ပျားသကာလို ချိုပါစေ.. 2
|443- Hits|တပါးသူ၏ အတွေးအမြင်များကို လက်ခံပါ….
လူတွေ သင့်ကို လက်သင့်ခံစေချင်တယ် ဆိုရင် သင်ကိုယ်တိုင်လည်း တပါးသူကို လက်ခံဖို့လိုအပ်ပါတယ်..။
ဒါနဲ့ပတ်သတ်ပြီး ဆွေးနွေးပြောဆိုစရာ ၄ခု ရှိပါတယ်..။
၁. လူတွေဟာ binary များ မဟုတ်ပါ…။
လူတွေဟာ ကွန်ပျူတာ အခြေခံဘာသာစကားလို ၁နှင့် ၀ ကိုသာ သိသူတွေမဟုတ်ကြပါ။ ထိုနည်းတူစွာ
တော်သူ ညံ့သူ ဒါမှမဟုတ် တန်ဖိုးရှိသူ တန်ဖိုးမဲ့သူ။ သည်လို အစွန်း၂ဖက်တည်း မှာ စုပြုံရပ်တည်သူတွေမဟုတ်
ကြပါဘူး ။ လူတယောက်ချင်းစီတိုင်းမှာ အားနည်းချက် အားသာချက် နှင့်တကွ ..အပြုသဘောဆောင်တာ
အနှုတ်သဘောဆောင်တာတွေ နဲ့ …ပြည့်ဝချက် နှင့် ချို့ယွင်းချက်တွေ သူ့အချိုးနဲ့သူ ပေါင်းစပ်ပါဝင်နေကြပါတယ်..။
၂. လူတိုင်းဟာ တစုံတခုမှာ သင့်ထက်တော့ တော်ကြတဲ့ သူတွေချည်းပါပဲ..။
ကိုယ်ဟာ သူများထက်တော်တဲ့ တတ်တဲ့ လူ လို့ သတ်မှတ်ထားတဲ့ လူတွေဟာ သူတပါးရဲ့ အယူအဆ အပြောအဆို
ကို လက်သင့်မခံတတ်ကြပါဘူး..။ သူမေ့နေလို့ပါ ။လူတိုင်းထက် နေရာတိုင်းမှာ နှိုင်းယှဉ်မှုတိုင်းမှာ သာတဲ့လူ ဆိုတာ
မရှိဘူးဆိုတာကိုပါပဲ။ ခင်ဗျားဟာ ငွေကြေးကြွယ်ဝတဲ့ ဘဏ်သူဌေးတစ်ယောက် ဖြစ်ချင်ဖြစ်မယ်။ ကလေးတွေကို
စာသင်တဲ့ နေရာမှာ ယှဉ်မယ်ဆိုရင်တော့ တော့ မူလတန်းကျောင်းသေးသေးလေးက ဆရာပေါက်စလေး
တစ်ယောက်ထက် သာနိုင်မယ် မဟုတ်ပါဘူး။ ဒါဥပမာ တစ်ခု ပါ။
၃. လူတွေဟာ တယောက်နဲ့ တယောက် အလွန်ခြားနားကြသည့်တိုင်အောင် တူတာတွေရှိနေပါသေးတယ်..။
အခြေခံအားဖြင့် ကြည့်ရင် လူတိုင်းဟာ ရှင်သန်လှုပ်ရှားကြမယ် မိသားစု ထူထောင်မယ် ဒါကို ပဲ ဘ၀လို့
သတ်မှတ်ပြီး အဓိပ္ပါယ် ရှိစွာ ဖြတ်သန်းသွားကြမယ်ပေါ့.။ ဒါဟာ လူမျိုး ဘာသာ ယဉ်ကျေးမှု အစွဲ အယူအဆ
တွေမည်မျှပဲ ကွာခြားပါစေ မှန်ကန်တဲ့ အချက်ပဲဖြစ်ပါတယ်။ သည်အချက်ကိုသာ ကိုင်စွဲပြီး ..မနှစ်သက်တဲ့သူ
ကိုပင်လျင် သူလည်း သူသတ်မှတ်တဲ့ သူ့ဘ၀ အဓိပ္ပါယ်အရ နေထိုင်ဆောင်ရွက်တာပါပဲ လေ လို့ မြင်ကြည့်
ပေးလို့ရပါတယ်..။
၎. လူတိုင်းဟာ တွေ့ – ဆုံ -ကြုံ ကွဲ ပါ
စိတ်ဓါတ်ကျနေတဲ့ အလုပ်အကိုင် မရှိတဲ့ လူတယောက် ရဲ့ အတွေးတွေ ခံစားချက်တွေဟာ လေလွင့်လူငယ်…၊
အနှိပ်စက်ခံ ဇနီးမယား တယောက် ၊ အိုမင်းမစွမ်းတော့တဲ့ မိဘတွေ ၊ ဒါမှမဟုတ် ကင်ဆာ ခံစားနေရတဲ့ ဝေဒနာရှင်တွေ
နဲ့ တူနေနိုင်ပါတယ် …. ။ သည်လို လူတွေနဲ့ ထိတွေ့ ဆက်ဆံနေရမှာပါ ။ အဲ့သည့်အခါ …သူတို့ကို ချက်ခြင်း ကောက်ချက်
ဆွဲပြီး သုံးသပ်တာမျိုးထက် သူတို့ရဲ့ ရင်ထဲက ခံစားချက် မျှော်လင့်ချက် နာကြဉ်းချက်တွေကို နားထောင်ပေးဖို့ သင့်ပါတယ်။
သေခြင်းတရားဆိုတာ အလွန်မြင့်မြတ်တဲ့ သာတူညီမျှခြင်းတရားပါ။ ဘာတွေ ဘယ်လောက် ဘယ်မှာ ဘယ်မျှ ..လုပ်ကိုင်
ကြံစည် သွားလာ ဆောင်ရွက် ကျင့်ကြံ ခဲ့သည် ဖြစ်စေ ။ တနေ့တော့ သေကြရမှာပါ။ သည်တော့ ကျနော်တို့ လုပ်သင့်တာက
မသေခင်အချိန်ကလေးမှာ မိမိကိုယ် မိမိ အပါအ၀င် အခြား တပါးသောသူကိုလည်း တယောက် ကိုတယောက် နားလည်ပေးဖို့
လက်ခံပေးဖို့ ပဲ ဖြစ်ပါတယ်…။နားလည် လက်ခံပေးမှုကပဲ စွဲဆောင်နိုင်စေ မှု ရဲ့ ကနဦး ခြေလှမ်းပင်ဖြစ်ပါတယ်။
နီးကပ်စွာနေပါ။
သင်ရံဖန်ရံခါ ဆက်ဆံနေရတဲ့လူတွေဟာ လူတွေဟာ သင့် ပါတ်ဝန်းကျင်မှာ နိစ္စဒူဝ သင်တွေ့မြင်နေကျ လူတွေနဲ့ ပုံစံတူပဲ
ပြုမူလှုပ်ရှား နေထိုင်နေကြတယ်လို့ သင်ထင်ပါသလား..။ သူတို့ဟာ တနည်းနည်းနဲ့ တော့ ကွာခြားနေကြပါလိမ့်မယ်။
သည်လူတွေနဲ့ ဆက်ဆံရတာကို နှစ်သက်ဖို့ …(သင့်ကိုလည်း သူတို့က နှစ်သက်စေဖို့ ) ထိတွေ့ဆက်ဆံမှု အကြိမ်အရေအတွက်
ဟာ စကားပြောပါလိမ့်မယ်…။
နီးကပ်စွာ ထိတွေ့ဆက်ဆံခြင်း ဆိုရာဝယ် …မကြာခန ပတ်သတ်မှု ရှိခြင်း မှတဆင့် ရင်းနှီးကျွမ်းဝင်ခြင်း သူငယ်ချင်း
ဖြစ်သွားခြင်း စသည်အထိ ဆင့်ကဲ ပြောင်းလဲဖြစ်ပေါ်စေနိုင်ပါတယ်…။
ဝမ်းနည်းစရာ ကောင်းတာကတော့ အဖွဲ့အစည်းကြီးတွေ ကုပ္ပဏီကြီးတွေဟာ လက်တွေ့ဆန်တဲ့ ရင်းနှီးကျွမ်းဝင်မှုမျိုး
နည်းပါးကြပါတယ်။ အီလက်ထရောနစ် နည်းပညာအားဖြင့်သော်လည်းကောင်း အင်တာနက်ဖြင့်သော်လည်းကောင်း
ထိတွေ့ ဆက်ဆံခြင်း ဟာ အသိအကျွမ်းတွေကို မိတ်မပျက် ထိန်းထားပေးနိုင်ပေမယ့် .. ရင်းနှီး ကျွမ်းဝင်မှုအတွက်တော့
လုံလောင်တဲ့ အရာတွေ မဟုတ်ကြပါဘူး …။ ဒီဂျက်တယ်လ် တံခါးပေါက်ကို ဖွင့်ချလိုက်ပြီး မန်နျူရယ် လောကထဲကို
ခုန်ချလိုက်စမ်းပါ ……။
Zappos ဆိုတဲ့ အွန်လိုင်းဖိနပ်ရောင်းတဲ့ ကုပ္ပဏီအကြောင်း ဥပမာပေးပါမယ်။ သူတို့ဟာ သီးသန့် ဆန်မှု တံတိုင်းတွေကို
ဖြိုချခဲ့တဲ့ အဖွဲ့အစည်းတွေထဲက တစ်ခုပါ…။ သူတို့ အလုပ်ခွင်ဟာ ကန့်သတ်ထားတဲ့ နံရံတွေ အကာအရံတွေ မရှိသလောက်
နည်းပါးပါတယ်။ဒါဟာ သူတို့ရဲ့ ပတ်ဝန်းကျင်ကို လူသားပိုဆန်လာအောင် ဖန်တီးထားခြင်းဖြစ်ပါတယ် ..။
တံခါးပေါက်ကိုတောင် emergency exit တစ်ခုသာ ထားရှိကြပါတယ်…။ ဒါဟာ တံခါးဝမှာ ၀န်ထမ်းတွေအချင်းချင်း..
တိုးမိတိုက်မိအောင် လုပ်ထားတယ်ဆို့ စွပ်စွဲ နိုင်ပါတယ်…။ဟုတ်ပါတယ်. အချင်းချင်း…တိုးမိတိုက်မိတဲ့အခါ ပြောဖြစ်တဲ့ …
ဆောရီး လေး တစ်ခွန်း …စကားစမြည်လေး အနည်းငယ် ကပဲ ပိုမိုရင်းနှီးချစ်ကြည်မှုရအောင် ပိုမို ဆက်သွယ်ပြောဆိုနိုင်အောင်
တမင်ဖန်တီးထားတာ ဖြစ်ပါတယ်…။
Zappos ဟာ ဒီဂျစ်တယ် လောကမှာပင်လျင် ၀န်ထမ်းတွေကြား ရင်းနှီးချစ်ကြည်မှုရအောင် စီမံထားပါသေးတယ်…။
ဝန်ထမ်းတွေဟာ အလုပ်စားပွဲရောက်လို့ မိမိ PC ကို login ၀င်လိုက်တာနဲ့ ….လုပ်ဖော်ကိုင်ဖက်တယောက် ပုံပေါ်လာပြီး
သူ့အကြောင်း ဥာဏ်စမ်းမေးခွန်းလိုမျိုးလေးတွေ ပေါ်လာအောင် ကွန်ပျူတာပရိုဂရမ် က စီစဉ်ထားပါတယ်…။ အဆိုပါ
အစီအစဉ်ပြီးတဲ့အခါ …ထိုဝန်ထမ်းရဲ့ profile နဲ့ bio ကို ထုတ်ပြပါတယ်..။
The Brafman brothers ဟာ သူတို့ရဲ့ “Click: The Magic of Instant Connections, sum up the
principle this way….” ဆိုတဲ့ စာအုပ်ထဲမှာ သည်လိုဆိုထားပါတယ်..။ လူအချင်းချင်း တယောက်နှင့်တယောက် ပြောဆို
ဆက်ဆံခြင်း ဆိုရာဝယ် personal အရ ..နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအရ …ဘယ်လိုပဲ ပြောပြောပါ… အရေးအပါဆုံးနဲ့ တခုတည်းသော
အကြောင်းခံဟာ နီးစပ်မှု နီးကပ်မှု ရှိခြင်း ဆိုတဲ့ proximity ပါပဲ …
လူတွေနဲ့ ဆက်ဆံဖို့ ယခုပဲထပြီး EBWA ရအောင်ပါ …(Enchant by wandering around)
“I wish they would only take me as I am”
-Vincent van Gogh
တန်ဖိုးထားသည့် အရာများနှင့် အကျပ် မကိုင်ပါနဲ့..။
တခါတုန်းက အမေရိကားမှာ ကျန်းမာရေးနဲ့ ပါတ်သတ်တဲ့ အဖွဲ့အစည်းကြီးတစ်ခုဟာ ဆယ်ကျော်သတ်တွေ
ဆေးခြောက်ရှူတဲ့ ပြဿနာနဲ့ပါတ်သတ်ပြီး သည်လို လှုံ့ဆော်ပညာပေးခဲ့ဖူးပါတယ်…။
“သင်ဟာ ဆေးချထားမယ်ဆိုရင် လိင်ကိစ္စ အတွက် အမှားကျူးလွန်ဖို့ အခွင့်အရေး ၅ဆလောက် ရှိနေတယ်” ဆိုပြီးတော့ပါ..။
ဒါဟာ မူးယစ်ဆေးရဲ့ ဆိုးကျိုးကို မီးမောင်းထိုးပြပေးသလို effect ဖြစ်ပါရဲ့လား ??
ဆယ်ကျော်သက်တွေကို ဆေးလိပ်ဖြတ်ဖို့ ..တွန်းအား ပေးနိုင်ခဲ့ပါရဲ့လား ??
သည်မေးခွန်းတွေအတွက် တခုတည်းသော အသင့်တော်ဆုံး အဖြေဟာ “မသေချာပါ” ဟူ၍သာဖြစ်ပါတယ်..။
သည်ဥပမာဟာ မိမိရဲ့ တန်ဖိုးထားတဲ့ အရာတွေကို သူတပါးဆီ ထိုးသွင်းခြင်း ကို မီးမောင်းထိုးပြလိုက်တာပါ ….။
(လိင်ကိစ္စ ဆိုတာဟာ အရွယ်ရောက်ပြီး အိမ်ထောင်ကျပြီး လူကြီး ၊လူလတ်ပိုင်းအများစု ပါဝင်တဲ့ အဆိုပါ အဖွဲ့ အစည်းကြီး
အတွက်တော့ စောင့်ထိန်းစရာ ကိစ္စရပ် တစ်ခုဖြစ်ပေမယ့် ပွင့်လင်းလွတ်လပ်တဲ့ လူငယ်တွေအတွက်တော့ လိင်ကိစ္စဟာ
ရင်ခုန်စရာ စွန့်စားခန်းတွေ fantasies တွေ ဖြစ်နေလေတော့ …သည်ကိစ္စ ဆောင်ရွက်ဖို့ …ဆေးချပါ ဆိုပြီး မြှောက်ပေး
သယောင်တောင် ပြောင်းပြန် အကျိုး သက်ရောက်သွားပါသေးတယ်..)
လူတွေရဲ့ value သတ်မှတ်ချက်တွေဟာ အသက်အရွယ် အဆင့်အတန်း အချိန် နေရာ ကာလ ဒေသ ကို လိုက်ပြီး ကွဲပြား
ခြားနားပါတယ် …။ ကိုယ့် value ကို သူ့ value အနေနဲ့ထားပြီး ဆွဲဆောင်သိမ်းသွင်းဖို့ ကြိုးစားရင် မှားတတ်ပါတယ်….။
ကျနော်တို့ရဲ့ ဘ၀တွေထဲကို Facebook ၀င်ရောက်နေရာယူလာပုံကို ဥပမာပေးချင်ပါတယ်…။ တန်ဖိုးတွေနဲ့ မချည်နှောင်ခဲ့တဲ့
ဥပမာကောာင်း တစ်ခုပါ..။ သူတို့ဟာ အစောပိုင်းမှာ လူငယ်တွေ(ကျောင်းသား) တွေကို ပဲ focus ထားခဲ့ပါတယ်…။
အချိန်ကြာလာတာနဲ့ အမျှ ဆိုပါ focus ကို တဖြည်းဖြည်း စွန့်လွှတ်လာခဲ့ပြီး အသက်အရွယ်အပိုင်းအခြား မရွေးနဲ့ သက်ဆိုင်တဲ့
ဆားဗစ် တခုအသွင် ဖော်ဆောင်လာခဲ့ကြပါတယ်…။ ရလာဒ်အနေနဲ့ ခုဆိုရင် generation ၂-၃ဆက်လောက်ဟာ Facebook
ပေါ် ရောက်ရှိလာခဲ့ပြီး အသုံးပြု ပြောဆိုဆက်ဆံ နိုင်ကြပြီ ဖြစ်ပါတယ်… ယနေ့ facebook အသုံးပြုသူ အရေအတွက်ဟာ
ကမ္ဘာ့နိုင်ငံတော်တော်များများရဲ့ လူဦးရေ ထက်တောင် သာလွန်နေပါသေးတယ်..။
စိတ်ပြင်းပြထက်သန်မှုများ နောက်သို့ စီမံကိန်းချပြီး လိုက်ပါ
Paris မြို့ကနေ ၁၉မိုင်ခန့် ဝေးတဲ့ Auvers-sur-Oise ဆိုတဲ့ရွာလး တစ်ရွာ ရှိပါတယ်…။ အဲ့သည့်မှာ Auberge Ravous လို့
ခေါ်တဲ့ အိမ်ကလေး တစ်အိမ်ရှိသပေါ့ …။ဒါဟာ ၁၈၉၀ခုနှစ်မှာ ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ ပန်းချီကျော် Vincent van
Gogh နေထိုင်သွားခဲ့ပါတယ်..။ သူမသေဆုံးမီအချိန်အထိ လ အနည်းငယ်အတွင်းမှာ ပန်းချီကားချပ်-၇၅ကားတောင် ရေးဆွဲ
သွားခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်.။
၁၉၈၅ ခုနှစ် ဇူလိုင်လ ၂၁ရက်နေ့က ဖြစ်ပါတယ် ..။ Dominique-Charles Janssens ဟာ Auberge Ravousမှာ
ယာဉ်မတော်တဆမှု တစ်ခု ဖြစ်ခဲ့ပါတယ်..။သူဟာ ယာဉ်တိုက်မှု အစီရင်ခံစာ ကို ဖတ်ပြီးတဲ့နောက်မှာတော့ သူတိုက်ခဲ့တဲ့ဒေသ
ရဲ့ ထူးခြားမှု ကို သိရှိသွားပြီး စိတ်လှုပ်ရှားခဲ့ပါတယ်…။ ၁၉၈၇ ခုနှစ်မှာ ထိုနေရာကို တခေါက်ပြန်သွားခဲ့ပြီး အဲ့သည့် အိမ်ကလေး
ကို ၀ယ်ယူခဲ့ပါတယ်..။ ယခုအချိန်အထိ Janssens နဲ့ သူ့မိသားစုဟာ ထိုဒေသမှာ ပြန်လည်မွမ်းမံခြင်း လုပ်ငန်းတွေအပါအ၀င်
ပေါင်စတာလင် ၅သန်းဖိုးလောက် ရင်းနှီးမြှုပ်နှံထားပါတယ်…။ Janssens ကိုယ်တိုင်ကတော့ Institut Van Gogh, the
organizationရဲ့ ဥက္ကဌ ရာထူး ရယူထားပြီး သမိုင်းဝင် လည်ပတ်စရာ နေရာလေးကို စီမံခန့်ခွဲလျက်ရှိပါတယ်..။
Janssens ဟာ van Goghသမိုင်းလေ့လာသူ ၊ စားသောက်ဆိုင် ပိုင်ရှင် တစ်ဦးဖြစ်ပြီး van Gogh ကိုယုံကြည်သက်ဝင်သူပါ..
သူဟာ van Gogh အမှတ်တရ နဲ့ van Gogh စိတ်ကူးအိပ်မက် ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ သူ့ဘ၀ ကို ရင်းနှီးမြှပ်နှံဖို့
ဆုံးဖြတ်ခဲ့သူပါ ။ van Gogh က တခါက ပြောခဲ့ဖူးပါတယ် ..”တနေ့မှာ ငါပိုင်ဆိုင်တဲ့ cafe တခုထဲမှာ ငါ့ကိုယ်ငါ ခင်းကျင်းပြသ
နိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိမယ်” ဆိုပြီးတော့ပေါ့ ..။ခုတော့ ဒါတွေ တကယ်ဖြစ်လာပါပြီ …။ Janssens ဟာ
ကမ္ဘာ့အဆင့် စွဲဆောင်ညှို့ငင် နိုင်သူ ဖြစ်ပြီး .. စိတ်ကူးအိပ်မက်နောက်ကို အစီအစဉ်ချပြီး စိုက်လိုက်မတ်တတ် လိုက်ပါတတ်သူ
ဖြစ်ခဲ့ပါပြီ …။ “Stay Hungry. Stay Foolish” လို့ Steve Jobs ဆိုခဲ့တာနဲ့ အလားသဏ္ဍန်တူပါတယ်…။
ဒါကို ထပ်ပြီးအားဖြည့်ရရင် …
သင့်ရဲ့ ပြင်းပြတဲ့ စိတ်ကူးအိပ်မက်တွေဟာ ဘာတွေလဲ ဆိုတာ ရှာဖွေပါ ..ဒါတွေကို ဖွက်ထားဖို့ သိမ်းဆည်းထားဖို့ မလိုပါဘူး..
ဝါသနာ ကို အရင်းတည်ပါ…ချက်တာပြုတ်တာ ဇာပန်းထိုးတာ အားကစား တမျိုးမျိုး ဒါမှမဟုတ် စာဖတ်ခြင်း …တခုခုပေါ့..။
သင့် ၀ါသနာ စူးစိုက်မှု ဟာ သင့်ကို ပိုမို စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက် ဖြစ်လာစေပါတယ် ….။ စိတ်ဝင်စားစရာ
ကောင်းတဲ့လူဟာ ဆွဲဆောင်စည်းရုံးစွမ်းရည် ပြည့်ဝပြီပေါ့ …။
တူညီတဲ့ စိတ်ကူးအိပ်မက် ပိုင်ရှင်များကို ရှာဖွေပါ..။
England နိုင်ငံက Neil Rackham နဲ့ John Carlisle ဆိုတဲ့ သိပ္ပံပညာရှင် ၂ယောက်ဟာ ဆွေးနွေးညှိနှိုင်းရေးသမားကောင်း
တွေဟာ တူညီတဲ့ စိတ်ပါဝင်စားမှု ရှိတဲ့ နားထောင်မယ့် ပရိတ်သတ်ကို ရှာဖွေတဲ့ နေရာမှာ ပြင်ဆင်ချိန် စုစုပေါင်းရဲ့ ၄၀%
လောက်ကို အသုံးချတယ် လို့ ဆိုကြပါတယ်…။ကျနော်တို့ာ လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့နေရာမှာ ပြင်ဆင်ချိန်…..
ဘယ်လောက် သုံးနေကြပါသလဲ???
အထက်မှာ ဆိုခဲ့တဲ့ သင့်ကိုယ်ပိုင် ပြင်းပြစိတ်ကူးအိပ်မက်တွေ ရူးသွပ်မှုတွေဟာ သင်နဲ့ ၀ါသနာတူသူတွေကို ရှာဖွေရာမှာ
အရှိန်မြှင့်တင်ပေးနိုင်ပါတယ် …။ အောက်ပါ အချက် ၃ချက် နဲ့ ရှင်းပါမယ်..။
- လူတိုင်းမှာ စိတ်ကူးအိပ်မက်တွေ ရှိတယ်ဆိုတာ ယုံကြည် လက်ခံထားပါ..
လူတိုင်းစီမှာ ကိုယ်ပိုင် ရူးသွပ်မှုဆိုတာ ရှိကြပါတယ် ..။ ခင်ဗျားအလုပ်က ဒါကို ရှာဖွေဖော်ထုတ် ရမှာပါ…။
စတင် သင့်တဲ့ အချက်ကလေးတွေကတော့ ကလေးတွေအကြောင်း ၊ အားကစား၊ ခရီးသွားခြင်း နဲ့ အစားအစာ
တို့မှ ဖြစ်ပါတယ်..။ တကယ်လို့များ စိတ်ကူးအိပ်မက်ဒါမှမဟုတ် စူးစိုက်ရူးသွပ်ခြင်း မရှိတဲ့လူတစ်ယောက်နဲ့ စွဲဆောင်ဖို့
ဘောင် မ၀င်ပါဘူး ..။ ထားလိုက်ပါ…။
- သူတို့ရဲ့ အချို့ သော စိတ်ကူးအိပ်မက်တွေဟာ သင်ကိုယ်တိုင်မှာ ရှိတာတွေနဲ့ တူညီပါတယ်
သင်ဟာ သင့်ကိုယ်ပိုင် စိတ်ဝင်စားမှု တွေကို ပြန်လည်မျှဝေတတ်တဲ့လူဆိုရင် သင်နဲ့ ရင်ဘတ်ချင်း ဂျက်ပင်ထိုးနိုင်မယ့်
လူတွေ ရှာဖွေတွေ့ရှိလာမှာ အမှန်ပါပဲ ..။
- အိမ်စာ လုပ်ပါ..
လူတယောက်နဲ့ ကနဦး တွေ့တယ် ၊ သူဘာတွေ စိတ်ဝင်စားတယ် ဘာတွေကို ရူးသွပ်တယ် သိလာခဲ့တယ်ဆိုပါစို့ .။
နောက်တခေါက် သူနဲ့ ထပ်မတွေ့ခင် သူ့ ရူးသွပ်မှုတွေကို လေ့လာ ထားပါ ..။ အရင်ခေတ်က ဆိုရင်တော့
စာကြည့်တိုက် ကိုပြေးပါ လို့ ဆိုရမှာဖြစ်ပေမယ့် …သည်နေ့ ခေတ်မှာတော့ Google, Wiki တွေမှာ လေ့လာသင်ယူ
နိုင်ပါပြီ …သည်ထက်ပိုလာတာကတော့ သူ့ရဲ့ Twitter, Facebook, LinkedIn, Google+ စတာတွေမှာ သူ့အကြောင်း
ကို သူကိုယ်တိုင် ရေးထား တင်ထားတဲ့ UGCs (User Generated Contents)တွေကနေ လေ့လာသင်ယူနိုင်ပါပြီ….။
နွေးထွေးပြေပြစ်တဲ့ လူမှု ဆက်ဆံရေးတစ်ခုဖြစ်ဖို့အရေးကြီးတာက …. အိမ်စာ လုပ်ပါ….။
တယောက်နဲ့ တယောက် ရင်းနှီးကျွမ်းဝင်ဖို့အတွက် အဆိုပါ ၀ါသနာ တွေ ရူးသွပ်မှုတွေကို share လုပ်ခြင်းဖြင့်
တည်ဆောက်ယူနိုင်ပါတယ် ။ ကျနော့် ကို စကားလာပြောကြတဲ့ စွန့်ဦးတီထွင်သူတွေဟာ သူတို့ဟာလည်း ဟော်ကီ ကို
နှစ်သက်ကြောင်း ဖွင့်ဟတတ်ကြပါတယ်..။(Guy Kawasaki သည် နာမည်ကျော် ဟော်ကီ passionist ဖြစ်၏ )။
သူတို့ရဲ့ presentation တွေပြီးသွားလို့ ခြေခင်းလက်သာ ရှိတဲ့နေ့မျိုးတွေမှာ သူတို့နဲ့ ချိန်းပြီး ဟော်ကီ ကစားဖြစ်လေ့ရှိပါတယ်။
သည်လို shared passions တွေ ကို ဖွင့်လှစ် ထုတ်ဖော်နိုင်မယ်ဆိုရင်ဖြင့် လူတစ်ဦးနဲ့ တစ်ဦးကြားက တံတိုင်းတွေကို
ဖြိုချပစ်နိုင်ပြီး ရင်းနှီးကျွမ်းဝင်မှု ကိုတည်ဆောက် နိုင်တာပဲ မဟုတ်ပါလား …။
Win-Win အကြောင်း ဆက်ပါဦးမည်..။
စကားကြွင်း ..။ Enchantment ကို သည်ရက်ပိုင်း အတော်လေး ဖတ်ဖြစ်နေပါတယ်..။ အရင်က လုပ်သာလုပ်နေရတာ
ဘာဆိုတာ ကို ရှင်းမပြတတ်ခဲ့တဲ့ subject မို့လို့ပါ …။ တဖက်လူ (အထူးသဖြင့်) နိုင်ငံခြားသား နှင့်ပေါ့ …စကားပြော
ရတဲ့အခါ ….ရိုးရာ .. ယဉ်ကျေးမှု…သမိုင်း .. ဒါတွေကို သုံးပြီး communicate လုပ်ယူကြလေ့ ရှိပါတယ်….။
သူတို့ လူမျိုးတိုင်း ကလေးကအစ ဖူဂျီတောင် ၃၆၆၇မီတာ မြင့်တယ်ဆိုတာ အလွတ်ရပါတယ်.. ။
တခါသား ရွှေတိဂုံဘုရား ဘယ်လောက်မြင့်သလဲ တို့ မြန်မာ့ အမြင့်ဆုံး ခါကာဘိုရာဇီ ဘယ်လောက်မြင့်သလဲတို့
မေးခံရရင် သွားဖြီးပြန်ခဲ့ရတာ ခုထိ ရှက်လို့ မဆုံးပါ….။
နောက်ပိုင်းမှာတော့ ကြိုပြီး ပြင်ဖြစ်သွားပါတယ် ….။ အဲ့ဒါကတော့ ဖုန်းထဲမှာ တဖက်လူ ပြောလာ မေးလာလတ္တံသော
ဓါတ်ပုံတွေ ဒေတာတွေ ထည့်ထားတာပါပဲ …။ ကျနော့် Passions ကတော့ ..မြန်မာ ၊ ဂီတ နဲ့ ဓါတ်ပုံပညာ ဆိုတဲ့ ၃ခုပါ …
Passions တွေ သုံးရင်း Enchant လုပ်နိုင်စေဖို့ ဆန္ဒပြုရင်း …။
ခင်တဲ့
ဖားသက်ပြင်း
Enchantment: Guy Kawasaki (Paperback) : Increase Your Likability
Related posts:









ဟဲ့.. ဟဲ့..
ခါကာဘိုရာဇီ ဘယ်လောက်မြင့်သတုံး နာလဲ သိဘူးဟ..ဟီးဟီး..
မောင်ပေဆို ကြားတောင် မကြားဖူးဘူး..
လက်ခုပ်တီးတွားပါတယ်
Was this answer helpful?
LikeDislikeဟဲ့..ငပေါက်ဖော်
မောလိုက်ဒါအေ
ပညာတွေ…အဖိုးတန် ပညာရပ်တွေ
လေ့လာလို့ မဆုံး….
ဖုန်းမောင့်ပြုံး
Was this answer helpful?
LikeDislikeခါကာဘိုရာဇီ.. တသောင်းကိုထောင်နှစ်ရာကိုးဆယ့်ခြောက်ပေ…
ဂန်လန်ရာဇီ ..တသောင်းကိုးထောင်တရာလေးဆယ့်နှစ်ပေ…
Was this answer helpful?
LikeDislikeပေါက်ဖော်ပါပါရာဇီ….ငါးပေ
Was this answer helpful?
LikeDislikeကျွန်တော် ပထ၀ီနဲ့ ကျောင်းပြီးတာတောင် အတိအကျမမှတ်မိတော့ဘူး…။
Was this answer helpful?
LikeDislikeခါကာဘိုရာဇီ
ခါကာဘိုရာဇီ သည် မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင် ဖြစ်ပြီး ကချင်ပြည်နယ် တွင်တည်ရှိသည်။ ဟိမ၀န္တာတောင်တန်းနှင့် ဆက်သွယ်လျှက်ရှိပြီး ပင်လယ်ရေပြင်မှ ၅၈၈၁ မီတာ (၁၉၂၉၆ ပေ) မြင့်သည်။ အချို့သော မှတ်တမ်းများတွင် ၁၉၃၁၄ ပေမြင့်သည်ဟု ဆိုကြသည်။ တစ်နှစ်ပတ်လုံး ဆီနှင်းရေခဲများ ဖုံးလွမ်းလျှက်ရှိသည်။
အမည်မှည့်ခြင်း
ခါကာဘိုရာဇီ ဆိုသည်မှာ ကချင်ပြည်နယ်ရှိ ရဝမ်လူမျိုးများ၏ စကားဖြစ်ပြီး ခါကာပူ ဆိုသည် ဆိုသည်မှာ အသံများထွက်ခြင်း၊ ပြောခြင်း ရာဇီ ဆီသည်မှာ တောင်ဟု အဓိပ္ပါယ်ရ၍ အသံထွက်သောတောင် ဟု အဓိပ္ပါယ်ရပါသသည်။
တောင်ထိပ်သို့ တက်ရောက်ခြင်း
ခါကာဘိုရာဇီတောင်ထိပ်သို့ ယနေ့အထိ ဂျပန်နိုင်ငံသား တာကာရှီ အိုဇာကီ (Takashi Ozaki) နှင့် မြန်မာနိုင်ငံသား တိဗက် လူမျိုး ညီမာ ဂျိုဆိုင်း (နမား ဂျွန်စိန်)(Nyima Gyaltsen) တို့ပါဝင်သော တောင်တက်အဖွဲ့ တစ်ဖွဲ့သာလျှင် ခြေချနိုင်ခြင်းရှိသေးသည်။
( ခါကာဘိုရာဇီ – Myanmar Online Encyclopedia)http://wikimyanmar.co.cc/wiki/index.php
Was this answer helpful?
LikeDislikeကိုဂီရေ..ရောက်ရှိသတင်းပို့.ဆက်လက်ဆည်းပူးကြောင်း.. (လေးလေးနက်နက်)
ဒီဂျက်တယ်လ် တံခါးပေါက်ကို ဖွင့်ပြီး မန်နျူရယ် လောကထဲကို
ခုန်ချဖို့စပြင်တော့မယ်..ဒါမှ ရင်ဘတ်ချင်း ဂျက်ပင်ထိုးမယ့်လူတွေ နဲ့တွေ့နိုင်မယ်ဆိုတော့ကာ..
ဒါနဲ့ မတော်ခုန်ချလိုက်ပြီးမှ တခုခုမှားသွားရင်..အခက်ဗျ
Was this answer helpful?
LikeDislikeညီလေးဂီရေ…အလွန်ပင်အဖိုးတန်သောပိုစ့်လေးပါပဲ…လူကြီးလူငယ်အားလုံးအတွက်အကျိုးရှိစေပါတယ်…
ကျေးဇူးပါညီငယ်ရေ…ဆက်ရေးပါ…စောင့်မျှော်ဖတ်ရူပါ့မယ်။
Was this answer helpful?
LikeDislikeဖတ်ပြီး အတွေးတခု ရသွားတယ် မစ္စတာဂီရေ ချရေးနိုင်ဖို့ ကြိုးစားကြည့်ပါအုန်းမယ်။
အခုပြောသွားတဲ့ အချက် ၄ ခုလုံးကို တကယ်ကျင့်သုံးနိုင်ဖို့ အတော်ကြိုးစားကြည့်ရမယ် ထင်ပါတယ်။
win-win ကိုလည်း မျှော်နေပါတယ်။
Was this answer helpful?
LikeDislikeချရေးဖြစ်အောင်ေ၇းပါဗျာ…
ရေးဖြစ်တဲ့အခါ .. ပြောဦးနော်…
ကျနော် အားပေးချင်လို့ပါဗျ…
ခင်တဲ့..
မစ္စတာဂီ…
Was this answer helpful?
LikeDislikeပျော်ပျော်နေတတ်တဲ့ ဂီဂီ ရဲ့
ကြီးကျယ်တဲ့ လုပ်ရပ်တစ်ခုအဖြစ်
လေးလေးစားစား ဖတ်ရှုပြီး
ဂုဏ်ပြုသွားပါတယ်။
ဆက်လျှောက်ပါ။
အနောက်က လိုက်နိုင်အောင် ကြိုးစားနေပါတယ်။
ခင်တဲ့
ဘဘ ဘလက်။
Was this answer helpful?
LikeDislikeဘဘ ဘလက်ရေ… သည်စာအုပ်ကို တူးဆွမိတဲ့ အကြီးမားဆုံးသောအကြောင်းကတော့
ပန်းသီး ကိုစတည်ထောင်သူ ၃ယောက်ထဲမှာ တက္ကနစ်ကယ်လ်ပိုင်းအရ ဘုရားပေးတဲ့
ပါရမီရှင်လို့ ပြောလို့ရတဲ့ သူ( Woz ပါ Steve မဟုတ်ပါ) က
သည်စာအုပ်ကိုဖတ်ပြီးက ပန်းသီးကဲ့သို့ ဆွဲဆောင်သိမ်းသွင်းနိုင်သော အဖွဲ့အစည်း တခုကို
တည်ထောင်နိုင်သည် ဆိုတဲ့ မှတ်ချက်စကားကြောင့်ပါပဲ …..
ကျနော် ကြိုးစားပါဦးမယ်ဗျာ…..
(ကျမဘ၀ နဲ့ လူစွမ်းကောင်းကို လက်စသတ်မယ်လို့ ကတိပေးပါကြောင်း….)
ခင်တဲ့
ဖားသက်ပြင်း..
Was this answer helpful?
LikeDislikeတကယ်တမ်း လူ့ဘဝကြီးဟာ တိုးတက်အောင်မြင်အောင် လုပ်ချင်စိတ်ဖြစ်
လာတယ် ဆိုတဲ့အဆင့်ကိုရောက်ဘို့တောင် မလွယ်ဘူးနော်။အဲဒါကအခြေခံအောက်က အနှုတ်အဆင့်။
အဲဒီစိတ်ရှိနေပြီး သား လူတွေတောင် အခုဆင့်တွေ လိုမျိုး များစွာသောစိန်ခေါ်မှုတွေ
ရှိနေတယ်။အဲဒါက အခြေခံအဆင့်၊ မာဂျင်အဆင့်။
အဲဒီထက် ရှေ့ဆက်တော့ တိုးလိုက်တော့ တိုးတက်အောင်မြင်ရေးလမ်းကြောင်းပေါ်ကလူတွေ
ပေါ့နော်။ ဒီထက်ပိုမြင့်မားတဲ့ အတိုက်အခိုက်တွေရှိလာတော့တာဘဲ။ အဲဒါက အပေါင်း တစ်၊နှစ်အဆင့်။
ဆိုတော့…………..
အနောက်တိုင်းထုတ်စာအုပ်တွေကိုကြည့်လိုက်ရင် အခြေခံအဆင့်လောက်ကနေ စပြီး ပြောကြတာချည်းပါဘဲ။
ပြောရရင် အဲဒီအဆင့်လောက်က စကားထဲ ထဲ့ပြောစရာမလိုဘူးလို့စဉ်းစားထားတယ်ပေါ့။
ကိုယ်ဆိုလိုချင်တာက…
မြန်မာတွေမှာ အိုဗာဆီးရောက်နေသူတွေတောင် မာဂျင်အောက်တွေ အများကြီးရှိနေသေးတာကိုပါ။
ရည်မှန်းချက်တိတိကျကျလေးနဲ့ ဘဝကိုပုံဖော်စေချင်တယ်။
ပြောရရင် “အားမရတာကွာ”။ “အလိုမကျတာကွာ”။ “ဖြစ်စေချင်တာကွာ”။
အေး…
အဲဒီထက်တော့ ကိုယ်လဲ ဘာမှမတတ်နိုင်ဘူး။ စာရေးလို့ဘဲရလို့ စာရေးတယ်။ပြောလို့ရတဲ့သူကိုပြောတယ်။
အဲဒါက ကိုယ့်သဘောထားပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညီလေးစာကိုကော်မန့်ပေးရရင်..
ကိုယ့်အယူအဆအရ ဒုံးပျံလုပ်နည်းဟာအရမ်းအဆင့်မြင့်ပါလိမ့်မယ်။ကောင်းလဲသိပ်ကောင်းတာပေါ့။
ဒါပေမဲ့ လက်တွေ့မှာတော့ လူတိုင်းနဲ့ ခပ်ဝေးဝေးမှာရှိတယ်……..
အဲဒီတော့ စာတပုဒ် ဟာ လက်တွေ့ လူအများစုကိုအကျိုးပြုအထောက်အကူပြုတယ်ဆိုရင် ကောင်းသောစာလို့
ကိုယ်ယူဆတယ်။စာရေးသူရဲ့ စေတနာနဲ့ ရိုးသားမှုကိုလည်းတိုင်းတာတတ်တယ်ကွာ။”လေ”ကိုကြည့်တယ်ပေါ့။
အဲဒါကို ဆရာချစ်ဦးညိုကတော့ စာတပုဒ်ဟာ ယူနီဗာဆယ်ထရူ့=လောကအမှန်တရား ကို ကိုယ်စားပြုရင်
ကောင်းသောစာ လို့ဆိုတယ်။
အဲဒီတိုင်းတာမှု ၂ ခုအရ ငါ့ညီရဲ့ စာ က တော်တော်ကောင်းသော စာပါ။
ပြောရရင်ပထမအပုဒ်ထက်ဒီအပုဒ်ကပို လို့ လူတိုင်းနဲ့ နီးစပ်တယ်ပေါ့ကွာ။
“တပါးသူများကိုထည့်စဉ်းစားပါ” လို့ တခွန်းထဲပြောလို့ရတဲ့ စာလေးပေါ့ကွာ။
ကိုယ့်ကိုကိုယ် စိတ်ဓာတ်မြှင့်တင်ရေးဆိုတာ အမှန်က “ကိုယ့်ကိုကိုယ် လေးစား နိုင်ရေး”ပါဘဲ။
ကိုယ်ဟာကိုယ် ကောင်းလားမကောင်း လား ညာလို့မှမရတာ။
အဲဒီတော့ သူများကို အလေးထားစဉ်းစားတတ် တယ်ဆိုတဲ့ မော်ရယ်လတီလေးက ကိုယ့်ကိုကိုယ်
လေးစားနိုင်ရေးအတွက် အရိုးအရှင်းဆုံးမော်ဒယ်လေးဆိုတော့ ခုညီလေးရဲ့ စထရတ်ချာ လေးက
တော်တော်လေး ကို အသုံးဝင်၊လက်တွေ့ကျတယ် ။
အကုန်လုံးလုပ်နိုင်ဖို့ဆိုတာတော့ မပြောနိုင်ပေမဲ့ လုပ်သလောက်အကျိုးရှိမှာအသေအခြာ မို့
“ကောင်းသောစာတပုဒ် ” ဖြစ်ပါကြောင်း လေးလေးနက်နက် အားပေးပြောကြားပါရစေကွာ။
————————-(^^)————————–
Was this answer helpful?
LikeDislikeအားပေးတာ ကျေးဇူးတင်တယ် ကိုသစ်ရေ…
ကော်မန့်အရှည်ကြီးပေးပြီး ဆွေးနွေးသွားတဲ့အတွက် အထူးကျေးဇူးပါဗျ….
ဟုတ်ပါတယ်ဗျာ ..အပေါ်ပိုင်းနဲ့ အောက်ပိုင်း ၂ပိုင်းကွဲနေပါတယ်..
အပေါ်ပိုင်းကတော့ နိစ္စဒူဝ လူမှုဆက်ဆံရေးမှာ အသုံးဝင်တဲ့ ခံယူချက်ရေးရာပိုင်းပါဗျာ
အောက်ပိုင်းကတော့ သိတဲ့အတိုင်း Marketer တွေ pitch လုပ်ဖို့အတွက်
ပျိုးတဲ့ သဘောတွေဖြစ်သွားပြီခင်ဗျ…ချန်ထားမလို့ တွေးမိသေးပေမယ့်
မိတ်ဖွဲ့ခြင်း အလိုက်အထိုက် ပြောဆိုဆက်ဆံခြင်း ..ရဲ့ ဂုဏ်သတ္တိ တန်ဖိုးလေးတွေ
အနည်းငယ် ကိန်းနေသလားလို့ …ဒါကြောင့် မဖြုတ်မိတာပါဗျ….
Passion ပိုင်းတွေက ၀ါသနာဘက် အားသာသွားတော့ စား-၀တ်-နေ ပြေလည်နေမှ
လှည့်ကြည့်ဖြစ်မယ့် အရာတွေပါ ….. (ဘယ်ဆယ်လီဘရစ်တီ ဘယ်နာမည်ကျော် ဘာတွေ
passionate လုပ်တယ်ဆိုတဲ့ ဇယားကိုတော့ ရီလေးဗန့် သိပ်မဖြစ်လို့ ချန်ခဲ့ပါတယ်…)
မက်ဆေ့ခ်ျလေးက တခုလေးပါပဲ …ဖူလုံလာလို့ ၀ါသနာနောက်လိုက်နိုင်လာတယ်….
အပျင်းပြေ ပြီးရော…. ၀ါသနာပါတာကို လုပ်နေရရင် ကလိနေရရင်ပြီးရော စိတ်ထား မထားကြဘဲ
အဆိုပါ ၀ါသနာ ပါတဲ့ အရာ ကို အသုံးပြု(အသုံးချပြီး) လူမှုဆက်ဆံရေးတည်ဆောက်တာ ….
ဒါမှမဟုတ်လည်း အဆိုပါ ၀ါသနာပါတဲ့ အရာ ရဲ့ ကောင်းရာ ကောင်းကျိုးကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်
ပေးဆပ်ရင်း ပိုမြင့်တဲ့လယ်ဗယ်တခုကို ကိုယ်ရော ကိုယ့်မိတ်ဆွေရော …၂ဦးစလုံးရင်ခုန်ကြတဲ့ ၀ါသနာ ကိုရော…
မြှင့်တင်ဆွဲခေါ်ကြတာ ကို တွေ့ရှိရလို့ပါဗျာ…..။
ဒါလေးတွန်းရေးဖြစ်နေတဲ့ အဓိက မောင်းနှင်အားကတော့ ……
ဟိုနေ့က ကြည့်ဖြစ်တဲ့ မူဗီအပိုင်းအစလေးပါ ..အန်ကယ်လ်ဦးသူရ က သူအထဲမှာနေစဉ်က
တနေ့ ၁နာရီ ကြုံရတဲ့ တီးပါတီလေး အကြောင်း ကို တခုတ်တရ စာဖွဲ့လာတယ်…….
ဒါနဲ့ ယှဉ်ထိုးကြည့်ရင်တော့ ကျနော်တို့မှာ က ….ကန့်သတ်ချက်မရှိဘဲ …စိတ်ကူးတည့်ရာ
ကိုယ်သင်ယူ ဖတ်မှတ်မိရာ… ကိုယ် ဖတ်မှတ်လေ့လာ တွေ့ဆုံ ကြုံကြိုက် ကျင့်သုံးရာ ကောင်းနိုးရာရာ မှန်သမျှကို
ပြန်လည်မျှဝေစရာ ဂေဇက်ဆိုတဲ့ တီးပါတီ 24/7 ရှိနေတယ် လို့ ခံစားမိလို့…..ရယ်ပါ….
(အပြုံးအကြောင်း စ-တည် လိုက်တုန်းက ဟိုလူဂျီးရဲ့ ယခင်က အပြုံးနဲ့ ယခု အပြုံး ဆိုပြီး ယှဉ်ထိုး ပြီး ရိချင်စိတ်
ဖြစ်ခဲ့သေးတယ်ဗျ……. ဘဘ ဘလက်ကိုတောင် စာမူကြမ်းပေးဖတ်ဖြစ်ရင်း …စကားပြောဖြစ်သေးတယ်….
အန်ကယ်ဦးသူရ စကားတွေကြောင့် ကျနော့် စာစုလေး ဒေါသဂိုဏ်း သင့်မယ့် အဖြစ်က လွတ်ရတာတော့ အလွန်
ကျေးဇူးတင်မိပြီး ခုချိန်မှာ ကျေနပ် ပီတိ ဖြစ်မိပါတယ်ဗျာ…)
ကျနော်လည်း မာဂျင်အောက်က တက်ဖို့ ကြိုးစားကြည့်နေပါတယ် ကိုသစ်ရေ……
ခင်တဲ့
ဖားသက်ပြင်း…
Was this answer helpful?
LikeDislike!!!!!!!!!!!!!… တစ်ပါးသူများ၏ အတွေးအမြင်ကို လက်ခံပါ … !!!!!!!!!!!!!!!
!!!!!!!!!!!!!… တစ်ပါးသူများ၏ အတွေးအမြင်ကို လက်ခံပါ … !!!!!!!!!!!!!!!
!!!!!!!!!!!!!… တစ်ပါးသူများ၏ အတွေးအမြင်ကို လက်ခံပါ … !!!!!!!!!!!!!!!
!!!!!!!!!!!!!… တစ်ပါးသူများ၏ အတွေးအမြင်ကို လက်ခံပါ … !!!!!!!!!!!!!!!
ရွှေတိဂုံဘုရားနဲ့ ခါကာဘိုရာဇီတောင် မြန်မာနိုင်ငံရဲ့ ဧရိယာစတုရန်းမိုင်ပေါင်း … ????????????????
အွန်လိုင်းကနေ ရှုပ်ပွနေသော စာအုပ်ကလေးများရှိရာ အိမ်ဆီသို့ ………
Was this answer helpful?
LikeDislikeရွှေတိဂုံဘုရား အမြင့်
Antenna spire 112.17 m (368 ft)
Roof 105 m (344 ft)
သူကြီးလို ဥာဏ်မကောင်း၍ ဝီကီမှ ခိုးချသည်။
Intro ပါ။ ပြန်လာပါမည်။
အရီးတော်
Was this answer helpful?
LikeDislikeအင်တာလုဒ် တီးသွားပြီး ဗာစ့်ပိုဒ် ရောက်တော့မှ
ပိတ်သတ်ကြီး ခနနေပါဦးနော ဆိုပီး ရေပုလင်းထုတ်သောက် အမောဖြေတဲ့ အဆိုတော်ကျနေတာပဲ…
ဟွန့်…
အရီးတော်
စတိဗ်လတ် ….အတော်ဆိုး…
Was this answer helpful?
LikeDislikeသများ က ရုံးချိန်ကို ခိုး သလိုဖြစ်နေတာ။ အခုတော့ ဖတ်ရုံမ က ဝင်ပါမန့်ချင်တော့တာ။
ဆင်ခြင်ပါလို့ ကိုယ့်ကိုယ်ကို ဆုံးမလဲ ချိုးဖောက်မိ။
နဲနဲ အားတာ နဲ့ ဝင်လာမိ။
ဒါကြောင့်ပါ တူဖားလေး ရေ။
ရေသောက် တာ မဟုတ်ပါဘူး။ အလုပ်ပြန်ပြန် လုပ်ရတာပါ။
Was this answer helpful?
LikeDislikeကျနော် အိပ်ချိန်ထဲကဖဲ့ပြီး စာရေးဖြစ်နေပါတယ်….
draft နဲ့ save ပြီး …ဒါမှမဟုတ် ဖုန်းထဲ မှာ save ပြီး
နေ့ဘက် အားလပ်ချိန်တွေမှာမှ ပိုစ့်ကို တင်ဖြစ်ပါတယ်..
(ရိုးသားစွာ ၀န်ခံရရင် စာဖတ်သူ အများစု online active ဖြစ်မယ့် အချိန်အပိုင်းအခြားကို
စောင့်ပြီး တင်ဖြစ်ပါတယ်…)
အွန်လိုင်းမှာ အကြောင်းကြောင်းတွေကြောင့် active ဖြစ်နေပေမယ့်
ပြန်မမန့်မိတာ …reply- reaction နောက်ကျတာ ရှိနိုင်ပါတယ်..
(ရှိလည်း ရှိနေပါတယ်…)
စိတ်ရှိပေမယ့် ၁ယောက်ချင်း ကျေးဇူးစကား မတုန့်ပြန်နိုင်တဲ့အခါ ….
ဆွေးနွေးတာ အနည်းငယ် နောက်ကျသွားတဲ့အခါ. ….
နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်ခင်ဗျာ…
(သည် post ထဲက မှတ်ချက်ချ အားပေးသွားသူတွေကို ကျနော်
ပြန်လည် ဆွေးနွေးပါ့မယ်ဗျာ .အချိန်နည်းနည်းပေးပေးပါနော…)
sticky တင်ပေးထားတဲ့ သဂျီးနဲ့တကွ အားပေးကြတဲ့ သူ အားလုံးကို ကျေးကျေးပါလို့
ခင်တဲ့ ..
ဖားသက်ပြင်း….
Was this answer helpful?
LikeDislikeMG မှာတင်သမျှပို့စ်တွေကို မလွတ်တမ်းဖတ်နိုင်အောင် မနည်းကြိုးစားနေရပါတယ်။ ကွန်နက်ရှင်ကိုတော့ လွှဲမချတော့ပါဘူး။ သို့သော် ဖတ်ဖြစ်အောင် ဖတ်မယ်ဆိုတာလေး ဂီဂီ့ ပို့စ်ကနေတဆင့် ကြော်ငြာဝင်လိုက်ရပါတယ်။ အသုံးဝင်တဲ့ ကွန်မန့်မပေးနိုင်တာ စိတ်မကောင်းဖြစ်မိပါတယ်ဂီဂီရေ။ အားပေးနေတဲ့အကြောင်းတော့ပြောပါရစေနော။
Was this answer helpful?
LikeDislikeခက်ခက်ခဲခဲရေးတင်ထားတဲ့လူအကျိုးရှိအောင် ပြီးအောင်ဖတ်သွားပါတယ် Comment ရှည်ရှည်ပြန်မရေးနိုင်တာကို sorry ပါနော်
Was this answer helpful?
LikeDislikeဖားသက်ပြင်းဆီကပဲ ပညာတွေဆည်းပူးရတော့မှာပဲ …. ဆက်လက်ပြီး တဆင့်ပြန်လည်မျှဝေနိုင်ပါစေ
သူကြီးရေ အမြင့်ပေတွေမှတ်သားသွားပါတယ်.. (တကယ်မှန်ရဲ့လားဟင်)
Was this answer helpful?
LikeDislikeလူတွေဟာ ဘိုင်နရီမဟုတ်ဘူးဆိုတာ ကျနော် သိပ်ပြောချင်တဲ့ အချက်ပဲဗျ။ ခုမှ ပြောစရာ စကားလုံးရသွားတယ်။ ဝင်းဝင်း အကြောင်းရေးရင်တော့ မိုးဒီနဲ့ မော့စ်ကိုလည်း ထည့်ရေးဗျ။
ဝင်းဝင်းကိုပဲ ငါယူမယ်ဆိုတာလေ။
Was this answer helpful?
LikeDislikeပျားသကာလိုချို
ထားကညာဆိုအပို
ကျားသတ္တဝါကိုမျို
နွားခင်မျာမှာဂျို…
Was this answer helpful?
LikeDislikeအများကြီး မဟုတ်ဘဲ တစ်ချက် ကို ဝင်ပြီးတော့ ဆွေးနွေးပါရစေ။
ကိုယ့်ဘဝ မှာ ပျားသကာလို ချို နိုင်ဖို့ ကြိုးစားကြရာမှာ ပန်းခင်းလမ်းချည်းဘဲ မဟုတ် ပါဘူး။ အခက်အခဲ တွေ၊ ပြဿနာ တွေ ကတော့ မရှောင်မလွဲ တွေ့ရမြဲပါဘဲ။
လူလူချင်း ခေါ်မလား၊ ပါတ်ဝန်းကျင် ခေါ်မလား အဲဒီ ဆက်ဆံရေး ပြဿနာ ဟာလဲ အဲဒီ အခက်အခဲ၊ ပြဿနာ တွေ ထဲ မှာ ရှေ့တန်း က ပါ မယ် ထင်ပါရဲ့ ။
တကယ်တော့ လူလူချင်း ဆက်ဆံရေး ရဲ့ ပြဿနာ အများစု ရဲ့ အစပျိုး ဟာ တစ်ခြားသူ တွေ ဆီ ကထက် ကိုယ့်စိတ်အတွေး တွေကဘဲ မီးမွှေး တာ ဖြစ် မှာပါ။
ပြောရရင်တော့ နိမ့်ကျတဲ့ စိတ်အတွေး တွေက ပြဿနာရှာတာပါ။
ဒါကြောင့် ကိုယ့်အကြောင်းကိုယ်ကို အရင် ဆင်ခြင်စိတ် အသိ နဲ့ “ငါဘာလဲ” ဆိုတာ ကို စဉ်းစား သင့်ပါတယ်။
အဲဒီ “ငါဘာလဲ” ဆိုတာမှာ “ငါဟာ ဒီကမ္ဘာကြီး ထဲမှာ ချစ်ဖို့ ကောင်းတဲ့ သူတစ်ယောက်/ အသုံးဝင် တဲ့ သူတစ်ယောက်” လို့ ဆိုတာကို ယုံကြည် လက်ခံ လိုက်ဖို့ပါဘဲ။
ကျွန်မ က သူများဆီက အကိုးအကား တွေ မပါရင် စာမရေးတတ် သူမို့ ဒီမှာလဲ အကိုးအကား လေးနဲ့ ပြောချင်ပါတယ်။ ဒီတစ်ခါ တော့ Steve Jobs ရဲ့ အကြောင်း မဟုတ်ပါဘူး။ ဆရာ မင်းလူ ရဲ့ ဝတ္ထုထဲ က ဇာတ်ကောင် လေးတွေ အကြောင်း ပါ။
ဂေဇက် ရွာထဲကလူ တော်တော်များများ ကတော့ အဲဒီ ဇာတ်ကောင် တွေကို သိမှာပါ။ ရပ်ကွက် လေး တစ်ခု ထဲမှာ နေကြ တဲ့ သူတွေ အကြောင်းလေးတွေ ကို ဇာတ်လမ်း ဖွဲ့ရေး ထား တတ် တာပါ။
အဲဒီ ဇာတ်လမ်း တွေ ထဲမှာ
ခေါက်ဆွဲစက် ပိုင်ရှင် ပိုက်ဆံကြွယ်ဝ ပြီး ရပ်ကွက် ထဲမှာ ရပ်ကွက်လူကြီး လို ဖြစ်နေ တဲ့ ဦးကုလားရယ်၊ သူ့မိန်းမ ဒေါ်ခင်တီ နဲ့ သူတို့ မွေးစား သားလေး မျောက်ရှုံးသော ဓာတ်ခဲ ပါတယ်။
သူတို့ ဆီမှာ အလုပ်လုပ် သော ဖိုးနီ ပါတယ်။
ရပ်ကွက်ရဲ့ အတိုင်ပင်ခံ ကိုကြီးငွေ နှင့် အပေါင်ခံစီးပွါးရေး လုပ်သည့် သူမိန်းမ မသီး ပါတယ်။
ရပ်ကွက်ထဲမှာ ဦးရှင်ကြီးလိုက်တင်ပေးသည့် ဦးဖိုးပြော့ ပါတယ်။
ဂီတဝါသနာပါသည့် ရပ်ကွက် ဒိုးပါတ်ဝိုင်း ခေါင်းဆောင် ငပွ ပါတယ်။
သူတို့ရဲ့ စီးပွါးဖက် ရန်သူတော်ကြီး တစ်ဖက်ရပ်ကွက် မှ ကိုစာကလေး ပါတယ်။ ရပ်ကွက်ထဲမှာ မြင်မြင်သမျှ ကူညီချင်သည့် အောင်ဘာလေ ပါတယ်။
အားနာကြီး သော၊ ဘော်လုံးဝါသနာပါသော ကိုဉာဏ်စိန် နှင့် သူ့မိန်းမ မလုံး ပါတယ်။
အရပ်ဝမ်းစွဲ နဲ့ ကျဘန်းဈေးရောင်းတဲ့ ဒေါ်အေးကြွယ် ပါတယ်။
ရေရောင်းတာရော၊ ကုန်စိမ်းရောင်းတာရော၊ ကြုံရာလုပ်ကာ အလုပ်ကြိုးစားသည့် စိတ်တို စိတ်ဆတ် သော မောင်ဝ ပါတယ်။
လက်ဘက်ရည်ဆိုင် ပိုင်ရှင် ပတေး နဲ့ သူ့မိန်းမ ဘာနူး တို့ ပါတယ်။
ကိုဉာဏ်စိန် လိုပင် အားနာတတ်သော ကျော်ကွန့် နှင့် အလွန်ရိုးလှ သော သူ့မိန်းမ လှထုံ တို့ ပါတယ်။
ပဲပြုတ်သည် အပျိုကြီး ဒေါ်ပို ပါတယ်။ …..……. စသဖြင့်ပေါ့။
သူတို့မှာ ကိုယ်ပိုင် စရိုက်လေးတွေ ရှိသည်။ သူတို့ ဆက်ဆံရေး ကလဲ အမြဲ ချောမွေ့ မနေပါ။
တစ်ခါတစ်ခါ အချင်းချင်း လက်တစ်လုံး ကြားလှည့် တတ်သည်။
“ဇာဂနာ့” ဂတုံး စစ်မစစ် လိုမျိုးကို ငြင်းရင်း ထရန်ဖြစ်တတ်ကြ သည်။
“ဒွေး” ကို အသားမဲ တယ် ပြောမိ လို့ ပြောမိသူ၏ ဆိုင်ရာ အလုပ်ရှင် ဆီသွား၍ “အလုပ်မှ ထုတ်ပြစ်ဖို့” တောင်းဆိုခဲ့ကြဘူး သည်။
ရပ်ကွက်ဘုရားပွဲမှာ ရုပ်ရှင်ကြည့်ရင်း မင်းသား ကို နှိပ်စက်သော လူဆိုး ကို ထီးဖြင့် လှမ်း ပေါက်လိုက်၍ ပိတ်ကားပြဲသွား ခဲ့ဘူးသည်။
ဂြိုလ်တုမှလာသော ဘောလုံးပွဲများ ကိုကြို ကြည့် ထားပြီး တီဗွီမှာပြန်မပြခင် အောက်ကြေး ပေး၍ လောင်းကြေးဒိုင်ကိုင်သူလဲ ရှိသည်။
ထားပါတော့။ စကားရှည်နေပြီး လိုရင်းပျောက်ပါတော့မည်။
အချုပ်ကတော့ …..
သူတို့ ထဲတွင် စိတ်တိုတတ်သူ၊ အားနာကြီးသူ၊ လူလည်ကျသူ၊ ကူညီချင်သူ၊ ဆရာ လုပ် သူ၊ ရိုးအလွန်းသူ စရိုက်စုံရှိသည်။
ကျွန်မ အဲဒီ ဇာတ်ကောင်အားလုံး ကို ချစ်သည်။
ဘာလို့လဲ ဆိုတော့ စာရေးသူ က အဲဒီစရိုက်စုံသော ဇာတ်ကောင်လေးများအားလုံးကို အလွန်ချစ်စရာကောင်း သော လူများဖြစ်အောင် ဖွဲ့ပြထားနိုင်လို့ ပင်ဖြစ်သည်။
သူတို့ဟာ ဘယ်လိုဘဲ ဖြစ်ခဲ့ဖြစ်ခဲ့ နောက်ဆုံး မှာ တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ခြင်း၊ နားလည်ပေးခြင်း၊ လိုအပ်ရင် ရိုင်းပင်းခြင်း၊ အနစ်နာခံခြင်း တို့ နဲ့ “သူတို့ ဘာလဲ” ဆိုတာကိုပြ လိုက်တာကြောင့် အဲဒါကိုက သူတို့ကို ချစ်ဖို့ ကောင်း သွား စေ တာဘဲ ဖြစ်မှာလို့ ကျွန်မ တွေးမိပါတယ်။
ဆိုတော့ကာ -
ဝတ္ထု ဆိုတာလဲ ဝတ္ထုပေါ့။ ဒါပေမဲ့ ကြည့်တတ်ရင် အဲဒီထဲကို ကိုယ်ပါဝင်ကြည့်လို့ ရပါတယ်။ အပြင်မှာလဲ ကျွန်မတို့ ကိုယ်တိုင် သရုပ်ဆောင် နေကြတာမဟုတ်လား။
“ငါဟာ ဒီကမ္ဘာကြီး ထဲမှာ ချစ်ဖို့ ကောင်းတဲ့ သူတစ်ယောက်/ အသုံးဝင် တဲ့ သူ တစ်ယောက်” လို့ ကိုယ့်ကိုယ်ကို ယုံကြည် လက်ခံ လိုက်ရင် လူတွေ ကို ခွင့်လွှတ်တတ် လာမယ်။ ကူညီချင်လာမယ်။
ကိုယ့်ဟာကွက် တွေကို ရိုးသားစွာ မြင်တတ်လာမယ်၊
ကိုယ့် အတွက် ဆိုတဲ့ အတ္တလျော့ကျ လာမယ်။
ဒီကနေ ဘဝ ကို ပိုကောင်းအောင်၊ ပိုအဆင့်မြင့် အောင် ကြိုးစားချင်လာမယ်။
ပြဿနာ တစ်ခုဖြစ်ရင် တစ်ခြားသူ/ တစ်ခြားအဖြစ်ကြောင့် ဆိုတဲ့ သူများကို လက်ညိုးထိုး ချင်၊ အပြစ်ပုံချင် စိတ်တွေ နဲနဲ လာမယ်။
အတိတ်ကိုပြန်ကြည့် မနေတော့ ဘဲ ရှေ့ကိုဆက် သွားဖို့ကို သာ ကြိုးပမ်းလာမယ်။
အဓိက ကတော့ …..
ကိုယ့်ပါတ်ဝန်းကျင်ကို ပါ တိုးတက်အောင်လုပ်ဖို့ အတွက် ပါတ်ဝန်းကျင်က ကိုယ့်ကိုယ် လိုနေတယ် ဆိုတဲ့ ခံစားချက် ဖြစ်စေလာမယ်။
………………. လို့ ထင်တာပါဘဲ။
တွေးမိချင်တာတွေး၍ ကြုံသလို ဝင်ဝင် မန့်တဲ့ အကြောင်းတွေ က ခေါင်းစဉ် နဲ့ လွဲလွဲ နေရင် ခွင့်လွှတ်တော်မူကြပါ။ သိပ်တော့ မဆိုင်ဘူးလားမသိ။
PS –
နဲ့ လဲ
“You are who you are” ဆိုတာ ကတော့ မမေ့ နဲ့ပေါ့။
ဥပမာ – ကိုယ့်ပိုင်ရာ ကိုယ်ပိုင် ဘုကလန့်၊ ထော်လော်ကန့်လန့် စရိုက် လေး
ပါတ်ဝန်း ကျင် က ချစ်သော၊
ပါတ်ဝန်းကျင်ကို ချစ်သော၊
ပါတ်ဝန်းကျင် ကို အကျိုးပြု သော လူဖြစ်နိုင်ပါကြောင်း။
Was this answer helpful?
LikeDislikeကိုယ့်ကိုကိုယ် သိ မသိရင် ဂိ သွားမယ် ဆိုတဲ့ ငယ်ငယ်က ကြားဖူးတဲ့ ထားဝယ် စကား လိုပေါ့ အရီးတော်ရယ်…
အနှီထော်လော်ကန့်လန့်လေးကတော့ဖြင့် လူတိုင်းရှိတတ်တဲ့ သဘောပါဗျာ …။
နည်းနည်း နဲ့ များများ သာ ကွာမှာပါ …။
Enchant လုပ်တဲ့ကိစ္စမှာ တကယ်က လူချင်းဆက်ဆံရာမှာ portrait လုပ်ချလိုက်တဲ့ သည်ဘက်က (brand) image နဲ့
ဟိုဘက်က image ချင်း ဆက်ဆံမှုသာဖြစ်တယ်ခင်ဗျ…. တကယ့် အစစ်အမှန် self ကတော့ မပါဘူးဆိုပေမယ့်
self to image အနေနဲ့ portrait လိုက်တာဆိုတော့ ..အချို့အချက်ကလေးတွေ သည်းခံ ထိန်းသိမ်းမယ် (၀ါ)ထိန်ချန်မယ်
ဆိုရင်ဖြင့် ချောမွေ့တဲ့ ဆက်ဆံမှု တခုကို ရ မယ်လို့ ပြောချင်ပါတယ်ဗျာ ။ အကောင်းဆုံးသော ဥပမာကတော့ လိင်တူ
လက်ခံ/ လက်မခံ ကိစ္စပါပဲ …။ ကိုယ်က လိင်တူ ဆန့်ကျင်သူဖြစ်ပေမယ့် လိင်တူ ချစ်သူ တယောက်နဲ့ အလုပ်တစုံတရာ
ပူးပေါင်းဆောင်ရွက်ရတဲ့အခါ ဟိုက ဘာမှတောင် မဟုတ်တာ မလုပ်ရသေး …ကိုယ်က စတင်ပြီး …..
အခြောက်မြင် ဖင်ပိတ်ကန်ချင်တယ် ရေရွတ်နေဖို့တော့ မလိုဘူး ထင်ပါတယ်ဗျာ ….။ ဘာသာတူ ဘာသာခြား ..လူမျိုးတူ လူမျိုးခြား
ဒါတွေမှာလည်း ထိုနည်းလည်းကောင်းပါဗျ….။ အလုပ်နဲ့မဆိုင်တဲ့ personalပိုင်းတွေ မပါဝင်တဲ့ image ကိုသာ generate
လုပ်ပြီး အဆိုပါ image နဲ့ ဆက်ဆံနိုင်ရင် အကောင်းဆုံးပါပဲဗျာ…။
သူများလူမျိုးများ နဲ့ယှဉ်ရင် ကျနော်တို့တွေဟာ သိပ် ပါဆင်နယ်လ် ကို အလုပ်ထဲ(လူမှုဆက်ဆံရေးနယ်ပါယ်ထဲ) ယူဆောင်လာကြတာပဲ လို့
မြင်မိတယ်ခင်ဗျ …သူ့ကို မုန်းလို့ သူနဲ့ တွဲမလုပ်နိုင်ဘူးတို့ …ပညာပြတယ် ပညာပေးတယ် အထာကိုင်တယ် အစရှိသဖြင့်ပေါ့ …
ပြောင်းပြန်အားဖြင့် …သူနဲ့အတူတူ လုပ်ရင် အပြောမခံရအောင် သူ့ထက်သာအောင် တမင် ပိုလုပ် “ပြ” တာမျိုးတို့ အပါအ၀င်ပေါ့လေ…
သည်အယူအဆ အရပြောရရင်တော့ image တွေချင်း မဟုတ်ဘဲ self တွေနဲ့ပါ ဆက်ဆံကြလို့ သည်လို မလိုလားအပ်တဲ့ ကသိကအောက်
တွေဖြစ်လာတယ် လို့ ဆိုချင်ပါတယ်ဗျာ ….။ အလုပ်ဖြစ်ဖို့ ပဓာန မဟုတ်ဘဲ ငါ ဆိုတဲ့ အတ္တက ပဓာန ဖြစ်နေတော့တာကိုး ……။
အလုပ် ..အလုပ်လို့သာ ပြောရရေးရတာပါ တကယ်က တစုံတရာ အောင်မြင်ပီးမြောက်ရေး လို့ ဆိုချင်တာပါ …..။ဒါလေးကို ရှေးရှုရင်ဖြင့်
မတူတာတွေကို ဘေးချပြီး တူတဲ့ ပန်းတိုင် တခု ကို ရှဲလုပ်ပြီးသားမို့ ချောမွေ့တဲ့ ဆက်ဆံရေး ဖြစ်မယ် ထင်ကြောင်း…..။
စကားမစပ် ဆြာမင်းလူ ကို ကျနော်လည်း အလွန်နှစ်သက်ပါကြောင်း ….
သူ့အစ်ကို (ကျနော့်သူငယ်ချင်း အဖေ) ၏ ဇာပန တွင် ၁ခါတိတိ လက်ဆွဲနှုတ်ဆက်ဖူးပါကြောင်း။
ငယ်စဉ်က အနှီသူငယ်ချင်းကို မင်းအဖေ ဘာကားရိုက်နေလဲ ငါမသိချင်ဘူး …မင်းဦးလေး ဘယ်တော့ စာအုပ်သစ်ထွက်မလဲ
ဆိုတာမျိုးမေးယူမိသည် အထိ လူမှုရေးနားမလည်ခဲ့ဖူးပါကြောင်း ….
ခင်တဲ့
နှူးဘာဂိုဏ်းချုပ် နှာကိုယ်တော် …
Was this answer helpful?
LikeDislikeပိုစ့်ပိုင်ရှင် မောင်ဂီရဲ့ ရှဲတာကိုလည်း ကျေးဇူးတင်တယ်။
နဲ့ လဲ
)
မလတ်ရဲ့-
(ကိုယ့်ပိုင်ရာ ကိုယ်ပိုင် ဘုကလန့်၊ ထော်လော်ကန့်လန့် စရိုက် လေး
ပါတ်ဝန်း ကျင် က ချစ်သော၊
ပါတ်ဝန်းကျင်ကို ချစ်သော၊
ပါတ်ဝန်းကျင် ကို အကျိုးပြု သော လူဖြစ်နိုင်ပါကြောင်း။
ဆိုတဲ့ မက်ဆေ့ခ်ျလေးကိုလည်း အလွန်သဘောကျ နှစ်ခြိုက်သွားပါကြောင်း….
Was this answer helpful?
LikeDislikeလူတိုင်းဟာ တစုံတခုမှာ သင့်ထက်တော့ တော်ကြတဲ့ သူတွေချည်းပါပဲ..။
အဲဒီအချက်ကို လက်ခံပါတယ် လက်ခံတာလွန်သွားလို့လားတော့မသိဘူး ဘယ်သူငယ်ချင်းအနားပဲရောက်ရောက်သူတို့ကို အားကျလွန်သွားပြီး ကိုယ်ပိုင်စတိုင်လ်သိပ်မရှိတော့ပါဘူး။ ဘုရားတရားလုပ်တဲ့သူငယ်ချင်းနားနေဖြစ်ရင် သူ့လိုတရားတွေလိုက်လုပ်တယ် ပြီးတော့ ငါလိုသေးတယ် ငါသိသင့်တာတွေရှိသေးတယ်ဆိုပြီး အားမလိုအားမရဖြစ်တယ်။ ဈေးဝယ်ဝါသနာပါတဲ့သူနဲ့ နေတာများရင် အားတာနဲ့ဈေးဝယ်ထွက်ချင်နေတယ်။ အခု အဲဒီပြသနာက တော်တော်ခေါင်းကိုက်စရာဖြစ်နေတယ်။ ကိုယ့်ကိုယ်ကို ငါဘာလဲလို့ သေချာပြန်စဉ်းစားယူနေရတယ်
Was this answer helpful?
LikeDislikeတောတွေတောင်တွေ စေတီပုထိုး တွေ အမြင့် ဆိုတာတွေ ထက် လူတွေအသီးသီးဘ၀ မြင့်တက်ဖို့က
ပိုအရေးကြီးပါတယ် ဘ၀မြင့်ရေး တွက်နှေတာက ပိုအကျိုးရှိပါလိမ့်မယ်
Was this answer helpful?
LikeDislikeပြောင်းရပြန်ပြီ ကော အမည်။
လေးမွန်၊ထွေးမွန် အမွှာ ရော နေကောင်းလား။
Was this answer helpful?
LikeDislike