သတင်းစာ ၃ စောင် ထုတ်ပြပါတယ်။

“I’ve come to see you about Mrs Wallis Simpson,” he began. “The newspapers say that you want to

marry her. Are these stories true, Sir?”

ခရစ်ယာန် ဂိုဏ်းချုပ် ကြီး ဂေါ်ဒန် လန်း က ပြောပါတယ်။

“ကျွန်တော် ဒီကိုလာတဲ့ အကြောင်းက မစ်စစ်ဆင်မဆင် ကိစ္စပြောမလို့ လာတွေ့တာပါ။ ဒီသတင်းစာတွေက

အရှင်   မစ်စစ်ဆင်မဆင် ကို လက်ထပ်တောမယ်လို့ဖေါ်ပြ တားတယ်။ အဲဒီကိစ္စတွေက

အမှန်ပါပဲလားခင်ဗျာ..”

“Yes, Gordon, Wallis is going to be my wife.”

“ဟုတ်တယ် ဂေါ်ဒန်၊ ဝေါလစ် က ကျူပ်ဇနီး ဖြစ်တော့မယ်လေ..”

“But that’s not possible,” the Archbishop replied. “You know that what the Church

thinks about marriage and divorce. Divorce is wrong in the eyes of God!”

ခရစ်ယာန် ဂိုဏ်းချုပ် ကြီး ဂေါ်ဒန် လန်း က “မဖြစ်နိုင်ပါဘူး အရှင်..ခရစ်ယာန် ဂိုဏ်းချုပ် ကြီး ရဲ့

လိုက်နာရမယ့် အိမ်ထောင်ရေး စည်းကမ်းတွေကိုလည်း အရှင် သိနှင့်ပြီိးသားပါ။

လင်မယားကွာရှင်းခြင်းကို ဘုရားသခင် က အပြစ်လို့ မြင်ပါတယ် ဘုရားသခင် ရဲ့ အလိုကျမဟုတ်ပါဘူး”

 

Edward smiled and then said: “Can I ask you some questions about God, Mr Lang?”

“Yes, of course, Sir.”

Is God happy when two people fall in love?

“Yes, Sir, but…”

“And is God happy when two people fall in love and get married?”

“Yes, Sir, but…”

“Then, Archbishop, Wallis and I will make God happy. We are in love, we’ll get married, and we’ll live

together happily!”

အက်ဒ၀ပ်က ပြုံးပြုံးလေးနဲ့ မေးလိုက်ပါတယ်။

“မစ်စတာလန်း..မေးခွန်းနဲနဲမေးပါရစေ..”

“အမိန့်ရှိပါ အရှင်”

“လူနှစ်ဦး မေတ္တာရှိရှိချစ် ကြ တာ တွေ့တဲကအခါ ဘုရားသခင်က ကျေနပ်ပျော်ရွင်မှု့ ရှိရဲ့လား (ကန့်ကွက်လား)”

“ကျေနပ်မှု့ ရှိပါတယ်အရှင်”

“လူနှစ်ဦး မေတ္တာရှိရှိချစ် ကြ ပြီး လက်ထပ် အိမ်ထောင်ပြု တာ တွေ့တဲကအခါ ရော ဘုရားသခင်က ကျေနပ်ပျော်ရွင်မှု့ ရှိရဲ့လား (ကန့်ကွက်လား)”

“ကျေနပ်မှု့ ရှိပါတယ်အရှင်  ဒါပေမဲ့ .”

 

“ဟုတ်ပြီ…ဒါဆိုရင်.. ခရစ်ယာန် ဂိုဏ်းချုပ် ကြီး..ဘုရားသခင် ကို  ကျွန်ုပ်နဲ့ ဝေါလစ်

ကျေနပ်ပျော်ရွှင်အောင်လုပ်ပေးပါရစေ..ကျွန်ုပ်တို့ကချစ်ကြိုးသွယ်မေတ္တာရှိနေပြီ..လက်ထပ်ကြမယ်.

.ပျော်ပျော်ရွှင်ရွှင်ပေါင်းသင်းနေထိုင်ကြမယ်လေ..”

“But you don’t understand, Sir,” Mr Lang replied. “The Church says that divorce is wrong. Mrs

Simpson cannot leave

Mr Simpson and then marry you. You must forget about her and find another woman.

Please, Sir, I must ask you to think again.”

“ဒါပေမဲ့ အရှင် သဘောမပေါက်သေးတာဖြစ်မှာပါ.. ခရစ်ယာန် ဂိုဏ်းချုပ် ကြီး ရဲ့ လိုက်နာရမယ့်

အိမ်ထောင်ရေး စည်းကမ်းတွေ ထဲမှာ က ကွာရှင်းအိမ်ထောင်ပြုခြင်းကို အပြစ်တစ်ခုလို့ မြင်ပါတယ်။

မစ်စတာဆင်မဆင် က မစ်စစ်ဆင်မဆစ် ကို ကွာပြီး အရှင် ကို လက်ထပ်ပေါင်းသင်းလို့မရပါဘူး။

မစ်စစ်ဆင်မဆင်ကို မေ့ထားပြီး နောက်တစ်ယောက်ကို ရှာဖွေရပါမယ်။ အရှင် စဉ်းစားဖို့ ကျွန်ုပ်

တောင်းဆိုပါတယ် အရှင်..”

“That is not possible,” Edward said softly. “When Wallis is free, I shall marry her.”

အက်ဒ၀ပ်က လည်း ဖြေးဖြေးလေး ချေပပါတယ်.. “ဝေါလစ် ကင်းကင်းရှင်းရှင်း ဖြစ်သွားမှ ကျွန်ုပ် လည်း

လက်ထပ်မှာပါ..”

There is a long silence. The Archbishop looked down at the floor and shook his head.

“You’re making a big mistake, Sir,” he said. “The Church is very strong, and we will not

have this woman as our Queen!”

တစ်ခန်းလုံးငြိမ်ကျသွားပါတယ်။ ခရစ်ယာန် ဂိုဏ်းချုပ် ကြီး ကမျက်လွှာချထားပြီး

ခေါင်းတညိမ့်ညိမ့်လုပ်ရင်း…. “အရှင် အမှားကြီးမှားမယ်နော်… ခရစ်ယာန် ဂိုဏ်းချုပ် ရဲ့စည်းကမ်း က

အလွန်တင်းကျပ်ပါဘိနဲ့…နောက်ပြီး..ကျွန်ုပ်တို့ ကိုယ်နှိုက် ကလည်း ဒီအမျိုးသမီး ကို ကျွန်ုပ်တို့ ရဲ့

ဘုရင်မကြီး အဖြစ် လက်မက္ခံ နိုင်ပါဘူး အရှင်..”

Suddenly Edward stood up and, his face red and angry. “Thank you for coming,” he said.

“But I have nothing more to say. And I want to be alone.”

အက်ဒ၀ပ်ဘုရင် ဟာ ချက်ချင်းဆိုသလို မတ်တတ်ရပ် လိုက်တယ်။ မျက်နှာမှာ လည်း ဒေါသခိုးတွေနဲ့ နီမြန်းနေလေရဲ့။ ပြောပြီ…..

“ကျွန်ုပ်ဘာမှာအချင်းမပွားလိုတော့ဘူး…ပြောချင်းစိတ်လည်းကုန်ပြီ..

ကျွန်ုပ် တစ်ယောက်ထဲနေပါရစေ….ပြန်ပါတော့..”

The Archbishop stood up to go, but then turned and touched the King’s arm.

“Please, Sir, think again. The Church will be against you.”

ခရစ်ယာန် ဂိုဏ်းချုပ် ကြီး ဂေါ်ဒန် လန်း ခမျာလည်း မတ်တပ်အသာရပ်ပြီး ဘုရင့်လက်ကို ဆွဲလျှက်..

“အရှင်..စဉ်းစဉ်းစားစားလုပ်ပါ…ထပ်တလဲလဲစဉ်းစားပါဦး… ခရစ်ယာန် ဂိုဏ်းချုပ်

အသင်းတော်ကတော့ သေချာပေါက်ကန့်ကွက်မှာပါ..အရှင်…”

“I don’t care,” Edward replied. “I have God on my side, and that is all I need.

Goodbye, Mr Lang.”

ဘုရင်ကြီး အက်ဒ၀ပ် ပေါက်ကွဲပြီ……

“သဘောတူတာမတူတာ ငါ ဘာ ဂရုစိုက်စရာလဲ…ဂရုမစိုက်ဘူး..

ငါ့ဘက်မှာ ဘုရားသခင်ရှိတယ်…ဘုရားသခင်ငါ့ဘက်မှာ ရှိဖို့ လိုတယ်..သွားတော့..အခုထွက်သွား….

.မစ်စတာ လန်း……..”

The Church is very strong,and we will not have this woman as our Queen (Archbishop Lang)

 

 

Sonny

About Sonny

Sonny Min Naing has written 29 post in this blog.

A freelance English Teacher, fond of reading and writing poems.

Related posts:

  1. ဘုရင်တစ်ပါး၏ ချစ်ခြင်းတရား အပိုင်း(၃)
  2. ဘုရင်တစ်ပါး၏ ချစ်ခြင်းတရား အပိုင်း(၅)
  3. ဘုရင်တစ်ပါး၏ ချစ်ခြင်းတရား အပိုင်း (၆)
  4. ဘုရင်တစ်ပါး၏ ချစ်ခြင်းတရား အပိုင်း (၄)
  5. ဘုရင်တစ်ပါး၏ ချစ်ခြင်းတရား အပိုင်း (၂)