ပန်းများချယ်သ ယဉ်အလှတွေ စီတန်းပြီး ၂၀၁၂ နှစ်သစ်ကိုကြိုဆို – ROSE PARADE 2012 III
|196- Hits|(” နှင်းဆီိပန်း” ချီတက်ပွဲ) ဆိုပေမဲ့လဲ နှင်းဆီပန်း မ က ပါ၊ ကမ်ဘာ အရပ်ရပ်မှပန်း မျိုးစုံတွေလဲပါတယ်၊
အများဆုံးက California ကာလီဖိုးနီးယားက ပန်းတွေပါ၊ ပန်းအချို့ ကျတော့ Holland ဟော်လန် မြို့ မှ
tulips တူလစ် တွေ၊ Taiwan ထိုင်ဝမ် ၊ တောင်အမေရိက Ecuador အီကွဒေါ် မှ ပန်း တွေဆိုဘဲ၊
ပန်းတွေ လန်းလန်းဆန်းဆန်းရှိအောင် ရက်ပိုင်းအလိုမှာ လေယဉ်နဲ့အရောက်ပို့ လာတယ်၊
အဲဒီပန်းတွေကိုအမြန်ကပ်ရတယ်၊
အလားတူဘဲ ဘင်ခရာအဖွဲ့တို့၊ မြင်းစီးတပ်အဖွဲ့တို့၊ China Airlines ချိုင်းနား လေကြောင်း တို့လို အဖွဲ့ တို့ ကလဲ
အခြားနိုင်ငံ ကနေပြီး လာရောက် အားပေးကြတယ်၊
——————–
ခု တင်လိုက်တာက ဂျပန် နိုင်ငံ Kyoto ကျိုတိုမြို့
Tachibana အထက်တန်းကျောင်းမှ ဘင်ခရာ အဖွဲ့ဖြစ်တယ်
အနောက်နိုင်ငံသီချင်း တွေကို ပိုင်ပိုင်နိုင်နိုင် တီးမှုတ် နိုင်တဲ့အပြင်
ချီတက် တီးမှုတ်ရင်းမှာဘဲ အနောက်နိုင်ငံ အ “က” တွေ ကို တမူ ထူးခြား ပြီး
ပေါ့ပေါ့ပါးပါး “က” ပြ ဖျော်ဖြေ သွား ခဲ့တယ်၊
Kyoto Tachibana at the 2012 Rose Parade – YouTube
http://www.youtube.com/watch?v=gzr9Lg5s-zw&feature=related
Beautiful performance of the Japan’s Kyoto Tachibana Senior High School Band at the 2012 Tournament of Roses Parade in Pasadena, California.
The Kyoto Tachibana Band is really AWESOME.congratulations,great coordination.
Kyoto Tachiban in the Rose Parade – YouTube
http://www.youtube.com/watch?v=ZGT5F0vB-1c&feature=related
Cute performance. VERY creative!
အားကျစရာ အတုယူစရာပါပေ
ငယ်ငယ်ရွယ်ရွယ်ဘဲရှိသေးတာ
ဒါက အနောက်နိုင်ငံသားတွေ လုပ်နိုင်သလောက်
အာရှနိုင်ငံသားတွေ ကလဲ လုပ်နိုင်သာမကဘဲ ၊
တခါတရံတောင် သာလွန် အောင်လုပ် နိုင်တာ ကိုပြလိုက်တာပါ ၊
မြန်မာ မင်းသား မင်းသမီး “နှစ်ပါးသွား” “က” ပြ သွား ရင် ဒိထက်ကောင်း တာပေါ့၊
ကရင်ဒုံယိမ်း အ က၊ သင်းကြန်က ဝါးလက်ခုတ် နဲ့သံချပ် အ က၊ ရခိုင်ဆီမီး အ က၊ ရှမ်းအိုးစည် ဒေါင်း အ က
တခုတလေ တိုးပေးနိုင်ရင် အတိုင်းထက်အလွန်ပေါ့ဗျာ၊
တကမ်ဘာ လုံးက မြန်မာ့ယဉ်ကျေးမှု၊ မြန်မာပြည် အကြောင်း ကို ကောင်းကောင်း သိသွားကြမှာပါ၊
တအံ့တဩလဲ ဖြစ်သွားကြမှာပါ၊
ထိုင်းအတွက်လုပ်ပေးတဲ့ Dole ကုမ်ပဏီ စသည်တို့ နဲ့
နောင်နှစ်တွေအတွက် ခုနေက ဆက်သွယ်ရင် မမှားဘူးလို့ထင်တယ်
မရရင်လဲ ထွေထွေထူးထူး ဘာမှလဲ ဆုံးရှုံးသွားတာလဲ မဟုတ်ဘူးလို့ထင်ပါတယ်
အမေရိကရောက် မြန်မာဆရာဝန်အသင်းများ၊သွားစိုက်ဆရာဝန်အသင်း၊အင်ဂျင်နီရာအသင်း၊
တောင်ပိုင်းကာလီဖိုးနီယားမြန်မာအသင်း၊ တောင်ပိုင်းကာလီဖိုးနီယားမြန်မာနွယ်ဘွားတရုပ်အမျိုးသားအသင်း
စ သည်တို့က Nargis နာဂစ်လေမုန်တိုင်းဒုက်ခသယ်အတွက် ကယ်ဆယ်ရေး လုပ်တုန်းကလို
ညွန့်ပေါင်းအစည်းအဝေး ခေါ်ပြီး “စ” ပျိုးထောင်ရင် တနေ့နေ့မှာ ဖြစ်လာမှာပါ
( နိဗ်ဗန် ဈေးတို့၊ ရံပုံငွေအတွက်ဈေးရောင်းပွဲတို့တောင်လုပ်နိုင်ခဲ့တာဘဲ ဟာ)
ကိုယ့်ကိုယ်ကိုအထင် သေးဘို့ မ လို၊ ဥရောပတိုက်သားမှ အထင်ကြီးပြီး
အာရှတိုက်သားအချင်းချင်းကိုအထင်သေးနေဘို့ မ လို၊
ကိုယ်တို့ကြိုးစားကြရင် တနေ့ ကျရင်ဖြစ်လာမှာပါ၊
Related posts:




Comments By Post
- ဆူး
- Crystalline
- marblecommet
- ကိုပေါက်(မန္တလေး)
- ကိုပေါက်(မန္တလေး)
- u myo
- windtalker
- windtalker
- ကိုပေါက်(မန္တလေး)
- San Hla Gyi
- အတိသဉ္ဖာ နာဂရချစ်သူ
- may flowers
- may flowers
- windtalker
- မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
- TTNU
- အတိသဉ္ဖာ နာဂရချစ်သူ
- ညလေး
- Gipsy
- ညလေး
- MaMa
- ကိုပေါက်(မန္တလေး)
- ကောင်းမြတ်သူ
- အတိသဉ္ဖာ နာဂရချစ်သူ
- TTNU
- သားငယ်
- ကိုကိုအိုဗာ
- အတိသဉ္ဖာ နာဂရချစ်သူ
- amatmin
- min min san
- Gipsy
- အတိသဉ္ဖာ နာဂရချစ်သူ