ကျောက်တော်(မုနိမြေ) မဟာမြတ်မုနိဘုရား သမိုင်းပြတိုက်
|190- Hits|ရခိုင်ပြည်နယ်ရဲ့  မုနိမြေဆိုတာ ကျောက်တော်မြို့ ကို ခေါ်ခြင်းဖြစ်ပါတယ်၊၊ ဘာကြောင့် မုနိမြေ ခေါ်လဲဆိုတော့ မဟာမြတ်မုနိဘုရား ကိန်းဝပ်စံပယ်တော် မူသောကြောင်း ခေါ်ခြင်း ဖြစ်ပါတယ်၊၊ မဟာမြတ်မုနိဘုရား သမိုင်းအကျဉ်းကို ဖော်ပြရမယ်ဆိုရင် BC ၅၈၈ခု၊ နန်းတက်တော်မူသည့် ရက္ခပူရ ဓည၀တီနေပြည်တော်ကြီး သခင်စန္ဒာသူရိယ ဘုရင်မင်းကြီး လက်ထက် ဂေါတမမြတ်စွာဘုရားသခင်သည် ဘိုးတော်အဉ္ဇနဖြိုကြွင်း သက္ကရာဇ် (၁၂၃)ခု၊ ၀ါတော် ၂၀မြောက်တွင် ရဟန္တာ(၅၀၀) ခြံရံကာ ပြသာဒ်ယာဉ် ပျံစီး၍ ကောင်းကင်ခရီးဖြင့် ဓည၀တီ နေပြည်တော်ကြီးသို့  ရောက်ရှိလာကာ ဗုဒ္ဓ၏ ကိုယ်စားတော် မဟာမြတ်မုနိဘုရားကို ရင်ငွေ့ တော် ခုနှစ်လက်ခုပ် ထည့်တော်မူပြီး သွန်းလုပ်တော် မူခဲ့ပါတယ်၊၊ အဲဒီခေတ် ကာလအချိန်ကစပြီး ကျွန်တော်တို့  ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာ စတင်ထွန်းကား လာခြင်းဖြစ်ပါသည်၊၊
မဟာမြတ်မုနိဘုရား ကိန်းဝပ်စံတော်မူတဲ့ နေရာဟာ ကျောက်တော်မြို့  အရှေ့ ဘက် (၅)မိုင်ခန့်  အကွာ ရန်ကုန် – စစ်တွေ ကားလမ်းဘေး၊ သီရိဂုတ်တောင်ပေါ်၌ ဖြစ်ပါသည်၊၊ အခုကျွန်တော် တင်ပြချင်တာက မဟာမြတ်မုနိ ဘုရားသမိုင်း ပြတိုက် အတွင်းက ပုံရိပ်အချို့ ဖြစ်ပါတယ်၊၊ ကျောက်တော် မဟာမြတ်မုနိ သမိုင်း ၊ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မုနိ (၅)ဆူနဲ့  ပတ်သတ်တဲ့ သမိုင်းများ အပါအ၀င် ရခိုင်တို့ ရဲ့  ဗုဒ္ဓဘာသာထွန်းကားလာပုံကို အသေးစိတ် သိရှိလိုတဲ့ Mandalay Gazette မှ ညီအစ်ကို မောင်နှမများအတွက် ပြန်ကြားရေး ၀န်ကြီးဌာနက တရားထုတ်ဝေခွင့် ပြုထားတဲ့ သူမြတ် (မဟာအောင်မြေ) စာအုပ်ကို တင်ပေးလိုက်ပါတယ်၊၊ ဒီစာအုပ်မှာ အသေးစိတ် အချက်အလက်နဲ့ တကွ ရေးသားထားတာ တွေ့ ရပါတယ်၊၊ ကျွန်တော်တို့  ကျောက်တော်မြို့ ကို အလည်လာဖို့  Mandalay Gazette မှ ညီအစ်ကိုမောင်နှမများ အားလုံးကို ဖိတ်ခေါ်ပါတယ်၊၊ အားလုံးကို လေးစားစွာဖြင့် ……
တကယ့်လူသားစင်စစ်ကဲ့သို့  ပြုံးရွင်သော မျက်နှာတော် အနေအထားနဲ့  မဟာမုနိ မြတ်စွာဘုရား
စာအုပ်ဒေါင်းရန်
http://ifile.it/uwltgcr
Mandalay Gazette မှာ ကျွန်တော်ရဲ့  ပထမဆုံး ပိုစ့်ဖြစ်တဲ့အတွက် အမှားအယွင်းရှိပါက နားလည်ပေးစေလိုပါတယ်၊၊ လေးစားစွာဖြင့် ….အောင်မြင်(မုနိမြေ)
Related posts:













Zayar Kyaw, ပို့စ်လေးဖတ်ရတာကော၊ ကျောက်တော်ကို ဖိတ်ခေါ်တဲ့ အတွက်ကော ကျေးဇူးပါနော်။ ငယ်ငယ်တုန်းကတော့ ပလက်ဝကို သွားရင် ကျောက်တော်မှာ သင်္ဘောညအိပ်ရတော့ ကျောက်တော်နဲ့ မစိမ်းခဲ့ပါဘူး၊ အခုတော့ ကျောက်တော်တို့၊ ပလက်ဝတို့ သိပ်လှတဲ့ မြို့လေးတွေကို သိပ်သတိရ လာချင်နေမိပေမဲ့ မရောက်နိုင်သေးပါ။ ကျောက်တော်မဟာမြတ်မုနိလည်း တစ်ခေါက်ရောက်ဖူးပေမဲ့ သိပ်ငယ်သေးတော့ မမှတ်မိတော့ပါ။ အခွင့်ကြုံရင်တော့ ဆုံချင်တယ်ဗျို့။
Was this answer helpful?
LikeDislikeကျွန်တော့်အနေနဲ့ လည်း ပိုစ့်ကိုဖတ်တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်၊၊ ကျွန်တော်က ပလက်ဝအထိတော့ မရောက်ဖူးဘူး၊ ကုလားတန်မြစ် အထက်ပိုင်း တင်းမရွာအထိတော့ ရောက်ဖူးတယ်၊၊ အဲဒါလည်းငယ်ငယ်တုန်းကပါ၊၊ သိပ်တောင် မမှတ်မိတော့ဘူး၊၊ အခုတော့ ကုလားတန်မြစ်ကြောင်း တစ်လျောက် အိန္ဒိယက ရင်းနှီးမြှပ်နှံတဲ့ စီမံကိန်းတွေရှိတော့ ကျောက်တော်နဲ့  ပလက်ဝက အခုထက်မက တိုးတက်လာမယ်လို့  မျော်လင့်တယ်ဗျာ၊၊ ဒါနဲ့  Diamond Key က ဘယ်ဇာတိလဲဗျ၊၊ ကျွန်တော်က ကျောက်တော်သား စစ်စစ်ပါ၊၊ ဒါနဲ့  ဆိုက်ဒ်က ညီအစ်ကိုမောင်နှမများ အားလုံးကိုလည်း ကျွန်တော်တင်ပေးထားတဲ့ မဟာမြတ်မုနိသမိုင်းကြောင်းနဲ့  သက်ဆိုင်တဲ့ စာအုပ်ကို ဖတ်စေချင်ပါတယ်၊၊ မြန်မာနိုင်ငံမှာရှိတဲ့ မုနိငါးဆူနဲ့  ပတ်သတ်တဲ့ အကြောင်းအရာလေးတွေ ပါဝင်ပါတယ်၊၊
Was this answer helpful?
LikeDislikeမရောက်ဖူးတဲ့ဒေသ က ဘုရားရုပ်ပွားတော်ပုံ ကို ဖူးမျှော်ခွင့်ရလို့  သာဓု သာဓု သာဓု ပါ ခင်ဗျာ
Was this answer helpful?
LikeDislikeအောင်မြင်ေ၇
ကျောက်တော်ကို တခါမှ မေ၇ာက်ဖူးပေမယ့် ထူးခြားတဲ့ မုနိသမိုင်း ကိုတော့ စိတ်ဝင်စားမိပါတယ်။
မိမိ အဖို့ သွားေ၇ာက်ဖူးမြော်ဖို့  ခဲယဉ်းလှတဲ့ မဟာမြတ်မုနိ ဘုရားကို ဖူးတွေ့ ခွင့် ၇လို့ ကျေးဇူးပါနော်။
မန္တလေးမှာ ၇ှိတဲ့  မဟာမုနိ ရုပ်ပွားတော်နဲ့ ပုံစံတူတယ်နော်။ပြတိုက်ထဲက ထွင်းထုပူဇော်ထားတဲ့ ၇ုပ်ပွားတော်တွေ၇ဲ့ အမည်တွေကို ပုံနဲ့ တွဲပြီး ဖော်ပြပေး၇င်ကောင်းမယ်နော်။
ကျောက်တော်က မဟာမြတ်မုနိဘုရားကို တနေ့ နေ့ မှာအခွင့် ၇၇င် ကိုယ်တိုင်လာေ၇ာက်
ဖူးမျှော်ခွင့် ၇ချင်ပါသေးတယ်။
Was this answer helpful?
LikeDislike