မြန်မာ့ မြန်မာ့ ရုပ်ရှင်
|1392- Hits|လုပ်ရင်းကိုင်ရင်း သွားရင်းလာရင်း မြင်မိတာလေးအပေါ် ဖောက်သည်ချရင်း တွေးမိရေးမိတာလေးတွေပါ။ ကပေါက်ကချာလေးတွေ တောင်စဉ်ရေမရ ရေးခွင့်ပြုကြပါ။
မနေ့က နေ့လည်ဖက် MRTV-4 ကနေပြီး သီချင်းဆိုတဲ့ ပွဲတစ်ခု လွှင့်နေတာမှာ ထွန်းအိန္ဓြာဗိုလ် တစ်ယောက် ဆိုနေတာများ ဖြူဖြူကျော်သိန်း ကို အားကျသော ကြီးတော်ကြီး လို့ပြောရမလိုပါပဲ။ ဘာတွေ လျှောက်လုပ်ပြနေမှန်းကို မသိနိုင်အောင် အူကြောင်ကြောင်ပုံဖြစ်နေတယ်လို့ မြင်မိတာပဲ။
ဝတ်ထားတာကလည်း ရင်ရှားလိုမျိုးပုံပါ။ အတူပါလာတဲ့ ရုံးက ကလေးမ လေးက အခုတလော အဲဒါမျိုး ရင်ရှားတွေပဲ ဝတ်တယ်လို့ပြောနေသေးတယ်။ ကိုယ့်အမြင်မှာတော့ ဘယ်ဝက်သားသည်က ( ဝက်သားသည်ဆိုတော့ သူ့ရောင်းကုန်ပဲ မျက်စိထဲ စွဲနေမယ်ထင်တယ်လေ၊ ဝက်ပေါင်တင်းတင်းလေးတွေဆိုရင် လှတယ် မှတ်မှာပေါ့) မြှောက်ပေးလိုက်တာကို အဟုတ်မှတ်ပြီး လက်မောင်းဖော်ဝတ်နေသလဲမသိပါဘူး။ ဆိုနေတဲ့ သီချင်းက ကော်ပီ။ ဝတ်ထားတာက အသက်အရွယ်အိုကြီးအိုမနဲ့ လူလုံးပြ ပုံစံ။ ပြီးတော့ ထမိန်စွန်တောင် ဆွဲသလို ကို့ယို့ကားယားနဲ့လည်း လမ်းလျှောက်နေလိုက်သေး။ ကော့လန်ကန်ထိုး လုပ်ကွက် မပါပဲ ကော့လန်ကန်ထိုး လုပ်နေတာ သူ့အသက်အရွယ်နဲ့ နည်းနည်း နောက်ကျသွားပြီထင်ပါရဲ့။ ဒီထက်အသက်ငယ်တုန်းက မလုပ်ခဲ့တာမှားလေခြင်းလို့ သူ့ကိုယ်သူ မှတ်နေမလားမသိဘူး။
အခုတော့ ဖြူဖြူကျော်သိန်း လုပ်ကွက်တွေကမှ သူ့အသက်နဲ့ သူ့အရွယ် အမြင်မတော်လည်း အမြင်မဆိုးဘူး။ ဒီအဘွားကြီးပေါက်စ အရွယ်က အဲသလိုတွေလျှောက်လုပ်နေတော့ … အော့အော့… သူ့အစား ကိုယ်တောင် စိတ်ထဲ ရှက်မိနေတယ်။ အင်းလေ အဲဒီအလုပ် လုပ်တဲ့ သူတွေက ကိုယ့်ကိုယ်ကိုယ် ထင် တစ်လုံးနဲ့ လုပ်နေကြတော့ ဘယ်မှာလားပြီး ရှက်ဖို့ စဉ်းစားပါ့မလဲလေ။ ဒါလည်း မောဟ ပဲထင်ပါ့။
အဲသလိုကိုယ်ကပြောရင် သူကတောင်ပြန်တရားချလိုက်ဦးမယ်။ သူသိပ်ပိုင်တဲ့ ဆရာမကြီးမျက်နှာပေးနဲ့ လေသံအေးအေးလေး လုပ်ပြီး။ ထွန်းအိန္ဓြာဗိုလ် တစ်ယောက်တည်းကို ကွက်ပြောနေမိတာကတော့ သူ့ကို ကြည့်မိရင်း ပြောဖြစ်သွားတာမို့ပါ။
မြန်မာပြည်က သရုပ်ဆောင်တွေများ ဘယ်ကားရိုက်ရိုက် ဘယ်ကာရိုက်တာကို ဝင်သရုပ်ဆောင်ဆောင် ဒီပုံစံပဲ။ ကျော်ဟိန်းလည်း ဒီတစ်ပုံပဲ။ မို့မို့မြင့်အောင်လည်း ဒီတစ်ချိုးပဲ။ ဇာတ်လမ်းတွေကလည်း ဇွတ်အတင် ဖြစ်ထား ညှစ်ထား၊ ပျက်လုံးအများစုကလည်း အားနာလို့ရယ်ပေးရတာမျိုး။ ဒါလည်း ပေါက်တာပဲလေ။ ကြည့်စရာဒါပဲရှိတာကိုး။
ပြည်တွင်းကလူတွေ အခြား ဖျော်ဖြေရေးကို လက်လှမ်းမမှီတဲ့သူတွေ ကြည့်စရာမရှိလို့ ကြည့်တာမျိုးကိုနားလည်ပါတယ်။ အမေရိက ရောက်နေတဲ့ အပျိုကြီးမမ ( ကျောင်းတက်ပြီး အလုပ်လည်း ဝင်နေပြီ၊ ကိုယ့်ထက်အသက်လည်း နည်းနည်းကြီးသေး) က မြန်မာကား ဘယ်ကား ကြည့်ပြီးပြီလား လာမေးနေတော့ ကိုယ့်မှာ မြန်မာကား မကြည့်ဖြစ်ပါဘူး ပြန်ပြောရမှာ အားနားစရာလိုလို တွေးမိတယ်။
အနုပညာဆိုတာ Creativity ဆိုတဲ့ ဖန်တီးနိုင်စွမ်းနဲ့ အဲဒီဖန်တီးနိုင်စွမ်းကို လက်တွေ့တင်ပြပေးနိုင်မယ့် အနုပညာဆိုင်ရာ အရည်အချင်း။ ပြောရရင်တော့ စိတ်ကူးထဲက အနုပညာကို ဖန်တီးပေးမယ့် အတတ်ပညာနဲ့ ပေါင်းမှသာ ခံစားတဲ့သူတွေမှာ အနုပညာရသ ကိုပေးနိုင်တာလေ။ ကူးချ ခိုးချ အပ်ကြောင်းထပ် ဘာလုပ်မှာလည်း။ အထူးသဖြင့် ရုပ်ရှင် အနုပညာလို ဖန်တီးမှု သိပ်မလိုပဲ theme ကိုသာ အဓိကထားတဲ့ အရာမှာ ဘာမှ အသစ်မပါတဲ့ theme တွေထိုင်ကြည့်ပြီး အဘိဇ္ဇာပွားမနေတော့ပဲ မျက်စိမှိတ်လို့သာ အိပ်ဖြစ်ပါတယ်။ အိပ်ရေးဝတယ်လေ။
အခုတလော ကိုရီးယား ဇာတ်လမ်းတွဲတွေကိုတောင် သိပ်ကြည့်မရတော့ဘူး။ အရမ်းလုပ်ချက်တွေက ပုံသေနည်းဆန်လားပြီး မဖြစ်နိုင်တာတွေကို အတင်းဇွတ်ထိုးသွင်းတာများလာလို့။ ပရိတ်သတ် ခန့်မှန်းချင်အောင်လုပ်ပြပြီး အဲဒီလိုခန့်မှန်းတာနဲ့ လွဲအောင်ရိုက်ပြမယ်ဆိုတာာ ကိုရီးယားကားရဲ့ ပုံသေနည်းတစ်ခု။ မြန်မာကားတွေအခုဘယ်လိုရိုက်နေသလဲ သိကိုမသိတာပါ။ အဆင့်မြင့်နေပြီဆိုရင်တော့ ကျနော့်မှတ်ချက်များဟာ ကိုယ်သိတဲ့ ခုနှစ်များက မြန်မာကားများကိုသာ ပြောတာဖြစ်ပါကြောင်းတော့ ဝန်ခံရှင်းတမ်းလုပ်ထားရမယ်။ တော်ကြာ ကိုယ် အိပ်ပျော်နေတုန်း ကိုယ်မကြည့်ဖြစ်တုန်း ပြောင်းလဲတိုးတက်နေရင် အားနာစရာကြီး။
နောက်တစ်ခုက သူတို့လည်း ရုပ်ရှင်သမားများလည်း ဘွားတော်ကြီးနား ကပ်သွားပြီဆိုတော့ အမနာပ တွေများများ သွားမပြောရဲဘူး။ တော်ကြာနေ သွားတိုင်ပြောလိုက်မှ အမျိုးသား သစ္စာဖောက် တစ်သက်လုံး ဖြစ်သွားမယ်။ ဗိုလ်ချုပ်အောင်ဆန်း ဘဝမှတ်တမ်းကားကြီးလည်း ရိုက်တော့မယ်ဆိုပဲ။
ပန်းချီစိုးမိုး ရိုက်မယ် ဆိုတဲ့ အဲသလိုကားလည်း ဘယ်ရောက်သွားတယ် မသိဘူး။ ရိုက်ပြီးသွားတာလည်း မရိုက်ဖြစ်တော့တာလည်း သိသူများ ပြောပြကြပါဦး။
မြန်မာ့ရုပ်ရှင် ဆုပေးပွဲကြီးလာတော့မယ်။ ဝံကြီးကျော်ဆန်း ဘာတွေပြောမလဲမသိဘူး။ သူလို သွားဖုံးမောက်မောက်ပါးစပ်နဲ့ လူတွေက စကားကို ဘယ်လိုပြောတတ်သလဲ ဆိုတာ မန်းဂေရွာထဲက အင်္ဂဝိဇ္ဇာလေး မေးကြည့်ဦးမှပဲ။
ဒီအကြောင်းတွေ ခလုတ်မတိုက်ပဲ စာရေးလို့ကို မရဘူးဖြစ်ဖြစ်သွားတယ်။ တမင်ရည်ရွယ်တာမဟုတ်ရပါကြောင်း။
Related posts:


အားလုံးအဆင်ပြေသွားမှာပါ
Was this answer helpful?
LikeDislikeကောင်းလိုက်တဲ.post
Was this answer helpful?
LikeDislikeပြောတယ်
မောမယ်
Was this answer helpful?
LikeDislikeအင်… ဟုတ်ပါတယ်လေ.
Was this answer helpful?
LikeDislikeကိုယ့် စိတ်နဲ့ ကိုယ့်သဘော ဝေဖန်စရာလိုသလား အဲဒိလိုပြောသွားတယ် သောက်ကောင်မတွေက
Was this answer helpful?
LikeDislikeစိတ်ထိန်းပါ ကိုနေ..
နှုတ်ခမ်းမွှေးကြီးထောင်ပြီး ရန်မတွေ့ ပါနဲ့ ..
အဘွားကြီးတွေကတော့ဗျာ…အဲလိုဂျီးလုပ်ပြတာ.ရွံဂျာဂျီးပါ ကိုလင်းမွေရော
အော်ဝေါ့..
Was this answer helpful?
LikeDislikeမထွန်း တို့ တော့
ကိုလင်းမြွေ ပို့ စ်ကို ဖတ်ပြီးသကာလ
“ ဟင့်ဟင့် ရွှတ်
သူများတွေ လဲ ဒီလိုဘဲ လုပ်စားနေကြတာဘဲ ဟာ ဘဲဟာ
ဟင့် ငါ့ကျမှ ဝက်ပေါင်တဲ့ ၊ အဟင့်အဟင့် ဟီး ရွှတ် ” ( ရွှတ် = နှပ်ချေးပစ်သံ ၊ နှာခေါင်းမှ နှပ်ချေး ကို လက်မ လက်ညှိုး ဖြင့် ဆွဲကာ ခါပစ်လိုက်သည် ။)
ကိုလင်းမြွေ ရေ
သိပ်မကြာသေးဘူးဗျ
ပြီးခဲ့တဲ့ ၂ပတ်လောက်က ရုပ်ရှင်လောကသားတွေ အကြောင်း ဂျာနယ် ထဲ မှာ
လေဒီဇါတ်ကား ကို သူသရုပ်ဆောင်ရင် သူလဲ အောင်မြင်မှာဘဲ တဲ့
ကျုပ် တို့ ဆီက လေဒီကြီးတစ်ယောက် က ပြောသွားတာဗျ
အိုင်တွေပျက်ကုန်တော့မှာဘဲ လို့ တောင် တွေးပူမိသေး
ဟီဟိ
Was this answer helpful?
LikeDislikeမြန်မာရုပ်ရှင်တွေ မကြည့်ဘူး၊ မကြိုက်ဘူးလို့ပြောရင် သူငယ်ချင်းတစ်ချို့က မေးငေါ့ကြတယ်။
ကျမ အကြောင်းပြချက်က တစ်ခုတည်းပါ၊ မြန်မာမင်းသမီးတွေ မမာလို့ အိပ်ရာထဲမှာ အသက်
ငင်ခန်းရိုက်တာ မျက်တောင်တုကြီး တဖျတ်ဖျတ်နဲ့….
Was this answer helpful?
LikeDislike္ဋသြော်….. ငါ့နှယ် အ ရန်ကော ….။ ပဲလင်းမြွေလို့ ပြောပြောနေတာ ဘယ်သူ့များလဲလို့…။ ခုမှပဲသိတော့တယ်….။
Was this answer helpful?
LikeDislikeဟုတ်ပမောင်ကျော်ရာ
မထွန်းတို့ကလုပ်ချလိုက်ပြန်ပြီ
မြန်မာ့မျက်စိနဲ့ကြတမျိုးဖြစ်နေတာ
ဟိုနိုင်ငံတွေမှာတော့ဟိုနိုင်ငံတွေစရိုက်ပေါ့လေ
သူကလည်းပြောမှာပဲဒိတ်အောက်တွေလို့
ကိုးရီးယားကားတွေကပုံသေနည်းနဲ့ရိုက်တဲ့ကားတွေများလို့သိပ်တောင်မကြည့်
ဖြစ်တော့ပါဖူး မြန်မာကားတွေကမှဟိုးတုန်းကပြောပါတယ်ဇာတ်လမ်းဇာတ်ကွက်ရှိသေး
Was this answer helpful?
LikeDislikeဒါနဲ့များတောင်နော်.. ဖြူဖြူကျော်သိန်းက သူ့မကြိုက်တဲ့သူကို .. ဟိုမရောက်ဒီမရောက်တဲ့.. (သိတဲ့သူတွေသိကြပါတယ်.. First Music ဂျာနယ်ထဲပါလာတာ)
Was this answer helpful?
LikeDislikeမှန်တာတွေ ပြောတာကို ဘာလို့များ ရဲရဲတောက်နေတာလဲမသိဘူး လိုက်စိမ်းပေးထားတယ်
မြန်မာကားကတော့ တကယ်ကို မကြည့်ဖြစ်တာ ကြာပါပြီ အကုသိုလ်များလို့ စိတ်ညစ်လို့
Was this answer helpful?
LikeDislikeကိုလင်းဝေကျော် ရေ။
အကယ်ဒမီဆု ရွေးခြယ်ရေးကော်မတီမှာ
ပါဝင်သူများကို နိုင်ငံတော်က ချုပ်ကိုင်ထားသရွေ့
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုဆိုတာလည်း တိုးတက်လာမှာ မဟုတ်ဘူးလို့ မြင်ပါတယ်။
ဇာတ်လမ်းတွေကိုလည်း စိစစ်တဲ့နေရာမှာ သိတ်ပေါတဲ့ဇာတ်လမ်းမျိုးတွေကို
ခွင့်ပြုမပေးသင့်ဘူးလို့ ထင်မိပါတယ်ဗျာ။
နိုင်ငံတော်အစိုးရကို ဖားမှ ရတဲ့ အကယ်ဒမီတွေကိုတော့ မမြင်ချင်တော့ပါဘူးဗျာ။
Was this answer helpful?
LikeDislikeတူလဲလေ လောကီသားပေမို့

ြ်ကိက်ရှာပေလိမ့်မပေါ့ အမြှောက်တွေကို
တွေ့တဲ့သူက အားနာနာနဲ့ မြှောက်ကာပေးတော့
လုပ်ပြီပေါ့ အဲသလို
ရုပ်ရှင်ကတော့ ၊ တက်ဖို့တွေးတိုင်း၊
ရင်ရှုတ်ပါတယ် ကိုလင်းဝေရာ၊
Was this answer helpful?
LikeDislikeတကယ်က အဲဒါ ကိုဇာဂနာမှာရှိပြီးသား ဇာတ်ညွန်းကြီးဗျ.
ပြောရရင်
သူ နာဂစ်နောက်ပိုင်းမဝင်ခင်တော်တော်လုပ်သွားခဲ့တဲ့ဟာဘဲဗျို့။
Was this answer helpful?
LikeDislikeအနုပညာလောကကလည်းတဖြည်းဖြည်းနဲ့ စုတ်ပြတ်နေပါပီ
Was this answer helpful?
LikeDislikeကော်ဘရာဆိုလိုတာက အကြမ်းပညာ လောက ကတော့ တဖြည်းဖြည်းနဲ့ လှပသားနား နေပါပြီပေါ့လေ။
Was this answer helpful?
LikeDislikeသည်းခံလိုက်ပါ ကိုလင်းမြွေ…သူတို့ခင်မျှာ လက်ကျန်လေးတွေနဲ့ လုပ်စားနေရတာကို….အချိန်လည်းသိပ်မရှိတော့ဘူးလေ တရားစခန်းလည်းဝင်ရအုံးမယ်။
Was this answer helpful?
LikeDislikeGandhi လို ရုပ်ရှင်မျိုး Making တွေ၊ Setting တွေသေသေချာချာချ၊ ငွေကုန်ကျေးကျခံပြီး Documentary ဆန်ဆန် ရုပ်ရှင်မျိုးကို ရိုက်နိုင်ဖို့ Makeup ပညာလိုတယ်၊ သရုပ်ဆောင်ပညာတွေ ငါတို့ဗမာတွေအတွက် လိုသေးတယ်။ နောက်တစ်ခုက ပြီးစလွယ်မရိုက်ပဲ အချိန်သေချာယူ အင်တာဗျူးတွေသေချာလုပ်ပြီး သမိုင်း အမှန်ကိုအမှန်အတိုင်း၊ အမှားကိုအမှားအတိုင်း အားမနာလျာမကျိုးပဲ ရိုက်ပြရဲဖို့ သတ္တိတွေလိုတယ်။
နောက်တစ်ခုက နိုင်ငံတော်ပံ့ပိုးတာထက် နိုင်ငံခြားက အကူအညီယူတာမျိုးကို ပိုပြီးအားပေးတယ်
ဒါမှ နိုင်ငံတော်အစိုးရကို အားနာမနေရမှာ၊
နောက်ဆုံးပြောချင်တာကတော့ မတတ်နိုင်ရင် မလုပ်ပါနဲ့လို့ပါ။
Little Buddha ကို ကြည့်ထားတဲ့လူတစ်ယောက်အနေနဲ့ india က ရိုက်တဲ့ ဗုဒ္ဓ၀င်ကိုကြည့်တော့
ခန်းနားမှုနဲ့ makeup ပညာတွေ၊ သရုပ်ဆောင်ပညာတွေအများကြီးလိုနေသေးတယ်ဆိုတာကို သတိထားမိတယ်။
ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်လောကက အခုအချိန်မှာ မဖြစ်နိုင်တာကို ယုတ္တိရှိအောင် ရိုက်ပြနိုင်ဖို့နေနေသာသာ (Transformer လိုကားမျိုး)၊ နေ့စဉ်ဖြစ်ပျက်နေတဲ့ လူမှုရေးကားတွေရိုက်တာတောင် ယုတ္တိရှိအောင် မရိုက်နိုင်တာကို
ကိုယ့်လူမျိုးသမိုင်းကိုတော့ ပြန်မဖျက်ပါနဲ့ကွယ်…မလုပ်နိုင်သေးရင် အခုကတည်းက ဆက်မလုပ်ပါနဲ့။
ပုဂံဗိုလ်ချိုအကြောင်းရိုက်ထားတဲ့ TV ဇာတ်လမ်းထဲမှာလို ဗမာ Fighting အခန်းက တရုတ်သိုင်းကားဆန်ဆန်၊ ဗိုလ်ချိုကို သေနတ်နဲ့ ပစ်သတ်လို့၊ သာယာဝတီထောင်က အထင်ကရသမိုင်းဝင်နေရာကြီးကိုပဲ ဖျက်ပစ်ရမလိုနဲ့ ဖြစ်အောင် မလုပ်ရင်ပဲတော်ပါပြီ…
နောက်တစ်ခုက ဗိုလ်ချုပ်ကို အပေါစားရောင်းကိုပစ္စည်းလိုသဘောမထားကြပါနဲ့ဗျာ…
Was this answer helpful?
LikeDislikeဗိုလ်ချုပ်အကြောင်းကိုတော့ တကယ့်ခမ်းခမ်းနားနား ဖြစ်စေချင်ပါတယ် တကယ်တော်တဲ့နိုင်ငံခြား ဒါရိုက်တာတစ်ယောက်နဲ့ ဇာတ်ညွှန်းကောင်းကောင်း တစ်ယောက် ငှားပြီး ငွေကုန်ကျေးကျခံ ရိုက်နိုင်ရင်တော့ အကောင်းဆုံးပေါ့ မဟုတ်ရင် ကျန်စစ်မင်းလိုဖြစ်သွားရင်ပြီးရော
Was this answer helpful?
LikeDislikeသွားဖုံးမောက်မောက်ပါးစပ်နဲ့ လူတွေကို မျက်နှာနှစ်ဖက်ရှိသူလို့ ကြားဖူးတာပဲ။
Was this answer helpful?
LikeDislikeပြောထားတာတွေလဲမှန်တယ်
ပြောသွားတာတွေလဲမှန်တယ်
မှတ်ချက် ၁၀၀
မှတ်ချက် ၁၂၅
မှတ်ချက် …….
ဘယ်လောက် ဘယ်လောက်တွေ ထပ်တိုးလာအုံးမလဲမသိဘူး
ဒီမိုကရေဇီရပီးတော့ပြောင်းလဲသွားတာလေး တွေ့ တွေ့ နေတယ်
အပီဂျီးဒွေနမ်းဂျဒါလေ……………. ဂွမ်းဂနဲ ဂွမ်းဂနဲ ပဲ…. ဟဲဟဲ
Was this answer helpful?
LikeDislikeဟုတ်တယ်ကိုလင်းဝေကျော်ရေ့ အခုတလော
တက္ကသိုလ်ရိပ်သာလမ်းကို အနုပပညာသမားလို့
ပြောကြသူတွေ တော်တော်လာနေကြတယ်
အရင်တုန်းက ကြံဖွတ်ထဲဝင်ထားတဲ့ကောင်တွေတောင်
မရှက်မကြောက်လာနေတာ တွေ့နေရတယ်.
Was this answer helpful?
LikeDislikeအခြေအနေနဲ့ အချိန်အခါအရ သူတို့လဲ ဟိုခုန်ဒီကူးလုပ်နေကြတယ်ထင်ပါ့ ကို comegyi ရေ ..
Was this answer helpful?
LikeDislikeမင်းသမီးထွန်းအိန္ဓြာဗိုလ် သူ့အသက်အရွယ်နဲ့ မထော်မနန်းတွေဝတ်စား၊ မြီးကောင်ပေါက်တွေလုပ်တဲ့အမူအရာတွေလုပ်ပြပြီး ….စင်ပေါ်မှာသီချင်းဆိုနေတာ
တော်တော် စိတ်ပျက်ဖို့ကောင်းတယ်…တစ်ကယ်ဆိုသူမအသံနဲ့ သီချင်းကကောင်းပြီးသားပါ..သူ့အဲလိုလုပ်ပြီးဆိုတော့သီချင်းအရသာတောင်ပျက်သွားတယ်…ပြင်စေချင်တယ်မခိုင်ရယ်…..
Was this answer helpful?
LikeDislikeဟာသကားတွေကြည်.ရတာလည်း ပြက်လုံးတွေက ညစ်ပါတ်လွန်းလို. အင်မတန်ကိုပွင်.လင်းလာတဲ.ရုပ်ရှင်လောကလို.ပြေစမှတ်ပြုနေကြလေရဲ….၀တ်တာစားတာရောပေါ.လေ……
Was this answer helpful?
LikeDislike