လူ့အလို နတ်မလိုက်နိုင်
|639- Hits|လူ့အလို .. နတ်မလိုက်နိုင်ဆိုတဲ့ စကားက သိပ်မှန်တာပဲ … ကျွန်မတို့ လူသားတွေ .. လိုအင်ဆန္ဒတွေများလွန်းတဲ့အကြောင်းလေး ..ညွှန်းကာ ရေးထားတာပါ .. လူသားတွေထဲမှာမှ … ယောကျာ်းနဲ့ မိန်းမ နှစ်မျိုးရှိကြရာက .. .မိန်းမများအလွန် အလှပကြိုက်တယ်လို့ …. ပြောစမတ်ပြုခဲ့ကြပေမယ့် … အခုခေတ်မှာတော့ … မိန်းမများနည်းတူ .. မျက်နှာပေါင်းတင်တဲ့ ယောကျာ်း … ၊ မျက်ခုံးနှုတ်တဲ့ယောကျာ်းနဲ့ …. နှုတ်ခမ်းဆေးသွင်းတဲ့ယောကျာ်းတွေတောင်ရှိလာကြပါပြီ …. ။
ယောကျာ်းပဲ ဖြစ်ဖြစ် ၊ မိန်းမပဲဖြစ်ဖြစ် …. မိမိတို့ ပိုင်ဆိုင်ထားတဲ့ အသားရည်ကို စိတ်တိုင်းမကျသူများပါတယ် … ကျွန်မတို့ နိုင်ငံရဲ့ ရေမြေ သဘာဝ ဥတု အချိုးစားအရ … ကျွန်မတို့ နိုင်ငံက လူအများစုအသားရေ ညိုတဲ့ဘက်သမ်းပါတယ် … ကိုယ့်မှာ မရှိတဲ့ ဖြူဖွေးဖွေးအသားရည်ကို လို ချင်ကြလို့ … ကြော်ငြာအားကောင်းကောင်းနဲ့ ဈေးကွက်ထဲ ၀င်လာတဲ့ … အသားဖြူစေစွမ်းရှိတဲ့.. မိတ်ကပ် ၊ ပေါင်ဒါ .. လိုးရှင်းမှ စလို့ …. roll-on တွေ … တိုနာတွေအထိပါ … တွင်တွင်ကျယ်ကျယ်သုံးလာကြတယ် …. ။ တချို့ ဆေးတွေဆိုဘယ်နှစ်မိနစ်တွင်းဖြူလာရစေမယ်လို့ .. အာမခံချက်တွေတောင်ပါသေးတယ် … ။ ဖြူချင်တာပဲ သိပြီး … ဖြူချင်တာရဲ့နောက်ကွယ်မှာ … ဘာနောက်ဆက်တွဲတွေဖြစ်မလဲဆိုတာ .. တော်တော်နဲ့ မတွေးမိခဲ့ကြပါဘူး … ။
အသားဖြူစေဖို့ … မာကျူရီဒြပ်ပေါင်းတွေ … အများပြားထည့်သုံးခဲ့ကာ အလှကုန်တွေထဲ ရောစပ်ခဲ့ကြတာပါ … ။ အမေရိကန် အစားသောက်နဲ့ ဆေးဝါးကွပ်ကဲမှုအဖွဲ့ ရဲ့ သတ်မှတ်နှုန်းက …. မာကျူရီ ဒြပ်ပေါင်းပါဝင်မှုနှုန်း 1ppm သာ ရှိခဲ့ပေမယ့် … ဈေးကွက်ထဲက အလှကုန်အချို့ရဲ့ ပါဝင်မှုနှုန်းက …. 12.9 ppm ကနေ … 2314.9ppm ထိပါဝင်နေကြောင်း atomic absorption spectrophotometer သတ္တုဒြပ်စင်တိုင်းတာစက်ဖြင့် တိုင်းတာလို့ သိရပါတယ် … ။ အဲ့ဒီစက်ဟာ … 0.2ppmထိ အသေးစိတ်တိုင်းတာနိုင်တဲ့ စက်မျိုးပါပဲ … ။
လှချင်လွန်းလို့ အသားဖြူအောင်မာကျူရီတွေ အများကြီးပါဝင်ဖွဲ့စည်းထားတဲ့ အလှကုန်တွေ သုံးမိမယ်ဆိုလျှင် … ခဏတာတော့ မသိသာပေမယ့် …အချိန် ကြာလာတာနဲ့အမျှ … ကျောက်ကပ်ရောဂါ ၊ ဦးနှောက်နဲ့ အာရုံကြောရောဂါ ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါတွေပါ … နောက်ဆက်တွဲ ခံစားရဖွယ်ရှိပါတယ် … ။
ဒါကြောင့် … ဖြူချင်လှချင်ကြတယ်ဆိုလျှင် .. ကြောငြာအားကြီးပြီး ချက်ချင်း ဖြူသွားစေမယ့် .. မာကျူရီဒြပ်ပေါင်းများစွာ ပါဝင်တဲ့ပစ္စည်းမျိုးကို မသုံးပဲ .. သဘာဝ သစ်ဖုသစ်ဥနည်းတွေ သုံးပြီး ဖြူအောင်လုပ်သင့်ပါတယ် … ။ ရွာသူရွာသားအားလုံးပဲ ရှိရင်းစွဲ အလှပအရောင်သွေးနဲ့ သဘာဝကျကျလှနိုင်ကြပါစေလို့ …. ဆုတောင်းလိုက်ပါတယ် … ။
Related posts:
- အချိုရည် အလွန်အကျွံသောက်ပါက အလျင်အမြန် အိုမင်းရင့်ရော်နိုင်
- လှပသော အမျိုးသမီးများနှင့် တွေ့ဆုံရခြင်းသည် ကျန်းမာရေးအတွက် ဆိုးရွားစေနိုင်
- ယောင်္ကျားနှင့်မိန်းမလက်ထပ်ခြင်း(သို့)ချစ်ခြင်းခံယူချက်
- လှပသော အမျိုးသမီးများနှင့် တွေ့ဆုံရခြင်းသည် ကျန်းမာရေးအတွက် ဆိုးရွားစေနိုင်
- မင်္ဂလာဆောင် အသွင်းကြေးကို မပေးဆပ်နိုင်၍ ဘင်္ဂလီ အမျိုးသမီး ၂၂ ဦး ဧပြီ တလတည်းတွင် သတ်ဖြတ်ခံရ


ရုပ်ချောအောင်ကော ဘိုလုပ်ရမလဲ ခင်ည
Was this answer helpful?
LikeDislikeရုပ်ချောချင်ရင်ဆီလိပ်းပေးပါ မျက်နှာကို
Was this answer helpful?
LikeDislikeပဲဆီလား စားအုန်းဆီလား ခင်ည
Was this answer helpful?
LikeDislikeနှမ်းဆီပါခင်ည..အဲဒါမှ ရူးပီး နှမ်းသွားအောင်လေ ဟိဟိ
Was this answer helpful?
LikeDislikeဟဲဟဲထောက်ခံပါတယ်
ကျနော်ကိုယ်တိုင်လည်း ၀ါသနာမပါသလို ၀ယ်လည်းမသုံးနိုင်ပါဘူး
ရေချိုးတယ် ရေမွှေးဆပ်ပြာနဲ့တိုက်တယ် အသုံးအဆောင်ဆိုလို့ ဂျယ်လီ ဗူးလေးတစ်ခုပဲရှိတယ်
တစ်ချို့လှချင်လွန်းလို့လုပ်လိုက်မှ ပိုဆိုးသွားကြတယ်။
သဘာဝအတိုင်းဖြစ်တဲ့ သဘာဝရွှေဘိုသနပ်ခါး သာအကောင်းဆုံးဖြစ်ပါကြောင်းကြုံတုန်းကြော်ငြာဝင်လိုက်ပါရစေဗျာ။
Was this answer helpful?
LikeDislikeအော်လဂျင်နယ် ခန့် ချောပြီးသား ကျုပ်အတွက်ကျ သုံးစရာ သိပ်မရှိလို့ ဘာမှ မသုံးဖြစ်ဘူးရယ်ပါလေ
Was this answer helpful?
LikeDislikeအဟမ်း … ခန့်ချောကြီး ပုဆိုးကြော်ငြာရိုက်မလို့တဲ့ ကိုပေ့ကို
avatar ထဲကပုံအတိုင်းပဲဟုတ် ?
Was this answer helpful?
LikeDislikeမိုး ဂျက် ကျန် လာ ပီ
ဘယ် တွေ ချောက် တွား နေ တာ ရဲ မြေး လေး ရယ် …….
(မှတ်ချက်။ တုန်တုန်ယင်ယင် ပြောတဲ့အပြောမျိုးနဲ့ ဖတ်ပေးပါ) …
Was this answer helpful?
LikeDislikeလျှောက်မသွားပါဘူး ဘိုးဘိုးရဲ့ နှစ်သစ်ကူးမှာ
အရှုပ်တွေလုပ်နေရလို့ပါ
新年快乐… (ဦးကြောင်မမြင်ပါစေနဲ့)
Was this answer helpful?
LikeDislike新年快乐
我的孙女
(မှတ်ချက်။ အောင်ကြူး မမြင်ပါစေနဲ့) …
Was this answer helpful?
LikeDislikeကိုပေ ခန့်ချောကြီးက အရက်ဖိုးမရှိလို့ဘောမှန်လို့အထိနာပြီး ကြံရင်းဖန်ရင်း ထိပ်ပါပြောင်းနေပါပြီဗျ
101 ဆံပင်ပေါက်ဆေး ၀ယ်သုံးပါလို့ ပြောချင်ပါတယ်
Was this answer helpful?
LikeDislikeအသားဖြူစရာမလိုပါဘူး
ညိုချောပဲကောင်းပါတယ် ကျုပ်ကတော့ မျက်နှာပွင့်စရာလည်းမလိုဘူး
ဝိုင်းဝိုင်လည်နေတယ်လေ။(ကြွေးရှင်)
Was this answer helpful?
LikeDislikeဒါက ဒီလိုရှိပါတယ် တီတီတုံး ရဲ့
မသိရင်မေး မစင်ရင်ဆေးရပါတယ်
တောင်းမှာ အဝတ် လူမှာ အကွတ်ဆိုသလိုပါဘဲ
တစ်ဖက်လူအာရုံလာဘို့ထက် ကိုယ်ကိုယ်ကိုယ် ကြည့်လို့ရဘို့က ပိုအရေးကြီးမယ်ထင်တာဘဲ
လူသားဆိုတာရဲ့ အစက အင်္ကျီပါလာတာမဟုတ်ဘူးလေ
ဒါ့ကြောင့် ဒီလိုပြုပြင်တာကို အပြစ်လို့ပြောမယ်ဆိုရင်
တီတီတုံး လဲ တုံးလုံးကြီးနေမှ ရမယ်ထင်ပါဒယ်
မဟုတ်လို့ကတော့ သဘာဝကိုဆန့်ကျင်သူဖြစ်သွားနိုင်တယ်နော
ဒါ့ကြောင့် ပြုရမယ်
ပြင်ရမယ်
ပြုပြင်ရမယ်
ကျုပ်တောင် အခု မော်ဒယ်သင်ဒန်းတက်မလားစိတ်ကူးနေပါရဲ့
Was this answer helpful?
LikeDislikeအိတုံရေ..အဲဒါ ကိုရီယားရောဂါတွေပဲလို့ထင်ပါတယ်ကွယ်…ဆံပင်ရှည်၊ဖြူပက်ဖြူရောမျက်နှာ၊နုတ်နီဆိုး…ဒို့မြန်မာလူငယ်လေးတွေ အတုခိုးမှားမှာစိုးရိမ်မိပါတယ်၊
Was this answer helpful?
LikeDislikeကျုပ်ကိုအဘိုးကြီးလို့ပဲ ပြောပြော
ဒီခေတ်ကတော့ တော်တော်လွန်ပါတယ်။
တခါက ကျုပ်ဝန်ထမ်းတယောက်ရဲ့ locker ကို ကြည့်(စစ်) မိတော့
ခေါင်းလိမ်းဆီသုံးမျိုးလောက်ရယ်၊ lotion သုံးမျိုးလောက်ရယ်၊ Roll on နှစ်မျိုးလောက်ရယ်၊
ရေမွှေးတွေရော၊ စပရေးတွေရော ဘာမှန်းမသိတာတွေရော ……။
ကျုပ်တို့ငယ်ငယ် တက္ကသိုလ်ကျောင်းသားဘ၀ကဆို
အလှပြင်ပစ္စည်းဆိုလို့ အုန်းဆီတပုလင်းနဲ့ ဘီးတချောင်း ပဲရှိတာ။
သူတို့လိုသာ ထိုင်အလှပြင်နေရင် ဘယ့်နှယ်လုပ် ကျောင်းရောက်တော့မတုန်း….။
Was this answer helpful?
LikeDislikeဦးဦးပါလေရာရေ့-
ဒါ အုန်းခေတ် မဟုတ်တော့ဘူး။ အိုင် ခေတ် လေ။
Was this answer helpful?
LikeDislikeအိတုံရေ – သတိပေးစာလေးအတွက် သင်းခရုပါ။
သုံးနေတဲ့ မျက်နှာသစ်ဆေး တွေကို ပြန်စစ်ကြည့်လိုက်ဦးမယ်။
သမီး ပြောသလိုဘဲ သဘာဝသစ်ဥ သစ်ဖု တွေ ကို သုံးတာ ကတော့ အကောင်းဆုံးဘဲထင်ပါရဲ့။
ရွှေဘိုသား ရဲ့ သဘာဝရွှေဘိုသနပ်ခါး ဆိုတာ လဲ အသဲစွဲဖြစ်ခဲ့ဘူးပါရဲ့။
အေးတဲ့နေရာမှာ အကျင့်မပျောက်ဘဲ ဆက်လိမ်းနေမိလို့ အသားကွဲ သလိုဖြစ်ခဲ့တယ်။
ဒီတော့ ရောမကို ရောက် တော့ ရောမလို ကျင့် နေရတော့တာပါဘဲ။
ဒါပေမဲ့ တစ်ချို့ အလှကုန်တွေက သဘာဝသစ်ဥ သစ်ဖု တွေ နဲ့လုပ်သည်လို့ ပြောတာတွေလဲရှိရဲ့။
ဘယ်လိုပြောပြော ဓာတုပစ္စည်းကတော့ မလွတ်ပါဘူး။
စကား အတင်းစပ်ရရင်ဖြင့် – အသားဖြူအောင် လုပ်တာနဲ့ ဘာမှတော့ မဆိုင်ပေမဲ့ သဘာဝ သစ်ဖုသစ်ဥနည်းတွေ ဆိုလို့ ပြေးပြီး သတိရမိပြန်လို့။
ပန်းသီးရဲ့ ဖခင်ကြီး Steve Jobs ကတော့ သူဟာ သဘာဝ မီးလွတ်အသီး၊ အနှံတွေသာ စားတာမို့ သူ့ကိုယ် ဟာ အနံ့ဆိုး မရှိဘူး လို့ ထင်ခဲ့သတဲ့။
ဒီတော့ သူဟာ ချွေးနံ့ပျောက်ဆေး သုံးဖို့မပြော နဲ့ ရေတောင် မှန်မှန် မချိုးဘူးတဲ့။
Atari ဆိုတဲ့ ကုမ္ပဏီ မှာ သူပထမဆုံး အလုပ်စလုပ် တော့ နောက်ပိုင်း မှာ သူ့ကို ညဘက် shift တွေမှာဘဲ တာဝန် ချထားခံခဲ့ရတယ် တဲ့။
အကြောင်းကတော့ တစ်ခြားသူတွေခမျာ သူ့အနံ့ ကို မခံနိုင်လွန်းလို့ ဆိုဘဲ။
စာကြွင်း –
သူ့အကြောင်းတွေ ဒီရက် မှာ ပိုပို သိလာလို့ တိုက်ဆိုင်မှုရှိတိုင်း သတိရလွန်းလို့ ရွာသူ/သား များကို မျှတာပါ။ သိပြီးသား သူများလဲ ခဏတော့ သည်းခံတော်မူ ကြပါ ကုန် လော့။
Was this answer helpful?
LikeDislikeမအိတုံရေ …..
အသားလည်း မဖြူဂျင်ဘာဘူးဂျာ …
မာကျူရီတော့ တားတား ကြောက် ကြောက်ပါ…
(ဂယ်က ..ဖြူတာပေါတဲ့အရပ်မှာ မဖြူတာ ပိုဈေးကွက်ဝင်လို့ …အဟီး…)
@ အရီးတော် စတိဗ်လတ် ရေ..
အဲ့လူဂျီးလည်း လူလည်ကျခဲ့တာပါပဲ (အူမ မတောင့်သေးလို့ထင်ပါ…)
Atari မှာတုန်းကပေါ့.. တပြား ၇၅၀ နှုန်း နဲ့ အောက်ဆို့စ် ပလပ်စ် ၁၀၀ ဘောနပ်စ်
ကို မြှုပ်ထားပြီး Woz ကို ၃၇၅ ပဲ ပေးပီး အပြား၅၀စာ တီးခဲ့တယ်လို့ တွေ့တယ်ခည…
(၅၀၀၀ အိပ်ထဲထည့်သတဲ့ ….ခစ်ခစ်…)
ခင်တဲ့
စတိဗ်ဂီ့
Was this answer helpful?
LikeDislikeetone ပြောမှပဲ ကိုယ်သုံးနေတဲ့ အလှအပ ပစ္စည်းတွေကို ပြန်စမ်းစစ်ကြည့်ဦးမယ် ။
ဆံပင်ကလည်း အသက်ငယ်ငယ်လေးကတည်းက ခဏခဏဆိုးနေလို့ ဟိုနေ့ကတောင်
အဖေက ကင်ဆာဖြစ်မယ်ဆိုပြီး ဆူနေသေးတယ်လေ နွယ်ပင်ကလည်း နွယ်ပင်ပဲ
ကိုယ့်ကို ဆံပင်အနက်နဲ့ဆို ကြည့်ရဆိုးတယ်လို့ပဲ တွေးပြီး ဆံပင် မဆိုးပါဘူးလို့ပြောပြောပြီး ခဏခဏ
ပြန်ဆိုးမိနေတာလေ အခုလို သတိပေးစာလေး ရေးပေးတာ ကျေးဇူးပါ ….
Was this answer helpful?
LikeDislikeဟုတ်တယ်။ဟိုတနေ့ကပဲဂျာနယ်ထဲမှာတွေ့လိုက်တယ်။ အိတုန်ပြောတဲ့ အသားဖြူစေတဲ့မာကျူရီဒြပ်ပေါင်းတွေအများပြားထည့်သုံးတဲ့အလှကုန် ၆ မျိုးလားမသိဘူး။ ပိတ်လိုက်တယ်လေ။ ဒို့ငယ်ငယ်ကသုံးတဲ့ အာချီ။ နောက်မြန်မာထဲ က ရွေဘိုမင်းသမီး၊ နောက်ပါသေးတယ်။ ပြန်ရှာဖတ်လိုက်အုံးမယ်။ အဲဒါတွေမသုံးသင့်ဘူးဆိုပြီးကြေငြာထားတယ်။ ကင်ဆာဖြစ်စေနိုင်တယ်တဲ့။
Was this answer helpful?
LikeDislikeအစ်မရေ .. သုတေသနလုပ်ကြည့်တဲ့ ပစ္စည်းက ဆယ်မျိုးပါတဲ့လေ … ဆယ်မျိုးကနေမှ … နှစ်မျိုးက နေ့လိမ်း ၊ ညလိမ်း ခွဲထားတော့.. စုစုပေါင်း ဆယ့်နှစ်မျိုးကို စစ်ဆေးခဲ့ပါသတဲ့ … ။
သိမ်ကြီးဈေးရဲ့ လက္ကားဆိုင် ငါးဆိုင်နဲ့ … မင်္ဂလာဈေးက သုံးဆိုင် စုစုပေါင်း ရှစ်ဆိုင်ကနေ .. ဆိုင်ရှင်တွေဆီက အရောင်းရဆုံး ကုန်ပစ္စည်းဆယ်မျိုးကို သုတေသနထုတ်လုပ်လေ့လာခဲ့ပါသတဲ့ …
အလှကုန်နာမည်တွေကိုတော့ ဖော်ပြထားခြင်းမရှိဘူးလို့ .. မသိခဲ့ရပါဘူး .. ။
Was this answer helpful?
LikeDislikeမာကျူရီ ပါတဲ့ အလှပြင် ပစ္စည်းတွေကို အင်္ဂလန် ဘုရင်မကြီးတောင် သုံးခဲ့ဖူးတယ်။ (တော်တော် တော့ ကြာပေါ့ အခု ဘုရင်မကြီး ဟုတ်ဘူးနော်)
အဲဒီ မာကျူရီ ပါတဲ့ အလှကုန်တွေက အဆင့်မြင့် ပစ္စည်းတွေမို့ အထက်တန်းလွာသာ သုံးခွင့်ရှိတယ် ဆိုပြီး ရှိခဲ့ဖူးတယ်။ နောက်ပိုင်းတော့ မာကျူရီ အလှကုန်ရဲ့ ပြသနာကို သိရှိပြီး လုံးဝ တားမြစ်လိုက်ကြတယ် စသဖြင့် ကြားဖူးတယ်။
မာကျူရီ ပါတဲ့ အလှကုန်တွေ တခေတ်တခါ ငြိမ်သက်သွားပြီးမှ ပြန်ထ လာတယ် ဆိုတော့ တော်တော် အံသြမိတယ်။ လက်ငင်းအကျိုးထူးပြီး ဈေးသက်သာလို့များလား မသိဘူး။
Was this answer helpful?
LikeDislikeဟုတ်တယ် အစ်မရေ … ခဏငြိမ်သွားပြီး မေ့လောက်တယ်ရှိမှ တကျော့ပြန်ပေါ်လာတယ် … ။
အဓိကကတော့ … တကယ်တင်းတင်းကြပ်ကြပ်တားမြစ်ဖို့ပါပဲ … ။ ရေတက်ငါးဇင်ရိုင်းလို ခဏပေါ်လိုက် မြုပ်လိုက်လုပ်လို့ကတော့ … ဒီလို ပြသနာတွေ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်တော့ဘူး … ။ သေချာ စီစစ်ပြီးမှသာ ဖြန့် ဖြူးရောင်းချခွင့်ပေးသင့်တယ် … ။
Was this answer helpful?
LikeDislikePersonal looking good means making the best of ourselves.
အဲဒီတော့ သဘာဝတိုင်းလေးဘဲ လှအောင်နေသင့်တာပေါ့။အဓိကကတော့
စိတ်ဓာတ်ပါဘဲ။
Was this answer helpful?
LikeDislikeအသားဖြူချင်ရင် ရေနွေးအိုးထဲ ခုန်ချပါ
ဖရဲကတော့ အသားမဖြူဘူး
တစ်ကိုယ်လုံးစိမ်းနေတာဘဲ
Was this answer helpful?
LikeDislikeလူတွေအမှီးမပါလို့နော်
ပါလာယင် အမှီးအလှပြင်ဆိုင်တောင်ရှိနေအုံးမှာ …
Was this answer helpful?
LikeDislike