ဝေဠုဝန် က ဖုန်း ဆာဗာ မီးလောင်ပျက်စီး၊ ဂျီ ၅၀—– များ လိုင်းပျောက်
|674- Hits|နေ့လည် ၁၂ နာရီလောက်ကတည်းက ဖုန်းပြောရတာ လိုင်းပျောက်သွားလို့ ဘာဖြစ်ပါလိမ့် နဲ့ သတိထားမိလိုက်တယ်။ နောက် ဆားဗစ်မရှိတော့ဘူး no network coverage ဆိုပြီး ပေါ်လာနေလို့ ဘာတွေဖြစ်ပါလိမ့်နဲ့ ဖုန်းကို ကလိကြည့်လည်း မထူးခြားလာပါဘူး။
စိတ်ထဲ လိုင်းမမိလည်း နားအေးတာပေါ့ ဆိုပြီး ထားရင်းမှ ဘာဖြစ်တာလည်း သိချင်လာတယ်။ တော်ကြာ ကိုယ့် ကဒ်များ ထပြီးပျက်သွားရင် အလကားနေ ပိုက်ဆံကုန်မှာမို့ ဖုန်းဆိုင်ကိုသွားတော့ ဖုန်းဆိုင်က မုတ်ဆိတ်က အစ်ကိုနဲ့ဆို လေးယောက်ရှိသွားပြီတဲ့။ ၀၉ ၅၀— တွေ အကုန်ဖြစ်နေတာတဲ့။ ဒါပေမယ့် ဖုန်းဆိုင်မှာ ငယ်သူငယ်ချင်းတစ်ယောက်လည်း သူ့ဖုန်းလိုင်းပျောက်နေလို့ ဆိုပြီး လာပြနေပါတယ်။ သူ့ဖုန်းက ၀၉ ၅၃— ပါပဲ။ အဲဒါနဲ့ ဖုန်းဆိုင်က အိတ်ချိန်းကို လှမ်းမေးတော့ ၀၉ ၅၃—- တွေပါ ပါသွားပါပြီတဲ့။ ဘာဖြစ်လို့တုန်းမေးတော့ ဆာဗာ မီးလောင်လို့ပါ ဆိုပဲ။ အင်း… တရုပ်နည်းပညာနဲ့ မြန်မာ အင်.အင်ဂျင်နီယာများ ကိုင်တွယ်တဲ့ နက်တဝါ့ကြီးကလည်း မီးတောင်ထလောင်ရပါလားလို့။ တကယ်တော့ ဒီ ဂျီအက်စ်အမ် အတွက် နည်းပညာကို ဥရောပ နိုင်ငံ ကုမ္ပဏီကြီးများနဲ့ ပူးပေါင်းပြီး တရုပ်ပြည်မှာ အကောင်အထည်ဖော်တာပါ။ တရုပ်ပြည်ဈေးကွက်ကြီး အပြီးမှာ မြန်မာပြည်ဈေးကွက် အတွက် ကျုံးကော်တယ်လီကွန်း ခေါ် ZTE နဲ့ ရှန်ဟိုင်းဘဲလ်(ပြင်သစ် အက်တဲလ် နဲ့ ဖက်စပ် ဆိုလား )တို့ တစ်ယောက်တစ်ဝက် ခွဲတမ်းချပြီး မြန်မာ့ဆက်သွယ်ရေးကို တစ်လိုင်း ဒေါ်လာ တစ်ရာ့တစ်ဆယ်နဲ့ လာဆောက်ပြီး ရောင်းထားတာပါ။ အခုထိလည်း ထုတ်ကုန်အသစ်အသစ်တွေနဲ့ မြန်မာ့ဆက်သွယ်ရေးက တစ်ဆင့် မြန်မာပြည်က စားသုံးသူတွေရဲ့ ငွေတွေကို သဲ့ယူနေဆဲပါ။
အဲ ဆားဗစ်ကတော့ သိတဲ့အတိုင်း။ တရုပ်နည်းပညာ … တရုပ်တွေ လာနေတာမှ အယောက် ၁၀၀ကျော်မယ်ထင်တယ်။ZTE ရုံးမှာ တွေ့မိတာပဲ။ နေထိုင်ခွင့်တွေတောင် ကျော်ပြီး အိုဗာစတေးတွေများ ဖြစ်နေကြမလားမသိဘူး။ တကယ် မြန်မာပြည်မှာလာပြီး အိုနေတဲ့ တရုပ်တွေ၊ ကကြီးတွေ ရှိတယ်။
အခုတော့ မီးလောင်ပါသတဲ့။ ကဲ ဘယ်တော့ပြန်ကောင်းပါ့မလဲ ဘယ်သူပြောနိုင်မလဲ ဆိုတာမျိုးပါပဲ။ ရှိစေတော့။ နာအေးပါးအေး။ ( တစ်ခုပဲ ကိုယ်အရေးတကြီး ဆက်ရမယ့်သူ၊ ကိုယ်နားပူစရာ လူတစ်ယောက်ကလည်း ၀၉၅၀…. ဖြစ်နေတယ်။) ဟိုလူတော့ ကိုယ် နားပူလို့မရတော့ဘူး ဆိုပြီး ပျော်နေမယ်ထင်တယ်။ အိမ်မကပ် ရုံးမကပ် လုပ်နေတော့မှာပဲ။ လူကိုယ်တိုင်သွားရတော့မယ်ဗျ…။ )
ကဲ… တော်သေးပြီ။ သွားလိုက်ပါဦးမယ်။
Related posts:
- မြစ်သားတွင် ချောင်းရေလျှံသဖြင့် စိုက်ခင်းဧက ၂ ထောင်ကျော် ပျက်စီး
- နှင်းမုန်တိုင်း တိုက်ခိုက်ပြီး ဆီးနှင်းများထူထပ်စွာ ကျဆင်းမှု ကြောင့် တရုတ်-မြန်မာ ကုန်သွယ် ရေးဂိတ် ပျက်စီးပြိုကျသွားခဲ့
- (၅) သိန်းတန် ဖုန်း အငှားဈေးကွက် ပေါ်ပေါက်
- Mobile ဆိုင် များ ဖုန်း အခိုး ခံနေ ရ CCTV မှ ဓာတ်ပုံများရထားသော်လဲ…
- ဖုန်း (Elm , Hazel , Aspen)


ကိုလင်းဝေကျော်ရေ..
ဒီသတင်း အတွက်ကျေးဇူးပါ..ရုံးအပြန်ကို
ဖုန်းဆိုင် ကိုပြေးဖို့စဉ်းစားနေတာ..ခုတော့စိတ်မပူတော့ဘူးဗျ…
ဒါနဲ့ ဘယ်လောက်များ ကြာမလဲ ဆိုတာလေး ကြားသိ ရင်ရှယ်ပေးပါဦးဗျာ..
Was this answer helpful?
LikeDislikeအွန့်…တေပီ…ချိန်းထားတာလွဲပြီ..။
Was this answer helpful?
LikeDislikeလာပြန်ပါအုံးမယ် တန်ဖိုးနည်းဖုန်း ဆိုပါလား။ဘယ်လောက်ဆိုးအုံးမလဲ စောင့်သာကြည့်ရမယ်ဗျ။
Was this answer helpful?
LikeDislikeဟီးးးခုမှ…ဟန်းဖုန်းကနေ ဟန်ဖုန်းဖြစ်သွားတာပေါ့..
ပီးတော့ ..ဟန်ထူးဖြစ်သွားတော့တာပေါ့နော်…။
Was this answer helpful?
LikeDislikeဖုန်းမမိဘူး ဘာဖြစ်တာလဲ မသိဘူး ဖုန်းပျက်တာလား ကဒ်လောင်တာလား မသိဘူး ငြီးနေတဲ့ သူကို အခုပဲ ဒီပိုစ်လေး ဖတ်ပြီး သတင်းပေးတယ်။
Was this answer helpful?
LikeDislikeကျုပ်တို့မြန်မာပြည်ထဲ
တရုပ်နဲ့ကင်းတာဘာရှိလဲလိုက်ရှာကြည့်တာ
အကုန်လုံး တီလုပ်နဲ့ကင်းတာဘာမှရှိဘူး
ဆပ်ပြာခွက်ကနေ….အခုကားပိစိလေးတွေထိ တီလုပ်ပဲ
တရုတ်စက်ကတော့ တိတယ်မှတ်လား..တစ်ရက်နဲ့စုတ်မှာပါပဲ
Was this answer helpful?
LikeDislikeကိုလင်းမြွေ အတွက် နားအေးပါးအေး ဖြစ်ခဲ့ရတာပေါ့နော် ။
ဘယ်အချိန်ပြန်ကောင်းမလဲ ဆိုတာကိုရော သတင်းကြားရလား ဗျို့ 
Was this answer helpful?
LikeDislikeကြာချိန် = ပြင်၍မပြီးမချင်း
Was this answer helpful?
LikeDislikeမြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သုံးစွဲသူများ၏ နစ်နာမှုများကိုထောက်ထားစာနာသောအားဖြင့်
ုယခု ပျက်စီးသွားမှုအား ပြန်လည်ပြဆင်ရန် ကုန်ကျစရိတ်များအတွက် တယ်လီဖုန်းခေါ်ဆိုခနှုန်းထားများ
တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်းသတင်းရရှိ။ ကွိကွိကွိ၊ ခွစ်ခွစ်ခွစ်၊ခွီးခွီးခွီး
သုံးစွဲသူများ၊ သင်တို့၏လက်ဝယ်တွင် ရှိ(တချို့မရှိ) သော စာချုပ်နှင့် ပူးတွဲပါ စည်းကမ်းချက် (၁၁) ကိုဖတ်ရှုကြပါကုန်။
Was this answer helpful?
LikeDislikeကြာချိန်=တရုတ်မှစပယ်ယာပတ်များရောက်ချိန်၊ သို့သော် ယခုတပ်ဆင်ထားသောစက်မှာ တရုတ်မှာ ခေတ်မမှီတော့သောကြောင့်ရောင်းထားသော old model စက်များဖြစ်ပါသောကြောင့် စပယ်ယာပတ်များ မရှိတော့ပါသဖြင့် စက်ရုံအသစ်ဆောက်ပြီးစက်လည်ပတ်ပြီးမှရမည်ဖြစ်ကြောင်း ( မြန်မာ့အသံစထောင်ခါစကကြုံဖူးပါသဖြင့် )
Was this answer helpful?
LikeDislikeညပိုင်း ၇:oo ခန့်မှာ ၅၀……လိုင်းတွေတော့ပြန်ကောင်းသွားပါတယ်ဗျာ..
ရက်အနည်းငယ်ကြာမြင့်လောက်မယ်လို့ ထင်ခဲ့မိတာ
အခုလိုမြန်မြန်ပြန်ကောင်းလာတော့ လည်း.အရင်နဲ့ နဲနဲကွာခြားလာတဲ့စနစ်အတွက် ကျေးဇူးတင်ရမှာပေါ့နော်.
Was this answer helpful?
LikeDislike