“ကျနော်လဲ တစ်နေ့ ဒီလိုဘဲ………………………….”
|815- Hits|“ကျနော်လဲ တစ်နေ့ ဒီလိုဘဲ………………………….”

1 ဆရာတော်တစ်ပါးကို မီးသဂြိုလ်ထားတဲ့ပုံ(3-12-2011)ကြာနီကန်

2- ရဟန်းသံဃာဖြစ်လို့ ဒီလိုသီးသန့်ဆောင်ရွက်ပေးတာ ဖြစ်မယ်ထင်ပါတယ်။

3 သံဝေဂရစရာ

4 မီးသဂြိုလ်တဲ့စက်ကြီးရဲ့အရှေ့ဖက်မှာသေချာလုပ်ပေးထားတာပါ။
(3-12-2011)နေ့ ကျနော့်အလုပ်က ကလေးမလေးရဲ့ဖခင်ဆုံးတော့ နာရေးလိုက်ပို့ပါတယ်။
မန်းလေးတောင်အရှေ့ဘက်ကြာနီကန်ကိုသွားပို့တာပါ။
ကြာနီကန်ကိုသွားရတဲ့လမ်းလေးက တစ်လမ်းထည်းရှိတာပါ။
လမ်းလေးက ကျဉ်းကျဉ်းလေး။
နာရေးအခုမှသွားပို့တဲ့ကားရော ပို့ပြီးပြန်လာတဲ့ကားပါရှုပ်ယှက်ခပ်။
လမ်းဘေးမှာတော့ ကလေးတွေက တန်းစီလို့နာရေးမှာကမ်းတဲ့ဆပ်ပြာမူန့်တို့
ရေသန့်တို့ကို ပစ်ချပေးဘို့တောင်းနေကြတာ တစ်လမ်းလုံး။
စိတ်ပျက်စရာ ဘယ်သူစလိုက်တဲ့ အဆင်မှန်းတော့ မသိဘူး။
ဒီနေ့မှ မီးသဂြိုလ်တဲ့နေရာကို ၀င်တဲ့လမ်းက ပျက်နေတော့
အသွားရောအပြန်ရောတစ်လမ်းထဲဆိုတော့လမ်းတွေပိတ်။
ပိုဆိုးတာက နာမူ့တစ်ခုကဒီမှာတင်သရဏဂုံတင်တော့
သူတို့နဲ့ပါလာတဲ့ကားတွေရပ်ထားတော့ ပိုဆိုးသွားပါတယ်၊
အဲတော့ ခါတိုင်းလိုမဟုတ်ဘဲ သချိုင်းကိုကျော်ပြီး အဝေးကြီးမှာကားသွားရပ်။
နောက်မှလမ်းလျောက်ပြီးပြန်လာရပါတယ်။
ခါတိုင်းဆို မီးသဂြိုလ်တဲ့နေရာတင်လှည့်ပြန်။
အခုတစ်ခါမှ သူ့အရှေ့ဘက်ကိုရောက်တော့ ဒီနေရာမှာ မီးသဂြိုလ်စရာနေရာရှိမှန်းတောင်မသိခဲ့ပါဘူး။
ဒီမြင်ကွင်းလေးလိုကြည့် လို့ တစ်နေ့နေ့ မှာ
ကျနော်လည်း ဒီလို……………………………….
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(3-12-2011)
(ဒီထက်ပိုရိုက်ချင်ပေမယ် ကင်မရာဓါတ်ခဲ့ကုန်သွားတော့ ဒီလောက်နဲ့ကျေနပ်ခဲ့ရပါတယ်။)
Related posts:


မသွားချင်ဘူး ကြောက်တယ်၊
ဒါပေမဲ့ သွားရမယ်။
မလွဲသာ ရှောင်မရ ရင်တော့၊
နောက်ဆုံးမှ ရောက်ချင်ပေါ့လေ။
နေရာတိုင်းမှာ အမြဲပါ၊
VIP ဆိုသူတို့ကိုတော့၊
အရင်ဆုံးသာ ပို့လိုက်ပါ
နော်….ကိုပေါက်ရာ ။
Was this answer helpful?
LikeDislikeတားတားလဲ ..တိတော့တိတယ်
ဒါပေမယ့် ….ကြောက်ချာဂျီဂျ
တားတား…ကြောက်ကြောက်…..
Was this answer helpful?
LikeDislikeအသေတတ်ဖို့ လိုသေးတယ်နော် သတိပေးတာပါ..။
Was this answer helpful?
LikeDislikeကျနော်တို့ ချီ (ခြေ) တဖက်ပဲ
ဒီဖက်မှာကျန်တော့တယ်။
Was this answer helpful?
LikeDislikeကိုပေါက် ရဲ့ အတွေးပါးပါး က ဒီတခါတော့ မပါးတော့ဘူး။
တွေးရင်းတွေးရင်း ……. ငိုချင်လာပြီ။
Was this answer helpful?
LikeDislikeနောက်ဆုံးတော့ လည်း ပြာ အဖြစ် ….။ ဒါမှမဟုတ်ရင် မြေကြီးအဖြစ် ရောသမ မွှေ သွားမှာ အမှန်အကန်ပါပဲ…………။ အဲဒိတော့ ဘယ်မှာ ဂုဏ် တွေ ရာထူးတွေ ပကာသနတွေ….။ သနားတယ်နော်…. ကိုယ့်ကိုကိုယ် ပြောတာပါ……။ ရွှေမန်းတင်မောင်သီချင်းလေးလိုလေ……….. ‘မင်း’ တို့ ကိုလည်း အပြစ်မတင် ‘ချစ်ခင်’ ကိုယ့်ကို ကိုယ်ပင် သနားလှချည့်ရဲ့ လေးး ဆိုတာလိုပဲ…………
Was this answer helpful?
LikeDislikeစာမေးပွဲံပြီးတာနဲ့ ရွာထဲရောက်လာတာ သံဝေဂ ရစရာပါလား လေးပေါက်ရယ် အင်းပေါ့လေ သားသားလည်း ကျောင်းသားဆိုတော့ စာမေးပွဲကျတယ်ဆိုတာကိုခံရမှာပေါ့နော် မဆီမဆိုင်
Was this answer helpful?
LikeDislikeမြန်မာပြည်မှာရှိတုန်းက အသုဘ ပို့တဲ့အလုပ်ကိုတော်တော်လုပ်ဖြစ်ပါတယ်။
မြေမြုပ်၊ ဂူသွင်း၊ မီးသဂြိုလ်၊ပြာကိုအိုးထဲထဲ့ပြီးဂူပြန်သွင်း ဒါမှမဟုတ် ရေပြန်မျှော၊
အို စုံလို့ပါဘဲ။
မြေမြုပ်တာဆိုရင် အလောင်းကိုသေသေချာချာကြည့်မိတယ်။
မီးသဂြိုလ်စက်နဲ့ သဂြိုလ်တာမဟုတ်တာမျိုး ကြည့်ဘူးမှ တကဲ့ သံဝေဂ ရစရာကောင်းတာ။
“တံစူးဝါး” ဆိုတာကြားဘူးမှာပါ။
အဲဒါ မီးသဂြိုလ်တဲ့ အလောင်းကောင်ကို မီးကောင်းကောင်းလောင်အောင် အဲဒီဝါးနဲ့ လှဲ့ထိုး
တာတွေ့ဘူးတယ်။
အဲဒီ မီး သဂြိုလ်တဲ့ လူကြီးကပေါ့ အလောင်းကောင်ကြီးကိုလှဲ့ပတ်ပြီး မီးရှို့နေတာ ပေါ့။
အလောင်းကောင်ကိုမီးစွဲအောင်လည်း ရာဘာပြားတွေကပ်ပြီး ရေနံဆီလောင်းထားရသေးတယ်။
ဘုန်းကြီးတွေဆိုရင်တော့ ငှက်ချေးခံ ဆိုပြီး ဝါးကိုင်းမြင့်မြင့် လေးခုနဲ့ အဝတ်ဖြူလေးကို အပေါ်
က “မိုး” ပေးထားတတ်တယ်။
ပြီးတော့ အရိုးကောက်တယ်ပေါ့။ လူသေကိုရှို့ရင် ချေဖနောင့်ကအခက်ဆုံးဘဲ။
ကျနော် လူတွေ “မာန” ကြီးတာတွေ့ရင် အဲဒီ မီးရှို့တာ ပြေးပြေးမြင်တယ်။
တော်ပြီနော်။
ပြောမယ်ဆိုရင် အသုဘ နဲ့ ပတ်သက်ပြီး ပြောစရာတွေကအတွေ့အကြုံတွေအများသား။
ဟဲ ဟဲ ရိုးရိုးလိုက်ပို့တာပါ။စပ်စုတတ်လို့ပါဗျာ။ကလေးသာသာလေးဆိုတော့သိချင်တာနဲ့။
ကိုကျော်သူတို့မရှိခင်ကပေါ့။
Was this answer helpful?
LikeDislikeတခါမှ သေချာ မမြင်ဘူးဘူး။
သေချာလေး ပြောပြပါလား။
Was this answer helpful?
LikeDislikeအင်း သေရင် ပြာဖြစ်ပြီဘဲ
တစ်သက်လုံး ရှာထားသမျှ စည်းစိမ်ဥစ္စာရွှေငွေရတနာ
အားလုံး..အားလုံး… ချန်ခဲ့ရမယ်ပေါ့နော်
အောင်မငှီး
ဆောက်တည်ခဲ့တဲ့ သီလ
ပွားများခဲ့တဲ့ ဘာဝနာ တွေ ဘဲ
ပါလာမယ်ပေါ့နော်
ဂွတ်ထ ဂွတ်ထ
Was this answer helpful?
LikeDislikeကိုပေါက်ရေ-
ကိုယ့်ကိုကိုယ် သေခြင်းတရားကို ရင်ဆိုင်ရဲပြီလားလို့ မေးကြည့်ခဲ့ဖူးသမျှ …
မလိမ်မညာစတမ်း ပြောရရင်တော့..
ခုချိန်ထိတော့ ကြောက်လန့်နေတုန်းပဲ။
ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်အောင် ကြိုးစားနေဆဲပါပဲ။
Was this answer helpful?
LikeDislikeကျွန်တော်ကတော့ ကြောက်တာထက် နောက်ဆံတင်းတာ ပိုတယ်ဗျ …
အော် ငါမရှိရင် ၀တ်မှုံချွေရီလေး ဘယ်လိုနေခဲ့ပါ…
ကျန်တဲ့ ဟိုလူရီးတသိုက်ကလဲ ယုံရတာ မဟုတ်….
Was this answer helpful?
LikeDislikeဒီအတွက်ကတော့ မပူနဲ့ ရွာထဲမှာရှိတဲ့ ငါတို့လူကြီးတွေက ၀ိုင်းစောင့်ရှောက်မှာပေါ့။
သေစရာရှိရင်သေသာသေ နောက်ဆံမတင်းနဲ့နော်။
Was this answer helpful?
LikeDislikeမွေးဖွားခြင်း သေဆုံးခြင်း ရိုးရှင်းလွန်းတဲ့ သဘာဝတရား၊ ဒါပေမဲ့ အဲ့ဒီ၂ခုကြားက ရှင်သန်ခြင်းမှာတော့ လောဘ၊ဒေါသ၊မောဟတွေနဲ့ ထုဆစ်ရင်း အပြန်ခရီးမှာတော့ ကိုယ်ပြုခဲ့တဲ့ အတိုင်းသာ ကိုယ်ပြန်စံစား၊ခံစားရတာလဲ သဘာဝပါပဲ။
Was this answer helpful?
LikeDislikeသိပ်ဟုတ်တာပေါ့ဗျာ။
အစနဲ့အဆုံးကြားမှာ ကောင်းမွန်စွာနေထိုင်နိုင်ဘို့ ကျနော်တို့ခင်ဗျားတို့
အမြဲကြိုးစားနေရမှာပါနော်။
Was this answer helpful?
LikeDislikeကိုပေါက်ရေ… တီချာတော့ သေတာထက်နာနေပြီးသူများကိုဒုက္ခပေးရမှာပိုကြောက်မိတယ်ကွဲ့။
အခု မသေခင်ကြိုလုပ်ထားနှိုင်တာကတော့ အများပြောကြသလို ဝိပဿနာပွားများထားတာအပြင်
တစ်ခုရှိသေးတယ်။
ကိုယ့်နာရေး ကြော်ငြာ ကိုယ်ဖာသာရေးထားကြည့်နှင့်တာလေ။
Was this answer helpful?
LikeDislikeကိုပေါက် မသိလို့ တစ်ခုမေးပါရစေဗျာ
ထင်းမီးနဲ့ သဂြိုလ်တဲ့အခါ မီးအားမကောင်းရင်
လူရဲ့ တင်ပဆုံရိုးအစရှိတဲ့နေရာတွေဟာ
ပြာအဖြစ်မပြောင်းပဲ ကျန်ခဲ့ပါတယ်တဲ့
အဲ့ဒါဟုတ်သလားခင်ဗျာ… မသိလို့ပေါနော့..
Was this answer helpful?
LikeDislikeမသွားချင်ဘဲ ရောက်ရမှာက သေရွာဆိုတာပေါ့ ဆရာပေါက်ရေ…။ အသေလွတ်တဲ့နေရာ သွားဖို့ကိုတော့ ဆင်ခြေတွေ အမျိုးမျိုးပေးနေကြတာ ကျွန်တော်တို့ပါဗျာ….။
Was this answer helpful?
LikeDislikeအသုဘ ဆိုလို့ အသုဘပို့တဲ့သူတွေရှိတယ် ကျွန်တော်လည်းငယ်ငယ်က ကျောင်းအုပ်ဆရာကြီးဆုံးတုံးက တစ်ခါလိုက်ပို့ဘူးတယ် လိုက်ပို့တဲ့သူတွေက သေဆုံးသွားသူရဲ့ နောက်ဆုံးခရီးကိုဝမ်းနည်းလို့လိုက်ပို့ ကြတာလား ဒါမှမဟုတ် သေဆုံးသူရဲ့မိသားစုတွေဝမ်းနည်းပူဆွေးမှုတွေကိုမျှဝေခံစားတဲ့အနေနဲ့ လိုက်ပို့ကြတာလား သူငယ်ချင်းတို့ဘယ်လိုမြင်လဲမသိဘူး
Was this answer helpful?
LikeDislikeကျွန်တော်ကတော့ အသုဘ လိုက်ပို့ဖြစ်ရင် အဲဒီအသုဘကြီးကို ကြည့်ပြီး
ဝိုင်းငိုကြတဲ့ လူတွေကို စိတ်ဝင်စားလို့ စေ့စေ့စပ်စပ်နဲ့ အသေအချာကို
လိုက်ကြည့်တတ်တယ်.. အဲဒီအချိန်မှာ သူတို့ခံစားမှုတွေကို မှန်းဆလို့ရတယ် ထင်တာပဲဗျာ..
တချို့ တရားရှိပါတယ်ပြောတဲ့လူတွေ တောင်တရားပျောက်တဲ့ အချိန်ဆိုတော့
ဘယ်လိုများ အံတုကြသလဲလို့..
Was this answer helpful?
LikeDislikeုဟုတ်ပါတယ် မီးအားမကောင်းရင် အဲဒီနေရာတွေက ကျန်နေတတ်ပါတယ်။
ကျနော်1976လောက်က တော့ မီးသဂြိုလ်တာထိုင်ကြည့်ဘူးတယ်။
ကြောက်စရာ လူကြီးက ကြွကြွတက်လာတာ။
တုတ်နဲ့ထိုးချရတယ်။
နောက်တဖုန်းဖုန်းနဲ့အသံတွေပေးပြီးပေါက်ထွက်တယ်.
မျက်လုံး ၀မ်းဘိုက် နောက်အောက်က ပစ္စည်းပေါ့။
အဆီတွေထွက်တော့ အသံတွေက တဖျစ်ဖျစ်မြည်လာတယ်။
နံတော့လဲအတော်နံတယ်။
Was this answer helpful?
LikeDislikeငါ သည် မုချ သေရမည် အချိန်ပိုင်းသာ လိုတော့သည်။
မသေချင်မှာ ဘာလုပ်ကြမလဲ..
သေရင်တော့ ဘာမှ မသိတော့ဘူး လို့ လူတွေက ပြောတယ်။
သေရင် ဘာမှ မသိတော့တာ သေသွားတဲ့ လူ က မသိတော့တာ မဟုတ်ဘူး သေသွားတဲ့ လူ သွားတဲ့ လားဂာ ဂတိ ကို မသိကြတော့တာ။
ကိုယ် လုပ်ထားတဲ့ အထုတ် ရှိသလောက်တော့ ခံစား စံစားရအုန်းမှာပါပဲ။
Was this answer helpful?
LikeDislikeတွံတေးသိန်းတန်ကတော့ဆိုသွားတာဘဲ
သေချင်သေ သေရင်မြေကြီးပါကွယ်တဲ့………………….
Was this answer helpful?
LikeDislikeအခု သင်းဂြိုလ်တဲ့ပုံမှာ မီးအားမကောင်းလို့လား မသိဘူး၊ ပြာလုံးလုံး ဖြစ်မသွားဘူးနော်။ ခြေရင်းမှာလည်း ထင်းတွေ ကျန်နေသေးတယ်။
Was this answer helpful?
LikeDislikeအင်း.
သက်တော်ရှည် အထောက်တော် ဘိုးပေါက်ဖော်တို့ ကတော့ ဒီိလိုဖြစ်ဖို့ လိုပါသေး၏…
မဖြစ်ခင်.ကောင်းမှုကုသိုလ်လေးတွေတော့ လုပ်ထားမှ..သင့်မယ်..
ဘုရား.ဘုရား..
Was this answer helpful?
LikeDislikeကွေးသောလက်မဆန့်ခင် ဆန့်သောလက်မကွေးခင်တဲ့
မြန်မြန်နော် အချိန်မရှိတော့ဘူး
တော်ကြာကီးဘုတ်ကိုင်ရင်းတန်းလန်း
Was this answer helpful?
LikeDislikeတစ်ရက်ကုန်ပြန် ငါ့ရုပ်နာမ် သေရန်တစ်ရက်နီးလာပြီ …. အင်းးးးး မသေခင် ကိုယ့်နောက်ပါမယ့် သီလ၊ဒါန၊ဘာဝနာ တရားလေးတွေ အားထုတ်ထားအုံးမှ ….
Was this answer helpful?
LikeDislikeလူတွေကို မီးရှို့လိုက်တဲအခါ အပူဒဏ်ကြောင့် လူကျောရိုးတွေက ခုံးပြီး ကြွတက်လာပါတယ်။
နောက်ပြီး မီးအပူကြောင့် အကြောတွေကရုန်းကြွလာတော့ ထထိုင်သလိုဖြစ်သွားတာပါ။
Was this answer helpful?
LikeDislike