42
KAIZEN
|491- Hits|
သဂျီးနာမည် KAI နဲ့ ဇမ်ဗုဒ္ဓဘာသာ ၀ါဒ ZEN ကိုတွဲရေးထားတယ်ဆိုပြီး
ခေါင်းစဉ်ဖတ်ပြီး လန့်မသွားပါနဲ့ဗျာ..KAIZEN ဆိုတာ သည်လိုပါ...။ 改善(KAIZEN) ရယ်ပါ ။ သူ့ကို သည်လို အဓိပ္ပါယ်ဖွင့်ကြတယ်ခင်ဗျ။ 改(Kai) - change, alter, correct, rectify
善(Sen) - be good at, be apt to, be expert in
သည်တော့ ခြုံငုံ ဘာသာပြန်လိုက်ရရင်ဖြင့် "ပိုမိုကောင်းမွန်လာအောင် ပြုပြင်ပြောင်းလဲခြင်း" လို့ အဓိပ္ပါယ် ထွက်မယ် ခင်ဗျ..
သည်တော့ ကျနော် ဆွေးနွေးချင်တာလေးက ..ကောင်းသောဘက်ကိုရောက်အောင် ပြုပြင်ပြောင်းလဲခြင်း ဆိုတဲ့
ခေါင်းစဉ်အောက်က လို့ ဆိုနိုင်ပါတယ်ဗျာ ...။ အားလုံး သိကြတဲ့အတိုင်း သည်ရက်ပိုင်း ပြုပြင်မှုတွေ ပြောင်းလဲမှုတွေ...
(ပြုပြင်တာနဲ့ . ပြောင်းလဲတာ မတူသေးဘူးရယ်..) တွေ့လာရ (၀ါ) အတွေ့ရ စိတ်,စိတ်လာ တယ်ခင်ဗျ ..။
သည်နေရာမှာအခြေခံပြီး ဆွေးနွေးချင်တာကတော့ . ...
1- Right a wrong
2- Prevent the end of something good
3- Increase the quality of life နဲ့ ပါ
သည်၃ခု က အရေးအကြီးဆုံး ကို အစဉ်လိုက် စီထားတယ်ပြောလို့ရတယ်ဗျ .....
၁)မှားတာပြင် ၂)မှန်တာထိန်း ၃)ပိုကောင်းအောင်လုပ် သည်လိုမျိုးပါ ...
model တခုတော့ မဟုတ်ဘူးဗျ. ..ဆိုရိုးလို့တောင် မဆိုနိုင်ဘူး...ဒါပေမယ့် ဒါအမှန်တရားပါ....
အမှန်တရားပေမယ့် လက်တွေ့ ဖော်ဆောင်ရာမှာ အရေးအကြီးဆုံး အရေးအပါဆုံးတွေဟာ
လုပ်ရအခက်ဆုံး ဖြစ်တတ်ပါတယ်...သည်တော့ ပြုပြင်ပြောင်းလဲရေး စကားစုကို သည်၃ ခုထဲ
ထည့်ပြီး ပြောကြကြေးဆို ....၃-၂-၁ နဲ့ သွားနေတယ်လို့ ဆိုချင်တယ်ဗျ...
ဖြစ်နိုင်ချေရှိတာလေးတွေ ...လွယ်တာလေးတွေကနေ စလုပ်တယ်ပေါ့ ...
(Game Theory ကိုဆွဲပြောရရင်တော့ သည်နည်းက မှန်တယ်ဗျ...stage-by-stage ပါဗျာ...)
မဝေးသေးတဲ့ အတိတ်ကို flashback ပြန်သွားမယ်နော ...
နှစ်-၃၀ ကားပါမစ်ကိစ္စ ပေါ်တယ်ဗျာ..(Increase the quality of life)
မြစ်ဆုံရပ်တယ်ဗျာ .. (Prevent the end of something good)
ကဲ အခု သည်နှစ်ထဲမှာ ဇန်-၁၃ လူ၆၀၀ကျော်ကိစ္စ (Right a wrong)
ကြားထဲမှာ omit လုပ်ထားတဲ့ ၂၀၁၁ အရေးပါသော အပြောင်းအလဲများ ကျန်ပါသေးတယ်ဗျ.....
ထားဝယ်-ကျောက်မီးသွေး ..ပြည်ပအခွန် .. ဆင်ဆာ-ဖြေလျော့ အစရှိသဖြင့်ပေါ့ ... ပြောင်းတာတော့ပြောင်းနေပြီ ..အသေအချာပဲ ...ထိုအပြောင်းအလဲ နောက်ကွယ်က behind-the-scene
ရှိကောင်းရှိမယ် ...ကျနော်တို့ မသိသော ..မျှော်လင့်ချက် တန်ဖိုး တစုံတရာ ရှိကောင်းရှိမယ်....နှောင်ကြိုး...
ကတိက၀တ်...esteem, re-branding အများကြီးပေါ့ဗျာ ....
ကျနော့် (ပါဆင်နယ်လ် အတွေးကတော့) အဆိုပါ မသိကိန်းတွေအပေါ် သံသယထားမလား ....လက်ရှိအချိန်ထိ
အောင်မြင် ပြီးစီးတဲ့ step အတွက် အားပေး လက်ခုတ်တီးမလား ဆို ..ကျနော် သေချာပါတယ် ဒုတိယတစ်ခုကို ရွေးပါတယ်
သည်တော့ ၁၀၀% မဟုတ်သေးတောင် ..အရောင်လေးတွေ စွန်းထင်းနေရင်တောင် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုကို
လေးစားစွာ ၀မ်းမြောက်စွာ ထောက်ခံ တဲ့အတွက် သည်စာစုကို ကျနော် ဂုဏ်ပြု တင်ဆက်ပါသည်ခင်ဗျား... KAIZEN ဘက် ပြန်သွားရအောင်နော....။
၁. သမိုင်းအကျဉ်း
KAIZEN ဆိုတာ စစ်ပြီးခေတ် အမေရိကန် အကူအညီနဲ့ Modern Japan ကို ပြန်လည်တည်ဆောက်ခဲ့တဲ့နေရာမှာ သုံးခဲ့တဲ့
စနစ်ဖြစ်ပါတယ်ဗျ။ အမြဲတစေ ပိုကောင်းအောင်လုပ်မယ် ဆိုတဲ့ အနှစ်သာရကို အခြေပြုပါတယ်ခင်ဗျ...။ သည် theory ကို
စတင်မိတ်ဆက်ခဲ့သူကတော့ W. Edwards Deming ဆိုတဲ့ အမေရိကန်လူမျိုး ပညာကျော်ကြီးပါပဲ ..... ။
(သည်စာစုမှာ historical point of view သည် အဓိကမဟုတ်သည့်အတွက် ထိုဆရာကြီးအကြောင်းနှင့်
History of Modern Japan ကိုချန်လှပ်ခဲ့ပါသည်..ဆက်လက်ဖတ်ရှုလိုသူများအတွက် ...)
http://en.wikipedia.org/wiki/W._Edwards_Deming
http://en.wikipedia.org/wiki/Japan#Modern_era
သည် theory အပေါ်မှာ မှ Kaizen Model ကွဲတွေ အများကြီး ထွက်ပေါ်လာပါတယ်ဗျာ ။ သည်ထဲမှာတော့ နာမည်အကြီးဆုံးက
Deming circle(၀ါ) Shewhart cycle ပဲဖြစ်ပါတယ် .... နာမည်ကျော် Toyota Corporation ရဲ့
Production line မှာ သုံးခဲ့တဲ့ စနစ်လို့ ပြောစမှတ်ရှိပါတယ်ဗျာ။
၂. Deming Circle/ Shewhart Cycle
သည် Cycle ကို သူ့မှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေရဲ့ နာမည်ကို အစွဲပြုပြီး P-D-C-A Cycle လို့လည်းခေါ်တယ်ခင်ဗျ....
(Note: ယခင်က PDSA လို့ခေါ်ခဲ့ပါတယ်... S for study ပါ..)
Plan
ဟုတ်ကဲ့ ကျနော်တို့ သေချာစွာ အစီအစဉ်ချကြရပါမယ်။ who fails to plan, plans to fail ပါ...။
Planning ဘက်ကလည်း သက်ဆိုင်ရာ နည်း/အတတ် ပညာ၊ ငွေကြေး ၊အချိန်ကာလ .လူအင်အား ပါဝင်သင့်ပြီး
SMART ဖြစ်ဖို့ လိုကြောင်းပါ..(Specific, Measurable, Achievable, Relevant, Timed[Scheduled])
Do
Plan ထားရင် Plan သလို Do ပေါ့ဗျာ .... ။ကျနော်တို့.. ပြုပြင်ပြောင်းလဲကြရအောင်ပါ....မကောင်းတဲ့
ဇရိုက်အို အကျင့်ဟောင်းတွေ ကိုယ်စီကိုယ်ငှ မြေမြှုပ်ပစ်ကြကြေးဗျာ...။ မခိုကြေး မ(တွက်)ကပ်ကြေးပေါ့..။
Check Planning fail, Doing fail ဒါကို သင့်တင့် ကောင်းမွန်တဲ့ စနစ်တခုထားပြီး Check လုပ်ဖို့ လိုပါတယ် ....
QC ခေါ်မလားပဲ....။ ကျနော်တို့ fail အဖြစ် အများ ဆုံးက သည်နေရာဖြစ်တတ်လို့ပါ.....
လွန်စွာကောင်းမွန်တဲ့ စနစ်သစ်ကြီး တခုကို Plan ပြီး လုပ်နည်းဆောင်တာ မှားယွင်း (၀ါ)
သာမန်ညောင်ည plan တခုကို အဟုတ်ကြီးမှတ်ပြီး အားသွန်ခွန်စိုက် Do လိုက်ကြတာ ..ရုပ်လုံးပေါ်မှ လွဲမှန်းသိ..
ဆိုတာမျိုးတွေဟာ Check လုပ်ဖို့ ပျက်ကွက်ခဲ့ကြလို့ပါပဲ ....။ ၂၀၁၂မှာ Pizza Tower မဆောက်ပါရစေနဲ့တော့ဗျာ..။
Act
Act ကတော့ Action ကို ဆိုလိုပါသည်...။ lost in translation မဖြစ်အောင် အနည်းငယ် ရှင်းချင်ပါသည်..။
Action ဟူသည် သရုပ်ဆောင်ခြင်း ဟုမဆိုလိုပါ....။ အရေးယူခြင်းဟု အဓိပ္ပါယ်ဖွင့်လျင်လည်း ..(Plan ကိုမဟုတ်ဘဲ
Planner, Doer များကို ဖြုတ်၊ထုတ်၊သတ် ခြင်း) ဘာသာပြန် ပြင်းထန်သွားဖွယ်ရှိပါသည်....။ Act သည် တကယ်တော့
Kaizen သာဖြစ်သည်... change to get better ဆိုပါစို့ ...။သည်တော့ Plan, Do, Check ကို Act တစ်လုံးဖြင့်
ပြန်လည် ထိန်းကျောင်း တည့်မတ်ပေးခြင်း ဟု သတ်မှတ်နိုင်ပါသည် ....။
အချုပ်ကို ပြောပါဆိုလျင် ပြုပြင်ပြောင်းလဲမှု များကို စနစ်တကျ ဖော်ဆောင်ရန်အတွက် KAIZEN လိုအပ်ပါသည်ဟု
တင်ပြလိုပါသည်။ထိုလိုအပ်ချက်မှာ အုပ်ချုပ်သူ အာဏာရှိသူမှ မဟုတ်ပါ ကျနော်တို့အားလုံး အတွက်ဖြစ်ပါသည်...။
ပဒေသာပင် မဟုတ်သော ဒီမိုကရေစီ စနစ်တွင် Kaizen လိုပါသည် ...။ diversified လုပ်ထားသော စွမ်းအားစုများ ..
accountability များ ...သာတူညီမျှသော recognition များ အတွက် ဖြစ်ပါသည်...။
3. PDCA-PDCA
Toyotaမှ ဟု တံဆိပ်ကပ်ကြသော ပိုကောင်းမွန်အောင် ပြုပြင်ထားသော Cycle ၂ထပ်ကွမ်းကို မိတ်ဆက်ချင်ပါသေးသည်....။
မူလ P,D,C,A ၏ အမှန်တကယ် လုပ်ငန်းလုပ်ဆောင်သော D(Do) step တွင် task accomplished ဖြစ်အောင် မDo နိုင်သောအခါ
ယခု လက်ယာဘက်မှ Cycle ကို လည်စေရပါသည်..။
P - Problem finding
D - Display
C - Clear
A - Acknowledgement
ဒါဟာ ကျနော်တို့ အရိုးစွဲနေသော သမားရိုးကျ အလွတ်ကျက်ဖြေ ပညာရေး စနစ်၏ စာသင်ခန်းနှင့် လုံးဝ ကွဲပြားခြားနားပါသည်။
(မသိရင် ဆရာမမေး စနစ်ကိုး ...နိုင်ငံတကာမှာတော့ မသိရင် libery သွား ..စာရှာဖတ်...အဲ ..ခုခေတ်တော့ Googling လုပ်...) သူ၏ အနှစ်သာရမှာ ယခုလိုဖြစ်ပါသည်..။ လုပ်ငန်းဆောင်ရွက်ရာတွင် မအောင်မမြင် ဖြစ်သည်ဆိုပါစို့ ....
P - Problem finding ... ပြဿနာ အကြောင်းအရင်းကို ရှာပါသည်..။ (အကြောင်းကြောင့် အကျိုးဖြစ်တာရယ်လေ...)
D - Display ... ဒါလည်း အလွန် တွေ့ရများသော case ဖြစ်ပါသည်...။ တဖက်လူ သဘောပေါက်နားလည်အောင်
ရှင်းလင်းပြသနိုင်စွမ်း နှင့်ဆိုင်ပါသည်...။ technician များတွင်ဖြစ်လေ့ရှိပါသည်..။ professional knowledge မရှိသူတယောက်
မိမိ၏ professional field ထဲမှ tehcnical difficulites ကို နားလည်အောင် မည်မျှ ရှင်းလင်းပြောကြားတတ်ပါသနည်း ဆိုသော
ကိစ္စပင်ဖြစ်သည်...။ မိမိ၏ အထက်လူကြီးသည် မိမိကဲ့သို့ technical background မှ လာသူဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်...။
ထိုလူ နားလည်အောင် မိမိပြဿနာကို ရှင်းပြတတ်မှသာ မိမိသည် တကယ် တတ်ကျွမ်းနားလည်သူဖြစ်ပါလိမ့်မည်...။
စကားစပ်လို့ ပြောရရင် ဆေးကျောင်းက ဆရာတွေ ပြောသော စကားကို သွားသတိရပါသည်..။
"မင်းကိုယ်မင်း သည် topic ကို တကယ်တတ်မတတ် သိချင်ရင် ဆိုက်ကားသမား ကိုနားလည်အောင် ရှင်းပြနိုင်လား ဆိုတာနဲ့
စမ်း ကြည့်...." တဲ့ ..စကားလုံး အသုံးအနှုံးကြမ်းပါသည် ...။သို့သော် problem/case display ကို
professional point of view မှ မဟုတ်ဘဲ public sense မှ နားလည်အောင် ရှင်းလင်းတင်ပြတတ်သော ability ကို
train စေချင်သည့် စေတနာ စကားကြမ်းပင်ုဖြစ်ပါသည်...။ ကျနော်တို့ marketing မှာတော့ 7Ps ထဲက Physical evidence
ပင်ဖြစ်၏...။ intangible things များကို ပုံရိပ်များ model များ ..methodology များနှင့် မြင်သာအောင် Display
ကြရသည် မဟုတ်ပါလား..။
C - Clear .. ဒါကတော့ Solution ကိုဆိုလိုခြင်းဖြစ်ပါသည် ..။ problem ကို display ရုံနှင့်မပြီး Clear လုပ်နိုင်မည့်
solution ကိုပါ တပါတည်း ရေးဆွဲ proposal ခြင်း ဟု ဆိုပါသည်..။(alternatives တွေရောပေါ့ ..) A- Acknowledgement ပြန်လည် သတင်းပို့ခြင်း ဟု ကြားဖူး မှတ်ဖူးပါသည်။ ဟိုဘက် နှင့် သည်ဘက်.. အထက်နှင့်အောက်
သတင်းပို့ခြင်း အသိပေးခြင်း ဟု အကြမ်းဖျဉ်း ရှင်းချင်ပါသည်..။(ဆက်ပါဦးမည်)
သည်လို P-D-C-A Cycle ၂ထပ်ကွမ်း လည်စေဖို့ Toyota ကလူတွေ ဘာတွေ လုပ်ခဲ့ရတယ် ဆိုတာ ဆက်လက်ဆွေးနွေးပါဦးမည်ဗျာ
"မိမိကိုယ်ကိုမွမ်းမံခြင်း" မပြုလုပ်နိုင်ခင် "မိမိကိုယ်ကို ဆန်းစစ်ခြင်း" ဆိုတဲ့ step ကို ဖြတ်သန်းရပါတယ်ခင်ဗျ....။
စနစ်ကျလွန်းတဲ့ လူမျိုး(လူမျိုးကြောင့် စနစ်ကျတာမဟုတ် .... စနစ်ရဲ့ တန်ဖိုးကိုသိပြီး စဉ်ဆက်မပျက်
လေ့ကျင့်ထိန်းသိမ်းထားတဲ့ လူမျိုး) မို့ ...model လေးတစ်ခု ရေးဆွဲပြီး လိုက်နာကျင့်သုံးပါသတဲ့ ...ဒါကတော့
4. Five Whys
ဒါကတော့ 5 Whys ပါပဲ .. Toyota Scenario လေး ဆိုပါစို့ရဲ့ The vehicle will not start. (the problem)
Why? - The battery is dead. (first why)
Why? - The alternator is not functioning. (second why)
Why? - The alternator belt has broken. (third why)
Why? - The alternator belt was well beyond its useful service life and not replaced. (fourth why)
Why? - The vehicle was not maintained according to the recommended service schedule.
(fifth why, a root cause)
Why? - Replacement parts are not available because of the extreme age of the vehicle.
(sixth why, optional footnote)
Start maintaining the vehicle according to the recommended service schedule. (5th Why solution)
Purchase a different vehicle that is maintainable. (6th Why solution)
(ကျစ်လစ်မှု ဂုဏ်မြောက်လွန်းတာမို့ ...ဘာသာမပြန်တော့ပဲ သည်အတိုင်း ကူးထည့်လိုက်ပါတယ် ...5 Whys ဆိုပေမယ့် Optional အဖြစ်
6th Why အထိ Normalized လုပ်သွားပါသည်..။)
အခြားသော ဥပမာ တစ်ခုမှာ ..
Human Error နည်းနည်းသမျှနည်းအောင် ၊ ပပျောက်အောင် 5 Whys? မေးအပြီးမှာ 5Ss ကိုသုံးပြီိးကိုယ့်ဘက်က မ "ဟာ" အောင်
မ"လေ"အောင် ကြိုးစားကြပါတော့တယ်...။
5. 5 Ss
5Ss of KAIZEN ကတော့ သည်လိုရယ်ပါ.။
1. Sorting (Seiri)
2. Straightening or setting in order / stabilize (Seiton)
3. Sweeping or shining or cleanliness / systematic cleaning (Seiso)
4. Standardizing (Seiketsu)
5. Sustaining the discipline or self-discipline (Shitsuke)
နောက်ပိုင်းမှာတော Safety, Security, Satisfaction ပေါင်းထည့်လိုက်လို့.. 8Ss အထိ ရှိလာပြီဖြစ်ပါတယ်.။
(Influence of Theory Z. By Dr. William Ouchi ဟုပင်ယူဆပါသည်) သည်တော့ အထက်ကစာ ကိုပြန်ကောက်ရရင် လက်ယာဘက် P-D-C-A ရဲ့ အထွက်ရဲ့ input ဟာ လက်ဝဲဘက် P-D-C-Aရဲ့
C- Check Phase ဖြစ်ပါတယ် ။ သည်လောက် စနစ်တကျ (အားလုံးကိုယ်စီ တာဝန်ရှိပါသည်) လုပ်ထားမှတော့...Check ရတာ
သက်သာပါတယ်...(သက်သာတယ်ဆိုပြီးလည်း မခိုကြပါ စနစ်တကျလုပ်ပါတယ်..။) နေရာတိုင်း စနစ်တကျ လုပ်မှတော့
မှန်ကန် မြန်ဆန် သွက်လက်ပြီး ဖွံ့ဖြိုးတိုးတက် လာရပါတော့တယ် လို့ ဆိုချင်ပါတယ်ခင်ဗျား ....။
Case အရ ပြန်ထောက်ရရင်တော့ ..... (ကြောက်တော့ ကြောက်ပါရဲ့လေ......)
၁) ဟိုရက်ပိုင်းက ၄လနဲ့ အပြီးတည်ဆောက်မယ့် စလုံးနဲ့တူအောင်လုပ်မယ့် ဘာညာ သတင်းတွေ ...
၂) သည်ရက်ပိုင်း....၅၀၀၀ နဲ့ ၀ယ်လို့ရမယ့် ဆက်သွယ်ရေးပစ္စည်း ကိစ္စတွေ ...သတိပြုမိကြမယ် ထင်ပါတယ်ဗျာ ...။
P-D-C-A ကြပါ ဆြာတို့ ...KAIZEN ကြပါ. ..။ အကောင်းတွေကြားမှာမှ ကောလဟလ လိုလို ... april fool လိုလို
အတည်ပေါက်နဲ့ နောက်တာလိုလို ဘာဂလိုလို တွေ မကြားချင်တော့ပါဘူးခင်ဗျ...။
အကောင်းဆုံး ကြိုးစားကြည့်မယ် ..နောက်မှ(၀ါ) မမီမှ တောင်းပန်မယ် ...ဒါမျိုးတွေတို့ ...
တဖက်က..ပလင်န် ကိုချပြတယ် ... မဖြစ်နိုင်ကြောင်း တဖက်က ပြန်ချေပတယ်... ( မူးနေတာပဲ)
ကျနော်တို့ ..အားလုံးကိုတော့ ၅ထောင်တန် အိပ်မက်ကလေးတွေမက်စေတာတို့ ....
စောင့်ပါ့မယ်ဗျာ ..စောင့်ပါ့မယ် ..(စောင့်ရတာကြာတယ်လို့လဲ မပြောတော့ပါဘူး..) step-by-step ပေါ့ ... ပြီး ..KAIZENပေါ့..
ကောင်းမွန်သောပြုပြင်ပြောင်းလဲမှုတွေ ကို ဖြစ်ပေါ်လာမယ်ဆို .အားပေးထောက်ခံ ပူးပေါင်း ပါဝင်ခြင်း အားဖြင့်
ပြည်သူထဲက ပြည်သူတယောက် အနေနဲ့ ပြည်သူ့ တာဝန်ကို ကျေစေရပါမယ်ဗျာ..။
"နောက်လူမြည်းရင် ချိုပါစေ" နော .... ကျနော်တို့သမိုင်း ကို ကျနော်တို့ ဘယ်လိုရေးခဲ့တယ်ဆိုတာ ကျနော်တို့ ရဲ့ နောက်လူ
(next generation)က မြည်းစမ်းရမှာပါ....။ ကျနော်တို့ကတော့ ဘာကို မြည်းခဲ့ပြီးပြီ ဆိုတာကိုတော့ အားလုံးလည်း သိပြီးသားမို့ ................ ခင်တဲ့ Inz@ghi @ စိန်ဇာဂီ ဆြာသစ်ရဲ့ ဆင်မီနာ-၃ အမီ တင်ဆက်လိုက်ရပါသည်ခင်ဗျား...။
Ref:
http://en.wikipedia.org/wiki/Kaizen
http://en.wikipedia.org/wiki/5_Whys
http://en.wikipedia.org/wiki/5S_(methodology)
http://en.wikipedia.org/wiki/Masaaki_Imai
http://en.wikipedia.org/wiki/Shewhart_cycle
http://en.wikipedia.org/wiki/PDCA
http://en.wikipedia.org/wiki/W._Edwards_Deming
http://en.wikipedia.org/wiki/Japan#Modern_era
http://ja.wikipedia.org/wiki/%E6%94%B9%E5%96%84
http://ja.wikipedia.org/wiki/TQM
http://ja.wikipedia.org/wiki/%E6%96%B9%E9%87%9D%E7%AE%A1%E7%90%86
http://www.lifehacker.com.au/2010/04/the-5s-method-maintains-clean-lean-order-at-your-workspace/
Related posts:










ကျနော့် ပိုစ့် ၁၀၀မြောက် သော ပိုစ့် ဖြစ်ပါသည်..။
အမှတ်တရ အဖြစ် အပြုသဘောဆောင်မည့် …တန်ဖိုး တစုံတရာ ပေးဆပ်လိုခြင်းဖြင့် ရေးသားသီကုံးပါသည်..။
လွပ်လပ်စွာ …ဝေဖန်ထောက်ရှုဆွေးနွေးငြင်းခုန် နိုင်ပါသည်။
အပြုသဘော ဆောင်ရန်တော့ ဆန္ဒပြုပါသည်..။
ခင်တဲ့
ဂီ
Was this answer helpful?
LikeDislikeအိကိုရေ
နောက်လူမြည်းရင် ချိုအောင် ကြိုးစားပါ့မယ်ခင်ဗျ
အိကိုပြောတဲ့အတိုင်း..ကျနော်တို့ မှာ.တာဝန်ရှိပါတယ်..
ကျနော်တို့ ကြိုးစားကြရအောင်
စကားမစပ်
သီကုံး ပါ.
သီကုန်း မဟုတ်ပါဘူးခင်ဗျာ.
မ-မာ-မိုး-မွန်-မတ် စာပေသတ်ပုံတည်းဖြတ်ရေးအသင်းကြီးမလာခင်ပြောကြည့်တာပါ..
မှားရင်လဲ ဗွေမယူပါနဲ့ .သဂျီးတူမကိုလဲ မယူပါနဲ့ 
ကျနော်နဲ့ ဖြစ်နေလို့ ပါ
Was this answer helpful?
LikeDislikeပြင်လိုက်ပါပီဗျာ…
ထောက်ပြပေးတာ ကျေးကျေးပါ…
အနှီဂိုဏ်းကိုတော့ နှူးဘာ ဂိုဏ်းချုပ်လည်း ကြောက်ရသဗျ…
သဂျီးတူမ ကိုတော့ ယူဘာဘူးဂျာ ….
စိန်ဇာဂီ
Was this answer helpful?
LikeDislikeပိုစ့် ၁၀၀ မြောက်ကို ဂုဏ်ပြုပါတယ်။
သူတို့တွေများ ပိုစ့် ၁၀၀ ကို လွယ်လွယ်လေး ရေးနိုင်တယ်။
တို့နဲ့များ ကွာပ့ါ။
အင်းလေ… ဘယ်တူပါ့မလဲ။ ကျောက်ခေတ်နဲ့ သံမဏိခေတ်ကိုးးးးး ကွာမှာပေါ့။
ဒါပေမယ့် ကိုယ်နိုင်တဲ့ဘက်က ပြောမယ်။
လွတ်လပ်ရေး နော်။ လွတ်လပ်ရေး
Was this answer helpful?
LikeDislikeအဟီး …
စိန်ပေါက်ပေါက် ပြောလို့ …ပြင်လိုက် တာမြန်လို့ …
သဒ္ဒါဂိုဏ်းချုပ် မာမား အား ..
နှူးဘာဂိုဏ်းချုပ် ဂီဂီ ဂါရ၀ပြုပါ၏..
Was this answer helpful?
LikeDislikeတရုတ်လိုတော့ gai shan (ကိုင်ရှန့်) လို့ အသံထွက်တယ် …. အဓိပါယ် အတူတူပဲ …
၁၀၀ မြောက်ပို့စ်လေးက မှတ်သားစရာကောင်းပါတယ် …
祝贺您!
Was this answer helpful?
LikeDislikeလေးလကတော့ နီးစပ်နေပါပြီ။။ ပြီးဖို့တော့ ဟုတ်ဘူး ။ တောင်းပန်ဖို့။ အခုမှ မြေဖောက်ပြီး soil test လုပ်တုန်းရှိသေးတယ် ။။ သို့သော်လည်း ကြိုဆိုပါတယ် ။
ကြယ်၅လေးတွေမလွှတ်တော့ဘဲ သကြားပွင့်လေးတွေလုပ်ကြရအောင်။
Was this answer helpful?
LikeDislikeမစ္စတာဂီရေ အပုဒ် ၁၀၀ တောင် ရှိသွားပြီဆိုတော့ အလွန်ရေးအားကောင်းသူ အတွေးကောင်းသူ စိတ်ကူးကောင်းသူ ပုံပြောကောင်းသူ ဘူးအားကောင်းသူ( အဲလေ ယောင်ကုန်ပါပြီ
) တယောက်အဖြစ် အားပေးနေကြောင်းပါ…
ဒီစာစုလေးကလည်း အကောင်းမြင်တတ်သူတယောက်ရဲ့ သူတပါးကို အကောင်းမြင်တတ်အောင် အကောင်းမြင်စိတ်လေးဝင်အောင် အကျိုးအကြောင်းအဆိုးအကောင်းလေးများကို ချက်နဲ့လက်နဲ့ ရှင်းပြောသွားတဲ့ အတွက် အဖိုးတန်စာစုလေးဖြစ်ပါကြောင်း…
PDCA ဆိုတဲ့ အခေါ်အဝေါ်များရော 5 Ss ဆိုတဲ့ အခေါ်အဝေါ်များရဲ့ အဓိပ္ပါယ်ကို ပါ အသေအချာနားလည်သွားကြောင်းပါ…
Was this answer helpful?
LikeDislikeကျွန်တော် ကြားဖူးနားဝရှိခဲ့တာလေးတွေ ရှင်းသွားလို့ ကိုဂီကို ကျေးဇူးတင်ပါတယ်။ တကယ်မှတ်သားစရာတွေပါဗျာ။ ဆြာဂီ ဆြာပေ ဆြာသစ် အစရှိတဲ့ ဆြာကြီးတွေ မြိုင်နေတဲ့ မန်းဂဇက်ကို
အမြဲဖတ်နေမှတ်နေရတာ တကယ်ပညာလဲတိုး ဗဟုသုတလဲရပါတယ်ဗျာ။
ပို့စ် 100မှ သည်ထောင်ပေါင်းများစွာရေးနိုင်ပါစေဗျာ…..
Was this answer helpful?
LikeDislike၁၀၀ မြောက်ပို့စ်အတွက် ဂုဏ်ယူပါတယ်ညီလေးရေ့။
ဆီမီနာကတော့ အကို ပိုင်တဲ့ ပစ္စည်းမဟုတ်လေတော့ မည်သူမဆို
ဦးဆောင်ဆွေးနွေးနိုင်ပါတယ်နော်။
မတူညီတဲ့အမြင်တွေကိုရချင်လို့၊အဲဒီကမှပိုပြီး ဂုဏ်မြောက်တဲ့ “ရလာဒ်”ကိုလိုချင်တာမျိုးပါ။
ဆန့်ကျင်ဘက်သဘောဆောင်ပြီးဆွေးနွေးရင်လဲ လိုက်လံစဉ်းစားပြီး မှန်၏၊မမှန်၏ပေါ့နော်။
အဲဒီအလေ့အကျင့်လေး ရသွားရင် ကိုယ့်သဘောထားနဲ့မတူလဲ ခင်မင်နွေးထွေးဆွေးနွေးနိုင်တဲ့
အနေအထားကို ရောက်နိုင်မလားလို့ မျှော်ကြည့်မိတာပါ။
ကိုယ့်အမြင်အရတော့ ဂေဇက်ဟာအရင်ထက်များစွာတိုးတက်လို့လာနေပါပြီ။
အမှန်ကိုစွဲကိုင်ဘို့လိုပေမဲ့ မှားမှန်းသိရင်တော့ တောင်းပန်ရမှာပါဘဲ။
အဲဒီအကျင့်စရိုက်တွေ၊မာန်မာနကင်းတဲ့ စကားတွေ၊ခင်မင်သံယောဇဉ်စကားတွေကြားရလို့
ပီတိဖြာရပါတယ်။
ဒီလိုဂေဇက်ကိုလက်ဆင့်ကမ်းထိန်းသိမ်းသွားရမှာမို့ ညီလေးအပါအဝင် အားလုံးရဲ့အင်အားတွေက
အရေးပါတာပေါ့နော်။ အခုဆိုရင်အားလုံး ရဲ့ ဆွေးနွေးချက်တွေဟာ သဘောထားပေါ်မှာ
ဘဲ ဆွေးနွေးတတ်ကြတာမို့၊တဘက်ကပြန်ဆွေးနွေးလာတာကိုလည်း နာလည်နိုင်စွမ်းရှိလာကြပါပြီ။
စိတ်သဘောထားတွေ ရင့်ကျက်ပြည့်ဝမှုကိုတန်ဘိုးထားသူတွေ များစွာတွေ့ရလို့လွန်စွာဝမ်းသာ
ရပါတယ်။
နောက်ဆို ဆီမီနာတွေ ဆက်တိုက်ကိုလုပ်ရမှာပါ။
အားလုံးသော အခြားမဲန်းဘာများကိုလည်း ဒီနေရာကဖိတ်ခေါ်ပါတယ်။
မည်သူမဆို ဦးဆောင်ဆွေးနွေးပေးလို့ရတာမို့ ဆွေးနွေးပေးပါ။
ကျနော်တို့ ပေါင်းစည်းကြပါစို့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကဲ…
ညီရဲ့စာလေးကို လေးလေးစားစား ဖတ်ပြီး တွေးမိတာလေးတွေပြောမယ်ညီရေ့
အစကတည်းကယဉ်သကိုဆိုသလို
အမှားသိတိုင်းအမှန်ပြင်ချင်တဲ့စိတ် ရှိမှကိုဖြစ်မှာပေါ့နော်။
အဲဒီနေရာက အရေးကြီးတဲ့ နေရာပါဘဲ။
အဲဒီနေရာကိုမလုပ်ကြဘဲ အစိုးရမကောင်းတာလက်ညှိုးထိုးတာနဲ့အချိန်ကုန်ကြတာပါဘဲ။
Awareness ပါဘဲ။
ABC-ARTလို့စဉ်းစားမိလို့ပြောဘူးပါတယ်။
Attitude=စိတ်သဘောထားတွေ ပြောင်းရမှာ၊ပြောင်းကိုပြောင်းရမှာဆိုပေမဲ့ ပြောင်းချင်စိတ်
အသိတရား=”Awareness”ကို ရေရှည်ထိန်းသိမ်းရေးက လိုအပ်သွားပြီ။
ရေတက်ငါးဇင်ရိုင်းလို မလုပ်ကြဘို့လိုတယ်ဆိုတာမျိုး။
~~~~~~~~~~~~~~~
PDCA ကတော့အဖွဲ့အစည်းတွေအတွက်သုံးလို့ရပေမဲ့
(လုပ်ငန်းခွင်နဲ့မဆိုင်တဲ့သူဆိုရင်) ပါစင်နယ်ပြုပြင်ရေးကြတော့ အားနဲတယ်။
ဘယ်သူ က ” Check “မှာလဲ။
” Check “တာကိုရော 100% လက်ခံမှာလား။ ကိုယ်ဟာကိုစစ်ရမယ်ဆိုရင်တော့ တိုးတက်ရေးနောက်ကျ
ပါလိမ့်မယ်။ဒါမှမဟုတ် တိုးတက်မှုနဲ့ဝေးနေအုန်းမှာဘဲ။
ဆိုတော့ အကြံဉာဏ်ရယူတဲ့အဆင့်၊ဆွေးနွေးတိုင်ပင်တဲ့အဆင့်၊ပြောဆိုဆုံးမမှုကိုနာခံလွယ်တဲ့အဆင့်ကို
အစားထိုးရမယ်ထင်ပါရဲ့။
ခင်မင်စွာ
အကိုသစ်(^^)
Was this answer helpful?
LikeDislikeကိုသစ်ရေ…
ကျနော် P-D-C-A model မူကွဲလေးတွေ ..စုထားမိတယ်ဗျာ…
သို့သော် sector အလိုက် nature အလိုက် ဟိုဘက်သည်ဘက် နွယ်တာလေးတွေပါရဲ့ …
ခုရေးဖြစ်တာကတော့ အခြေခံ PDCA ကို Toyota modelနဲ့ဆွေးနွေးထားမိတာကိုးဗျာ…(Toyota model လည်း
basic ပဲ ရှိသေးရဲ့ ….)
နောက်တခါတော့ applied SWOT ကို ရေးမယ် စိတ်ကူးမိတယ်ဗျာ …အားပေးပါဦးနော်…
ဆွပ်က် ကို matrix ချပြီး approach ခွဲကြည့်တဲ့အခါ..PDCA နဲ့ တိုက်ဆိုင်မှုလေးတွေ….တွေ့ရသေးတယ်ဗျာ…
အလုပ်တာဝန်တွေရှိတဲ့ကြားကနေ…
အားပေးတာ ..အားဖြည့်ပေးတာ… ကျေးဇူးတင်ပါသည်ကိုသစ်ရယ်…
ခင်တဲ့
စိန်ဇာဂီ
Was this answer helpful?
LikeDislikeညီလေးရေ
၁၀၀ မြောက် ပို့စ် အတွက်
လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူပါတယ်။
လေးလေးနက်နက်တွေ စဉ်းစားပြီး ကွန်းမန့်မပေးတာကြာပါပြီ။
ညီလေးရဲ့ ၁၀၀ မြောက်ပို့စ်လေးမှာတော့ ၀င်ပြီး လေးနက်လိုက်ပါတယ်။
အပေါ်က ကိုသစ်ပြောသွားတဲ့ check ကိစ္စလေးပဲ ကိုယ်လည်း
ဝင်ပွားချင်ပါတယ်။
လူတစ်ဦးချင်းစီကို ရဲ့ အရည်အချင်းတွေကို
စမ်းစစ်တဲ့အခါ evaluation form လေးတွေ စီမံထားဘို့လိုပါမယ်။
ကိုယ် အလုပ်လုပ်ခဲ့ဘူးတဲ့ ကုမ္ပဏီမှာတော့
အဲဒီ evaluation form ကို ကိုယ်ကိုယ်တိုင် ပြုစုထားခဲ့ဘူးတယ်။
အဲဒီ form ထဲမှာ ပါတဲ့ အချက်အလက်တွေကို အခြေပြုပြီး
သက်ဆိုင်ရာမန်နေဂျာတွေက ၀န်ထမ်းတစ်ယောက်ခြင်းစီကို
အရည်အချင်း အကဲဖြတ်ရတာလေးပါ။ ခေတ်တောင်တော်တော် နောက်ကျနေပြီထင်ပါတယ်။
ဘယ်လိုအချက်တွေကို စံထားတယ်ဆိုတာလေးကတော့
ကုမ္ပဏီတစ်ခုနဲ့ တစ်ခုမတူကြဘူးပေါ့။ စီမံခန့်ခွဲသူပေါ်မူတည်ပါတယ်ဗျာ။
အဲဒီ check သဘောနဲ့ တူတယ်လို့ ထင်မိတယ်။
ဒါက လူ တစ်ယောက်ခြင်းစီ အပိုင်းပါ။
plan ကြီးတစ်ခုလုံးကို check လုပ်ဖို့ကတော့
ကိုယ့် အစ်ကို တာဝန်ယူဖေါ်ဆောင်နေတဲ့ plan တစ်ခုကို
ကိုယ့် ကို check လုပ်ဖို့ တာဝန်ပြန်မပေးဘို့ အရေးကြီးပါတယ်။
အဲဒီ plan တွေ ဒုက္ခပေးတဲ့ ဒဏ်ကို ဒီနေ့အထိ မြန်မာပြည်သူတွေ
ခံနေကြရတာပါ။
ဦးနေ၀င်း က လာစစ်လိုက်။ အောက်ကလူတွေက မိတ်ကပ်ဖို့ ပုံမှားရိုက်ပြီး ညာလိုက်
နဲ့ မြန်မာပြည်ကြီး အဆင်းရဲဆုံး နိုင်ငံစာရင်းထဲ ရောက်သွားတာ ကို ကြည့်ရင်
ညီလေး ပြောတဲ့ check ကိစ္စ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ထင်ရှားပါတယ်။
အဲဒီ check လုပ်ရမယ့်လူတွေကိုတောင် သီးသန့်မွေးထုတ်သင့်တယ်လို့ ထင်မိတယ်။
(အထင်)
အောင်မယ်လေး မောလိုက်တာ။
Was this answer helpful?
LikeDislikeCheck ကိစ္စပဲ …သီးခြား ဆွေးနွေးကြစို့ …ကိုသစ်နဲ့ ကိုဘလက်ရေ…
၁။ Check ကို ဘယ်လောက် လက်ခံတယ်ဆိုတဲ့ ကိစ္စ..။
ကျနော်တို့ ကျင့်ယူရဦးမှာပါဗျာ ….။စိတ်ဓါတ်ကလေးတွေ ပြင်ယူရဦးမှာပါ…။
Check အပိုင်းမှာ ကိုယ်တိုင် awareness နဲ့ ပဲ check -check အထက်ကပဲ စစ်ဆေးစစ်ဆေး..
အနည်းဆုံးတော့ ထိုစစ်ဆေးခြင်း အလုပ်ကပင် အလုပ်တာဝန် တရပ်အနေနဲ့ cost ရှိနေပြန်တာကိုးဗျာ…။
(ငွေကြေးမဟုတ်ရင်တောင် အနည်းဆုံး ပါဝင်ပတ်သတ်ရသူတွေ ….အချိန်ကုန်တာပေါ့….)
စိတ်မချရလွန်းလို့ အလစ်မပေးရဲရလောက်အောင် စစ်နေရပြန်ပြီ ဆိုရင်တော့ management cost ထောင်းပြီ
ပေါ့ဗျာ….။ ကိုသစ်ပြောတဲ့… ပါဆင်နယ်လ် ပြုပြင်ရေးပါခင်ဗျာ ….။
၂။ Check ရဲ့ သမာသမတ်ကျမှု …။
ကိုဘလက်ပြောသွားတဲ့ …evaluation form ပုံစံမျိုးပေါ့ခင်ဗျ …။
HR ဘက်ကဆြာတွေကတော့ employee performance appraisal လုပ်တယ်ပြောကြတယ်ဗျာ…။
performance check ပေါ့…..။
၁.internal personnel တွေသက်သက်သုံးမှာလား ..?
(HR dept:, QC dept: လူမုန်းများတယ် ဆိုတာ ဒါမျိုး)
၂. အပြင်က consultant တွေခေါ်သုံးမှာလား …
(သည်ဘဲတွေ မသိပါဘူးကွာ သည် စတိုင်လ်နဲ့ လုပ်လို့ အဆင်ပြေနေတာ ကြာပါပြီ
သူတို့ လျောက်ကျပ်တိုင်း လုပ်နေကြပုံကို ပြင်ရမှာလား …ခုလည်း အိုခေ နေတာပဲကော်….
အီနားရှားတွေဗျ …..change management ဆေးခါး တိုက်ရမယ်ထင့် …)
၃. matrix ဖွဲမယ်ဗျာ ..(အပြင်က consultant ကို အတွင်းက HR, QC နဲ့တွဲပြီး virtual teamဖွဲ့ပြီး check မယ်..)
အကောင်းဆုံးလို့ ထင်စရာရှိပါတယ်.. ..၁- ဟာ အလုပ်ပျက်မယ် ၂ ဟာ ပိုက်ပိုက်ကုန်မယ် မဟုတ်ပါလား ..
အဲ့ ၃ကျတော့ အလုပ်လည်းပျက် ပိုက်ပိုက်လည်း ကုန်တဲ့အပြင် သူတို့ virtual team ရဲ့teamwork ..ပြသနာ
ဒါတွေကြောင့်ပါ management cost ပိုထောင်းသွားနိုင်ကြောင်းပါ…..
သည်တော့ ရပ်တည်မှု အရ …သမာသမတ် မဖြစ်တဲ့ ဆုံးဖြတ်ချက် ဖြစ်သွားသလား …
ပင်း တာလား …ကျောသား ရင်သားခွဲတာလား …ဆန္ဒကတိ လိုက်တာလား ….လားပေါင်းများစွာအရ..
Check ဟာ ၁၀၀%ပြည့် မျှတ ကောင်းမွန်ဖို့ မဖြစ်နိုင်ပါဘူးဗျာ…..
Check တဲ့ လူတွေကိုယ်တိုင်ကိုက မနုဿတွေကိုး ….။
အချုပ်ဆိုရရင် ..personal (awareness, change, attitude, motivation, sense of responsibility)
ဒါတွေရှိမယ်ဆို …Check ဘက်က management cost သက်သာပြီး …တိုးတက်ပြောင်းလဲဖို့ အလွန်
အလားအလာကောင်းပါကြောင်း …….
သည်လို ပြည့်ဝ ကျန ဖြောင့်မတ်ကျမယ်ဆိုရင်ဖြင့် …innovation ကိုအားပေးရာရောက်ပြီး ….
မျှတ သင့်တင့်လျောက်ပတ်စွာသော …လောက လူ့ဘောင် ကို ဖောင်ကျူးနိုင်ပါမည်လို့
ယူဆပါသည်ဗျာ ……
အစ်ကိုတို့ အားပေးကြတာ ကျေးဇူး အများကြီးတင်ပါသည်….
ကျနော် ကြိုးစားပါဦးမည်…
ခင်တဲ့ ..
ဂီ
စာဖတ်သူတို့ခင်ဗျား …
ပြုပြင် ပြောင်းလဲရေးဆိုတာ …သည်လောက် မလွယ်မှန်းသိပါသည် ….သိလို့ တတ်လို့ ရေးနေတာလည်း
မဟုတ်ပါ … တခုလောက်လေးပဲ အကောင်းဘက် ပြင်ကြည့်လျင်ဖြင့် …တစုံတရာသော အကျိုးရလာဒ်
သိသာထင်ရှားစေမည်ဟု ယုံကြည်မိပါသည်….
(သည်နေရာတွင် နှမ်းတစ်စေ့ဖြင့် ဆီမဖြစ် ဆိုသော ရှေးရိုးစကား ကိုဆန့်ကျင်ပါမည်…. )
လူသန်း၆၀သည် တစ်ဦးလျင် နှမ်းတစ်စေ့ကျ လုံ့လပြုပါမူ ….နှမ်းစေ့ သန်း၆၀သည် မည်မျှလောက်
effect ကိုပြပါအံ့နည်း ….။ ထိုမှစ၍ …တစ်ဦးလျင် နှမ်း၂စေ့နှုန်း ….၄စေ့နှုန်း..
(ပိုမိုတတ်နိုင်သူက ၆-၈-၁၀ စသည်ဖြင့် esteem ကိုပြပါက …volunteer ကို ပြနိုင်ပါက …..)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Was this answer helpful?
LikeDislikeသည်ပို့ စ် ကို ဖတ်အပြီး ၊ ငါ့ရောင်ဂျီး ဇာဒူးစိန် ကို ဘယ်လို အားရမှန်း ကို မပြောတတ်တော့ဘူး
တတ်သလို ဘဲ ကွန်မင့်မယ်
Plan = ငါ့ရောင် ပြန်လာတော့မယ်တဲ့ ၊ သွားကြိုရမယ် ၊ ကားစီစဉ်ရမယ် ၊ ဒီကောင်က ဟိုရောက်နေတာ ကြာဘီ ဆိုတော့ မြန်မာ အစားအသောက်ကောင်းကောင်းလေး တွေ လုပ်ထားရမယ်
Do = ဒီကောင်က နှူးဘာဂိုဏ်းချုပ်ဆိုတော့ ၊ သူ ကြိုက်တတ်တာလေးတွေ ကြိုရှာထားဖို့ ကျွမ်းကျင်သူ ငပေါက်ဖော် ၊ မင်း အခုချက်ချင်း သွားစီစဉ်လိုက်
Check = ငပေါက်ဖော် လုပ်တာတွေ အပေါက်တည့် ရဲ့ လားမသိဘူး ၊ သေချာအောင် တစ်ခေါက် ကြည့်လိုက်ပါဦးမယ်
Act = ကားဆရာ ရေ ၊ မင်္ဂလာဒုံ ကို မောင်းဗျို့ 
Was this answer helpful?
LikeDislikeညီငယ် အင်ဇာဂီရေ…ဂေဇတ်မှာ ပိုစ့်(၁၀၀)မြောက်အတွက်ရော ရေးသားထားတဲ့အကြောင်းအရာအတွက်ရော အထူးပင်ဂုဏ်ယူမိပါတယ်။
ညီငယ်တို့လို လူငယ်တွေကဦးဆောင်ပြီး၊နောက်က တက်လာမယ့်အနာဂတ်လူငယ်တွေကို လမ်းပြခေါ်ဆောင်ပေးနိုင်အောင်ကြိုးစားကြမယ် ကျန်တဲ့လူကြီးတွေကလည်း ၀ိုင်းဝန်းကူညီဖြည့်စည်းပေးကြမယ် ဆိုရင်မကြာသောအချိန်ကာလအတွင်းမှာ တိုးတက်ကောင်းမွန်သော နိုင်ငံတော်သစ်ဆီကို မုချဧကန်ရောက်ရှိနိုင်မှာပါ။
Was this answer helpful?
LikeDislikeတူတော်လေး စိန်ဇာဂီရေ – မသိများမသိခဲ့ရင် အသက် ၆၂ နှစ် လူကြီး ကရေးထား သလားထင်ရ၏။
တော်ချက်ကတော့ အမေက ဘာစားပြီး မွေးခဲ့သလဲ လို့မေးချင်တာပါဘဲ။
အရီး ဖတ်ခဲ့ကြောင်း ခဏ သတင်းဝင်ပို့တာပါ။ ပြန်လာပါမည်။
အရီးတော်
Was this answer helpful?
LikeDislikeကိုဆြာဂီရဲ့ ၁၀၀ မြောက်ပို့စ်ကိုသေချာဖတ်သွားပါသည်၊ တခြားမဖတ်ရသည်များကိုလည်း ပြန်လည်ဖတ်ကြည့်ပါဦးမည်၊ Plan, Do, Check, Act, အကြောင်းတွေကို အသေးစိတ်သိသွားသည့်အတွက် ကျေးဇူးတင်ပါသည်………………
Was this answer helpful?
LikeDislikeကိုဂီ ဆိုလည်း ကိုဂီ လုပ်ပါဗျာ…
ကို ရောဆြာပါ တတ်လိုက်တော့ ဖတ်ရတာမျက်စိထဲ အတောင့်လိုက်ကြီး ၀င်သွားလေရဲ့
ကျနော် ဘာ ဆြာမှ မဟုတ်ပါဘူးဗျာ….
ဖတ်ဖူး မှတ်ဖူး ကြည့်ဖူးတာလေးတွေ recall လုပ်ရင်း ဘာသာပြန်ရင်း ၀ါသနာအရ ရေးချဖြစ်ရင်း ပြန်ရှဲတဲ့ သဘောပါပဲ….
ခင်တဲ့….
စိန်ဇာဂီ
Was this answer helpful?
LikeDislikeKAIZEN ကို မြန်မာပြည်မှာ စပြီး အသံကျယ်ကျယ်ပြောတာက ဒေါက်တာ ဒေါ်နုနုရင်ပါ။ အခုတော့ ချင်းမိုင် တက္ကသိုလ်ကိုရောက်နေပါတယ်။ မြန်မာပြည်မှာ စစချင်း ဗွီးရှင်းလေးရှိဖို့၊ နောက်တစ်ဆင့် PLAN ကို SMART ဖြစ်အောင် လုပ်နိုင်ဖို့ အဲဒီ ပလန် လုပ်မယ့်သူတွေရဲ့ အရည်အချင်းကိုက သံသယ ဖြစ်ဖွယ်ပါ။ PLAN က SMART ဖြစ်ပါတယ် ဆိုရင်တောင် အဲဒီအတိုင်း အကောင်အထည်ဖော်ဖို့အတွက် Organizing, Leading and Monitoring တွေအတွက် ဖြစ်နိုင်ပါ့မလား။ လမ်းတောင် ညီအောင်မခင်းတတ်သေးဘူး။ ပလက်ဖောင်းတောင်ဖြောင့်အောင် ညီအောင် မစီနိုင်ဘူး။
Was this answer helpful?
LikeDislikeချင်းမိုင်မှာကတော့ အကုန်ရှိတယ်လို့ကိုပြောရမယ်ကိုလင်းဝေရေ။
ဆရာဦးမြသန်း၊ ဆရာမဒေါ်ရီမေကောင်း (ငွေစက္ကူဦးကောင်းသမီး၊ သူကြီးတို့အနားမှာနေတဲ့
ဒေါ်ကြည်မေကောင်းရဲ့ညီမ)၊ ဆရာမဒေါက်တာနုနုယဉ်ပါ ရောက်နေတာဆိုတော့ စုံပါ့ဗျာ။
ဆရာမကြီးဒေါ်ရီရီမြင့်ကတော့လွှတ်တော်ထဲရောက်နေလေရဲ့နော်။
မမလှ(ဒေါ်ခင်မေလှ) ကောဘယ်မှာပါလိမ့်။။
ဒေါက်တာနုနုယဉ်က တိုကျိုကနေ ပီအိတ်ခ်ျဒီယူသွားတာဘဲ။
စဆဂဝ ဖောင်ဒေးရှင်းနဲ့ အသေးစားစက်မှုစာတမ်းတွေ စာအုပ်ရှိတယ်။ကျနော်စာတမ်းတချို့မှာ
ကိုးကားဘူးတယ်။ စက်မှုဇုံတွေမြန်မာပြည်မှာစကာ အရေးကြတာ။ ဂျပန်ကဆရာတွေနဲ့ပေါင်းပြီးပေါ့။
၂၀၀၁ လောက်ကထင်ပါရဲ့။ဆရာမကြီးဒေါ်တင်တင်နဲ့ ဆရာမဒေါ်ခင်မေလှတို့တော့ 
ဂျပန်လာတုန်းကဆုံဘူးတယ်။
ပတ္တမြားဆောင်က ကိုလင်းဝေတို့ထွက်လာပုံထင်ပါရဲ့။
ပြောလိုတာကတော့ အခုအကျယ်ချုပ်လွတ်လာသူကြီး ကောင်းတာလုပ်ခဲ့တာထဲက
တချို့ကိုသတိရလို့ပါ။ အဲဒီ အမ်ဘီအေ ကိုသူစပေးခဲ့တာလို့မှတ်မိနေတယ်။လွဲရင်ပြော။
အဲဒီအကြောင်းတွေမေးဖို့ပြောဖို့ ကိုလင်းဝေနဲ့ ဆုံရမလိုဖြစ်နေပြီ။(^^)
Was this answer helpful?
LikeDislike100 မြောက် post အတွက် Congratulations!
နေရာတိုင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ ကြားနေတွေ့နေရတာ မင်္ဂလာရှိလိုက်တာ
ကိုယ်တိုင်လည်း ပြင်သင့်တာတွေပြင်ရင်း နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးမှာလည်း
အုတ်တစ်ချပ် သဲတစ်ပွင့် (ဘဘကင်းရဲ့ မသဲပွင့်မဟုတ်) အနေနဲ့ ပါဝင်နိုင်အောင်ကြိုးစားပါ့မယ်
Was this answer helpful?
LikeDislikeစိန်ဂီ့ဂီ့ကို လေးစားတာ စနစ်ကျကျ စိတ်ကူးကောင်းကောင်း
တွေးရေးတတ်ခြင်းပဲ… ချစ်တွားပီ… ချစ်တွားပီ…
မန်းဒလေးရွှေခိုင် ကြက်သားဆိုင်…
Was this answer helpful?
LikeDislikeပိုစ့် ၁၀၀ မြောက်ကို ဂုဏ်ပြုပါတယ်။
ကို inz@ghi ရေးတဲ့ ပို့စ်ဆိုမလွတ်တန်းဖတ်ဖြစ်တယ်ဗျာ..ခက်ခက်ခဲခဲရှာဖတ်မှရမဲ့
အနှစ်တွေကို တစုတစီးထဲ နားလည်လွယ်အောင် ရေးပြလို့..
အထူးလေးစား အားကျ..ကျေးဇူးတင်မိပါကြောင်း..
ခင်မင်စွာဖြင့်
ကြီးမိုက်
Was this answer helpful?
LikeDislikeသိပ်ကောင်းတဲ့ပိုစ်လို့  အခါပေါင်းများစွာ..ပြောချင်ပါတယ် ။
အတွေးအခေါ်.တွေက အရမ်း ကောင်းပါတယ် ။ ဒီလို ပို့ စ်မျိုး ဖတ်ခွင့်ရတာ ကျွန်တော်တို့ အလွန်ကံကောင်းပါတယ် ။
တကယ်ပါ ။
ကျွန်တော်..ဒိပို့ စ်ကို..သိမ်းထားမှာပါ ။ လက်တွေ..ကျင့်သုံးဖို့ ကြိုးစားကြရမယ့် အချက်ကလေးတွေ..ဆိုတော့ တန်ဖိုးးရှိတဲ့ စာတွေ.ပါ ။
တင်ပြပေးလို့ ကျေးဇူးတင်ပါတယ် ။
ခင်မင်လေးစားစွာ….
Was this answer helpful?
LikeDislikeမန်းရင်ကောင်းမလား မမန်းရင်ကောင်းမလား
မမန်းရင်ကောင်းမလား မန်းရင်ကောင်းမလား
ချီတုံချတုံ ချတုံချီတုံ
ချတုံချီတုံ ချီတုံချတုံ
သို့ လော….သို့ လော နဲ့ 
မန်းဖြစ်လိုက်တာက……
အသက် မပါတစ်ဝက် ပါတစ်ဝက်……..
…………………………………
…………………………………
…………………………………
” ဟင်း……………………”
Was this answer helpful?
LikeDislikeမစ္စတာပီိပိုရယ်
ကျွန်တော့်မလည်း
ခင်ဗျား ပို့(စ်)အချို့ဖတ်ပြီး
တိတ်တိတ်ကလေး လှည့်ပြန်ရပေါင်းများ
နေပါပြီ ….
ဒီတစ်ခါတော့ ခင်ဗျားရဲ့
ရာပြည့်ပို့(စ်)လေးမှာ
အရှင်လတ်လတ်ဝင်ရောက်ဖတ်ရှုသွားပြီး
ကုပ်ကုပ်လေး လှည့်ပြန်သွားပါတယ်ခင်ဗျား….
ခင်မင်လေးစားမှုဖြင့်
…….
Was this answer helpful?
LikeDislike၀င်လိုက်ထွက်လိုက်လုပ်နေတာကြာပြီ…
ဝင်တော့ဆွေးနွေးချင်သား…
သူ့ဟာက အသားတွေချည်းဆိုတော့
သိပ်မ၀င်ရဲပြန်ဘူး။
တော်ကြာ မြင်းထိန်းမောင်တာလို
ကင်မရာကြီး လက်ဆောင်ပေးခံရမှဖြင့်
အားနာစရာ။
ဂီဂီရေ -
ဖတ်ရတာ.. သိရတာ.. တိုးရတာ.. တွေအတွက်
ကျေးဇူး … နော…။
Was this answer helpful?
LikeDislikeဂီဂီ
Bravo!!!!!!!!!!(ပုဒ်၁၀၀ ပြည့်တာရော၊စာပေတော်လှန်ရေးခေတ်ကျရင် ရောင်းစားနိုင်တဲ့ စာကောင်းလေးရေးပေးတာရော အတွက်)
အောင်မြင်မှုရဖို့ PDCA အဆင့်တိုင်းမှာ မာယာ (မိမိအပြစ်ကို ဖုံးကွယ်ခြင်း) နဲ့ သာဌေယျ(မရှိတဲ့ဂုဏ်ကို ရှိဟန်ဆောင်ခြင်း) တွေ ကင်းဖို့ လိုမယ်လို့ ထင်မိပါတယ်။ဒါကို Honesty ခေါ်မလား။
Was this answer helpful?
LikeDislikeဟုတ် ….ကျေးဇူးပါ…
ရိုးဂုဏ်ကတော့ တကယ်လိုပါတယ် အန်တီပုဒုမ္မာရယ်..
ရိုးရိုးသားသားပြောရရင်လေ…. ဟီး ….
အန်တီ့ပိုစ့်ထဲက ဗမာဆန်ဆန်လေး ၀တ်ပီး
ကနွန်းSLR ကြီး ကိုင်ထားတဲ့ ခေးမလေးက ချစ်ချာလေးနော်…
ဒါမိုးလေးဒွေ တင်ပါဦးခညာ. ..အားပေးဂျင်လို့ဘာ…..
(စာ ကိုပြောပါတယ် …အဟဲ…)
Was this answer helpful?
LikeDislikeတူတော်လေး ကလဲ ရိုးသား ကြိုးစား ဖိုးသခွါး လေး ဖြစ်ကြောင်း ပြောထားဦးလေ။
စာထဲကလို လိုက်နာကျင့်သုံးတာ ကိုပြတဲ့ သဘောကို ပြောပါတယ်။
Was this answer helpful?
LikeDislikeတူတော်လေး စိန်ဇာဂီ မှ လိုက်နာကျင့်ကြံသင့် သည်များကို စေတနာရှေ့ထား ၍ရှင်းပြပြီး သကာလ အရီးတော် ကျွန်မမှ အနည်းငယ် နှမ်းလေး အနည်းငယ်ဖြူး ချင်ပါတယ်။
ကျွန်မ ရဲ့ နှမ်း က To Make Better ဆိုတာပေါ်မှာ ဘဲ ဖြူးမှာပါ။
ကျွန်မ လို လူပြိန်းတွေး နဲ့ ကတော့ Do it Better, Make it Better ဆိုတာကို အရှည် အမြင့် ကြီး စ မစဉ်းစား ပါဘူး။ လုပ်ငန်း အဖွဲ့ ရဲ့ အုပ်ချုပ်သူ များဖြစ်မှသာ လုပ်ငန်း ကို ပိုကောင်း အောင်ပြုလုပ်နိုင်၊ ဖော်ဆောင် နိုင်တာ မဟုတ်ပါဘူး။ ဘယ်သူမဆို လုပ်နိုင်ပါတယ်။
သန့်ရှင်းရေးသမား တစ်ယောက်က သူ့တာဝန်ကျရာ ပါတ်ဝန်းကျင် ကို အကောင်းဆုံး၊ အသန့်ရှင်း ဆုံး ဖြစ်အောင် လုပ်ထားတယ်။ အဲဒါကို အမြဲ ထိန်းသိမ်းထားတယ်။
စဉ်းစားကြည့်ပါ။ ညစ်ပါတ်နေတဲ့ နေရာ ဆိုရင် အမှိုက်တစ်ခု ပြစ်လိုက်လဲ မသိသာပါဘူး။
ပြောင်လက် သန့်ရှင်းနေတဲ့ နေရာမှာ ဆိုရင်ဖြင့် တော်ရုံ တံထွေး လဲ မထွေးရဲပါဘူး။ အမှိုက်လဲ အလွယ် မပြစ်ရဲပါဘူး။ ဒီတော့ အမှိုက်ပုံး ရှာပြစ် ပါတယ်။ သန့်ရှင်းရေးသမား ရဲ့ သူ့တာဝန်ကို အကောင်းဆုံး ဖြစ်အောင် လုပ်လိုက်တာ ဟာ ကျန်တဲ့ သူ့ပါတ်ဝန်းကျင် ကိုပါ စည်းကမ်းလိုက်နာတတ်သူ တွေဖြစ်စေပါတယ်။
ဒီတော့ ကိုယ်ရဲ့ တာဝန်ကျရာ အလုပ်အပေါ်မှာ ကောင်းသည်ထက်ကောင်း အောင် လုပ် နေရင်း နဲ့ တစ်ခြားသူများ ကိုပါ ကောင်းလာစေအောင် စွဲဆောင်နိုင်ပါတယ်။
ဒီ ရွာ ထဲမှာ ဝေဝေတို့၊ မှီ တို့ က ဟင်းချက်နည်း လေးတွေ တင်လိုက်တယ်။ ကျွန်မ တို့ ကိုယ်တိုင် ချက်မကြည့်ဘဲ နဲ့ ကိုယ်တွေ့အရသာကောင်း တာကို မမြည်းနိုင်ပါဘူး။
)
အရသာ သိချင်ရင် ကိုယ်တိုင်ကို ချက်ကြည့်ရပါတယ်။ (သူတို့ အိမ်သွားစားမည် မပြောပါနှင့်
ဒီလို ပါဘဲ နိုင်ငံထူထောင်ရေး၊ ပြုပြင်ပြောင်းလဲ ရေး တွေ အတွက် အခု ဂီဂီ ရေးတဲ့ စာမျိုးတွေ ဘက်ပေါင်းစုံ၊ လူပေါင်းစုံ က ပြောကြပါတယ်။
ကိုယ်တိုင် စပြီး ဝင်မလုပ်ကြည့်ရင် အဲဒီ စာတွေ ရဲ့ ကောင်းကျိုး ကို အရသာ ခံနိုင်မှာ မဟုတ်ပါဘူး။
ကျွန်မ ကြားဘူးတာလေးတစ်ခု မျှပါရစေ။ အများစုကတော့ သိမှာပါ။
အမေရိကန် က နာမယ်ကြီး အော်ပရာဝင်းဖရေး TV ရှိုး ဟာ အလွန် နာမည်ကြီးပါတယ်။
အဲဒီ ရှိုးမှာ လူမှုရေးရာ ပြဿနာတွေအကြောင်း၊ ရောဂါတွေ အကြောင်း၊ စိတ်ဓာတ်ရေးရာ မြှင့်တင်ရေးတွေ အကြောင်း၊ မိမိကိုယ်ကိုယ်ကို တိုးတက်စေရေး အကြောင်း စတာတွေ ကို သက်ဆိုင်ရာ လူတွေ ဖိတ် အင်တာဗျူး ပြီး ဆွေးနွေးကြပါတယ်။
တစ်နေ့ သူ့ရှိုးမှာ လာကြည့်တဲ့ ပရိတ်သတ် အားလုံး ကို ဒေါ်လာ ၂၀၀၀ ပေးမယ် လို့ကြေငြာခဲ့ပါတယ်။
ပရိတ်သတ် အားလုံး ဟေး ကနဲ ပျော်သွားပါတယ်။ ဒါပေမဲ့ နောက်စကားတစ်ခွန်း ကြောင့် ပြုံးနေတဲ့ အပြုံးတွေ ဟာ ခပ်တွန့်တွန့် ဖြစ်သွားကြပါတယ်။
“အဲဒီ ငွေ ကို သိကျွမ်းခြင်း လုံးဝမရှိတဲ့ တစိမ်းတွေ ကို ပေးလိုက်ရမယ်” လို့ ပြောဆို လိုက်ခြင်းကြောင့်ပါ။
ပြီးတော့ သူက ဆက်ပြောပါတယ်။
“တစိမ်း တွေကို နှောင်ကြိုးမဲ့ ဖြူစင်စွာ ကူညီခြင်းရဲ့ နောက်က ရလာတဲ့ စိတ်ခံစားမှု ပီတိ ကို သူမ ရဲ့ ပရိတ်သတ်ကြီးကို ကိုယ်တိုင် ခံစားပြီး ကြည့်စေချင်လို့ပါ” တဲ့။
ဒီတော့ ကျွန်မ လဲ ကိုယ့်ဟာကိုယ် အမြဲသတိပေးလို့ ကိုယ်လုပ်နိုင်တာလေး တွေကို လုပ်ပေးနိုင်တဲ့ လက်လှမ်းမှီ တဲ့ နေရာလေးတွေမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြည့်ပါတယ်။ ကိုယ့်အလုပ် ထဲမှာ အပြင် အခြား လူမှုရေး နေရာလေးတွေမှာလဲ တစ်စွမ်းသ၍ပေါ့။ အနည်းဆုံး ကိုယ်လမ်းသွားရင်း အမြင်မတော် တာတွေ့ ရင်လဲ ကူညီလိုက်နိုင်တာပါဘဲ။
ဒါပေမဲ့ ကူညီရာမှာ သတိတော့ ထားနိုင်အောင် ဖတ်ဘူးတဲ့ ဇာတ်လမ်းလေး ပြောချင်ပါ သေးတယ်။ ဆရာမင်းလူ ပရိတ်သတ်ဆိုရင်တော့ ဒီအကြောင်းကို သိပါမယ်။
ဆရာမင်းလူ ရဲ့ ဝတ္တုတစ်ချို့မှာ ပုံသေသုံးတဲ့ ဇာတ်ကောင်လေးတွေရှိပါတယ်။ သူတို့က မြို့မရောက် တောမကျ ရပ်ကွက် ထဲ က ရပ်ကွက်သူ/သား တွေပါ။
ဆရာမင်းလူ က သူ့ရဲ့ အဲဒီ ဇာတ်ကောင်တွေကို အင်မတန် ချစ်စရာကောင်းအောင်ဖွဲ့ပြ တတ်ပါတယ်။ တကယ်တော့ ကျွန်မတော့ ရွာသူ/သား တွေက တောင် ပိုချစ်စရာ ကောင်း ပါတယ်။
အဲဒီမှာ အောင်ဘာလေ လို့ အမည်ရှိ အင်မတန် ကူညီတတ်တဲ့ လူငယ်တစ်ဦးရှိပါတယ်။
ဘယ်လောက်တောင် ကူညီတတ် သလဲဆိုတော့
“အိမ်တစ်အိမ် ကို ဖောက်ထွင်းပြီး မလာတဲ့ တီဗွီကြီး ကို ဝင်ကူမပေးတာမျိုး”
“ကားတွေရှုပ် တဲ့ လမ်းမကြီး တစ်ဖက်မှာ ရပ်နေတဲ့ အဖွားအို ကို လက်ဆွဲ ပြီး လမ်းကူး ပေးလိုက်တာ အဲဒီ အဖွား က လမ်းကူးဖို့ မဟုတ်တာကြောင့် နောက်တစ်ခေါက် ဟိုဘက်ခြမ်း ကို ပြန်ပို့ ပေးလိုက်ရတာမျိုး”
ပြောချင်တာက တော်ကြာ ကူညီချင် ဇောနဲ့မို့ အဲဒီလို လဲဖြစ်မစိုးလို့ပါ။
ဒီတော့ အချုပ်ပြောရရင်တော့ အားလုံးလုပ်နေကြတာပါဘဲ။
(၁) ကိုယ် လုပ်နေတဲ့ အလုပ်ကို ပိုကောင်းအောင် စေတနာလေး ပိုထည့်လိုက်ဖို့ ရယ်။
(၂) ကိုယ့် အလုပ်အပြင် တစ်ခြားသူတွေအတွက် လဲ တနည်းနည်းနဲ့ ပိုကောင်းနိုင်ဖို့ ပရဟိတလုပ်ငန်း လေးတွေမှာပါ အားဖြည့်ကြည့်ဖို့ရယ်။
ဒါကို လူတိုင်း နေရာတိုင်း အဆင့်တိုင်းက အားလုံး လုပ်နိုင်ရင်တော့ ကျွန်မတို့ နိုင်ငံ ဘယ်လိုမှ မတိုးတက် နိုင်စရာ၊ စိတ်ဓာတ်ရေးရာ မမြင့်မား စရာ အကြောင်း ရှိမှာ မဟုတ်ဟုထင်ပါ ကြောင်း။
ကဲ ရွာသူ/သား – မြန်မာပြည်သူ/သား အပေါင်းတို့ရေ ……. KAIZEN!!!!!
ဂီဂီရေ ဒီလို အဖိုးတန်စာလေးတွေ နဲ့ ဆက်တွေး၊ ဆက်ပြောခွင့် အတွက် ကျေးကျေးပါကွယ်။
ခင်မင်သော
အရီးတော်
စကားမစပ်လား – အတင်းစပ်တာလား။ ပြောစရာ ကျန်တဲ့ တစ်ချက် က ကိုလင်းဝေ နဲ့ ကိုသစ် တို့ရဲ့ အပေါ်က comment တွေထဲမှာ အမေ့ အမည်ပါခဲ့လို့ ဆွေမျိုးစပ်ပါ တယ်။
၈၈ အရေးအခင်းတွေ အပြီး ၁၉၉၀-၁ ကျောင်းပြန် အဖွင့် Production Management ဆိုတဲ့ ဘာသာရပ် ပါလာပါတယ်။ ဂျပန်ပြန် ဆရာမ ပူပူနွေးနွေးရဲ့ ပွဲဦးထွက် တပည့် အတန်းသူ ၆ယောက် သာ ရှိတဲ့ အတန်းမှာ အရမ်းချစ်ဖို့ လဲကောင်း၊ စည်းကမ်းလဲကြီး၊ ရစ်လဲရစ်၊ စိမ်ခေါ်ခြင်းတွေ လဲ အပြည့်ပေးခဲ့တဲ့၊ ဂီဂီ ရဲ့ PCDA ထဲက D မှာ ရေးထားသလို ဆိုက်ကားသမား ကိုတောင် Production အကြောင်း ကို နားလည် သဘောပေါက်အောင် ရှင်းပြနိုင်တဲ့၊ ၄၅ မိနစ် ၂ချိန်စာ ဆက်တိုက် ကိုတောင် အချိန်ဘယ်လို ကုန်သွားမှန်း မသိအောင် စွဲဆောင်မှု ရှိစွာ သင်ကြားပေးတဲ့၊ သူ ၇နှစ် နီးပါး ပညာ ဆည်းပူး ခဲ့ရာ ဂျပန် က အကြောင်း တွေကို မျက်စိထဲမှာပေါ်ပြီး အတုခိုး အားကျ စိတ်ပေါ်လာအောင် ကို သွန်သင်ပေး နိုင်တဲ့၊ ကျွန်မတို့ လို့ ချစ်စနိုး အမေ လို့ခေါ်ခဲ့တဲ့ ……………………………
ကျွန်မ တကဲ့ကို အရမ်းလွမ်းနေပါသည်။
Was this answer helpful?
LikeDislikeတူတော်လေး စိန်ဂီ ….
ပြောဖို့ ကျန်ခဲ့လို့ ……
အကြိမ် ၁၀၀ မြောက် ရေးဖွဲ့နိုင်မှု အတွက် ဂုဏ်ယူပါ၏။
၁၀၁ ကြိမ်မြောက် ကို မျှော်နေပါ၏။
စိတ်အေးချမ်းသာစွာဖြင့် အမြန် ရေးနိုင်ပါစေသောဝ် …….
အရီးတော်
Was this answer helpful?
LikeDislikechecking အတွက် အောင်ဘုလိုကောင်မျိုးကို ဝါးရင်းတုတ်တချောင်းပေး လုပ်ခိုင်းရမယ်။ မူးမူးနဲ့ အကုန်လျောက်ရိုက်မှ တော်ရုံကြမယ်။ သူ့ကို ထရေတအိုး၊ ပဲကြီးလှော်တဆုပ် ပေးလိုက်ရင်ပြီးလို့ စရိတ်စကလည်း သက်သာ၊ ရွာရိုးကိုးပေါက် လျောက်သွားမူးဆဲရမ်းနေတာမျိုးလည်း ရှိမှာမဟုတ်တော့ဘူး။။။
Was this answer helpful?
LikeDislikeရာပြည့်ဆိုတော့ ရွှေရတုလို့ခေါ်ကြတာဘဲဟုတ်ဘူးလား
အထိပ်မှတ်ပွဲဆိုရင်တော့ ဘီဒီယိုဒေဘာဒေ အလဂါးပြမယ်ထင်တယ်နော
ကျုပ်တို့ရွာမှာလဲ အသက်တစ်ရာရှိတဲ့ အဖွားကြီးတစ်ယောက်ရှိတယ်
တုန်ချိတုန်ရှိနဲ့ လူဖြစ်ကျိုးမနပ်လိုက်တာ
လူတွေများ ကြံကြံဖန်ဖန်ဆုတောင်းကြတယ် သက်တော်ရာကျော်ရှည်ပါစေဘာညာ
ဘယ်ကောင်မြှောက်ပေးလိုက်လဲတော့သိဘူး
ကျုပ်ကိုများ ဒီလိုလာဆုတောင်းပေးလို့ကတော့ ထပြီးတော့ကို လယ်ဘင်းညှစ်မယ်
ကျုပ်က အပေါ်ကနေ သက်တော်ရာကျော်ရှည်ပါစေဆိုတာနဲ့ လေ၇ှည်ရတာက
ဒီပို့စ်ကို အားလုံးက ကောင်းပါတယ်ဘာညာကွိကွ ချီးမွှမ်းနေကြတော့
လူတွေက သူ့ဘာသာ တုန်ချိတုန်ချိ သေခြင်စော်နံနေတာကို ဘုမသိဘမသိ
ဟိုဘဝက ဘာလှူခဲ့လို ညာလှူခဲ့လို့ဆိုပြီး
အသက်ရှည်တာ သဘောကျနေကြသလိုဖြစ်နေပြီ
ဆိုခဲ့ပြီးသလို ဗမာပြည်ကြီးကို နိပွန်းမာစတာတွေ ( ဆုံးရှုံးမှု့တွေ ) ထဲကနေဘယ်လို
တိုးတက်အောင်လုပ်ခဲ့တယ်ဆိုတာလေး ကတော့
သိပ်ကောင်းတဲ့ သင်ခန်းစာလေးဘဲ
မရှိတာထက် မသိတာခက်သတဲ့
မသိခြင်းမှာမှ ကိုယ်ဘာကောင်မှန်း မသိတာဆိုတယ်လို့ပြောရင် ကျေနပ်ကြပါ့မလား
( ဂျပန်တွေက လွပ်လပ်မှု့အတွင်းကနေ ကြိုးစားတာ ) လေဗျာ
( ခင်ဗျားတို့ က ကိုယ့်ကိုယ်လွပ်လပ်နေပြီလို့ဆိုတာလား ??? )
တော်တော်အပင်ပမ်းခံတယ်နော
လွပ်လပ်လို့ကတော့
ကမ်းရိုးတန်းက ရေနံဆီတွေ မီးခြစ်ထဲကိုထည့်တဲ့ အငွေ့တွေကို မြန်မာပြည်ထဲမှာ
တရုတ်မီးစက်နဲ့ မီးတွေထွန်းပြီး ဘီဒီယို မိုးလင်းဘောက်ကြည့်ရရင်
ပျော်စရာကြီး
ပြောခြင်သေးတယ် လူတွေကြိုက်ပုံမပေါ်ဘူး
ဒီတော့လည်း
ကောင်းတယ်ဗျာ ခင်ဗျား တော်တော်တွေးခေါ်တတ်တယ်
စက်ကြာဝလာထဲသွားပြီး ခုလက်ရှိ ဂဘာရဲ့အပေါ်မှာ အခြားဂဘာသစ်တစ်ခုရှာ
ပြီးရင် တရုပ်နိုင်ငံ အပေါ်တည့်တည့်ကို ချီးပါချ
Was this answer helpful?
LikeDislikeဒွေးလေးမခင်လတ်,
ဒွေးလေး အမေကို လွမ်းနေရင် ဂျီမေးလ်လိပ်စာပေးလိုက်မယ်။ pls contact me.
ဒွေးလေး လွမ်းချင်းကို တောင် ကော်ပီကူးပြီး အံတီတောက် ဘောက်စ်ထဲ ထည့်ပေးလိုက်တော့ ဘယ်သူတုန်းတဲ့။ အနော်လည်းတိဘူး ချယ်လို့။ ချယ့် တပည့် တစ်ယောက်ယောက်ပေါ့လို့ပဲ ပြောလိုက်ရတယ်။
Was this answer helpful?
LikeDislikeနောက်ထပ်ရလာတဲ့ တူတော်လေး ကိုလင်းဝေ ရေ – သိရတာ အများကြီး အများကြီး အများကြီး ဝမ်းသာပါတယ်။
မိတ်ဆွေတိုး ခြင်းဟာ မင်္ဂလာ တစ်ပါး ပါဘဲ။
ဒွေးလေး နဲ့ တီချယ်တောက် ရင်းရင်းနှီးနှီး ကို သိပါတယ်။
ဒွေးလေး ရဲ့ နာမယ်က အလယ်စာလုံးကို ပြော ရင်၊ အရင် ဒွေးလေး မြန်မာပြည်တုန်းက အလုပ်လုပ်ခဲ့တဲ့ နေရာ ကို ပြောရင် သူ ဒွေးလေး ကို ထ ဆဲ မှာ သေချာပါ၏။
ပြောလိုက်ပါ ဦး။ သူ့ အခြမ်းကြီး နဲ့က တော့ ဒွေးလေး အဆက်အသွယ် မပြတ်ပါ။ သူ လဲ ပြတ်မှာ မဟုတ်ပါ။
အဲဒီ သူ့အခြမ်းကြီး ဆိုတာကို ဒွေးလေး တို့က အဖေ ခေါ်တယ်။
ကို လင်းဝေ email ဘယ်လို ရမလဲ။ သူကြီး ရေ ပို့နိုင်မလား။
ကျေးဇူး အများကြီး တင်ပါ၏။
Was this answer helpful?
LikeDislikeသများပိုစ့်မှာ အမျိုးတွေ ပြန်တွေ့ကြတာ ဖတ်ရလို့…
ဝမ်းသာမိပါသည်ချင့်…
ခင်တဲ့
ဖားသက်ပြင်း
P.S
ဖတ်လို့ရနေတာပဲ …. ထူးဘာဘူး…..
အပ်ပဒိတ်လိုက်ပါသည်ချင့်….
Was this answer helpful?
LikeDislikeဟီး
ချောဒီးချောဒီး
Was this answer helpful?
LikeDislike@Moe Z
အားပေးတာ ကျေးဇူးတင်ပါတယ်ကိုရင် မိုးဇီး ရေ…
ဘယ့်နှယ့် ကြွက်ဖြစ်သွားရတာတုန်း …
ရွာထဲ ကြောင်က ပေါပါသဘိနဲ့ …..
@ကိုရင်စည်သူ
ချစ်တော့ မချစ်လိုက်ပါနဲ့ဗျာ …
စကီလေးဒွေ ချစ်ဖို့ ချန်ထားပါ ..ခစ်ခစ်..
စကားမစပ် ကိုရင့်ဆီမှာ
ယတြာလေး ဘာလေးပူစာဦးမှပဲ ကိုရင်စီရေ့ ….
အင်္ဂါနာမ် စက်ပစ္စည်းတွေ ခုတလော သိပ်ချူချာတာပဲ…
@kyeemite
အားပေးသွားတာ ကျေးကျေးပါ ခင်ဗျား…
@alinsett
ကိုအလင်းဆက်ရေ ..
pro စာရေးဆြာ တယောက် ဆီက အသိအမှတ်ပြု ချီးကျူးခံရလို့
ကျနော် အတိုင်းမသိ ၀မ်းမြောက် မိပါကြောင်း …
@nigimi77
@comegyi
@ဦးဦးပါလေရာ
အဲ့လိုမဟုတ်ပါဘူးဆြာသမားတို့ရယ်….။ အသာလုပ်ကြပါ…
ကျနော် လုပ်နေ သုံးနေရတဲ့ နေရာ အနေအထားနဲ့
ထိစပ်နေလို့ အကျွမ်းတ၀င်ရှိနေလို့ ရေးဖြစ်သွားတာပါဗျာ..
@ ဆြာ/ဆြာမ ၃ဦး (ကိုလင်းဝေ၊ကိုသစ်၊အရီးတော်)
အမျိုးအတင်းစပ်ရရင်တော့…..
အမည်နာမဖော်ပြခံ ညွှန်းဆိုခံ ဆရာမကြီးတွေရဲ့ တပည့်ရဲ့ တပည့် အဆင့်(မြေးတပည့်) လောက်ရှိတဲ့ချာတိတ်ပါခည….
အချို့ဆြာ/ ဆြာမများထံမှ ဆင်မီနာလောက်သာ နားထောင်ဖူးပါသည်ဗျာ။
အခါအခွင့်သင့်တဲ့အခါ ဆရာမကြီး ရဲ့ Production Mgmt: အကြောင်း မှတ်သား နာယူချင်ပါတယ်ခင်ဗျား..
ခင်တဲ့
ဖားသက်ပြင်း
Was this answer helpful?
LikeDislikeအမည်ပြောင်းသွားတော့ လဲ – တူတော်ဖား (သို့) တူတော်ပြင်း (သို့) တူတော် ဖားပြင်း ရေ
ပညာ ဆိုတာ ကြီးသူထံမှ ငယ်သူ ထံကို သာ စီးဆင်းတာမဟုတ်ပါ။
ငယ်သူ ထံမှ လည်း ကြီးသူ များ သင်ယူရပါသည်။
အခုခေတ်မှာ ပိုတောင်ဆိုးသေး။ ငယ်သူ များက ပိုပြီး လက်စောင်းထက် နေတာ။
မမ ပြောတဲ့ သံမဏိ ခေတ် (သို့) အိုင် ခေတ် ကိုး။
အရီး တို့အားလုံး လဲ ရွာထဲက တူတော်လေးနဲ့ တစ်ကွ ကိုယ့် တူ/တူမ အရွယ် ကလေး တွေဆီလဲ ပညာတွေ၊ ဗဟုသုတတွေကို ပျော်ရွှင်စွာ စားသုံးနေပါကြောင်း။
ကျေးကျေး ပါ တူတော်လေးရေ။
Was this answer helpful?
LikeDislike“နောက်လူမြည်းရင် ချိုပါစေ”တဲ့
အင်ဇာဂီရေ အတော်ကောင်းတဲ့စာသားလေးပါ
ချိုမြမဲ့ခေတ်ကိုတော့လှမ်းမျော်နေပြီလို့တော့ထင်ရတာဘဲလေ
ကောက်မသွားဘဲဖြောင့်ဖြောင့်လေးသွားဘို့အရေးကြီးပါတယ်..
အင်ဇာဂီရဲ့တစ်ရာမြောက်ပို့ကိုအားပေးသွားပါတယ်
Was this answer helpful?
LikeDislikeအဲဒါလေးကြိုက်တယ်..။
ကျန်တာ.. မမှီပါဘူးခင်ဗျာ…။
စကားအတင်းစပ်…
.. ဒေါ်ကြည်မေကောင်းက.. အယ်လ်အေကမဟုတ်ဘူးဗျ…
သူ့အမျိုးသားက.. ယူအက်စ်လာရင်.. အယ်လ်အေကအိမ်မှာတည်းတတ်တာပါ..။
(အမျိုးစပ်ရင်တော့.. အမျိုးတော်နေတယ်…။)
အယ်လ်အေနားက.. အောရင့်ခ်ျကောင်တီမှာနေတာ…အဲဒီခေတ် ငွေစက္ကူထုတ်တဲ့..ဗဟိုဘဏ်က…. တခြားတယောက်ရဲ့..သားသမီးတွေပါ…
အကယ်ဒမီဒေါ်မေယုတို့ကို ပြောတာပါ…
သေချာအောင်… ပြန်တော့မေးထားတယ်..။
Was this answer helpful?
LikeDislike