24
ကျွန်ုပ်သိသမျှ MLM (Multi-Level Marketing)
|1070- Hits|
Namo Tassa Bhagavato Arahato Samma Sambuddhassa ... ကျွန်ုပ်သည် ဤ ဆောင်းပါးအား ရေးသင့်၏ မရေးသင့်၏ အကြိမ်ကြိမ် အဖန်ဖန်စဉ်းစားသုံးသပ်ပြီးမှ
နောက်ဆုံးတွင် ရေးသင့်၏ ဟူသောဘက်မှ လွန်စွာ အလေးသာသွားသည့် အားလျော်စွာ တတ်စွမ်းသမျှ
ရေးသားပြုစုအပ်ပေသတည်း။အကြောင်းအရာပါ အချက်အလက်များ ပညာရပ်ဆိုင်ရာ အယူအဆများ
မှားယွင်းချွတ်ချော်ခဲ့သည်ရှိသော် ကျွန်ုပ်တွင် အပြည့်အ၀ တာဝန်ရှိသဖြင့် ကျွန်ုပ်အား သဘောရှိသလို
ဝေဖန် ထောက်ပြ နိုင်ပါသည် စာရှု သူ ချစ် မိတ်ဆွေ ခင်ဗျား။ Multi-level marketing (MLM) ဆိုရာဝယ် marketing strategy တစ်ခုသာဖြစ်၏။အနှီ စနစ်သည်ကား
sales force သက်သက်ရယ်သာမဟုတ်ဘဲ ရောင်းချသူ လူတမ်းစားများ network သဖွယ် pyramid သဖွယ်
ကွန်ယရက်စုဖွဲ့၍ mass media မသုံးဘဲ (၀ါ)မကြော်ငြာဘဲ door-to-door(၀ါ) one-to-one စနစ်ဖြင့်
ရောင်းချသော စနစ်ဟုလည်း မည်၏။
ကျွန်ုပ်၏ ယခုဆောင်းပါးမှာ ကား အနှီ စနစ်၏ ကောင်းမှု ဆိုးမှု အထွေထွေကို ဝေဖန် ပိုင်းခြား ဆွေးနွေး
သုံးသပ်ရန် သာဖြစ်ပေသည်။ အနှီစနစ်ဖြင့် စီးပွားလုပ်ကိုင်ကြသောပြည်တွင်းပြည်ပမှာ ကုမ္ပဏီ ကြီး ငယ် များ
၎င်းတို့နှင့် ပတ်သတ်ဆက်နွယ်သူများအား ဝေဖန် တိုက်ခိုက်လိုခြင်း ကဲ့ရဲ့ရှုံ့ချလိုခြင်း အလျင်း မရှိဟု
ဦးစွာပဏာမ မွက်ကြားပါရစေ။ထို့အတူ ဘယ် ကုမ္ပဏီကတော့ ဘယ်သို့ ဆိုတာမျိုး ပုဂ္ဂိုလ်ရေး အစွဲ
(အမည်နာမ အပြည့်အစုံ)နှင့်လည်း ရေးသားမည် မဟုတ်ကြောင်း ထပ်လောင်း အသိပေးပါ၏။ စာရှုသူ
ချစ်မိတ်ဆွေအား ဤဆောင်းပါး တစ်ပုဒ်တည်းဖြင့် တထိုင်တည်း ပြည့်စုံစေ့ငုစွာ ဖတ်ရှုစေချင်သော
ကျွန်ုပ်စေတနာကြောင့် ဆောင်းပါးရှည်သွားလျင်လည်း သီးခံ ခွင့်လွှတ်ပေးပါရန်ဤနေရာမှ ချစ်ခင်သောစိတ်ထား
ကို အရင်းခံ၍ ပန်ကြားအပ်ပေသည်။
၁. သမိုင်း
MLM စနစ်၏ သမိုင်းကို တူးဆွရလျင်ဖြင့် အမေရိကန် ပြည်ထောင်စု ရှိ California Vitamin Company (Nutrilite)မှ
အစပြုခဲ့သည်ဟု ဆို၏။ distributors ဟု ဆိုအပ်သော လုပ်ခလစာ မခံစားသော ဖြန့်ချိရေးသမားများ ၏
ကွန်ယက် သဖွယ် စုစည်းမှု ဟု သတ်မှတ်ရမည် ဖြစ်၏။ commission ဟု သမုတ်အပ်သော ရောင်းရငွေအပေါ်မှ
အကျိုးဆောင်ခ ရာခိုင်နှုန်းတခု ဖြင့် ရပ်တည်သည်ဟု အလွယ်လေးဆိုနိုင်ပေသည်။ MLM ၏ သရုပ် ကိုပေါ်လွင်အောင်
model တခုဖြင့် ရှင်းအံ့။
၂.Typical MLM model (8 Balls model)
ဘောလုံးငယ် ၁၅လုံးပါဝင်သော model တခုကို မြင်ယောင်ကြည့်ပါလော့စာရှုသူချစ်မိတ်ဆွေ။ ၁-၂-၄-၈ ဟူသော
အဆင့် ၄ဆင့်ကို ပုံဖော်ကြည့်ပါကုန်။
Fig 1.1 8 Balls Model
အဆိုပါmodel အား လေယာဉ်ပျံ တစ်စီး၏ ဖွဲ့စည်းပုံမျိုး ဆက်လက်ရှင်းလင်းအံ့။ pyramid ၏ ထိပ်ဆုံး ရှိ ဘောလုံးအား
လေယာဉ်မှူး Pilot အဖြစ် လည်းကောင်း။ ဒုတိယတန်း ရှိ ဘောလုံး၂ လုံးမှာ မူ Co-Pilot ၂ဦး အဖြစ် လည်းကောင်း။
တတိယတန်းရှိ ဘောလုံး ၄လုံးမှာ လေယာဉ်မောင်မယ်များ Crew အဖြစ်လည်းကောင်း။
စတုတ္ထ(၀ါ) အောက်ဆုံးတန်းရှိ ဘောလုံး၈လုံးကိုမူ ခရီးသည် passengers အဖြစ်လည်းကောင်း မှတ်ယူပေးကြပါကုန်။
ခရီးသည် တစ်ဦးသည် အဆိုပါ ခရီးစဉ်တွင် ပါဝင်ခွင့်ရအောင် $1000 ပေးသွင်းရသည်ဆိုအံ့။ စုစုပေါင်း ခရီးသည် ၈ဦး
$8000 ဖြစ်၏။ ထိုငွေသားကို Captain က ရယူလေသည်။ Theory အရ Captain အကုန်ယူသည်ဟု ဆိုခြင်းဖြစ်ရာ
လက်တွေ့ MLMများတွင်မူ Co-Pilots များနှင့် Crewသားများ ခွဲဝေယူကြသည် ကိုလည်းတွေ့နိုင်ပေသည်။
သို့သော် သေချာသည်မှာတော့ အများစု ကို Captain ကယူ၏။
ထို့နောက် Captain သည်လေယာဉ်ကို စွန့်ခွာပေသည်။ (ဆက်လက် ငွေကြေးခံစားခွင့်မယူ တော့သည် ဟု ဆိုလိုသည်)။
ထိုအခါ pyramid ၏ ကျန်လူများ promotion ရ၏ ။ Co-pilots များသည် သီးခြား Captain ၂ဦးဖြစ်သွားပြီး Passengers
များပင် Crew အဆင့်ရောက်၏။Pyramid လည်း ၂ခြမ်းဖြစ်သွားလေပြီး သီးခြား ခရီးသယ် အသစ် ၈ယောက်စီ ပါဝင်ခွင့်ရ၏။
ဤနည်းဖြင့် MLM သည် ကြီးမားကျယ်ပြန့်စွာ ဖြန့်ကျက်တော့သတည်း။
၃. MLM ဘာကို ဘယ်လို ရောင်းသနည်း?
MLM ၏ အားသာချက်များ ကို ဦးစွာဖော်ပြအံ့။ mainstream channels များ အသုံးမပြုသောကြောင့် ကြော်ငြာခ စရိတ် ၊
distribution စရိတ်၊Branding cost ၊ထို့ပြင် အရောင်း ဆိုင်များ ဖွင့်လှစ်ရသော ၀န်ထမ်းငှားရသော အစရှိသည့်
အထွေထွေ စားရိတ်များ လွန်စွာ သက်သာ၏။ သာမန်စီးပွားရေး အတွေးအမြင်နှင့် ပြောရလျင် ထိုသို့စရိတ်စက သက်သာ
သောကြောင့် ဈေးကွက်တွင်း အခြား နှိုင်းယှဉ်ပစ္စည်း (competitors' products) ထက်စာလျင် ချိုသာသောဈေးဖြင့်
ဖြန့်ချိ ရောင်းချ နေသည် ဟု မြင်နိုင်ပေသည်။ သို့ရာတွင် လက်တွေ့ဝယ် ထိုသို့ မဟုတ်သည်ကို တွေ့ရှိရပေမည်။
MLM အများစုသည် pharmaceutical products ဟုဆိုအပ်သော ဆေးဝါးနှင့် အလှကုန်တို့၏ ကြားကျသော
ပစ္စည်းများကို ရောင်းဝယ်သမှုပြုကြလေသည်။ ဈေးကွက်တွင်းရှိ သာမန်လူသုံးကုန် အလှကုန် တို့ထက် သာလွန်
ကောင်းမွန်သော(သာလွန်ကောင်းမွန်သဖွယ်ရှိသော) ပစ္စည်းများ လည်းရောင်းတတ်ကြ၏။ Value-added လုပ်ထားသော
ထုတ်ကုန်များဖြစ်ရာ သာမန်ပစ္စည်းတို့ နှင့်ယှဉ်ပါက ဈေးကြီး၏။ ဖြည့်ဆည်းထားသော Value ၏ တန်ဖိုးထက်ပင်
Cost ကျသင့်မှု များစွာ ပိုမိုသော MLMများ ပင်ရှိသေးသည်။ အဘယ့်ကြောင့်ဆိုသော် pyramid စနစ်ကို အသက်ဆက်စေရန်
လောင်စာ ဖြည့်ဆည်း ရသည့် သဘောနှယ် အဆိုပါလောင်စာကို စားသုံးသူထံမှ ကောက်ခံသည့် သဘောပေတည်း။
၎. MLM ဘာလဲ?
အထက်ပါ အတိုင်း ဆိုရသော် စားသုံးသူအတွက် အခြား ပစ္စည်းများထက် သာလွန်ကောင်းမွန်သော ထုတ်ကုန်များကို
ဖြန့်ချိရောင်းချပေးနေသော၊ (စားသုံးသူပင်လျင် ဖြန့်ချိသူဖြစ်ခွင့်ရှိသော) member များ အကျိုးများသော အဆိုပါ
စနစ်သည် ပြည့်စုံကောင်းမွန်သော Marketing Strategy တစ်ခုဟု စာရှုသူ ယူဆပါသလား? ဤမျှ ကောင်းမွန်နေလျင်
အဘယ့်ကြောင့် အလုံးစုံသော ကုမ္ပဏီ ကြီးငယ်တို့သည် အနှီ စနစ်ကို မသုံးစွဲပါသနည်း ? ထို မေးခွန်းများ၏ အဖြေအတွက်
ဤ စနစ်ကိုပင် အခြားသော model တခု သုံးကာ ဆွေးနွေး တင်ပြပါအံ့။ ခြေ ၆ချောင်း ရှိသော ပင့်ကူသဖွယ် မြင်ကြည့်ပေး
စေလိုပါသည်။ ခေါင်း၁လုံး ၆ခု နှုန်းဖြင့် hierarchy အဆင့်ဆင့် ပွားလာသည် ဟု မြင်ကြည့်ပေးပါကုန်။ ၁-၆-၃၆-၂၁၆-၁၂၉၆
စသည့် member ဦးရေ နှုန်းဖြင့် level တဆင့်ချင်းစီ ခွဲထွက်သည်ဟု ဆိုပါချိမ့်။ Level 12 အရောက်တွင် member ဦးရေမှာ
2,176,782,336 ဦး ဖြစ်နေပြီး ကမ္ဘာ့လူဦးရေ ၃ပုံ၁ပုံ နီးနီး ဖြစ်နေရာ အဆိုပါ MLM မှ ကမ္ဘာမှာ လူ၃ဦးလျင် ၁ဦး member
ဖြစ်ရမည် ဟု ဆိုလိုနေကြောင်း တွေ့နိုင်ပေသည်။Level 13 တွင် 13,060,694,016 ဖြင့် ကမ္ဘာ့လူဦးရေ ၂ဆနီးပါး
ဖြစ်သွားပြီး ဖြစ်နိုင်ဖွယ်ရာ မရှိသော model အဖြစ်ရောက်ရှိသွားပေသည်။
Fig1.2
တဖန် မြန်မာပြည်အနေအထားဖြင့် ရှင်းလင်းတင်ပြအံ့။ Level 10မှာပင် member ဦးရေ သန်း၆၀ ပြည့် သွားပြီ ဖြစ်ရာ
တိုင်းပြည်ရှိ လူတိုင်း ဖြန့်ချိသူချည်းသာ ဖြစ်ကုန်တော့လေသည်(မည်သူ့ကိုရောင်းမည်နည်း?)။Level 8 ကို တဖန်
ပြန် ငဲ့ကြည့်ပါဦး ချစ်မိတ်ဆွေ။ Member ဦးရေ 1,679,616 ဖြစ်ပါသည်။ အကြမ်းဖျင်း လူ၁သန်းခွဲ member ဆိုပါစို့
Logic အရ ဖြစ်နိုင်ခြေ ရှိသော အနေအထား ဖြစ်သော်လည်း probability အရ တွေးခေါ်ကြည့် ပါအံ့။
ဆင်းရဲသော ကျွန်ုပ်တို့ တိုင်းပြည် အတွက်မူ အထက်မှာ ဆိုခဲ့သော ဈေးကြီးသည့် Value-added ပစ္စည်းများကို ကျန်
လူဦးရေ ၅၈.၅သန်းက (လူဦးရေ စုစုပေါင်း သန်း ၆၀ ဆိုပါက)၀ယ်ယူ နိုင်ပါမည်လော? Target customer သည်
မည်မျှ ရှိပါသလဲ။ အောက်တွင် ဖော်ပြထားသော လူတန်းစား အလွှာ ခွဲခြားမှု Pyramid ကိုကြည့်ပါလော့ မိတ်ဆွေ။
Fig1.3 Buttom line ကို target မထားသော Business model ဖြစ်လို့ နေပေသည်။ အရပ်သုံးစကားနှင့်ပြောရလျင် လူတကာ
ဝယ်မသုံးနိုင်သော(၀ါ) လူ့မလိုင်လွှာသုံး ပစ္စည်းများသာ ရောင်းချသော လုပ်ငန်း မည်၏။ ထိုအခါ ဘာဖြစ်ပါသနည်း?
၅. MLM ဘယ်လဲ?
8 Balls Model အရ ဆိုပါလျင် လူဦးရေ အများစု ရှိနေသော အောက်ဆုံး Level များမှာ promotion ဖြစ်ခွင့်မရ
(တစ်နည်း) Membership တွင် ကုန်ကျရင်းနှီး ထားသလောက် အကျိုးအမြတ် မရသည့်အခါ စွန့်ခွာကြတော့၏။
ဆက်လက် ရင်းနှီးလုပ်ကိုင်ခြင်း မရှိတော့ဘဲ လက်ရှိ အရှုံးပမာဏဖြင့်ပင် လက်စသတ်ကာ အခြားလုပ်ငန်း
ပြောင်းလဲလုပ်ကိုင် သည်ဟု ဆိုလိုသည်။ ထိုအခါ အထက်မှ အဆင့်များမှလည်း Pilot မှ Co-pilotသို့ Crewမှ Passengerသို့
အဆင့်ဆင့် ရာထူးကျ demotion ကုန်တော့လည်။ ထိုအခါ ထွက်လေ-ကျလေ-ကျလေ-ထွက်လေနှင့် MLM စနစ်
ပြိုလဲတော့ လေသတည်း။ စီးပွားရေးအရမူ ဤသည်ကို Domino Effect ဟုတင်စားလေသည်။ ဆင်လျက်ထောင်ထားသော
ဒိုးဇက်ပြားများ တစ်ခုလဲသည်နှင့် အခြား တစ်ခုကို တိုက်ချ လှဲပစ်တတ်ခြင်းပေ။
Fig 1.4
၆.ဘာ့ကြောင့် ထိုသို့ဖြစ်?
Marketing အယူအဆ အရ တင်ပြဆွေးနွေးအံ့။ ဈေးကွက်တို့၏ သဘောသည် တချိန်တွင် saturate ဖြစ်တတ်သည်။
ဓါတုဗေဒသဘောအရ ပင်လျင် ပြည့်ဝပျော်ရည် saturated solution ထဲသည့် ထပ်မံ ဖျော်သွင်း လို့မရသည့် သဘော
ကိုလည်းဆောင်ပေသည်။ လက်ရှိ ကျင်လည်နေသည့် Market ၏ Lifecycle ကို သရုတ်ခွဲ၍ မြင်တတ်ရန် လိုပေသည်။
Fig.1.5
ဤနေရာဝယ် မြင်သာအောင် Product ၃မျိုးခန့် သုံးကာ ဆွေးနွေးတင်ပြခွင့်ပြုပါ။ လက်နှိပ်စက် ဟူသော product
အမျိုးအစားရှိသော market သည် decline ဖြစ်နေသော market ဟု ဆိုလျင် ငြင်းမည်လား မိတ်ဆွေ။ ဒါဆိုလျင် Cell phone
တွေကရော? ဖွံ့ဖြိုးတိုးတက်သော ကမ္ဘာ့နိုင်ငံအသီးသီးတွင် cell phone ပင်လျင် Mature market ဖြစ်၍နေပေသည်။
ဖွံ့ဖြိုးမှု နောက်ကျနေသော(၀ါ) လူတိုင်း Cell Phone မကိုင်နိုင်သေးသော ကျွန်ုပ်တို့ တိုင်းပြည်တွင်သာ Growing Market
ဟု ပြောနိုင်ပေသည်။ နောက်ဆုံးသော ဥပမာ ကတော့ Maturity ကိုရောက်နေသည့် Market အမျိုးအစား အဖြစ် ဆပ်ပြာ
ဟု ညွှန်းချင်ပါသည်။ ဆပ်ပြာမတိုက်သော လူရိုင်းမျိုးနွယ်အသစ်များ ရိုးမတောင်တန်းများပေါ်မှ မပေါ်ထွန်းမချင်း
လုံးဝ Growth လည်းမရှိ (ထို့ပြင်) ဆပ်ပြာ မတိုက်ဘဲနေလို့လည်း မဖြစ်။တခြားလည်း အစားထိုးသုံးစရာ မရှိသော
Decline လည်းမရှိသော Market အမျိုး အစားဟုဆိုနိုင်၏ ။ တိုတိုနှင့် ရှင်းရှင်း ပြောရလျင် Market Life Cycle အရ
Market သည် Mature Stage ရောက်သွားပါက ထို MLM ဇာတ်သိမ်းခန်း နီးလာပြီ ဟု ပြောချင်ပါသည်။
၇. စစ်တမ်းများက ပြောတဲ့ MLM The Times ၏ အလို အရမူ Member ဦးရေ 33,000 အတွင်း လူ 90 သာ လုံလောက်သော ၀င်ငွေ ရရှိခဲ့သည်ဟုဆို၏။
99.7% သော ရင်းနှီးမြှုပ်နှံသူများအရှုံးပြလေသည်။
Newsweek အလိုအရတော့ 1% ထက်နည်းသော ရင်းနှီးမြှုပ်နှံသူများသာ အကျိုးအမြတ် ဖြစ်ထွန်းသည် ဟု ဖော်ပြ
ပါရှိ၏။
၈. ကျွန်ုပ် သိသော MLM
အချို့ MLMများ အမှန်တကယ် Product ထုတ်ကုန် ရှိ၏။ အချို့မူ မရှိ။ အနှီ မရှိသည့် MLMများကို ထပ်မံ သရုပ်ခွဲပါက
အတိုင်းအတာတခုထိ လုံလောက်သော အရင်းအနှီး ရရှိပြီးမှ ထုတ်ကုန် စထုတ်သော(၀ါ) လုပ်ငန်း စတင်လည်ပတ်သော
လုပ်ငန်းများနှင့် ဘာမှ မထုတ် မလုပ်ဘဲ Pilotsများ Co-Pilotsများ သာ အဆီစား၍ အသားမျိုနေသော လုပ်ငန်းအမည်ခံ
များကလည်း မနည်း။ သည်လို လုပ်ငန်းတွေမှာ ၀င်ပါမိရင် ဘာဖြစ်တတ်သနည်း?
မိမိရင်းနှီးမြှုပ်နှံထားသော ငွေရင်းပြန်ရရန် (၀ါ) မိမိကိုယ်တိုင်အညာခံ ထိထားမှန်း သိလျက်နှင့် မိမိငွေရင်းပြန်ရရန်အတွက်
မိမိက လူသစ်များအားလိုက်လံ လိမ်ညာရတော့သတည်း။ Member သစ်တိုးလျင် မည်၍မည်မျှ ပေးမည်။ ရောင်းအား
ဘယ်လောက်ရှိလျင်ဘာခံစားခွင့်ရမည်။ Point systemများ အရ Point ဘယ်လောက်ဆိုလျင် ဘာအဆင့် သတ်မှတ်ပြီး ဘာပေးမည်
ဘယ်ခေါ်သွားလည်ပတ်စေမည် စသော Loyalty schemes များ programmes များမှာ တင်းကြမ်း။
အမှန်အကန် လုပ်ငန်းများကို မဝေဖန်လိုသော်လည်း Market Saturated ဖြစ်လာမည့် အနေအထားကိုတော့ သတိချပ်စေလိုသည်ဟု
တိုက်တွန်းလိုပါသည်။
၉.နိဂုံး
အမြန်နည်းနှင့် သူဌေးဖြစ်လိုသူများ၊ အသိအမြင်ဗဟုသုတနည်းပါးပြီး နိုင်ငံခြား ဆိုတိုင်း မျက်စိမှိတ်
အထင်ကြီးတတ်သူများ ၊တဖက်သားက ကျလောက်အောင် အပြောကောင်းပါက စိတ်လွယ်တတ်သူများ၊
တိုင်းတပါးဝယ် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကိုင်စားသောက်ရကြရရှာသော ရွှေ့ပြောင်းလုပ်သားများ၏
ပြည်တွင်းမှ အိမ်သူသက်ထားများ၊ ဘယ်သူဘယ်ဝါလည်း ပါတာပဲ ဟုတ်မှာပါလေ
ဟု ပုဂ္ဂိုလ်စွဲ ရှိတတ်သူများ MLM ၏မာယာများကို အထူး သတိချပ်စေလိုပါကြောင်း။
နိုင်ငံတကာတွင် ငွေကြေးခ၀ါချမှုများ အရှုပ်အထွေးများ ပြဿနာ များ အများဆုံး ဖြစ်ပွားလျက်ရှိသော MLM စနစ်၏ သရုပ်ကို
တတ်စွမ်းသရွေ့ စာစီကုံးလိုက်ရပါတော့ သတည်း။
လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
Panca gunam aham vandami
Related posts:








အခုလိုရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်.. ဒါပေမယ့် တစ်ချို.အချက်တွေ သိပ်နားမလည်ဘူးဗျ စိတ်ဝင်စားပေမယ့် အဲဒီလောက် ဥာဏ်မမှီလို.နေမှာ..
“အမြန်နည်းနှင့် သူဌေးဖြစ်လိုသူများ၊ အသိအမြင်ဗဟုသုတနည်းပါးပြီး နိုင်ငံခြား ဆိုတိုင်း မျက်စိမှိတ် အထင်ကြီးတတ်သူများ ၊တဖက်သားက ကျလောက်အောင် အပြောကောင်းပါက စိတ်လွယ်တတ်သူများ၊ တိုင်းတပါးဝယ် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကိုင်စားသောက်ရကြရရှာသော ရွှေ့ပြောင်းလုပ်သားများ၏ ပြည်တွင်းမှ အိမ်သူသက်ထားများ၊ ဘယ်သူဘယ်ဝါလည်း ပါတာပဲ ဟုတ်မှာပါလေဟု ပုဂ္ဂိုလ်စွဲ ရှိတတ်သူများ MLM ၏မာယာများကို အထူး သတိချပ်စေလိုပါကြောင်း။”
ဒီစာလေးကိုတော့ အရမ်းကြိုက်ပါတယ်…
Was this answer helpful?
LikeDislikeနာမည်တွေကို ခဏခဏ မပြောင်းစေချင်ဘူး ဂီဂီ ရေ။
ဂိုင်း အင်ဇာဂီ ဆိုတဲ့နာမည်လေးက ပိုပြီး အင်အားကြီးပါတယ်ဗျာ။
အသာလုပ်ပါ ဆရာဂီရယ်။
Was this answer helpful?
LikeDislikeနာပြောတယ် လူကြီးတွေ မျက်စိနောက်အောင် မနေပါနဲ့ ဆိုတာ ကိုး ..
အခုတော့ ပြောပြီမလား…….
Was this answer helpful?
LikeDislikeကျေးကျေးပါ ဆြာရေ . ဒီရက်ပိုင်းတင် အသိ တစ်ယောက်က အသင်းဝင်ဖြစ်အောင် ပစ္စည်းဝယ်ဖို့ ပိုက်ပိုက်လိုလို့။ ပြီးရင် ဘယ်လို ပြန် အကျိုးရှိမယ် လာပြောလို့ ၊ ကြည့်လုပ်ပါ ဘဲ ပြောလိုက်နိုင်တယ် ။ ဆြာ စာ print လုပ်ပြီး ပေးဖတ်လိုက်ဦးမယ်။
သူက ရောဂါ တစ်ခုဖြစ်ပြီး ဘာဆေးဝယ်သောက်ရင် ဘယ်လိုကောင်းတယ် ၊ အသင်းဝင် လည်းဘယ်လိုဖြစ်ပြီး ဘယ်လို ပြန်ရှာနိုင်တယ်ဆိုပြီး အတော်သက်ဝင်ယုံကြည်နေတာ။
Was this answer helpful?
LikeDislikeအောင်မယ်ငီး …
အဲ့အသင်းက ကျုပ် ကို လာသတ်တော့မှာဘဲ …
(စိုးတယ် စိုးမိတယ် စိုးထိတ်မိတော့တယ် ….)
ဒါခညား ရေးသလားလို့ လာမေးလို့ကတော့ ဖင်ပိတ်ငြင်းမှာဂျ
ခိခိ….
အဲ့လာကြောင့် စာရေးနည်းကိုတောင် ကြိုးစားပမ်းစား ရုပ်ဖျက်ပီးရေးထားရတာ
Was this answer helpful?
LikeDislikeကိုရွှေတိုက်စိုးပြောတာမှန်တယ် ညီရေ့။သူ့စေတနာကိုသတိထားပေးလိုက်ပါ။
ကိုယ့်ပထမဆုံး ဗဟုသုတဆောင်းပါး(ရွှေစံချိန်စံနစ်ဆိုရာဝယ်) တုန်းက တော်တော်အခြေအနေဆိုး
ခဲ့တာကွ၊ နားမလည်လို့ဖတ်သူ မန့်သူနည်းခဲ့တာပေါ့ကွာ။
ညီကတော့ မင်းသားဆိုတော့ တမျိုးပေါ့။
~~~~~~~~~~
စာကိုမန့်ရရင်တော့ MLM ထက် MNCs တွေကိုပိုစိတ်ဝင်စားတယ်ကွာ။
ကိုယ့်သဘောကျတာကိုပြောတာပါနော့။(^^)
Was this answer helpful?
LikeDislikeခုတလော MNC တွေဝင်ဖို့ အသံတွေ သိပ်ကျယ်နေတယ် အစ်ကို ရေ့
ပြည်တွင်းက ဆြာကြီးဆြာမကြီးတွေလည်း local SMEs တွေ
ဂန့်သွားမှာ တွေးပူနေကြတယ် ဖတ်ဖူးတာပဲ …
တချို့SMEsတွေကတော့ ဆြာတွေ ပူတတ်ရန်ကော ထင်ကောင်းနေတုန်း..
ပညာရှင်တွေ စားပေါက်ထွင်တယ် တွေးတုန်း ……
MNCs တွေကို က အစ်ကိုရေးဖို့ ညီချန်ထားပါသည်ခင်ဗျား…
အစ်ကိုစ လိုက်ပါဗျာ ညီ တတ်သလောက် မှတ်သလောက် catch-ball လုပ်ပါ့မယ် …
(ဟီဟိ)
Was this answer helpful?
LikeDislikeစိတ်ဝင်စားတယ်ဆိုတာ “ရေးချင်” တာဟုတ်ဘူး။
ဟဲ ဟဲ စိတ် ဝင်စားတာ။
လောလောဆယ် ကြေးပြားရှာလိုက်အုန်းမယ်။ဘာမှကောင်းကောင်းရေးဘို့စိတ်ကူးမရှိ။
ငါညီလေး ရေးတာရှယ်ကောင်း။
ဆက်ချ။ ဆက်ချ။(^^)
Was this answer helpful?
LikeDislikeခေါင်းစဉ်ကိုပဲ ဖတ်ပြီး ဆင့်ပွား မားကက်တင်း ကောင်းကြောင်း ပြောတယ် မှတ်လို့ ကျော်ဖတ်သွားတော့မလို့…။ ထောက်ခံပါတယ် နက်ဝက်ခ် မားကက်တင်းစနစ်သည် သိပ်မအောင်မြင်ပါဘူး။ နောက်ပြီးတော့ သိပ်လည်း ကျင့်ဝတ်နဲ့ မကိုက်ညီဘူး။ မားကက်တင်း ဗျူဟာနဲ့ဆို push strategy ဖက်ရောက် မလားမသိဘူး။ ကုမ္မဏီက ဈေးကွက် အသုံးစရိတ် မတတ်နိုင်လို့ ကော်မရှင်များများပေး လူရှာတာများတယ်။ အကောင်ကြီးများ ဒီနည်းကို မသုံးပါဘူး။ အဖွဲ့ဝင်ဆွယ်ကထဲက မောင်မောင်ဂီပြောသလို တရာမှာ တယောက်လောက် အောင်မြင်တာကို ညွှန်းပြီးလုပ်နေကထဲက မှားနေပြီ။ အိမ်မြေအကျိုးဆောင် လောကမှာတော့ လက်လှမ်းမှီရာ စပ်တူကွန်ယက်ချိတ်ပြီး အရောင်းအဝယ်ဖြစ်ဖို့ ကြိုးစားတယ်။ အရောင်းအဝယ် တန်ဖိုးကလည်းကြီး၊ အချိန်ကလည်း ယူရတော့ သူတို့အတွက်တော့ အကျိုးရှိတယ်။ သို့သော် လူသုံး၊ အိမ်သုံး၊ ဆေးဝါး ဆိုင်ရာ နယ်ပယ်တွေမှာပါ သုံးဖို့ကြိုးစားလာတော့ ရှုပ်ကုန်တယ်။ အစကနဦးတော့ အချင်းချင်း ပါးစပ်ပြောနဲ့ အောင်မြင်ပေမဲ့ ရေရှည်မှာ အလုပ်ဖြစ်တာနည်းတယ်။ သူ့နည်းသူ့ဟန်နဲ့ တည်ရှိနေမှာ ဖြစ်ပေမဲ့ တကယ့်ဈေးကွက် ဗျူဟာတခုအဖြစ်တော့ ရပ်တည်နေနိုင်မယ် မထင်ဘူး။။။။
Was this answer helpful?
LikeDislikeအထင်တော်မလွဲလိုက်ပါနဲ့ ဦးကြောင်ရဲ့
ကိုယ်လိုရာစွဲပြီး ပေါက်ပန်း၄၀ ရေးတတ်တဲ့အထဲ
တားတား မပါပါဝူး…ခည
တားတားက ဂျာပွန် ဇိမ်ဘုန်းကြီးမှ မဟုတ်တာကိုး နော..
Was this answer helpful?
LikeDislikeအင်းကိုကြောင်ကြီး ကိုကြောင်ကြီး ခင်ဗျားပြောတဲ့” သူ့နည်းသူ့ဟန်နဲ့ တည်ရှိနေမှာ ဖြစ်ပေမဲ့ တကယ့်ဈေးကွက် ဗျူဟာတခုအဖြစ်တော့ ရပ်တည်နေနိုင်မယ် မထင်ဘူး။။။။” ဆို၇င်တော့ လေ့လာလိုက်ပါဦး ဟီးဟီး ..
အဓိက ကတော့ အခြေခံ ဖြန်.ချီတဲ့ ပစ်စည်းပေါ်မှာ မူတည်ပါတယ်..
Comment မပေးခင် အ၇င်ဆုံး ဂဂဏဏ လေ့လာစေချင်သဗျာ..
ဆ၇ာလုပ်တယ်လို. မထင်စေချင်ပါဘူး.. တစ်ချို. American Products တွေဟာ တ၇ားဝင်လာလို.မ၇သေးတာကို သိစေချင်တယ်.. ကိုယ်နိုင်ငံရဲ့ အနေအထားအ၇ ဖြစ်နေကြုံနေတာတွေကို ချည်းပဲ အခြေခံပြီး မမန်.စေချင်ဘူးဗျာ..
Was this answer helpful?
LikeDislikeအားလုံးရဲ့ အနှုတ်တွေကို အပေါင်းလိုက်လုပ်ပေးလိုက်တယ်။
ကိုယ်ဟာကိုယ်ကျ လုပ်မရဘူးဗျ။
~~~~~~~~~~~~~~~~~~~~~~~~~
နောက်တခုက ရွာထဲ၊မှာ မာကက်တင်း နားလည်သူတွေ များသားလို့ တွေ့ရတယ်။ကော်မန့်တွေအရပေါ့နော်။
ရေးစေချင်ပါတယ်။ မာကက်တင်းဆိုတာ လူတယောက်ရဲ့ ခြေလှမ်းလေးတွေကိုပြောပြနေတာနဲ့ သိပ်တူပါတယ်။
ကြိုမှန်းလို့ရတဲ့ ခြေလှမ်းတွေရှိသလို လှမ်းနေတုန်းမှားမှန်းသိသိနဲ့ ရှေ့ဆက်ကောင်းလာမလားဆိုပြီး မျှော်မှန်း
လှမ်းနေရတဲ့ခြေလှမ်းတွေ၊ သေသေခြာခြာသိပြီး လှမ်းလိုက်ကာမှ လဲကျသွားတဲ့ ခြေလှမ်းလေးတွေလိုပါဘဲ။
တစုံတရာသော အတွေ့အကြုံနဲ့ အဲဒီအတိုင်းမှန်တယ် ဆက်ချ ဆိုပေမဲ့ လွဲသွားတတ်သော မာကတ်တင်းဟာ
စိတ်ဝင်စားစရာကောင်းလှပါတယ်။
စူပါ စီအီးအို များရဲ့ သမိုင်းကြောင်းတွေမှာ တကြိမ်တခါ တော့ ရွှေထီးဆောင်းနိုင်ပေမဲ့ ပလင်ပေါ်မှာ
ဆက်တိုက်မထိုင်နိုင်တာဟာ မာကက်တင်းရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာများရဲ့ လျှင်မြန်စွာပြောင်းလဲသွားစေတဲ့
အကြောင်းတရားများပါ။
ဖန်ရှင်တွေများလှ တာတွေ့ရပါတယ်။
ရောင်းသူ၊ ဝယ်သူ၊ ဈေးကွက်၊ ဈေးနှုန်း၊ အစိုးရစွက်ဖက်မှု၊ကုန်ပစ္စ္စ္စည်း အရည်အသွေး၊ အသုံးဝင်မှု၊ အရသာအကြိုက်၊ဆွဲဆောင်နိုင်အား၊တွေ ရှိပြီး ဖန်ရှင်တခုချင်းစီမှာလည်း အမျိုးမျိုးသော ဒီဂရီ ရှိပြန်ပါတယ်။
အဲဒီကြားထဲ မြန်မာပြည်လို အင်ဖော်မယ်မားကက်ကြီးစိုးနေတဲ့ နိုင်ငံမျိုးဆိုတော့ ခုလို ကမောက်ကမ ပုံစံနဲ့သွားနေတာမျိုးကို
မာကတ်တင်းစံလို့ သတ်မှတ်နေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဘာဘဲဖြစ်ဖြစ် ဆားဟာ ငန် မှ မှန်ပါတယ်။ မငန်ဘဲ ခါးရင်ဆားခါး ပါ။ အချိန်တန်ရင် ဝမ်းလျှောပါလိမ့်မယ်။
မာကတ်တင်းရဲ့ စံချိန် စံညွန်းနဲ့ သွားနိုင်တဲ့ တနေ့တော့ရောက်လာအုန်းမယ်လို့ မျှော်လင့်မိပါရဲ့လေ။
Was this answer helpful?
LikeDislikeဟယ်လို ကစ်သို …(ဟယ်လိုကစ်တီ မဟုတ်ပါ)
ခြေလှမ်းတွေနဲ့ ပါတ်သတ်ပြီး ဆြာသစ် မန့်သွားတာ Strategic Planning ကိစ္စ ခင်ဗျ….
Strategic Gap နဲ့ Strategic Grip ကို လွယ်လွယ်နဲ့ တိုတိုလေး ဗမာလို ရေးသွားတာ အလွန် လှတယ်ခင်ဗျား
စူပါစီအီးအို တွေကိစ္စကတော့ Strategic Breakpoint ပါပဲခင်ဗျား …
တသက်လုံး လုပ်စားလာတဲ့ Strategy တွေ ခေတ်ပြောင်းသွားလို့ လုပ်စားမရတော့တာ
ဆြာက တော့ PESTAL ကို လှလှလေး ရေးသွား ပြန်ပြီ ကိုသစ်ရယ်…
Marketing Environment ကြီး ကတော့ ပြောမဆုံးပေါင်ပဲ ဗျို့…
local က marketing environment ကြီးကတော့ …ဆြာ့စကားငှားပြောရရင်…
အားလုံးကိုယ်စီ တာဝန်ရှိပါသည်ပေါ့ဗျာ …..
ဆြာ မန့်မှာ စောင့်နေရင်း
မန့်မယ့်မန့်တော့လည်း ရှယ် ပါပဲလားဗျာ…..
လေးစားပါသည် ကိုသစ်ရေ့
Was this answer helpful?
LikeDislikeHere USANA and Amway are the strongest two MLN, i have been approached this evening by a 17 years old from one of these company (Indeed, at least i countered once a month, some come and sell insurance, even energy drink). I had seen a lot of my friends (at least 5) failed to keep doing on this kinda industry. Same as their counterparts in Asia, Most members in recruiting level running here are also risking their moral law and being fooled by their recruiter.
Was this answer helpful?
LikeDislikeအဲဒါကို.. လွန်ခဲ့တဲ့..အနှစ်၂၀လောက်ကထဲက..အင်မတန်ကြိုက်လို့.. အထပ်ထပ်တွေးပြီး..ဘစ်ဇနက်မိုဒယ် အသစ်တခုလုပ်မလို့ကြံဖူးတယ်..။
ပြီတော့.. ယူအက်စ်ရောက်ောတ့ .. အယ်လ်အေရဲ့ နာမယ်ကြီးရှေ့နေရုံးသွား.. အိုင်ဒီယာကို မှတ်ပုံတင်တာ.. ဒေါ်လှ၂သောင်းလောက်တောင်းတာနဲ့.. ပြန်လစ်လာခဲ့တာ.။
အဲဒီတုံးက တွေးခဲ့တာက… အခု.. ဂိုဂယ်ရဲ့..Adsense Adwords နဲ့အင်မတန်နီးစပ်တဲ့..ပုံစံတခုပါပဲ..။
ဂီဂီလည်း.. အဲဒါကိုအခြေခံပြီး.. အသစ်လေးချရေးကြည့်ပါလား…ဟင်င်င်။
အနည်းဆုံးတော့. မြန်မာတွေရဲ့….ငွေချေးတဲ့ စံနစ်ထဲရောသမမွှေကြည့်ပါလား…။
ဒီဦးနှောက်နဲ့.. ထွက်လောက်တယ်..။
Was this answer helpful?
LikeDislikeအင်း ….. လွန်ခဲ့တဲ့ အနှစ် ၂၀ကတည်းကတောင် MLM ထောင်ပီး လူတကာ လိမ်ညာစားဖို့ကြံပါသတဲ့….
Google AdWords ဆွဲထည့်ရပြန်ဘီ …….(ဂူးဂဲလ် ကြီးကတောင် သူ့အိုင်ဒီယာကို ၁၅နှစ်လောက် နောက်ကျ
ပီးမှ ရှာဖွေဖော်ထုတ် တွေ့ရှိသွားကြောင်းက လည်း ကြွားလိုက်သေး. …ဟွန်း…)
အသစ်ချရေးတဲ့ …အဲ့ဒါ လည်ပင်း ကြိုးကွင်းစွပ်တာ ….
ရေးခိုင်းတာ ..အားမရသေး …. ငွေချေးတဲ့ စနစ်နဲ့ ရောသမ ပါလားတဲ့ …
ရက်စက်ထှာ သဂျီး …
ကောင်းဘီ ရေးမယ်ဗျာ … ရေးပီးရင် သဂျီးကို copyright ပေးမယ် ….
ဘတ်…
ဘစ်ဇနက် မော်ဒယ်ဆိုတော့ (သဂျီး မီလျံ ဘစ်ဇနက် လုပ်စားလို့ရသွားမယ် …
road-mapဖြစ်နေလေတော့)စာမူအ အရင်လာထားဘဲ …..ဟွန့်….
တခေတ်က ကဗျာ ဆြာ တွေ ကြွေးကျော် သလို ကြွေးကျော်လိုက်မယ် ….
၁သောင်းမပေးရင် ၁ကြောင်းမရေးဝူးကွနော်…..
(၁သောင်းဆိုသည်မှာ အစိမ်း ကိုဆိုလိုပါသည် ။ ဤကား စကားချပ်)
ခစ်ခစ်….
နောက်တာပါသဂျီးရာ …ရေးတတ်ပါဝူး….
Was this answer helpful?
LikeDislikeကျုပ် မိန်းမ တို့ ကုမ်ပဏီ က အခုဇာဒူးကြီးရေးတဲ့ မာတီလယ်ဗယ်မာကတ်တင်း ဘဲဗျို့ 
မန်ဘာတွေ အများကြီး နဲ့ ခိုင်းစားနေတာ ရှုပ်ယှက်ခတ်နေတာပါဘဲ ။
ဘက်စုံထူးချွန်ထက်မြက် လှသော ဇာဒူးကြီး ကျေးဇူးကြောင့်
မိန်းမ ကို ဖတ်ခိုင်းစရာ စာတစ်ပုဒ် ရသွားဘီ
တင့်ခရု ရှဲရှဲနီ
Was this answer helpful?
LikeDislikeအင်း … ကျုပ်ကို သတ်ချင်မယ့် အဖွဲ့ အစည်း တခု တိုးသွားကြောင်း အား
လွန်စွာမှ စိတ်မကောင်း စွာဖြင့် ဖတ်ရှုမိလိုက်ပါသည်
သဗ္ဗေသတ္တာ ကမ္မသကာ….
Was this answer helpful?
LikeDislikeကိုဇာဂီေ၇.. ခင်ဗျားေ၇းထားတာ ဗဟုသုတတော်တော်၇ပါတယ် ကျေးဇူးတင်ပါတယ်ဗျာ..
့သူဌေးဖြစ်ဖို.ဆိုတာ ဘာပဲဖြစ်ဖြစ် ဘယ်နေ၇ာပဲဖြစ်ဖြစ် မလွယ်ပါဘူးဗျာ
တစ်ခုခု၇ဖို.ဆိုတာ တစ်ခုခုတော့ ပေးဆပ်၇စမြဲပါပဲ
ဒါကြောင့် ကြိုးစားမှု၊ ဇွဲမလျှော့မှု၊ လုပ်ငန်းကျွမ်းကျင်မှု စတာတွေမပါ၇င် အလကားပါပဲ
MLM ပဲ ဖြစ်ဖြစ် သူများလခစားပဲ ဖြစ်ဖြစ် မကြိုးစား၇င် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
ဘယ်ဟာမဆို ကောင်းကွက်ဆိုးကွက်တွေ ရှိကြပါတယ်. အဆိုးဘက်ကိုများပြီး အကောင်းဘက်နည်းချင်နည်းမယ် ၊ အကောင်းဘက်များတဲ့ဟာလည်းရှိမှာပေါ့ဗျာ.
အခြေအနေအ၇ မတွေ.ဖူး မကြုံဖူးသေးလို.ပါ။ ကိုယ့်တိုင်းပြည်အနေအထားအ၇ အင်တွေများနေ၇တာပါ။
အနာဂါတ်မှာ ပြောင်းလဲလာတဲ့အချိန် MLM ကို based လုပ်ထားတဲ့ နာမည်ကြီး Product တွေ မြန်မာပြည်ေ၇ာက်လာဦးမှာပါ။ ကိုယ့်ဒူးကိုယ်ချွန်သမားတွေ အတွက်တော့ တစ်ချို. Product တွေရှိနေဦးမယ် ထင်ပါတယ်ဗျာ။
Was this answer helpful?
LikeDislikeကျေးဇူးပါ ဆဂီ ဒါမျိုးလေး မျှော်လင့်နေတာပါ… ကျွန်တော်လဲ MLM ကိုထောက်ခံတဲ့အထဲမပါပါဘူး… ဘယ်လောက်ပဲ မျှတအောင် အကျိုးခံစားခွင့်တွေကို plan အမျိုးမျိုးဆွဲပြထားတယ်ပြောပြော… ကုတ်သွေးစုတ်သလိုကြီးပဲမြင်မြင်မိနေလို့ပါ…
ဒီ အခုမြန်မာနိုင်ငံက MLM နဲပတ်သက်လို့ ကျွန်တော်သိပ်အစာမကြေ ဖြစ်နေတဲ့ အကြောင်းအရာတွေ ဖြစ်တဲ့ သူ့ ပစ္စည်းတွေရောင်းပုံ.. ဈေးကြီးပုံ.. လူအတန်းအစား လူဦးရေမကိုက်ညီပုံတွေ.. ထိပ်ပိုင်းလူအနဲစုလောက်ပဲ နင့်နေအောင်ရပြီး… တစ်နေ့ ဒီလူဒီလူတွေလိုဖြစ်မယ်ဆိုပြီး ဆွယ်လုံးတွေကို ယုံရခက်မယုံရခက်ဖြစ်နေတဲ့ ဒွိဟတွေ ကိုရှင်းရှင်းလင်းလင်းဖြစ်အောင် တစ်ကန့်ချင်းချပြသွားလို့ ကျေးဇူး အများကြီးတင်ပါတယ်…
အကြောင်းအရာလောက်တင် ကောင်းတာမဟုတ်ပါဘူး.. စာအရေးအသားကလဲ လက်ဖျားခါလောက်အောင်ကောင်းပါတယ်… ဒီတစ်မျိုးထဲကောင်းတယ်ဆိုတာထက်… ပုံစံကွဲတွေခွဲပြီးရေးနိုင်တာကို လေးစားတာပါ…
ဒါထက်.. တစ်ခုလောက်မေးချင်လို့ ခင်ဗျ..
Network marketing နဲ့  multilevel marketing ကိုမတူဘူးဒီက မားကတ်တင်းဆရာတစ်ချို့ ပြောလို့ ခင်ဗျ… နဲနဲရှင်းပြပေးပါလား… ဆဂီ…
Was this answer helpful?
LikeDislikeသဂျီး ချစ်ချစ် ဒေါ်ဝီကီ ရဲ့ အလိုအရတော့ MLM ကို နာမည်ခွဲတွေ အနေနဲ့ pyramid selling, network marketing,
referral marketing လို့ ခေါ်ပါသတဲ့ …
သည်တော့ကာ သည်ဆြာတွေ သည်လိုပြောတယ်ဆိုတာ ဖြစ်နိုင်ခြေ ၂ခုရှိတယ်ဗျ။
၁။ မော်ဒယ် ကွဲတွေရှိတာ ….
ကျနော် ရေးတဲ့ထဲမှာကို 8-balls & 1head-6legs ၂ခုပါသွားပြီကိုး … တခြား ပုံစံကွဲတွေ အများကြီး ရှိသေးတယ်ဗျ
သည်တော့ မတူညီဘူး ဆိုတဲ့ စကားသည် identical မဖြစ်ဘူး လို့ ပြောတာ ဖြစ်နိုင်ပါသည်။ သို့သော် similar တော့
ဖြစ်နေသေးတယ်နော ။ (ကျုပ်တို့ ဗမာစကားများ ရှုပ်ထှာ …) ဒါကို ဆိုလိုချင်သလား မသိ..
နောက်တချက်
၂။ Closed-Group
ဥပမာဗျာ ၀တုတ်မ ကန်ပနီလီမိတက်၏ ထုတ်ကုန်ပစ္စည်းများကို မူရင်းကန်ပနီထံမှ တိုက်ရိုက်သော်လည်းကောင်း
မိတ်ဘက် ကန်ပနီများဖြစ်သောဘုတ်ဆုံမ ကန်ပနီ နှင့် မဘုတ်ဆုံ ကန်ပနီတို့ ဆီမှ ၀ယ်ယူ အားပေးနိုင်ပါသည်
လို့ ဆိုထားတယ် ဆိုပါစို့…
တခြား လုပ်ငန်းခြင်းဆင်တဲ့ ကန်ပနီတွေဖြစ်တဲ့ ပိန်တာရိုး ကန်ပနီ၊ ပလွေရိုး ကန်ပနီတွေ ကို
ပေးမဖြန့်ခိုင်းဘူး …. ပစ္စည်း ယူတင်ခွင့် မပေးဘူးဆိုရင်…..
ဒါဟာ Closed-Groupလို့ ဆိုနိုင်တယ်ဗျ …(MLM နဲ့ ကွာတဲ့အချက်က မန်ဘာအသစ်မမွေးဘူး …သူ့ အုပ်စု
နဲ့သူ သီးခြား ရပ်တယ်တယ်ပေါ့… )
သည်တော့ကာ သူတို့ကို Network ပြုလုပ်ဖြန့်ချိ တယ်လို့ ဆိုမယ်ဆို ဆိုလို့ရလောက်တယ်ဗျ…..
အုပ်စုဖွဲ့ ဖြန့်ချိတာမျိုးကိုး …သည်တော့ သည် Network က လုပ်တဲ့ marketing strategy ကို
Network Marketing လို့ ခေါ်ရင် ခေါ်လို့ရသွားပြီမဟုတ်လား ….
အော် အင်းဂလိစာနှယ့် Network ဆိုတဲ့ စကားရဲ့ အသုံးအနှုံးက အလွန်ကျယ်ပြန့်ပြီး အလွန် ယေဘူယျ
ဆန်တာကလား ……..
အကောင်းဆုံးက အဲ့သည့်ဆြာတွေကို ပြန်မေးကြည့်ပါခင်ဗျား …
ဘာကိုဆိုလိုပါသလဲ ဘာကိုမတူဘူးပြောပါသလဲ ….ဆိုတာကို ….
သူတို့ ကျနော့်ထက် အများကြီး ပို သိမှာ တတ်မှာ သေချာပါတယ်…
(ကျနော့် ဆြာသမားတွေများတောင် ဖြစ်နေမလားဘဲ…)
ပြီးရင် ကျနော် လည်း သင်ယူချင်လို့ reply လေးတော့ ပြန်မန့်ခဲ့ပါဗျ…
လက်တလော ကျနော်ကတော့ lost in translation ဖြစ်နေကြောင်းပါ
Was this answer helpful?
LikeDislikeအောက်ကစာကို..
http://mandalaygazette.com/84209/economic-news-international-news-news-industry-people-in-the-news-us-news-news
မှာမန်းထားတာ..
ဖတ်ဖြစ်အောင် ပြန်တင်လိုက်ပါကြောင်း…။
Was this answer helpful?
LikeDislike၇ှင်း၏။


နော်တို့ပြည်ဝယ် ထိုထိုစနစ်ကို အသက်သွင်းနေကြ၏။
စိတ်ဝင်စားကြ၏။ ဝင်ပါကြ၏ ။ ပြန်ရှာကြ၏။ (မိမိရင်းနှီးမြှုပ်နှံထားသော ငွေရင်းပြန်ရရန် (၀ါ) မိမိကိုယ်တိုင်အညာခံ ထိထားမှန်း သိလျက်နှင့် မိမိငွေရင်းပြန်ရရန်အတွက် မိမိက လူသစ်များအားလိုက်လံ လိမ်ညာရတော့သတည်း။ )
ပြန်ရှုတ်၏။ ပြန်ရှင်းကြ၏။
Was this answer helpful?
LikeDislikeMNC အကြောင်း လည်း ရေးစေလိုပါတယ် ..
Was this answer helpful?
LikeDislike