ပထမဆုံး လေယာဉ်မယ်များ
|642- Hits|ခရီးတိုလေး တစ်ခု သွားရင်းနဲ့ ဒီနေ့ ( ဒီဇင်ဘာ ၁၆ ရက်နေ့ ) ထုတ်တဲ့ Bangkok Post သတင်းစာလေး ဖတ်မိလိုက်တယ် ၊ ခဏတဖြုတ် ဟိုကြည့်ဒီကြည့် လုပ်ရင်း သတင်းလေး တစ်ခု သွားတွေ့မိတော့ နဲနဲလေး ထူးခြားနေတာနဲ့ ရွာသားတွေကို ပြန်လက်တို့ မိတာပါ ….
ပထမဆုံး ဆိုတာတွေ ထဲက ပထမဆုံး တစ်ခုပေါ့ ၊ မိန်းကလေး အဖြစ် လိင်ပြောင်းထားတဲ့ လေယာဉ်မယ်လေး ၄ ယောက် အကြောင်းပါ ၊ သူတို့ကို မြန်မာလို အခြောက်တို့ ၊ မိန်းမရှာ တို့ သုံးရင် နဲနဲ ရင့်သီးသလို ဖြစ်နေမှာ စိုးလို့ သတင်းထဲက အတိုင်း ladyboy လို့ သုံးပါမယ် ။ ထိုင်းနိုင်ငံက PC Air ဆိုတဲ့ လေကြောင်းလိုင်းက ဒီဇင်ဘာလ ၂၄ ရက်နေ့ကျရင် ဘန်ကောက် ကနေ ဗီယက်နမ် ကို စင်းလုံးငှားခရီးစဉ် စပျံပါတော့မယ် ၊ နောက်နှစ်မှာ တရုတ်နိုင်ငံက မြို့ နှစ်မြို့ ကို ပျံဘို့ စီစဉ်ထားတယ် ၊ ပြည်တွင်းခရီးစဉ်တွေက အပြိုင် များနေတာမို့ ခရီးစဉ်သစ်တွေ ဆွဲဘို့ စီစဉ်တာပါ ။ မစခင် သရုပ်ပြပျံသန်းတဲ့ အနေနဲ့ မနေ့က မီဒီယာသမားတွေတင်ပြီး ပျံရင်းနဲ့ ကမ္ဘာ့ပထမဆုံး ladyboy တွေကို မိတ်ဆက်ပြလိုက်တယ် ၊ မီဒီယာတွေရဲ့ မှတ်ချက် မပါပေမဲ့ အဆင်တော့ပြေမှာပါ ၊ ပုံထဲက လေယာဉ်မယ် ၄ ယောက်မှာ ညာဘက် ဒုတိယလေယာဉ်မယ်က Thanyarat Chirapatpakorn တဲ့ သူက Miss Tiffany Universe 2007 ရထားတဲ့ သူ ဆိုပဲ ၊ ကျွန်တော်တို့ဆီမှာလဲ ladyboy တွေ ရှိကြပါတယ် ၊အရင်ကထက်တောင် များလာသလိုပဲ ၊ အဲဒီ အများကြီးထဲက ဘယ်နှစ်ယောက် လူအများရှေ့ ခေါင်းမော့ရင်ကော့ပြီး နေနိုင်ပါသလဲ စဉ်းစားကြည့်စရာပါ ၊ အလှပြင် တဲ့လောကမှာတော့ သူတို့တွေပဲ ဆိုပေမဲ့ ခင်စန်းဝင်း တို့ အောင်အောင် တို့လို လူက နဲနဲပဲ ရှိပါတယ် ၊ ၀ါသနာ ကြောင့် ပတ်ဝန်းကျင်ကြောင့် အလွယ်ပြောနေကြတဲ့ ၀ဋ်ကြွေးကြောင့် ဘာကြောင့်ပဲ ဖြစ်ဖြစ် ladyboy ဘ၀ ဖြစ်လာကြပြီးနောက် သဘာဝအရကို လက်မခံချင်တဲ့ မြန်မာပြည်လို နေရာမျိုးမှာတောင် တည်တည်တံ့တံ့ ရိုးရိုးသားသားနဲ့ နယ်ပယ် တစ်ခုမှာ ထူးချွန်အောင် လုပ်မယ်ဆို ပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအ၀ိုင်းကလဲ နားလည်လက်ခံပေးမှာပါ ၊ ရွာထဲမှာတောင် ဆရာမှော် က သူ့ရဲ့ ရာရားလေး ကို ဘယ်လို လေးစားနားလည် မိတဲ့အကြောင်း ရင်ဖွင့်ထားသေးတာပဲ ၊ မြန်မာ ladyboy တွေ ရိုးရိုးသားသား တည်တည်တံ့တံ့ ကြိုးစားရင် မြန်မာပြည်မှာလဲ လေယာဉ်မယ်ရာရား တို့ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူအတိအကျပြောနိုင်ပါ့မလဲ..
သတင်းလေးကို ဆက်ဖက်ကြည့်လိုက်တော့ လေကြောင်းလိုင်း သူဌေးက ပီတာ တဲ့ အရင်က လေယာဉ်မောင် လုပ်ဖူးတဲ့သူ ၊ သူ့ လေကြောင်းလိုင်းကို နောက်ပိုင်းမှာ ဟောင်ကောင်၊ တရုတ်၊ဂျပန် ၊ တောင်ကိုရီးယားနိုင်ငံတွေထိ တိုးချဲ့ပျံသန်းနိုင်ဘို့ စီစဉ်ထားတယ် လိုင်းတွေ တိုးသလို ladyboy တွေကိုလဲ တိုးခေါ်မယ် သူတို့ရဲ့ မူဝါဒက to promote equality တဲ့ ၊ ကောင်းပါတယ် ဆက်လုပ်ပါလို့ ပြောရမှာပေါ့ ၊ အခုခေတ် မှာ လေကြောင်းလိုင်းတော်တော်များများက အကုန်အကျ သက်သာအောင် လေယာဉ်တွေကို အငှားစနစ်နဲ့ ငှားပျံကြပေမဲ့ ၊ ပီတာ က ဘတ်ငွေ တစ်ဘီလီယံ လောက် လက်ငင်း ပေးပြီး A 310-222 တစ်စီးကို ၀ယ်ထားတာ ၊ ဘယ်သူ့ ဆီက ၀ယ်တာလဲ ဆိုတာ သိရမှ ပို စိတ်ဝင်စား သွားမိတယ် ၊ အဲပုဂံ က ဦးတေဇ ဆီက ပါတဲ့ ၊ မြန်မာပြည်မှာ မတွေ့မိတော့တာ အဲဒါကြောင့်ကို ၊ စ ပျံတုန်းက တော့ ဂျာနယ်တွေမှာ ပါလို့ သိလိုက်တယ် ၊ ပြန်ရောင်းတာတော့ မသိလိုက်ဘူး ၊ သူ့ လေယာဉ် ၀ယ်သွားတဲ့ လူတောင် ladyboy တွေကို လေယာဉ်မယ် ခန့်ထားရင် သူ လဲ အဲဒါမျိုး စိတ်ဝင်စားနိုင်တယ်
ကဲ မြန်မာပြည်က ladyboy များ ရော အဲပုဂံမှာ လေယာဉ်မယ် မလုပ်ချင်ကြဘူးလား ?
Related posts:
- ဖိလစ်ပိုင်တို့ ပထမဆုံး ဆီမီးဖိုင်နယ် တက်စေခဲ့သည့် အုပ်စု နောက်ဆုံးပွဲစဉ် ~ မြန်မာ ၀-၀ ဖိလစ်ပိုင်
- ပထမဆုံး လက်နှစ်ဖက်လုံးမရှိဘဲ လေယာဉ်မောင်းသူ
- ပထမဆုံး လိုင်စင်ရ ပုဂ္ဂလိက ဆီဆိုင်ဖွင့်
- ပထမဆုံး လက်နှစ်ဖက်လုံးမရှိဘဲ လေယာဉ်မောင်းသူ Photo
- မိုးကြိုကာလအတွင်း ရန်ကုန်မြို့တွင် ပထမဆုံး ကွက်ကျားမိုးရွာ လေပြင်း၊ မိုးကြိုးနှင့် စိုက်ဆင်းတို့ ဖြစ်ပေါ်နိုင်



ဟယ်…. ဖြိုးသူငယ်ချင်းတွေတယ်ဟုတ်ပါလား….
မာမီအောင်ဘုကတော့ဂုဏ်ယူနေမှာအမှန်ဘဲဗျို…….
Was this answer helpful?
LikeDislikeမြန်မာပြည်မှာ တော့ ဖြစ်နိုင်ဘူးထင်ပါတယ် ဗျာ။
ဒီရွာထဲမှာတောင် လက်မခံကြတာ ။
အေးလေ ဖြတ်ဖေါက်ချုပ် လေးတွေက
ဝတ်မှုန်ရွှေရည်ထက် လန်းနေရင်တော့ ပြောတတ်တော့ဘူးဗျာ။
Was this answer helpful?
LikeDislikeအဲဒါတော့ သူတို့ အရည်အချင်းပေါ်မှာ မူတည်ပါမယ်
အနေအထိုင်တတ်ရင် ၊ ကြိုးစားရင် တစ်နေ့ ဖြစ်လာနိုင်တာပေါ့
တစ်ခါတုန်းက ရွှေဘုံသာ လမ်းမှာ အရမ်းလှတဲ့ ကောင်းကလေး ကို အဝေးကမြင်လို့ လိုက်ငေးဘူးတယ် ၊ သူ့ကို ကျော်လိုက်မှ ladyboy မှန်းသိရတာ ၊ ၀တ်မှုန်ရွှေရည်ထက် ချောတယ်နော
ဖြစ်နိုင်ချေ တစ်ခုပေါ့ ဗျာ
Was this answer helpful?
LikeDislikeဪသူဒို့လေးတွေက ဖြုတ်တတ် လေးတွေလား (ဖီလင်မလာဘူး) ဘယ်လိုပဲလှလှ
Was this answer helpful?
LikeDislikeပုံမှာ တင်ထားတဲ့ စာကို ထပ်ဖြည့်ရင် ကောင်းမလားဗျ
လေယာဉ်မယ် (သို့မဟုတ်) ဖျက်ဖောက်ချုပ် ကြိုက်သူများအတွက်
Was this answer helpful?
LikeDislikeအားပါးပါး …. KTV မှာများ ladyboy တွေ ၀င်ကုန်ရင်ဒုက္ခပါလား …။
မြင်မြင်သမျှမယုံရတော့ပါလားနော် …။
Was this answer helpful?
LikeDislikeတကယ် အရည်အချင်းရှိတဲ့ လူတွေကို ဘယ်သူမှ လက်မခံပဲ ပါယ်ထားလို့ မရပါဘူး။
ကြားဖူးတာတော့ အဲဒီ ဖြတ်ဖေါက်ချုပ်တွေက ဟိုမုန်းဆေးတွေ အမြဲစားရတယ် ပြောတယ်.. ဆေးရဲ့ ကုန်ကျစရိတ်ကလည်း ကြီးတော့ ပိုက်ဆံ ပုံမှန် ရှိတဲ့ လူမှ အဆင်ပြေနိုင်မယ် ပြောတာပဲ..
နောက်ထပ် ကြားဖူးတာတော့.. ဟိုမုန်းဆေးတွေ စားပြီးမှ မတတ်နိုင်တော့လို့ မစားပဲ နေလိုက်ရင် ရုတ်တရက် အရမ်း အိုကျပြီး ကြည့်ရဆိုးတယ် ပြောတာပဲ.. သက်တမ်းစိလည်း နေဖို့ ခက်တယ်ပြောတယ်.. ဟုတ်မဟုတ်တော့ ကာယကံရှင်တွေပဲ သိကြမှာပေါ့..
Was this answer helpful?
LikeDislike“တကယ် အရည်အချင်းရှိတဲ့ လူတွေကို ဘယ်သူမှ လက်မခံပဲ ပါယ်ထားလို့ မရပါဘူး” အမှန်ပါဘဲ။ အပြည့်အဝထောက်ခံပါတယ် မမဆူးကို
Was this answer helpful?
LikeDislikeစကားမစပ် ဂီဂီလဲ နေမကောင်းဘူးပြောတယ် …။
ငွေပြတ်သွားလို့များလား ….
Was this answer helpful?
LikeDislikeနာ့ဟာနာ စိုင်ပစ်ပီး အအေးပတ်တာ
ဘာလို့ နာ့ ဆွဲထည့်ရတာတုန်း …
မင်းမြတ်စကြ်ာပုန်း…ရီးရဲ့….
ထင်သား …ဂေးပိုစ့်တက်ရင် နင်ဝင်မန့်မယ်ဆိုတာ ….
တခြားပိုစ့်သာ ကမှော်တို့ လက်ရှောင်ချင်ရှောင်မယ်. …
ဒါမိုး ကတော့ ….ဟင်းဟင်း ….. သိလိုက်ပါဘီ…
အားမငယ်ပါနဲ့ဂျာ
ရော့ရော့ ….
https://www.facebook.com/notes/myanmar-mediamm/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%80-%E1%80%9C%E1%80%AD%E1%80%84%E1%80%B9%E1%80%90%E1%80%B0%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8-%E1%80%9C%E1%80%B0%E1%80%9E%E1%80%AD%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%81%BE%E1%80%80%E1%80%AC%E1%80%B8-%E1%80%91%E1%80%B0%E1%80%B8%E1%80%91%E1%80%B0%E1%80%B8%E1%80%BB%E1%80%81%E1%80%AC%E1%80%B8%E1%80%BB%E1%80%81%E1%80%AC%E1%80%B8-%E1%80%99%E1%80%82%E1%81%A4%E1%80%9C%E1%80%AC%E1%80%95%E1%80%BC%E1%80%B2/103918259725465
Was this answer helpful?
LikeDislikeအော် ဂီဂီတို့ အိမ်ထောင်ကျသွားရှာပြီကိုး ….
Was this answer helpful?
LikeDislikeဘိုနို ပြောတာ ဖြစ်နိုင်ပါတယ်
တစ်ချို့  ၊ ဂေး တွေ က မိန်းမထက်တောင် ပိုချော ပိုနု ပိုအု သေးတယ် ( ကြားဖူး ၊ မြင်ဖူး တာ ကို ပြောတာပါ )
မိန်းမ စိတ် အိုဗာ ဖြစ်ကြသူများကြတော့ ဖြတ်ဖောက်ချုပ် လုပ်ဖို့ ဘဲ အမြန်ဆုံးကြိုးစားကြတော့တယ်
လွန်ခဲ့သော လေးနှစ်ကျော်ခန့် က ဆိုရင် ၊ တစ်ကယ့် မိန်းခလေး တစ်ယောက်ထက် ပိုလှတဲ့ ၊ ပိုနု တဲ့  အခြောက် တစ်ယောက် ကို တွေ့ ခဲ့ဖူးတယ် ။ တက္ကသိုလ်က ဘွဲ့ အရင် ရအောင် စောင့်နေပါသတဲ့ ။
ဘွဲ့ ရပြီးတာနဲ့ ၊ သူ့ စပွန်ဆာ ဘဲကြီးရဲ့ အစီအစဉ် နဲ့ ယပလက် ဂိုးပြီ ဆိုဘဲ ။
Was this answer helpful?
LikeDislikeအဲ့လို ladyboy အကြောင်း ရုပ်ရှင်တခုမှာ ကြည့်ဖူးတယ် သူရဲကားမှတ်တာပဲ သူက သူသဘောကျတဲ့ မင်းသမီးတယောက်နဲ့ ချွတ်စွတ်တူအောင် ခွဲစိတ်ပြုပြင်တာမှာ သေသွားပြီး စိတ်စွဲပြီး အဲ့ဒီမင်းသမီးကို ၀င်ဝင်ပူးတာ ဖြစ်ချင်တော့ အဲ့ဒီမင်းသမီးက တကယ့်သေမှုသေခင်း က သေသွားတဲ့ ပုံစံတွေကို ပညာပေးရိုက်ပေးနေတာ ရိုက်ရင်းနဲ့ ၀င်ဝင်ပူးတာ
ကြောက်စရာတော့ ဘာကောင်းသလဲမမေးနဲ့ …..
နောက် ပုံထဲက ရှေ့ဆုံး ၃ ယောက်ရဲ့ မျက်လုံးပုံစံတွေက ခွဲစိတ်ပြုပြင်ထားမှန်း အရမ်းသိသာတယ် သဘာဝမကျဘူး..
ဒါပေမဲ့ သူတို့လည်း သူများတွေနဲ့ တန်းတူ နေရာတခု ယူလာနိုင်တယ်ဆိုတာကို တော့ အသိအမှတ်ပြုပေးရမှာပေါ့.. သူတို့တွေလည်း လူထဲက လူတွေပဲလေ .. ကိုယ့်ဘ၀ကိုယ်ပိုင်တာဆိုတော့ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပဲပေါ့…..
Was this answer helpful?
LikeDislikeအော် ပုခ်ျ ရယ်
ပုခ်ျ လောက်တော့ ဘယ်ချော ဘယ်လှ ကြမှာလဲ လို့ 
သူတို့ လေးတွေ ဘယ်လောက် ချောချော
ဘယ်လောက် လန်းလန်း
ဘယ်လောက် လှလှ
ပုခ်ျ ကို မမှီသေးဘူးနော
Was this answer helpful?
LikeDislikeအော် ပေါ်တင်ကြီးကို ပါလားနော် …
တရာရလိုက်တာ .. တရာ ရလိုက်တာ….
Was this answer helpful?
LikeDislikeပြောရရင်တော့ ထူးဆန်း လွန်ရာကျမယ်။ မြန်မာပြည်မှာ gay တွေကို လက်မခံဘူးဆိုတာ ဆင်းရဲတဲ့ gay တွေ ၊ သိပ်လွန်ကဲတဲ့ ဂေးတွေကိုပါ။
ထူဆန်းရဲံ့ အင်္ဂလိပ်စာ ကျုရှင် ဆရာက Homosexual ပါ။ သူ့ ဘော်ဒါတွေကလည်း သူဌေးတွေ၊ဂေးတွေ ပါ။ ပညာလည်းတော်ကြပိုက်ဆံလည်းရှိကြတော့ လူရာဝင်ကြပါတယ်။
အခုခောတ်လည်း သူဌေး ဂေးတွေ အများကြီးပါ။ လူရာဝင် လက်ခံထားကြတာပါဘဲ။
သူတို့ရဲ့ ကျင့်ကြံမူနဲ့ ကြိုးစားမူ့က အဓိကပါ။
Was this answer helpful?
LikeDislikeကိုထူးဆန်းပြောတာဟုတ်တယ်၊ပုသိမ်တက္ကသိုလ်မှာ အင်္ဂလိပ်စာအရမ်းတော်တဲ့ဆရာတစ်ယောက်တွေဲခဲ့ဘူးတယ်။
စတိတ်တုန်းကလည်း သင်္ချာ ဖိဆစ် တော်တဲ့ဆရာတစ်ယောက်နဲ့လည်းသင်ဘူးခဲ့တယ်။
Was this answer helpful?
LikeDislikeစိတ်ဝင်စားစရာပါ။ ရိုးရိုးသားသားနေထိုင်လုပ်ကိုင်စားသောက်မယ်ဆိုရင်သူတို့ဟာ စိတ်ဝင်စား စရာကောင်းတဲ့လူတန်းစားတရပ်ပါ။ ၀ါသနာအရ ဒီလိုဖြစ်တာပဲဖြစ်ဖြစ်၊ စီးပွားရေးအရဒီလိုဖြစ်တာပဲဖြစ်ဖြစ် ရိုးသားမှု့ရှိရင်တော့ လက်ခံနိုင်စရာရှိပါတယ်။ ဒါပေမဲ့တခါတလေလဲ စုန်းပြူးတွေပါလာတတ်တော့ အထင်အမြင်သေးစရာတွေဖြစ်ကုန်တာပေါ့။ သာမာန်မဟုတ်တဲ့သူတို့အတွက် အစစအရာရာ ဂရုပြုနိုင် မှတော်ကာကျမှာပါ။
Was this answer helpful?
LikeDislikeမိန်းမစိတ်ပေါက်နေတဲ့ ယောက်ျားကို မြန်မာလို မိန်းမလျှာ ဘိုလို Gay လို့ခေါ်တာထင်တယ်။
ကျုပ်ကတော့ အဲဒီအခေါ် ၂ ခုလုံးသိပ်မကြိုက်ဘူး။ သိပ် မခြုံငုံမိဘူးထင်တာပဲ။ တရုတ်လို ဘယ်လိုခေါ်သေးလဲ မသိဘူး။ မေးမြန်းကြည့်ရဦးမယ်။
ကျုပ်နဲ့တွေ့ဆုံဘူးတဲ့ မိန်းမစိတ်ရှိတဲ့ယောက်ျားတွေထဲမှာ-
မွေးမေလေ့လို့ အော်ရလောက်အောင် သိပ်ထူးချွန်ထက်မြက်သူတဦး၊ ထူးချွန်ပြီး နာမည်ကြီးတဲ့ ထိပ်တန်းစားရင်းဝင် ပါရဂူဆရာဝန်ကြီး နှစ်ဦး၊ အလွန်လူမှု့ရေးကျေပွန်ပြီး လူတကာကို ကြီးငယ်၊ ကျားမ၊ အဆင့်အတန်းမရွေး စိတ်ရောကိုယ်ပါ ထိထိရောက်ရောက် ကူညီတတ်သူတဦးနဲ့ ရပ်ရေးရွာရေးဘာသာရေးကိစ္စတွေကို ဘ၀တခုလုံးမြုတ်နှံပြီး စွမ်းစွမ်းတမံ ရှေ့ဆုံးတန်းက ဆောင်ရွက်နေသူတဦး တို့ပါဝင်ပါတယ်။
ကျုပ်တို့ မကြာခဏ အော်ဟစ် ဆဲဆို မောင်းထုတ်နေရတဲ့ gay တွေကတော့ ဆပ်စလူးထချင်လွန်းသူတွေ၊ များတို့ကိုလဲသုံးကြပါဆိုပြီး ဇွတ်ကြော်ငြာသူတွေ၊ လူတွေ ကိလေသာဆန္ဒ ထကြွအောင် လှုံ့ဆော်ပြီး သူတို့နည်းကို ဆွဲဆောင်ဘို့ ကြိုးစားသူတွေနဲ့ လူရှေ့အတင်းထွက်ပြပြီး လူရာဝင် လူတောတိုးချင်လွန်းလှသူတွေ ကိုပဲဖြစ်ပါတယ်။
ကျုပ်အပေါ်ဆုံးမှာ ပြောခဲ့တဲ့ Gay တွေကတော့ လူလိုနေ လူလိုရှင်သန်ရင်း လူများစုရဲ့ရှေ့ဆုံးမှာ ချစ်ခင်လေးစားနေရာပေးခံရသူတွေပါ။
Gay ဆိုတိုင်း မတူပါဘူး။ ဒါကြောင့် ကျုပ်ကလဲ လေးစားသင့်တဲ့ ဂေးကိုလေးစားမယ်။ ချီးကျူးသင့်တဲ့ဂေးကို ချီးကျူးမယ်။ အတုယူသင့်တဲ့ဂေးကို အတုယူမယ်။ အလေးအမြတ်ပြုသင့်တဲ့ဂေးကို အလေးအမြတ်ပြုမှာပါပဲ။
ဆဲလွှတ်သင့်တဲ့ဂေးကိုတော့ ဆဲလွှတ်နေဦးမှာပဲဖြစ်ပါတယ်။ (ငယ်ငယ်တုန်းကလိုတော့ -င်လာလှန်ပြတဲ့ဂေးကို ခဲနဲ့လိုက်မထုတော့ပါဘူး။ ကြီးလာတော့ လက်မတည့်တော့ဘူးလေ)။
Was this answer helpful?
LikeDislikeတေဘာပြည်။။။ ပုံကြည့်ပြီး ဒုတိယမြောက် မျက်ပြူးလေးကို ဂွတ်ရှယ်ပြောတော့မလို့။ ဖြိုးရေ နင်ရော အဲသလို ပြူးပြူးလေးပဲလား ဒါမှမဟုတ် သဂျီးလို နှစ်လုံးပြူးကြီးနဲ့လား။။ ကိုကြောင် ရင်မောဒယ်ကွယ်။။။။။
Was this answer helpful?
LikeDislikeဒါဆိုရင်တော့ ဒီလိုလူတွေက ပိုပြီး ဂုဏ်ယူနေဦးမှာ မြင်ယောင်သေးတယ်။ ဘယ်လိုလူမျိုးတွေက ရွေးခန့်မလဲမသိဘူးနော်….
Was this answer helpful?
LikeDislikeသတင်းစာမှာ တွေ့ လို့ ပေါ့ပေါ့ပါးပါး တင်လိုက်တာ ၊ ရွာသားတွေ စိတ်မှ ၀င်စားပါ့မလားလို့ ၊ တော်တော်လေး ၀င်အားပေးသွားတာပဲ
ကိုပုကြီး မ မန်းတော့ ဒီပို့စ် ကသိပ်မပြည့်စုံသလိုတော့ ခံစားရတယ်
ကဲ မြန်မာပြည်က ladyboy များ အပေါ်က ဆရာ/မ တွေလဲ မန်းထားတာ တွေ့မှပါ ၊ ဖြစ်လာတဲ့ ဘ၀ မှာ တကယ်သာကြိုးစားရင် ဦးပါလေရာ ပြောသလို “လေးစားသင့်တဲ့ ဂေးကိုလေးစားမယ်။ ချီးကျူးသင့်တဲ့ဂေးကို ချီးကျူးမယ်။ အတုယူသင့်တဲ့ဂေးကို အတုယူမယ်။ အလေးအမြတ်ပြုသင့်တဲ့ဂေးကို အလေးအမြတ်ပြုမှာပါပဲ။ဆဲလွှတ်သင့်တဲ့ဂေးကိုတော့ ဆဲလွှတ်နေဦးမှာပဲဖြစ်ပါတယ်။” တဲ့
အားလုံးကို ကျေးဇူးတင်ပါတယ်နော
Was this answer helpful?
LikeDislike