ညီမလေးက ဘ၀ကို စိတ်ညစ်သတဲ့လား
|838- Hits|ယနေ့ ၂၅၊၁၂၊၂၀၁၁ ရက် နေ့လည် ၃ နာရီ ၄၅ မိနစ်ခန့် အချိန် မန္တလေးတိုင်း ကျောက်ဆည်မြို့၏ လူ၊ ကား အစည်ကားဆုံးနေရာဖြစ်သော မြို့လယ်ခေါင် လမ်းလေးခွဆုံ (ဒေသအခေါ် လက်ပြတိုင်) အနီးတွင် အမျိုးသမီး တစ်ဦး လသားအရွယ် ကလေးငယ်တစ်ဦးအား ရင်ခွင်ပိုက်လျက် ကားလမ်းမ အလယ်တွင် တင်ပလင်ခွေထိုင် ကာ သူမ၏ စိတ်ညစ်ဖွယ်ကောင်းသော ဘ၀ကို အဆုံးသတ်ရန် ကြံစည်မှု တစ်ခု ဖြစ်ခဲ့ပါသည်။
ဖြစ်ပွားပုံအကျဉ်းမှာ ထိုအမျိုးသမီးသည် သူ၏ ကလေးငယ်ကို လက်တဖက်ဖြင့် ရင်ခွင်ပိုက်ကာ အခြားလက်တဖက်ဖြင့် လက်ဆွဲဆာလာအိတ်ပန်းရောင်ကို ကိုင်လျက် လမ်းလယ်ခေါင်သို့ လျှောက်လာပြီးလျင် ဆွဲလာသောအိတ်ကိုချကာ ထိုင်ချလိုက်ပါသည်။ ထိုအခါ ဖြတ်သန်းသွားလာနေသော လူအများလည်း ပထမ၌ ခေတ္တ ခဏ အထူးအဆန်းဖြစ်ပြီး ကြည့်နေကြပြီး ကားများကလည်း သူမအား ရှောင်ကွင်း၍ မောင်းသွားကြပါသည်။ ထို့နောက် လမ်းဘေးရှိ လူအများမှ(တာဝန်ကျ ယာဉ်ထိန်းရဲအပါအ၀င်) သူမအား လမ်းမပေါ်တွင် မထိုင်ရန်နှင့် ဘေးလွတ်ရာသို့ ရွှေ့ရန် ၀ိုင်း၍ ပြောကြသော်လည်း ၄င်းမှ မထပဲ ထိုင်မြဲတိုင်းထိုင်နေသဖြင့် ယာဉ်ထိန်းရဲမှ ၄င်းအနီးသွား၍ နေရာမှ ရွှေ့ရန်ပြောသော်လည်း ၄င်းမှ ငိုယိုလျက် ငြင်းဆန်ခဲ့ပါသည်။ ရဲမှ အကျိုးအကြောင်း မေးသောအခါ ၄င်းမှာ လူအများမှ သူမ ရန်ကုန်ပြန်ရန် အကူအညီ မပေးသော ကြောင့် ၄င်း၏ ဘ၀ကို စိတ်ညစ်ပြီး ကားတိုက်၍ သေချင်သေစေတော့ဟုသော သဘောဖြင့် လမ်းလယ်ခေါင်တွင် ထိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဖြေကြားပြီး ဆက်လက်ထိုင်မြဲထိုင်နေပါသည်။ ဘေးမှလူများက သူမ၏ ရင်ခွင်ပိုက် ကလေးငယ်အတွက် စဉ်းစားရန်၊ ယခုကဲ့သို့ မလုပ်သင့်ကြောင်း ပြောဆိုခဲ့သော်လည်း မရပါ။ ဘေးမှ ကြည့်နေသောသူများလည်း များသထက်များလာပြီး ရဲမှ ရပ်ကြည့်နေသော အမျိုးသမီးများအား သူမအား အတင်းအကျပ် ‘မ’ရွှေ့ရန် အကြံပြု၍ အမျိုးသမီးများ သူမထံသွားစဉ် သူမမှ လာသူများကို လက်ညှိုးထိုး၍ အာခေါင်ခြစ်အော်သော ကြောင့် ကူညီမည့် အမျိုးသမီးများလည်း မရွှေ့ရန် အကြံကို စွန့်လွှတ်လိုက်ပါသည်။ အချိန်အနည်းငယ်ကြာပြီးနောက် ဘေးမှ လူများမှ သူမအား ရန်ကုန်ပြန်ရန် ကူညီမည့် အကြောင်း ဖြောင်းဖျ ပြောဆိုပြီး ကလေးငယ်အား ၄င်းလက်မှ ယူပြီးလျင် သူမအားလည်း လမ်းဘေး ပလက်ဖောင်းပေါ်သို့ ခေါ်ဆောင်ခဲ့ပါသည်။
သူမအား သွားရောက်ကူညီခဲ့သူ တစ်ဦးကို အကျိုးအကြောင်း မေးမြန်းရာ ထိုသူမှ သူမသည် ထောင်မှ လွတ်လာသူ တစ်ဦးဖြစ်ကြောင်း၊ ယခု ကလေးငယ်ကိုလည်း ထောင်ထဲမှာပင် မွေးခဲ့ကြောင်း၊ သူမ၏ ယောကျာ်းမှ သူမ၏ လျှာကို ဓါးဖြင့် ဖြတ်ထားကြောင်း၊ ယခု သူမရန်ကုန်ပြန်ရန် မည်သူမျှ အကူအညီ မပေးသောကြောင့် ယခုကဲ့သို့ ပြုလုပ်ခဲ့ကြောင်း၊ သူမ၏ လျှာမှာလည်း တကယ်ပင် တိုနေကြောင်း၊ စကားလည်း သိပ်မပီကြောင်း ပြန်လည် ပြောပြသည်ကို ကျွန်တော်မှလည်း MG မှ မိတ်ဆွေများအတွက် မကြုံဖူးသည့် local သတင်းတစ်ခုအဖြစ် ပြန်လည်မျှဝေလိုက်ပါကြောင်း။
ခင်မင်စွာဖြင့်
ပြည်မင်းလူ
Related posts:




သူယောကျားကဘာလို. သူလျှာကို ဘာလို. ဖြတ်တာတုန်းဗျာ အဒါမျိုးကူအချင်းအချင်းနိပ်စက်မှူတစ်ခုပဲ ဒါမျိုးကြတော. အမျိုးသမီးရေးရာက လူတွေ မသိတော.ဘူးလား တစ်ကယ် ထောင်ကထွက်လာတယ် ဆိုရင်လည်း ထောင်.က ပြန်ဖို. အသုံးစရိတ် မပေးဘူးလား မသိဘူး ဗျာ ကြားရမြင်ရ ရင်တည်း မချမ်းသာပါအားလုံး အေးချမ်းကြပါစေ …
Was this answer helpful?
LikeDislikeသူ့ ယောက်ျားက သူ့ လျှာကိုဘာလို့ ဖြတ်ရတာလဲ … ဟုတ်တယ် .. လူချင်းချင်းနှိပ်စက်ခြင်းသက်သက်ပါ .. ဟိုနေ့ ကလဲ သတင်းတပုဒ်မှာ စာခိုးသင်လို့ ဆိုပီး သူ့ မိန်းမရဲ့ လက်ချောင်းတွေကို ဖြတ်ပစ်ခဲ့တယ်လို့ ဖတ်လိုက်ရတယ် .. ယောက်ျားတွေက ယောက်ျားဆိုပီး ကိုယ်ယူထားတဲ့ မိန်းမကို လုပ်ချင်တိုင်းလုပ်ခွင့်ရှိသတဲ့လားဗျာ …
Was this answer helpful?
LikeDislikeကြားရ သိရ မသက်သာလှပါဗျား
ရန်ကုန်ပြန်ရအောင် ရန်ကုန်မှာ.အသိရှိလို့ လား..ဗျ
မရှိရင်တော့.ပြန်ပြီးဘာလုပ်မတုန်း..
အမျိုးသမီးရေးရာတို့ ..အမျိုးသားရေးရာတို့ ..ဂေးရေးရာ(မကြာခင် မောင်ပု တည်ထောင်လိမ့်မယ်)
အဲဒီခလေးတစ်ယောက်အမေကို သေချာစစ်ဆေးပြီး..ဆောင်မကြည့်ရှု..ကြပါလော့
တစ်ကယ်မဟုတ်ပဲ လန်ကြုတ်ဆိုရင် တစ်ဂုတ်ဂုတ်နဲ့ နေအောင် ခေါက်ပလိုက်..
တစ်ကယ်.ခိုကိုးရာမဲ့ဆိုရင် ဘ၀ရပ်တည်ဖို့ အတွက် သင့်တော်သလို.. စီမံပေးကြပါဂုန်
ပုံ၊
လူ့ အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးငပေါက်ဖော်..(ခေတ္တအီသီယိုးအော်စတီးရား)
Was this answer helpful?
LikeDislikeပြည်မင်းလူ
မသိသေးတဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ် … ဒါမျိုးလည်း မကြားဖူးပါ .. တင်ပေးတဲ့အတွက် ကျေးဇူးများစွာ တင်ရှိပါ၏ … နောက်နောင်လည်း အားပေးလျှက်ပါ …
===============================
သို့
လူ့ အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးငပေါက်ဖော်..(ခေတ္တအီသီယိုးအော်စတီးရား) ထံသို့
ဤကဲ့သို့ အမျှော်မြင်ကြီးစွာဖြင့်
နောင်အသစ်ဖွဲ့မည့် အဖွဲ့အစည်းအမည်၊ တည်ထောင်မည့်သူအမည်ရော
ကလေးမလေးအတွက် သင့်တော်သော
အကြံဥာဏ်များလည်း ချမှတ်ပေးနိုင်သောကြောင့်
မစ္စတာ ငပေါက်ဖော်
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး
(ခေတ္တ အီသီယိုးအော်စတီးရား)အား ယနေ့မှစပြီး ….
ရွာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့၏ ဥက္ကဋ္ဌ ရာထူးပါ ပူးတွဲ တာဝန်ထမ်းဆောင်စေရန် တာဝန်ပေးလိုက်သည် ……
ပုံ
သူကြီး ဥကိုင် အဲ ဦးခိုင်
ရွာလုံးဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးမှူး (ကိုယ်စား)
မစ္စတာ သောမတ်အတ်ဒမန်ဂျွန်ဆင်ဒေးဗစ်မိုဟာမက်ဇော်ဂျီကင်းးးးးးးးးးးးးးးးး
Was this answer helpful?
LikeDislikeဒီလိုမျိုးတော့ အလွယ်မလုပ်သင့်ဘူးထင်တာပဲ
သူ့ကလေးရှေ့ရေးကို ကြည့်ပြီး
အားတင်းထားသင့်တယ်…
မြင်ရ၊ ကြားရ စိတ်မသက်သာစရာတွေချည်းပဲ…
Was this answer helpful?
LikeDislikeကျောလော့ပါဝူးကွယ်……
Was this answer helpful?
LikeDislikeအမလေးရင်လေးပ…. ဘယ်လိုယောင်္ကျားမျိုးက ကိုယ့်မိန်းမကိုယ် လျှာဖြတ်တာပါလိမ့်.. ဘာတွေများပြောမိလို.လဲ.. သူကရော ထောင်ဘာလို.ကျတာလဲ… ဘာမှမသိတဲ့ကလေး အတွက်ပဲ.. ရင်လေးတယ်.. နောက်ရှေ.လျောက်အဲဒီကလေး ဘာဖြစ်မလဲ တွေးတောင်မတွေးရဲဘူး…
Was this answer helpful?
LikeDislikeခလေးမ လေး အဖြစ် ကြားရတာ သနားမိတယ်ဗျာ
အဲ့ကိစ္စမျိုး ကို အထူးကိုင်တွယ်ဖြေရှင်းပေးနိုင်တာ က
ဂေဇက် က ငမျောက်ကျော် ဘဲ ဗျ
သူ့ ဆီသာ သေချာ တင်ပြပေးရမယ်
ဒီကေ့စ် ကို
Was this answer helpful?
LikeDislikeမန္တလေးသားတွေ တယ်ရက်စက်ကြပါလားဗျာ။
ဟိုမရောက်ဒီမရောက် လျှာ ဖြတ်လိုဖြတ်။
ရန်ကုန်သားတွေကျတော့ တစ်ခါတည်း ကို အသေသတ်လိုက်ကြတာဗျ။
အခုလို လမ်းလယ်ခေါင်ထိုင်နေဘို့ လိုတော့ဘူးပေါ့ဗျာ။
နောက်တာပါဗျာ။
စိတ်မကောင်းစရာ သတင်းတစ်ပုဒ်ပါ။
တကယ်ဟုတ်ရိုးမှန်ရင် သူ့ယောက်ျား ကို
စစ်ဆေးပြီး အရေးယူသင့်တယ်ဗျာ။
Was this answer helpful?
LikeDislikeကိုဘလက်ကြီးကလဲ မန္တလေးသားတွေ အဲဒီလောက်မရက်စက်ပါဘူး.. ဒီနောက် နူးညံ့သိမ်မွေ. ပွင့်လင်းချစ်စရာကောင်းတာကို ….. အဲဒီကောင် မန္တလေးသား အစစ် မဟုတ်လောက်ပါဘူး…
Was this answer helpful?
LikeDislikeစဉ်းစားစရာတော့ကောင်းနေပြီ …. ။ ဒီမိန်းမ ထောင်ထွက်ဆိုတာကိုတော့ … လိမ်စဉ်လို့ … ကျွန်မထင်ပါတယ် … ။ သနားတတ်တဲ့ …ကျွန်မတို့ လူမျိုးတွေကို ကလေးဗန်းပြပြီး … ပိုက်ဆံလိုချင်တယ်လို့ပဲ မြင်မိပါတယ် … တကယ်သာ သက်သေချင်စိတ်ရှိလျှင် ဒီလို လူကြားထဲ ငုတ်တုတ်ထိုင်မလားနော် .. လူရှင်းတဲ့နေရာ ရေထဲဆင်းသေလည်း ဖြစ်တာပါပဲ … ။
ထောင်ထွက်မဖြစ်နိုင်ဘူးဆိုတာကတော့… ထောင်ထွက်တစ်ယောက်ရဲ့ စိတ်ဓါတ်က ဒီလောက် မပျော့ ညံ့ဘူးထင်လို့ပါပဲ … ။ ထောင်ထဲမှာနေရတဲ့ ကျဉ်းကြပ်တဲ့ ဒုက္ခတွေတောင် ခံနိုင်သေးတာကို … စရိတ်မရှိလို့ .. လမ်းလည်ခေါင် တက်ထိုင်နေတယ်ဆိုတာ ….. ဆန္ဒပြခြင်းတမျိုးပါပဲ … ။
ဘယ်သူက ဘယ်လို ရှင်းလိုက်သလဲတော့ သိချင်သား .. ။ ဘယ်သူမှ မပေးဘူးဆိုလျှင် ဒီလို ငုတ်တုတ်တနေ့လုံးဆက်ထိုင်နေဦးမလားလို့လဲ … သိချင်သား
Was this answer helpful?
LikeDislikeလျှာဖြတ်တာ ဘာလို့ဖြတ်တာလဲ။ နောက်ပြီး သူက ပြောပြတော့ စကားမပီတော့ ဘယ်လိုနားထောင်ကြလဲ။ နောက်ပြီး ဘယ်ထောင်က ပြန်လွတ်လို့ သူက မန်းလေးမှာရောက်နေတာလဲ။ ဆွေမျိုးတွေဘာတွေမရှိတော့ဘူးလား…. ဘ၀တွေကလည်းနော်….
Was this answer helpful?
LikeDislikeကိုပြည့်မင်းလူ… မတူတဲ့အမြင်လေးတစ်ခုနဲ့ မန့်မယ်ဗျာ..
အခြေအနေတစ်ခုလုံးနဲ့ ကိုရင်တင်ပေးထားတဲ့ ဓါတ်ပုံတွေကြည့်ပြီး
ဒီအမျိုးသမီးလေးဟာ လိမ်စဉ် အကွက်လုပ်သွားတာမြင်တယ်။ ဘ၀ကို ရင်မဆိုင်နိုင်လို့
တကယ်သေချင်ရင် ကားအမြန်သွားနေတုန်း (သို့) ရထားသွားနေတုန်း နေရာတစ်ခုခု
ဖြတ်ခုန်ပစ်လိုက်ပါလား…
ထပ်အတွေးပွားတာက အဲ့က လူတွေက ရန်ကုန်သွားဖို့ စရိတ်ထောက်ပံ့လိုက်တာဟုတ်ပါပြီ
ရန်ကုန်ရောက်တော့ ကလေးတစ်ဖက်နဲ့ ဘာလုပ်စားမလဲ…
ခုနက အကွက်မျိုးတွေပဲ ထပ်လုပ်မယ်လို့ မြင်တယ်….
တကယ်ဆို ရဲဆိုတဲ့ တာဝန်ရှိသူတွေက အဲ့လိုမိန်းမတွေကို လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးလို
နေရာမျိုးကို ပို့ပေးသင့်တယ်ထင်တယ်ဗျာ.. ပိုက်ဆံပေးပြီး ကူညီလိုက်တယ်ဆိုတာကတော့
အဲ့အမျိုးသမီးလေး ဘ၀အတွက် အဖြေတစ်ခုမဟုတ်ဘူးဆိုတာ ကျနော် မြင်နေမိတယ်…
Was this answer helpful?
LikeDislikeမြင်ရတာ စိတ်မချမ်းသာ etone ပြောတာ စဉ်းစားစရာ
Was this answer helpful?
LikeDislikeမနေ့ကတည်းက တွေ့တယ် ဒီပိုစ်လေး ရွာဂျမ်းဖြစ်နေတာလား မသိဘူး ၀င်လို့ ရလိုက် မရလိုက်နဲ့ ဆိုတော့.. လျှာ အဖြတ်ခံထားရလို့ လျှာတိုနေတယ် ဆိုရင်တော့ တကယ်ဖြစ်ရပ်မှန်တခု အနေနဲ့ တွေးကြည့်မယ်။ မိန်းမ က ဘာအပြစ်လုပ်လို့ လျှာဖြတ်ခံရတာလဲ… တကယ်လို့ လျှာအဖြတ်ခံရလို့ အဲဒီ ယောကျား ပြန်သတ်လိုက်လို့ ထောင်ထဲ ရောက်သွားတာကော မဖြစ်နိုင်ဘူးလား။
Was this answer helpful?
LikeDislikeသူ့ယောကျာ်းကို ပြန်သတ်လို့ ….ထောင်ကျတာတော့ …မဖြစ်နိုင်ဘူး ထင်တယ် အစ်မရေ ..
ဘာလို့လဲဆိုတော့ … သူ့ကိုယ်ဝန်က ထောင်မကျခင်ကရတဲ့ ကိုယ်ဝန် … ။ ထောင်ထဲမှာ ကလေးမွေးပြီး ကလေးက ရင်ခွင်ပိုက်ဆိုတော့… သူထောင်ထဲမှာ နေရတဲ့အချိန် အလွန်ဆုံး ၂နှစ်ခွဲ ၃ နှစ်ပေါ့ …. ။ လူသတ်မှုတစ်ခုအတွက် ပေးတဲ့ပြစ်ဒဏ်ဒီလောက် နည်းမယ်တော့မထင်ဘူး … ။ ယောကျာ်းက အန္တရာယ်ပြုလို့ ခုခံလိုက်လို့ .. ထောင်ထဲရောက်တယ်ဆိုလျှင်တော့ … ဖြစ်ကောင်းဖြစ်နိုင်ပါတယ် …. ။ ထောင်ဒဏ်တွေ ၊ ငွေဒဏ်တွေကတော့ ..ညီမ သေချာနားမလည်ပါဘူး … ။
Was this answer helpful?
LikeDislikeလူသနားအောင် Campaign လုပ်တာနေမယ်နော်။ အိတုန်၊ဆူးတို့ပြောတာထောက်ခံတယ်။
ကလေးကိုခုတုံးလုပ်တာနေမယ်ထင်တယ်။ အမေ အရင်းဆိုရင် ကလေးကို စိတ်ချ ရတဲ့
တစ်နေရာမှာအပ်၊ ပြီးမှ Suicide လုပ်သင့်တယ်။ ကိုယ့်သားသမီးကိုပါ အသေထဲ ဆွဲမခေါ်သင့်ပါ။
ကမ္ဘာမီးလောင်သားကောင်ချနင်းတာ အမေ အရင်းမဟုတ်ပါ။
Was this answer helpful?
LikeDislikeလိမ်စားနည်းတမျိုးလို့ ရှင်းရှင်းလင်းလင်းမြင်ပါတယ်။
အခုကွန်မင့်ရေးသူများ ထောင်မကျဘူးတာ သေချာပါတယ်။ ထောင်ကျဘူးတဲ့သူတွေနဲ့ကို လုံးဝမနီးစပ်တာ သေချာပါတယ်။
ထောင်ထဲကထွက်လာသူဟာ တော်ရုံအကြောင်းနဲ့ မသေချင်ပါဘူး။
တကယ်အကူအညီလိုလျှင် အကူအညီတောင်းစရာ နေရာတွေအများကြီးပါ။ အထူးသဖြင့်ကျောက်ဆည်ဆိုတော့…။
စိုးရိမ်မိတာက ဒီလိုလိမ်စားတာတွေ အောင်းမြင်လို့ လူတွေလိုက်လုပ်ရင် လမ်းတွေပိတ်ကုန်တော့မှာ။
Was this answer helpful?
LikeDislikeအော် .. ကျောက်ဆည်မှာလား … ရွာထဲက သူဌေးသား ဘုကလန့် ၊ ကားယားကားယား အော်ကြောလန် ကဏန်းကြီး77 တစ်ယောက် အဲ့ဒီရောက်နေသတဲ့ … ။
ထစ်ခနဲဆို အလကားရလို့ လက်နှစ်ချောင်း အပြည့် .. ထိုးလာတဲ့ တက်တူးတွေ လှန်လှန်ပြပြီး တပ်လှန့်လွှတ်နေတာ…. ။ ပိုက်ဆံတောင်းတဲ့ လူတွေ သူနဲ့တွေ့ ဖို့ကောင်းတာ … ။ ဟီး
Was this answer helpful?
LikeDislike