“မန္တလေးရဲ့ ရှေးရှေးက စားသောက်ဆိုင်”(အဝေးရောက်မန်းလေးသားများအမှတ်တရ)
|1347- Hits|
1 ဒါကတော့ 29လမ်း 80-81 ကြားက ကျနော်ငယ်ငယ်ကစားခဲ့တဲ့ ဦးစိန်ခေါက်ဆွဲဆိုင် အရင်ကလို့တော့ တဲလေးမဟုတ်တော့ဘူး တိုက်ဖြစ်သွားပြီ

2ဒေါ်စင်းယုံဆီချက် မီးလောင်ပြီးမှ ပြင်ထားတာပါ အရင်က အခန်းကျဉ်းကျဉ်းလေးပေါ့

3 တစ်ချိန်က မန်းလေးမြို့ က ပျော်တတ်သူများအတွက် ပျော်တော်ဆက်ခဲ့တဲ့ ရုံတော်ကြီး

4 ကိန်ကြည် စားသောက်ဆိုင် အုခုတော့ အိမ်အသစ်နဲ့သားနားသွားပြီ

5 ဒီဆိုင်ကတော့ မင်းဟိန်းနဲ့ ရုံစိန် ခေါက်ဆွဲဆိုင် ဒီဆိုင်က ၀က်သားသုတ်နဲ့ ထမင်းပေါင်းနာမယ်ကြီးတယ်

6 အရင်က တော့ ဘုရားဆင်းတုတွေအများကြီးရှိတဲ့ခေါက်ဆွဲဆိုင်ရွှေနဂါးရုပ်ရှင်ရုံရှေ့က

7 ဒါကတော့ 83လမ်းက နာမည်ကျော် မင်းမင်းကျော်ကဖေး

၈ဒီဆိုင်လေးကို တော့ သွားဘူးသူတွေအမှတ်ရကြမယ်ထင်ပါတယ် 82-83ကြား 31လမ်း

9 ရွှေဝါ လမ်း80 32-33ကြား မှာပါ

10 ဒါကတော့ 31လမ်းက နာမည်ကျော် ကားပင်း သွားဘူးသူတိုင်းသိတယ်နော်
“မန္တလေး ရှေးရှေးက စားသောက်ဆိုင်”
“မလွမ်းစကောင်းလွမ်းစကောင်း”(ရှေးရှေးက မန်းလေး)ဆိုတဲ့နာမယ်နဲ့
မန်းလေးအကြောင်း ကို ရေးတဲ့အခါ မန်းလေးက စားသောက်ဆိုင်များအကြောင်းလဲ
ပါလာပါတယ်။
အဲဒီစားသောက်ဆိုင်လေးတွေအကြောင်းကို သီးသန့်ပြန်ရေးပေးပါလို့
သူကြီးက ပြောလာတဲ့အတွက် “တ တမ်းတမ်း တ တတ လွမ်းတသသ မန်းလေး”ဆိုတဲ့
နာမယ်နဲ့သူကြီးအတွက်ရေးပေးခဲ့ပါတယ်။
အဲဒီတုံးကတော့ လက်လှမ်းမီသလောက်ဓါတ်ပုံလေးတွေရိုက်တင်ပေးခဲ့ပါတယ်။
အခုတော့ အဲဒီဓါတ်ပုံတွေကို သူကြီးခွင့်ပြုချက်နဲ့ အဝေးရောက်မန်းလေးသားများ
သွားခဲ့စားခဲ့ ကဲခဲ့တဲ့နေရာလေးကို ပြန်တင်ပေးလိုက်ပါတယ်။
အမှတ်ရနိုင်ပါစေ………….
ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့
(2-1-12)
Related posts:


မန်းလေးက စားသောက်ဆိုင်တွေ..
အပြင်အဆင်..ရုပ်ထွက် တော်တော်ဆိုးနေတယ်လို့ မြင်မိသဗျ
ရန်ကုန်က နာမည်ကျော်စားသောက်ဆိုင်တွေကို
မီဖို့ များကြီးလိုသေးတယ်လို့ လဲ မြင်မိတယ်ဗျ
ခင်တဲ့
ပေါက်ကလေး
Was this answer helpful?
LikeDislikeကိုပေါက်ဖော်ကြီးရေ အပြင်အဆင်က မလန်းမပေမဲ့ လက်ရာကတော့ ရှယ်နော်။
ဆိုင်ကြီးတွေက service amount ပေးရတယ်ဗျ။ ၂၀၀၀၀သောင်းဖိုးစားရင် ၂၀၀၀ က အလကားပေးရတယ်။ နှမြောစရာကြီး
နံပါတ် ၈ ဆိုင်တော့မသိဘူးဗျ
လေးပေါက် နံပါတ် ၁၀ က ၃၁ လမ်း ၈၄-၈၃ ကြားကလား
အခုဂိမ်းဆိုင်ဖွင့်ထားတယ်နော်
ဘေးက မင်းကွန်းပိုင် အဆောက်အအုံလား ဟင်
လမ်း ၈၀ ၃၆ – ၃၇ ကြားက ဆိုင်ကလည်း လက်ရာကောင်းတယ် လေးပေါက်
Was this answer helpful?
LikeDislikeရှေးတုန်းကနေယနေ့ခေတ်အထိရပ်တည်လာနိုင်တာဂုဏ်ယူစရာပါ။ သူ့ရဲ့ဆိုင်အပြင်အဆင်မလှပပေမဲ့သူ့ရဲ့ လက်ရာကတော့အဆင့်မှီနေဆဲဆိုတာခေတ်အဆက်ဆက်သားစဉ်မြေးဆက်ရပ်တည်လာနိုင်ခဲ့တာသက်သေ ပါပဲ။ သင့်တင့်တဲ့ဈေးနှုန်းနဲ့အရသာကောင်းလိမ့်မယ်ဆိုတာမြင်ရုံနဲ့သိနိုင်ပါတယ်။ စိတ်ကူးရှိတိုင်းသွား စားနိုင် မှာပါ။ရန်ကုန်မှာကတော့ဆိုင် အပြင်အဆင်အတွက်ပေးရတဲ့ဈေးနှုန်း ကစားတဲ့မစားအစာတပွဲစာမကလို့ ဆိုင်တခါထိုင်မယ်ဆိုရင်တော်တော် စဉ်းစားရပါတယ်။
Was this answer helpful?
LikeDislikeဗိုက်ဆာတဲ့ အချိန်နဲ့ သွားတိုက်ဆိုင်တယ်ဗျာ။
ခေါက်ဆွဲကြော်ကို ဟိုတုန်းက ငှက်ပျောရွက်နဲ့ ထုတ်ပေးတာ
ပြန်သတိရတယ်ဗျာ။
Was this answer helpful?
LikeDislikeဒီဆိုင်လေးတွေရပ်တည်ချက်က အနည်းဆုံးနှစ်သုံးဆယ်ကျော်ပါပြီ။
အဆင်အပြင်လှတာ မလှတာထက် မန်းလေးသူ မန်းလေးသားတွေက
ဟိုး ငယ်ငယ် အဖေတွေလက်ထက်ကတည်းက
အခု ကိုယ်တိုင်သားသမီးတွေရတဲ့ခေတ်အထိ
အမြဲစားသောက်နေတဲ့ဆိုင်တွေမို့တင်ပေးတာပါ။
အမြင်တော့မလှပါဘူး။
ဒါပေမယ့်ရှေးနှစ်ပေါင်းများစွာက တည်းက အခုထိရှိနေခဲ့တဲ့ဆိုင်တွေမို့ တင်ပြပေးတာပါ။
အဲဒီပုံတွေထဲမှာ
(6) ကတော့ ဆိုင်ရှင်ပြောင်းသွားပါပြီ။အရင်ပိုင်ရှင်လက်ထက်မှာ အဲဒီထဲမှာဘုရားဆင်းတုတွေအများကြီးစုဆောင်းထားခဲ့ဘူးပါတယ်။
(8)ဆိုင်လေးကတော့ အခုမြို့သစ်မှာပြောင်းဖွင့်ပါတယ်။
ပိတ်ထားပေးမယ့် အမှတ်တရပါ။
ပေါက်ဖော် မန်းလေးလာရင် အဲဒီဆိုင်စုတ်စုတ်ကလေးက မုန့်ကောင်းကောင်းကို
လိုက်ကျွေးပါမယ်။
ပြောရရင် မနေ့ညကတောင် ဒေါ်စင်းယုံမှာ ၀က်သားသုတ်နဲ့ထမင်းဝင်စားခဲ့သေးတယ်။
တစ်ပွဲမှ 2000ကျပ် ထမင်းတစ်လုံးမှာ သုံးရာ။
အခုခေတ်ဈေးနဲ့ဆိုအတော်တန်ပါတယ်။
ဝက်သားသုတ်တစ်ပွဲက လူနှစ်ယောက်ကောင်းကောင်းစားလို့ရပါတယ်။
ဟုတ်ပါတယ် နံပါတ်10 က83-84 ကြားမှာပါ။
သူ့ဘေးမှာ အရင်က မောင်အေးရဲ့ ရွှေအိမ်စည်လက်ဖက်ရည်ဆိုင်ရှိပါတယ်။
Was this answer helpful?
LikeDislike36လမ်းဘက်မှာဆိုရင်တော့ 36လမ်း 80-81ကြား က စင်ချွမ်းယင်က ဟင်းချက်ကောင်းပါတယ်။
Was this answer helpful?
LikeDislikeနံပါတ်၈ ပုံထဲက ဆိုင် က အခုထိ ရှိသေးတယ် မို့ လား
ခေးမ လေး တွေ လှတပတလေးတွေ ဝတ်စားထားပြီး
ဘာလုပ်ကြမှန်း ကို မသိရပါဘူးဗျာ…
သိချင်စမ်းပါဘိ
Was this answer helpful?
LikeDislikeမောင်ပေ သိချင်ရင်တော့ မြို့သစ်သာလိုက်သွားပေတော့
Was this answer helpful?
LikeDislikeမြို့ သစ် က ဘယ်နား ကို လိုက်သွားရမှာလဲ ဗျ
မသိလို့ မှ မေးပါတယ် ဆို
မရှင်းမလင်း မဖြေနဲ့ နော်
Was this answer helpful?
LikeDislikeကိုယ့်မြို့ မဟုတ်တော့ မန္တလေးရောက်ရင် ကိန်ကြည် တစ်ဆိုင်ပဲသိလို့ အဲဒီတစ်ဆိုင်ပဲ စားဖူးတယ်။
မှတ်မှတ်ရရ မန္တလေးက အအိပ်ပုတ်တယ်။ (အမှန်အတိုင်း ပြောတာ မန္တလေးသူား များ စိတ်မဆိုးရ)
ရန်ကုန်မှာဆို မနက်စာကို ၅ နာရီလောက် စားချင်လည်းရတယ်။
မန္တလေးရောက်တော့ မနက်စောစော မုန့်စားပြီး ပြင်ဦးလွင်တက်ဖို့ကို မုန့်ဆိုင်တွေက မထွက်ကြသေးဘူး။
မန္တလေးမြို့က ၉ နာရီလောက်မှ စပြီး စည်ကားသလားလို့။
Was this answer helpful?
LikeDislikeဟုတ်ပါတယ် မမ ရယ် သူများတော့ မသိဘူး ကျမတော့ အိပ်ပုတ်ကြီးတယ်……
အိပ်နေလို့ကတော့ ဘယ်ဖုန်းလာလာ ပိတ်ပြီး ဆက်အိပ်တယ်… အိမ်ဖုန်းဆက်လည်း ပြန်ဆက်မယ် ပြောပြီး ဆက်အိပ်တယ်….. ဘယ်သူနိုးနိုး ဘယ်လိုနိုးနိုး မထလို့ ပုဂံသွားတဲ့နေ့ က အကြီးဆုံးဖြစ်ပြီး နောက်ဆုံးမှထလို့ နောက်ကျမှထွက်ရတယ်.. ဟီး…
Was this answer helpful?
LikeDislikeမန်းလေးသားက စိတ်မဆိုးပါဘူး။
မသိလို့ဒီလိုပြောတယ်လို့အောင့်မေ့ပါတယ်။
မန်းလေးမှာ ညအလင်းဆိုင်တွေရှိသလို မနက်စောစော ရတဲ့ဆိုင်လဲရှိပါ့။
နောက်တစ်ခါလာရင်ပြော လိုက်ပို့ပေးမနော………………
Was this answer helpful?
LikeDislikeမန်းဒလေးအကြောင်းကို မားတက်တင်း ဆင်းနေသလား မှတ်ရ ….
လေးပေါက် ….ဂီ့ အတွက် ကျနော်ကျနော်နဲ့ ပြောတတ်တဲ့ တီလုပ်ကပြားမလေး တီယောက်
ရှာပေးဘာလားဟင်င်င်. …မန်းဒလေးသား ဖစ်ချင်လို့..
ဟီး…
Was this answer helpful?
LikeDislikeဒီကနေ ပုံတွေက မြင်ရဘူးးး
မန်းးလေးးလာမှ ကိုပေါက်ဆီမှာပဲ
ပုံတွေ လာငေးတော့မယ်ဗျာ…
Was this answer helpful?
LikeDislikeမန်းဒလေားသား အတုဖြစ်ချင်ရင် တနဲ့ သ ကို ကွဲအောင်မပြောနိုင်တဲ့သူကိုရှာပေးမယ်။
မစစ် တစစ်ဆိုရင်လဲ ဖြစ်တယ်။
မန်းလေးသားအစစ်ဖြစ်ချင်ရင်တော့ ခပ်မဲမဲဘဲရမယ်။
Was this answer helpful?
LikeDislikeမန်းလေးရောက်ရင်ပြောပါ လိုက်ပို့ပေးပါမယ်နော်
Was this answer helpful?
LikeDislikeကိုပေါက်ကျနော် တကယ်လာမှာနော်…မန်းးလေးးရောက်ရင်
ပုန်းးးးမနေရဘူးးးးနော်…မန်းးလေးးးရောက်ရင်ပြောမယ်ဗျ..
ဆြာပေဆီမှာလည်းးဆိုင်ကယ်နဲ့ ကျောက်စိမ်းးလဲလာဦးးမယ်..
Was this answer helpful?
LikeDislikeမပုန်းပါဘူးဗျာ ကိုပေါက်ကကျောက်သမား မောင်ပေကိုခေါ်ပြီး နန်းမတော် မယ်ပုနဲ့ပါတွေ့ပေးပါမယ်။
ပုန်း………ပေါက်………….ပေ…………ပု…………ပါ။
Was this answer helpful?
LikeDislikeရန်ကုန်ပါရောက်နေပြီဖြစ်တဲ့မန်းမြို့တော်ပေါက်စီဆိုင်ကျန်သွားပြီနော်ကိုပေါက်
သူလည်းဆိုင်သက်တမ်းရင့်လှပြီ သူ့ဘေးကစိန်လှအောင်ဆီချက်လည်းကျန်သေးနော်
Was this answer helpful?
LikeDislikeမန်းမြို့တော်တုန်းက အဟောင်းကိုဓါတ်ပုံရိုက်မထားလိုက်ရတော့ မတင်လိုက်ရဘူး အီးကယ်ဂျန်ရဲ့။
Was this answer helpful?
LikeDislikeနံပါတ် ၅ ဆိုင်က ၀က်သားသုတ်နဲ့ထမင်းပေါင်း စားချင်တယ်လေးလေးပေါက်
တကယ်ကောင်းလားဟင်
ပြီးခဲ့တဲ့အခေါက်က သူငယ်ချင်းလိုက်ပို့လို့
ရတနာပုံညဈေးတန်းကို ရောက်ဖူးတယ် စားချင်တာစား အကုန်ရတယ်
လမ်းဘေးဆိုင်တွေဆိုပေမယ့် ညဘက်က ဖုန်ထူတာလည်းမမြင်ရဘူး စားလို့ပိုကောင်းတယ်
Was this answer helpful?
LikeDislikeဈေးသက်သာပြီး တကယ်ကောင်း
ထမင်းပေါင်းများစားမိရင်လျှာလည်
ဝက်သားသုတ်များစားမိရင်လည်း အကုန်မေ့
…………………………….
Was this answer helpful?
LikeDislikeလေးပေါက်တို့ခေတ်တုန်းက ပေါ်ပြူလာဖြစ်တဲ့ ဆိုင်တွေပေါ့နော် … ။
မန္တလေးကိုတော့ တခါမှ မရောက်ဖူးဘူး .. ဟီး … ။
Was this answer helpful?
LikeDislikeလာခဲ့ပျားရည်ဆမ်း ထညက်ရည်ဆမ်း
Was this answer helpful?
LikeDislike၀င်းလိုက်နားက ညပိုင်ထွက်တဲ့ ထမင်းပေါင်းကလဲ အရင်တည်းက ရှိတာမလား ကိုပေါက်…
Was this answer helpful?
LikeDislikeမန္တလေးမှာသာကျောင်းတက်ခဲ့တယ်ပြောတာ အဲဒိလိုကြီးကြီးကျယ်ကျယ်ဆိုင်တွေ မရောက်ဖြစ်တာတော့ အမှန်ပဲ…။ မင်းမင်းကျော်ကတော့ လ္ဘက်ရည်ဆိုင်ဆိုလို့ ရောက်ဖူးတယ်…။ မုတ်ဆိတ်ကလည်းနာမယ်ကြီးတာပဲနော် မရှိတော့ဘူးလား…။ နောက်ကျောင်းနဲ့နီးတဲ့ (အဲဒိတုန်းက ရတနာ ဘုမ္မိမှာဆိုတော့) ပန်းသ္ခင် လ္ဘက်ရည်ဆိုင် ရောက်တယ်…။ ညပိုင်းဆို 35 လမ်း သံလမ်းဘေးက ညဇီးကွက် (ညအလင်းဖွင့်တဲ့ ဆိုင်) ညတိုင်းသွားထိုင်ဖူးတယ်…။ နောက်ပိုင်း ရတနာပုံရေကူးကန်မှာ သူငယ်ချင်းက မန်နေဂျာဖြစ်နေလို့ အလကားသွားထိုင်ဖူးတယ်…။
Was this answer helpful?
LikeDislikeမန္တလေးမှာ တော်တော်ကြာအောင်နေဘူးတာတောင် ဒီဆိုင်တွေ အကုန်မသိဘူး။
နောင်တချိန်အလုပ်သွားလုပ်ဖြစ်ရင်တော့ အကုန်ရောက်အောင်သွားဦးမယ် ကိုပေါက်ရေ။
Was this answer helpful?
LikeDislikeဟုတ်ပါ့
ဝင်းလိုက်နားအညအလင်းဖွင့်တဲ့ထမင်းပေါင်းဆိုင်က အခုလဲဖွင့်ပါသေးတယ်။
ဒါပေမယ့် အခု ညဆယ်နာရီလောက်ထိဘဲဖွင့်တယ်။
မုတ်ဆိတ်ကတော့ ဆရာဦးစောအောင်ကျုရှင်အဖြစ်ပြောင်းသွားပါပြီ။
ကိုနေတို့ခေတ်က ဖွင့်တဲ့ ပွဲထိုင်လဲ မရှိတော့။
ပန်းသခင်ကတော့ ပန်းပန်လျက်ပါဘဲ။
35လမ်းဘေးကဆိုင်ကတော့ ကျွဲနို့ကောင်းပါ၏ ဆိုင်နာမယ် ရှိန်ကြီး
အပျိုကြီးဖျော်သော လက်ဖက်ရည် လူပျိုသိုးကြီးများ ၀ိုင်းဝိုင်းလည်ပါ၏။
ကိုနေကတော့ အဲဒီအပျိုကြီးကို သတိရမည်ထင်ပါ၏။
Was this answer helpful?
LikeDislikeကိုပေါက်ရေ ဆိုင်ပုံတွေချည်းဘဲလား။ အစားအသောက် ပုံ လေးတွေများလဲ တင်ပေးပါဦး။ သွားရည်ကျချင်လို့။
Was this answer helpful?
LikeDislikeကျွန်တော်ကတော့မန်းတလေးရောက်ရင် မန်းတလေးထမင်းပေါင်း ဗထူးကွင်းနားက မြီးရှည် ကိုစားဖြစ်အောင်စားတယ် ရန်ကုန်မှာ မရဘူးလေ
Was this answer helpful?
LikeDislikeမိုးကုတ်ဒေါ်ရှန်ဆိုတာ ရန်ကုန်ဝင်္ကဘာလမ်းမှာဖွင့်ထားတာတွေ့မိပါတယ်။
မစားဖူးသေးပါ၊
မန်းလေးသားကိုပေါက်က မန်းလေးစာ အမြည်းပေးချင်ရင် အဲဒီမှာခေါ်ကျွေးလို့ရပါကြောင်း ချွန်တွန်းလုပ်လိုက်ပါသည်။
Was this answer helpful?
LikeDislikeအကျင့်ပျက်တွေ ဖျောက်စေချင် ဆိုပြီး တင်ထားသေးတယ်လေးပေါက်ရေ လေးပေါက်ကောင်းမှုကြောင့်ပေါ့
Was this answer helpful?
LikeDislikeဆီချက်ခေါက်ဆွဲ၊ ဘဲပေါင်းခေါက်ဆွဲ၊ ကြေးအိုးပြုတ်၊ ကြေးအိုးဆီချက်၊ ခေါက်ဆွဲကြော်၊ ဘဲကင်၊ ဘဲသားသုတ်၊ ဘဲသွေးသုတ်၊ ဝက်ခေါက်ကင်၊ ဝက်ကလီစာအစုံသုပ်၊ အူမကြီးသုတ်၊ ဝက်ခြေထောက်စွတ်ပြုတ်၊ ဝက်သားပေါင်း…………. တော်ဘီကွာ ကြက်ဥကျော်နဲ့ ငါးသေတ္တာ စားပြီး အိပ်တော့မယ်….
Was this answer helpful?
LikeDislikeကျွန်တော်ကတော့မန္တလေးကိုရောက်ရင်ဗိုလ်အောင်ဒင်ဆိုင်လေးဘဲအရင်ပြေးမြင်မိတယ်။:D
Was this answer helpful?
LikeDislikeဒီတစ်ခါရောက်ရင် ဆက်သွယ်လိုက်ပါ ကျနော့် ဖုန်းနံပါတ်က အိတုန် အလှူထဲမှာ ပါတယ်
Was this answer helpful?
LikeDislikeလေးပေါက် မန္တလေးပြန်ရောက်သွားပြီလား
လာမယ်လေးပေါက် စောင့်နေ မိုးစက်ကအိမ်ရှင်တာဝန်မကျေပေမယ့်
လေးပေါက်ကတော့ကျေရမှာနော် ဖုန်းနံပါတ်ရပြီးပြီ ဘယ်ပြေးမလဲ
Was this answer helpful?
LikeDislikeမိုးစက်ရေ
လေးပေါက်က မပြေးပါဘူးကွယ်။
လမ်းဘဲံလျှောက်တာပါ။
မှီိအောင်လမ်းလျှောက်ရင် ကျွေးမယ်။
လေးပေါက်ဘယ်လိုလမ်းလျှောက်တယ်ဆိုတာကို ဘလက်ချောကိုမေ့းကြည့်လိုက်တော့။
အလကားစတာ မန်းလေးရောက်ရင် ဖုန်းဆက်လိုက်ပါ
Was this answer helpful?
LikeDislike