ကလေးများ မိမိကိုယ်ကိုတန်ဖိုးထားတတ်စေရန်
|635- Hits|“Value” ကို “စံ” ဟု ဘာသာပြန်ချင်ပါသည်။ ကျွန်မတို့သည် မိမိကိုယ်ကို တန်ဖိုးထားတတ်ရန်အတွက် သတ်မှတ်ချက်များ လိုအပ်ပါသည်။ အကယ်၍ ထိုစံအဖြစ်သတ်မှတ်ထားချက်များမရှိလျှင် မိမိကိုယ်ကို အကောင်းမြင်တန်ဖိုးထားမှု self-esteem လည်း မရှိနိုင်ပါ။ ထိုကဲ့သို့ အကောင်းမြင်စိတ် တန်ဖိုးထားစိတ်များကို ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးသင့်ပါသည်။ မိမိ၏ကလေးအားထိုတန်ဖိုးကို နားလည်အောင် လေ့ကျင့်သင်ကြားပေး နိုင်သူမှာ မိမိကိုယ်တိုင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိဘတိုင်းသည် ကလေးတိုင်းအတွက် role model ဖြစ်သောကြောင့်ဖြစ်ပါသည်။ ကလေးတစ်ယောက် ၈နှစ်အရွယ်ရောက်လျှင် မိဘနှင့်အတူနိုးလျှက်ရှိချိန်မှာ နာရီပေါင်း (၄၀၀၀၀) ခန့်ရှိပြီး ကျောင်း၌နေချိန်မှာ နာရီပေါင်း (၄၀၀၀) ခန့်သာရှိပါသည်။ ကလေးတစ်ယောက် မိမိကိုယ်ကို အကောင်းမြင်စိတ် တန်ဖိုးထားစိတ်ကို တည်ဆောက်ယူရာတွင် ကူညီပေးရမည့် အဓိကအချက်မှာ “စံ” များကို သတ်မှတ်ပေးခြင်းနှင့် ကလေးရော မိမိကိုယ်တိုင်ပါလိုက်နာခြင်းဖြစ်ပါသည်။
စံများကိုသတ်မှတ်ပေးရာတွင် တာဝန်သိတတ်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ရိုသေလေးစားခြင်း၊ သနားညှာတာ ကြင်နာတတ်ခြင်း၊ အတူတူပူးပေါင်းဆောင်ရွက်ခြင်းနှင့် ရဲရင့်ခြင်းစသောဝေါဟာရများကို အမြဲတမ်းအသုံးပြုပြီး ကလေးများနားလည်အောင် ရှင်းပြပြောဆိုပေးပါ။ ထိုစကားလုံးများကို ထပ်ဖန်တလဲလဲ အသုံးပြုပေးပါ။ ထို့ပြင် ၎င်းတို့၏ဆန့်ကျင်ဘက်စကားလုံးများကိုလည်း ပြောပြပြီးခြားနားချက်များကို ကလေးအားနားလည်သိရှိပါစေ။
ကလေးအား ဝေဖန်ခြင်းတက် ချီးမွမ်းခြင်းကိုအလေးထားပေးပါ။ ကလေးအားအပြစ်တင်ဝေဖန်ခြင်းသည် ကလေး၏မိမိကိုယ်ကိုတန်ဖိုးထားစိတ်ကို ဖျက်ဆီးရာရောက်ပါသည်။ ကလေး၏အမှားနှင့်အားနည်းချက်များကို ဝေဖန်အပြစ်တင်ခြင်းထက် ကလေး၏ကောင်းသောအပြုအမူတစ်ခုကိုတွေ့တိုင်း ချီးမွမ်းခြင်း၊ ဆုချခြင်းပြုလုပ်ပေးပါ။ အစားအသောက်နှင့် ဆုချခြင်းကိုရှောင်ကျဉ်သင့်ပါသည်။ ကလေးမှအမှတ်ရနေမည့် ဆုမျိုးဖြစ်ရန်လိုအပ်ပါသည်။
ကလေးသည် မိမိကိုကြောက်၍နာခံခြင်းထက် သတ်မှတ်ထားသောစံတစ်ခုကို သူကိုယ်တိုင်ကအလေးထားပြီး လိုက်နာခြင်းမျိုးဖြစ်သင့်ပါသည်။ ဤသည်မှာအတွင်းစိတ်နှင့် အပြင်စိတ်၏ခြားနားချက်ဖြစ်ပါသည်။ အတွင်းစိတ်၏ ခံယူချက်ကား တည်မြဲပြီး အပြင်စိတ်မှာ အကြောင်းအမျိုးမျိုးကြောင့်ပျက်စီးတတ်ပါသည်။
ကလေးတိုင်းသည် မိဘများကိုအတုယူကြပါသည်။ မိမိပြောလိုက်သောစကားထက် မိမိ၏အပြုအမူက ကလေးအတွက်ပိုအရေးကြီးပါသည်။ လူတိုင်းသည် စီးပွါးရေး၊ လူမှုရေးကိစ္စရပ်များနှင့်ရှုပ်ထွေးပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဒေါသထွက်ခြင်းများဖြစ်တတ်ပါသည်။ တစ်ခါတစ်ရံတွင် ကလေးများရှေ့၌ မသင့်တော်သော စကားလုံးများအသုံးပြုမိခြင်း၊ ကျိန်ဆဲမိခြင်းများပြုလုပ်မိနိုင်ပါသည်။ ထိုသို့ပြုမိတိုင်း မိမိ၏ကလေးများကို ထိုအပြုအမူများကို လက်ခံထိုက်သည်ဟု သတင်းပေးရာရောက်ပါသည်။ အကယ်၍ မိမိသည်သတ်မှတ်ထားသော စံထက်နိမ့်ကျသော အပြုအမူမျိုးကို ပြုလုပ်မိလျှင် ကလေးအားမိမိမှားသွားသည်ဟု ၀န်ခံပြောဆိုပြီး တောင်းပန်ရန်ဝန်မလေးပါနှင့်။
ကလေးများ၏မိမိကိုယ်ကို တန်ဖိုးထားစိတ်သည် အောက်ပါအချက်များပေါ်တွင် အခိုင်အမာမူတည်ပါသည်။
၁။ ကလေး၏ လုပ်ဆောင်ချက်တစ်ခုခုကို ပြီးမြောက်အောင်မြင်ခြင်းကြောင့်မဟုတ်ပဲ ကလေး၏အရှိအတိုင်း အချစ်ခံရသည်ဟု ကလေးအားခံစားရစေခြင်းမှာ လွန်စွာအရေးကြီးပါသည်။ မိဘတစ်ချို့သည် ကလေးများအားချစ်ခြင်းမေတ္တာကို ပြသလျှင် ကလေးအားဖျက်ဆီးရာရောက်သည်ဟု အထင်ရှိကြသည်။ အကယ်၍ ထိုချစ်ခြင်းမေတ္တာအား စည်းကမ်းချက်များနှင့်တွဲပြီး ပြဌာန်းပါက ကလေးကိုဖျက်ဆီးရာ လုံးဝမရောက်မှာ သေချာပါသည်။ ကလေးငယ်၏အပြုအမူကိုလိုက်ပြီး ကလေးအားချစ်တယ်၊ မချစ်ဘူးဟု မပြောသင့်ပါ။ အကယ်၍ ကလေးမှ အမှားအယွင်း တစ်စုံတစ်ရာပြုမိလျှင်တောင် မင်းကိုချစ်တယ် ဒါပေမယ့် မင်းလုပ်တာကိုတော့ သဘောမကျဘူးဟု ပြောသင့်ပါသည်။ မင်းက တော်တော်ဆိုးတဲ့ကလေးပဲ ဆိုသောအသုံးအနှုန်းမျိုး မသုံးမိပါစေနှင့်။ ကလေး၏အပြုအမူကိုသာဝေဖန်ပါ၊ ကလေးကိုမဝေဖန်ပါနှင့်။
၂။ ကလေးသည် သူကိုယ်တိုင် ချမှတ်ထားသော ပန်းတိုင်များသို့ရောက်ရှိအောင်မြင်ခြင်းသည် ကိုယ့်ကိုကိုယ်ယုံကြည်မှုကို တည်ဆောက်ရာတွင် အရေးအကြီးဆုံးဖြစ်ပါသည်။ ကလေးကို အမှီအခိုကင်းအောင်အားပေးပါ။ ကလေး၏ လုပ်ဆောင်မှုများတွင် သူကိုယ်တိုင်အတွက်(သို့) တစ်ခြားသူအတွက် အန္တရာယ်မရှိလျှင် ၀င်ရောက်စွက်ဖက်ခြင်းမပြုပါနှင့်။ ကလေးအားသူကိုယ်တိုင်လုပ်နိုင်စွမ်းရှိကြောင်း သိပါစေ။ သူကိုယ်တိုင်ကြုံတွေ့ရသော အတွေ့အကြုံများမှ သင်ယူစေပါ။ အကယ်၍ မှားယွင်းချွတ်ချော်မှုများရှိခဲ့လျှင် ကလေးအားစိတ်ဓာတ်မကျအောင် အားပေးသင့်ပါသည်။ “Mistakes are our Teachers” ဟူသည်ကို ကလေးအားသိပါစေ။ အမှားများမှ သင်ခန်းစာယူနိုင်ခြင်းသည် ရင့်ကျက်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ကလေး၏လုပ်ဆောင်မှုတိုင်းတွင် သူကိုယ်တိုင်အောင်မြင်သည်ဟု ခံစားရစေရန် မိဘများမှအကူအညီပေးခြင်း နည်းနိုင်သမျှနည်းအောင် ဂရုစိုက်သင့်ပါသည်။
၃။ မိဘများထံမှ အပြုသဘောဆောင်သည့် တိုက်တွန်းအားပေးမှုကို လက်ခံရရှိခြင်းသည်လည်း အရေးပါပါသည်။ ရွေးချယ်မှု အခွင့်အရေးနှင့် ပါဝင်လုပ်ဆောင်မှုကို အားပေးပါ။ အရွယ်ရောက်ပြီးသူတိုင်း အနာဂတ်တွင် ကိုယ်တိုင်ပြုလုပ် ဆောင်ရွက်ရခြင်းများ၊ မိမိကိုယ်တိုင်ဆုံးဖြတ်ချက်ချမှတ်ရသည့် အရည်အချင်းများကို လိုအပ်ကြသည်။ ထို့ကြောင့် ကလေးတိုင်းကို ထိုအရည်အချင်းဖွံ့ဖြိုးစေရန် ငယ်စဉ်မှစ၍ခိုင်မာစွာ တည်ဆောက်ထားပေးသင့်ပါသည်။ မိဘများ၏ ရည်မှန်းချက်ပန်းတိုင်ကို ထုတ်ဖော်ခြင်းမပြုရန်နှင့် ထိုရည်မှန်းချက်နှင့် ကိုက်ညီမှုမရှိသည့်အခါတွင်လည်း အပြစ်တင်ခြင်း မပြုမိရန် ကြိုးစားပါ။ ကလေးတိုင်းကို တူညီစွာဆက်ဆံခြင်း၊ အခြားသူများနှင့်နှိုင်းယှဉ်ခြင်းမှ ရှောင်ကျဉ်သင့်ပါသည်။
ကလေးတိုင်း၏ကိုယ်ပိုင်ခံယူချက်မှာ သူ၏ယုံကြည်မှုနှင့် အတွေးအခေါ် သဘောထားများကို ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ ကလေး၏ မိမိကိုယ်ကို အကောင်းမြင်ခြင်းသည် သူ၏အောင်မြင်မှု (သို့) ဆုံးရှုံးမှုအတွက် အခြေခံလိုအပ်ချက်ပင်ဖြစ်ပါသည်။
“The manner in which we listen to the world around us is as individual as our fingerprints” D.G.Campell in Rhythms for Learning
Ref; Learning Fundamentals
Related posts:


နောင်မျိုးဆက် ကို ထိန်းကြောင်းကြရမယ့် သားရှင် သမီးရှင် မိဘ တိုင်း အတွက် မိုးဇက်ရဲ့ စေတနာတွေ ပါ ။
မိုးဇက်လေး ရေ ၊ ကိုယ့် ကို ကူးခွင့်ပြုပါနော…။ ဂျီမေးလ်ထဲက ဒရပ်ဖ် ထဲ မှာ ဆေ့ လုပ်လိုက်ပြီ ။
Was this answer helpful?
LikeDislikeတန်ဖိုးရှိတဲ့ စာစုလေး တစ်ခုပါဗျာ …။
လေးစားပါသည်။
ရေးမယ်ပြောထားတဲ့အတိုင်း တကယ်ပဲ ပြည့်ပြည့်စုံစုံလေး
ရေးပေးသွားတဲ့အတွက်လည်း ကျေးကျေး ….။
ခင်တဲ့
စိန်ဇာဂီ
Was this answer helpful?
LikeDislikeအားပေးကြသူများကို ကျေးဇူးအထူးတင်ပါကြောင်း ….
ကိုအင်ဇာဂီရဲ့ ပို့စ်မှာ ကလေးအတွေးနဲ့ self-esteem ကို
နည်းနည်းရွှီးကြည့်မယ်လို့ပြောထားလို့ ကြိုးစားပြီးရေးကြည့်ထားတာပါ
workshop တွေမှာ နားထောင်ဖူးတာကိုလည်း မှီငြမ်းကိုးကားထားပါသည်
ဖတ်မိသူတွေအတွက် အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းမယ်ဆိုရင်တော့
ကြိုးစားရကျိုးနပ်ပါတယ် …
Was this answer helpful?
LikeDislikeအန်တီရေ
တန်ဘိုးရှိလှပါရဲ့ဗျာ
သများလဲ ခေးမမွေးဘူးတော့ ဘိုလုပ်ရမှန်းမသိဘူး..
သများက စာတွေ့ မဟုတ်ဘူး..လက်တွေ့  ပလယ်တီကယ် သမား ဆိုတော့
ကျေးဇူးတင်ပါတယ် အန်တီဇိရ
မောင်ပေရေ
နင့်သား ပေတလူကို စမ်းပြီး ထိန်းကျောင်းပါရစေ
မြတ်မန္တလာထွန်းနဲ့  ပါဆယ်ပို့ ပေးလိုက်ပါကွယ်..
နာ့လို ယမကာလုလင်တော့ မဖြစ်စေရပါဘူး.အလွန်ဆုံး ဘီယာလုလင်တော့ ကျိန်းသေမှာပါ.
Was this answer helpful?
LikeDislikeမာမီပေါက်ရေ ခေးမမွေးဖူးရင်တောင်
သူများခေးကို ဂရုစိုက်ပေးလိုက်ပါ ကုသိုလ်ရပါတယ်
Was this answer helpful?
LikeDislikeအဖိုးတန် စာလေးတွေပါ
စာထဲကအတိုင်းလုပ်နေတာ ရှိသလို ၊ အခုမှ သိတာတွေလဲ ရှိတယ်
ကျေးဇူးပါနော
Was this answer helpful?
LikeDislikeမိုးစက်ရေ တကယ့်ကို အသုံးဝင်တဲ့ ပိုစ့်လေးပါပဲ
နောင်တစ်ချိန်မှာ အသုံးဝင်မှာမို့ ကူးယူသိမ်းထားလိုက်ပါတယ်နော် ………..
Was this answer helpful?
LikeDislikeအဲ့ဒါတွေကြောင့်.. အဲ့ဒါတွေကြောင့်
မိုးအပေါ်ဆို အထင်ကြီး လေးစားစိတ်တွေ သူ့အလိုလိုဝင်သွားခဲ့မိတယ်..
ကလေးတွေတော့ အထင်ကြီးအောင် သင်ပေးပြီးတော့
ကိုရင်လို့ ကလေးကြီးတွေအတွက်ကျတော့ တန်ဖိုးတက်အောင်
ဘယ်လိုလုပ်ရမှာရဲဟင်…. ဒါမှမဟုတ် ဆရာမမိုးမမဆီပဲ
တားတားကိုယ် တားတားအပ်လိုက်ရမရားဟင်…
Was this answer helpful?
LikeDislikeဦးနိုရေ အားပေးတာကျေးဇူးပါနော်
ကိုပေ နဲ့ မမနွယ်ပင်ရေ
ဒီမှာတင်လိုက်ကတည်းက အားလုံးအတွက်ရည်ရွယ်ပါတယ်
လိုအပ်သလိုအသုံးပြုလို့ရပါကြောင်း ….
ကိုရင်စည်သွပ်
မိုးစက်က ၆နှစ်အောက်ကလေးတွေကိုပဲ လက်ခံတယ်
အသက် ၆နှစ်မပြည့်သေးတဲ့အကြောင်း ထောက်ခံစာနဲ့ မွေးစာရင်းယူခဲ့
Was this answer helpful?
LikeDislikeကျွန်တော်လည်း အားပေးသွားပါတယ်။
Was this answer helpful?
LikeDislikeငယ်ငယ်လေးကထဲက ကိုယ့်ကိုယ်ကို နွားတကောင်အဖြစ် မြင်ရမယ်ဆိုတာ ကန့်ကွက်ပါသည်။ စကားမချပ် ကိုကြောင်ကြီးမှာ လက်တွေ့လေ့လာဖို့ ခလေးရှိဘူး ဖြစ်နေဒယ်…မွေးစားဖို့လည်း စိတ်ဝင်စားဘူး…။ ဒါနဲ့ မိုးစက် အက်ဗာတာထဲက လူဂျီးရုပ်က ကြောက်စရာဂျီးနော်..စိတ္တဇလူသတ်သမားနဲ့ တူဒယ်..။ ဘာရယ်ဟုတ်ဖူး မိုးစက်လေးဘဝကို တန်ဖိုးထားလို့ ပြောကြည့်တာ..။ ပြောရတာ ရှက်ပါတယ်
Was this answer helpful?
LikeDislikeဘဘ ဘလက်ရေ ကျေးဇူးပါနော်…
ဦးကြောင်ရေ စိတ်ချမ်းသာသလို မြင်ပါရပါတယ်
ကလေးမရှိသေးရင်လည်း နောက်ရှိလာမှ လေ့လာကြည့်လိုက်ပါ ..
ပုံကတော့ Enrique ကြားရင်တော့ရင်ကျိုးတော့မှာပဲ ပြောင်းလိုက်ပါ့မယ်
Was this answer helpful?
LikeDislikeကျေးဇူးပဲ Moe Z ရေ. ကျွန်တော်သားအတွက် ကျွန်တော်လိုအပ်ချက်တွေကိုပြင်နိုင်အောင် ရေးပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်… ဆက်လက်လေ့လာပြီး ကျွန်တော်တို့မိသားစုလေးတွေကောင်းဖို့ရေးပေးပါအုံးဗျာ…….. ခင်မင်လေးစားလျှက်
Was this answer helpful?
LikeDislikeထူးချွန်အောင်မြင်တဲ့ သားကောင်းသမီးကောင်းလေးတွေဖြစ်အောင်
ပျိုးထောင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်
ကျေးဇူးတင်ပါတယ်….
Was this answer helpful?
LikeDislike“Maybe accepting who your kids are is just as good as loving them.”
ဒါလေးကို သဘောကျပါတယ်.. မိုးဇက်ရေးတဲ့စာစုလေးကလည်း အလွန်ကောင်းကြောင်းပါ
Was this answer helpful?
LikeDislike“Maybe accepting who your kids are is just as good as loving them.”
နောက်တာ
မမပုခ်ျရဲ့သဘောထားကို သိရလို့ ဂျူနီယာပုခ်ျလေးတွေအတွက်
ကြိုတင်ပြီး ၀မ်းသာကြောင်းပါ ….
ကျေးဇူးပါနော် …
Was this answer helpful?
LikeDislike”ကလေးတိုင်း၏ကိုယ်ပိုင်ခံယူချက်မှာ သူ၏ယုံကြည်မှုနှင့် အတွေးအခေါ် သဘောထားများကို ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ ကလေး၏ မိမိကိုယ်ကို အကောင်းမြင်ခြင်းသည် သူ၏အောင်မြင်မှု (သို့) ဆုံးရှုံးမှုအတွက် အခြေခံလိုအပ်ချက်ပင်ဖြစ်ပါသည်။”
ဒီစာကြောင်းလေးကိုအထူးမှတ်သားသွားပါတယ်။ ပိုစ့်တခုလုံးအတွက်ကျေးဇူးပါ။
Was this answer helpful?
LikeDislikeကလေးတွေကို ထိန်းကျောင်းရာမှာ လူကြီးတွေကိုယ်တိုင်က မသိနားမလည်မှု၊
မှားယွင်းမှုတွေကြောင့် ကလေးကို မကောင်းတဲ့ ဘက်ကို ယိမ်းယိုင်သွားစေနိုင်တာတွေ အများကြီးပဲနော်။
မိုးစက်ရဲ့ ပညာပေးပိုစ့်လေးက ကလေးတွေကို ပြုစုထိန်းကျောင်းရာမှာ အင်မတန်တန်ဖိုးရှိပါတယ်။
အင်းးးးး ဘေဘီမိုးစက်ကလေးဟာ အနာဂတ်မှာ ကြယ်တစ်ပွင့်ဖြစ်လာမယ်ဆိုတာ မြေကြီးလက်ခတ် လွဲ လွဲမသာ အခုဟောတာတော့ မလွဲဘူး။
(ကိုရင်စည်သူထက်ပိုမှန်တဲ့ ဗေဒင်ဆရာမက ဟောလိုက်တယ်နော်။)
Was this answer helpful?
LikeDislikeမိုးစက်ရေ …. ကလေးအများစုက မိဘတွေရဲ့ အတ္တကြားမှာ ဗျာများနေရပြီး ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဆုံးရှုံးနေသလို ခံစားရတယ် … ။ အဓိကကတော့ မိဘတွေပေါ့နော် …. ။ သူတို့ဖြစ်စေချင်တာသာ ရှေ့တန်းတင်ပြီး ၊ ကလေးရဲ့ မိမိကိုယ်ကို ယုံကြည်စိတ်ကို သိသိကြီးနဲ့ တမျိုး ၊ မသိစိတ်ကတမျိုး ချိုးနှိမ်တတ်ကြတယ် …. ။ (ငယ်ဘ၀က ကြုံခဲ့ဖူးတဲ့ အတွေ့ကြုံအရ သိတာပါ … ။ )
မိဘတွေလည်း သားသမီးနေရာကနေ ကြီးလာတာပဲ …. ကိုယ်နဲ့ ယှဉ်ပြီး ကိုယ့်သားသမီးကို နားလည်အောင် ပြုပြင် သိမ်းသွင်းသင့်တယ်လို့ ထင်ပါတယ် …မိဘက ပါးနပ်သလို .. သားသမီးမှာလည်း အကျိုးဖြစ်ထွန်းမယ်လို့ ယုံကြည်တယ် … ။
Was this answer helpful?
LikeDislikeအင်း မမလိုပဲဗေဒင်ဟောရရင် ဂျူနီယာetoneလေးတွေလည်း ကံကောင်းမှာပါ
Was this answer helpful?
LikeDislike@ မသဲနုအေး
အားပေးတာကျေးဇူးတင်ပါကြောင်း …..
@ မမရေ
မိုးစက်ကဗေဒင်ဆိုရင် ကောင်းတာဟောရင်အားလုံးယုံတယ်
တစ်ချို့မိဘတွေက ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ဆိုတာမျိုးတွေ တွေ့ရတော့
မှားနေတယ်လို့ဝင်ပြောလို့လည်းမရ ဒါကြောင့် ရတဲ့နေရာကနေပဲပြောတော့မယ်
Was this answer helpful?
LikeDislikeA.
မိဘတိုင်းသည် ကလေးတိုင်းအတွက် role model ဖြစ် ပါသည်။
B.
အဓိကအချက်မှာ “စံ” များကို သတ်မှတ်ပေးခြင်းနှင့် ကလေးရော
မိမိကိုယ်တိုင်ပါလိုက်နာခြင်းဖြစ်ပါသည်။
C.
စံများကိုသတ်မှတ်ပေးရာတွင်
တာဝန်သိတတ်ခြင်း၊ Go towards——> Responsibility
ရိုးသားဖြောင့်မတ်ခြင်း၊ Go towards——> Transparency
ရိုသေလေးစားခြင်း၊ Go towards———>Respect and Humble
သနားညှာတာ ကြင်နာတတ်ခြင်း၊ Go towards——> Volunteer
အတူတူပူးပေါင်းဆောင်ရွက်ခြင်းနှင့် Go towards——> Cooperation/Collaboration
ရဲရင့်ခြင်း Go towards———>Pioneer/ Initiator/ Leadership
စသောဝေါဟာရများကို အမြဲတမ်းအသုံးပြုပြီး ကလေးများနားလည်အောင် ရှင်းပြပြောဆိုပေးပါ။
D.
(က) ကလေးအား ဝေဖန်ခြင်းတက် ချီးမွမ်းခြင်းကိုအလေးထားပေးပါ။
အစားအသောက်နှင့် ဆုချခြင်းကိုရှောင်ကျဉ်သင့်ပါသည်။ ကလေးမှအမှတ်ရနေမည့် ဆုမျိုးဖြစ်ရန်လိုအပ်ပါသည်။
(ခ) သူကိုယ်တိုင်ကအလေးထားပြီး လိုက်နာခြင်းမျိုးဖြစ်သင့်ပါသည်။ ဤ
အတွင်းစိတ်၏ ခံယူချက်ကား တည်မြဲပြီး အပြင်စိတ်မှာ အကြောင်းအမျိုးမျိုးကြောင့်ပျက်စီးတတ်ပါသည်။
(ဂ) ကလေးတိုင်းသည် မိဘများကိုအတုယူကြပါသည်။
အကယ်၍ မိမိသည်သတ်မှတ်ထားသော စံထက်နိမ့်ကျသော အပြုအမူမျိုးကို ပြုလုပ်မိလျှင် ကလေးအားမိမိမှား
သွားသည်ဟု ၀န်ခံပြောဆိုပြီး တောင်းပန်ရန်ဝန်မလေးပါနှင့်။
E.
၁။ ကလေး၏ လုပ်ဆောင်ချက်တစ်ခုခုကို ပြီးမြောက်အောင်မြင်ခြင်းကြောင့်မဟုတ်ပဲ
ကလေး၏အရှိအတိုင်း အချစ်ခံရသည်ဟု ကလေးအားခံစားရစေခြင်းမှာ လွန်စွာအရေးကြီးပါသည်။
ကလေး၏အပြုအမူကိုသာဝေဖန်ပါ၊ ကလေးကိုမဝေဖန်ပါနှင့်။
၂။ ကလေးသည် သူကိုယ်တိုင် ချမှတ်ထားသော ပန်းတိုင်များသို့ရောက်ရှိအောင်မြင်ခြင်းသည်
ကိုယ့်ကိုကိုယ်ယုံကြည်မှုကို တည်ဆောက်ရာတွင် အရေးအကြီးဆုံးဖြစ်ပါသည်။
ကလေးကို အမှီအခိုကင်းအောင်အားပေးပါ။
၃။ မိဘများထံမှ အပြုသဘောဆောင်သည့် တိုက်တွန်းအားပေးမှုကို
လက်ခံရရှိခြင်းသည်လည်း အရေးပါပါသည်။
ရွေးချယ်မှု အခွင့်အရေးနှင့် ပါဝင်လုပ်ဆောင်မှုကို အားပေးပါ။
အခြားသူများနှင့်နှိုင်းယှဉ်ခြင်းမှ ရှောင်ကျဉ်သင့်ပါသည်။
F.
အဲဒါတွေရဖို့ဒါလေးတွေလုပ်ရင်ကော
(^^)စဉ်းစားတွေးခေါ်စေခြင်း နှင့် တီထွင်ကြံစီကြည့်စေခြင်း
(^^)လေ့ကျင့်မှတ်သားစေခြင်းနှင့် ပြန်လည်လုပ်ဆောင်/ပြောပြစေခြင်း
(^^)အလှဲ့ကျဦးဆောင်စေချင်းနှင့် အလှဲ့ကျနောက်လိုက်လုပ်စေခြင်း (ပုံပြောပြခြင်းကဲ့သို့)
(^^)အမိန့်အာဏာ(ဖခင်ပါဝါမျိုးစသည်)မဟုတ်ဘဲ အကျိုးသင့်အကြောင်းသင့်ရှင်းလင်းပြောဆိုခြင်း
(^^)အမှန်အမှားကိုကိုယ်တိုင်ရွေးချယ်လုပ်ကိုင်(လေ့ကျင့်)စေခြင်း
မှတ်ချက်။ ။ ပို့စ်/ကော်မန့်များမှလိုအပ်သောအနှစ်ချုပ်(များ)ကိုရယူထားပါသည်။ပို့စ်ပိုင်ရှင်(များ)ခွင့်ပြုပါက
ဆီမီနာ (၃) တွင်အားလုံး၏ပေါင်းစုအင်အားဖြင့် အကောင်းဆုံးဆွေးနွေးနိုင်ရန် စုဆောင်းမှုတခုဖြစ်ပါသည်။
လိုအပ်သော ဖြည့်စွက်မှုကို ကာယကံရှင်သော်လည်းကောင်း၊တခြားသူမှသော်လည်းကောင်း ပြုလုပ်နိုင်ပါသည်။
အို မမိုးဇက် အသင်ခွင့်ပြုပါ၏လော?????????????????
(^^) မောင်သစ်မင်း
Was this answer helpful?
LikeDislikeကိုသစ်မင်းရေ ကလေးအတွေးနဲ့ပို့စ်အတွက် ကွန်မန့်ချီးမြှင့်ပေးတာ ကျေးဇူးအထူးတင်ပါတယ်နော်
ဆီမီနာမှာတော့ တိတ်တိတ်လေးပဲနားထောင်နေပါတယ်
ဒီပို့စ်လေးက အသုံးဝင်မယ်ဆိုရင်တော့ လိုအပ်သလိုအသုံးပြုလို့ရပါတယ်
……………………………………………………………………………
((((F.
အဲဒါတွေရဖို့ဒါလေးတွေလုပ်ရင်ကော
(1)စဉ်းစားတွေးခေါ်စေခြင်း နှင့် တီထွင်ကြံစီကြည့်စေခြင်း
(2)လေ့ကျင့်မှတ်သားစေခြင်းနှင့် ပြန်လည်လုပ်ဆောင်/ပြောပြစေခြင်း
(3)အလှဲ့ကျဦးဆောင်စေချင်းနှင့် အလှဲ့ကျနောက်လိုက်လုပ်စေခြင်း (ပုံပြောပြခြင်းကဲ့သို့)
(4)အမိန့်အာဏာ(ဖခင်ပါဝါမျိုးစသည်)မဟုတ်ဘဲ အကျိုးသင့်အကြောင်းသင့်ရှင်းလင်းပြောဆိုခြင်း
(5)အမှန်အမှားကိုကိုယ်တိုင်ရွေးချယ်လုပ်ကိုင်(လေ့ကျင့်)စေခြင်း))))
…………………………………………………………………………………
ဒီအချက်တွေကို ကလေးတွေအတွက်ပဲပြောမယ်နော်
(1) ကလေးတွေရဲ့ စိတ်ကူးဥာဏ်ကို ဖွံ့ဖြိုးစေဖို့အတွက် ကစားနည်းအမျိုးမျိုးရှိပါတယ်
Play-Doh လို့ခေါ်တဲ့ ရွှံ့စေးရောင်စုံတွေနဲ့ လိုရာပုံလေးတွေဖန်တီးတာမျိုး၊
ကစားစရာတွေကိုလည်း ဥာဏ်သုံးပြီးကစားရတာမျိုးတွေ ၀ယ်ပေးသင့်ပါတယ်၊
ဥပမာ-သစ်သားတုံးလေးတွေနဲ့ အဆောက်အဦးလေးတွေဖန်တီးတာမျိုး၊
jigsaw puzzle လေးတွေလည်း အကျုံးဝင်ပါတယ်
Art and Craft, Sculpture တစ်မျိုးမျိုးကို စိတ်ပါဝင်စားအောင်ဆွဲဆောင်ပြီး သင်ပေးရပါမယ်
စိတ်တည်ငြိမ်ခြင်းဟာလည်း ဆုံးဖြတ်ချက်ချရာမှာ အရေးကြီးပါတယ်
ဒေါသကြီးတဲ့ကလေးတွေကို Art နဲ့ Music ကို အထူးဂရုစိုက်ပြီးသင်ပေးစေချင်ပါတယ်
(2) လေ့ကျင့်မှတ်သားစေခြင်းနဲ့ ပြန်လည်လုပ်ဆောင်စေခြင်းဆိုတဲ့အထဲမှာ ကလေးက မိဘကိုပဲကြည့်ပြီးအတုခိုးတာမို့လို့ မိဘကိုယ်တိုင်ကကိုယ့်ရဲ့နေထိုင်မှုပုံစံကို
ပြန်ကြည့်သင့်ပါတယ် အမေလုပ်သူက ကိုရီးယားကားထိုင်ကြည့်နေပြီး ကလေးကိုထိုင်ရာကမထပဲ ခိုင်းတာမျိုး၊ အဖေကအရက်သောက်လာပြီး ကလေးကို စာကျက်ခိုင်းတာ၊ စာမေးတာတွေ လုံးဝမလုပ်သင့်ပါ
(3) ကလေးငယ်တွေအတွက် ပုံပြင်အသစ်လေးတွေဖန်တီးပြီး မိဘနဲ့ကလေး တစ်လှည့်စီပြောမယ်ဆိုရင်ငယ်စဉ်ကတည်းက ခေါင်းဆောင်တတ်ပြီး
နောက်လိုက်ကောင်းလည်းဖြစ်လာစေပါမယ်
နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်းဖြစ်မယ်ဆိုတာကို ယုံကြည်ပါတယ်
(4) ကလေးတိုင်းမှာ သူတို့ရဲ့ယုံကြည်ချက် ခံယူချက်လေးတွေရှိပါတယ်
မိဘက အာဏာရှင်ဆန်ဆန်အုပ်ချုပ်မယ်ဆိုရင် မခံချင်စိတ်လေးနဲ့ အရွဲ့တိုက်တတ်တဲ့ကလေးတွေအတွက် အန္တရာယ်များပါတယ် အကျိုးသင့် အကြောင်းသင့် ကလေးနားလည်လက်ခံအောင် စည်းရုံးသိမ်းသွင်းတတ်ဖို့လိုပါတယ်
(5) ဒီအချက်ကတော့ ပို့စ်ထဲမှာလည်းပြောထားပါတယ် ကလေးတွေကို ကိုယ့်အားကိုယ်ကိုးတတ်အောင် လေ့ကျင့်ပေးရမှာပါ ၃ နှစ်အရွယ်ကလေးကို ထမင်းလိုက်ခွံ့ကျွေးနေတာမျိုး မလုပ်သင့်တော့ပါဘူး
ဒီမှာက မိဘတော်တော်များများက စီးပွားရေးနဲ့အလုပ်ရှုပ်တယ်ဆိုပြီး ကလေးကို အိမ်ဖော်တွေနဲ့ထားတာများတယ် ကလေးတွေရဲ့ ကိုယ့်အားကိုယ်ကိုးချင်စိတ်ကို ဖျက်ဆီးနေတယ်လို့မြင်မိပါတယ်
((ကလေးအားသူကိုယ်တိုင်လုပ်နိုင်စွမ်းရှိကြောင်း သိပါစေ။ သူကိုယ်တိုင်ကြုံတွေ့ရသော အတွေ့အကြုံများမှ သင်ယူစေပါ။ အကယ်၍ မှားယွင်းချွတ်ချော်မှုများရှိခဲ့လျှင် ကလေးအားစိတ်ဓာတ်မကျအောင် အားပေးသင့်ပါသည်။ “Mistakes are our Teachers” ဟူသည်ကို ကလေးအားသိပါစေ))
Was this answer helpful?
LikeDislikeကျေးဇူးပါခင်ဗျ။
လူကြီးများပြုပြင်ရေးတချို့ ထုတ်နှုပ်ကြည့်လိုက်တာပါ။
ဒါဆိုရင် ကျနော်တို့ ဒီလို ဗားရှင်း ချိန်းလို့ရပါတယ်။
၁။အလုပ်ရှင်၊ဦးဆောင်သူ၊ (မန်းဂေဇက်မှာဆိုသူကြီးပေါ့) က role model ဖြစ်သင့်တာပေါ့နော်။
၂။ပြီးတော့ စံ တွေကို ကျနော် ဒါရိုက်ရှင်းတွေပေးထားလိုက်တယ်။မမိုးဇက်ပြင်ချင်ပြင်နိုင်ပါတယ်။
၃။ဝေဖန်ရေးကိုကျတော့ လူကြီးပိုင်းမှာအပြုသဘောဆောင် ဆွေးနွေးတတ်ဖို့လိုသွားတာမျိုးပေါ့ဗျာ။
——–
၎။ ချမ်းသာလို့ခင်တာ၊ပညာတတ်မလို့ခင်တာမဟုတ်ဘဲ ပကတိ လူကိုလူလိုတန်ဖိုးထားစိတ်။
၅။အပြန်အလှန်အားပေးကူညီမှု။
အဲဒီ အချက်တွေက အရေးကြီးတယ်လို့ကျနော်မြင်ပါတယ်။
ဟုတ်ကဲ့ မမိုးဇက်ရဲ့ မူရင်းထဲက ဒီအချက်တွေ ကျနော် ဆွဲထုတ်ထင်ဟပ်ပြီး ဆီမီနာမှာဆွေးနွေးကြည့်ပါရစေနော်။
လေးစားစွာ
မောင်သစ်မင်း
Was this answer helpful?
LikeDislikeစောင့်မျှော်နေပါတယ် ဆြာသစ်ရေ။ (ကိုယ်အပါအ၀င်) အဆင့်တိုင်းအတွက် အသုံးဝင်မှာမို့။
Was this answer helpful?
LikeDislikeကိုသစ်မင်းရဲ့ ဒါရိုက်ရှင်တွေက ပြည့်စုံပါတယ်
မိုးစက်လည်း ဘာသာပြန်ထားတာပါ
လူကြီးစကားဝိုင်းကို ဘေးကနေ ငြိမ်ငြိမ်လေးနားထောင်ပါ့မယ်
Was this answer helpful?
LikeDislikeမိုးဇက်ရေ…
အရမ်းတန်ဘိုးရှိတဲ့ပို့စ်ပါ
သားသမီတွေရှိတဲ့ကျနော့အတွက်
လမ်းပြပေးသလိုပါဘဲ
ကျေးဇူးတင်ပါတယ်…..
Was this answer helpful?
LikeDislikeမုန့်ဆီကြော်ကတော့ ဘယ်မှနေလဲမသိဘူး

အခုတော့ အသုံးမ၀င်ပေမယ့်
နောက် အသုံးဝင်ဖို့အတွက်
သေချာမှတ်မယ်လို့ ကြံတော့လည်းးးး
သိမ်းဖို့နေရာရွေးရင်း ဒုက္ခဖြစ်နေတယ်
မထူးပါဘူးလေ အသုံးဝင်တဲ့အချိန်ကျမှ ဆရာမ ဆီ သင်တန်းလာတက်အုံးမှ
ချရာမ တားတာ အထူးတင်တန်းတက်မှာနော်
၁၅၀၀ တော့ မတောင်းနဲ့ အဲလောက်မတတ်နိုင်ဘူးဂျ
မှတ်သားစရာများ မှတ်သားရင်း
ကျေးဇူးများစွာဖြင့်
ခင်တဲ့
ဘဘ KING …
Was this answer helpful?
LikeDislikeမိုးဇက်ရေ ပရင့်ထုတ်ပြီး မဒမ်ကြောင်လေးကိုဖတ်ခိုင်းဖို့ ကူးထားလိုက်တယ်။
အိတုန်ပြောသလို အမေရဲ့ အတ္တကြားမှာ ကလေးတွေဗျာမများရအောင် သေချာဖတ်ခိုင်းလိုက်ဦးမယ်။
Was this answer helpful?
LikeDislike@ ကိုရင်မောင်ရေ
အထောက်အကူဖြစ်တယ်ဆိုရင် ၀မ်းသာပါတယ်
ကျေးဇူးပါနော်
@ ဘဘကင်း
လိုအပ်တဲ့အချိန် ကူညီနိုင်မယ်ဆိုရင် ကူညီပါရစေ
ရွာသူရွာသားတွေကို သင်တန်းကြေးမယူပါဘူး
@ ကိုကြောင်လေး
အမေတစ်ယောက်တည်းအတွက် မဟုတ်ဘူးနော်
မိဘနှစ်ယောက်လုံးနဲ့ဆိုင်တယ်
Was this answer helpful?
LikeDislikeကလေး တွေ ကို ချစ်တတ်တဲ့ Moe Z ထင်ပါရဲ့။
ကလေး ဆိုတာ အနာဂါတ် ခေါင်းဆောင်တွေမို့ မိဘတိုင်း မှာ အထူးတာဝန် ရှိပါတယ်။
Documentary တစ်ခု မှာ အမေ က ကိုယ်ငယ်တုန်း က အရမ်းဖြစ်ချင်တဲ့ Model မဖြစ်ခဲ့ လို့ သမီး ကို ၃ နှစ်သမီး လောက်ထဲ က Model ဖြစ်အောင် လုပ် နေတာဆိုဘဲ။
သူ့ကို အမှားအမှန် မဝေဖန်ချင်ပေမဲ့ တစ်ချို့မိဘ တွေက ကိုယ်ဖြစ်ချင်တာ ကို သားသမီးစိတ်ပါ/မပါ မကြည့်ဘဲ တွန်းလေ့ရှိ ကြတာ ကိုလဲ ဆင်ခြင်သင့်တယ်ထင်တာပါဘဲ။
သဘောက သမီး ရှင်းပြတဲ့ ၂ နဲ့ ၃ က ဒီလို မိဘ တွေအတွက် သိသင့်တာပေါ့။
Post လေးအတွက် ကျေးဇူးဘဲ သမီးရေ။
Was this answer helpful?
LikeDislikeအရီးလတ်ရေ
မိုးစက်က ကလေးတွေကို ချစ်တယ် ငယ်ငယ်လေးနဲ့လမ်းဘေးမှာ ဒုက္ခရောက်နေတဲ့ကလေးတွေမြင်ရင်လည်း စိတ်မခိုင်ဘူး
သူငယ်ချင်းတွေစုပြီး ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို ကျောင်းထားပေးတယ်
ပညာဒါနအနေနဲ့ ကျောင်းစာမလိုက်နိုင်လို့ ကျူရှင်မတက်နိုင်တဲ့ကလေးတွေကိုလည်း
စုပြီးစာသင်ပေးတယ် အဲဒီအကျင့်တွေကို မိုးစက်ရဲ့မိဘတွေဆီကရတာပါ
ကလေးတွေတိုင်းကိုလည်း မိုးစက်မိဘတွေကိုလေးစားသလို သူတို့မိဘတွေကိုလေးစားတတ်စေချင်တယ်
အဓိကကတော့ မိဘကိုယ်တိုင်ပါပဲ အမိန့်ပေးပြီးခိုင်းမှရတယ်ဆိုရင် မိဘနဲ့သားသမီးဆက်ဆံရေးမဟုတ်တော့သလိုပါပဲ
ကလေးရဲ့ဝါသနာကိုထည့်မတွက်ပဲ သူတို့ဖြစ်စေချင်သလိုအတင်းမောင်းလို့
စိတ်မပါပဲလုပ်ရတော့ အောင်မြင်သင့်သလောက်မအောင်မြင်ဘူးပေါ့
အရီးရဲ့ကွန်မန့်အတွက် ကျေးဇူးအထူးပါနော်..
Was this answer helpful?
LikeDislikeမိဘအားလုံးဟာ တစ်ချိန်က သားသမီးဖြစ်ခဲ့ကြသူတွေချည်းပဲ …
သူတို့ သားသမီးဘ၀တုန်းက မိဘစကားနားမထောင်လို့ မှားခဲ့ကြတဲ့ လွဲခဲ့ကြတာတွေ ရှိကြတယ် … အဲဒီအတွေ့အကြုံကနေ ကိုယ့်သားသမီးလက်ထက်မှာ အတ္တကြီးပြီး ပိုဖြစ်ချင်ကြတယ်ထင်တယ်နော် ….
Was this answer helpful?
LikeDislikeမှန်လိုက်တာ.. မမဝေ ရယ်.. အဲဒီလိုပဲ မိဘအများစုက ကိုယ့်သားသမီးကို ကိုယ်ကပိုင်တယ်လို.ထင်နေကြတာ.. တကယ့်တကယ်တမ်းပြောရင် ဘယ်သူကမှဘယ်သူကို မပိုင်ကြဘူးလေ..
ကျွန်တော်တို.တုန်းက တော့ လုပ်ချင်တာလုပ်ခဲ့တာပဲ.. အမှာအမှန်ကို မိဘက ထိန်းပေးတယ်လေ..
Was this answer helpful?
LikeDislikeဟုတ်တယ်မမဝေရေ သားသမီးတိုင်းကို မိဘတိုင်းကချစ်ကြပါတယ်
ချစ်တတ်ဖို့ပဲလိုပါတယ် မိဘတွေရဲ့အတ္တကိုတော့ အဖြူရောင်အတ္တဆိုပြီးတင်စားပေမယ့်
အခန့်မသင့်ရင် အရမ်းကြောက်စရာကောင်းပါတယ်
မိုးစက်ရဲ့သူငယ်ချင်းလေးတစ်ယောက် အချိန်မတိုင်ခင်ကြွေခဲ့ရတာ
အဲဒီအတ္တကြောင့်ပါ နောက်မှအဲဒီအကြောင်းရေးပါဦးမယ် ..
Was this answer helpful?
LikeDislikeမိုးဇက်ရေ………. တကယ့်ကို အဖိုးတန်တဲ့ ပိုစ့်လေးပါပဲ၊ ကျနော့်တူလေးတွေရဲ့ အမေတွေကို ပေးဖတ်ဖို့ ကူးသွားပါတယ်နော်………….
Was this answer helpful?
LikeDislikeမမိုးဇက်ရေ….အရမ်းကိုတန်ဖိုးရှိတဲ့ Post ပါ… တို့သမီးလေးက အခုမှ 2 နှစ်ပဲရှိသေးတယ်……သူ့ကိုဘယ်လိုထိန်းကျောင်းရမလဲပဲ စဉ်းစားနေရတာ… အခုလိုဖတ်လိုက်ရတာ အရမ်းကိုအကျိုးရှိပါတယ်…သေသေချာချာကူးထားပြီး လိုက်နာပါ့မယ်
Was this answer helpful?
LikeDislikeyaungchikha , Phaung Phaung (ဘယ်လိုခေါ်ရမလဲမသိလို့ ကိုတွေမတွေမတပ်တော့ဘူး ရိုင်းသွားရင်ခွင့်လွှတ်ပါနော)
အားပေးတာကို ကျေးဇူးတင်ပါတယ်
အကျိုးရှိမယ်ဆိုရင် ၀မ်းသာပါတယ် လိုက်နာနိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ
လိုအပ်ချက်များရှိရင်လည်း ပြုပြင်ဖြည့်စွက်ပေးနိုင်ပါကြောင်း …
Was this answer helpful?
LikeDislikeကလေး ကလေး အထင်မသေးနဲ့ ကလေးကြီးရင် လူကြီးဖြစ်တယ် တဲ့
ကလေးတွေကိုလမ်းညွန်ပြသပေးသင့်တယ်လို့ယူဆမိပါတယ်..။
Was this answer helpful?
LikeDislike