“ဘယ်သူ့ကြောင့်လို့ပြောချင်ပါသေးသလဲ”
|1214- Hits|
မမြင်မိတာလား မဖတ်မိတာလား အရေးစိုက်စရာမလိုတာလား လားလားလားလားလား...........................

2 ကျောင်းနံရံသာယာစိုပြေစေရေးအတွက်လုပ်အားပေးနေသူ
“ဘယ်သူ့ကြောင့်လို့ပြောချင်ပါသလဲ”
ကျနော်ဒီနေ့မနက်အလုပ်လာတော့ 85လမ်းဘက်နေလာဖြစ်ပါတယ်။
အဲဒီမှာ85လမ်းနဲ့36လမ်းဒေါင့်ရောက်တော့ လမ်းအနောက်ဘက် က ဘုန်းကြီးကျောင်းနံဘေးမှာ
အမိုက်ပုံလေးကို မြင်လိုက်ရပါတယ်။
အမိုက်ပုံအနောက်မှာတော့ “အမိုက်မပြစ်ံရ”ဆိုတဲ့စာတန်းကြီးကပြူးပြဲလို့။
လူတစ်ယောက်က ဘုန်းကြီးကျောင်းအုတ်တံတိုင်းကို သာယာစိုပြေရေးတွေဖန်တီးလို့။
အမိုက်မပစ်ရလို့ ရေးထားတဲ့စာကလဲထင်းလို့။
အမိုက်တွေကလဲပုံလို့။
အဲဒီမှာဆက်စဉ်းစားစရာလေးတွေပေါ်လာပါတယ်။
(1) ဒီရေးထားတဲ့ဆိုင်းဘုတ်ကို မမြင်လို့လား
(2) ဘာတွေရေးထားထား အရေးစိုက်စရာမလိုဘူး ဆိုင်းဘုတ်ထောင်တာ သူ့အလုပ်
အမိုက်ပစ်တာ ငါ့အလုပ်လို့ သတ်မှတ်လို့လား။
(3)ထိရောက်စွာအရေးယူမည်ဆိုပေမယ့် ဘယ်တော့မှအရေးမယူလို့လား
(4)မန်းလေး စည်ပင်သာယာကဘဲ အမိုက်ပစ်စရာနေရာ သတ်မှတ်ပေးမထားလို့လား
(5) စာလုံးပေါင်းမှားများနေလို့ ဘဲလား
(6) တချို့လူတွေပြောသလို ဆန့်ကျင့်တာဘဲလား
ဆိုပြီးအတွေးတွေပွားမိပါတယ်။
ဒီလိုအတွေးပွားမိတော့ နောက်ဆုံးတော့ ပိန္နဲပင်ကြီးဘဲ ခဲနဲ့အထုခံရတော့မှာကိုမြင်နေမိပါသေးသဗျာ။
ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ နဲ့ အတွေးပါးပါးလေး
(21-1-2012)
Related posts:


ကဲကျနော်လဲ သတင်းသမားလုပ်ကြည့်တာလေ………………
Was this answer helpful?
LikeDislikeစောင်းငန်းငန်းနဲ့.. ရူရူးပေါက်နေတာလည်းပါ.. ထည့်လိုက်တော့.. မှတ်တမ်းဝင်သတင်းဓါတ်ပုံဖြစ်သွားပါလေရော..
ဒီလိုသတင်းဓါတ်ပုံတွေသာ..များလာရင်.. စည်းကမ်းတွေအလိုလိုရှိကုန်မယ်လို့ သေချာမိတယ်..။
ဆိုတော့…
ဆိုင်ရာနယ်က လွှတ်တော်အမတ်ကို.. “မှိုက်ပုံရူ့းပေါက်နယ်အမတ်”လို့.. ပြောင်းခေါ်နိုင်ကြတယ်ထင်ပါကြောင်း…။
Was this answer helpful?
LikeDislikeဒါကြောင့်ထင်တယ်။ တစ်ချို့နေရာတွေမှာ ခွေးများသာ သေးပေါက်ရန်လို့ ရေးထားတာ တွေ့တယ်။
Was this answer helpful?
LikeDislikeအရေးယူတာလဲယူတာပေါ့
လူတွေရဲ့ စိတ်ဓါတ်အဆင့်အတန်းကို ပြုပြင်မြှင့်တင်ပေးဘို့လဲ တပြိုင်ထဲလုပ်ရမှာ။
အဲဒါက ခက်တယ်။
လက်ရှိအာဏာပိုင်တွေလုပ်နိုင်မယ်မထင်။
စိတ်ဓါတ်အဆင့်အတန်းမြင့်တဲ့ခေါ်င်းဆောင်က သာ
ပြည်သူတွေရဲ့ စိတ်ဓါတ်အဆင့်အတန်းကို မြှင့်တင်ပေးနိုင်စရာရှိပါတယ်။
Was this answer helpful?
LikeDislikeတိတော့ဘူးကိုကိုပေါက်ရယ်… အမှိုက်မပစ်စေချင်ရင် အမှိုက်ပုံးထားပေးစေချင်တယ်။လမ်းဘေးသေးမပေါက်စေချင်ရင် လမ်းဘေးအိမ်သာထားပေးစေချင်တယ်။အမှိုက်ပစ်မယ်လုပ်ပြန်တော့လည်းအမှိုက်ကားမလာလို့ တွန်းလှည်းလေးတွေပိုက်ဆံပေးပစ်ရတယ်။ဒါကျွန်တော်တို့နိုင်ငံမှာလူတိုင်းခံစားရတဲ့ ဒုက္ခ။
စည်ပင်သာယာကားကြီးကိုတွေ့နေရတယ် သွားပစ်ပြန်တော့ သူတို့ အမှိုက်သိမ်းချိန်မဟုတ်
လို့ ပစ်လို့မရပါဘူးတဲ့….ကဲ…ခုတော့လမ်းဘေးအများသုံးအိမ်သာလေးသန့်သန့်ပြန့်ပြန့် လှည်း
တန်းလေးမှာတွေ့လိုက်ရပြန်တော့ ကဲ…ချီးတွင်းဗုံးခွဲတဲ့လူကရှိသေး။….ဟိဟိ
Was this answer helpful?
LikeDislikeပြောရရင်တော့အရှည်ကြီးပဲ။ ရာဇ၀င်ကိုစာတင်ပြီးမှပြောရမှာ။ ဦးနေ၀င်းခေတ်ကစပြောရမှာ။ မောတယ်။ ပြောဒေါ့ဘူး။ တိုတိုဘဲပြောမယ်။ တခွန်းထဲ
” မြန်မာလူမျိုးတွေကို အသုံးလုံးပြန်တက်ခိုင်းဘာ။ ”
ပုံ
စီဘင်ဝံဂျီးဂျုတ်
Was this answer helpful?
LikeDislikeအပေါ်ကွန်မင့်က နိုင်ငံဂျားသူဂျီး ပြောသလို လုပ်ရမယ် ဆိုရင်
အဲဒီနိုင်ငံဂျားသူဂျီး ကို သင်တန်းအတွက် ဆရာလုပ်ခိုင်းဘာ
Was this answer helpful?
LikeDislikeဟေ့လူ
အုတ်တံတိုင်းဘက်လှည့်ပြီး ဘာလုပ်နေတာလဲ
Was this answer helpful?
LikeDislikeမြင်မကောင်းဘူး ဖေကြီးရာ
ဘယ်နှယ့်လုပ်ကြမှာ….
Was this answer helpful?
LikeDislikeစင်္ကာပူလို နိုင်ငံတွေကတော့ အမှိုက်ပြစ်ရင် ပြင်းပြင်းထန်ထန် အရေးယူသလို…. အမှိုက်ပြစ်ဖို့လည်း အမှိုက်ပုံးတွေကို သီခြားစီ ထားပေးတယ်…. လမ်းမတိုင်းမှာ အမှိုက်ပြစ်ဖို့ အမှိုက်ပုံးတွေရှိတယ်…. အမှိုက်ပြစ်ခြင်တယ်ဆိုရင် နီးစပ်ရာ အမှိုက်ပုံးကိုရှာပြီး ပြစ်ကြတာအကျင့်လိုဖြစ်နေတယ်…. ဒီမှာကတော့ ပြစ်စရာ အမှိုက်ပုံးကမရှိတော့ လူတွေက ရတနာရှိရာ ရတနာစု အမှိုက်ရှိရာအမှိုက်စု ဆိုပြီးတော့ ပြစ်ကြတာ လူတွေကအကျင့်ဖြစ်နေပြီ…. လူတွေကိုလည်း အပြစ်ပြောလို့မရဘူးပေါ့… တစ်ခါက မြန်မာပြည်ကိုလာတဲ့ နိုင်ငံခြားသားတစ်ယောက် အမှိုက်ထုပ်ကိုကိုင်ပြီး ယောင်ခြာခြာနဲ့ ပြစ်ဖို့အမှိုက်ပုံးကို ရှာနေတာကို မြို့တွင်းလမ်းမပေါ်မှာ တွေ့တယ်လို့ကြားဘူးတယ်…
Was this answer helpful?
LikeDislike့မြတောင်ကျောင်းလေ လေးပေါက်
လူတွေက စည်းကမ်းမရှိပါဘူးဗျာ
လပ်ကီးဟိုတယ်ရှေ့က တိုက်ရှေ့မှာ ညဆို အမှိုက်တွေပုံထားတာ ညစ်ပတ်သလား မမေးနဲ့
လူတွေက တော်တော်ကို ဆိုးတယ်ဗျာ
Was this answer helpful?
LikeDislike၀ိုင်းဝန်းကြံဆပေးကြပါ
၁။ အမှိုက်သိမ်းတဲ့ အလုပ်ကို နာရေးကူညီမှုလုပ်သကဲ့သို့ လုပ်နိုင်ရန် မည်မျှကုန်ကျနိုင်သလဲ၊
၂။ လုံခြုံသောအမှိုက်ကားတစ်စီး တန်ဘိုးဘယ်လောက်ကျနိုင်သလဲ၊
၃။ မြို့လူနေသိပ်သည်းမှုအပေါ် အမှိုက်ပစ်ရန် မည်သို့တွက်ချက်ရပါသလဲ၊
၎။ စုပုံလာသော အမှိုက်များကို မည်ကဲ့သို့ ပြန်လည်ဖြေရှင်းရပါသလဲ၊
၅။ စွန့်ပစ်ပစ္စည်းများကို အမျိုးမည်မျှခွဲသင့်ပါသလဲ၊
၆။ စွန့်ပစ်ပစ္စည်းများမှ ၀င်ငွေမည်သို့ပြန်ရှာရပါသလဲ၊
စသည့်အချက်များအား ၀ိုင်းဝန်းတွက်ချက်ပေးပါရန်တောင်းခံအပ်ပါသည်။
ကျွန်တော်နေထိုင်သောမြို့တွင် ဤစနစ်ဖော်ဆောင်နိုင်ရန် လူမှုရေးအဖွဲ့အစည်းများအား အကူအညီတောင်းလိုပါသဖြင့် MG ၀ိုင်းတော်သားများအားတင်ပြဆွေးနွေးလိုက်ပါသည်
Was this answer helpful?
LikeDislikeအယ်လ်အေမှာတော့.. အောက်ကလင့်ခ်က ကုမ်ပဏီက.. အမှိုက်သိမ်းအလုပ်လုပ်တယ်..။
http://www.wm.com/index.jsp
သူတို့အလုပ်လုပ်ပုံ… လေ့လာကြည့်ပေါ့..
ကားကတော်တော်ဈေးကြီးမယ်ထင်တယ်..။ ၂သိန်းလောက်ပေးရတာတော့တွေ့ရတယ်..။
အမှိုက်ပုံးကို စက်လက်တန်နဲ့အလိုလိုမ,တဲ့အပြင်.. အမှိုက်များများဆန့်အောင်..ကားထဲ.. ဖိသိပ်ခြေထည့်တာ..။ အောက်ကလင့်ခ်မှာ အမှိုက်ကားဈေးတွေ…။
http://www.trucks.com/garbage-trucks.aspx
Was this answer helpful?
LikeDislikeသူကြီးရေ ကျေးဇူးပဲဗျ. ကျွန်တော်လေ့လာပြီး လူမှုရေးအဖွဲ့အစည်းများကိုဆက်လက်တင်ပြသွားပါမယ့်.
Was this answer helpful?
LikeDislikeအမှိုက်မပစ်ရ ဆိုင်းဘုတ်နဲ့အတူ အမှိုက်ပုံးအကြီးကြီးပါ (ယူသွားလို့မရအောင်) ထားပေးလိုက်ရင် ပိုမကောင်းပေဘူးလား။ တားမရရင် စနစ်တကျဖြစ်အောင် လုပ်ပေးဖို့ပဲ ရှိတာပေါ့။ ဘိန်းဖြူသုံးတဲ့သူတွေကို ဖမ်းတာလည်းလုပ်၊ ဆေးထိုးအပ် သန့်ရှင်းဖို့လည်း ပညာပေးသလို နှစ်လမ်းသွား လုပ်ရင် ပိုထိရောက်မယ် ထင်ပါတယ်။ သဂျီးလို မျက်စိမှိတ်ပြီး လွှတ်တော်အမတ်.. အမတ်လို့ နင်းကန်အော်နေလို့ကတော့ ဘာမှထူးလာမည် မဟုတ်……
Was this answer helpful?
LikeDislikeရန်ကုန်မှာက အမှိုက်ပြစ်ဘို့နေရာချထားပေးတာ တနေရာနဲ့တနေရာဝေးတယ်။ ပြီးတော့အမှိုက်ပြစ်မဲ့နေရာကိုကန်လို၊ Tank လိုကြီးကြီးလုပ်ထားပေးရင်ကောင်းမယ်။ အဲဒီတော့မှလူတွေက
အမှိုက်တွေကိုအဲဒီTank ထဲထည့်ရင်အပြင်မြေကြီးပေါ်မှချစရာမလိုတော့ဘူးအပြင်မြေကြီးသန့်သွားနိုင်တာပေါ့။ အမှိုက်ပြစ်ရင်လည်း
ပလပ်စတစ်အိတ်နဲ့အနံ့မထွက်အောင်လုံလုံခြုံခြုံထုပ်ပြီးပြစ်သင့်တယ်။ ဒါမှလူတွေလမ်းလျှောက်သွားတဲ့အခါ
မကောင်းတဲ့အနံ့တွေမရမှာ။ အခုလည်းစည်ပင်ကအခွန်တွေတိုးကောက်ထားတယ်မဟုတ်လား။ လုံလုံလဲလဲ
ရှိတဲ့အမှိုက်ပုံးတွေများများချထားသင့်တယ်။ လမ်းအလိုက်သန့်ရှင်းရေးတာဝန်ကျတဲ့စည်ပင်ဝန်ထမ်းက အမှိုက်ပုံးတွေအမှိုက်ပြည့်မပြည့်မကြာခဏစစ်ကြည့်ပြီး အမှိုက်ပြည့်နေရင်ဟို ကန်လိုTank လိုနေရာမှာသွားပြစ် အဲဒီတာဝန်မျိုးပေးသင့်တယ်။
Was this answer helpful?
LikeDislikeဟုတ်တယ်။ ကိုပေါက်ရေ ဟိုလူ့လက်ညှိုးထိုး သည်လူ့လက်ညှိုးထိုးနဲ့ မိုးချုပ်ရတာ။
ကိုယ့်နိုင်ငံမကောင်းတာထိုင်ပြောတာဘဲ အားရနေပြီး ဘာလေးလုပ်နိုင်ရင်လုပ်မယ်
ဆိုတာ မစဉ်းစားကြတာ ခေတ်နဲ့မှမဆိုင်တာဘဲဗျာ။
(ဆိုင်တယ်လို့ ဇွတ် ဆိုရင်တောင် အခုလိုအခါမှာ လုပ်နိုင်တာတွေရှိနေပြီဘဲ။)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တော်တော် လေးလေးနက်နက် ထားပြီး လုပ်ရတော့မဲ့ အလုပ်ဘဲ။
အမှိုက်ကင်း စောင့် တာတွေ ဒါဏ်ရိုက်တာတွေနဲ့ မှ ထိန်းလို့ရတော့မဲ့အဆင့်ဘဲဗျ။
ပြောရတာလည်း မကောင်းပါဘူး။
ပါးစပ်နဲ့ပြောလို့ နားထောင်တတ်တဲ့ လူ တွေဖြစ်စေချင်တယ်ဗျာ။
သက်ဆိုင်ရာနဲ့ တာဝန်သိပြည်သူ/သား ပူးပေါင်းလုပ်ရင်တော့ ဖြစ်နိုင်ပါတယ်။
အဲ မှန်မှန်ကန်ကန်လုပ်ဖို့တော့လိုတယ်။
အရင်က ရပ်ကွက်လူကြီးတွေလဲ အဲဒီလိုလုပ်ဖူးပေမဲ့ ဟိုလူ့တမျိုး ဒီလူ့တမျိုး၊အဲဒီကလိုလုပ်ရင်
ရပ်ကွက်လူကြီး နဲ့ တာဝန်ရှိသူတွေ ကိုပါ ဖြုတ်မယ်လို့ စည်းကမ်းထားပေးရမယ်ဗျ။
Was this answer helpful?
LikeDislikeလေးပေါက် နောက်တခါဆို မီးပွိုင့်တွေမှာ ဆိုင်ကယ်တွေ ကားတွေ အလုအယက်တိုးသွားနေကြတဲ့ ပုံလေးပါ ရိုက်တင်လိုက် သူကြီးမြင်ဖူးတယ် ရှိအောင်လို့
စွန့်ပစ်ပစ္စည်းများကို ပြန်သုံးလို့ရအောင် လုပ်ပေးတဲ့စက်များလည်း ဈေးသေးမယ် မထင်ဘူး
Was this answer helpful?
LikeDislikeမပူးခ်ျရေ အငုံစိတ် ပို့စစ်လေးကိုတချက်ပြန်ကြည့်ပေးပါအုန်းနော်။
ညကကျနော် ကော်မန့်လေးနဲ့ ပါမစ်ရှင်တောင်းထားတယ်။ကြည့်ပေးပါအုန်းနော်။
Was this answer helpful?
LikeDislikeစွန့်ပစ်ပစ္စည်းများကို ပြန်သုံးလို့ရအောင် လုပ်ပေးတဲ့စက်များလည်းလုပ်ပေးဖို့ဂျပန်ကကမ်းလှမ်းတာဒီကပယ်ချဆိုပဲ။
Was this answer helpful?
LikeDislikeအမှိုက်ကို စည်းကမ်းမဲ့ မပစ်ရလို့ ရေးရမယ်ထင်တယ်။
အဲဒီလို လုပ်နိုင်အောင်လည်း အမှိုက်ပုံး၊ အမှိုက်ကားတွေ အပြည့်အစုံ စီစဉ်ပေးထားဖို့လိုတယ်။
ဒါ့အပြင် စနစ်တကျ၊ အချိန်မှန် အမှိုက်သိမ်းဖို့လည်း လိုတယ်။
စည်းကမ်းတကျအမှိုက်ပစ်ဖို့၊ စိတ်ဓာတ်လေးတွေရှိအောင် ပညာပေး၊ စည်းရုံး၊ လှုံ့ဆော် တဲ့နည်းတွေနဲ့ အရင်ဆုံး ကာလတစ်ခုသတ်မှတ်ပြီး လုပ်ပေးရမယ်။
ကာလတစ်ခု အချိန်ယူပြီး နောက်တဆင့်တက်တော့ အရေးယူပေါ့။
မြင်ဖူးသလောက် ပြောရရင် အကောင်းဆုံးနည်းကတော့ စင်္ကာပူမှာလို အိမ်ထဲကနေ အမှိုက်ပိုက်လိုင်းထဲ ပစ်ထည့်ရုံပဲဆိုရင် ဘယ်သူကမှ လမ်းမပေါ်ရောက်တဲ့အထိ သွားပစ်ကြမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။
“ဘယ်သူ့ကြောင့်လို့ပြောချင်ပါသေးသလဲ” ဆိုရင် ကျမကတော့ စနစ်ကြောင့်လို့ ပြောချင်ပါတယ်။
(သဂျီးက စနစ်ကြောင့်မဟုတ်ဘူး ပြောပြောနေပေမယ့် ကိုယ့်စိတ်ထဲက အတိုင်း ပြောရရင် ခုချိန်ထိ စနစ်ကြောင့်ပဲလို့ ထင်နေတယ်။)
ဥပမာအားဖြင့်-မိသားစုတစ်စုမှာ မိသားစုဝင်အားလုံး တက်ညီလက်ညီရှိဖို့လိုတယ် ဆိုပေမယ့်၊ မိသားစုကို ဦးဆောင်သူ အိမ်ထောင်ဦးစီးက တာဝန်အရှိဆုံးပါပဲ။
Was this answer helpful?
LikeDislikeစည်းကမ်းမဲ့ အမှိုက်ပစ်တဲ့လူမှာ အပြစ်ရှိတယ် ဆိုပေမဲ့ အမှိုက်ကို လွယ်လွယ်ကူကူ စနစ်တကျ ပြစ်ခွင့်မရှိတဲ့အခါ. ဘယ်သူကို အပြစ်တင်ကြမလဲ..
တနေ့က FM က လာတဲ့ အမှိုက်နဲ့ ပတ်သတ်တဲ့ ဆောင်းပါးလေး နားထောင်လိုက်တာ စိတ်မကောင်းလို့ မျက်ရည်တောင် ၀ဲ မိတယ်။
စည်ပင်က ၀န်ထမ်းတွေ အမှိုက်ကြောင့် သေကြတာတွေ နည်းမျိုးစုံပေါ့..
မနက်မနက် လမ်းလျှောက်တဲ့ အခါ နေ့တိုင်းနီးပါးကို တွေ့မိတာရှိသေးတယ် အမှိုက်သိမ်းနေတဲ့ အမျိုးသမီး ငယ် တယောက်က သူ့ ကလေးက အသက် ၁နှစ် သာသာလောက်ရှိမယ် ထင်တယ် ကလေး ဆော့ပြီး လမ်းမပေါ် ပြေးမထွက်သွားအောင် အမှိုက်တွန်းလှည်းထဲ ထည့်ထားတာ ကလေးကလည်း သူ့ရဲ့ ကစားစရာ ခြံဝင်းလေး အလား ဆော့နေတာ မြင်တော့ စိတ်ထဲ မကောင်းဖြစ်မိတယ်။
နုနုနယ်နယ် ကလေးငယ် ရောဂါပိုးတွေ လွယ်လွယ်ဝင်ပြီး ဖျားနာတာမျိုး ဖြစ်နိုင်တယ်.. နောက်ပြီး ကလေးဆိုတော့ ပါးစပ်ထဲ တွေ့ကရာ ကောက်ထည့်တတ်တာ ဆိုတော့.. တွန်းလှည်းထဲက ကလေးငယ်ကို မြင်ရတာ သဘော မတွေ့တာ အမှန်ဆိုပေမဲ့ မိခင်နဲ့ ကလေး ဒီလိုမှ မထားရင် ထိန်းပေးမဲ့ သူ မရှိလို့ ဒီလို ထားတာ ဘာမှ မဖြစ်လို့ အဆင်ပြေနေတယ်လို့ပဲ တွေးမိလိုက်ပါတယ်။
ဆောင်းပါး ပါတဲ့ အချက်အလက်တချို့ကတော့…
လမ်းလျှောက်နိုင်တဲ့ သူတွေ အတွက် ကျန်းမာရေး ကို ရောဂါ မဖြစ်အောင် ကာကွယ် မပေးနိုင်မှတော့ ညစ်ပတ် နံစော်နေတဲ့ အနံဆိုးတွေ ရှုသွင်းပြီး အလုပ်လုပ်နေရတဲ့ လုပ်သားများအဖို့တော့ ရောဂါဖြစ်လို့ မတ်တပ်မှ လဲသော် အခါ
ဥပမာ တီဘီရောဂါမျိုးပေါ့.. မည်သူမှ ကြည့်ရှုပေးနိုင်မည် မဟုတ် လျှောက်ကြေးလည်း ကြီးကြီးမားမား မပေးနိုင်ပါတဲ့…
စနစ်တကျ မစွန့်ပစ်လို့ အပ်တွေ အချွန်အတက်တွေ ပါသွားပြီး ထိခိုက်ရှနာ ဖြစ်ပြီး အမှိုက်ကြားမှာ လုပ်နေရတဲ့ အတွက် မေးခိုင်ပိုးဝင်တာကို အချိန်မှီ ကာကွယ်ဆေး မထိုးမိတော့ သေကြပြန်ရောတဲ့..
လမ်းမမှာ ပွနေတဲ့ အမှိုက်ကို စည်ပင်ဝန်ထမ်းက တာဝန်အလျှောက် လှည်းကျင်းတဲ့ အလုပ် လုပ်နေတာကို မဆင်မခြင် မောင်းတဲ့ ကားတွေကြောင့် သော်လည်းကောင်း ကားဟွန်းတီးသော်လည်း ရှောင်ဖယ်ခြင်း မရှိ တာဝန်ထမ်းဆောင်နေသည်ဟု စိတ်ကြီးဝင်နေ၍ သော်လည်းကောင်း မိုးမလင်း တလင်းမှာ ကားတိုက်ခံရပြီး သေတဲ့ စည်ပင် ၀န်ထမ်းပေါင်း မနည်းပါဘူးတဲ့ကွယ်…
နေ့ဘက် လူတွေ ပြစ်ထားတဲ့ အမှိုက်များကို ညလူခြေတိတ်ချိန်မှာ သန်းခေါင်းအချိန်ဖြစ်ပြန်တော့ အလုပ်က ပင်ပန်း မောမော နှင့် အမှိုက်သိမ်းပြီး ကားခေါင်မိုးပေါ် ခဏတက်ပြီး အညောင်းဆန့် တက်အိပ်မိရာက အိပ်မောကျပြီး ကားထွက်တဲ့ အခါ ကားပေါ်က ပြုတ်ကျပြီး အမှိုက်ကားနဲ့ ပြန်ကြိတ်ခံရလို့ သေတဲ့ ကိစ္စပေါင်းလည်း မနည်းမနောပါတဲ့ကွယ်…
အမှိုက်သိမ်းယာဉ် ပေါ်မှာ မတ်တပ်ရပ်ပြီး မြင့်တက်လာတဲ့ အမှိုက်တွေကို အပေါ်က ဖိချရင်း ဓါတ်ကြိုးနဲ့ မလွတ်ဖြစ်ပြီး ဓါတ်လိုက်သေတဲ့ လူများလည်း ရှိခဲ့ဖူးပါတယ်တဲ့ကွယ်…
ဒလက်ပါတဲ့ အမှိုက်သိမ်းကား နဲ့ ညဘက် အချိန်အခါ သိမ်းဆည်းပြီး တန်းပေါ်မှာ တက်အိပ်ရင်း အိပ်မောကျပြီး ကားစက်နိုးတဲ့ အခါ မသိပဲ အမှိုက်ကား တံခါးကို စက်များနဲ့ ပိတ်လိုက်တဲ့ အခါ အတွင်းဘက်ကို ပြုတ်ကျပြီး အတွင်းကန်ထဲမှ တဆင့် အတွင်းကို ဖိသိပ်သွင်းတဲ့ ဒလက်ရဲ့ နှုန်းနဲ့ အရိုးအသားများ အပိုင်းပိုင်းပြတ်ကာ သေဆုံးသွားရတဲ့ အဖြစ်တွေလည်း များစွာ ရှိပါတယ်တဲ့ကွယ်..
အမှိုက်ပစ်သူလည်း အသိပညာရှိဖို့ လိုသလို စည်ပင်ဝန်ထမ်းလည်း ဗဟုသုတ ရှိဖို့ လိုပါတယ်။
ကျန်းမာရေး ကာကွယ်ကုသ စောင့်ရှောက်ရေးတွေလည်း အများကြီး လိုကြောင်း ထိုဆောင်းပါးမှ တဆင့် ကြားသိခဲ့ရတယ်။ နားနဲ့ ကြားတာ မှတ်မိသလောက် ပြန်ရေးပြလိုက်ပါတယ်။
Was this answer helpful?
LikeDislikeအမှိုက်မပစ်ရဆိုတာတွေပဲတွေ့နေရတယ်။ အမှိုက်ပစ်ရန်နေရာဆိုတာကိုတော့ မတွေ့မိဘူးလိုပဲ။
Was this answer helpful?
LikeDislikeအခုအမိုက်ပစ်ထားတဲ့ရပ်ကွက် က 85လမ်း။
ည ကိုးနာရီခွဲလောက်ဆိုရင်တော့ စည်ပင်သာယာ အမိုက်သိမ်းကားက ခေါင်းလောင်းတီးပြီးအမိုက်လာသိမ်းတာကို
84လမ်းပေါ်မှာ ညတိုင်းလောက်တွေ့ရတယ်။
ဒီအခုအမိုက်ပစ်ထားတဲ့နေရာထိလာသိမ်းမသိမ်းကတော့ ကျနော်လဲမသိပါ။
တစ်ခါတစ်ရံအမိုက်ပစ်ဘို့နေရာပေးထားဘဲမယ့် အဲဒီအထိ သွားမပစ်ဘဲကြုံသလိုဆော်ထဲ့လိုက်တာပါ။
ဘယ်သူ့ကြောင့်လဲလို့ ပြောရမယ်ဆို ရင် အုပ်ချုပ်သူဘက်က လိုသလို တိုင်းသူပြည်သားဘက်ကလဲ
လိုပါတယ်။
ရပ်ကွက်ထဲမှာ သဒ္ဒါသလောက်ပေးဆိုပြီးအမိုက်သိမ်းလာသိမ်းပေးတဲ့ ကိုယ်ပိုင်လှည်းကလေးတွေလည်းရှိပါတယ်။
ကျနော်နေတဲ့တိုက်ခန်းဆို လမ်းဒေါင့်မှာ အမိုက်ပုံးရှိတယ်။
ဒါပေမယ့် အိမ်ပေါ်ထပ်နေသူအတော်များများက အောက်ကိုဘဲ ဘုန်းကနဲ့အလွယ်တကူပစ်ချလိုက်တာ
အခုထိပါဘဲ။
ပြောမရ တားမရပါ။
အဲတော့ ဒီနေရာအမိုက်မပစ်ရလို့ တားမြစ်ထားတာကို ဆန့်ကျင်ပြီးသွားပစ်တော့ ကိုယ့်အမှားပေါ့။
ဖြစ်သင့်တာက ရပ်ကွက်လူကြီးတွေက ဘယ်နေရာပစ်ရမယ်ဆိုတာ တိတိကျကျ နေရာသတ်မှတ်ပေးဘို့
အခုဆိုင်းဘုတ်မှာ အမိန့်ထုတ်ထားတဲ့သူကို သွားမေးရပါမယ်။
တကယ်လို့များသူတို့က တာဝန်မဲ့စွာနဲ့စီစဉ်မပေးဘူးပြောရင် ကိုယ့်အသိစိတ်နဲ့ကိုယ် ၀ိုင်းဝန်းပြီး
ဖြေရှင်းမယ်၊
ကျနော်တို့ဆီမှာလက်တွေ့ဖြစ်နေတာက စည်းကမ်းထုတ်သူကလဲ ပြီးစလွယ်ထုတ်လိုက်။
လိုက်နာရမယ့်သူကလဲ အလွယ်တကူချိုးဖောက်လိုက်။
သူ့ကြောင့်ငါ့ကြောင့် နဲ့အပြစ်တွေပုံချရင်း ဒီအခြေအနေရောက်ကုန်တာပါ။
အခုအချိန်က လမ်းခွဲရောက်နေပါပြီ။
အရင်လိုဘဲမင်းမလုပ်လို့ငါမလုပ်နေမလား။
မင်းမလုပ်ပေမယ့် ငါတို့ကတော့ ကောင်းအောင်လုပ်မယ်ဆိုပြီးလုပ်ကြမလား။
ဆိုတာပါဘဲ။
Was this answer helpful?
LikeDislike..♫♪..♫♪…မင်းကြောင့် …. မင်းကြောင့် ပါနော် ..♫♪..♫♪…
ခင်ဘုဏ်းကတော့ အဲဒီလို ဆိုထားတာပဲ …..
Was this answer helpful?
LikeDislikeမင်းကြောင့် မင်းကြောင်းပါနော် မူရင်းက ဟေမာနေ၀င်းပါ မောင်ကင်းရေ
Was this answer helpful?
LikeDislikeမင်းတို့ကိုလည်းအပြစ်မတင်
ကိုယ့်ကိုယ်ကိုသာအပြစ်တင်လိုက်ချင်ပါရဲ့
အမယ်မင်း…
Was this answer helpful?
LikeDislikeမောင်တင် မောင်တင်
ရွှေမန်း တင်မောင် မသေသေးဘူးဗျို့
ရွာထဲမှာ ဇာတ်မြုပ်နေတာကိုးး
Was this answer helpful?
LikeDislikeမင်းမှားပါဘူး ငါမှားတယ်….။ မင်းအပြစ်မရှိဘူး ငါရှိတယ် မင်းသည်အားလုံးကောင်းပါတယ်….။ အဲဒိလိုပဲ…….. အဓိက စည်းကမ်းကို သင်ကြားပေးတဲ့ မိဘနဲ့ ကျောင်းတွေ အများကြီး လိုပါသေးတယ်လို့ထင်တယ်….။
Was this answer helpful?
LikeDislikeအင်း……ကျွန်တော်ထင်တာကတော့ အစိုး၇မှာလည်းတာဝန်၇ှိသလို ပြည်သူတွေမှာလည်းတာဝန်၇ှိတယ်
အစိုး၇က အမှိုက်မှန်မှန်သိမ်း၇င်ဒီလိုဖြစ်မှာမပာုတ်ဘူး။လူတွေကလည်း အမှိုက်ကဖြစ်ကလဆန်း မပစ်ကျနဲ့ပေါ့ စာေ၇းထားတာပဲ။အဲတစ်ခုတော့၇ှိတယ် အစိုး၇က အမှိုက်တွေအတွက် နေ၇ာသတ်သတ်မှတ်မှတ်မလုပ်ပေးထား၇င်တော့ ဒီနေ၇ာမှာပဲပစ်ကျ၇မှာပဲ ဒါဆိုဒါလူတွေအလွန်မပာုတ်ဘူး။
အစိုး၇ကလဲ နေ၇ာတွေသတ်သတ်မှတ်မှတ်လုပ် မှန်မှန်သိမ်း လူတွေကလည်း အဲ့ဒီမှာပဲပစ်
Balance ညီနေ၇င် ဘာပြသာနာမှမတတ်တော့ဘူး။ခုတော့ နှစ်ဖက်လုံးကတာဝန်ပျက်ကွက်ပါတယ်။
Was this answer helpful?
LikeDislikeလက်ခုတ်တီးပြီး အားပေးသွားပါတယ် ကိုပေါက်ရေ။
Was this answer helpful?
LikeDislikeလက်ခုပ်တီးပေးတော့ ပိုအားရှိသွားတာပေါ့ ကိုချောရေ…………..
Was this answer helpful?
LikeDislikeကိုပေါက်ရေ…
၈၆နဲ့ ၁၅လမ်းထောင့်မှာတော့ ညနေစောင်းတစ်ခေါက်၊ မနက်စောစောတစ်ခေါက်
အမှိုက်ကားလာကျုံးတတ်လေ့ရှိပါတယ်။ ပြီးတော့(၅)ရက်တစ်ခါလောက်လည်း
လမ်းထဲမှာခေါင်လောင်းတီးပြီး အမှိုက်ကားလာလေ့ရှိပါတယ်။ ( ကိတ်မုန့်တိုက်တို့
ရေခဲစက်တို့ အတွက်ထင်တယ်) ဒါပေမဲ့ အရပ်ထဲကလူတွေလည်း အမှိုက်ပစ်လို့ရပါတယ်။
တီချာအမြင်ပြောရရင်တော့ မြူနီစပယ်က ပုံမှန်လေးတော့ လုပ်ပေးနေပါတယ်။
ပြဿနာက Scavengers တွေပါ။ အမှိုက်ပုံထဲကရသမျှတွေ ထိုးဖွရှာတယ်၊ စားသောက်တယ်၊
အမှိုက်ပုံးသံစည်ပိုင်းလိုမျိုး လုပ်ပေးထားတယ်၊ သူတို့စိတ်ကြိုက်ကော်ထုတ်လို့မရတော့
ဒီပုံးကြီးကိုတွန်းလှဲပစ်ပြီးဖွထုတ်သွားတယ်။ နောက် တစ်ရက်နှစ်ရက်နေရင် ဒီသံစည်ပိုင်း
ကြီးလည်း ပျောက်သွားပြီပဲ။
ရှုရှုးကိစ္စကတော့ အရမ်းရှုံ့ ချတယ်။ ကျုံးဘေးမှာ မနက်တိုင်လမ်းလျှောက်တဲ့အခါ
ပေါ်တင်ကြီး စွန့်လွှတ်နေကြတဲ့ ပုရိသကြီးတွေကို စိတ်တိုတယ်။ အများသုံးအိမ်သာဆောက်ပေးဖို့ဆိုတာက ရေလာခြင်း မလာခြင်းတို့နဲ့၊
သန့်ရှင်းရေးကိစ္စဘာညာနဲ့ ပိုညစ်ပတ်မယ်။ နေရာကောင်းလှပါတယ်ဆိုတဲ့ ရန်ကုန်လေဆိပ်
အိမ်သာတွေတောင်မှ ရေမလာ၍ ရေမရှိညစ်ပတ်နေတာတွေ့ဖူးတယ်။ လူတိုင်း ဟာ ကိုယ့်ကိစ္စ
ကိုယ်အိမ်ကမထွက်ခင်အထူးသတိထားဖြေရှင်းခဲ့မှသာ ဒီဒုက္ခက လွတ်ရုံမျှသာဖြစ်မယ်။
ပိုက်ဆံပေးတက်ရပြီး အဆင်မပြေတဲ့ ဈေးချိုအိမ်သာတွေအကြောင်း ကြားဖူးတယ်မဟုတ်လား။
ဒီတော့ ကိုပေါက်ရေ… ဘယ်သူ့ကြောင့်လဲဟင်
Was this answer helpful?
LikeDislikeတီချာကြီးရေ …ဒါမျိုးကိစ္စများတော့ …. လွယ်ပါတယ်ခညား …
မည်သူမဆို ထိုသို့ မလျှော်မကန် စွန့်နေသည်ကို ဒါ့ပုံရိုက်ပြနိုင်ပါက မည်ရွေ့မည်မျှ….ဆိုတာမျိုး..
(နည်းချင်နည်းပစေ ဗျာ တပုံ -၁၀၀၀ ပေးမယ် ဆိုလို့ကတော့…)
သရမ်းတဲ့ကောင်တွေ အတော် ဆင်ခြင်သွားမယ်…
နောက်တဆင့်တပ်လို့ …. ဒါမျိုး သရမ်းတဲ့ သရမ်းခံထိတဲ့ ရပ်ကွပ် မြို့နယ်မှာ….
ဗီနိုင်းထုတ်ပြီး ကပ်မယ် ဆိုပါတော့ ……
(ရွာနာတယ်ကွာ အရပ် နာတယ်ကွာ…) နဲ့ ဗော်လန်ဒီယာတွေ ထွက်လာဦးမှာပါဗျာ…..
မျက်ခွက်ကိုပါ ကွက်ကွက်ကွင်းကွင်း ဘယ်သူဘယ်ဝါ ဆိုတာ သိလောက်အောင် ရိုက်နိုင်တဲ့ပုံမျိုးကျ…
ဘူတာကြီးလိုနေရာမျိုးမှာပါ လေးဖက်လေးတန် ချိတ်ဆွဲသင့်ကြောင်းပါ..(ဗီနိုင်းဖိုးကိုတော့ တဖက်က ရှာပေါ့နော..)
အနည်းဆုံးတော့ .ငါသည် လူဖြစ်ပါလျက် တိရိစ္ဆာန်လို စွန့်ချင်တိုင်းစွန့်မိသည့်အခါ သမိုင်းတွင်အောင် သောက်ရှက်
ကွဲ ပါသတည်း ဆိုတဲ့ ….awareness လေးရသွားရင် ..(ရန်ကုန်-မန်းလေးမဟူ)…. ပိုကောင်းဖို့ ဖြစ်လာမယ်ထင်ပါကြောင်း….
ခင်တဲ့
ဂီ…
P.S
(လမ်းဘေး သေးပန်းတဲ့ကောင်တွေ သတိသာထားကြပေတော့ …..)
Was this answer helpful?
LikeDislikeမာမီ ရေ
စည်သူလွင်တွေနည်းပြီး……………..(အချစ်ရေ………….ကိုယ့်ကြောင့်)
ဟေမာနေ၀င်းတွေများနေလို့ပါ…………….(မင်းကြောင့်မင်းကြောင့်ပါနော်……………)
Was this answer helpful?
LikeDislikeဒါဆိုရင်တော့ လောလောဆယ် ကျနော်တစ်ထောင်အရင်ဆုံးရသင့်ပါတယ်။
Was this answer helpful?
LikeDislikeတစ်ထောင် ရဖို့ အဲလို လုပ်ပေးမဲ့ မော်ဒယ်တွေ များလာမယ်။ ၅၀၀ ဆီခွဲယူမတဲ့။ jk
Was this answer helpful?
LikeDislikeကိုပေါက် – သူကြီး ဂျောက်တွန်းနေသကွဲ့။
သူတို့ ဆီမှာတော့ ပြည်သူတွေ ဆီက ရတဲ့ အခွန် နဲ့ အားလုံး အံဝင်အောင် ဖြတ်စားမှုမရှိ လုပ်နိုင်သကိုး။
မြန်မာပြည်မှာ တော့ အဲဒီလို တွေလုပ်ဖို့ အခွန်ပေးမယ်ဆိုရင်တောင် အများကောင်းမှု နဲ့ ကြီးပွါးမဲ့သူတွေ ရှိမလား၊ ကားကြီးတွေ ဝယ်ပြီး ဆီမရှိလို့ ချောင်ထိုး ထားမလားလို့ သံသယပွါးဆဲ ……
ဘာဘဲဖြစ်ဖြစ် ဒီလို ကိစ္စတွေဆိုတာက အရိုးစွဲနေတဲ့ စည်းကမ်းမရှိဘူး ဆိုတာ ပြည်သူတွေဘက်ကလဲ ဆင်ခြင်ရမှာတွေ ရှိသလို သက်ဆိုင်ရာကလဲ စနစ်ကျအောင် တာဝန်ယူလုပ်ပေး ရမှာပါ။
တစ်ခါ လုပ်ပေးပြီးရင်လဲ ပြီးပြီလို့ လုပ်လို့မရပါဘူး။ ဆက်လက်ထိမ်းသိမ်း ခြင်း Maintenance ဆိုတာ ဘာကို လုပ်လုပ် တွဲပါနေတယ် ဆိုတာ သိထားကြသင့်ပါတယ်။
ကျွန်မ တို့ ဆီမှာ အဲဒါ မရှိသလောက် ကို အားနည်းနေပါတယ်။
လုပ်တော့လုပ် နေတာဘဲ။ ၂ဖက်လုံးမှ ဆက်ပြီး Maintain မလုပ်ကြတာလို့ ထင်ပါကြောင်း။
Was this answer helpful?
LikeDislikeလေးပေါက်ကြီး ဒီတစ်ခါ ရိုက်လာတာ ထိထိမိမိရှိလှပါတယ် .. ကိုးခရိုင် စိမ်းလန်းစိုပြေရေး ဗိုလန်တီယာပုံပါ ပါလိုက်သေး ..ဟဲဟဲ ..
လူတွေကလည်း လူတွေ .. တကယ်ခက်တယ် …မပစ်နဲ့ ဆို ပစ်ချင် .. မပေါက်နဲ့ ဆို ပေါက်ချင်တယ် … မလုပ်နဲ့ ဆိုတာကိုမှ လုပ်ချင်တာ လူ့သဘာဝလိုများ ဖြစ်နေမလားနော် … ။
တစ်ယောက်က စပြီး အမှိုက်လာပစ် .. နောက်တယောက်ကလည်း .. သူတောင် ပစ်သေးတာ .. ငါလည်း ပစ်မှာပဲဆိုပြီး လာထပ်ပစ် .. ဒီလိုကနေ .. များလာတာ .. ။
နောက်ပြီး … အမှိုက်မပစ်ရ ထိရောက်စွာ အရေးယူမည်လို့သာရေးထားတယ် … တကယ်တမ်း ဘယ်သူကများ တာဝန်ယူ စောင့်ကြည့်အရေးယူမှုမှမရှိတော့ .. ပစ်တဲ့ လူကလည်း စာက စာပဲ သဘောထားပြီး ဖတ်သာဖတ်သွာတယ် .. လိုက်နာရကောင်းမှန်းမသိကြဘူး … ။
ဒီနိုင်ငံမှာ .. မြို့လည်ခေါင်တောင် အမှိုက်ပုံကြီး ဖြစ်ဖြစ်နေတာ … အလွန် ရုပ်ဆိုးတဲ့ ပြယုဂ်ပါပဲ … ။
လူရှိလျှင် အမှိုက်ကတော့ ရှိစမြဲပါပဲ .. ဒါပေမယ့် … ဒီအမှိုက်တွေကို ဘယ်သူက ဘယ်လို စနစ်တကျ တာဝန်ယူ ကောက်ခံ ပေးမလဲဆိုတာပေါ်လည်း မူတည်နေပါတယ် .. သေချာ တသီးတသန့်လေး ကောက်ခံပေးလျှင်တော့ .. အမှိုက်ပစ်တဲ့ လူတွေ စည်းကမ်းရှိလာမယ်ထင်တာပဲ … ။
Was this answer helpful?
LikeDislikeလေးပေါက်ပြောသလိုပဲ သူများလုပ်လို့ ငါလိုက်လုပ်တယ်ကွာ မင်းမလုပ် ငါမလုပ်ဘူး ဘာဖြစ်လဲ
အဲဒီ ယုတ်ညံ့တဲ့စိတ်တွေ အခုချိန်မှာ ဆေးကြောသင့်ပြီ ပြင်သင့်ပြီဗျ
ဓာတ်ပုံကတော့ မိုက်တယ်နော် အကုန်လုံးကို ပါအောင်ရိုက်လာတာ
Was this answer helpful?
LikeDislikeအဲဒါမြန်မာ့ စရိုက် ဓလေ့ အကျင့် စနစ်တွေဘဲ
Was this answer helpful?
LikeDislikeသိပ်ဟုတ်တာပေါ့ကိုအောင် အဲဒီအကျင့်စရိုက်တွေပျောက်အောင်ဖျောက်ကြရအောင်လေဗျာ။
ကျနော်က စလို့ပေါ့။
Was this answer helpful?
LikeDislikeကိုပေါက်ရေ
မမကိုထောက်ခံတယ်၊ ခေါင်ကစ မိုးလုံသင့်တယ်။
သန်ရှင်းသော အခမဲ့အိမ်သာတွေ ကို အခွန်တော်ငွေတွေထဲက သုံးပြီးဆောက်ပေးထားရင် ဘယ်သူမှ လမ်းဘေး မစိုပြေစေဘူး။
အမှိုက် ကို အိမ်ရှေ့မှာ အခမဲ့မှန်မှန်လာသိမ်းပေးရင် ဘယ်သူမှ လမ်းဘေးမြေသြဇာသွားမပုံဘူး။
သတင်းစာတို့ ပလပ်စတစ်ဟောင်းတို့လို ရောင်းစားလို့ရတဲ့ အမှိုက်ဆို သိမ်းတောင်ထားသေး။
Was this answer helpful?
LikeDislikeယူအက်စ်မှာ ပါ့ဗလစ်အိမ်သာ အလွန့်အလွန်ရှားပါတယ်..။
ရှားဆို.. နယူးယောက်မှာ.. တိုးရစ်ဒီလောက်များတာ.. ပါ့ဗလစ်အိမ်သာ လူအချိုးနဲ့ချရင်.. မရှိသလောက်ပါပဲ..။
( ၉/၁၁ ပြီးတော့ .. ဗုံးထောင်မှာကြောက်တာကြောင့်လည်း ပါတယ်ပေါ့)
အယ်လ်အေလည်း ဒီအတိုင်းပဲ..။
အိမ်သာတခုရဲ့.. ထိန်းသိမ်းကုန်ကျစရိပ်အလွန်များမယ် ထင်မိတယ်..။
တော်ရုံအစိုးရ (မြို့နယ် အာဏာပိုင်) ဘက်ဂျက်မတတ်နိုင်ပါဘူး…။
ဆိုတော့..
မြန်မာပြည်မှာ.. ရန်ကုန်မှာ.. မန္တလေးမှာ.. ပါ့ဗလစ်အိမ်သာထက်စာရင် ဦးစားပေး.. လုပ်စရာ. .ငွေသုံးရမှာတွေ.. အများကြီးပါ…။
ဒါကြောင့်.. ပါ့ဗလစ်ရူးပေါက်ရင်.. ဖမ်းဒဏ်ငွေဆောင်ခိုင်းတာကိုပဲ.. အ၇င်လုပ်ရမယ်ထင်မိပါတယ်..။
အောက်ကလင့်ခ်မှာ..ယူအက်စ်မှာ.. ပါ့ဗလစ်ရူးပေါက်လို့.. ဖမ်းခံနေရတဲ့သတင်းတွေ…
http://news.google.com/news?client=firefox-a&rls=org.mozilla:en-US:official&channel=s&hl=en&q=public%20urination%20arrest&um=1&ie=UTF-8&sa=N&tab=wn
Was this answer helpful?
LikeDislikeသဂျီးရယ် အန္တရာယ်ကို လွယ်ထားလို့မရတာကလည်း ရှိသေးတယ်လေ … ။
Was this answer helpful?
LikeDislikeကော်ဖီဆိုင်.. စားသောက်ဆိုင်တွေ.. လိုင်ဘရီတွေ.. စတိုးဆိုင်တွေရှိပါတယ်..။
အဲဒီင်္မှာ တချို့ကစာကပ်ထားသေးတယ်..။ အပြင်ကနေ ဘာမှမ၀ယ်ပဲ.. အိမ်သာမသုံးရတဲ့..။
အဲ.. သော့ခတ်ပြီး သော့ကိုင်ထားတာ…
သော့ကိုကောင်တာမှာ သွားတောင်းရတာ…။
အဲဒီလို…
ဆိုတော့..
အန္တရယ် မလွယ်ချင်ရင်.. အိမ်မှာကတည်းက.. တွက်ချက်ပြီးရှင်းခဲ့ပေတော့…။
Was this answer helpful?
LikeDislikeအခုနောက်ပိုင်းရှော့ပင်းစင်တာတွေမှာ အိမ်သာတွေ သန့်သန့်ပြန်ပြန့်ထားပေးတာ သိပ်ကောင်းတာပါပဲ … ။ ဒါပေမယ့်.. တချို့သော … ရှောပင်းစင်တာတွေမှာ staff only ဆိုပြီး ကပ်ထားတာတွေကလည်း ရှိသေးတယ် … ။ တချို့ ကိစ္စတွေက အိမ်မှာ ရှင်းလို့ရပေမယ့်… အရေးတကြီး သွားရင်းလာရင်း ဗိုက်နာလာလျှင် ကားငှားပြီး အိမ်တမ်းပြေးရတာမျိုး ကြုံဖူးတယ်
1.မြေနီကုန်းဂမုန်းပွင့် အိမ်သာသုံးလို့မရပါ
2.လှည်းတန်း စိန်ဂေဟာ အိမ်သာ နှစ်လုံးနဲ့… လူတွေအများကြီးရွာလည်နေတာ အချိန်တိုင်းပဲ ။
3.BAK စိန်ဂေဟာ … အိမ်သာသုံးမရပါ …
4.ဒဂုံစင်တာ 2 မှာ အထပ်တိုင်း သန့်သန့် ပြန့်ပြန့် အိမ်သာလုပ်ပေးထားတာ .. အရမ်းကောင်းပါတယ် … ။
5.မြေနီကုန်း စီးတီးမတ်လည်း အိမ်သာ ကောင်းကောင်းလုပ်ထားပေးပါတယ် … ။
6.Doreen ဆိုတဲ့ ဆိုင်က အိမ်သာကိုတော့ အမိုက်ဆုံးပဲ ..သန့်ပြန့်တဲ့ အပြင် decoration ကလည်း မျက်စိပသာဒဖြစ်စဖွယ် ကျောက်ပြားလေးတွေနဲ့ မို့ .. အိမ်သာထဲဝင်ပြီး ဓါတ်ပုံရိုက်ဖူးတယ် …
Was this answer helpful?
LikeDislikeဟဟား
ဟိုငနဲရူရူးဖလားဝါးတာ
ကမ္ဘာကျော်တော့မယ် မိုက်ဒယ်ဂွာ…………………
Was this answer helpful?
LikeDislikeကျနော်လဲ ရန်ကုန်ရောက်တုန်းက မြေနီကုန်းရှော့ပင်းစင်တာရှေ့ကကော်ဖီဆိုင်ထိုင်ရင်း
အပေါ့သွားချင်လာတော့ မေးတော့ ၀န်ထမ်းကောင်မလေးက မြေနီကုန်းမတ်ကက်ကိုလက်ညှိးညွှန်ပြီးတော့
ကော်ဖီသောက်ချင်ဒီကိုလာ ရှူရှူပေါက်ချင်ဟိုကိုသွားလို့ ပြောတာခံခဲ့ရတယ်။
နောက်တော့ အဲဒီကော်ဖီဆိုင် ဘယ်တော့ မှ မထိုင်တော့ဘူးဗျာ။
Was this answer helpful?
LikeDislike