47
ပါကင်ဖောက်ခြင်း
|1350- Hits|
မိတ်ဆွေတို့ ... ကျုပ်ကတော့ သည်ည ပါကင်ဖောက်ခဲ့ပီဗျာ .... သည်တော့ မိတ်ဆွေတို့ကို ပါကင်ဖောက်နည်းလေး
နည်းနည်း ..နည်းပေးမလို့ပါ...
မိတ်ဆွေတို့လဲ ပါကင်ဖောက်ဖူးကြမှာပါနော....
ကျုပ်ကတော့ သေသေချာချာကို ဖောက်ခဲ့တာဗျ...
စနစ်တကျ အချိန်ယူပြင်ဆင်ပြီးမှကိုဖောက်တာ..
ပါကင်ဖောက်တယ်ဆိုတာ အလွယ်မလုပ်စကောင်းဘူးမလား..
သည်တော့ ...အသေအချာ လုပ်ရတာပေါ့....
အဲ့လို ပါကင်ဖောက်နိုင်အောင်ကျုပ်မှာ လနဲ့ချည် ကြံစည်
လာခဲ့တာဗျ .... ဈေးကလည်း နည်းမှမနည်းဘဲလေ...
အဟောင်းဆို ကျုပ်က သိပ် စိတ်သန့်တာမဟုတ်ဝူးရယ်....
ပါကင်ပဲ ကြိုက်တယ်လေ ... သည်တော့ ...အချိန်ယူရတာပေါ့..
ကျုပ်မှာ ... စိုင်ပစ်လည်း ဒီစိတ်
အလုပ်လုပ်လည်း ဒီစိတ် .... ထမင်းစားလည်း ဒီစိတ်
ကုန်ကုန်ပြောမယ် အိပ်တာတောင် သည်စိတ်နဲ့ကိုးဗျ...
ကနေ့တော့ အဲ့သည့် နေ့ရက် စိုက်စိုက်မြိုက်မြိုက်ရောက်တဲ့နေ့ ပေါ့ဗျာ...
ကျုပ်မှာ ပါကင်ဖောက် မှတ်တမ်းဆိုပီး ဒါ့ပုံ ၇ပုံ ရိုက်ထားတာရှိတယ်ဗျ..
ပြမယ် ......
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
1. ဟောသည့်မှာ ပါကင်
တော်သေးတယ် စာလုံးလေးတွေဖတ်မရလို့ ...နို့မို့ ဟို စီအိုင်အေ ကလူရီး အိမ်လာလည်နေဦးမယ်...ခိခိ..
2. ဟောဒါကြီးနဲ့ ...
3. ဟောသလိုကြီး ...
4. ပါကင်ပေါက်သွားပုံ ...
5. အထဲက ဘာပါလိမ့် ..??
အဲ့ ဘူးသီးငပေါင်းကျော်တွေ ဖတ်ရတာ သိပ် စိတ်ညစ်တာဘဲ... အဟုတ်...
6. ဒန်တန့်တန် .....
ကျုပ်ကိုးကွယ်တဲ့ ဆြာ ရဲ့ စာအုပ်ပါဗျာ ....marketing က ဘာသာရေး ဆိုရင်...
philip kotler က ဘုရား ပဲတဲ့ ...ဟုတ်ကဲ့ ဒါဆို Guy Kawasaki ကလည်း ...Demi-God လောက်အဆင့်တော့
မလျော့ပါဘူးဗျာ .... သည်၂၀၁၁ ရဲ့ ...best sellers စာရင်းဝင်တဲ့ စာအုပ်ပါ....
(business book ဆိုတဲ့ category မှာပြောတာနော.. S. ..ထည့်ထားတယ်ဗျ .. နံပါတ် ၁တောကမဟုတ်ဘူး ..
၃-၄ တခုခုပဲ -ကျုပ်ကြည့်တဲ့အချိန်တုန်းကပြောပါတယ်...)
7. Ad for Guy Kawasaki ....??
ဒါ ...ငုတ်တုတ်ထင်ရှား မားကတ်တင်းသမားများထဲမှာ ကျုပ်အလေးစားဆုံး ပုဂ္ဂိုလ်ပဲဗျ .....
သူ့တော်ကီတွေ ဆို ကျုပ် သိပ် လေးစားတာ ......အေးဆေးတည်ငြိမ်ပြီး ရှက်တတ်တဲ့လူရိုးလူအေးလေး...
အဲ့ ..ပြောစရာရှိလိုပြီဆိုရင်ဖြင့် ချက်ကျ လက်ကျနဲ့ သူ့မွေးစားမေမေကို ..တိုင်တည်ပြီးကို ငြင်းမရအောင် လွှတ်တာ..
ချစ်ချာလေး ဟုတ် ??? အာဂန်နု ဂျာပွန် ဇိမ်ဘုန်းကြီး ဟိမုရ ဂီ လို့ ခေါ်ပါတယ်.... ဟီးဟီး..
ဂျာပွန်မလေးတွေရဲ့ အသည်းကျော်လေးလေ. .....ခစ်ခစ်....
နောက်တာ ....
Guy Kawasaki က သူ့စာအုပ်ကို မျက်ခွက်နဲ့ တွဲရိုက်ပီး Facebook က enchantment page
မှာလာတင်တဲ့ သူတွေထဲက ..၁ဦးကို Nikon D-3100 လက်ဆောင်ပေးမယ်ဆိုလို့ ရိုက်ထားတာ ...
ခု တင်လိုက်ပီ ..ခိခိ ...... ရွာမှာမတင်ရင် မမျှတဘူး လို့ ခံစားရတာကတကြောင်း ပီး ...
ရွောသူကလေးများကလည်း ကြည့်ချင်တယ် တဖွဖွပြောလွန်းလို့ဘာ .....
ဂယ်တော့ .......
( မားကတ်တင်း သမားအချင်းချင်း ပြန် မားကတ်တင်းအဆင်းခံရတာလောက် ရင်နာစရာကောင်းတာမရှိဝူး...
ကိုယ့်အလုံး နဲ့ ကိုယ့်ပြန်ဆော်ခံ ထိသလိုပဲ ...အေးလေ ... နာ ကမှ D3100မရင်းနိုင်တဲ့အပြင် တူပေးမယ့် ဟာ
လိုချင်မိတာကိုး ...)
အတုယူပါ သဂျီး ..... ဖိုက်ဒီ မာ့ခ်ထူး ပေးမယ်ဆိုရင် ..သဂျီးဆိုက်မှာ ...မြန်မာပြည် ဒါ့ပုံအသင်းထက်တောင် ပိုလူစုံ
တွားဦးမယ်. ....
ကဲပါ အတည်ရေးပါဦးမယ် ..သည်ဘုတ်အုတ်ကို သည်နှစ်အတွင်း အပြီးဖတ်မယ်ဗျာ ...
ရှေ့နှစ်ထဲမတော့ .. ဖတ်ပြီးတာလေးတွေ ရှဲနိုင်အောင် ကြိုးစားပါ့မယ်...ခည...
အင်းလေ..ဘာပဲပြောပြော သည်နှစ်ထဲမတော့ ဂီဂီစာအရေး နည်းတွားတော့မှာပါ.
အဟီး ..တိုက်တယ်လ် ဖတ်ပီး ...မဟုတ်တာလျောက်တွေးတဲ့ လူဇိုးကြီးတွေ..
ဟီဟိ. ..ဘယ့်နှယ့် ပါကင်ဖောက်တာ မိုက်တယ်မလား .. ချစ်လို့ ကြည်စယ်တာပါဗျာ ..သည်ရက်ပိုင်း ရွာထဲမှာ
ကီးမြင့်နေတာတွေ ..စူပရာနို အော်လို့ မောရတာတွေ...
သောကပွေခဲ့ရတဲ့ အစ်ကိုအစ်မတွေအတွက်
အရီအမောလေးနဲ့ ..... ပျော်စေချင်လို့ ...ဂီက တင်ဆက်လိုက်ရတာပါ....
ခင်တဲ့ ...
mighty male and da marvelous myanmar marketer Mehn_Xani
Related posts:









လူဆိုး…အကြီးကြီးလားလို့လန့်သွားတာ
ဒီဓါးလောက်ဆိုမဆိုးပါဘူး…..
Was this answer helpful?
LikeDislikeရမ်းတယ် ရှမ်းကုလား
ကံ့ကူရံခြောက်
ဘေးလေးဆပ် ဘေးလေးဆပ်
Was this answer helpful?
LikeDislikeဘာတုန်းဗျ
ကံ့ကူရံခြောက်??
ကျုပ်ကနည်းနည်းဝေးတယ် …
ပါဠိလိုတွေ မလွှတ်ပါနဲ့ဗျိုး …
Was this answer helpful?
LikeDislikeသိဘူး
ဟီးဟီး
အဲဒါ ကုလားသီချင်းဘဲ
မင်းလူ ဝတ္ထုတွေထဲမှာ ခဏခဏ ဖတ်ရပါများတော့
အလွတ်ရနေလို့ 
ယူ မန့် ကြည့်တာ
Was this answer helpful?
LikeDislikeဂီဂီ ပလီပလာနဲ့
စိုင်လဲပါတယ်
အိပ်တာလဲပါတယ်
အဟောင်းမမိုက်
အကောင်းကြိုက်တာလဲပါတယ်။
အဲတော့ ဖတ်ရသူ ဒီကသွားရေများတောင်ကျမိ။
အဆုံးသတ်ခါမှ
မဟုတ်တရုတ်
ဗရုတ်သုတ်ခ
ဘယ်ကဘုန်းကြီးကိုလဲမသိဆွဲထည့်လို့ထည့်
ကဲဘာဘဲဖြစ်ဖြစ် လိုချင်ရှာတဲ့
ိD3100 အကိတ်ကြီး ကြီး
အပြီးရနိုင်ပါစေကွယ်………………..
Was this answer helpful?
LikeDislikeပါကင်ဖောက်တယ်ဆိုလို. ကြည့်တာ…
ပါကင်ဖောက်တာကြီးကိုး
Was this answer helpful?
LikeDislikeဘာမှမဟုတ်ဝူး…..တူကြိုက်တဲ.ကောင်မလေးကတု.ဒါ့ပုံကြည့်ချင်တယ်ဆိုလို့..ဥာဏ်ဆင်ပြီးတင်ထားတာ…
Was this answer helpful?
LikeDislikeတော်တော်ဆိုးတဲ့ဂီ ….။ ဒီက ယုံထင်ကြောင်ထင်..။ ပြီးတော့မှ ….. သူလည်းလျှော့သွားတယ်
ဂီဆိုတဲ့ ဂီယာကို သူတင်ပြီးကာမှ
ဘာ ဘာကိုကြောက်သွားတယ်မသိ….
ကြည့်ရတာ ကလိကလိဖြစ်ရအောင် ရှုပ်တယ်
နင်ဝဋ်လည်ဦးမယ်အညာ……..။
Was this answer helpful?
LikeDislikeသူ အဓိက ပြချင်တာက
ခင်ဗျား တို့ ကျုပ် တို့ မဟုတ်ဘူးဗျ
ရွာထူ လေးတွေ အတွက်
ရွာထူလေးဒွေ အတွက် တဲ့ ဗျို့ 
ဟုတ်တယ်ဟုတ် …
Was this answer helpful?
LikeDislikeအဟမ်း..
ပါကင်ဖေါက်ပြီးတာလေး.. (အနှစ်တွေ…) ရှယ်ပါဦး..။
(ဓါးကြီးမဟုတ်ဖူးနော်..)
အေးဆေးပါ..
နောက်နှစ်မှ…။
Was this answer helpful?
LikeDislikeပါကင်ဖောက် …

ရွှတ် ရှ လွှတ်
အဲ …
သြော်
ဒီလိုကိုးးးးးးး
လူဆိုးးးးးးးးးးးး
Was this answer helpful?
LikeDislikeလူဇိုးကြီးတွေထဲမှာ ဘဘ မပါပါဘူးကွယ်။
(နည်းနည်းတော့ အာရုံမှာ ရေးတေးတေးလေး ပေါ်တယ်)
ရေပန်းစားတဲ့ စကားလုံးအသစ်အဆန်းလေးတွေ ကို
ကြည့်ရုံနဲ့ ဂီဂီက အင်မတန်တော် တဲ့
ငုတ်တုတ်ထင်ရှား မားကတ်တင်းသမား ကြီးဆိုတာ
ဘဘ က အပြည့်အ၀ထောက်ခံပါတယ်။
စကားလုံးဆိုတာ ထွင်တိုင်း ရေပန်းစားတတ်တာမျိုးမှ မဟုတ်တာ နော့…။
ဂီဂီ ရဲ့ ၂၀၁၁ ခုနှစ် အအောင်မြင်ဆုံးစကားလုံးလေးကို
ဘဘ ဘလက် က ရွေးပေးလိုက်ပါတယ်။
(အင်းလေ..ဘာပဲပြောပြော သည်နှစ်ထဲမတော့ ဂီဂီစာအရေး နည်းတွားတော့မှာပါ.)
အင်းလေ.. ဘဘဘလက်လည်း သည်နှစ်ထဲတော့ စာအရေး နည်းတွားတော့မှာပါ။
ပြေးပြီကွယ်… ဒက်ကလောက်…ဒက်ကလောက်(ဒါလည်း ဂီဂီ့ စတိုင်)
Was this answer helpful?
LikeDislike@ လေးပေါက်..
D3100 ကြီးရရင် … အိမ်က ကနွန်းပြောင်းတွေ …ရိုက်ခွဲရမလား
လွင့်ပစ်ရမလား မသိတာမို့ ..
မပြောကောင်းမဆို ကောင်း ရများရခဲ့ရင် …ရွာထဲမှာ မဲဖောက်ပီးလှူပါ့မယ်…ဟီဟိ
@kyawkoko
ပါကင်ဖောက်တယ်ဆိုတာ မလွယ်ဝူးနော ….:P
@memeseku
ဥာဏ်မဆင်ဘာဘူးကွယ်…
အဟုတ်ကြီးကို ပါကင်ဖောက်ပြတွားဒလယ်လေ…:D
@အဘနီ
ဂီ ဂယ်ဖောက်ပြဒယ်လေ. ..ဘာတွေတွေးနေတာလဲ….ဟင်င်င်င်
ဂီကလူရိုးလေးဆိုတော့ အဲ့လို ဗန်းစကားတွေ အထှာတွေ တိဘာဘူးအဘရယ်..
@ကပေ့
ဘဒူ့မှ ပြချင်ပါဝူး…
ပါကင်ဖောက်ခြင်း အနုပညာလို့သာ ခံဇားပေးကြပါ…ခစ်ခစ်…
@ သဂျီး ..
ပြောရရင် ….သုံးတော့ မိုက်ခလိုဆော့ ပရောဒတ်တွေ
ကိုးကွယ်တော့ အဲပဲလ် က ပုဂ္ဂိုလ်ကြီးငယ်တွေ …….
ကျုပ်တော့ ဂေါက်ဖို့ တဖြည်းဖြည်း နီးနီးလာပီထင်ပါ့….
ဗာဂျင်ဂလု က ဆာရစ်ချက်ဘရန်ဆန် ကြီးတောင် ကွန်းမန့်ဝင်ရေးထားတဲ့
အနှီစာအုပ်က ကီးမြင့်တယ်ဗျ …နောက်မှ အေးအေးဆေးဆေး ရှဲယ်တော့မယ်…
@King
အနော့် ပါကင်ဖောက်မှတ်တမ်းကို …ကင်းအန်တာတိန့်မန့်က နေ မဖြန့်နဲ့ဦးနော.
@ဘဘဘလက်
ကျနော့် အထော်မနန်းများကို အားပေးသည့်အတွက် ကျေးကျေးပါလို့…
ရှေ့နှစ်ထဲမတော့ ယခုထက်ပို၍ စာရေးဖြစ်လိမ့်မည် ယူဆပါကြောင်း…
Was this answer helpful?
LikeDislikeလေးစားပါတယ်ဗျာ ခင်ဗျာက နိပွန် တို့ပြည်မှာနေတာလား
ခင်ဗျားစာတွေကိုအမြဲဖတ်ဖြစ်တယ် ဓါတ်ပုံက ခင်ဗျားပုံလား
မြန်မာရဲတိုက်ထက် အပုံကြီး သာတယ်
ခင်တဲ့
ပု့ရိသ
Was this answer helpful?
LikeDislikeကျပ်ပါနဲ့ဂျာ …
ဘယ့်နှယ့် ခင်တဲ့ ပုရိသလို့ဘဲ ….
ကြောက်ထှာ ….
Was this answer helpful?
LikeDislikeတမျိုးမထင်စေချင်ဘူး ကျုပ်က စစ်စစ်ပါဗျာ
ဆန့်ကျင်ဘက်ချင်းဘဲ စိတ်ဝင်စားတယ်နော့်
ခင်ဗျားရေးတဲ့စာတွေဖတ်နေတဲ့ပရိတ်သတ်
လျှောက်မတွေနဲ့ ကြက်သီးထတယ်
ဟဲဟဲ..
Was this answer helpful?
LikeDislikeအမငီး… ဒီရုပ်ဒီရည်ကြီးနဲ့ ပါကင်ဖောက်တယ်ဆိုတော့
ပါကင်ဖောက်ခံရတဲ့ ကိုယ်စားတောင် ဖမ်းပြီး ကိုရင့်ခမျာ
ကြက်သီးထသွားသေးတာ.. ဂီ့ဂီ့…
ဘာလမ်းက ဒါးထမ်းပီးစောင့်ရင်
ဟုမ်းလမ်းကနေ အပြုံးနမ်းပေးမယ့်
ဖြိုးတို့ ရွာသူားတွေက စောင့်နေကြောင်းပါ။…
Was this answer helpful?
LikeDislikeလူမွှားနေဘီ …ဂယ်က ဟုမ်းလမ်းမှာနေတာက ခစ်ခစ်…
ကျောလော့ပါဝူး ..တူက စွာဒယ်. …
အပုန်းတွေ ဆိုရင်ဒေါ့ ..ဟုမ်းလမ်းမရောက်ခင်
ရှမ်းလမ်းကတည်းက တဗြန်းဗြန်း ရိုက်လွှတ်မည် ဖြစ်ပါကြောင်း..
Was this answer helpful?
LikeDislikeဂီဂီ ပို့စ်ပေးနေတဲ့ပုံကမိုက်ဒယ်
ဟိုးအရင် သားညီတို့တုန်းက အိုက်တင်ပေးနေသလိုမျိုး
ဟီးဟီးးးးးးး ခင်လို့စတာနော်စိတ်မဆိုးနဲ့
စိတ်ဆိုးလဲမတတ်နိုင်ဘူး ဒါဗျဲ
Was this answer helpful?
LikeDislikeအင်း ပါကင်ထက် ဖောက်တဲ့ ဓားကို ပိုစိတ်ဝင်စားစွာ ကြည့်နေမိတယ်။ မနောကို ပါကင်ဖောက်တဲ့ဓားတော့ လှမ်းပို့ပေးစေချင်တယ်။ သဘောကျလို့….
Was this answer helpful?
LikeDislikeဓားသိုင်းက မလို့လား ဟင်င်င်….
နောက်တာပါဗျာ …ဓါးရဲ့ ထက်မြမှုကို ပေါ်လွင်ဖို့..
အပါချာ ကို အကျယ်ဆုံးဖွင့်ရိုက်ထားတာပါ….f 3.5mm ထင်တယ်..
ဒါကြောင့် ဓါးဦးပိုင်း က အရမ်း sharp ဖြစ်လွန်းနေပြီး
ဓါးရိုး ဘက်ကို တဖြည်းဖြည်း ၀ါးသွားတာပါ…
အစက နည်းနည်း cold tone လုပ်ဖို့ တွေးသေးတယ်ဗျ …
အေးစက်မာကျောမှု ရသ ကိုပေးချင်လို့ ….
ပုံတိုင်းလိုက်လုပ်ရရင် စာအုပ်အရောင် ပြောင်းသွားမှာစိုးလို့
သည်အတိုင်း ထားလိုက်ပါကြောင်း….
(မထင်မှတ်ဘဲ ရိုက်လိုက်ဖြစ်တဲ့ သည်ဓါးပုံလေး ကလည်း ကျနော် နှစ်သက်တဲ့ပုံလေးဖြစ်ကြောင်း
ဝန်ခံပါသည် …….ဒါ့ပုံကိစ္စ တော်သေးဘီ ဓါးအကြောင်း ဆက်မည်)
သည်ဓါးဟာ သမိုင်းရှိတဲ့ ဓါး ဖြစ်တယ်ခည ….
ဘယ်လိုသမိုင်းလဲဆို ….ကမ္ဘာ့ သမိုင်း နဲ့ပါ ချီပြီးပြောမှ
ရမှာပါခင်ဗျား ….၃လပိုင်း ၁၁ ရက်နေ့က ကမ္ဘာကျော် တိုးဟိုကု ငလျင်ကြီး လှုပ်ခဲ့တာ
မှတ်မိကြဦးမယ်ထင်ပါသည်။ …
အဲ့သည့် ငလျင်ကြီးဒဏ်ကို တကိုယ်တော် ခံစားခဲ့ရတဲ့ ဂီဂီလေးမှာ …..
ဟီး …. လျှာရှည်တော့ဘာဘူး ….
ငလျင်နေ့က ကြမ်းပေါ် ပွကျဲ သွားတဲ့ …မီးဖိုချောင်သုံးပစ္စည်းတွေ ထဲကမှ
ဘယ်ချောင်ဘယ်ကြား ရောက်သွားမှန်း မသိရဘဲ အိမ်က ဓါးအဟောင်းလေး ပျောက်သွားလို့
ပြန်ဝယ်ထားတဲ့ ဓါးကလေးပါကွယ်…
အဲ့လို သမိုင်း ရှိတဲ့ ဓါးပါ. ….
Was this answer helpful?
LikeDislikeဓါးမှာအပေါက်ပါတော့… ခရမ်းချဉ်သီးလို.. သခွားသီးလို.. ဓါးမှာကပ်တတ်တာတွေလှီးတော့.. ဓါးနဲ့အတူ… လှီးတဲ့အသား ကပ်မပါသွားဘူးပေါ့…။ (ဆိုတာပဲ..)
အဲလို ..နည်းပညာထည့်ထားတဲ့ဓါးပါ..။
Was this answer helpful?
LikeDislikeလမ်းတွေ့တုန်း အကြွေးလေး ၀င်တောင်းလိုက်ပါတယ်ဗျာ။
ငလျင် နော် ငလျင်
အဲဒီငလျင် ကျန်သေးတယ်ဆရာ။
Was this answer helpful?
LikeDislikeထင်တယ် ..ထင်တယ်. ..
အဲ့သည့် အကြွေးတော့ ၀င်တောင်းတော့မှာပဲလို့ ……
ဆပ်ပါ့မယ်ဂျာ ..ဆပ်ပါ့မယ်…
တားတား နှစ်ကုန်မို့လို့ …ဂလိတ်တက်ဟစ်ထ်စ် လေးစုနေလို့ပါ…
နောက်တပါတ် အိမ်ပြောင်း ရမှာမို့ ..ပစ္စည်းလည်း သိမ်းနေလို့ပါ…
အိမ်သစ်တက်တော့မှဘဲ ….ချောင်ချိုချောင်ကြား ကထွက်လာမယ့် ဓါးဟောင်းလေးနဲ့
ပါ ပူးတွဲ တင်ဆက်ပါ့မယ်….
နောက်နှစ်ထဲမတော့ စာပိုရေးဖြစ်မှာပါ ဘဘ ဘလက်ရယ်. ….
Was this answer helpful?
LikeDislikeအော် … ပါကင်ဖောက်တာကိုး …
ရွာထဲမှာ ကိုယ့်ပုံကိုယ် ကြော်ငြာပြီးတင်တာ နင်ပထမဆုံး ဖြစ်ရမယ် ..
marketing သမားပီသပါပေ့
Was this answer helpful?
LikeDislikeလူဆိုး !!
ကိုယ်ထင်တာတော့ မဟုတ်လောက်ပါဘူးလေ ဆိုပြီး ၀င်ကြည့်တာ။ ထင်တဲ့အတိုင်းပဲ မဟုတ်ဘူးကိုး
Was this answer helpful?
LikeDislikeဟင်. ပါကင်ဖောက်တယ်ဆိုလို့ဝင်ကြည့်မိတာ…
Was this answer helpful?
LikeDislikeတကယ်ကို ပါကင်ဖောက်လိုက်တာကိုး…
Was this answer helpful?
LikeDislikeဖလားးးဖလားးးးလန့် ချာဒွေဗဲ တွေ့နေဒယ်…
ဂေဇက်ကလူတွေ..နည်းးနည်းးလျှောံကြဘာ..
နည်းးနည်းးလျှော့ကြဘာ….( တဂျီးးးလေသံဖြင့်)
အောင်မြင်ပျော်ရွှင်ပါစေဗျာ…
Was this answer helpful?
LikeDislikeခေါင်းစဉ်က မဖတ်ပဲ မနေနိုင်အောင် စွမ်းဆောင် အားကြီးလွန်းပါတယ်ဗျာ…
Was this answer helpful?
LikeDislikeဂီဂီတို့ကတော့ လုပ်ချလိုက်ပြန်ပြီ…… ပါကင်ဆိုတာ ဂျာကင်မဟုတ်ပါလားနော်……..
Was this answer helpful?
LikeDislikeကိုယ်ကတော့ ဓါး ဝယ်တာဝါသနာပါတယ်။ ယန်း ၁၀၀ ဆိုင်ကလေ။(^^)
Was this answer helpful?
LikeDislikeမလွယ်တဲ့ ကိုအင်ဇာဂီပါလား
သူရေးတဲ့ခေါင်းစဉ်ကကို တစ်မျိုးထင်စရာကြီး….
ဟီးးးးးး
Was this answer helpful?
LikeDislikeသိမ်းထာလိုက်ပြီ ဓါ့ပုံ
Was this answer helpful?
LikeDislikeစာအုပ်ကြော်ငြာတာလား။ လူကြော်ငြာတာလား။ အနှစ်တွေဝေပေးချင်တာလား။ သားသားလဲ ပါကင်ဖောက်ချင်လိုက်တာ။
Was this answer helpful?
LikeDislikeဒါလည်းကြော်ငြာနည်းတရာထဲကတမျိုးပဲနဲ့တူတယ်
ဟုတ်လားမသိဖူး
Was this answer helpful?
LikeDislikeပုံတွေကို ခိုက်လိုက်တာ လဇာဂီ ။
ရင်ထဲ အသည်းထဲ ကို ထိတယ် ။
လူတစ်ယောက်ရဲ့  သောက်ကျင့် [性質] လို့ ပဲ ပြောမလား
槪念 က သိပ်ပြီး ရသမြောက်တယ် ။
ဒါက တပိုင်း……. ။
သို့ သော်….. နင့်ရဲ့  Down Vest ကလေးက Mizujin ရဲ့  Product တခုဖြစ်ခဲ့မယ် ဆိုရင်ပေါ့ ။
ှStiching Line ရဲ့  ဟိုနေရာလေးမှာ 對 稱 線 က နည်းနည်း 縮小 များဖြစ်နေသလားလို့  ….
အဟီး……… ခင်ထှာ…….
Was this answer helpful?
LikeDislike@kokoover
ပုရိသ စာဖတ်ပိတ်သတ်ရေ့ …
ကျုပ်က အသည်းမမာဝူးနော…
@ကိုရင်စည်သူ
ဘယ်နားက ကြက်သီးက ထသွားသေးတာလဲ ဟင်င်င်
@စုံ စုံ
စိတ်မဆိုးဘာဘူးဂျာ …
အဲ့သည့် ကွမ်းသီးလုံး ငုံထားတဲ့ မျက်နှာပေါက်ပိုင်ရှင်ဂျီးခေတ်လို့
ပြောတာတော့ ကျွဲမြီးတိုတွားဘီ ..ခိခိ…
@မှော်ဆရာ
တပ်မ၇၇ ထိပ်ဆုံးပါဗျာ…
မားကတ်မတင်း ပါဘူး …
သည်လိုရိုက်တင်ရင် D3100 ပေးမယ်ဆိုလို့
ရိုက်တင်ထားကြောင်းပါ…
@myanmarcitizen
@ssa
လူဇိုးကြီးတွေဘဲ သည်လို အတွေးတွေးတာပါကွယ်…
ဂီဂီ လူရိုးလေးက ဂလို လုပ်ပါ့မလား နော…
@kotun winlatt
အများကြီးလျော့ထားတာ ..ဗျ..ခစ်ခစ်…
@intro
@thuyazaw21451
ပိတ်သတ်ကြီးကို .. တခါတလေလေး …
ပြူးတူးပြဲတဲ လုပ်ကြည့်တာပါ…
(ခါတိုင်းလည်း မလုပ်တာ ကြနေတာဘဲ..)
@thit min
ကစ်သိုရေ့ ဒါလည်း ယန်း-၁၀၀ဆိုင်ကပဲ…
@မောင်သန်းထွဋ် ဦး
ဟီး …လူဇိုးကြီးတွေဘဲ တမျိုးထင်တာပါဆို…ခစ်ခစ်..
လူဇိုး စာရင်းသွင်းလိုက်ပီ..
@သော်ကြီး
@unclegyi1974
ဖောက်ပေါ့ဗျ …ပါကင်ဖောက်နည်း အနုပညာ …
နောက်တာပါဗျာ …ကိုယ်နှစ်သက်မြတ်နိုးလို့
ဝယ်ယူထားတဲ့ပစ္စည်းလေး ရလာပြီဆိုရင်…
ပါကင် မှတ်တမ်း ရိုက်ကြည့်ပါလားဗျ …
နောင်တချိန်ပြန်ကြည့်ရင် ကြည်နူးစရာပေါ့…
@nigimi77
ဟိတ်လူကြီး …ဘူးသီးငါးပေါင်းကြော်တွေ ဖတ်ချင်ပါဘူးဆို …
အင်္ကျီလား ..Jeansmate ကဗျ. ….သည်မှာ ခေတ်စားတဲ့
ဆင်းရဲသား brand တခု ဆိုပါတော့ …
ပြောရရင် အ၀တ်အစားက သိပ် ရှိတာမဟုတ်ဘူးရယ်. …
အရင်တခေါက် စိတ်ကောက်ပြီး ရန်ကုန် ပြန်ချသွားတုန်းက
ပေါင်ပိုကြေးပေးပီးကို ..ရှိသမျှ အကုန်သယ်တာ …
ပြန်လာတော့ ပြန်မသယ်နိုင်တော့ဝူးလေ. …အဲ့တော့ ..
ရှိတာလေးလှည့်ပတ်ဝတ်နေရတာ …ခစ်ခစ်….
ဆြာသမားတို့လို ဟစ်ဟော့ ကာလချာ အလိုက်လည်း
ဝတ်နိုင်ဘာဘူး …ဂျာ … လူဆင်းရဲလေးဘာ ……
စကားမစပ် ဟိုကိစ္စ မမေ့ဘာဘူးဗျာ ..မဟာဖေ့စဘုတ်တော်ကြီးမှာတော့
သတိမပေးပါနဲ့ …. အသည်းယားလွန်းလို့ပါ …
@သဂျီး ….
ဟောသည့်မှာ ..ရွာ့ လူဇိုး စာရင်းပါဗျှို …(သူကိုယ်တိုင်လည်းပါတယ်..အာဟိ)
ဟီဟိ…..
အရသာရှိထှာ ….
ခင်တဲ့
Guy Inz@ghi
Was this answer helpful?
LikeDislikeဂီရေ ဗူးသီးငါးပေါင်းကြော်ဆိုတာနဲ့ တို့မော်လမြိုင်ကိုသတိရတယ်…. စာအိပ်ဖောက်တာလည်း ဓားနဲ့ဖောက်ရတယ်နော်…အဆန်းဟ….
Was this answer helpful?
LikeDislikeblue ခွေအမှတ်နဲ့ ဖွင့်ကြည့်တာ တရားခွေကြီး ဖြစ်နေပါလား တော်တော်ရှုတ်တဲ့ လူ နောင်ဘ၀မှာအခြောက်
ဖြစ်ပါစေဗျာ ယောက်ကျားလေးတွေမြင်တိုင်း နေမထိ ထိုင်မသာ ဖြစ်ပါစေ
Was this answer helpful?
LikeDislikepostလေးဖတ်ပြီးသတိရသွားလို့လက်တို့ပြီးပြောရဦးမယ်..
ဒီနယ်မှာကအသိပညာအင်မတန်နိမ့်ကျလွန်းလှတယ်..
အချို့ မိဘတွေကိုယ်တိုင်ကဈေးကောင်းရတယ်ဆိုပြီး..
သူတို့သားသ္မီးတွေကိုနာမည်ကြီးဟိုတယ်များဆီပို့ကြပါသဗျား..
ရင်နာစွာကားရတဲ့စကားကစိတ်မသက်သာလှပါဘူး။
Was this answer helpful?
LikeDislikeသတ်ပုံမှားသွားတယ်..
ကားကိုကြားလို့ဖတ်ပေးပါဦး။
Was this answer helpful?
LikeDislikeဓါးကသေးသေးတယ်ထင်တယ်နော်
ကြီးကြီးလေးပေးရမလား
Was this answer helpful?
LikeDislikeဒီ post ဖတ်ရတော့မှ ငယ်ငယ်က မျက်လှည့် ပွဲ က
မျက်လှည့်ဆရာ ကို သွားသတိရတယ်..။
ပွဲအစမှာ အာဘောင် အာရင်းသန်သန်နဲ့ ပြကွက်လေးတွေ ပြလိုက်
ဆေးကြော်ငြာ ရောင်းလိုက်နဲ့ ..
သူတို့လဲ တကယ့် မားကက်တင်း သဘာရင့် တွေပေါ့။
ဒီလိုပြနေရင်းနဲ့ ရွှေ ဥ ကျားချီ တဲ့ ပြ ကွက်ကို ကျေညာပြီးဆေးရောင်းနေတာ.
ကြည့်တဲ့ သူတွေက သူ့ပြကွက်လေးကို စောင့်ရင်းစောင့်ရင်း ပွဲ သာပြီးရော
မကြည့်လိုက်ရဘူး။ ဒီပြကွက်လေးလဲ ကြုံရင် ပြပါအုံး။
တော်လဲတော်တဲ့ ဂီဂီ ၊ မားကက်တင်း ပညာ အပြည့်ပါလား..
အားလုံးစိတ်ကို ဆွဲပြီး လိုရာ ဆွဲသွားတာ..
Was this answer helpful?
LikeDislikeခုတလောမှ ဒါဂျီးက ဘာလို့ ပြန်ခေတ်ထ နေတာပါလဲကွယ်ရို့…
သများလဲ အဲ့ စာအုပ်ထဲက အကြောင်းဒွေ ရေးနေဘာဒယ်…
အားပေးကြပါဦးလို့ …
အိုက်ဒါလေး…
ခင်တဲ့
ဂီ
Was this answer helpful?
LikeDislikeခေတ်ထမှာပေါ့ အခိုင်ဖတ်လိုက်တော့ ပြန်လည်အသက်ဝင်သွားတာလေ…အခိုင်အောက်မှာ အားလုံးဝင်မန့်ကျတယ်တွေ့လား …..သမီးလည်း မားကတ်တင်းကောင်းတယ်နော် ဂီ…
Was this answer helpful?
LikeDislikeကိုဂီရေ ခုမှပြန်တွေ့ တယ်။ဟီး…သဘောကျတယ်ဗျို့ ။
@မောင်သန်းထွဋ် ဦး
ဟီး …လူဇိုးကြီးတွေဘဲ တမျိုးထင်တာပါဆို…ခစ်ခစ်..
လူဇိုး စာရင်းသွင်းလိုက်ပီ..
________
လူဇိုးစာရင်းသွင်းလိုက်ပီဆိုလို့ ပါ။ကျေးဇူးပါဗျာ။
Was this answer helpful?
LikeDislike