ကျနော်တို့ စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားရှိ ဂေါပကအဖွဲ့မှ ဘဏ္ဍာထိန်း ဦးအောင်သိန်းအား
အတွင်းကျကျ လေ့လာစစ်ဆေး ပြီး လိုအပ်သလိုအရေးယူပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်။
ထိုဘုရားလူကြီး ဦးအောင်သိန်းနှင့်အဖွဲ့သည် နှယ်လည့်အလှူခံလာသော ပိုက်ဆံများထဲမှ
ကိုယ်ကျိုးအတွက် အရှက်အကြောက်မရှိ ဘုရားမကြောက် တရားမကြောက် အလွဲသုံးစား
ပြုလုပ်နေသည်မှာ သီရိခေမာ ရပ်ကွက်အတွင်းနေထိုင်သူများအားလုံး အသိပင်ပင်ဖြစ်၏။
ထို့ပြင် ဦးအောင်သိန်းသည် ဂေါပကလူကြီးမဖြစ်ခင်ကလည်း ဖဲရိုက်၊အရက်သောက် ခိုးဆိုးပေတေသူတစ်ယောက်
ယခုလက်ရှိမှာလည်း သမီးအရွယ်မိန်းကလေးနှင့် လူမသိသူမသိ ဖောက်ပြန်နေပါကြောင်း သတင်းရရှိပါသည်။
ရပ်ကွက်အတွင်းရှိ အတွင်းသိသူတစ်ယောက်အားမေးမြန်းကြည့်သောအခါ ထိုသူက(ညီလေးမင်းဘဲစဉ်းစားကြည့်
အလှူခံလိုက်တဲ့နေ့ဆို ကလေးတွေ ပိုက်ဆံခွက်ထဲက တစ်ထောင်၊နှစ်ထောင်နိုက်တာကျတော့ လူရှေ့သူရှေ့
သူခိုးဆိုပြီး အရှက်လိုက်ခွဲံတာ၊သူတို့လူကြီးတွေ သိန်းချီပြီး ခိုးသုံးတာကျတော့ဘယ်သူမှတောင်မသိလိုက်ဘူး
အဲဒီပိုက်ဆံတွေနဲ့ လူကြီးသူကောင်းလိုလို ဘာလိုလိုနဲ့ ရပ်ကွက်ထဲငွေတိုးချေးစားနေကြတာ တကယ့်တကယ်
သူတို့ကမှ သူခိုးအစစ်တွေ)ဟုကျနော့်ကိုပြန်ပြောပြပါသည်။
(အရင်တုန်းက အရက်သောက်၊ဖဲရိုက် ရန်ဖြစ်ပြီးထောင်လည်းကျဖူးတဲ့လူက ဂေါပကတက်ဖြစ်မှတော့
ဘုရားလှူဖို့တောင် လက်ကခပ်တွန့်တွန့်တောင်ဖြစ်တယ်)ဟုရပ်ကွက်သားများထံမှတဆင့်စကားကြားရပါသည်။
ဂေဇက် ရွာသူရွာသား များကလည်း မည်သို့ အရေးယူသင့်ကြောင်း ၀ိုင်းဝန်းဆွေးနွေးပေးကြပါဦး။
ဒီအကြောင်းတွေကို သာသနာရေးရာဝန်ကြီးဌာနများကတကယ်မသိတာလား၊သိလျှက်နဲ့ လာဘ်စားပြီး
ငြိမ်ခံနေကြတာလား။ယခုအတိုင်းဆက်သွားပါက အဆိပ်ပင်ရေလောင်း ၊လူမိုက်အားပေး ဆိုသကဲ့သို့ဖြစ်နေပေရော့မည်။
ကျနော့်စာအရေးအသား မှားယွင်းပါက သည်းခံဖတ်ပေးကြပါလို့……စားရေးဆရာတစ်ယောက်မဟုတ်သည်ကိုနားလည်ပေးစေလိုပါသည်။
အားလုံးကို လေးစားလျှက်။

About mzm

mzm has written 2 post in this blog.

Related posts:

  1. ကြေညာချက်အမှတ် ၂/၂၀၁၁ ( လူပျိုကြီး/အပျိုကြီးများသိစေရန် )
  2. မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေပြည်တော် ပျဉ်းမနားမြို့နယ် ရပ်ကွက်အချို့နှင့် လမ်းမကြီးများပေါ်တွင် ရေလျှံမှုများ ဖြစ်ပေါ်
  3. မြောက်ဒဂုံ/ကလေးသူခိုး…နောက်ဆက်တွဲသတင်း..။။။
  4. “မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၁၈ လမ်း ပြည်သူများ၏ ဒုက္ခ “
  5. အများသိစေရန်ဖြစ်ရပ်မှန်အားအသိပေးခြင်း။