9
ဒီနေ့ ကိုစိုးဝင်းထွဋ်ဆိုက်မှာ တင်ထားတဲ့ ဆရာမ မချစ်မြတ်နိုး ရှင်းပြတဲ့ တရားတွေကို နာမိတော့ တရားတော် အနှစ်သာရနဲ့ အထင်အားဖြင့် ထပ်မံ နီးစပ်ခွင့်ရတယ်။ တရားဓမ္မ အခြေခံရှိသူ ရွာသားများလည်း နာကြားဖို့ စေတနာရှေ့ထား ဝေငှပါတယ်။ ၃၈ဖြာ မင်္ဂလာတရားတော်ပါ ကာလေန ဓမ္မဿဝနံ သင့်တော်သော အခါ၌ တရားနာကြားခြင်း ဆိုတဲ့အတိုင်း ခန္ဓာညဏ်ရောက် တရားဓမ္မကို လူ၊ ပုဂ္ဂိုလ်မ မစွဲ နာကြားခြင်းအားဖြင့် ကံကုသိုလ်၊ ညဏ်ကုသိုလ်များ ယူနိုင်ကြဖို့ပါ။ မစွဲဖို့ ပြောသာပြောရတယ် ကျနော်တို့လို ပုထုဇဉ်များအတွက် ပုဂ္ဂိုလ်ခင်မှ တရားမင်တာ ထုံးစံဖြစ်ပါတယ်။ သို့ပေမယ့် ဂေါတမဘုရား သာသနာတော်နဲ့ တွေ့မှီနေပါလျက် သာမန် ဒါန သီလ သမထ တရားအဆုံးအမများ၊ ဓမ္မတာ ဘာဝနာပွားခြင်း နည်းနာနိဿယများနဲ့ အချိန်ကုန် သွားမှာစိုးလို့ ထူးထူးခြားခြား ပေါ့ပါးလေးနက်စွာ (ဆန့်ကျင်ဖက် အဓိပ္ပါယ်နှစ်ခု ပေါင်းစပ်ထားတာ သတိပြုပါ) တရားဓမ္မကို ဟောကြားဆုံးမနိုင်သူ တဦးကို ယနေ့ထပ်မံ ညွှန်းချင်ပါတယ်။
နောက်ထပ်လို့ ပြောတော့ အခြားလူများ ရှိတဲ့သဘောဖြစ်ပါတယ်။ သူ့ အရင် ညွှန်းဖူးသူ အလားတူ ပုဂ္ဂိုလ်များ ရှိပါတယ်။ ရွေးထုတ်ပြရရင် သန်လျင်သဘာဝ ဓမ္မရိပ်သာ ဆူနာမီ ဆရာတော် ဦးဥတ္တမသာရ ဖြစ်ပြီး ယခုပုဂ္ဂိုလ်ကလည်း လက်ထောက်ဆရာမ မချစ်မြတ်နိုး ပါ။ ဆရာတော့် ဆုံးမချက် “ငါ သူ ပဲ အထင်မှားအောင် ဖန်တီးပြုလုပ်မှုများသာ တရစပ် အသစ်အသစ်ဖြစ်ကာ ပျက်စီးနေပြီး ငါ သူတွေကတော့ တကယ်ဖြစ်မနေဘူး” ဆိုတဲ့ အစွဲဖြုတ်တရားကို ဆရာမလေးမှ ခံစားတွေ့ကြုံတဲ့အတိုင်း ရှင်းပြထားတာ ဖြစ်ပါတယ်။ သမားရိုးကျ ဝိပဿနာ တရားဆုံးမချက်များနဲ့မတူ ပေါ့ပါးသွက်လက်ပြီး လိုရင်းကို တိုက်ရိုက်ထိမှန်တယ်။ မိမိ အားထုတ်ဆဲ နာကြားဆဲ သမထ၊ ဝိပဿနာ ဆရာတော်များ ရှိထားရင်လည်း ယခု ဟောကြားချက်များနဲ့ ယှဉ်တွဲဖြည့်စွက် နာနိုင်ပြီး ရည်မှန်းချက်ပန်းတိုင်အတွက် အထောက်အကူ ပြုနိုင်တယ်။
အမြည်းအနေနဲ့ ပေးရရင် ဘာဝနာရှုသူမှ ကာလသုံးပါးလွတ်တဲ့ စိတ်ထားတတ်ဖို့၊ ယခုလေးကိုပင် တဆုံးဖြစ်ဖို့၊ ဟိုဟာ ဒီဟာ စသဖြင့် သတ်မှတ်ချက်များ ရှိနေသ၍ အဲဒီအစွဲများအတိုင်း လိုက်ဖြစ်မဆုံး ဖြစ်နေပုံ စသည်တို့ကို အရပ်စကားနဲ့ ရှင်းလင်းပေးသွားလို့ အလွန် အကျိုးများပါတယ်။ ဝိပဿနာ တရားဟောတဲ့အခါ ပညတ်တင်ရင်း ဓမ္မအနှစ်သာရ လွဲချော်ကုန်ရတယ်၊ အကျိုးဆက်က ဖြတ်ရင်းနဲ့ လမ်းမဆုံး၊ အစွဲဖြုတ်မှ ပိုကြီး၊ မစွဲရလို့ စွဲကုန်ကြ စသဖြင့် သိမ်မွေ့လေးနက်တဲ့ တရားသဘောများကို ဆရာကောင်းရှိမှ ဆင်ခြင်နိုင်ပါတယ်။ ကျနော်လည်း ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါး ပညတ်နယ်ထဲ ဝေ့လည်နေလို့ အဟုတ်ထင် ညှိတွယ်ခြင်း အမြင်အား စွန့်ခြင်းသဘော လွန်စွာတန်ဖိုးရှိကြောင်း သိရပါတယ်။ သို့ပေမဲ့ လူသည် အတိတ်ကပါတဲ့ အစွဲဖြုတ်နိုင်ခဲလို့ တဏှာဖြတ်တဲ့ ဝိပဿနာရှုရာတောင် ကိုယ်သန်ရာ သန်ရာလေး လုပ်ရမှ နေသာထိုင်သာရှိတယ်။ သိထားရင် သွားနေတဲ့ အရှိန်စောင်း ဘေးရောက်ကိန်း နည်းပါတယ်။ ဆက်ပြောရင် ပညတ်သဘောထဲ ပြန်ရောက်သွားပြီး မချစ်မြတ်နိုးပြောတဲ့ ဓမ္မလမ်းကြောင်းကနေ လွဲချော်သွားမှာမို့ ကိုယ်တိုင် နာကြည့်ကြပါ။
တရားတော်ကို နာကြားခြင်းဖြင့် မရေမတွက်နိုင်သော ကုသိုလ်ရတယ်၊ နောင်ပွင့်မယ့် ဘုရားနဲ့လည်း ကြုံပြီး တရားရမယ် ပြောကြတာတွေ ရှိပါတယ်။ ရိုးရိုးလေး စဉ်းစားကြည့်ပါ၊ တရားတော်ကို သာမန်လောက်ပဲ နာခဲ့ဖူးရင် ဘုရားရှင်ကို ဖူးရလည်း ကံကုသိုလ်သာ ဖြစ်ပါမယ်၊ တရားဓမ္မအနှစ်သာရကို မနာဖူးရင် ပိုထူးမယ် မထင်ဘူး။ ပါရမီဆိုတာ ကြိုးစားအားထုတ်မှု သာမက မှန်မှန်ကန်ကန် ချဉ်းကပ် ထိတွေ့ခြင်းလည်း ပါရတယ်။ ဆရာတော် ဦးဥတ္တမသာရ၊ ဆရာမ မချစ်မြတ်နိုးတို့လို (အခြား လက်ထောက် ဆရာ၊ ဆရာမ များလည်းရှိတယ်) ဆရာသမားကောင်းများ ရှိနေခိုက်၊ မိမိမှာလည်း ကံစွမ်းညဏ်စွမ်းများ ကောင်းနေခိုက် ကံ၊ ညဏ်၊ အခြေအနေ၊ အချိန်အခါ တို့ကို ပေါင်းစပ်ပြီး တရားတော်အစစ်နဲ့ ထိတွေ့နာယူ သွားကြပါလို့ နိဗ္ဗာန် အကျိုးမျှော် နှိုးဆော် လိုက်ရပါတယ်။ (မျှော်တယ် ဆိုကထဲက ကာလသုံးပါးနဲ့ မလွတ်တာမို့ ပြောနေရင်းကို မှားနေပါပြီ
)
ဆရာမ မချစ်မြတ်နိုး http://realenlightenment.multiply.com/music/item/573/573
ဤစာစုဖြင့် ဓမ္မကျေးဇူးရှင်များဖြစ်သော ဆရာတော် ဦးဥတ္တမသာရ နှင့် ဆရာမလေး မချစ်မြတ်နိုး တို့အား ရှိခိုး ဦးခိုက်ပါ၏။
တရားတော်နှင့် ထိတွေ့ခွင့်ရအောင် လုပ်ဆောင်ပေးသော ကိုစိုးဝင်းထွဋ်အားလည်း တရားကျေးဇူးရှိသူအဖြစ် သတ်မှတ်ပါ၏။
အဝိဇ္ဇာကြောင်ကြီး
တရားဓမ္မအစစ်ပိုင်ရှင် ဆရာမ မချစ်မြတ်နိုး CMN
|325- Hits|ဒီနေ့ ကိုစိုးဝင်းထွဋ်ဆိုက်မှာ တင်ထားတဲ့ ဆရာမ မချစ်မြတ်နိုး ရှင်းပြတဲ့ တရားတွေကို နာမိတော့ တရားတော် အနှစ်သာရနဲ့ အထင်အားဖြင့် ထပ်မံ နီးစပ်ခွင့်ရတယ်။ တရားဓမ္မ အခြေခံရှိသူ ရွာသားများလည်း နာကြားဖို့ စေတနာရှေ့ထား ဝေငှပါတယ်။ ၃၈ဖြာ မင်္ဂလာတရားတော်ပါ ကာလေန ဓမ္မဿဝနံ သင့်တော်သော အခါ၌ တရားနာကြားခြင်း ဆိုတဲ့အတိုင်း ခန္ဓာညဏ်ရောက် တရားဓမ္မကို လူ၊ ပုဂ္ဂိုလ်မ မစွဲ နာကြားခြင်းအားဖြင့် ကံကုသိုလ်၊ ညဏ်ကုသိုလ်များ ယူနိုင်ကြဖို့ပါ။ မစွဲဖို့ ပြောသာပြောရတယ် ကျနော်တို့လို ပုထုဇဉ်များအတွက် ပုဂ္ဂိုလ်ခင်မှ တရားမင်တာ ထုံးစံဖြစ်ပါတယ်။ သို့ပေမယ့် ဂေါတမဘုရား သာသနာတော်နဲ့ တွေ့မှီနေပါလျက် သာမန် ဒါန သီလ သမထ တရားအဆုံးအမများ၊ ဓမ္မတာ ဘာဝနာပွားခြင်း နည်းနာနိဿယများနဲ့ အချိန်ကုန် သွားမှာစိုးလို့ ထူးထူးခြားခြား ပေါ့ပါးလေးနက်စွာ (ဆန့်ကျင်ဖက် အဓိပ္ပါယ်နှစ်ခု ပေါင်းစပ်ထားတာ သတိပြုပါ) တရားဓမ္မကို ဟောကြားဆုံးမနိုင်သူ တဦးကို ယနေ့ထပ်မံ ညွှန်းချင်ပါတယ်။
နောက်ထပ်လို့ ပြောတော့ အခြားလူများ ရှိတဲ့သဘောဖြစ်ပါတယ်။ သူ့ အရင် ညွှန်းဖူးသူ အလားတူ ပုဂ္ဂိုလ်များ ရှိပါတယ်။ ရွေးထုတ်ပြရရင် သန်လျင်သဘာဝ ဓမ္မရိပ်သာ ဆူနာမီ ဆရာတော် ဦးဥတ္တမသာရ ဖြစ်ပြီး ယခုပုဂ္ဂိုလ်ကလည်း လက်ထောက်ဆရာမ မချစ်မြတ်နိုး ပါ။ ဆရာတော့် ဆုံးမချက် “ငါ သူ ပဲ အထင်မှားအောင် ဖန်တီးပြုလုပ်မှုများသာ တရစပ် အသစ်အသစ်ဖြစ်ကာ ပျက်စီးနေပြီး ငါ သူတွေကတော့ တကယ်ဖြစ်မနေဘူး” ဆိုတဲ့ အစွဲဖြုတ်တရားကို ဆရာမလေးမှ ခံစားတွေ့ကြုံတဲ့အတိုင်း ရှင်းပြထားတာ ဖြစ်ပါတယ်။ သမားရိုးကျ ဝိပဿနာ တရားဆုံးမချက်များနဲ့မတူ ပေါ့ပါးသွက်လက်ပြီး လိုရင်းကို တိုက်ရိုက်ထိမှန်တယ်။ မိမိ အားထုတ်ဆဲ နာကြားဆဲ သမထ၊ ဝိပဿနာ ဆရာတော်များ ရှိထားရင်လည်း ယခု ဟောကြားချက်များနဲ့ ယှဉ်တွဲဖြည့်စွက် နာနိုင်ပြီး ရည်မှန်းချက်ပန်းတိုင်အတွက် အထောက်အကူ ပြုနိုင်တယ်။
အမြည်းအနေနဲ့ ပေးရရင် ဘာဝနာရှုသူမှ ကာလသုံးပါးလွတ်တဲ့ စိတ်ထားတတ်ဖို့၊ ယခုလေးကိုပင် တဆုံးဖြစ်ဖို့၊ ဟိုဟာ ဒီဟာ စသဖြင့် သတ်မှတ်ချက်များ ရှိနေသ၍ အဲဒီအစွဲများအတိုင်း လိုက်ဖြစ်မဆုံး ဖြစ်နေပုံ စသည်တို့ကို အရပ်စကားနဲ့ ရှင်းလင်းပေးသွားလို့ အလွန် အကျိုးများပါတယ်။ ဝိပဿနာ တရားဟောတဲ့အခါ ပညတ်တင်ရင်း ဓမ္မအနှစ်သာရ လွဲချော်ကုန်ရတယ်၊ အကျိုးဆက်က ဖြတ်ရင်းနဲ့ လမ်းမဆုံး၊ အစွဲဖြုတ်မှ ပိုကြီး၊ မစွဲရလို့ စွဲကုန်ကြ စသဖြင့် သိမ်မွေ့လေးနက်တဲ့ တရားသဘောများကို ဆရာကောင်းရှိမှ ဆင်ခြင်နိုင်ပါတယ်။ ကျနော်လည်း ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါး ပညတ်နယ်ထဲ ဝေ့လည်နေလို့ အဟုတ်ထင် ညှိတွယ်ခြင်း အမြင်အား စွန့်ခြင်းသဘော လွန်စွာတန်ဖိုးရှိကြောင်း သိရပါတယ်။ သို့ပေမဲ့ လူသည် အတိတ်ကပါတဲ့ အစွဲဖြုတ်နိုင်ခဲလို့ တဏှာဖြတ်တဲ့ ဝိပဿနာရှုရာတောင် ကိုယ်သန်ရာ သန်ရာလေး လုပ်ရမှ နေသာထိုင်သာရှိတယ်။ သိထားရင် သွားနေတဲ့ အရှိန်စောင်း ဘေးရောက်ကိန်း နည်းပါတယ်။ ဆက်ပြောရင် ပညတ်သဘောထဲ ပြန်ရောက်သွားပြီး မချစ်မြတ်နိုးပြောတဲ့ ဓမ္မလမ်းကြောင်းကနေ လွဲချော်သွားမှာမို့ ကိုယ်တိုင် နာကြည့်ကြပါ။
တရားတော်ကို နာကြားခြင်းဖြင့် မရေမတွက်နိုင်သော ကုသိုလ်ရတယ်၊ နောင်ပွင့်မယ့် ဘုရားနဲ့လည်း ကြုံပြီး တရားရမယ် ပြောကြတာတွေ ရှိပါတယ်။ ရိုးရိုးလေး စဉ်းစားကြည့်ပါ၊ တရားတော်ကို သာမန်လောက်ပဲ နာခဲ့ဖူးရင် ဘုရားရှင်ကို ဖူးရလည်း ကံကုသိုလ်သာ ဖြစ်ပါမယ်၊ တရားဓမ္မအနှစ်သာရကို မနာဖူးရင် ပိုထူးမယ် မထင်ဘူး။ ပါရမီဆိုတာ ကြိုးစားအားထုတ်မှု သာမက မှန်မှန်ကန်ကန် ချဉ်းကပ် ထိတွေ့ခြင်းလည်း ပါရတယ်။ ဆရာတော် ဦးဥတ္တမသာရ၊ ဆရာမ မချစ်မြတ်နိုးတို့လို (အခြား လက်ထောက် ဆရာ၊ ဆရာမ များလည်းရှိတယ်) ဆရာသမားကောင်းများ ရှိနေခိုက်၊ မိမိမှာလည်း ကံစွမ်းညဏ်စွမ်းများ ကောင်းနေခိုက် ကံ၊ ညဏ်၊ အခြေအနေ၊ အချိန်အခါ တို့ကို ပေါင်းစပ်ပြီး တရားတော်အစစ်နဲ့ ထိတွေ့နာယူ သွားကြပါလို့ နိဗ္ဗာန် အကျိုးမျှော် နှိုးဆော် လိုက်ရပါတယ်။ (မျှော်တယ် ဆိုကထဲက ကာလသုံးပါးနဲ့ မလွတ်တာမို့ ပြောနေရင်းကို မှားနေပါပြီ
ဆရာမ မချစ်မြတ်နိုး http://realenlightenment.multiply.com/music/item/573/573
ဤစာစုဖြင့် ဓမ္မကျေးဇူးရှင်များဖြစ်သော ဆရာတော် ဦးဥတ္တမသာရ နှင့် ဆရာမလေး မချစ်မြတ်နိုး တို့အား ရှိခိုး ဦးခိုက်ပါ၏။
တရားတော်နှင့် ထိတွေ့ခွင့်ရအောင် လုပ်ဆောင်ပေးသော ကိုစိုးဝင်းထွဋ်အားလည်း တရားကျေးဇူးရှိသူအဖြစ် သတ်မှတ်ပါ၏။
အဝိဇ္ဇာကြောင်ကြီး
Related posts:

လူ့စိတ်ဆိုတာကလဲ ခက်သားလားနော် ….
ပုဂ္ဂိုလ်အစွဲကရှိနေတော့ အမျိုးသမီးဟောတဲ့တရားကို တရိုတသေနာဖို့ဆိုတာ သိပ်မလွယ်သေးတာမို့ ဦးကြောင်ကြီးကို ချီးကျူးပါတယ် …
မချစ်မြတ်နိုးဟောတဲ့အသံကို သဘာဝဓမ္မရိပ်သာရောက်တုန်းက ဖွင့်ထားတာ ကြားခဲ့ဖူးပါတယ် …
Was this answer helpful?
LikeDislikeအစွဲ……..အစွဲ
မိဘသူတော်ကောင်းတို့၏စကားများ..
နားဝမှာကြားကာစွဲ……
အယူဝါဒတွေစွဲ……..
မမြဲတာကရုပ်နှံနှစ်ဖြာဘဲ………
ဘုရားဟောတာသစ္စာတရားဂ္ဂင်ရှစ်ပါးဘဲ……
လူတွင်ကျင့်မြတ်ဘာဝနာပွားတတ်ဖို့ကမလွယ်တာအမှန်ဘဲ…
ကုသိုလ်ယူတတ်ကြဘို့ကလွန်စွာခက်ခက်ခဲ….
ကိုကြောင်ကြီးကိုကျေးဇူးတင်တာအမှန်ဘဲ။
Was this answer helpful?
LikeDislikeဦးတော်..အဲ..ဟုတ်ပါဘူး..သာဓုပါလို့ 
ကွန်နက်ရှင်ကောင်းရင် နာကြည့်လိုက်ပါဦးမယ်..
မိန်းခလေးဟောတဲ့ တရားပေမဲ့ ကကြောင်ကြီးက ညွှန်းတော့.ယွန်းရသေးတာပ
စကားမစပ်
တရားအကြောင်းပြော…နိဗ္ဗာန်ရောက်ကြောင်း ပြောကြည့်
မောင်ပေ..ဝေးဝေးရှောင်တယ်..
ဟို စကီတို့ ..၀ီစကီတို့ အကြောင်းပြော ..အဲဒီလူ ထိပ်ဆုံးက အားမပေးလဲ ရတဲ့နေရာကအားပေးတယ်..
တော်တော်ဆိုးတဲ့လူ.
Was this answer helpful?
LikeDislikeတရားဓမ္မ ဖြန့် ချီပေးဝေသူ အကြောင်းပြောနေရင်းကနေ
ဆရာ့ဆရာ မဟာ့မဟာ ဘိုးဘိုးပေ အကြောင်း က မည်သို့ မည်ပုံ ပါလာရသနည်း ။
တပည့်ကျော်ပေါက်ဖော် တမ်းတလေတော့ ၊ ဆရာသခင်ပေ ကြွမြန်း ရပေတော့သည် ။
Was this answer helpful?
LikeDislikeပရမတ္တသစ္စာနှင့် အရိယသစ္စာ
သုတ္တနိပါတ
မဟာဗျူဟသုတ္တ ပန္နရသမဂါထာ
(ပါဠိ)
ပဿံ နရော ဒက္ခတိ နာမ ရူပံ၊
ဒိသွာန ၀ါ ညထာတိ တာနိ မေ၀၊
ကာမံ ဗဟုံ ပဿတု အပ္ပကံ ၀ါ၊
န ဟိ တေန သုဒ္ဓိံ ကုသလာ ၀ဒန္တိ။
(မြန်မာ)
ရုပ်၊ နာမ် ရှုပွား တရားကို ရှာ၊
ရုပ်၊ နာမ် ဖြစ်ပျက် မြင်လျက်သိမှာ။
ဘယ်လောက် ရှုမှတ် ပရမတ်သစ္စာ၊
ပွားသော်ငြား တရားမရပါ။
သုတ္တနိပါတ
သမ္မာပရိဗ္ဗာဇနိယသုတ္တ သတ္တမဂါထာ
(ပါဠိ)
ဝစသာ မနသာစ ကမ္မုနာ စ၊
အ၀ိရုဒ္ဓော သမ္မာ ၀ိဒိတွာန ဓမ္မံ။
နိဗ္ဗာန ပဒါဘိ ပတ္ထယာနော၊
သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။
(မြန်မာ)
ကိုယ်၊ နှုတ်၊ စိတ်ထား အမှားရှောင်ခွါ၊
တရား၊ မတရား ပြတ်သားသိခါ၊
လူ့ငြိမ်းအေးမှု ရှေးရှုလို့သာ၊
မြတ်တရား မမှား ကျင့်ရမှာ။
(ဓမ္မ၀ိဟာရီဆရာတော်၏ တရားတော်လင်္ကာကို ပရမတ်သမားများအတွက် လက်ဆောင်ပါးလိုက်ပါသည်။
ဟိန္ဒူ၊ ဗြဟ္မဏတို့၏ ပရမတ္တသစ္စာနှင့် ဗုဒ္ဓ၏ အရိယသစ္စာကွဲပြားနိုင်ပါစေ။)
Was this answer helpful?
LikeDislikeလူ့အမှု ကံ (သင်္ခါရ)ငြိမ်းစေသည့် ဗုဒ္ဓ၏ အရိယသစ္စာတရားနှင့် ရုပ်၊ နာမ် အဓိက၀ါဒီ ဟိန္ဒူ၊ ဗြဟ္မဏတို့၏ ပရမတ္တသစ္စာတရား ကွဲပြားဖို့ရာ လေ့လာစရာက http://www.ariyathitsa.org/html/home.html မှာ ရှိပါတယ်။
Was this answer helpful?
LikeDislikeတရားမနာခင် ဆုအရင်တောင်းလိုက်အုံးမယ်
ဦးကြောင်လမ်းညွှန်လိုက်သော တရား ကိုနာခံချင်သည့်စိတ်မှန်ပါက ကွန်နက်ရှင်းကောင်းကောင်းနဲ့ မပြတ်မတောက်နာယူနိုင်ပါရစေသား
Was this answer helpful?
LikeDislikeခုတော့လည်း နုပဿနာ တွေဖြစ်လို့..
သာဓုဗျာ..။
ဝိဆိုတဲ့..အထူးပြုတယ်ဆိုပြီး.. ပိဋိကတ်ထဲ (သိပ်)မပါတာတွေထက်စာရင်.. နု ဆိုတဲ့..အနုအသေးစိတ်က.. ကျမ်းဂန်ထဲပါတာမို့.. အမည်ပြောင်းလိုက်တာ.. သာဓုခေါ်လိုက်ပါတယ်..။
ဝိပဿနာမှ.. နုပဿနာ သို့…။
Was this answer helpful?
LikeDislike၀ိသေသေ ပဿတီတိ “၀ိပဿနာ” ရုပ်၊ နာမ်တွေကို အထူးပြုပြီး ရှုတာ “၀ိပဿနာ”ဆိုတဲ့ ပါဠိက ဘုရားဟော မဟုတ်ဘူး။ သိဟိုဠ် ကုလားဘုန်းကြီးတွေ ပရမတ်အသိတွေနဲ့ ဖွင့်ထားတာဗျ။
ဒီ ရုပ်၊ နာမ်တွေ အထူးသွားရှုနေလို့ ဘာသုံးလို့ ရမလဲ၊
ရုပ်၊ နာမ်တွေကို အသေးစိတ် အထူးရှုတိုင်းသာ တရားရရင် အနောက်နိုင်ငံက သိပ္ပံပညာရှင်တွေ တရားရသင့်တာ ကြာပြီနော်။
ရုပ်၊ နာမ်တွေကို အသေးစိတ်ရှုလိုက်တာ အမှုံတောင် ပျောက်သွားကြပြီး။
ဗုဒ္ဓက သင်္ခါရ တရား (ကံ)တွေကို သိအောင် အနုပဿနာ (ခွဲခြမ်း ဝေဖန်ပိုင်းခြားသိအောင်) ရှုခိုင်တာ။
အဲဒါ ကိုယ့်အမှု ကံ (သင်္ခါရ)ကို မရှုပဲ၊ နာမ်၊ ရုပ်သွားရှုတော့ ခုတ်ရာတစ်ခု၊ ရှရာတစ်ခုဖြစ်နေတာ ယနေ့သာသာနာပဲ။
ဒါ့ကြောင့် နာမ်၊ ရုပ်ကို “မ၀ိ” ကြပါနဲ့တော့။ ကံ (သင်္ခါရ)တွေကို “နု” ဆိုတဲ့ အနုပဿနာလုပ်ကြပါခင်ဗျ။
Was this answer helpful?
LikeDislike