ကျမဘ၀တွင်အမြတ်နိုးဆုံးအရာကား အမှန်တရားဖြစ်၏ ။

အမှန်တရားကိုမြတ်နိုးသဖြင့်အဖေကမောင်နှမအားလုံးထဲမှကျမကိုလွန်စွာအားထား၏ ။ ကျမ၏ဆုံးဖြတ်ချက်မှန်သမျှကိုအဖေကလက်ခံ၏၊အားကိုး၏ ၊ကျမကိုအဖေကယုံကြည်၏ ။ ကျမ၏မွေးလက်စန်းဇာတာအရတူရာသီလဂ်ရ၏ ၊ ဇာတာအရလည်းအမှန်တရားကိုမြတ်နိုး၏ ။ ကျမသည်အမှန်တရားကိုမြတ်နိုးသဖြင့် ၊ မဟုတ်လျှင်ဆတ်ဆတ်ထိမျှလက်မခံတတ် ၊ ထစ်ကနဲဆိုကျမနှင့်ထိတ်တိုက်တွေ့ ရစမြဲပင်၊

ကျမ(၁၁)နှစ်သ္မီးအရွယ်က အမေကိုယ်တိုင်ကမ္မဌာန်းကျောင်းပို့ကာ တရားအားထုတ်ခိုင်းရ၏ သီးခံခြင်းတရားကိုအမေကျင့်သုံးခိုင်း၏ ။ အမေမသေခင်တစ်လအလိုလောက်က ကျမထံမှ သီးခံပါ့မည်ဆိုသည့်ဂတိစကားတစ်ခွန်းကိုသာအမေကတောင်းခံ၏ ။ ကျမထံမှဂတိတစ်လုံးမပေးနိုင်သည့်အခါ အမေသေရမှာစိတ်မဖြောင့်ဟုပြော၏ ။ ကျမထံမှအမေအသေဖြောင့်နိုင်ရန် သီးခံပါ့မည်ဟု ဂတိမရမခြင်းအမေကစောင့်၏ ၊ နောက်ဆုံးတွင်မျက်ရည်ဖြိုင်ဖြိုင်ကျကာ သီးခံပါ့မည်ဟုဂတိရမှ အမေကအသေဖြောင့်၏ ။
ကျမကားကျမကိုယ်၌ကမပြုလုပ်နိုင်သော သီးခံခြင်းအား အမေ့ အားပေးထားပြီးဖြစ်၍ ၊ အသက်ဆုံးတိုင်အောင်စောင့်ထိန်းရတော့၏ ။

အမှန်တရားက သီးခံခြင်းနှင့်တွဲဖက်မိ၍ အကောင်းဆုံးတည်းဟူသောအရာကို နောင်အခါတွင် ကျမကိုယ်တိုင်ခံစားသိမြင်ရ၏ ။ လတ်တလောကာလလျှင်က တော့မကောင်းပါ ၊ ကျမဘ၀တွင်အမှန်တရားကိုမြတ်နိုးသဖြင့် အားလုံးနှင့်အတိုက်အခံဖြစ်ခဲ့ရ၏ ။ တစ်ရက်တွင် ကျမခင်သည့်ဦးပဇင်းတပါးအား သွားလျှောက်ဘူး၏ ၊ အမှန်တရားကို မြတ်နိုးသည့်မိမိက အရာရာကိုဆုံးရှူံးနေရ၏ ၊ ဤသို့လျှင်ကား မည်သို့ဖြစ်ရပါသနည်းဟု လျှောက်ထားလျှင် ဦးပဇင်းကရှင်းပြသည်မှာ..
ဒကာမကြီးဦးပဇင်းပုံပြင်တစ်ပုဒ်ပြောပြမည် တရားနှင့်ဖြေပါဟုပြောပြ၏ ။ ထိုပုံပြင်၏ခေါင်းစဉ်ကိုသာဖတ်ပြရလျှင် “မှန်တာပြောကရွာပြင်ထွက်နေရ၏” ဟုဆိုသောပုံပြင်ဖြစ်၏ ။ အတိုချုပ်ပြောရသော် ကောင်းကင်အမြင်နက္ခတာရာ တို့စာဂကျင့်ကာ ၀ကြ (ပြောင်းပြန်) စီးနင်းနေခိုက်ကာလ၌ အမှန်တရားသည်အမှားဖြစ်ကာ အမှားသည်အမှန်တရားဖြစ်နေခိုက်ကြုံကြိုက်နေလျှင် အမှန်တရားကိုမြတ်နိုးသည့် သူတော်ကောင်းကိုပင်လျှင် ရွာစောင့်နတ်က ကိုယ်ထင်ပြကာ အမှန်မပြောရန် သတိပေးတော်မူရ၏ ဟုပြောကာဆုံးမဘူး၏ ။ အချိန်နှင့်အခြေနေအရ အမျုားမိုးခါးရေသောက် ဆိုသလိုရှင်ဘုရင်ကြီးတစ်ယောက်တည်း မသောက်၍နေမရသကဲ့သို့လိုက်လျှောညီထွေနေထိုင်မှုပြုနိုင်ရန် ပြောပြကာဆုံးမ၏ ။ တရားနှင့်ဖြေပါဟုပြောကာသီးခံရန်မှာကြားပြောလွတ်လိုက်၏ ။

ကျမ၏ပင်ကိုယ်ဗီဇစိတ်အခံက ရုပ်ဝါဒီဆန်၏ ခေါင်းအလွန်မာ၏ ၊ မှန်တယ်ထင်လျှင်နောက်မဆုတ်တတ် ။ ထိုစိတ်အခံဓါတ်ကြောင့် ပင်ကျမကပါတ်ဝန်းကျင်နှင့်ဝေးကွာသလို ခံစားလာရ၏ ၊ အထီးကျန်ဆန်၏ ။ ခင်ပွန်းသားသ္မီးများနှင့်ပင် သဘောတရားကွာခြားလာသလိုဖြစ်၏ ၊ အမေ့ကိုယ်ပေးထားသည့် ဂတိတစ်လုံးကိုစောင့်စည်းကာ သီးခံခြင်းတရားအား လက်ကိုင်ထားကာ ကျမနေနေရ၏ ။

ကျမကျင်လည်နေရသောပါတ်ဝန်းကျင် အလုပ်ဌာနက အစိုးရ၀န်ထမ်းဖြစ်၏ ၊ ကျမမှာပေါင်းစရာကား အခြားမရှိ ၊ အားလုံးနှင့်တသီးတခြားနေနေသလိုဖြစ်လာ၏ ။ တစ်ခါကအစည်းအဝေးတစ်ခုတွင် လူကြီးကပြော၏ တစ်ယောက်တည်းနေနေကရှူးသွားနိုင်သည်ဟု ပြောဆိုဘူး၏ ။ ကျမတစ်ယောက်တည်းနေတတ်နေသည်ကို အားလုံးကသိမြင်နေကြ၏ ၊ ကျမကကျမ၏ဆွေမျိုးကလွဲလျှင်ပေါင်းစရာလူမရှိပေ ၊ ဆွေမျိုးဟုပြောရလျှင် ကျမငယ်စဉ်တောင်ကျေးကြီးပြင်းလာရသော ဘဘကြီး၏မိသားစုကလွဲလျှင် မည်သူ့ ကိုမျှကျမမခင်ပါ ။ အကျင့်သီလအားခါးဝတ်ပုဆိုးကဲ့သို့ စောင့်ထိန်းကာ အသက်ထက်ဆုံးကျင့်ကြံနေထိုင်သွားခဲ့သည့် ဘဘကြီးကိုကား အမိအဖမှလွဲလျှင် နှလုံးသားမှာဘုရားတည်ထားသကဲ့သို့မြတ်နိုး၏ ။ စိတ်အစဉ်မှာထာဝစဉ်ရှိနေ၏ ကျမ၏လုပ်ကိုင်မှုအရာရာမှန်သမျှတို့သည် အနားမှာဘဘကြီးကအရိပ်ပမာအမြဲတစေ လိုက်နေသကဲ့သို့ရှိ၏ ။ အကြောင်းအရာအားလုံးတို့ မလိုက်နာနိုင်လျှင်တောင် ဆုံးမစကားတို့က အစဉ်အမြဲထာဝစဉ်မှန်နေ၍ပင်ဖြစ်၏ ။

ကျမကအမှန်တရားကို မြတ်နိုးနေမြဲဖြစ်၏ ။ ကျမဘ၀တွင်အလေးစားဆုံးအမြတ်နိုးဆုံးအရာသည်ကား အမှန်တရားပင်ဖြစ်၏ ယနေ့တိုင်အမှန်တရားကိုမြတ်နိုးကာ ကိုးကွယ်ကာအသက်ရှင်နေထိုင်၏ ၊ အမေ့အား အရာရာကိုသီးခံပါ့မည်ဟုပေးထားသော ဂတိ ၊ အမေကျမထံမှဘာကြောင့် ထိုဂတိကိုတောင်းခံရသလဲဆိုသည့် ကျေးဇူးတရားကိုကျမတွေ့ မြင်လာရ၏ ။ အမှန်တရားကိုမြတ်နိုးသူ အဖို့သီးခံခြင်းတရား မရှိလျှင် ကျမကားပျောက်ဆုံးသွားနိုင်၏ ၊ ကျမအားလူမုန်းများကာလုပ်ကြံခံရကာ အသက်ပင်ဆုံးရှုံးသွားနိုင်၏ ။ အလုပ်ထဲတွင်လည်း အတိုက်အခိုက်လွန်စွာခံရ၏ ။ အလုပ်နှင့်ပါတ်သက်၍ ရာထူးရာခံနှင့်ပါတ်သက်၍ မတော်မတရားလုပ်ကြံခံရဘူး၏
ကျမသာ၊သီးခံမှုမရှိပါလျှင်ထိုသူတို့အားလုံးထောင်ထဲရောက်မည်ကားအမှန်ပင် ။

ကျမကိုအကြီးအကဲတစ်ယောက်က ထိုကိစ္စနှင့်ပါတ်သက်၍လုံးဝလက်မခံရန် အဖြစ်မှန်အားတင်ပြရန်ပြောကြားဘူး၏ အမှန်တရားကားလက်မခံ၍မှမရပေ ။ ကျမကထေရ၀ါဒဗုဒ္ဓတစ်ရားတော်ကိုယုံကြည်၏ ၊ ၀ဋ်ကိုကြောက်၏ သံသရာကိုကြောက်၏ ။ ကျမကားပြန်မလုပ်ခဲ့ ၊ ထိုသူတို့သည်သာ ကျရှုံးကုန်ကြ၏ ။ ကျမကားယနေ့တိုင်ရပ်တည်နေဆဲပင် ၊ ကျမတာဝန်ထမ်းဆောင်သည့်အချိန်တွင် စိတ်ကောင်းစေတနာထားကာဆောင်ရွက်၏ ၊ သူများ၏မျက်ရည်ကြီးငယ် အပူစာတို့အားမနှစ်သက် ၊ ပြုကားမလုပ်ခဲ့ ။ ကျမအားပေးခဲ့သောအခွင့်အရေးပေါင်းများစွာတို့ကို ကျမလက်လွတ်ခဲ့၏မခံစား မရယူခဲ့

အားလုံးသောသူတို့က ကျမကိုရှူးနေသလားဟု နောက်ကွယ်တွင်ကဲ့ရဲ့ သဂြိင်္ုလ်ကျ၏ ။ ကျမကားဂရုမစိုက် ၊ သီးခံမှုတရားဖြင့်သာနေလာခဲ့၏ ။ အမှန်တရားကိုမြတ်နိုးသဖြင့် ကျမကိုယ်တိုင်အရာရာအားလုံးကိုကျော်လွားသွားနိုင်ခဲ့၏ ။ ယနေ့ကျမရပ်တည်နေနိုင်၏ ကျမဘ၀တွင်မည်သည့်အရာနှင့်မျှမလဲနိုင်သောအရာကား အမှန်တရားသာလျှင်ဖြစ်တော့၏ ။
(ကိုသစ်၏ဘာကိုအမြတ်နိုးဆုံးလဲ) ကိုဖတ်မိ၍ရေးသားရခြင်းဖြစ်ပါသည် ။

aye.kk

About aye.kk

has written 76 post in this blog.

Related posts:

  1. တရားသူကြီးအိပ်မက်
  2. ဆရာကြီး ဦးဂိုအင်ကါ၏ ၀ိပဿနာ ကမ္မဋ္ဌာန်း စခန်း
  3. ဗဟုသုတလေးများမှ(၂)
  4. မေတ္တာတရားကသာ
  5. ယေဘူယျတရားနားလည်မှုမှ-သည်-ဓမ္မါနုပဿနာဆီသို့