အယ်ဒီတာ့သင်ပုန်း – ၂၀၁၁ ဒီဇင်ဘာ
|731- Hits|၂၀၁၁တွင် မြန်မာ-အမေရိကန်တို့အတွက် ကြီးမားသော အပြောင်းလဲများဖြစ်ခဲ့သည်။
၂၀၁၀ သန်းခေါင်စာရင်းအရ အမေရိကတွင်နေထိုင်သူမြန်မာဦးရေ ၁၀၀၂၀၁ ယောက် စာရင်းထွက်ခဲ့ကာ မြန်မာ-အမေရိကအစိုးရပိုင်းဆက်ဆံရေးပြန်ချိတ်ဆက်သွားသဖြင့် ဗီဇာနှင့်လူဝင်မှုကြီးကြပ်ရေးစံနစ်တို့တွင်လည်း မြန်မာတို့အတွက်ဂယက်ရိုက်ခဲ့ပါလေသည်။
ကမ္ဘာထိပ်တန်း နိုင်ငံများဖြစ်သော အမေရိက၊တရုတ်၊ဂျပန်၊အင်္ဂလန်၊ရုရှား၊အိန္ဒိယတို့မှ မြန်မာပြည်သို့အာရုံတို့စုပြုံကျခဲ့ရာနှစ်ဟုလည်း ဆိုချင်သည်။
ဟီလာရီကလင်တန်၏ခရီးစဉ်
အမေရိကအစိုးရအဖွဲ့၏ တတိယနှင့်အမေရိကနိုင်ငံ၏ စတုတ္ထအရေးအကြီးဆုံးရာထူးရှင်၊ သမ္မတဟောင်းဘီလ်ကလင်တန်၏ဇနီးသည်၊ အမေရိကနိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်သည် ၅၅နှစ်ကျော်အတွင်းပထမအကြိမ်အဖြစ် (ရာထူးအကြီးဆုံးကိုယ်စားပြုကာ) နိုဝင်ဘာ၃၀ရက်နေ့ကမြန်မာပြည်သို့အလည်အပတ်သွားရောက်ခဲ့သည်။
ခရီးစဉ်တွင် မြန်မာသမ္မတ ဦးသိန်းစိန် ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စူပါပါဝါနိုင်ငံ ရာထူးမြင့်ခေါင်းဆောင်တဦး၏ခရီးစဉ်သည် ကမ္ဘာသို့လည်းမီးစိမ်းပြလိုက်ခြင်းလည်းဖြစ်နေပေရာ သူမ၏နောက်မှ ဘင်္ဂလားဒေ့ရှ်၊ထိုင်းဝန်ကြီးချုပ်များ၊ ဂျပန်၊အင်္ဂလန်နိုင်ငံခြားရေးဝန်ကြီးများ၏ ခရီးစဉ်များတွဲပါလာသည်ကို တွေ့နိုင်မည်။ ယခုနှစ်ဇွန်လက အတိုက်အခံ
(ရီပါ့ဗလစ်ကန်င်ပါတီ)မှထိပ်တန်း ခေါင်းဆောင်တဦးဖြစ်သူ ဆီနိတ်တာ ဂျွန်မက်ကိန်းသွားရောက်ထားသဖြင့် ယခုချည်းကပ်မှုတို့သည် အမေရိကပါတီ၂ရပ်၏ မဟာဗျူဟာမြောက်သော လှုပ်ရှားမှုများဟုပင်အမည်တပ်လိုပါ၏။
အမေရိက၏ စိတ်ဝင်စားမှုတို့သည် လာမည့် ဆယ်စုနှစ်တို့တွင် အရှေ့တောင်အာရှ၊တောင်အာရှနှင့် အာရှ-ပစိဖိတ်ဒေသ၊ တရုတ်ပြည်၏ ဒုံးကျည်စက်ကွင်းသက်ရောက်နိုင်ရာဒေသများသို့ ရွေ့ပြောင်းကျရောက်လာနေသည်ကို သိသာစွာမြင်နိုင်ပါလိမ့်မည်။
စီးပွားရေးပိတ်ဆို့မှု
အနှစ်၂၀ကျော်ကြာနေပြီဖြစ်သော အမေရိကပြည်ထောင်စုမှ မြန်မာပြည်သို့ စီးပွားရေးအရပိတ်ဆို့အရေးယူထားခြင်းများ မည်သို့ဖြစ်လာနိုင်သနည်း..?
လက်ခံလိုက်လျောလေ့မရှိသည် မြန်မာစစ်အစိုးရသည် အရပ်သားအစိုးရအဖြစ်အရေခွံလဲပြီးသော မတ်လပိုင်းမှစတင်ပြီးသိသာစွာလျှော့ပေးဆက်ဆံလာသည်ကိုတွေ့နေကြရသည်။
မကြာမှီလွတ်မြောက်လာကြဦးမည့် နိုင်ငံရေးအကျဉ်းသားများ၊ ရပ်စဲသွားဦးမည့် ပြည်တွင်းစစ်မီးများနှင့်အတူ နှစ်၂၀ကျော်ကြာအာဏာကိုင်ခွင့်မရဖြစ်နေခဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ်တော်နှင့် အစိုးရအဖွဲ့အတွင်းသို့ တဆင့်စီဝင်ရောက်သွားနိုင်သည့် အလင်းစမြင်နေရသည်ဆိုရပါမည်။
သို့သော်..
၂၀၁၂ နိုဝင်ဘာလ၌ အမေရိကတွင် အထွေရွေးကောက်ပွဲကျင်းပရန်ရှိပေရာ အိမ်ဖြူတော်နှင့် အစိုးရအဖွဲ့သည် ပြန်လည်ရွေးကောက်ခံနိုင်ရေးအတွက် များစွာအာရုံစိုက်ထားရပေလိမ့်မည်။ ထို့အတူ ဥပဒေပြုရသည့် ကွန်ဂရက်နှင့်စိနိတ်ရှိအမတ်များတို့သည်လည်း နောင်သက်တမ်းအတွက် အမေရိကန်တို့အားမဲဆွယ်စည်းရုံးရပေမည်။
သို့ဖြစ်၍ မြန်မာပြည်အတွက် စီးပွားရေးပိတ်ဆို့မှုဥပဒေတို့ကို ကိုင်တွယ်ရလေ့ရှိသော လပိုင်းတို့တွင် မဲဆန္ဒရှင်အမေရိကန်တို၏ သဘောထားယူရန်ခက်ခဲနိုင်သေးသည့်အတွက် မသေချာသောစွန့်စားမှုမျိုးပြုလုပ်ရန် ၂ဖက် သောပါတီမှ ၀န်လေးကြမည်ဟု မှန်းဆကြည့်မိသည်။
အရှိန်ရနေပြီဖြစ်သော ရထားတစင်းအား မည်သူက ရုတ်တရက်ရပ်တန့်ဝံ့မည်နည်း။ ?
အမေရိကန်တို့အကျိုးအတွက် တိုက်ရိုက်မရည်ရွယ်နိုင်သော ဥပဒေပြုထားချက်တို့အား ကိုင်တွယ်ရန်၊ (တနည်းဆိုရသော်) မြန်မာ့စီးပွား ရေးပိတ်ဆို့မှုဥပဒေကို အဆုံးစွန်ဖယ်ရှားလိုက်နိုင်ရန်မှာ ခဲယဉ်းဆဲ အခြေအနေတွင်ရှိနေပါ၏။ သမ္မတမှလည်း ဗီတိုအာဏာသုံးပေးရန် အခြေအနေမရှိသေးဟု ပြောနိုင်ပါမည်။
ကန့်လန့်ကာနောက်ကွယ်တွင်မူကား အစိုးရခြင်းချိတ်ဆက်၍ လိုက်လျှောခွင့်ပြုခြင်းများ ရှိနေမည်ဟုကား ထင်မိပါ၏။
မြန်မာပြည်
မြန်မာပြည်၏ အနေအထားနှင့် ဒေသတည်နေရာသည် ယခုရာစုနှစ်အတွက် အလွန်အရေးကြီးသော ခွင်၌ရှိနေသည်ဟု ဆိုပါမည်။
ကမ္ဘာ့လူဦးရေအများဆုံး၊ ဒုတိယစီးပွားရေးအင်အားအကြီးဆုံးဖြစ်လာသော တရုတ်ပြည်၏ အိန္ဒိယသမုဒ္ဒယာဖက် ပင်လယ်ထွက်ပေါက်ဖြစ်နေသည့်အပြင် စွမ်းအင်အတွက်လည်း မြန်မာပြည်ဖြတ်ပိုက်လိုင်းသွယ် ၀ယ်ယူခြင်းစတင်နေပြီဖြစ်သည်။
အိန္ဒိယပြည်အတွက်မူ Indo-Sino-ASEAN၊ အာရှကျား၊နဂါးတိုင်းပြည်များနှင့်ချိတ်ဆက်ရန်မှာ မြန်မာပြည်ဖြတ်ထွက်မှ ရမည့်အခြေအနေရှိနေပါသည်။နိုင်ငံ၁၀နိုင်ငံစုထားသည် အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN သည် လူဦးရေ သန်း၆၀၀ကျော်ရှိသည့်အပြင် မြန်မာပြည်သည်၂ဝ၁၄ ခုနှစ် အာစီယံ အလှည့်ကျ ဥက္ကဌအဖြစ်လက်ခံရမည့် နိုင်ငံလည်းဖြစ်နေပါသည်။ ထိုအခြေအနေတွင် ထားဝယ်ရေနက်ဆိပ်ကမ်းအား အီတလီ-ထိုင်းဖက်စပ်ကုမ္ပဏီမှ စတင်ရင်းနှီးလုပ်ကိုင်နေပြီဖြစ်သဖြင့် အာစီယံနှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများ (Greater Mekong Subregion (GMS))အတွက် အနောက်ကမ္ဘာသို့ကူးရာ အရေးကြီးဆိပ်ကမ်းဖြစ်လာနိုင်ခြေတို့မြင် နေရ၏။ ထိုလမ်းကြောင်းသည် အရှေ့အာရှ-အနောက်ဥရောပတို့ ကုန်သွယ်ကြရာတွင် စင်္ကာပူ၏ မလက္ကာရေလက်ကြားထက် လမ်းတိုခရီးပေါက်သော လမ်းဖြစ်သွားနိုင်သည့်အခြေအနေလည်းရှိနေပါသည်။
မြန်မာပြည်သည် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ အချက်အချာကျသော နေရာ ရောက်နေပါလေပြီ။
မြန်မာ-အမေရိကန်များ
မြန်မာ-အမေရိကန်တို့၏ မြန်မာပြည်ပြန်ကြခြင်းမှာ ယခုနှစ်တွင်သိသိသာသာ ထိုးတက်လာသည်ကို တွေ့ရပါသည်။
နောင်နှစ်သို့မဟုတ် ၂၀၁၃တွင်ပွင့်လန်းလာမည် စီးပွားရေအကွက်အကွင်းများအတွက် တွန်းအားမြင့်အလုပ်လုပ်ကြရန် ပြင်ဆင်နေကြသည်များရှိနေသည်ကိုလည်း တွေ့မြင်ရ၏။
တိုင်းပြည်တပြည်၏ကံကြမ္မာလှိုင်းကို ရာစုနှစ်ဝက်ထားတွက်ကြည့်ပါမူ မြန်မာပြည်သည် နိမ့်ကျလှိုင်းတွင်အနှစ်၅၀ကျော်နေခဲ့ရပြီဖြစ်သဖြင့် တက်ကြွလှိုင်းထိပ်တက်ကြရန်သာရှိတော့သည်ဟုဆိုနိုင်သည်။ သို့သော်… ခြေလှမ်းမှားပါမူ အလွန်အန္တရာယ်ရှိနေသည်ကိုလည်း မြင်ကြရပါလိမ့်မည်။ ကမ္ဘာ့တက္ကသိုလ်ကျောင်းများ မှဆင်းလာကြသော ပညာတတ်မြန်မာ-အမေရိကန်များ၊ ကမ္ဘာတ၀ှမ်းရောက်နေကြသည့် ထောင်ချီသည် ပညာရှင်များ၊ လုပ်ပေးနိုင်စွမ်းရှိသူများအနေဖြင့် အင်အားကြီးစူပါပါဝါတို့ကြား မညပ်ကျသွားရန်နှင့် ကျွဲများကြားမှမြေဇာပင် မဖြစ်ပါစေရန် လမ်းကြောင်းကောင်းမှန်ရွေးချယ်နိုင်ပါရန် အကြံ၊ဥာဏ်၊လုပ်အားတို့ပေးသင့်သော အချိန်ကာလရောက်နေပါပြီဟု ဆိုချင်ပါသည်။
နိမ့်ကျလွန်းခဲ့လှပြီဖြစ်သည့် ဇာတိမြေအတွက်တလှည့်ပေးဆပ်ကြပါရန် အမိဧရာဝတီနှင်အဖမြန်မာပြည်၏သားသမီးများတို့အား တိုက်တွန်းနိုးဆော်လိုက်ရပါကြောင်း…။♦
=
မှတ်ချက်။ ။
မြန်မာပြည်၏ အနာဂတ် သိသာနိုင်စေရန် အောက်ပါမြေပုံတို့ကို လေ့လာကြည့်ပါရန်တိုက်တွန်းပါသည်။
- ပြန်လည်ဖောက်လုပ်တောမည့် လီဒိုလမ်းမလမ်းကြောင်း (အိန္ဒိယ – မြန်မာ – တရုတ်)
- မကြာမှီရက်ပိုင်းက ပြုလုပ်နေသည် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများ၏ ကုန်သွယ်လမ်းကြောင်းများ
- တောင်ပိုင်းအာရှနိုင်ငံများနှင့် မြန်မာပြည်ဆက်သွယ်မှု
- အရှေ့တောင်အရှနိုင်ငံများနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း အရေးပါမှုမြေပုံ
- ထားဝယ်ရေနက်ဆိပ်ကမ်း ၏ အလားအလာနှင့် ကုန်သွယ်လမ်းကြောင်းများ
- ယူနန်(တရုတ်) နှင့် ကျောက်ဖြူရထားလမ်းကြောင်း မြေပုံ
- ကုလားတန်မြစ် စီမံကိန်း
- အာရှရထားလမ်းမ မျှော်လင့်ထားချက်များ
- အာရှလမ်းမ စီမံကိန်း
Related posts:
- အယ်ဒီတာ့ သင်ပုန်း ( အတွဲ၎၊ အမှတ်၃ )
- မန္တလေးဂေဇက် နိုဝင်ဘာ ၂၀၁၁ – အယ်ဒီတာ့သင်ပုန်း
- မြန်မာတိုင်း(မ်) အယ်ဒီတာ ဒန်ကလေ ရန်ကုန်အိမ်တွင် အဖမ်းခံရ
- ယ္ခု သီတင်းပတ်အတွက် စိတ်ဝင်စားဖွယ်နှင့် မှတ်သားဖွယ်သတင်းများ (၁၄.၆.၂၀၁၁- ၂၁.၆.၂၀၁၁), interesting news (14.6.2011-21.6.2011)
- မတ်-ဧပြီလ မန္တလေးဂေဇက် အယ်ဒီတာ့ သင်ပုန်း (အတွဲ၎၊ အမှတ်၎)












ကွဲရှလွယ်တဲ့ပစ္စည်းတခု ကလေးလက်ထဲရောက်သွားမှာ စိုးရိမ်ရပါတယ်။
ပေါက်ကွဲပျက်စီးနိုင်တဲ့ပစ္စည်းတခု ကလေးလက်ထဲရောက်သွားရင်တော့ မတွေးဝံ့စရာပါ။
မြန်မာနိုင်ငံရဲ့ near future အနေအထားက အရှေ့-အနောက် ဆက်ဆံရေး၊ တရုတ်-အမေရိကန်ဆက်ဆံရေးတွေမှာ အရေးပါလာတော့မှာလို့ မြင်မိနေပါတယ်။
အရင်က ကိုယ့်လူကြီးတွေ ညံ့ရင် ကိုယ်ပဲ အဓိက ထိခိုက်ခဲ့တယ်။ (၁၉၄၇- ၂၀၁၁ ခေါင်းဆောင်အားလုံး)
နောင်ဆိုရင်တော့ ကိုယ့်လူကြီးတွေ အလုံအလောက်မတော်ရင် -
အကုန်ထိခိုက်နိုင်မှာ …………။
Was this answer helpful?
LikeDislikeကိုခိုင်
မြန်မာ – အမေရိကန် တွေ ပြန်လာရင် မိမိ အတွက်လည်း အကျိုးရှိ တိုင်းပြည် အတွက်လည်း
အကျိုးရှိတာတွေ လုပ်လာမယ် ဆိုရင် သိပ်ကောင်းမယ် ။
သေချာတာကတော့ ဒီက ခေတ်ပျက် သူဋ္ဌေးတွေနဲ့ တော့ အတွေးအမြင် ကွာခြားမှာကတော့
အသေအချာပဲ ။
~~~~~~~~~~~~
ဒီနေ့  ဘယ်မှ မသွားပဲ စာဖတ်မယ်လို့  ရည်ရွယ်ထားတယ် ။
ဂျာနယ် တွေ လှန်လှော ဖတ်မိတော့ အခု တစ်လော ” အာမခံချက်ရှိတဲ့ မြေ ”
ဆိုတဲ့ အသံတွေ တော်တော် ဆူနေသလိုပါ ။
ဒီဇင်ဘာ ၂၀ ရက်ထုတ် ကုမုဒြာ ဂျာနယ်မှာ ဘာရေးထားလဲ ဆိုတော့……..
နိုင်ငံခြားရင်းနှီးမြုတ်နှံသူတွေ ၀င်လာရင် ယှဉ်ပြိုင်နိုင်ဖို့  ပြည်တွင်း လုပ်ငန်းရှင်
တချို့ က နိုင်ငံသားတွေသာ ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးဖြစ်တဲ့ မြေပိုင်ဆိုင်ခွင့်ကို
အခိုင်အမာ စီးပွား အဖြစ် ယူဆပြီး ၀ယ်ယူနေကြပါတယ် ။
…………သေဟဲ့ နဒ္နိယ……….. ။
မြန်မာပြည် မြေဈေးတွေက ကမ္ဘာ့  ဇိမ်ခံ နိုင်ငံတွေက မြေဈေးတွေကို အမှီလိုက်လာပါတော့မယ် ။
နောက်ဆက်တွဲ သတင်းအနေနဲ့  …….မြေ အရောင်းအ၀ယ်တွေ အခုလို ပြုလုပ်နေမှုတွေကြောင့်
စက်မှုဇုန်မှာ အမှတ်တကယ် စက်ရုံထောင်မယ့် လုပ်ငန်းရှင်တွေ အနေနဲ့  အခက်အခဲ ဖြစ်နေတယ် ။
……………………………………. ။
သူတို့ တွေ တော်လိုက်ကြတဲ့ စီးပွားရေး အတွက်အချက်….။
နိုင်ငံခြားရင်းနှီးမြုတ်နှံသူတွေ ၀င်လာရင် ယှဉ်ပြိုင်နိုင်ဖို့  တဲ့….
ထုတ်ကုန်နဲ့ ယှဉ်ပြိုင် သလား…………
ကြိုးစား အားထုတ်မှုနဲ့  ယှဉ်ပြိုင်သလား ……
ဝေးပါသေးတယ် ။
Was this answer helpful?
LikeDislikeမုန့် ဆီကြော်က ဘယ်ဆီနေမှန်းမသိသေးဘူး..
တော်တော်ဥာဏ်ကောင်းကြတာပဲ……….ကဂိမိ၇၇ ရေ….စိတ်ပျက်လှပါဘိ
Was this answer helpful?
LikeDislikeတလောက မြေနဲ့ပတ်သက်ပြီး သရော်စာလေးတခုရေးပြီး မတင်ပဲထားနေတာ။
ကိုရင် နိဂိမိ ပြောမှပဲ မြေဆောင်းပါးလေးပါ ရေးချင်လာတယ်။
မြန်မာပြည်ကလူတွေဟာ ပြည်ပကလူတွေနဲ့
တခြားဟာ ထား လို့
လူချင်းကိုယှဉ်နိုင်ဘို့ တော်တော်ပြင်ယူရဦးမယ်။
ဒါပေမယ့် အချိန်နဲ့ AFTA က လူကိုမစောင့်ဘူးဗျာတို့ …….
(ဒါကြောင့် ဦးပါလေရာကြီး အနာဂတ်ကိုခရီးမသွားရဲတာ)
Was this answer helpful?
LikeDislikeရေးပါ ကိုရင်ပါ ။
ကျွန်တော်က မြင်နိုင်သလောက်လေးပဲ ရေးနိုင်တာမို့  တကယ်နားလည်သူတွေ ရေးထားတာ
တွေကို ဖတ်ချင်ပါတယ် ။
Was this answer helpful?
LikeDislikeမှန်တာပြောရင် အဲဒီ့အလားအလာကို ကြိုမတွက်တတ်ဘူးဗျ ..
တိုးတက်လာတာကောင်းပေမယ့် လုပ်ငန်းတစ်ခုတိုးတက်ရင် တခြားတစ်ခု ရပ်ဆိုင်းသွားတတ်တယ် ဆိုတာတော့ တွေးမိတယ် ..
ှုဥပမာ ၅ သိန်းတန်ဖုံးတွေ ပေါပေါများများ ချပေးတာ ကောင်းတဲ့ တိုးတက်မှုပါ..
ဒါပေမယ့် ဖုန်းတွေပေါလာလို့ ဖုန်းငှားစားတဲ့လုပ်ငန်း ဆုတ်ယုတ်သွားတယ် ..
ဒီသဘောအတိုင်း မြန်မာပြည် တိုးတက်လာရင် ဆုတ်ယုတ်သွားမယ့် လုပ်ငန်းတွေထဲမှာ ဘာတွေပါမလဲ
ဘယ်လုပ်ငန်းတွေက တဟုန်ထိုး ထိုးတက်လာမလဲ …
မြန်မာနိုင်ငံသားတွေအနေနဲ့ ဘာတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုမလဲ …
ဒါတွေကို တတ်သိတဲ့လူတွေက ဟောကိန်းထုတ်ပေးဖို့ လိုမယ် (ဥပမာ သူကြီးကပဲ ဖြစ်ဖြစ် .. )
ကျွန်တော်တို့က မျက်စိ နား သေးတော့ ဒါတွေကို ကြိုမမြင်နှိုင်ဘူး .. ။ ဖြစ်လာမှ ဖြစ်သလို လုပ်မယ်ဆိုရင်တော့ အများကြိးနောက်ကျသွားမှာ ..။ ပိုကြောက်တာက ဆုတ်ယုတ်နှိုင်တဲ့ လုပ်ငန်းကို လုပ်မိလျှက်သားဖြစ်နေမှာ စိုးတာ ..ဥပမာ ကျွန်တော်လုပ်နေတဲ့ အင်တာနက်ဆိုင် လုပ်ငန်း ပိုကောင်းလာနှိုင်သလား ဆုတ်ယုတ်သွားနှိုင်သလား တွေးမရဘူး …။
သူကြီးရေ ကျွန်တော်တို့လို အရိပ်ပြ အကောင်မမြင်တဲ့သူတွေ များသားဗျ .. အစဆွဲထုတ်ရုံနဲ့ မရဘူး .. ရှင်းလဲ ရှင်းပေးဦးလေဗျာ …
Was this answer helpful?
LikeDislikeမှော်ဆရာရေတရုတ်ပြည်မှာအင်တာနက်
အသုံးပြုသူများလာတာနဲ့အမျှအင်တာနက်ဆိုင်တွေကလဲ
အရမ်းအလုပ်ဖြစ်နေကြပါတယ်..
ကျနော်တို့မိသားစုဆိုယင် အင်တာနက်သုံးဘို့ကွန်ပြူတာတလုံးဘဲရှိလို့
သားနှစ်ယောက်နဲ့အဝေမတည့်ဖြစ်နေလို့တခါတလေခလေးတွေကအပြင်ဆိုင်မှာ
သွားသုံးတာခွင့်ပြုထားရပါတယ်….
မြန်မာနိုင်ငံအနေနဲ့အင်တာနက်ဆိုင်တွေအများကြီးလိုနေပါသေးတယ်ဗျာ…
Was this answer helpful?
LikeDislikeကမှော် အတွက် စာ နည်းနည်း ရေးချင်ပါတယ် ။
Was this answer helpful?
LikeDislikeရေးပါဗျား ရေးပါ ..
Was this answer helpful?
LikeDislikeတရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို မြန်မာနိုင်ငံထဲ ထည့်သွင်းထားတဲ့ မြေပုံပါ ထည့်ပေးစေလိုပါသည်။
သဂျီးအဆင်ပြေရင် ဒီဇင်ဘာလထုတ် ဂေဇက်ပုံနှိပ်သတင်းစာကို အီးမေးမှတဆင့် ပို့ပေးပါခင်ဗျား….။
Was this answer helpful?
LikeDislikeဟုတ်ဘီဗျာ
ပိုက်ဆံ ရှိခဲ့ရင်
အဲဒီလမ်းကြောပေါ်မှာ
ဟိုတယ်ဖွင့်မယ် ဗျာ
ရက်စတောရင့် တွေ ဖွင့်မယ်ဗျာ
မာဆတ်ပါ မကျန် ဖွင့်မယ်ဗျာ
ခက်တာက
ပိုက်ဆံ က ရှာလို့ ခက်နေတုန်း
ဆိုတော့
ကိုယ့်ထက် တတ်နိုင်တဲ့သူတွေ
လုပ်နေကြတာကိုဘဲ
ထိုင်ကြည့်နေဆဲပေါ့
Was this answer helpful?
LikeDislikeအခုတင်ထားတဲ့.. Editor Note ထဲ.. မေးချင်တာဆွေးနွေးချင်တာ.. ရွာသူားတွေရေးပေးစေလိုတာပါ..။
လာမယ့်နှစ်ထဲ.. တရုတ်-အမေရိက အားပြိုင်မှုရဲ့..ဗဟိုချက်မ.. မြန်မာပြည်ရောက်ကောင်းရောက်သွားမယ်ဖြစ်ပြီး.. မီးနဲ့ကစားရမယ့်အခြေအနေဖြစ်ကောင်းဖြစ်သွားနိုင်လို့ပါ..။
အဲဒါလေး..
Was this answer helpful?
LikeDislikeမှန်တာပြောရင် အလားအလာကို ကြိုမတွက်တတ်ဘူးဗျ ..
တိုးတက်လာတာကောင်းပေမယ့် လုပ်ငန်းတစ်ခုတိုးတက်ရင် တခြားတစ်ခု ရပ်ဆိုင်းသွားတတ်တယ် ဆိုတာတော့ တွေးမိတယ် ..
ှုဥပမာ ၅ သိန်းတန်ဖုံးတွေ ပေါပေါများများ ချပေးတာ ကောင်းတဲ့ တိုးတက်မှုပါ..
ဒါပေမယ့် ဖုန်းတွေပေါလာလို့ ဖုန်းငှားစားတဲ့လုပ်ငန်း ဆုတ်ယုတ်သွားတယ် ..
ဒီသဘောအတိုင်း မြန်မာပြည် တိုးတက်လာရင် ဆုတ်ယုတ်သွားမယ့် လုပ်ငန်းတွေထဲမှာ ဘာတွေပါမလဲ
ဘယ်လုပ်ငန်းတွေက တဟုန်ထိုး ထိုးတက်လာမလဲ …
မြန်မာနိုင်ငံသားတွေအနေနဲ့ ဘာတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုမလဲ …
ဒါတွေကို တတ်သိတဲ့လူတွေက ဟောကိန်းထုတ်ပေးဖို့ လိုမယ် (ဥပမာ သူကြီးကပဲ ဖြစ်ဖြစ် .. )
ကျွန်တော်တို့က မျက်စိ နား သေးတော့ ဒါတွေကို ကြိုမမြင်နှိုင်ဘူး .. ။ ဖြစ်လာမှ ဖြစ်သလို လုပ်မယ်ဆိုရင်တော့ အများကြိးနောက်ကျသွားမှာ ..။ ပိုကြောက်တာက ဆုတ်ယုတ်နှိုင်တဲ့ လုပ်ငန်းကို လုပ်မိလျှက်သားဖြစ်နေမှာ စိုးတာ ..ဥပမာ ကျွန်တော်လုပ်နေတဲ့ အင်တာနက်ဆိုင် လုပ်ငန်း ပိုကောင်းလာနှိုင်သလား ဆုတ်ယုတ်သွားနှိုင်သလား တွေးမရဘူး …။
သူကြီးရေ ကျွန်တော်တို့လို အရိပ်ပြ အကောင်မမြင်တဲ့သူတွေ များသားဗျ .. အစဆွဲထုတ်ရုံနဲ့ မရဘူး .. ရှင်းလဲ ရှင်းပေးဦးလေဗျာ …
Was this answer helpful?
LikeDislikeဆိုးရော့စ်၊ သက်ဆင်တို့လို.. ဂျပန်ဝန်ကြီးချုပ်ဟောင်းအာဘေး တို့လိုလူတွေ မြန်မာပြည်ရုတ်တရက်ကြီး.. ၀င်ချလာတာမျိုးက.. တရုတ်နဲ့ အနောက်နိုင်ငံတွေ အားပြိုင်တာတွေဖြစ်သွားနိုင်ပြီး.. မြန်မာပြည်မတည်မငြိမ်ဖြစ်သွားမှာ စိုးပါတယ်..။
တိုင်းပြည်နိုင်ငံရေးတည်ငြိမ်မှ.. ကျန်တာတွေ လာခြင်းကောင်းနိုင်တာမို့ပါ..။
အဲဒီဖက် ဇောင်းပေးပြီး.. နောင်လာမဲ့နှစ်တွေအတွက် ခန့်မှန်းနေတာပါ..။
=
အသေးစားလုပ်ငန်းလေးတွေကတော့.. (သိပ်မှန်းမတတ်သေးပေမဲ့).. ငွေရှင်ကြီးတွေဝင်လာရင်.. ပြည်တွင်းလုပ်ငန်းတွေကို ..အကာအကွယ်ပေးထားတဲ့ ဥပဒေတွေမရှိရင်.. ရပ်တည်ဖို့ တော်တော်မလွယ်ပါဘူး…။
ဥပမာပေါ့..။
စီမီဝီ လိုင်းသစ်ကို တရုတ်ကတာဝန်ယူလုပ်လာမယ်ဆိုရင်.. အင်တာနက်ကဖီးတွေ ရပ်တည်ရခက်သွားမှာပေါ့..။
မက်ခ်ဒါနယ်ဝင်လာမယ်ဆိုရင်… မြန်မာစားသောက်ဆိုင်တွေ တော်တော်များများ… ပြုတ်ကုန်မှာပေါ့..။
ကိုကာကိုလာဝင်လာရင်.. မြန်မာဖြစ်အချိုရည်တွေ ဈေးကွက်ပျက်မှာပေါ့…။
ဘာပဲဖြစ်ဖြစ်…
မြန်မာပြည်ဟာ.. စိုက်ပျိုးရေးနဲ့.. ကုန်ထုတ်လုပ်မှုဖက်ကို.. ဦးစားပေးလုပ်သင့်တယ်ထင်မိပါတယ်..။
ဆားဗစ်..ပွဲစားအလုပ်တွေ သိသိသာသာ လျှော့ချသင့်တယ်..။
Was this answer helpful?
LikeDislikeမှတ်ထားပါ့မယ် သူကြီးရေ
ဒါပေမယ့် လုပ်နေတဲ့ အလုပ် သုံးခုစလုံး ဆားဗစ်တွေကြီးပဲ
လယ်ပဲ စိုက်ရင် ကောင်းမလား
Was this answer helpful?
LikeDislikeမှော်ဆရာရေတရုတ်ပြည်မှာအင်တာနက်
အသုံးပြုသူများလာတာနဲ့အမျှအင်တာနက်ဆိုင်တွေကလဲ
အရမ်းအလုပ်ဖြစ်နေကြပါတယ်..
ကျနော်တို့မိသားစုဆိုယင် အင်တာနက်သုံးဘို့ကွန်ပြူတာတလုံးဘဲရှိလို့
သားနှစ်ယောက်နဲ့အဝေမတည့်ဖြစ်နေလို့တခါတလေခလေးတွေကအပြင်ဆိုင်မှာ
သွားသုံးတာခွင့်ပြုထားရပါတယ်….
မြန်မာနိုင်ငံအနေနဲ့အင်တာနက်ဆိုင်တွေအများကြီးလိုနေပါသေးတယ်ဗျာ…
Was this answer helpful?
LikeDislikeသူကြီးသူကြီး ကျွန်တော် electronic တက်နေတယ် ဂျာ့။ အနော့် အခွင့်အရေးတော့ မပိတ်လောက်ပါဘူးနော်
အမလေး ငိုချင်လိုက်တာ
ကောင်း၏ မကောင်း၏
Was this answer helpful?
LikeDislikeသူကြီး ဒီပို့နဲ့တော့ မဆိုင်ပါဘူး။
ကျွန်တော် gift photo ကို profile မှာတင်တာ မလှုပ်ဘူးဖြစ်နေတယ်။
တစ်ချို့ ပုံကျတော့ profile မှာလှုပ်တယ် comment box မှာ မလှုပ်ဘူးဖြစ်နေလို့
အဲဒါ photo ကြောင့်လား resize ကြောင့်လား ကျေးဇူပြုပြီး ပြောပြပေးပါခင်ဗျာ။
Was this answer helpful?
LikeDislikeပုံဆိုဒ် ထပ်လျော့လိုက် လှုပ်ကို လှုပ်တယ်..
Was this answer helpful?
LikeDislikeဘာမှတော့နားမလည်ဘူး …ဟီး
လူပြိန်းနားလည်အောင်လဲရေးကြဦး…
ဒါပေမဲ့ နှစ်ကူးမှာ အနိဌာရုံတွေနဲ့ကူးနေတာတော့ တော်တော်စိတ်မကောင်းဘူး၊ ရွာထဲကဘိုးတော်များ ၂၀၁၂ အနာဂတ်လေးများ သိရင်ပြောကြပါဦး၊
တော်ပါဘီ… ဘွားဆူး လှုပ်ခိုင်းထားသလို လှုပ်စိလှုပ်စိနေတာပဲကောင်းတယ်
Was this answer helpful?
LikeDislikeသူ့အကြောင်းနဲ့သူတော့ရှိကြမှာဘဲ
အမေဒိကန်ကလည်း ဂွင်ထဲဝင်ရင် လုပ်ခြင်နေတဲ့ပုံတော့ရှိတယ်
ထမင်းသာနပ်မမှန်တာ ဖင်ဖျဲပြီးအော်နေတာလား
ဂယ်လုပ်မှာလား တိဝူး
လာမပျောင်နဲ့ ဂယ်လုပ်မာနော်လို့ ပြောဒါလားတိဝူး
အမေဒိဂန်ဒွေဂ ဒီလို ဇဂါးမျိုးပြောခဲတယ် အောက်မှာ အောက်မှာ
ဟဲ့သောက်ပလုပ်တုတ် နဲဒါဂျီးဟုတ်ဖူး
…………………………………….
အီရန် ရေလက်ကြားပိတ်ဆို့မှု အမေရိကန်သည်းခံမည်မဟုတ်
By ဗွီအိုအေ (မြန်မာဌာန) – ဗုဒ္ဓဟူး, 28 ဒီဇင်ဘာ 2011
ဟော်မုဇ် (Hormuz) ရေလက်ကြားထဲမှာ သွားလာခုတ်မောင်းနေတဲ့ ရေနံတင်သင်္ဘောတွေကို ပိတ်ဆို့မယ်လို့ အီရန်က ခြိမ်းခြောက်နေတာကို အမေရိကန် ရေတပ်က နည်းနည်းမှ သည်းညည်းခံမှာ မဟုတ်ဘူးလို့ ဘာရိန်းမှာ အခြစိုက်တဲ့ အမေရိကန်အမှတ်(၅)ရေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အမျိုးသမီးအရာရှိ ဗိုလ်ကြီး ရေဘက္ကာ ရေဘာရစ်(ခ်ျ) Rebecaa Rebarich က ဒီဇင်ဘာ (၂၈) ရက်နေ့မှာ ဗီအိုအေကို ပြောကြားခဲ့ပါတယ်။
ဟော်မုဇ် ရေလက်ကြားထဲမှာ ကုန်စည်အမျိုးမျိုး ဖြတ်သန်းစီးဆင်းနေတာကြောင့် ဒီရေလက်ကြားဟာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ စည်ပင် ဝပြောမှုအတွက် အရေးပါနေပြီးတော့ ဒီရေလက်ကြားမှာ လွတ်လပ်စွာကူးသန်းသွားလာနေမှုကို ထိခိုက်စေမယ့် ဘယ်လို ရန်လိုလုပ်ဆောင်မှုကိုမဆို ရင်ဆိုင်တုန့်ပြန်သွားဖို့ အမေရိကန်ရေတပ်က အဆင်သင့်ရှိနေတယ်လို့လည်း ဗိုလ်ကြီး ရေဘက္ကာက ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့အစောပိုင်းက အီရန်ရဲ့ ရေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟာဗီဘိုလာ ဆေ ရာရီ (Admiral Habibollah Sayyari) က ဟော်မုဇ် ရေလက်ကြားထဲကို ပိတ်ဆို့လိုက်ဖို့ အီရန်ရေတပ်အတွက် အလွန်လွယ်ကူတဲ့ အလုပ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် ချက်ချင်းတော့ ဒီလို လုပ်စရာမလိုသေးဘူးလို့လည်း ဆိုခဲ့ပါတယ်။
အီရန်ရဲ့ အငြင်းပွားဖွယ် နျူကလီယား အစီအစဉ်ကြောင့် အီရန်ရဲ့ ရေနံတင်ပို့ရောင်းချမှုကို အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့ဒဏ်ခတ်တာကို တုန့်ပြန်တဲ့အနေနဲ့ ပါရှန်ပင်လယ်ကွေ့ (Gulf of Persian) ရဲ့ အ၀င်ဝ ဟော်မုဇ် (Hormuz) ရေလက်ကြားကို အီရန်ရေတပ်က ပိတ်ဆို့ထားဖို့ ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီးတော့ အီရန် ဒုတိယသမ္မတ မိုဟာမက်ရီဇာ ရာဟီမီ (Mohammad Reza Rahimi) ကလည်း အင်္ဂါနေ့က ပြောဆိုတာမှာ အီရန်ရဲ့ ရေနံတင်ပို့မှုကို ပိတ်ဆို့ဒဏ်ခတ်ရင် ဟော်မုဇ်ရေလက် ကြားထဲမှာ ရေနံတစ်စက်မှ ဖြတ်သန်းလို့ မရဘူး ဖြစ်သွားစေရမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေန့က စပြီးတော့ ဟော်မုဇ် ရေလက်ကြားနဲ့ အနီးတ၀ိုက်ရေပြင်ထဲမှာ အီရန်ရေတပ်ရဲ့ (၁၀) ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပါတယ်။
Was this answer helpful?
LikeDislikeအင်း….. ……
အင်း လို့  တစ်လုံးထဲ…..ရေရွတ်မိရုံမှ အပ…တခြား ဘာမှ မပြောချင်သေးပါဘူး။
ကျွန်တော် လိုက်လို့ မမီတဲ့  အကြောင်းအရာပါပဲ။
ဝေဖန်ခြင်း..ဆွေးနွေးခြင်းမလုပ်နိုင်ပေမယ့် သေချာ ဖတ်ရှု..စဉ်းစားခြင်းတော့ လုပ်ပါတယ် ။
Was this answer helpful?
LikeDislikeကျွန်မ အတွက်လဲ ဒီ Post ရဲ့ ရည်မှန်းချက် အမြင့်ကြီးကို ဥာဏ်မမှီ နိုင်လို့ ဝင်ရောက်ဖတ်သွားရုံ သူများအပြော ကို လေ့လာရုံ အဆင့်ဘဲရှိပါတယ် သူကြီးရေ။
အကယ်၍ နားလည်နိုင်သော အကြောင်းထဲ ဝင်လာပါက နိုင်သလောက်တော့ ဆွေးနွေးပေး ချင်ပါတယ်။
Was this answer helpful?
LikeDislike