အရေမရ အဖတ်မရပေါက်ကွဲမှု .. knowledge !!
|807- Hits|သြော်… မနေ့ကရုံးဆင်းတော့ လိုင်းကားပေါ်မှာအားနေတော့ အရေမရ အဖတ်မရတွေ တွေးလာတာ…. ဘာမှဟုတ်ဘူး အားလုံးသိပီးသားပဲ အဲ့ဒါကိုလျှာရှည်အကျယ်ချဲ့ ပီးတွေးနေတာ။ ဒီလောက်ရန်ကုန်တစ်မြို့ လုံး “ဝုန်း” ခနဲ တုန်ဟီးပီးတော့ အဆောက်အဦးတွေငလျှင်လှုပ်သလိုခါရမ်းသွားတာ ဘာ့ကြောင့်များပါလိမ့် …. ဘာကြီးကြောင့် အနီးအနားက လူတွေကော အိမ်တွေပါ တစ်စစီဖြစ်သွားရတာပါလိမ့် … ဘယ်အရာက မြေကြီးထဲကို အနက်၁၅ပေ၊ အကျယ် ပေ၃၀လောက်နစ်ဝင်သွားတာပါလိမ့်….
နှစ်မြို့ နယ်ကျော်ကျော် လောက်ကမြင်ရတဲ့ မှိုပွင့်ပုံမီးခိုးလုံးကြီးက ဘာတွေကြောင့်ပါလိမ့် …. ဒီကန်မီကယ်တွေ၊ ပရဆေးတွေ ဆိုတာအဲ့ဒီလောက် ဆိုသလား …. အဲ့ဒါဆိုလက်နက်တွေဈေးကြီးပေးဝယ်မနေတော့ဘဲ အဲ့ဒီဟာတွေနဲ့ဖန်တီးလို့ရနိုင်တာပဲနော့်။ ![]()
ဘယ်အရာက အဲ့ဒီလောက်ဆိုးဝါးသွားစေတာလဲ …. အလဂါးအရေမရ အဖတ်မရဒွေတွေးနေပြန်ပါဘီ။ တော်ပီ ဆက်တွေးရင် ငြိကုန်တော့မယ်… တခြားဟာပဲတွေးတော့မယ်။
၁၉၉၀ ခုနှစ်မှာ မေတ္တာညွန့်ရပ်ကွက်မီးလောင်တော့ ကျနော်တို့အိမ်လေးပါသွားရော.. ထမင်းထုပ်လေး ရထားလမ်းဘေးနား ထိုင်စားခဲ့ရတာရယ်.. ဘုန်းကြီးကျောင်းမှာနေခဲ့ရတာရယ်…. မြို့ ထဲနားကနေ ဟိုးးးးးးးးးးးးးးး ဒဂုံမြို့ သစ်မြောက်ပိုင်း အခုဒဂုံတက္ကသိုလ်ကျောင်းနားရောက်သွားတာရယ်… သတိရပီး ပြန်တွေးနေမိတယ်။ ပီးတော့ ၂၀၀၆ ခုနှစ်တုန်းက သူငယ်ချင်းနေတဲ့လှိုင်မြို့နယ် မီးလောင်တုန်းကလဲ သူငယ်ချင်းအိမ်လေးပါသွားတယ်။ သူတို့လဲထမင်းထုပ်နဲ့ အဝတ်အစားတချို့ အကူအညီတွေရပီး လှိုင်တက္ကသိုလ်နယ်မြေကနေ ဟိုးးးးးးးးးးးးးးးးး ဝါးတစ်ရာ (လှော်ကားနားလားမသိဘူး) အဲ့ဒီမှာနေရာချထားပေးခြင်း ခံရတယ်။ ဦးကျော်သူတို့အဖွဲ့ 
လာလုပ်ပေးတဲ့ ရေတုံကင်အသစ်တွေကလွဲပီး… ထူးထူးခြားဘာမှရဝူး။ ဟော.. အခုလူတွေများရလိုက်တဲ့အလှူငွေ…
ဘယ်ကုမ္မဏီက သိန်းဘယ်နှစ်ဆယ်.. … ဘယ်အဖွဲ့ အစည်းကသိန်းဘယ်နှစ်ရာ… ဘာဖြစ်ဖြစ်ဘာမှထွက်မလာတဲ့ ဦးဘိုင်ကဘယ်လောက် (ဒီကုလားဘယ်လောက်တောင်ချမ်းသာလဲမတိဝူး) ဘာဝံကြီး ညာဝံကြီးတွေက လာကြည့်ပီး လှူသွားကြတာများ အားရစရာ… သမ္မတကြီးတောင်လာရောက်ကြည့်ရှု အားပေးသွားတယ်ဆိုတော့ မီးလောင်ခံခဲ့ရတာချင်း အတူတူများ ဒီလူတွေရတဲ့ နှုတ်ပိတ်ခ အဲ့မှားလို့ ထောက်ပံ့ကြေးတွေက ဘာလို့ပိုများနေတာပါလိမ့်…. ပီးတော့သူတို့လောင်သွားတဲ့ နေရာမှာပဲ အိမ်အသစ်လေးဒွေပြန်ဆောက်ပေးအုံးမှာတဲ့ … သြော်.. ကုသိုလ်ကံ ကလဲ အဲ့လောက်ကွာရလား သူငယ်ချင်းရယ်… ဆိုပီး လှိုင်ကနေ ဝါးတစ်ရာကိုရောက်သွားတဲ့ ယူနီတူတူတက်ခဲ့ရတဲ့ သူငယ်ချင်းကို သတိတွေရနေပါတော့တယ် ………………………
ထားပါတော့လေ … ဆင်းရမယ့်မှတ်တိုင်နားရောက်နေပီဆိုတော့ အရေမရ အဖတ်မရတွေ
တွေးမနေတော့ပါဘူး.. တော်ကြာမှတ်တိုင်ကျော်သွားမှဖြင့်ဆိုပီး အပေါက်ဝနားတိုးထွက်လိုက်တော့ …. ဆောင်းတွင်းကြီးအချိန်မတော်ရွာနေတဲ့မိုးက နဲနဲကနေ သဲသဲဖြစ်နေပီ မိုးတွင်းမဟုတ်ရင် ထီးသယ်တတ်တဲ့အကျင့်မရှိတာကြောင့် ရုံးကနေထီးငှားပေးတဲ့ရှိလို့သာပေါ့ မဟုတ်လို့ ဆံပင်တွေမိုးရေတွေစိုကုန်ရင်ဖိုးရိုးဖားရား(စလုံးပေါင်းရွီး) နဲ့ ရုပ်ပျက်တယ် ရှက်စရာကြီး။ ကျနော်ကတော့ အဲ့လိုရုပ်အပျက်မခံနိုင်ပါဘူး ထီမပါလဲ လုံချည်ကိုခေါင်းပါလုံအောင် ဆွဲခြုံပစ်လိုက်မှာ နောက်ပြဿနာနောက်မှရှင်း အခုလောလောဆယ်တော့ ရုပ်အပျက်မခံနိုင်ပေါင်။ ![]()
အဲ့လိုနဲ့ တာမွေအဝိုင်း မှတ်တိုင်ရောက်တော့ကားပေါ်ကတိုးဆင်းပီး ငှားလာတဲ့ထီးကလေးဖွင့် ကိုယ့်အိမ်ဖက်ပြန်ပီးလမ်းလျှောက်ရတာပေါ့။ အဲ့ဒီမှာ ကျနော်တို့အိမ်အပေါ်ထပ်က လူကြီးတစ်ယောက် ရွှေညောင်ပင်ဒံပေါက်ဆိုင်ထဲကထွက်လာတာ တွေ့ တော့ ရှေ့ဆင့်နောက်ဆင့်လမ်းလျှောက်လာတာမို့ “ဟာ.. ဦးလေးတို့များမြင့်တယ်ကွာ.. ဒံပေါက်ပဲစားတော့တယ်ဟုတ်လား ..” လို့လှမ်းပီးနောက်လိုက်ပါတယ်။ ဦးလေးကြီးကလဲ “မဟုတ်ပါဘူးဟာ… ပဲဟင်းဝယ်စားတာပါဟ” တဲ့ ကျနော်က မိုးရွာနေတော့ခပ်သုတ်သုတ်လျှောက်ရင်း သူ့ကိုကျော်တက်ပီး ပြန်အော်လိုက်သေးတယ် “အထင်ကြီးတာစောသွားတယ် ဦးလေးရေ…..” လို့ပြောပြောနဲ့ငါးလှမ်း ခြောက်လှမ်းလောက်ကျော်သွားတော့ “ဖုန်း” ခနဲမြည်ပီး လင်းသွားတာနဲ့ လန့်ပီးငုတ်တုတ်လေးဝပ်လိုက်သေးတယ် ဗုံးပေါက်တယ်အောက်မေ့လို့ ပီးမှဘေးဘီဝဲယာလှည့်ကြည့်လိုက်တော့မှ ဟာ!! သွားပီးးးး ဘာဖြစ်သွားတာလဲမသိဘူး ဦးလေးကြီးက ကိုယ်တစ်ချမ်းမီးတောက်နေပီ အနီးအနားမှာလဲ လူကမရှိ ဘာလုပ်လို့လုပ်ရမှန်းမသိတာနဲ့ မိုးရွာထဲထီးဆောင်းထားတာဆိုတော့ ထီးကိုပိတ်လိုက်ပီး မီးဆွဲနေတဲ့ဦးလေးကြီးလုံချည်နဲ့ အင်္ကျီ ကိုရိုက်ပွတ်ပီးမီဲးငြိမ်းပေးလိုက်တယ် ပါးစပ်ကလဲ လာကြပါအုံးဘာညာ အော်လိုက်မိတယ်ထင်တာပဲ လူတွေအနားရောက်လာပီးကူပေးကြတယ်။ ဦးလေးကြီးရဲ့ ဘယ်ဘက်လက်ကတော့ တော်တော်လောင်ကျွမ်းသွားတယ် ကြောက်စရာတောင်ကောင်းတယ်။ အခြေအနေနဲနဲငြိမ်သွားတော့ ငြိမ်တယ်ဆိုတာ ကျနော်ရင်တုန်သွားတာ ငြိမ်သွားတာကိုပြောတာ ဦးလေးကြီးကတော့ အော်ပီးထွန့်ထွန့်လူးနေတယ် အဲ့ဒါနဲ့ အနားနီးနေတဲ့ ရွှေညောင်ပင်ဆေးခန်းထဲပို့လိုက်တယ် ဆရာမလေးတွေဆေးထဲ့ဖို့ဂရုစိုက်နေတာတွေ့ တော့ ခဏစောင့်နေ အခုအိမ်ကလူတွေခေါ်လာမယ် အခုပြန်လာမယ် လို့ပြောပီး ကားလမ်းကူးလိုက်ရင် ရောက်တော့မယ့် အိမ်ကိုမိုးရွာထဲအပြေးသွား အကြောင်းကြားပေးလိုက်တော့ သူ့ အိမ်ကလူတွေ ချက်ချင်းလိုက်သွားကြလေရဲ့ …. ၆း၃၀ လောက်ကဖြစ်တာ ၈း၀၀ လောက်သူတို့ပြန်လာတာစောင့်ပီး မေးကြည့်တော့မှ အကြောင်းအရင်းကိုသေချာသိရတော့တယ်။ ကဲ !! ပရိသတ်ကဒီနေရာကစပီးမှတ် ဟိုးးးး အပေါ်ကပြောခဲ့တဲ့ အရေမရ အဖတ်မရတွေ မှတ်မထားနဲ့နော်။ သူကဟင်းချက်တဲ့ မီနီဂက်စ်ဗူးလေး ၃လုံး ဂက်စ်ဖြည့်ပီး ပဲဟင်းပူပူဝယ်လာတယ်။ မိုးကရွာနေတော့ အဲ့ဒီဂက်စ်ဖြည့်ခဲ့တဲ့ ဗူးသုံးလုံးရယ် ပဲဟင်းပူပူရယ်ကို ဘယ်လက်မှာပေါင်းပီး ကိုင်လာတယ်။ ညာဖက်လက်ကထီးဆောင်းထားတယ် အဲ့ဒီပေါင်းကိုင်ထားတဲ့ ဘယ်ဘက်လက်ကနေကြာပီးပူလာတော့ ထပေါက်ရော… ဘယ်ဘက်တစ်ချမ်းက တော်တော်လောင်ကျွမ်းကုန်တယ်။ လက်ညှိုးဆိုအရိုးတောင် ကြေသွားတယ်လို့ ဆရာဝန်ကပြောတယ်တဲ့။
ပေါင်တွေလဲလောင်ပီးတော်တော်ထိသွားတယ် ပြန်လာတော့ ပတ်တီးလေးအဖွေးသားနဲ့ပေါ့……………
![]()
ကဲ!! ကျနော်လဲ ဆေးဖတီးကိုစ့် ကိုဘယ်နားသွားသင်ရင်ကောင်းမလဲဗျာ …………………… ????
Related posts:
- To Have immensity of knowledge အကြားအမြင်များခြင်း
- မိန်းမတို့၏ ညို့ချက် (8)ချက်
- ( Learning to knowledge with blogging) ( ဘလော့ဂ်ရေးခြင်းနှင့် အသိပညာလေ့လာမှုဆီသို့ )
- Super Speed USB 3.0 နှင့် USB 2.0 ခြားနားချက်များ from Knowledge by အေကေတီ
- “Who want to get M&E knowledge and autocad standard code Pls share this mail and try to study below links”


ဖြစ်မှ ဖြစ်ရလေ အဲဒီ လူကြီးကလည်း ဒါလေးတောင် မသိဘူးလားလို့ပဲ မေးလိုက်ချင်ပါတော့တယ်။
အရင်ခေတ်က မီးဘေးသင့်တဲ့ လူတွေကိုတော့ သိပ်မသိလှဘူး.. တလောက သင်္ကန်းကျွှန်း က မီးတုန်းက အသိတယောက်ရဲ့ အမျိုးအိမ်ပါသွားတယ်။ သူတို့ ကယ်ဆယ်ရေးပြီးတော့ တစ်အိမ်ထောင်ကို ဆန်ဆီ နဲ့ ပိုက်ဆံ ဘယ်လောက် ဆိုပြီး ပေးတာမျိုးတွေကြားမိတယ်။
ခေတ်အချိန်အခါက လူတွေ အတွက် ကံသိပ်မဆိုးတော့စေသလား တွေးမိပါတယ်။
ဘာပဲ ဖြစ်ဖြစ် နေရင်း အရပ်မှာ ၁၀ပေ ပတ်လည် လောက် မြေကြီး ပြန်ရလည်း မဆိုးဘူး ပြောရမှာပဲလေ..
အဲဒီ နေရာမှာတော့ သန်ခေါင်းစာရင်းနဲ့ ခွဲပေးတယ် ဆိုတော့ အိမ်ငှားတွေလည်း သန်းခေါင်စာရင်း လုပ်ထားရင် အိုကေ စိုပြေသွားတဲ့ သဘောမျိုးပဲ။
Was this answer helpful?
LikeDislikeအံ့ဖွယ်ပါပဲ..။
ချာချာက.. ပါဝင်ပါတ်သက်နေလို့သာယုံရတယ်..။
အခုအတိုင်းဆို.. လူသေစေတဲ့ဗုံးလုပ်လို့ရနေသလိုဖြစ်နေပြီလေ..။
ပဲဟင်းအပူချိန်က..နေ့လည် နေပြင်းပြင်းလောက်.. ဘယ်ရှိပါ့မလည်း..။
သဘောက.. အဲဒီဗူးတွေ..ဂက်စ်ဖြည့်ပြီး.. နေပူတနေရာရာထောင်ထားရင်.. ထပေါက်မီးလောင်မဲ့သဘောပဲ..။
အကြမ်းဖက်သမားတွေအတွက်.. လက်နက်ကြီးဖြစ်လို့နေပါပြီ..။
အံ့ဖွယ်သုတ…။
Was this answer helpful?
LikeDislike“သဘောက.. အဲဒီဗူးတွေ..ဂက်စ်ဖြည့်ပြီး.. နေပူတနေရာရာထောင်ထားရင်.. ထပေါက်မီးလောင်မဲ့သဘောပဲ..။”
မှန်ပါတယ်သဂျီးခင်ဗျာ၊ အဲဒီလိုဂက်စ် ဗူးတွေကိုရန်ကုန်ကနေဂက်စ် ထည့်သယ်လာပြီး ဆိပ်ကမ်းမှာပုံထားပါတယ်၊ပီနံအိတ်နဲ့ထုပ်ထားတာပါ၊ ဆိပ်ကမ်းလုပ်သားတွေက ကုန်တွေကိုတစ်သုတ်ပြီးတသုတ်လိုက်ပို့ပါတယ်၊ဂက်စ်ဗူးတွေထည့်ထားတဲ့အိတ်ကို နေမြင့်လာတဲ့ အထိ မပို့ဖြစ်သေးပဲ နေပူထဲမှာထားရာက ထပေါက်ပါတယ်၊ အဲဒီအိတ်ကို ရေ ထဲ ဆွဲချလိုက်ရတာကို ကိုယ်တိုင်ကိုယ်ကျမြင်ခဲ့ဖူးကြောင်းပါခင်ဗျာ။
Was this answer helpful?
LikeDislikeပြောလည်းပြောချင်စရာ ကျနော်သေချာမေးကြည့်တော့လဲ သူကိုင်လာတာ အဲ့ဒီဂက်စ်ဗူးသုံးဗူးနဲ့

ပဲဟင်းထုတ်ပဲ ဖြစ်ဖြစ်ချင်းတော့ ဘေးနားဘာတွေရှိလဲ ဘယ်ဟာကဘယ်လိုထဖြစ်လဲ သတိမထားလိုက်မိဘူး။ ပီးမှပဲပြန်မေးရတာ အကြောင်းအရင်းက ဒါပဲရှိတယ်သဂျီးမင်းရယ် ….
သူကိုင်လာတာ ယူအက်စ်က ဗူးမဟုတ်ဘူးနော် မြန်မာက သံချေးကိုက်တိုက်တိုက်ဗူးလေးတွေပါ။
Was this answer helpful?
LikeDislikeပဲဟင်းပူပူကြောင့်တော့ မဖြစ်နိုင်ပါဘူး….တခြားတစ်စုံတစ်ခုသောအကြောင်းအရာကြောင့်ဖြစ်ပါလိမ့်မယ်။
၁၀ပိဿာအိုး ဂက်စ်ပုံးတွေတောင်မှ ခေါင်းကိုသေချာပိတ်ထားရင် ၁၅ မိနစ်လောက်အထိမီးလောင်ခံနိုင်ပါတယ်။
မီးလောင်ခံရတဲ့အိမ်တစ်ချို့မှာ မီးငြိမ်းသွားပြီးနောက်ပိုင်း မဲတူးနေသောမပေါက်သေးတဲ့ဂက်စ်ပုံးတွေကို
မကြာခဏဆိုကလိုတွေ့ရတက်ပါတယ်။
Was this answer helpful?
LikeDislikeတိုင်းရင်းဆေး ကုန်ကြမ်း ကို စမ်းပြီး တခုစီ သယ်လာပြီး ဗုံးထောင်လို့ ရနိုင်တယ်ပေါ့နော်..
ထုံးက ရေနဲ့ ထိရင် မီးထ တောက်တယ် ဆိုလား.. ပြောတာပဲ..
လုံခြုံ စိတ်ချရေးတွေ အတွက် ကိုတော့ ကျောင်းတွေက တဆင့် ကလေးတွေ ကြက်တူရွှေးကျက် မှာ သင်ပေးရင်တော့ နည်းနည်း ပိုစိတ်ချရမယ် ထင်တယ်။
Was this answer helpful?
LikeDislikeသတိထားစရာဘဲ ..
တွေးကြည့်ရင် မဖြစ်နိုင်ဘူး ထင်ရလောက်တဲ့ ဂတ်စ်ဘူးနဲ့ ပဲဟင်းပူကနေ မီးထတောက်တယ်ဆိုတာ …
Was this answer helpful?
LikeDislikeအင်း ချာလေးရေ
ဒါမျိုးတွေ လည်း ဖြစ်တတ်ပါကလား
အသွားတော်ရဲ့ သားနဲ့ 
နှစ်လှမ်းမှားသွားတယ် လို့ ဘဲ မှတ်လိုက်ပါတယ်ကွယ်
Was this answer helpful?
LikeDislikeကြံကြံဖန်ဖန် ဂက်ဗူးနဲ့ ပဲဟင်းပူ တွေ့ပြီး ဖြစ်မှ ဖြစ်ရလေကွယ်။ တော်သေးတာပေါ့ char too lan တယောက် ဘေးချင်းကပ်သာ လျှေက်လာလို့ကတော့ မီးသင့်ခံရနိုင်တယ်။
Was this answer helpful?
LikeDislikeအရင်က အိမ်မှာ အဲ့လို ဂက်စ်ဘူးလေး တွေ သုံးဖူးတယ်… ..ချက်ရင်း မီးထတောက်တာကို ကိုယ်တိုင်ရော အဒေါ်ပါ ကြုံဖူးတယ် အဲ့နောက် တော့ လုံးဝမသုံးတော့ဖူး …..ကြောက်လို့
သေချာတာတော့ အဲ့လိုဘူးသေးတွေက ယိုတတ်စိမ့်တတ်တယ်…….
အခုဂက်စ် အိုးကြီး သုံးတယ် သေချာမေးပြီး safe ဖြစ်အောင် ဘယ်လို ထား ဘယ်လိုသုံး ဆောင်ရန် ရှောင်ရင် အလေးထားပြီး ဂရုစိုက်သုံးတယ် …. ဒါပေမဲ့ ဒါမျိုးတွေ ကြားတော့ စိတ်တောင် နည်းနည်းပူတယ်……
ဒါမျိုးမဖြစ်အောင် နောက်ဆို အဲ့လို ဘူးသေးလေးတွေကို သေချာစစ်ကြည့်သင့်တယ်ထင်တာပဲ…ပေါ့ပေါ့ထားလို့ မရတော့ဘူး မတော် ဆီဆိုင်ရှေ့ဆို ပြီးကြပါလေရော…….. မတွေးဝံ့စရာ…..
Was this answer helpful?
LikeDislikeဒါတကယ့်အဖြစ်မှန်ပါ…….
ပဲဟင်းထုပ်ကြောင်.ဂတ်(စ)ဘူးပေါက်တာမဖြစ်နိုင်ဘူးထင်ရပေမယ်.တကယ်ဖြစ်သွားတာ
သူ.အမှားလဲမဟုတ်ဘူး……..ဘာကဘယ်လိုဖြစ်မှန်းကိုမသိတာ…ကံမကောင်းဘူးလို့ပဲပြောရမှာပေါ့…
ကိုချာတူးလန်ရဲ.ဦးလေးကဦးတွတ်(ဦးတင်.လွင်)လား
ဟုတ်ရင်ဖြေပေးပါဦးနော်…..
လက်ဆုံအဆစ်ပြုတ်သွားတယ်လို့တော့ပြောတာပဲ…..
reply me please
Was this answer helpful?
LikeDislikeကိုချာ မဟုတ်ပါဘူး
သိပ်စွာတဲ့ မချာမဟုတ်ပေမယ့်
သိပ်မာတဲ့ မချာပါ (စိတ်ဓာတ်မာကျောတာကိုပြောချင်းဖြစ်၏)
Was this answer helpful?
LikeDislikeဟုတ်တယ် မီမီစိကု
ကျနော်တို့ကတော့
ဦးတွတ်လို့ခေါ်တယ်
နာမည်ရင်းတော့မသိဘူး …………..
Was this answer helpful?
LikeDislikeချာချာရေ
စိုးရိမ်မိပါရဲ့
သတိနဲ့ သွား..သတိနဲ့ စား..သတိနဲ့ သာ လားပေတော့ ဟရို့ ..
ဒီခေတ်ကြီးထဲ ဘယ်ချောင်သွားနေရမှန်းတောင် မသိတော့ပါဘူး..
ဟင့်
Was this answer helpful?
LikeDislikeပဲဟင်းးက ဂက်နဲ့ထိပီးးးဖောင်းးခနဲ့ကွဲတော့
အရည်ရော အဖတ်ရော ရတော့ဘူးးပေါ့နော်…။
Was this answer helpful?
LikeDislikeအင်း.. ဒါဆိုရင်တော့ မီးခြစ်ဖို့တောင်မလိုပဲ လောင်ကျွမ်းမှုဖြစ်တာပဲ။ ဟိုအရင်က မီးခြစ်မပေါ်က အပင်တွေ ပွတ်တိုက်မှုကို ပြန်သတိရသွားမိတယ်။ ပွတ်တိုက်ပါများတော့ အပူရှိန်တက်ပြီး မီးလောင်တယ်ဆိုတာတော့ အတော်ကို ဂရုစိုက်ရမယ့်အနေအထားပဲနော်။ တစ်ချိန်က ကနောင်မင်းသားသာ ရှိနေခဲ့ရင်တော့ ဘယ်လိုတီထွင်ဖန်တီးမှုများ လုပ်နေမှာပါလိမ့်… (အရေမရ အဖတ်မရ စဉ်းစားမိပြန်တယ်)
Was this answer helpful?
LikeDislike63 မကျတဲ့ ပြီးသလွယ်လုပ်ထားတဲ့ ပစ်စည်းတွေ သုံးစွဲနေကြရသ၍တော့ ဒါမျိုးတွေ ဖြစ်နေဦးမှာပဲ…။
Was this answer helpful?
LikeDislikeနွေရာသီပူပြင်းချိန် ကားထဲမှာ ဂတ်စလိုက်တာ ထားတာမျိုး မီထလောင်တာမြင်ဘူးတယ် ကားထဲမှာဂတ်စလိုက်တာ မထားပါနဲ့
Was this answer helpful?
LikeDislikeချာချာ ကြုံရတဲ့ အဖြစ်ကလည်း
ထူးတွေတည့်….အံ့ရာသော်………
ပါလားနော်……ကြုံကြုံတတ်ပလေ….
ဒဏ်ရာရသွားတဲ့ ဦးလေးကြီးအတွက်တော့
ိစိတ်မကောင်းပါဘူး
ဖုန်း ကနဲ့ ထပေါက်တဲ့အချိန် သတိအနေအထားနဲ့
ချာချာ ၀ပ်ချလိုက်မယ့်မြင်ကွင်းကို
စိတ်ကူး ကင်မရာဘောင်းထဲကနေ မြင်ကြည့်တယ်
တော်တော်အသက်ဝင်တဲ့ ဇာတ်ဝင်ခန်းတစ်ခုပဲ
…..
တိုင်းရင်းဆေးက ဘုံး ထုတ်လို့ရဒယ် ဆိုရင်ဒေါ့
ဂဇက်က ကိုထက်ဝေးတို့ ကဘာကျော်ဦးမယ်
မြင်ယောင်သေး …..ဟေး ……ဟေး……
Was this answer helpful?
LikeDislikeဂတ်…စ….ဘူးမှာ…ထိုင်းနဲ.ချိုင်းနားရှိတယ်…..ဘယ်သင်းမှစိတ်မချရ၀ူး………..သံချေးကိုက်ပေါက်ပြဲ……ပေါက်ကွဲ………မချောင်ဘူး….
Was this answer helpful?
LikeDislikeဖြစ်နိုင်ပါတယ်။ ထပေါက်တယ်ဆိုတာ။ ဒီကဂတ်စဘူးတွေကသံဂျီးကိုက်ပြီးလုံမှမလုံတော့တာ။ အပူနဲ့ဆိုတော့ဖြစ်ပြီပေါ့။ နောင်ကိုဆင်ခြင်ရတာပေါ့။ အရင်ကတဲကကြောက်လို့မသုံးဘူး။ အခုတော့ပိုဆိုးပြီ။ လုံးဝမသုံးတော့ဘူး။
Was this answer helpful?
LikeDislikeဒီဂက်(စ်)ဗူးတွေက မြန်မာပြည်က လုပ်တာမဟုတ်လောက်ဘူး အတွေ့အကြုံရှိတဲ့ သူတွေက မီးခဏခဏပျက်တော့ အသုံးပြုရင်းနဲ့ ဆက်လက်သုံးစွဲနေကျတာထင်ပါတယ် ..ဒီဗူးတွေက တခါသုံးဗူးတွေပါ မြန်မာပြည်မှာ မီးခြစ်ထဲ ဂက်(စ်) ထည့်သလိုထည့်ပြီး သုံစွဲနေကျတာ အလွန် အန္တရာယ်များပါတယ်….လွှင့်ပစ် ရင်လဲ အလုံပိတ်သံဘူး မည်သည့်ဗူးမဆို ဖျတ်စီးပြီးမှလွှတ်ပစ်ကြပါ..အမိုက်တစ်စက ပြဿဒ်ကြီးတခုလုံး မီးလောင်တက်တယ်ဆိုတော့………..
ဒါနဲ့ ဟိုးးးးးးးးးးးးးးးးး တလောက အလိုလိုနေရင်းမီးထလောင်တဲ့အိမ် ဘာသတင်များကြာမိသေးလဲ….:(
Was this answer helpful?
LikeDislikeတွေးကြည့်ရင်
ပဲဟင်းကပူ
ဂက်စ်က ဆူ
မလုံတော့ပေါက်
ပဲဟင်းက ပူနေတယ်
မိုးကရွာနေတယ်
ပဲဟင်းထုပ်ပေါ် မိုးရေကျတော့ အပူငွေ့ထွက်မယ်
ဂက်စ်က ယိုစိမ့်နေတော့
အပူငွေ့တွေ့ပြီး
ပေါက်တာထင်တယ်
Was this answer helpful?
LikeDislikeအော်မှတ်သားဖွယ်ပါလားဗျာ။ဒါပေမယ့် သူ့ ဂက်စ်ဗူးမှာ ယိုစိမ့်မှုရှိနေလို့ များလား။
စဉ်းစားစရာပါလား ဟရို့ ။
Was this answer helpful?
LikeDislikeဂက်စ်ဗူးပေါက်တာ ဓာတ်ငွေ့ယိုစိမ့်နေလို့ ဖြစ်မယ်။ တညင်သားပြောသလို တခါသုံးတွေကို ထပ်ဖြည့်သုံးတာ ဆိုတော့လေ။ အမေရိကန်အစိုးရက ကြပ်ကြပ်မတ်မတ် လုပ်သင့်တယ် (ဘာလို့လည်းဆိုတော့ မြန်မာအစိုးမရက ဟုတ်တိပတ်တိမှ မလုပ်နိုင်တာကိုး
)
ပရဆေးကနေ ပေါက်ကွဲမှုဖြစ်တာတော့ စစ်တပ်က တိုင်းရင်းဖြစ်ဗုံးထွင်မလို့ ကြိုးစားနေလို့ သီးခံပေးပါကွယ်။ ကနောင်မင်းသားကြီး အောင်ပင်လယ်ကန်ထဲမှာ ရေမြှုပ်ဗုံးကို အဲဒီလို ခွဲခဲ့တယ်ဆိုလို့ စမ်းကြည့်မလို့ ပစ္စည်းတွေစုနေတုံး ဖြစ်သွားတာပါ။ အောင်မြင်သွားရင် ငွေကုန်ကြေးကျခံပြီး ညုကလီးယားဗုံး ထွင်ဖို့လိုတော့ဘူး။
Was this answer helpful?
LikeDislikeမျိုးဆက်သစ် တိုင်းရင်းဗုံး ဆိုပြီး လုပ်မလို့လား.. ဟိဟိ..
နောက်ဆို လူမသိ သူမသိ ဖုံးကွယ်ထားရတဲ့ နည်းပညာ လျို့ဝှက်ထားရတဲ့ နူးကလီးယား ဗုံးလောက်တော့ သနားတယ်ပေါ့..
အမေရိကန် နဲ့ နူးဗုံး ပိုင်တဲ့ နိုင်ငံတွေ ပြားပြားဝပ် ဖိန့်ဖိန့်တုန်အောင် ခြိမ်းခြောက်မဲ့ နည်းပညာ အသစ် ဗုံး တမျိုးမကြာမှီ လာမည် မျှော်…
Was this answer helpful?
LikeDislikeကြံကြံဖန်ဖန် ဖြစ်လည်းဖြစ်တက်ပါရဲ့
တော်သေးတာပေါ့ အဲဒီဦးလေးကြီးမှာတာ
ချာတူးတစ်ယောက်ဆက်ရှိနေရင် မီးဟပ်ခံနေရဦးမယ် ……………
Was this answer helpful?
LikeDislike