ငွေတောင်ပြည် သို့ အပိုင်း – ၃ လွိုင်နမ်းဖ (ရာဇ၀င်နဲ့ ရွာ)
|435- Hits|နောက်ရက် Dec-25 မှာတော့ လွိုင်နမ်းဖ ကိုရောက်ခဲ့ပါတယ်။ ကယားပြည်နယ် ရဲ့ရာဇ၀င်မှာတော့ ထူးခြားတဲ့ ကျေးရွာပါပဲ။ ကယားပြည်နယ် မှာ ပထမဆုံး သေနတ်သံ ကြားရတဲ့ရွာ လို့ ပြောပါတယ်။ အသေးစိတ် သိတဲ့သူတွေ မန့်ပေးဖို့ မျှော်လင့်ပါတယ်။ အဲ့ဒီ့ ရွာရဲ့ ဘုရားကျောင်းမှာပဲ ထမင်းစားခဲ့ပါတယ်။ ရန်ကုန် သားအမြင်အရ စားမကောင်းဘူးလို့ ထင်ပေမယ့် တကယ်တမ်းစားကြည့်တဲ့ အခါမှာတော့ အလွန် ကောင်းနေပါတယ်။ စေတနာ ပဲ ထင်ပါရဲ့။

၁။ ရိုးရာ သီချင်း နဲ့ဖြေဖျော်တာပါ။

၂။ ထမင်းကို ဒီလို ချက်တယ် ဗျ။ ရန်ကုန်မှာတော့ ပြည်များရင် စလောင်းချွန်ချွန်ကြီး နဲ့ ပေါင်းတာ မြင်ဖူးတာ ပဲ။

၃။ ဟင်းကို မိုးဗြဲ ဒယ်အိုးနဲ့ အပြည့်အမောက် ချက်တယ်ဗျ။ တရွာလုံးကို ကျွေးတယ် လို့ ပြောတယ်။

၎။ ဒီဘုရားကျောင်း မှာ နေ့လည်စာ စားခဲ့တယ်။

၅။ မခမ်းနားပေမယ့် စားကောင်းခဲ့ပါတယ်။ (မုန့်ညင်း ဟင်းချို)

၆။ ထမင်း နဲ့ ၀က်သား ဟင်းပါ။ (၀က်သားက အခေါက် တော့ နဲနဲမာတယ်)။

၇။ အနီးဆုံး ပန်းကန် က ကျွန်တော့ ပန်းကန် ပေါ့။

၈။ ရွာသူရွာသား တွေလဲ တပျော်တပါး။
ရေလုံ အိမ်သာရှိတယ်။ ရေသန့်စက်ရှိတယ်။ NGO အဖွဲ့ သုံးဖွဲ့ရောက်နေတယ်။ ကျေးရွာဆေးခန်းရှိတယ်။ မဆိုးဘူး လို့ ပြောလို့ရမယ် ထင်တယ်။
M-လုလင်
Related posts:




တင်တာတော့ အသေအချာတင်တာပဲ .. ပြီးရင် ပုံနဲ့ စာနဲ့ လွဲလွဲ သွားတယ်။ connection ကြောင့် လားမသိဘူး .. ဒါမျ မဟုတ် ကိုယ်ပဲ တုံးတာလား ???
Was this answer helpful?
LikeDislikeစိတ်မပူပါနဲ့ ရွာသူ/သား တွေ က ပုံ တွေ ကိုလဲ ဖတ်တတ်ပါတယ်။
ခလေး လေး တွေ ကချစ်စရာလေးတွေ နော်။
~~~~ ရေလုံ အိမ်သာရှိတယ်။ ရေသန့်စက်ရှိတယ်။ NGO အဖွဲ့ သုံးဖွဲ့ရောက်နေ တယ်။ ကျေးရွာဆေးခန်းရှိတယ်။ မဆိုးဘူး ~~~~
ကြားရတာ ဝမ်းသာစရာပါဘဲ။ ဒါထက် ပိုပြီး တိုးတက်အောင် လုပ်ပေးခွင့် ရကြပါစေလို့ ဆုတောင်းပါတယ်။
ဒီလို သတင်းလေး အတွက် ကျေးဇူးပါ M လုလင် ရေ။
Was this answer helpful?
LikeDislikeဒီထက် ပို တိုးတက် လာမယ် ထင်တာပါပဲ။ ရိုးသားမှု အခြေခံ ကြောင့် နဲနဲနှေးနေသေးတယ်။ ပြည်တွင်း လေကြောင်းလိုင်း .. ဖွိ့ဖြိုးလာရင် ပိုမြန်လိမ့်မယ်ထင်ပါတယ်။
Was this answer helpful?
LikeDislikeကိုလုလင်ရေ
သများတော့ ရဲရဲတောက်နေတဲ့ ၀က်ဇလုံလေးကိုပဲ မျက်စိက မခွာနိုင်ဘူး.ရဲနေတာပဲ.ဂလု
ပျော်ပျော်ရွှင်ရွှင်စားသောက်နေကြတာ..ကြည်နူးစရာကောင်းပါလေ့..
အဲတာက နေ့ တိုင်း အဲလိုပဲ စားကြတာလား ချင့်
သများတို့ အတွက် ဗဟုသုတများကြီးရပါ၏ဗျာ.အဲအဲ..ချင်
Was this answer helpful?
LikeDislikeနေ့တိုင်းတော့ မဟုတ်လာက်ဘူး ဦးပေါက်ဖော် ရဲ့။ အဲ့ဒီ့နေ့ က Dec-25 မို့ဖြစ်မှာပါ။ သူတို့ က ငရုတ်သီး အသုံးများတယ်. ငရုတ်သီးတွေ ဘယ်လိုရောင်းလဲ ဆိုတာ အပိုင်း – ၄ မှာပါလာမှာပါ။
Was this answer helpful?
LikeDislikeအောက်ဆုံးက “ကလေးတွေလဲ ပျော်နေကြတယ်။” ဆိုတဲ့
ပုံလေးကို သဘောကျတယ် …………
Was this answer helpful?
LikeDislikeကလေး တွေက တကယ်ကို ပျော်နေကြတာ။ သူတို့ကို ဒါ့ပုံ ရိုက်မယ်ဆိုလို့ တစ်ချို့ များဆို ဘောင်းဘီတောင် ပြန်လဲ သေးတာနော်။
Was this answer helpful?
LikeDislikeဝန်ကြီးပဒေသရာဇာရဲ့
ပီးလျှင်ရေမရှာ ခွေးသာကျွေးတော့သည်………..
ဆိုတဲ့ဒီဇိုင်းမျိုး ဟဲဟဲ
Was this answer helpful?
LikeDislikeဟုတ်ပါ့နော့ . အဲလို ထင်စရာ ပဲ ….အချင်းချင်း စကြနောက်ကြနဲ့ ပျော်နေကြတာ သူတို့က။ ကျွန်တော်တို့ လဲ အဲလို ပဲ စားခဲ့ကြတာ အဲဒါ မရဘူး အတင်း ခုံ တွေ ခင်းပေးတာ နဲ့ ခုံ ပေါ်တက် စားခဲ့ရတာ ဗျိုး … စကားမစပ် .. group photo မှာ နဲနဲ ၀ါးတားတား ဖြစ်သွားတဲ့အတွက် ခွင့်လွှတ်ပါနော့ ..
Was this answer helpful?
LikeDislikeကျောင်းရော အဆင်ပြေပြေရှိရဲ့လားမသိဘူးနော်…
ကြည့်ရတာ သိပ်တော့ မဆိုးပဲ အဆင်ပြေသလိုပါပဲ….
Was this answer helpful?
LikeDislikeကလေး တွေကို ကျောင်းတက်ဖို့ တော်တော်စည်းရုံး ရဦးမယ့် အခြေအနေပါပဲ။ ကျောင်းတော့ ရှိပါတယ်။
Was this answer helpful?
LikeDislikeကလေး တွေကို ကျောင်းတက်ဖို့ မိဘ တွေကို တော်တော်စည်းရုံး ရဦးမယ့် အခြေအနေပါပဲ။ ကျောင်းတော့ ရှိပါတယ်။
Was this answer helpful?
LikeDislikeကလေးတွေကြည့်ရတာ ပျော်စရာလေးပဲ
အဲဒီရွာလေးမှာ ဆိုင်ကယ်စီးကြတယ်လား ..
Was this answer helpful?
LikeDislikeဆိုင်ကယ် စီးကြပါတယ်။ တကယ့် ပါကင်ပေါက် တွေပါ။ ကားဆိုလဲ ပါကင်ပေါက် ပဲ။ ကားထဲက manuel စာအုပ်တောင် မထုတ် ဘူး။ ဒီအတိုင်း စီးကြတာ။ ဆိုင်ကယ် နဲ့ စက်ဘီး ပိုများတယ်။ နောက် သုံးဘီး(ရှေ့ မှာ ဆိုင်ကယ် အနောက် မှာ လူစီးတွဲ) တွေ နဲ့ လိုင်း ဆွဲကြတာနော် ….
Was this answer helpful?
LikeDislike