ကွန်ပျူတာဟာ အထီးလား… အမလား….
|578- Hits|ကွန်ပျူတာဟာ အထီးလား… အမလား….
ညက ကွန်ပျူတာအကြောင်း စဉ်းစားမိတာလေပါ။ သူဟာ ဘာဖြစ်နိုင်မလဲ ဘယ်သူနဲ့ ပိုတူနိုင်မလဲဆိုတဲ့ အတွေး ၀င်လာမိတယ်။ အထီး အမ ခွဲခြားကြည့်လို့ရ မရကို ဆန်းစစ်ကြည့်မိတယ်။
အထီးဖြစ်နိုင်တဲ့အကြောင်းရင်း
- သံသယ ဖြစ်လောက်စရာ အချက်အလက်တွေ အများအပြားရှိနေတယ်။ ဒါပေမယ့် သဲလွန်စ ရှာမတွေ့ဘူး။
- ပြဿနာတွေကို ကူညီဖြေရှင်းပေးတယ်။ ဒါပေမယ့် အဲဒီ အကူအညီတွေက ပြဿနာတွေ ဖြစ်နေပြန်တယ်။
- ပစ္စည်းအသစ်ကောင်းကောင်းလေး တပ်ဆင်ခါစမှာ အမိန့်ကို ကျိုးနွံနာခံတတ်တယ်။ အဲ… ပြီးရင်တော့ ပစ္စည်းအသစ်ကောင်းကောင်းလေးကို ပြန်လည် တောင်းဆိုပြန်ရော…
- သူတို့ရဲ့ အာရုံစူးစိုက်မှုရရှိဖို့ ဇက်ကြိုးနာနာတင်းပေးဖို့လိုတယ်။ သူတို့ဟာ အာရုံတွေ ထွေပြားနေတတ်ကြတယ်။
- ညတွေမှာ သိမ်မွေ့စွာ အားကြီးနေတတ်တယ်။ မီးပလပ်ကြိုးကို ဖြုတ်ပြီး အနားပေးထားတာတောင် ပင်လယ်လှိုင်းလုံးတွေလို တအိအိနဲ့ စွမ်းအားပြည့်နေတတ်တယ်။
အမ ဖြစ်နိုင်တဲ့အကြောင်းရင်း
- အတွင်းပိုင်းစိတ်သဘောထားကို နားလည်တဲ့လူတစ်ယောက်မှ မရှိဘူး။ ဖန်တီးသူတွေ ကိုယ်တိုင်တောင် နားမလည်ဘူး။
- လူတွေ သဘောမပေါက်နိုင်တဲ့ ဘာသာစကားတွေ သုံးစွဲပြီး တခြားကွန်ပျူတာတွေနဲ့ ဆက်သွယ်တတ်လေ့ရှိတယ်။
- အမိန့် မှားယွင်းပေးမိရင် “မင်း လုပ်တာ ငါ ရူးသွားပြီ။ ဒါပေမယ့် အဲဒါကို ငါ… ဘယ်တော့မှ ပြောမှာမဟုတ်ဘူး” ဆိုတဲ့ အဓိပ္ပာယ်နှစ်ခွ စကားတွေ ပြောတတ်ကြတယ်။
- တကယ် သေးဖွဲတဲ့ အမှားအယွက်းကလေးတစ်ခုပဲရှိတာတောင် နှစ်ရှည်လများ သိမ်းဆည်းထားတတ်တယ်။
- သူတို့ကို တာဝန်စယူလိုက်ပြီဆိုတာနဲ့ ယုယမှု ပေးရတော့မယ်။ နောက် အချိန်ပေးရတော့မယ်။ ငွေကုန်ရတော့မယ်။ ပစ္စည်းတွေ ၀ယ်ပေးရမယ်။
ကဲ သင်ကော ကွန်ပျူတာပေါ် သင့်အမြင်လေး ပြောကြည့်ပေးပါဦး။
Related posts:



ကွန်ပျူတာဆိုတာကို မတီထွင်ခဲ့ကြရင် သိပ်ကောင်းမှာဟုသာ ထင်မြင်ပါကြောင်း ….
Was this answer helpful?
LikeDislikeမမဝေ အဲလိုတော့ ပြောနဲ့လေ သူတို့ မတီထွင်ခဲ့ရင် ခုရွာကြီးလည်း ပေါ်မလာတော့ပဲ မမဝေနဲ့လည်း မနောတို့ ဘယ်ဆုံဆည်းခွင့်ရနိုင်မလဲနော်…
Was this answer helpful?
LikeDislikeကွန်ပျူတာကအခြောက်ကြီးပါ
Was this answer helpful?
LikeDislikeအထီးလဲဟုတ်ဝူး..အမလဲဟုတ်ဝူး..
ခမ်ဖြူတာအခြောက်
Was this answer helpful?
LikeDislikeမာမီပေါက်လိုပေါ့နော်
Was this answer helpful?
LikeDislikeဒါဆို အခြောက်ဆိုတာ ဘာနဲ့သက်သေပြမလဲ။ ဘယ်လိုအချက်တွေ တွေ့ရှိထားလို့လဲ သေချာပြောပြဦးလေ..
Was this answer helpful?
LikeDislikeမမမနောကလည်း ဦးနှောက်စားမနေနဲ့ မိန်းကလေးတွေသုံးရင် အထီး၊
ယောက်ျားလေးတွေသုံးရင် အမ ဘာလို့ဆို သူတို့ကကိုယ့်ရဲ့အချိန်တွေကို
သက်ဆိုင်သူတွေထက် ပိုပြီးယူထားလို့ ….
Was this answer helpful?
LikeDislikeသုံးဆွဲလာတာကြာဘီ.
ဒလောက်တောင်မသိသေးတဲ့ အဘွားကြီးကိုပြောလိုက်ချမ်းဘာ..
Was this answer helpful?
LikeDislikeဟုတ်ပ..မိုးဇက်ရေ ပြောလိုက် ပြောလိုက်…….
Was this answer helpful?
LikeDislikeအဲဒါပြင်သစ်နဲ့အီတလီတွေမေးကြည့်။ သူတို့က စားပွဲ၊ ဘောပင် ဘာမှမချန်ဘူး။ အထီးအမခွဲတာ။ ကွန်ပြူတာကိုလဲသေချာပေါက်အထီး၊အမခွဲလိမ့်မယ်။
Was this answer helpful?
LikeDislikeကွန်ပျူတာ ဆိုတာ ဒွိလိင် ဖြစ်ပါတယ် ….
Was this answer helpful?
LikeDislikeကိုကင်းလိုပဲ ကျနော်လည်းဒွိလိင်လို့ပြောမလို့
Was this answer helpful?
LikeDislikeအမ ပဲ..ဖြစ်နိုင်တယ်။
တစ်ခါတစ်ခါ ရစ်တတ်လို့ ။
Was this answer helpful?
LikeDislikeကွန်ပျူတာဆိုသည်မှာ အထီးအမ ရောရာဖြစ်ပါသည်……….
Was this answer helpful?
LikeDislikeကန်ပူတာက အမပါ…။ ဘာလို့ဆို နေ၀န်းနီနေ့တိုင်းဆော့တာ သူကလက်သင့်ခံနေတာကိုးးး
Was this answer helpful?
LikeDislikeကွန်ပြူတာ အထီး၁လုံး အမ၁လုံး ပေးပါ။ မျိုးပွားပြီးရောင်းစားရအောင်။ အဲဒါမှ မီလီယံဘစ်ဇနစ် ။
Was this answer helpful?
LikeDislikeကွန်ပျူတာဆိုတာ အမပါ … ။
သူ့မှာပါတဲ့ ခေါင်းတွေကို ကြည့် ….
အမခေါင်းတွေပဲ ပါတယ် …
မန်မိုရီ စတစ်ကတော့ အထီးပါ … ။
Was this answer helpful?
LikeDislikeမမနောပြောမှပဲ သုံးလာတာ ကြာလှပြီး ကိုယ်သုံးတဲ့ကွန်ပျူတာ အထီးလားအမလားမသိဘူး ဟဟဟဟ
ကွန်ပျူတာဆိုတာ ကျွန်တော်တို.ရဲ. သူငယ်ချင်းပါ… အထီအမမဟုတ်ဘူး ဒွိလိင် လေ သူက မိန်းကလေးတွေ လို နူနူညံ့ညံ့ခိုင်းရင် နူးနူးညံ့ညံ့လုပ်ပေးသလို. ယောင်္ကျားလေးလို ကြမ်းကြမ်းတမ်းတမ်း ခိုင်းရင် ကြမ်းကြမ်းတမ်းတမ်း တုန်.ပြန်တယ်လေ.. ဟုတ်ဘူးလား…
Was this answer helpful?
LikeDislikeအဲဒါ အမ
သူ့ဟာသူဖြစ်တဲ့ပြဿနာတွေ သူများကိုရှင်းခိုင်းတယ်
နဲနဲလေးအဆင်မပြေတာနဲ့ အစကပြန်စ restart ခိုင်းတယ်
ဝယ်ဆင်ပေးရတာတွေက ခဏလေးနဲ့ မော်ဒယ်အောက်ကုန်တယ်
အဆိုးဆုံးကတော့ သူနဲ့ဆို အချိန်ကုန်မှန်းမသိ ထမင်းမေ့ဟင်းမေ့ ကုန်တတ်တယ်။
Was this answer helpful?
LikeDislikeဦးပါကြီး သူမိန်းမ ကိုစောင်းပြောနေတာနေမှာ.. ဟဟ
Was this answer helpful?
LikeDislikeကွန်ပျူတာ၏ ဖွဲ့စည်း တည်ဆောက်ပုံသည် ရှုပ်ထွေးသောကြောင့် နားလည်ဖို့ရန် ခက်ခဲ၏။
ထို့ကြောင့် အမ ဟု ဆိုချင်ပါသည်။
အဟီး … ရမ်းတုတ်လိုက်တာ …………..
Was this answer helpful?
LikeDislikehardware ကိုယ်ထည်နဲ့ software အပျော့ထည် နှစ်ခုခွဲမြင်ရင် ရှင်းသွားပါမယ်။ သာမန်တွေးရင်တော့ ဟတ်ဒ်ဝဲသည် အမျိုးသား၊ ဆော့ဖ်ဝဲသည် အမျိုးသမီး..ဒါပေမယ့် အပြင်ဖက်ကမ္ဘာကြီးမှာ များသောအားဖြင့် အမျိုးသမီးတွေက အိမ်ထောင်ကို ကာကွယ်စောင့်ရှောက် ပေးရတာများလို့ ပြောင်းပြန်ယူရမယ်ထင်တယ်။
Was this answer helpful?
LikeDislikeကွန်ပျူတာက အထီရော အမရော နှစ်မျိုးစလုံးပေါင်းစပ်ထားတဲ့ ပစ္စည်းပါ။
Was this answer helpful?
LikeDislikeOnline သုံးနေတဲ့ အချိန်မှာ ကွန်ပြူတာက ကွန်နက်ရှင်ကို ဖမ်းစားထားနိုင်ပြီး ငြိနေ ကြည်နေ တယ်ဆိုရင် ခင်ဗျားကွန်ပြူတာက အမပေါ့။
Online ပေါ်မှာ သုံးနေရင်း ကွန်နက်ရှင် နဲ့ ပြဿနာ ခဏခဏတက်ပြီး ပြုတ်ပြုတ်ကျနေတယ် ဆိုရင်တော့ ခင်ဗျားကွန်ပြူတာက အထီးလေ။
အဲ ကွန်နက်ရှင် မရတခါ ရတလှည့် ဆိုရင်တော့……..မာမီပေါက်တို့ အဖွဲ့နဲ့သာဆက်ပေးလိုက်တော့…း)
Was this answer helpful?
LikeDislikeမတူတဲ့အမြင်လေးပေါ့နော့..
ကျနော် အမြင်က ကွန်ပျူတာက ကျနော်အတွက်
အမ… အဟီးး
အမပုံတွေပဲ ကြည့်နေတာဆိုဒေါ့လေ…
တားတားရှက်ရှက်…
Was this answer helpful?
LikeDislikeဟားဟား ကိုရင်ကတော့ လုပ်တော့မယ်။ သူများမှပဲ လုံလုံခြုံခြုံ အ၀တ်နဲ့ ပတ်ထားရမလိုဖြစ်နေပြီ။ အင်း အမြင်လေးတွေလည်း သိချင်ပါသေးတယ်။
Was this answer helpful?
LikeDislikeမမမနောပြောထားသလိုပါဘဲ။ဒီအတိုင်းဘဲလေ
အမ ဖြစ်နိုင်တဲ့အကြောင်းရင်း
- အတွင်းပိုင်းစိတ်သဘောထားကို နားလည်တဲ့လူတစ်ယောက်မှ မရှိဘူး။ ဖန်တီးသူတွေ ကိုယ်တိုင်တောင် နားမလည်ဘူး။
- လူတွေ သဘောမပေါက်နိုင်တဲ့ ဘာသာစကားတွေ သုံးစွဲပြီး တခြားကွန်ပျူတာတွေနဲ့ ဆက်သွယ်တတ်လေ့ရှိတယ်။
- အမိန့် မှားယွင်းပေးမိရင် “မင်း လုပ်တာ ငါ ရူးသွားပြီ။ ဒါပေမယ့် အဲဒါကို ငါ… ဘယ်တော့မှ ပြောမှာမဟုတ်ဘူး” ဆိုတဲ့ အဓိပ္ပာယ်နှစ်ခွ စကားတွေ ပြောတတ်ကြတယ်။
- တကယ် သေးဖွဲတဲ့ အမှားအယွက်းကလေးတစ်ခုပဲရှိတာတောင် နှစ်ရှည်လများ သိမ်းဆည်းထားတတ်တယ်။
- သူတို့ကို တာဝန်စယူလိုက်ပြီဆိုတာနဲ့ ယုယမှု ပေးရတော့မယ်။ နောက် အချိန်ပေးရတော့မယ်။ ငွေကုန်ရတော့မယ်။ ပစ္စည်းတွေ ၀ယ်ပေးရမယ်။
ကျနော်ကတော့ အမဘဲဖြစ်နိုင်တယ်ဟု ထင်မိပါလျှက်။
Was this answer helpful?
LikeDislikeကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို စိတ်ကူးပေါက်လို့ မေးခွန်းတစ်ခုမေးခဲ့ဘူးတယ်… စပါးပင်က အထီးလား အမလား ဆိုပြီး… သူပြန်ဖြေတာက သင်္ဘောသီးပင်တောင်မှ အဖိုပင်ဆို မသီးဘူး၊ အမပင်မှ သီးတာ အဲ့တော့ စပါးက ဆန်ကို ထုတ်ပေးတယ်… ဆန်ဆိုတာက စပါးရဲ့အသီးသဘောမျိုးပဲတဲ့ အဲ့ဒီတော့ စပါးပင်က အမ လို့သူကပြောတယ်။ ဟုတ်တယ်မလားတဲ့
ကျွန်တော်ကလည် ပြန်ပြောပါတယ် အဲ့လိုလဲဖြစ်နိုင်တာပဲ ဒါပေမယ့် မင်း ဟင်းချက်ရင် မွှေးအောင်ခတ်တဲ့ စပါးလင်ဆိုတာ သိလားလို့… သူက အေးသိသားပဲတဲ့…. အေး အဲ့ဒါက စပါး”လင်”ဆိုမှ တော့ စပါးပင်က အမ ဖြစ်နိုင်လောက်တယ်လို့ပဲ ကောက်ချက်ဆွဲလိုက်ကြတယ်ဗျာ…..
Was this answer helpful?
LikeDislikeကွန်ပြူ့ဆိုတာ ပေါင်းစပ်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုထားတယ်..ဒါကြောင့် ဆော့ဝဲ နဲ့ ဟက်ဝဲပေါင်းပြီး အသုံးပြုရတယ်…ဆော့ဝဲကြီးပဲ သုံးလို့မရနိုင်သလို ဟက်ဝဲကြီးပဲသုံးလို့မရပါ…ထိုကြောင့် ကွန်ပြူတာဆိုတာ နှစ်ဖက်ချွန်ဖြစ်နိုင်ခြေရှိသည်။ဒါကြောင့် ကွန်ပြူတာသည်
အောင်ပုတို့ ဂိုဏ်းဝင်ဖြစ်ပါသည်။(မဆဲရ ဘူးနော် အဘက အသက်ကြီးနေပြီ)…
Was this answer helpful?
LikeDislikeဟဲ့
ကွန်ပျုတာက အထီးလားအမလာထက်
ကိုယ်ယူမဲ့လင်က ဘိန်းစားလား အရက်သမားလား ဆိုတာ
ပိုအရေးမကြီးဘူးလားဟဲ့
ဒါ့ကြောင့် ငြီးလင်မရဒါ
Was this answer helpful?
LikeDislikeအံ့ပါ့အေ… ကွန်ပျူတာတောင် အထီးလား အမလား ခွဲခြားနေတာ ညီးမို့ ပြောတတ်တယ်အေ.. သက်မဲ့တောင် ခွဲခြားနေမှတော့ သက်ရှိတော့ ပြောစရာလိုသေးလားအေ…
Was this answer helpful?
LikeDislikeဟဟား ဒီစာလေးကြိုက်လိုက်တာ
အမွှေးနှုတ် ဆီသုတ်ပီး ချက်စားအုံးမှ (အဲမှားလို့)
ကော်ပီလုပ် ပရင့်ထုတ်ပီး ချိတ်ထားအုံးမှ ဟဲဟဲ
Was this answer helpful?
LikeDislikeလုပ်တော့မယ် ချာတူးလန်တစ်ယောက်ကတော့လေ.. အလန့်ထညက်တွေ။ ကြွက်ပြေးတယ် ချိတ်ထားသိလား ညီမလေး…
Was this answer helpful?
LikeDislikeဲပြင်သစ်အဆိုအရ အထီးဖြစ်သည်။
un ordinateur (un သည် အထီးအတွက်သုံးသော article (a) ဖြစ်သည်။)
Was this answer helpful?
LikeDislikeအဆိုးဆုံးအချက်ကတော့ ကွန်ပျူတာဆိုသော ကောင်များမှာ အထီးမှန်းမသိ အမမှန်းမသိ မျိုးပွား၍ မရသော အပုန်းများ ဖြစ်ကြလေ၏။ လူတွင်လည်း အထီးနှင့် အမရှိ၏။ ကြက်အထီးနှင့် အမ တစ်စုံဝယ်၍ အတူတူ ထားလိုက် လျှင်တောင် အချိန်ကြာလာသောအခါ ဥကလေးများ ပေါက်၍ မွေးချင်မွေး၊ စားလိုစား လုပ်နိုင်ဦးမည်။ ကွန်ပျူတာမှာသာ အထီးနှင့် အမရှိလျှင် တစ်စုံဝယ်ပြီး အတူတူထားပေး၍ အချိန်တန်သောအခါ ကွန်ပျူတာ နှစ်လုံး၏ ရင်သွေးလေး Laptop တစ်လုံးလောက်မွေး၊ နောက်ထပ်ကြာသောအခါ သူတို့၏ မြေးကလေးအဖြစ် Netbook လေးများကို ထပ်မွေး၊ သုံး လေး ငါးမွှာပူးလောက်ဖြစ်လျှင် အတိုင်းထက်အလွန်ပေါ့။ ဒါဆို ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲ။ အခုတော့ အဲဒီလို မဟုတ်။ သူတို့ကိုယ် သူတို့တောင် အထီးမှန်း အမမှန်း မသိတဲ့ဟာတွေ။
Credit : “သူရဿဝါနှင့် ကွန်ပျူတာငတုံးများ”
Was this answer helpful?
LikeDislikeကွန်ပျူတာတော့မသိဘူးကွယ်….
လွန်ခဲ့တဲ့ (၁၀)နှစ်လောက်က Mouse က Track Ballနဲ့ အထီးပါ…
အခုနောက်ပိုင်းထွက်တဲ့ Optical Mouse ကတော့ အမပါ… (သူ့မှာဘာမှမပါဘူး)…ဟီးဟီး
Was this answer helpful?
LikeDislikeမမ မနောပြောတာမှန်တယ်သိလား သူကအသစ်ဆိုရင်တော့ ခိုင်းတာကို သွက်သွက်လက်လက် လုပ်တယ်ဆိုတာ ဇာ့ လက်တော့လည်း ဟိုတစ်လောက kaspersky မတင်ထားတော့ သုံးရတာ အရမ်းနှေးတယ် နောက် kaspersky ၉၅၀၀ အကုန်ခံပြီး ၀ယ်တင်လိုက်မှပဲ သွက်သွက်လက်လက် ဖြစ်တော့တယ်
Was this answer helpful?
LikeDislikeအထီးဖြစ်ဖြစ်အမဖြစ်ဖြစ်ပါ ကွန်ပျူတာရှိနေလို့ အစစအရာရာအဆင်ပြေနေကျတယ်လေ
Was this answer helpful?
LikeDislikeမရှိရင်တော့ မျက်စိပါဝါ ဒီထက် မတိုးတော့ဘူးပေါ့နော်..
Was this answer helpful?
LikeDislikeအင်း..အပျိုဂျီးတွေများတယ်ခက်သကိုး..
အလုပ်မရှိအလုပ်ရှာ…
Was this answer helpful?
LikeDislike