မနှစ်က စာမေးပွဲအပြီး လုပ်စရာမရှိ၊ အားနေတာနဲ့ အစ်မတစ်ယောက် ပြောတဲ့ Three Idiots (ငပေါသုံးကောင်) ဆိုတဲ့ ဟိန္ဒူရုပ်ရှင်တစ်ခုကို ကြည့်မိတယ်။ ဟိန္ဒူရုပ်ရှင်တွေဆိုရင် ဘာကြည့်ရမှန်းမသိတာရယ်၊ သိပ်အကြိုက်မတွေ့တာရယ်ကြောင့် သိပ်မကြည့်ဖြစ်ပါဘူး။ ဒီရုပ်ရှင်ကိုတော့ သူက အရမ်းရယ်ရတယ် ကြည့်ကြည့်ဆိုလို့ ဘာမှလုပ်စရာမရှိတာနဲ့ပဲ ကြည့်ဖြစ်သွားတယ်။

ကြည့်လိုက်တော့မှ ရယ်ရရုံတင်မက၊ အဓိပ္ပါယ်ပါရှိတယ်ဆိုတာ သိလိုက်ရတယ်။

ရုပ်ရှင်က (မြန်မာပြည်နဲ့ အတော်ဆင်တူတဲ့) အိန္ဒိယပြည်ရဲ့ ပညာရေးစနစ်ကြောင်းကို ရိုက်ထားတာပါ။ အိန္ဒိယပြည်က စက်မှုတက္ကသိုလ်ကျောင်းသားတွေရဲ့ ဘ၀ကို အခြေခံပြီးရိုက်ထားတဲ့ ဒီရုပ်ရှင်ထဲမှာ ဇာတ်ဆောင်က စက်တွေကိုမြတ်နိုးလွန်းလို့၊ စက်တွေနဲ့ တီထွင်ရတာကို သဘောကျလွန်းလို့ စက်မှုတက္ကသိုလ်ကို သွားတက်တဲ့သူ၊ “လူကြမ်း” ကတော့ စာကိုမျက်စိမှိတ်ပြီး အလွတ်ကျက်တဲ့စနစ်ကို သဘောကျတဲ့ စက်မှုတက္ကသိုလ်က ပါမောက္ခ။ ဇာတ်ဆောင်မင်းသားနဲ့ သူ့ရဲ့ သူငယ်ချင်းနှစ်ယောက်ကတစ်ဖက်၊ “လူကြမ်း” ပါမောက္ခနဲ့ ပါမောက္ခ သဘောအကျဆုံး ရှိသမျှစာ အလွတ်လိုက်ကျက်တဲ့ ကျောင်းသားကတစ်ဖက် တစ်ယောက်ကိုတစ်ယောက် ပညာပေးတဲ့ပုံတွေကို ရယ်စရာကောင်းအောင်ရိုက်ပြထားတာပါ။ တစ်ခန်းနှစ်ခန်းလောက်မှာ မျက်ရည်ကျရပေမယ့် အဓိပ္ပါယ်ရှိပြီး ကြည့်ပျော်တဲ့ ရုပ်ရှင်ကားလေးပါ။

ဒီရုပ်ရှင်ကြည့်ရင်း ဖတ်စာအုပ်ထဲရှိသမျှစာကို အလွတ်ကျက်ရင် ဂုဏ်ထူးထွက်တဲ့ မြန်မာပြည်ရဲ့ ပညာရေးစနစ်ကို သွားသတိရမိလို့ပါ။ ပြီးတော့ ရွာသားတွေလည်း ကြည့်ရအောင်ပေါ့နော်။

Three Idiots Hindi Movie Download

Three Idiots Hindi Movie Watch Online (ရုပ်ရှင် ကွာလတီ အာမမခံပါ။)

ဒေါင်းလုပ်ဆွဲရမှာ ဆိုတော့ စိတ်ကလေးတော့ရှည်မှရမယ်နော့်။ Online မှာကြည့်မယ်ဆိုရင်တော့ ပိုကြာမယ်ထင်တာပဲ။ ပြည်မြန်မာက ရွာသားတွေ အတွက်ပြောတာပါ။ ရုပ်ရှင်က ၂နာရီ ၄၅မိနစ်လောက်ရှည်ပါတယ်။ အချိန်မပေးနိုင်ရင်လည်း တစ်ပိုင်းစီကြည့်လို့ရပါတယ်။ ၂၀၀၉ ခုနှစ်က အိန္ဒိယပြည်မှာ နာမည်ကျော်တဲ့ ရုပ်ရှင်ပါ။ ကြည့်ဖြစ်အောင် ကြည့်လိုက်နော်။

mashwetote

About mashwetote

မရွှေတုတ် has written 3 post in this blog.

အသီးမှာ သရက်၊ အသားမှာ ၀က်၊ အရွက်မှာ လက်ဖက်၊ လက်ဖက်မှာ ရွှေတုတ်၊ လူမှာလည်း တကယ်ဟုတ် ဟောဒီက ရွှေတုတ်။

Related posts:

  1. ရုပ်ရှင် နှင့် ရုပ်ရှင်ချစ်သူ
  2. တို့မြန်မာ သောက်ပေါရုပ်ရှင်ကားများ
  3. ရုပ်ရှင်လောက
  4. ရုပ်ရှင်ကို ရုပ်ရှင်လိုသဘောထားပြီး ကြည့်ပါ…..
  5. ” အဲဒီအခန်းဖြတ် ” ဇာတ်ကား လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဇကာတင် စာရင်းဝင်