ရန်ကုန်ဘားကမ့်ပွဲ လာတော့မည်။
|248- Hits|တကယ်တော့ ဘားကမ့်ဟာ လွတ်လပ်တဲ့ ဆွေးနွေးချက်တွေကို အခြေခံမယ့် အပြန်အလှန် အနီးကပ်ဆုံး ဆွေးနွေးနိုင်တဲ့ပွဲတွေဖြစ်ပါတယ်။ ဘယ်သူက ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးပြောကြားမယ်ဆိုတာကို ပွဲအတွင်းရောက်မှသာခံစားသိရှိနိုင်တဲ့အတွက် ဘားကမ့်ကို တက်ရောက်လာသူတွေကသာ ပွဲကို ပုံဖော်သွားကြတဲ့အတွက် တစ်ဦးကနေအများဆိုတဲ့ အစဉ်အလာမဟုတ်တော့ဘဲ အများကနေ နောက်ထပ် အများကို ထပ်ပြီး လက်ဆင့်ကမ်းပေးတဲ့ နှီးနှောဖလှယ်ပွဲတွေ ဖြစ်ပါတယ်။ ဘားကမ့်တွေကို ကဏ္ဍအမျိုးမျိုးအတွက် ဆင်ယင်ကျင်းပလာကြပေမယ့် ဒီအစဉ်အလာကတော့ပျောက်ပျက်မသွားဘဲ ပုံမှန် ဆွေးနွေးပွဲတွေ ဟောပြောပွဲတွေကနေ ခွဲထွက်လာခဲ့ပြီး လူကြီး လူငယ် ပညာရပ်နည်းပညာ စတာတွေကို စုစည်းပေါင်းစုံပေးတဲ့ ပေါင်းကူးလို့လည်း ပြောလို့ရပါတယ်။
ဘားကမ့်ရန်ကုန် ပထမအကြိမ်တုန်းကတော့ နိုင်ငံတကာ ဘားကမ့်တွေထက် ပိုမိုစည်းကားတာကို တွေ့ရှိခဲ့ရပါတယ်။ယခုတစ်ကြိမ် ဘားကမ့်ရန်ကုန် ထပ်လုပ်မှာဆိုရင်တော့ မြန်မာနိုင်ငံအတွက်ရော ရန်ကုန်မြို့အတွက်ပါ ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ ပွဲလည်း ဖြစ်ပါတယ်။ နိုင်ငံတကာမြို့ကြီးတွေနဲ့ အာရှ အထူးသဖြင့် အရှေ့တောင်အာရှမှာဆိုရင်လည်းဘားကမ့်တွေကို တစ်မြို့ပြီး တစ်မြို့၊ နိုင်ငံတစ်ခုပြီး တစ်နိုင်ငံ ဆက်လက်ကျင်းပလာတာကို ကြည့်ခြင်းအားဖြင့် ဘားကမ့်တွေရဲ့ ထိရောက်အောင်မြင်မှုကို ခံစားသိရှိနိုင်မှာ ဖြစ်ပါတယ်။
ပထမအကြိမ် ဘားကမ့်ရန်ကုန်ကို ကျင်းပခဲ့စဉ်က စီစဉ်ဆောင်ရွက်သူတွေ၊ ပူးပေါင်းပါဝင်သူတွေ၊ တက်ရောက်သူတွေကြောင့် ကမ္ဘာတစ်ဝှမ်း ကျင်းပခဲ့တဲ့ ဘားကမ့်တွေထဲမှာ အထူးခြားဆုံး တက်ရောက်သူ အများဆုံးဖြင့် မော်ကွန်းတင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ဆက်လက်ကျင်းပမယ့် ဒုတိယအကြိမ်မြောက် ဘားကမ့်ရန်ကုန်ကိုလည်း ဆက်လက်အောင်မြင်ဖို့ နည်းပညာနယ်ပယ်နဲ့ အခြားပညာရပ်နယ်ပယ်အသီးသီးက လူကြီးလူငယ်များကို တက်ရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်လိုပါတယ်။
တချို့နိုင်ငံတွေမှာ ဘားကမ့်ကို တစ်ကြိမ်မက ကျင်းပခဲ့ကြတဲ့အတွက် Barcamp NY4, Barcamp Bangkok 4,Barcamp Singapore 2010 အဲလို နာမည်လေးတွေတပ်ပြီး ကျင်းပကြပါတယ်။ ပထမတစ်ကြိမ်တုန်းကတော့ဘားကမ့်ရန်ကုန် ၂၀၁၀ လို့ အမည်တပ်ခဲ့သလိုပဲ ယခု ဒုတိယအကြိမ်လုပ်မယ့်ပွဲကိုလည်း Barcamp YGN2 ဒါမှမဟုတ် Barcamp Yangon 2 လို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဘားကမ့်ရန်ကုန် ၂၀၁၂ ရည်ရွယ်ချက်တွေကတော့ ဘားကမ့်တိုင်းမှာ ရည်ရွယ်ချက်တွေက တညီတညာတည်းရှိတတ်ကြပါတယ်။ ဘုံရည်မှန်းချက်လို့လည်း ခေါ်လို့ရပါတယ်။ ဘာလဲဆိုတော့ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပညာရပ်နယ်ပယ်တွေနဲ့ အသိပညာပိုင်း၊ အတတ်ပညာပိုင်း
ကွာခြားချက်တွေကို ပိုမိုကျဉ်းမြောင်းသွားစေဖို့နဲ့ အတူယှဉ်တွဲ ပူးပေါင်းဆောင်ရွက်သွားနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုပေါ်ပေါက်လာစေဖို့ နီးကပ်စွာ ဆောင်ရွက်ကြပြီး သာလွန်ကောင်းမွန်တဲ့ လူသားအကျိုးပြု၊ နည်းပညာတွေကို ထိထိရောက်ရောက် ဆောင်ရွက်လာနိုင်ဖို့ တစ်ဦးတစ်ယောက် တစ်ဖွဲ့ကနေပြီး ချုပ်ကိုင်ဆောင်ရွက်လာမှုတွေကို တားဆီးပြီး လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်းတွေ နည်းပညာဆိုင်ရာ အဖွဲ့အစည်းတွေ ဆက်လက်ပေါ်ပေါက်ရှင်သန်ကြဖို့ဘဲ ဖြစ်ပါတယ်။ ဘားကမ့်ရန်ကုန် ၂၀၁၂ ရဲ့ ရည်ရွယ်ချက်တွေကလည်း ထို့အတူ ပြည်တွင်းမှာရှိကြတဲ့ လူကြီးလူငယ်တွေအနေနဲ့ မိမိတို့စိတ်ပါဝင်စားစရာ နယ်ပယ်တွေမှာ ဝါသနာတူတွေ ပိုမိုစုစည်းစေနိုင်ဖို့၊ မိမိတို့ရရှိထားတဲ့ နည်းပညာတွေ အသိပညာတောကို အများသူငှာကို လွတ်လပ်စွာ မျှဝေစေနိုင်ဖို့၊ အဖွဲ့အစည်းတွေချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကိုပိုမိုမြင့်တက်လာစေရန် ကြိုးစားပြီး မြန်မာ့သတင်းအချက်အလက်နဲ့ နည်းပညာ အသိုင်းအ၀ိုင်းကို လက်ရှိအနေအထားထက် ပိုမို ပွင့်လင်းလာတဲ့ အခွင့်အလမ်းနဲ့ ပိုမိုကောင်းမွန်တဲ့ အနေအထားဖြစ်လာအောင် ဝိုင်းဝန်းတည်ဆောက်ကြဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေပဲ ဖြစ်ပါတော့တယ်။
ရန်ကုန်ဘားကမ့် ၂၀၁၂ ကို ဖေဖော်ဝါရီလ ၁၉ ရက် ၂၀ ရက်တွေမှာမြန်မာအင်ဖိုတက်မှာ မနက် ၉ နာရီမှ ညနေ ၅ နာရီထိ ကျင်းပမည်ဖြစ်ကြောင်း
သတင်းကောင်းပါးလိုက်ပါတယ်။
ဘားကမ့်ရန်ကုန် (တတိယအကြိမ်)
(၁၁+၁၂) – ၀၂ – ၂၀၁၂
Myanmar Info-Tech
MICT Park, Yangon, Myanmar.
(လှိုင်တက္ကသိုလ် နယ်မြေ)
For registeration
http://www.barcampyangon.org/register/
Related posts:


ဟုတ်တယ်. မမ မနောဖြူရေ။ကျွန်တော်တို့ လဲ ကိုစည်သူအောင်နဲ့ အတူ
သံတွဲကနေ လာတက်နိုင်အောင်ကြိုးစားနေပါတယ်။
Was this answer helpful?
LikeDislikeကျေးဇူးပါပဲဗျို့။
ဒီတစ်ခါလည်း ticket လေးတွေနဲ့ လာရမယ် ထင်တယ်။
အရင်က ကျွန်တော့်အနေနဲ့ နားထောင်သူ အဖြစ်တောင် ရှိမနေခဲ့ပါဘူး။
ဒီနှစ်တော့ဖြင့် နားထောင်သူ အဖြစ်သာမက အဆင်သင့်ရင် တက်ရောက် ဆွေးနွေးသွားဖို့အထိ ရည်ရွယ်ထားပါတယ်။
အဲဒီပွဲလာတဲ့ ရွာသူားတွေနဲ့လည်း တွေ့ချင်မိတယ်ဗျို့။
Was this answer helpful?
LikeDisliketicket မြန်မြန်ဖြည့်ထားလိုက်လေ… ကိုယ်တိုင်ဆွေးနွေးနိုင်တော့ ပိုကောင်းတာပေါ့။ နောက်ပြီး ကိုယ့်ပြောချင်တဲ့အကြောင်းအရာကို စိတ်ဝင်စားပြီး နားထောင်တဲ့သူများအောင်လည်း စည်းရုံးရေး ကောင်းရပါမယ်နော်…
မနောတော့ ရှိဖြစ်ဖို့များပါတယ်။
Was this answer helpful?
LikeDislikeမမ.မနောရေ..ဒီနှစ်တော့ လာဖြစ်အောင်ကို လာမယ်နော်..
Was this answer helpful?
LikeDislikeအင်း လာနိုင်ရင် ပိုကောင်းပါတယ်။ နောက်ပြီး သူများပြောတာတွေနဲ့ ကိုယ်တိုင်ဝင်ဆွေးနွေးနိုင်ရင်တော့ အတော့်ကို ပျော်စရာကောင်းတဲ့ပွဲတစ်ခုပါပဲ။
Was this answer helpful?
LikeDislike