ပင်လယ်စာဟင်းချို(Sea Food Soup)…
|427- Hits|ဒီနေ့တော့ ဟင်းချိုတစ်မျိုးနဲ့လက်ဆောင်ပါးလိုက်ပါတယ်…အလုပ်အားလပ်ရက်လည်းဖြစ်တော့ အချိန်လည်းရလို့ရေးဖြစ်တာပါ….
ပါဝင့်သည့်ပစ္စည်းများ။ ။ပုဇွန်ကြား၊ကင်းမွန်(ပြည်ကြီးငါး)၊ငါးအသားလွှာ၊ငါးဖယ်လုံး။
ဆလပ်ရွက်၊မုန့်လာဥနီ၊ပဲပြားစိမ်း၊ကြက်သွန်မြိတ်၊ပန်းဂေါ်ဖီပွင့်၊မှိုဖြူ၊ပင်လယ်ရေညှိ စသည်တို့ပါဝင်ပါသည်။
ချက်ပြုတ်ပုံ။ ။ပုဇွန်ကြားကို ခါးလယ်မှခွဲပြီး၊ချေးထုတ်ပါ။နှတ်ခမ်းမွှေးများကို ကျပ်ကြေးဖြင့်ညှပ်ပစ်ပါ။ကင်းမွန်ကို အကွင်း(သို့)မိမိနှစ်သစ်သလိုလှီးပါ၊ငါးအသားလွှာကို ပါးပါးလှီးပြီး။ဆား၊အချိုမှုန့်၊ငရုတ်ကောင်းဖြူ၊နှမ်းဆီမွှေးတို့ဖြင့်အနည်းငယ်နယ်ထားပါ။ငါးဖယ်လုံးက ရယ်ဒီမိတ်အထုတ်တွေသုံးလည်းရပါတယ်။ကိုယ့်ပါသာကိုယ် ငါးကိုခြစ်ပြီးလုံးရင်လည်းပိုကောင်းတာပေါ့နော်…။
ဆလပ်ရွက်သန့်သန့်ကိုရေစင်စင်ဆေးပါ၊မုန့်လာဥနီကို အကွင်းလေးလှီးထား၊ပဲပြားစီမ်းကို၊လေးထောင့်အတုံးလေးတုံး မိမိနှစ်သက်သလိုတုံးပါ။ကြက်သွန်မြိတ်ကို လက်နှစ်သစ်အရွယ်လှီးဖြစ်ထားပါ။ပင်လယ်ရေညှိအနည်းငယ်ကိုတော့ ရေစိမ်ထားလိုက်ပါ။
အားလုံးအစဉ်သင့်ဖြစ်ပြီဆိုရင်…မီးဖိုပေါ်မှာ ဟင်းချိုပုဂံလုံးတစ်စာကျော်ကျော်လောက်ရေထည့်ပါ၊ဂျင်းအပြားလေးတစ်ပြားလောက်ထဲ့၊ရေဆူလာလျှင် ပုဇွန်၊ငါး၊ကင်းမွန်၊ငါးဖယ်လုံးထည့်ပါ။ပြီးလျှင် ပဲငံပြာရည်က လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်ထည့်၊ခရုဆီကနည်းနည်းထည့်၊ဆားနည်းနည်း။အချိုမှုန်ုနည်းနည်းထည့် အရသာအနေတော်ဆိုရင် ပဲပြား၊မုန်လာဥနီ။ပန်းပွင့်စတာတွေကိုထည့်ပါ၊ဟင်းအချိုအရသာအားလုံးအစဉ်ပြေပြီဆိုရင်…
ပုဂံလုံးထဲမှာ ဆလပ်ရွက်ကိုခင်းလိုက်ပါ။ထို့နောက် ဟင်းရည်ကိုဖြည်းဖြည်းချင်းလောင်းထည့်၊ပြီးတော့မှ ပင်လယ်ရေညှိကိုထည့်ပါ။ဒါဆိုရင် ကိုယ်တိုင်ချက်တဲ့ ပင်လယ်စာဟင်းချိုတစ်ခွက်ရပြီပေါ့…
ကဲ…စမ်းသပ်လိုက်ကြအုံး…ရွာသူားတို့ရေ…
Related posts:



ဟုတ်ဘီ ၊ ကိုဇော်မင်း ရဲ့ ဟိုအမဲသား ဟင်း ကို ဆိတ်သား နဲ့ ပြောင်းချက်ပြီး ၊ ဒီဟင်းရည် ကို ဂလုမယ်ဗျာ
ကျေးကျေးဘာ
Was this answer helpful?
LikeDislikeနေ့လည်စာစားချိန်နဲ့ကွက်တိပဲ
ကောက်ညှင်းငချိပ်လိုဟာလေးတွေက ပင်လယ်ရေညှိလား
အဲဒါတွေက မော်လမြိုင်ဘက်မှာပေါတယ် ကျောက်ပွင့်လို့ခေါ်ကြတယ်
သုတ်စားရင်အရမ်းကောင်းတယ် ကြာဇံရယ် အာလူးပြုတ်ရယ်ပါထည့်
ပြောရင်းနဲ့စားချင်လာပြီ
Was this answer helpful?
LikeDislikeသွားရေတောင်ကျလာပြီ .. ဘိတ်ချဉ်လေးနဲ့ .. ကောင်းမှကောင်း … ရှလွတ်ရှလွတ် … ။
ကိုဇော်မင်းရေ…. ရန်ကုန်ပြန်ပြီး ဆိုင်တဆိုင်ကောင်းကောင်းတော့ဖွင့်ဖို့ကောင်းပြီ …. ဒီလောက်လက်ရာတွေနဲ့ ဆို … အောင်မြင်လောက်တယ် …. ။
Was this answer helpful?
LikeDislikeညီလေးတော်ကာရေ…အမဲအစား ဆိတ်သားနဲ့ချက်ရင် အညီနံပျောက်အောင် ဂျင်းကိုထောင်းပြီး၊အရည်ညှစ်ပြီးထည့်နယ်ပါ။
ညီမလေး မိုးဇက်ရေ…ပင်လယ်ရေညှီနဲ့ကျောက်ပွင့်ကမတူဘူးနော်မှားနေမှာစိုးလို့။
အိတုံရေဆိုင်ဖွင်ဖို့ ကအစီအစဉ်ရှိပါတယ်…မကြာမှီ…လာမည်ပေါ့နော်…
Was this answer helpful?
LikeDislikeဟုတ်ပါရဲ့ကိုဇော်မင်းရေ မနေ့ကနေ့လည်စာစားကာနီး ကြည့်ပြီး Canteen ကိုပြေးတာဆိုတော့ စားချင်တာပဲသိတယ် အခုပြန်ကြည့်မှ ရေညှိမှန်းသိတယ်
Was this answer helpful?
LikeDislikeဗိုက်ဆာနေချိန်နဲ့ ကွက်တိပါပဲလား
စားကောင်းမယ့်ပုံပဲ ရှလွတ် ရှလွတ် ……………….
Was this answer helpful?
LikeDislikeလူဇိုး…အခုရုံးမှာဗျ..
ရုံးဆင်းခါနီးဗျ…
ဗိုက်လဲဆာလှပြီဗျ….
ဂလု…
Was this answer helpful?
LikeDislikeမိုက်တယ် ထမင်းကြော်ရယ်… ဆိတ်သနီချက်လေးရယ်.. အဲ အမဲသားမစားလို့နော်.. ပြီးတော့ ခုဟင်းချိုလေးရယ် ဟဟ တော်ပြီး ဒီနေ့ ဗိုက်ကားသွားပြီ…
Was this answer helpful?
LikeDislikeစားချင်စရာကြီးသရေတောင်ကျလာပြီ
Was this answer helpful?
LikeDislikeချက် ရ လွယ် မယ့် ဟင်း တွေ များများရေး ပေး ပါ ဗျို့။ တစ်ကယ် လုပ် ကြည့် နေ ကြောင်းပါ၊
Was this answer helpful?
LikeDislikeစိတ်ချ အ၀ါချိုရေ..တစ်နေ့တစ်မျိုးရေးပေးပါ့မယ်…လွယ်တာတွေအရင်ရေးပေးပါ့မယ်…
Was this answer helpful?
LikeDislikeဗိုက်ဆာနေတဲ့အချိန် သရေတောင်ကျတယ်…ရှလွတ်..
Was this answer helpful?
LikeDislikeပုဇွန်က ခွာစရာတောင် မလိုဘူးနော်။
ဆလပ်ရွက်ကို ပန်းကန်လုံး အောက်က ခင်းထည့်တာ ဘာအတွက်လဲ မသိဘူး။
ရေညှိကိုလည်း ထည့်ပြုတ်ရတယ်ပဲ ထင်ထားတာ။
ကိုဇော်မင်းဆိုင်လိပ်စာ မှတ်ထားဦးမှ။
မလေး ရောက်ရင် သဂျီးဆီက MG ကဒ်ပြပြီး ၀င်စားလို့ရအောင်
Was this answer helpful?
LikeDislikeမမရေ…ဆလပ်ရွက်ကအလှဆင်သလို စားလို့လည်းရ၊ကျမ်းမာရေးအတွက်လည်းကောင်း အမှန်က ခင်းတာမဟုတ်ဘူးပေါ့နော်..ပုဂံရဲ့ဘေးလေးထောင်ပြီးထည့်ထားတာပါ…မလေးရောက်မယ်ဆိုရင်သာ သံချောင်းခေါက်လိုက်ပါ…ဂေဇက်အဖွဲ့သားတွေအတွက် ရှည်အ၀ကျွေးလိုက်မယ်…
Was this answer helpful?
LikeDislikeထမင်းစားခါနီးမှ ဖတ်မိတယ်။ မှားပါတယ် ကိုဇော်မင်းရယ်။ အိမ်မှာချက်စားအုံးမယ်။ ကျေးဇူးတင်တယ်နော် နည်းပေးတာ။ အခုတောင် မြင်ပြီးမှ ဂွီဂွီမြည်လာလို့။ မစားရလို့ငတ်တယ်ထင်ပါ့…….. ရှလွှတ်ရှလွှတ်။
Was this answer helpful?
LikeDislike