ဒီပိုစ့် ပြီးရင် နောက် တစ်ပိုစ့်ပဲ ကျန်ပါတော့တယ်။ သူကြီးတော့ သူ့ ဆာဗာ အတွက် ရင်လေးနေမလားပဲ။တောင်းပန်ပါတယ် သူကြီးရယ်။
ပြန်ရမယ့် မနက် လင်းလင်းချင်းမှာပဲ ကျွန်တော် ဆန်းဘွန်းကျေးရွာ ကို ဆိုင်ကယ်ငှားပြီးသွား လို့ရခဲ့ပါတယ်။ အဲ့ဒီ့ ကျေးရွာမှာတော့ ပဒေါင် လို့ လူသိများတဲ့ ကယန်း လူမျိုး အများစု အခြေချ နေထိုင်ပါတယ်။ အများစု က မီး မသွယ်ကြဘူး။ မီးမလိုဘူးလို့ ယူဆ တဲ့ အသိရှိကြသေးတယ်။ မီးသွယ်ထားတဲ့ အိမ်ကျတော့ SKY NET ပါတတ်ထားတယ်နော်။
style=”> အဲ့ဒီ့ လူမျိုး တွေနဲ့ ပတ်သက်ပြီး ယိုးသယား အနွယ်ဝင် လိုလို မြန်မာ တိုင်းရင်းသား လိုလို ငြင်းခုံ စရာလေးတွေ ရှိနေပါသေးတယ်။ အသေးစိတ် သိတဲ့ သူတွေ ၀င်မန့် စေချင်ပါတယ်။

၁။ သိတဲ့ သူတွေလဲ သိကြပါလိမ့်မယ်။ 115 မိုင် မှာ သူ့ ပုံ ကြီး ရှိတယ်။ ရေသန့် ကြေညာ မှာပါ။

၂။ စပါးခွံ ချွတ်တာပါ။

၃။ ဒိုးတူဘောင်ဘက် ပေါ့

၎။ တူဝရီး တွေပါ။

၅။ သူတို့ လဲ ပျော်နေကြတယ် ဗျ။

၆။ တစ်ထည် ရဖို့ လေးရက် နီးပါး ကြာပါသတဲ့။

၇။ ညီအစ်မ သုံးယောက်ပါ။

၈။ သူတို့ စီးတဲ့ ဆွဲလည်း
အဲ့ဒီက အများစု က စာဖတ် ရမယ် ဆိုတဲ့ အသိလေး နည်းပါး နေကြတုန်းပါပဲ။ စာကြည့်တိုက် တွေတော့ ရှိပါတယ်။ ကျွန်တော်လဲ မှတ်တမ်းပုံ နဲ့ပဲ ကျေနပ် ခဲ့ရပါတော့တယ်။
About Mလုလင်
has written 25 post in this blog.
အိုင်တီ .. နဲ့ .. အသက်မွေးဝမ်းကျောင်းတယ်.... ကင်မရာ နဲ့ လက်ဆော့ တယ်။
Related posts:
- ငွေတောင်ပြည် သို့ အပိုင်း – ၎
- ငွေတောင်ပြည် သို့ အပိုင်း – ၂
- ငွေတောင်ပြည် သို့ အပိုင်း – ၃ လွိုင်နမ်းဖ (ရာဇ၀င်နဲ့ ရွာ)
- ငွေတောင်ပြည် သို့ အပိုင်း – ၁
- “ကိုပေါက်လမ်းသလားနေသည် အပိုင်း(12-B)” (တောင်ကြီး မြို့ကရေတံခွန်)
ကို လုလင်ရေ။
ဓါတ်ပုံတွေ ၀င်ကြည့်ပြီး သရေကျသွားတယ်ဗျာ။
Was this answer helpful?
LikeDislikeဦးဘလက်ချော ကျေးကျေး ဗျာ ..။
Was this answer helpful?
LikeDislikeအမောင်လုလင်
ကိုယ်တိုင် မောင်းဝင်ထောင်းနေတယ်ပေါ့လေ
အရမ်းအားကျပါတယ်
အဲလိုခ၇ီးသွားတာ နဲ့ ဓါတ်ပုံရိုက်တာကို
Was this answer helpful?
LikeDislikeမော်ဒယ် လိုနေလို့ ကိုယ်တိုင် ၀င်လုပ် ပလိုက်တာ။ ဟီး ..
Was this answer helpful?
LikeDislikeမောင်ပေ
ကောင်းကောင်း ထိုင်စီးကွာ..မဆော့နဲ့ 
ပြုတ်ကျမယ်
ကမောင်ချောလဲ ကားကို ဖြည်းဖြည်းမောင်းအုံး
ဝါးက ဆွေးနေဘီ..ပြုတ်ထွက်ဦးမယ်
Was this answer helpful?
LikeDislikeကိုလုလင် ရဲ့ ဓါတ်ပုံလက်ရာတွေကိုလဲ သဘောကျတယ်
ကင်မရာကြီးလဲ သဘောကျတယ်
လွိုင်ကော်ကို တစ်ခေါက်တော့ ရောက်ဘူးတယ် တောင်ကွဲစေတီပေါ်ရောက်ဖူးတယ် ၊ဈေးထဲကို ရောက်ဖူးတယ် ဆိုတာကလွဲလို့ သိပ်မမှတ်မိချင်တော့ဘူး
Was this answer helpful?
LikeDislikeသဘောကျ တယ်ဆိုလို့ ကျေးဇူးပါ။ ကင်မရာ ကြီးကတော့ အဟိ …. လက်ဆောင် ရတာဗျ။ လွိုင်ကော် က အရင်လို မဟုတ်တော့ဘူး .. အဆင်ပြေ နေပြီဗျ ..
Was this answer helpful?
LikeDislikeသူတို့ဆီမှာ အခုထိ အရင် ဓလေ့တွေအတိုင်းပဲ နေထိုင်ကျင့်သုံး နေကြတုန်းပဲနော် …
တခါတခါ တွေးမိပါတယ် သူတို့ရဲ့ လူနေမှုဓလေ့လေးတွေကို အခုခေတ်လူနေမှု ဓလေ့စရိုက် လို အကုန်လုံးက ကျင့်သုံးလိုက်ရင်……
အခုလို ဓလေ့လေးတွေ ပျောက်ကွယ်သွားမှာကိုလည်း စိုးတယ်…
သူတို့လို တိုင်းရင်းသားများကိုလည်း လူတွေထဲက လူတွေလို အသိပညာတွေ ဖွံ့ဖြိုးတိုးတက်ပြီး သူတကာနဲ့ ရင်ဘောင်တန်းနိုင်စေချင်တယ် …. ရိုးရာလေးတွေကိုလည်း ထိန်းသိမ်းပြီး ရှိနေစေချင်တယ်…
ဆလုံတွေ ပျော်တဲ့ ရေပြင်ကျယ်ဆိုတာမျိုးကို ဖတ်ရတော့လည်း ဒီလို အတွေးမျိုး တွေးမိတယ် … ….
အင်း…. ငြင်းစရာ ခုံစရာလေးတွေကတော့ အကိုးအကားအထောက်ထားစုံလင်စွာ ပြောနိုင်မှ ကောင်းမှာပါလေ..
Was this answer helpful?
LikeDislikeတီတီ ပုရှ် .. အဲဒါတော့ ဟုတ်တယ်။ အဲ့ရွာမှာ ဘန်ကောက် နဲ့ စင်ကာပူ ပညာတော် သင်ပြန်၂ ယောက်ရှိတယ်ဗျ။ ဟော်တယ်မန်နဂျမန့် ဘာသာ အထူးပြု နဲ့ သွားတက်ထားတာ။ လက်ရှိ လုပ်ငန်း ခွင် ၀င်နေကြတယ်။ ဘာသာ စကား ၄ မျိုး လောက်တတ်တယ်။ ကျွန်တော် မရောက်ခင် တုန်းက ထင်ခဲ့တာက .. အဲ့ဒီ့ ကယန်းလူမျိုးတွေက ကြေးကွင်းတွေကို … ကန်စပ်မှာ ထိုင် .. ကောက်ရိုးနဲ့ ပွတ် .. ဘေးမှာက လဲ သစ်ရိပ်.. ၀ါးရိပ်တွေနဲ့ စိမ်းစိမ်းစိုစို.. ညှိုညိုမှောင် မှောင် .ကလေး တွေက ရေဆော့ နေပြောက်လေးကလေးတွေနဲ့ .. အဲလိုမျိုး ရိုက်မယ် ပေါ့ .. အားတင်းပြီးသွားတာ.. ဟိုလဲ ရောက်ကော .. ကြေးကွင်းတွေကို (ဘရာစို-ကြေးချေးချွတ်ဆေး) နဲ့ တိုက်ပြီး ဆပ်ပြာမှုန့် နဲ့ ဆေးနေတာ သာ တွေ့ခဲ့ပါကြောင်း ….
Was this answer helpful?
LikeDislikeအချိန် မရလို့ ရယ် နဲ့ တခြား အကြောင်းကြောင်း တွေကြောင့် ဟိုး အစွန်း ထိ . မသွားနိုင်ခဲ့တာ လဲ ပါမှာပါ။
Was this answer helpful?
LikeDislike၈။ သူတို့ စီးတဲ့ ဆွဲလည်း ပုံလေးကို သဘောကျတယ်
ဒါနဲ့ ကိုယ်တိုင်မော်ဒယ်လ် ဝင်လုပ်လို့လဲ ဖြစ်တာပါပဲလား ..
လိုက်တယ်နော် ဟီးးးးးးးးး
Was this answer helpful?
LikeDislikeခံစားချက် တွေတူညီနေတော့ လဲ ရှေ့ သွားနောက်လိုက် ညီတော့ တာ ပေါ့ဗျာ။ ကိုယ်သာ ရိုက်နှက် ချင်တာ ကိုယ့် ကိုလာ ရိုက်နှက် မှာတော့ ကြိုက်ဘူးရယ်။
Was this answer helpful?
LikeDislikeအော်…မောင်လုလင်
တော်တော် ကိုယ်ချင်းစာစိတ် ရှိတာပဲ။
အမှန်တကယ်တော့လည်း …..
ရိုက်တတ်သူက အရိုက်မခံချင်ဘူး။
မရိုက်တတ်သူက အရိုက်ခံချင်တယ်။
ရိုက်တတ်လို့ ရိုက်ပေးသူကို ကျေးဇူးတောင် တင်ရသေးတာ။
သဘာဝကြီးက အပေးအယူမျှပါတယ်။
Was this answer helpful?
LikeDislikeM-Lulin ရေ၊ ပုံလေးတွေက မိုက်မိုက်ဗျာ။ သဘောကျသဗျို့။
Was this answer helpful?
LikeDislikeသဘော ကျတယ် ဆိုလို့ ကျေးကျေးဗျို့  .. မတွေ့တာကြာလို့ ဦးပေါက် ကိုတောင် မေးနေသေးတာ။ ဒီနေ့ ထိုင်း အပြန်လက်ဆောင် ဒါ့ပုံ စာအုပ် တစ်အုပ် ရတယ်ဗျို့  .. ရွာထဲမှာ ပြချင်လိုက်တာ (လွယ်ဘူး scan ဖတ်ရမှာဗျ )… ဘာတွေများလဲ လို့ အသည်းအသန်ကြည့်တာ . အင်းလေးလဲပါတယ် ရွှေတိဂုံ လဲပါတယ် ဗျို့  ..စာအုပ် တန်ဖိုး က ဘတ် 300.. ယိုးဒယား English နှစ်ဘာသာ နဲ့ ထုတ်တာ။ စာမျက်နှာ 168 မျက်နှာ နဲ့ နံမည် က My Digital Way – 2 တဲ့။ ရွာထဲက ဆြာ တွေဝိုင်း ရိုက်လိုက် ရင် အဲ့ဒီ့ တစ်အုပ် လောက်တော့ အသာလေး ဗျ လို့ တွေးမိတယ်ဗျာ …
Was this answer helpful?
LikeDislikeမင်းသားငှားချင်ပါ၏
လက်ခံမခံသိချင်ပါ၏။
Was this answer helpful?
LikeDislikeလက်ခံပါဒယ်။ လက်ခံပါဒယ်။ ဒါနဲ့ စကားမစပ် မင်းသမီးကတော့ ၀တ်မှုန်ရွှေကြည် ဖြစ်ရမယ်နော်. ဒါဗြဲ
Was this answer helpful?
LikeDislikeသွားချင်လိုက်တာနော်၊ အဲ့ဒီနေရာတွေတော့မရောက်ဘူးသေးဘူး၊ တူဝရီးနှစ်ယောက် စပါးထောင်နေတဲ့ပုံလေး ကြည့်လို့ကောင်းလိုက်တာ………
Was this answer helpful?
LikeDislikeအဲဒီ့ ထဲက အပျို လေးက .. အမြဲ တမ်း ၇ိုးရာ ၀တ်စုံ ၀တ်တာမဟုတ်ဘူး ဗျ။ သူတို့ ပွဲ ရှိလို့ ၀တ်တာ… ကြုံ ဖို့ ခက်တယ်။ ငယ်ငယ် လေးတွေ တွေ့ရဖို့ ကလေ..
Was this answer helpful?
LikeDislikeလုလင်ရေ ငါတို့လဲဓါတ်ပုံစာအုပ်ထုတ်ဘို့လုပ်ကြစို့ဟေ့
မှတ်တမ်းလေးတင်ကျန်ရစ်အောင်
Was this answer helpful?
LikeDislikeအရင်း တွက်လိုက်ဦးမယ်။ ဘန်ကောက် မှာ သွားရိုက်(press) မှ ပို အဆင်ပြေ နိုင်မလား ပဲ။ လိုကယ် မှာ ထွက်တဲ့စာအုပ် က … သိပ် မနိပ် ဘူး။ ဒါ့ပုံ ကိုပြောတာ မဟုတ်ဘူးနော်။ ရိုက်နှိပ် ထားတာကို ပြောတာ…
Was this answer helpful?
LikeDislike