ကျနော် အရှေ့ကျွန်းရောက်ကာစ က ရထားစီးလျင် ဘုရားစာ ရွတ်၏။ ရထားက မိနစ် ၅၀ခန့် စီးရသည်ကိုး။

နောက်ပိုင်း လူက အကျင့်ပျက်လာ၏။ ရွတ်ရဖတ်ရမှာ ပျင်းရိငြီးငွေ့ လာသည်။ အလုပ်မှာ အသားကျလာသည်

နှင့်အတူ ဘာသာတရား၏ အဆုံးအမ အပေါ် ပေါ့လျော့ လာမိ၏ ။

 

 

ထို့နောက် တွင်ကား ကျနော် ရထားစီးလျင် သီချင်း နားထောင်၏။ ကြာသော် ပျင်းလာပြန်သည်။

ထို့နောက် ကျနော် စမတ်ဖုန်း ၀ယ်ကိုင် ဖြစ်သည်။ ထိုဖုန်းဖြင့်  ဂိမ်းကစား၏ ။ ထိုသည်မှာလည်း

ကြာကြာမခံပါချေ ။ ကျနော်က ပဲ ငြီးငွေ့ လွယ် သလား မဆိုနိုင် ။ ထို့နောက်  ကျနော် ရုပ်ရှင်ဘက်

လှည့်၏ ။ သို့တည်းမဟုတ် မြူးဇစ်ဗီဒီယို ကြည့်၏ ။ တခါတလေ စာဖတ်၏။ တခါတလေမူ အိပ်စက်၏။

အထက်ပါ ဆောင်ရွက်မှုများကို စိတ်ပါရင်ပါသလို ဖီလင်လာရင် လာသလို အလျင်းသင့်သလို

လုပ်ဆောင်တတ်၏။

 

ယခုမူ ရထားစီးသည့်အခါ လုပ်တတ်သည့် အကျင့် အသစ်တခု တိုးလာပြီဖြစ်၏။ ထိုသည်မှာ ငါဘာစာရေး

လျင်ကောင်းမလဲ တွေးတောခြင်း ပင်ဖြစ်သည်။ ထိုသို့ တွေးတောရခြင်း ကိုလည်း နှစ်ခြိုက်လာ၏။

သီချင်းနားထောင်ရင်း မျက်စိမှိတ်ကာ မှေးရင်း တွေး ခြင်းဖြစ်သည်။

 

တခါတလေလည်း အတွေးစတွေ ပျံ့ကျဲ ငိုက်မြည်း ။ တခါတလေလည်း ရေးစရာ အကြောင်းရာကောင်းလေးတွေရရှိ။ ခုလည်း

သည်ကရတဲ့ အတွေးကလေး တခုကို ချရေးလိုက်ခြင်းသာဖြစ်ပါသည်။

 

ယနေ့ သီချင်းတွေကို playlist အတိုင်း မဖွင့်ဖြစ်။ ramdom အတိုင်း ထားမိသည်။ သည်တော့ သီချင်း

အစုံနားထောင် သော ကျနော့် အတွက် နည်းနည်းတော့ ဂွကျ သွားသည်။ mood အရ ပြောပါသည်။

 

ဘရိုင်ယန် အဒမ်စ့် အချစ်သီချင်း အဆုံးတွင် အော့ဖ် စပရင်း ၏ Give it to me baby, uh huh, uh huh

တွေ ကြားချင်ကြားလာရသည်။ ထိုသီချင်းအဆုံးတွင် Richie Blackmore က ဖလားမင်းဂိုးစ်တွေနှင့်

ချွဲချင် ချွဲတော့သည်။ ချွဲလို့ အပြီး တွင် ထူးအယ်လင်း အသံသြသြကြီး နှင့် နင်လိုမိန်းမကို ….အစချီ၍

ကြိမ်းဝါး သည့်တေး …ပေါ်ချင်ပေါ်လာသည်။ ထိုမှတဖန် boku ga so ba ni i ru yo (Sakura) ဖြစ်ချင်

ဖြစ်သွား၏ ။ လွမ်းမောလို့မှ မဆုံးသေး ကားလို့ဆန်တဲနား နှင့် ရှကီရာ တို့ ပူးပေါင်းတင်ဆက်သော…

illegal to deserve a woman’s heart …ကြားလို့ စိတ်မကောင်းသလိုလို တစုံ တယောက်သောသူကို

တောင်းပန်ချင်သလိုလို ..ဖြစ်လာရပြန်သည်။ အဲ့ဒါဆုံးတော့ သိပ်နှစ်သက်သည့် ပေါလ်ဂစ်ဘတ်က

မက္ကဆီကို သွားကြပါစို့ ထလုပ်ချင်လုပ်သည်။ ကျနော် မခံစားနိုင်တော့ ……

 

random နှင့် ဖွင့်သည့် စနစ်ကို နောက် ဘယ်တော့မှ မသုံး ဟု ယတိပြတ် ဆုံးဖြတ်ချက်ချလိုက်သည်။

ထိုစဉ် သီချင်း အသစ်တပုဒ် ကူးသွားသည်။

ဂျိမ်း ကနဲ မိုးကြိုးပစ်ချသံနှင့် အတူ ကျနော့် ခေါင်းထဲတွင်လည်း ဂျိမ်းကနဲ ဖြစ်သွား၏။

ထိုသီချင်းကို ကျနော် မေ့လျော့ နေခဲ့တာ အလွန်ကြာပြီဖြစ်သည်။

 

သီချင်း က tempo မြင့်သည့် Rock သီချင်း အမျိုးအစားဖြစ်သည်။ စစချင်း အတော(အင်ထရို)မှာပင်

အလွန်လျင် မြန်သော ပန်နာတောနစ် စကေးလ် တီးသံ ကိုကြားရသည် ။Tim Pierce ဆိုသည့်

ဂစ်တာသမား၏ လက်ရာ။ မြန်သည် လှသည် သေသပ်သည်။ ထို့နောက် Eric Martin ၏ တီနာ သံ

ခပ်မြင့်မြင့် ကို စကြားရသည် ။ သီချင်းက verse မှ bridge ပိုင်းကို ရောက်လာသည်။John Pierce

၏ ဘေ့စ်ဂီတာသံ ခေါင်းထောင်လာသည်။ သီချင်း၏ mood ပိုင်းအရ climax ကိုဆွဲခေါ်သွားမည့်နေရာတွင်

drum roll တွေ fill လုပ်ရသည်။ roll-in ပေါ့ …  chorus မှ ပြန်အထွက်ဆိုလျင် roll-out ဖြစ်သည်။

၂နေရာစလုံးတွင် kick နှင့် tom ကို ခပ်စိတ်စိတ် နှင့် အလွန်လှပစွာ ရိုက်ချသွားသည်ကိုတွေ့ရပါသည်။

အော် ကောင်းပေမပေါ့။ ထိုခေတ်က အလွန်နာမည်ကျော်သော  Guns N’ Roses အဖွဲ့မှ drummer

Matt Sorum ၏ လက်ရာပေကိုး ။ ဖော်ပြရန် ကျန်သွားသည်မှာ chorus တွင် ပြင်းထန်ခိုင်မာသော

body(dram beats+ bass) ကို အားဖြည့်ပေးသော keyboard ပင်ဖြစ်သည်။ Kim Bullard ဆို သူ

အဆိုတော်-ပီယာနစ် ၏ လက်ရာတည်း။ Eric ကို harmony ဖြင့် ပံပိုးပေးထားသည်မှာလည်း အလွန်လှပ

လွန်းနေသည်။ ပီယာနို ကို နားမလည်သည့်အတွက် ထိုမျှသာရေးနိုင်ပေသည်။

 

ဟုတ်သည် သည်သီချင်းသည် ထိုခေတ်က အလွန် ကောင်းသော band အချို့ မှ ပညာရှင် တစ်ဦးစီ

ပေါင်းစုပြီး project အနေဖြင့် တီးခတ် သီဆိုထားခြင်းဖြစ်သည်။ ဆက်ရေးပါဦးမည်။ Solo တွင်

အလွန်လှသော drums ပံ့ပိုးမှုနှင့်အတူ အဆင့်အတန်းမြင့်မားသော လျှစ်စစ်ဂီတာသံ ကိုကြားရမည်

ဖြစ်သည်။ သီချင်းအဆုံး fade လုပ်သွားပုံမှာလည်း အပိုအလိုမရှိ ကွက်တိ။

 

တကယ်တော့ ဒီသီချင်းသည် ရုပ်ရှင်ဇာတ်ဝင်တေး တစ်ပုဒ်သာဖြစ်သည်။ ၁၉၉၅ခုနှစ်က ထွက်ရှိခဲ့သည်ဟု

မှတ်တမ်းတွေက ပြောပါသည်။ နာမည်ကျော် ရုပ်ရှင်မင်းသား Tom Hanks ပါဝင် သရုပ်ဆောင်ထားသော

Apollo 13 သည် အဆင့်-၁ ချိတ်ချိန်တွင် ယခုဇာတ်ကားသည် အဆင့် -၄ ရခဲ့သည်ဟု ဆို၏။

 

 

မကြာမီတွင် ကော်ပီရိုက် လာတော့မည် ဖြစ်သည်။ တပုံတခေါင်းလည်း သိန်း-သောင်း ဂဏန်း ကော်ပီခဲ့ပြီးပြီ

ဘော့ဘ်ဒိုင်လန် အစ ဘီတလ်စ် အလယ် ယူတူး အဆုံး ပဂေးကြီးတွေပါသည်။

ဒိပ်ပါပဲလ် အစ ကစ်စ် အလယ် အယ်ရိုစမစ် အဆုံး ရော့ခ် တွေပါသည်။

ဘွိုင်ဇုံး အစ ဘက်စတွိဘွိုင်း အလယ် ၀က်စ်လိုက်ဖ် လို ဘွိုင်းဘန် တွေလည်း ပါသည်။

ဒါတောင် ကွန်တမ်ပိုရေရီ ပေါ့ပ်နှင့် ရော့ခ် သာ နမူနာလောက် ချ ရေးကြည့်ခြင်း ဖြစ်သည်။

အိမ်နီးနားချင်း တရုတ်-ကုလား-ယိုးဒယား နှင့် ဂျပန်သီချင်းတွေမပါသေး။

ဆိုတော့ ၁တက်ပိုစား မိလို့ကတော့ မထူးတော့ပီ .ကော်ပီရိုက်မလာခင် ဗမာပြည်၏ အောင်မြင်သော

ဘန် တခုခုနှင့် အသံပါဝါကောင်းကောင်း အမျိုးသား အဆိုရှင် တစ်ဦးကို ပြန်ဆိုစေ့ချင်မိသည်။

 

 

ထိုသီချင်း စတင်ထွက်ပေါ်ခဲ့သော ၁၉၉၅ခုနှစ်မှ ယခု ၂၀၁၁ ခုနှစ်အထိ ၁၅နှစ် ကျော် ကာလအတွင်း

ကော်ပီ ရော့်ကာများ အဘယ်ကြောင့် မျက်စိမှောက်၍ မေ့ကျန်နေသနည်း မတွေးတတ်ပါချေ ။

ပြန်ဆိုပါက အောင်လည်း အောင်မြင်မည် ဟု တထစ်ချ ယုံကြည်မိပါသည်။

 

တကယ်တော့ ထိုသီချင်းကို စာဖတ်သူတို့လည်း နားရည်ဝခဲ့ပြီးဖြစ်ပါသည်။ ကြားဖူးနေသော်လည်း

အသေအချာ သတိပြု နားစိုက်ထောင်ရကောင်းမှန်း မသိခဲ့သည့် သီချင်းလည်းဖြစ်၏ ။

သူတို့ဆီမှာတော့ ယနေ့ထက်တိုင် ကြို့ကြား ကြို့ကြား ကာဗာဗားရှင်း ၀ယ်ဝယ် ဆိုတတ်ကြသည်။

 

 

Eric

 

 

upload လုပ်ပြီး update လိုက်ပါပြီ

သီချင်းအရင်ယူထားကြပါ ….စာသား ရှာတင်ပေးပါမည်ရှင့်..အဲ့ ဗျာ့

 

P.S အခြား ရော့ခ်ကာ များ မဆိုဖြစ်ခဲ့ပါကမူ အဆိုကောင်းသော သည်ဟု ရွာသူားများ တခဲနက်

မှတ်ချက်ပြုသည့် ရွာ့ တံခါးစောင့်ကြီး  ဘဘ ဘလက်ကို ဦးနိုတယောက် ထီပေါက်ပြီး

အခွေထုတ်ပေးဖြစ် သော်လည်းကောင်း ရွာသူားများ ပွိုင့်စု၍ ထုတ်ပေးဖြစ်လျှင်သော်လည်းကောင်း

ထိုသီချင်း ကို ထည့်သွင်းသင့်သည် ဟု အဆိုပြုလိုက်ရပါတော့သည်။

Ch@vez

About Ch@vez

has written 165 post in this blog.

ရည်းစား မရှိသေးတဲ့ ကောင်မလေး ချောချောလေးဒွေတွေ့တိုင်း တာဝန်မကင်း သလို ခံစားရတဲ့ ...ကျနော်

Related posts:

  1. ကော်ပီတော့ ကော်ပီ လက်ညောင်းတဲ့ ကော်ပီ
  2. နည်းလမ်းမှန်စွာ ချစ်စေချင်သည်
  3. မဲထက်ဝက်ကျော်ဖြင့် ကြံ့ဖွံ့နိုင်မည်ဟု ဦးအောင်သောင်း ပြောဆို
  4. တွေးခေါ်စေချင်သည်
  5. နာမည်ကျော်ကြားသူများ သေဆုံးသည့် သတင်းဖြင့် နောက်ဆုံးပေါ် Trojan တိုက်ခိုက်[Virus news]…