ကိုယ့်ရုပ်ကို ကိုယ်ပြင်ကြမယ်
|406- Hits|ဓာတ်ပုံမှာ ဘောင်ခွေပေးလိုက်မယ်
ဒစ်ဂျစ်တယ်ကင်မရာတွေပေါ်လာလို့ ဓာတ်ပုံတွေရိုက်လိုက် ဆိုင်မှာကူးလိုက်နဲ့ကြာတော့ ဓာတ်ပုံတွေပြန်ကြည့်ရတာ ရိုးသလိုတောင် ဖြစ်လာပါတယ်။ နောက်တစ်ခါ ဓာတ်ပုံထုတ်ရင် 4×6 ပုံ၇ိုးရိုးကြီးမလုပ်ဘဲ ဘောင်ခတ်ပေးလိုက်ရအောင်။photo Frame Maker (www.photofermemaker.com)လို့ဆော့ဖ်ဝဲလေးနဲ့လုပ်ဆောင်နိုင်ပါတယ်။ ဖိုင်အရွက်အစား 3MB မကျော်လို့ download
ချရတာလည်း လွယ်ပါတယ် လေးထောင့်ပုံ အ၀ိုင်းစသည်(Texture.Color,Cold)အုပ်စုများခွဲပြီframe အတော်များများ အဆင်သင့်ပေးထားပါတယ်။ဘောင်ခတ်ပြီးရင်လည်းပုံကိုလှည့်နိုင်ပါတယ်။ မလိုတဲ့နေရာကို ဖြတ်တောက်နိုင်ပါတယ်။ အလင်းအမှောင်စတာတွေ ချိန်နိုင်ပါသေးတယ်။ ဘောင်နောက်ခံကို ခပ်မှိန်မှိန်ထားမလား။ အလင်းဖောက်ထားမလား။ Backgroundရဲ့ opacity ကို ချိန်ညှိပေးနိုင်ပါတယ်။ဓာတ်ပုံနဲ့ပတ်သက်တဲ့စာသားလည်းရိုက်ထည့်ပေးနိုင်ပါတယ်။ စာသားထည့်ရာမှာစာလုံးအမျိုးအစား အရောင်စုံခြယ်သပေးနိုင်ပါတယ်။
စာသားကိုဓာတ်ပုံရဲ့အောက်ခြေမှာထားမှာလား အပေါ်မှာထားမလား မောက်စ်နဲ့တွန်းရွေ့ရုံပါ။ တကယ်သာ register လုပ်ယူတဲ့ဆော့ဖ်ဝဲ ဆိုင်ရင် frame တွေ အများကြီးရမှာပါ။ ZeallSoftInc.က ထုတ်လုပ်ပါတယ်။ သင်မ၀ယ်ချင်သေးရင် ရက်အနည်းငယ် အခမဲ့သုံးနိုင်ပါတယ်။ သဘောကျလို့ ၀ယ်ချင်ရင် ၄၉-၉၅ဒေါ်လာကျသင့်ပါမယ်။
စိတ်ကူးအိမ်မက်ကို ပုံဖော်ဖို့ရာ
ဓာတ်ပုံတစ်ပုံကို ၀ိုင်းလိုက်မယ် ဘေးမှာeffects တွေထည့်မယ် အရောင်တွေရှိုင်းလိုက်မယ်ဆိုရင် အမြင် တစ်မျိုးဆန်းပြီး ကြည့်ရသူအတွက် ရင်မောဖွယ်ဖြစ်မှာ အမှန်ပါ။ ဒီလိုစိတ်ကူးအိမ်မက်ကိုpublisher ထုတ်လုပ်တဲ့DreamLight photo Editor v.3.7 က အကောင်အထည်ဖော်ပေးနိုင်ပါတယ်။ ၄င်းသည်ပုံတစ်ပုံကို dream effects တွေအများကြီးထည့်ပေးပြီး ပြောင်းလဲလိုက်မှာပါ photoshop လို့ဆော့ဖ်ဝဲမျိုးကို သင်မထားရလို့ စိတ်မပျက်ပါနဲ့ ဒီလိုဆော့ဖ်ဝဲငယ်များက ထင်တာထက်ပိုပြီး သုံးရလွယ်တတ်ပါ။ အခုDreamLight photo Editor မှာ မောက်စ်ကလစ်လုပ်ရုံနဲ့effects တွေ အများကြီးပြောင်းနိုင်ပါတယ်။ ပုံကို preset,Light filter.Star filter,Amazing filter,Gradient filter, Texture filter.Edge filter စသည် filter တွေခံပြီး စွဲမက်ဖွယ်ဖြစ်အောင် လုပ်ပေးနိုင်မှာပါ။ရွေးချယ်စရာspecial effects ၁၅၀ လောက်ပါပါတယ်။ DreamLight photo Editorသည် ရယ်ဒီမိတ်effects တွေထည့်ပေးခြင်း သာမကimage editingဆော့ဖ်ဝဲအဖြစ်လည်း သုံးနိုင်ပါတယ်။ ယခုDreamLight photo Editor version 3.7ကိုshareware အနေနဲ့သုံးခွင့်ပြုမှာဖြစ်ပြီး ၀ယ်ရင် ၃၉.၉၅ဒေါ်လာ ကျသင့်ပါမယ်။
အမည်နဲ့လိုက်အောင် သင့် အိပ်မက်ကို အကောင်အထည် ဖော်ပေးမယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။
Related posts:


မလှတဲ့ ပုံကို မပြင်တော့ပါဘူးမနောရယ်။ ရှိပါစေတော့ ၄၉ ဒေါ်လာလဲပေးမ၀ယ်တော့ပါဘူးကွယ်။
Was this answer helpful?
LikeDislikeအားပါး ကြော်ညာကြီးပဲ………
Was this answer helpful?
LikeDislikeကောင်းမြတ်သူရေ… ကြော်ညာရအောင် ကိုယ်တီထွင်တဲ့ဆော့ဝဲလ်မှမဟုတ်တာ။ အလကားရသလောက် သုံးလို့အဆင်ပြေအောင် တင်ပေးခြင်းသာ ဖြစ်ပါတယ်။
Was this answer helpful?
LikeDislikeမနောေ၇
ရေငတ်တုန်းေ၇တွင်းထဲ ကျသလိုပါဘဲနော်။
၇ှုခင်းနဲ့ သတင်းဓာတ်ပုံတွေတင်တိုင်း သူများတွေလို ဘောင်လေးခတ်ပြီး လှလှပပလေးတင်တတ်ချင်တာ
ပုံအောက်မှာ စာတွေကလည်းထည့် ချင်သေး။ဖိုတိုေ၇ှာ့ ကလည်းမတတ် နဲ့  တော်တော်ဒုက္ခေ၇ာက်တာဘဲ ။ အခုတော့ ဒီလို အခက်အခဲတွေ ပြေလည်သွားလို့ 
အ၇မ်းကို ကျေးဇူးတင်လိုက်တာနော်။
နောက်လဲ ဓာတ်ပုံနဲ့ ပတ်သက်လို့ ကောင်းတာလေးတွေ ၇ှိ၇င် မျှဝေပါဦးနော်။
Was this answer helpful?
LikeDislikeဟုတ်ကဲ့ mandalarthu ရေ… မနောလည်း ၀ါသနာပါလို့။ ရှာဖွေ စမ်းသပ်နေပါတယ်။ သိတာလေးတွေ ထပ်မံမျှပါဦးမယ်။
Was this answer helpful?
LikeDislikeကျေးဇူးပါ မနောရေ..
Was this answer helpful?
LikeDislikeမမ မနောရေ လှတဲ့သူကတော့ ဘယ်လိုရိုက်ရိုက်လှမှာပဲနော်
ပြင်လည်းလှမှာမှမဟုတ်ပဲ
ဒါကြောင့် ဘာမှမပြင်ဘူး
Was this answer helpful?
LikeDislikeမိုးဇက်လေးက လှပြီးသားပဲဟာ ပြင်ဖို့ လိုတော့ဘူးလေနော်… ဒီတိုင်းလေးလည်း ကောင်းပါတယ်။
Was this answer helpful?
LikeDislikeအဲဒီ ဆော့ဝဲ မရှိဘူး.. ဘယ်လို လုပ်မလဲ.. ဖိုတိုရှော့ပဲ ရှိတယ်။
Was this answer helpful?
LikeDislikeကောင်းလိုက်တဲ့သတင်းပါဘဲမမမနောရေ ညီမကဓာတ်ပုံရိုက်ရတာဝါသနာပါပါတယ် မမမနောကောညီမ ဓာတ်ပုံသင်တန်းတက်လို့ရိုက်တက်ရင်မမမနောကိုအရင်လှအောင်ရိုက်ပေးမယ်နော် မမမနောပြောတဲ့သတင်းလေးတွေကောင်းတယ်
Was this answer helpful?
LikeDislike