ဒီနေ့တော့စာအုပ်လေးတစ်အုပ်နဲ့မိတ်ဆက်ပေးပါရစေဗျာ….

စာအုပ်နာမည်လေးကထူးခြားသလို  အကြောင်းအရာကိုတင်ပြထားပုံကလည်းဆန်းသစ်လှပါတယ်..

ကျွန်တော်ဆိုကြိုက်လွန်းလို့…မကြာခဏပြန်ဖတ်လေ့ရှိပါတယ်…ဖတ်တိုင်းလဲ၇ိုးသွားတယ်မရှိဘဲ..

အမြဲခံစားမှု့အသစ်အသစ်ျေတွနဲ့ ဖမ်းစားနိုင်တုံးပါ…ဒါနဲ့ဘဲ ဂေဇက်ရွာသူရွာသားတွေကိုမျှဝေ..

ခံစားစေချင်လို့ ..စာမြည်းလေးကြိုးစားတင်လိုက်ရပါတယ်…

ဖတ်ပီးသားပု၈္ဂိုလ်တွေလဲ..အမှတ်တရပြန်ဖြစ်တာပေါ့…

ဘာသာပြန်သူဆရာကြီးပါရဂူ ရဲ့ အမှာလေးအရင်မြည်းကြည့်ကြပါဗျာ..

 

                                          မြန်မာပြန်သူ၏အမှာ

 

ဒီစာအုပ်သည် မည်သည့်စာအုပ်မျိုးဖြစ်ကြောင်းကို ဒီစာအုပ်၏နိဒါန်းတွင် ရေးသားဖော်ပြထားသည်။ Tစာအုပ်သည် ဗုဒ္ဒ၀င်စာအုပ်နှင့်မတူသော

ဗုဒ္ဒ၀င်စာအုပ်ဖြစ်သည်။Tစာအုပ်၏ထူးခြားချက်မှာဗုဒ္ဒကိုယ်တော်တိုင်ကမိမိအကြောင်းကို ဒိုင်ယာရီမှတ်တမ်းသဖွယ် တင်ပြသွားသည့်ပုံစံမျိုးဖြင့် ရေးသားထားခြင်းဖြစ်လ်ေသည်။ရေးဟန်ရေးနည်း မည်သို့ပင်ဖြစ်စေကာမူဗုဒ္ဒအကြောင်းကို ရေးသားထားသည့်စာအုပ်များအနက် Tီစာအုပ်သည် ကျွန်တော့်အတွက် စိတ်ဝင်စားစရာအကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်ပေသည်။

စိတ်ဝင်စားဖွယ်စာအုပ်တစ်အုပ်ကို ဖတ်မိသောအခါတွင် စာဖတ်ပရိတ်သတ်များအား ပြန်လည်ဖောက်သည်ချလိုသည့်စိတ်ဆန္ဒ ကျွန်တော့်တွင်ပေါ်ပေါက်လာတတ်ပေသည်။

ဒီစာအုပ်ကို မြန်မာပြန်ရာတွင် ယင်းစိတ်ဆန္ဒ၊ယင်းစေတနာသည် အခြေခံအကြောင်းရင်း

ဖြစ်ပေသည်။

ဒီစာအုပ်တွင် အစဉ်အလာအားဖြင့် ယူဆလာခဲ့သည့်အယူအဆများကို ရဲရဲဝံ့ဝံ့ တော်

လှန်ထားပေသည်။ထို့ကြောင့်ပင် စိတ်ဝင်စားဖွယ် စာအုပ်တစ်အုပ်ဖြစ်နေခြင်း ဖြစ်သည်။ဥပ

မာအားဖြင့်ထုတ်ပြရလျှင် မာရ်နတ်ဆိုသည်မှာ နာကင်းကြီးနှင့် တကယ့်မိုးပေါ်က နတ်ကြီးဟုယူဆနေသည့်အစဉ်အလာကို တော်လှန်ပစ်လိုက်သည်။ဒီစာအုပ်၏ အလိုအားဖြင့်

မာရ်နတ်ဆိုသည်မှာ ကောင်းသောအလုပ်ကိုလုပ်ရာတွင် ဖျက်လိုဖျက်ဆီးလုပ်သည့် မိမိအတွင်းစိတ်ကို တင်စားခေါ်ထားခြင်းဖြစ်လေသည်။ထိုနည်းအတူပင် လူ့လောကအားသစ္စာလေးပါးတရား ဟောပြရန်အတွက် နောက်တွန့်နေသည့်ဗုဒ္ဒအား

တိုက်တွန်းတောင်းပန်သည့်”သဟမ်ပ်တိ” ဗြဟ္မာဆိုသည်မှာလည်း တကယ့်ဗြဟ္မာ့ပြည်က

ဗြဟ္မာကြီးမဟုတ်ပေ။ကောင်းသောအလုပ်ကိုလုပ်ရန် လှုံ့ဆော်အားပေးသည့် မိမိ၏အတွင်းစိတ်ကို တင်စားခေါ်ထားဖြင်းဖြစ်လေသည်။အချုပ်ပြောရလျှင် မာရ်နတ်ဆိုသည်မှာ အဖျက်စိတ်ဖြစ်ပြီး “သဟမ်ပတ်တိ”ဗြဟ္မာဆိုသည်မှာ အပြု

စိတ်ဖြစ်လေသည်။

ဒီစာအုပ်သည်ူမူလဟိန္ဒီဘာသာဖြင့် ရေးသားထားသည့်စာအုပ်ဖြစ်သည်။

ရေးသူမှာ ထင်ရှားကျော်ကြားသည့် စာရေးဆရာတစ်ဦးဟုတ်ပုံမရ။စာအုပ်ကလည်း ဂန္တ၀င်

စာအုပ်တစ်အုပ် ဖြစ်ပုံမပေါ်။သို့ရာတွင် စာအုပ်၌ ပါရှိသည့် ဗုဒ္ဒနှင့်ပတ်သက်သော ရဲရင့်

သောအတွေး၊သဘာဝကျသောအယူအဆ၊ဆန်းသစ်သောအမြင်၊တောက်ပြောင်သောစကားလုံး၊တော်လှန်ရေးကျသောအဓိပါယ်များမှာ ကျွန်တော့်အား အံ့သြစေခဲ့သည်။နှစ်သက်စေ

ခဲ့သည်။ဘ၀င်ခိုက်စေခဲ့သည်။

ဒီစာအုပ်ကိုဖတ်ပြီးသောအခါ ကျွန်တော်နှင့်အကြိုက်ချင်းတူညီကြသည့် စာဖတ်သူများ

ကျွန်တော်ခံစားရသည့် ခံစားမှုမျိုး၊ကျွန်တော်သိသည့် အသိမျိုးပေါ်ပေါက်လာလျှင် ကျွန်တော်

ဒီစာအုပ်ကို မြန်မာပြန်ရကျိုးနပ်သည်ဟု ယူဆရပေတော့မည်

.ပါရဂူ

                                                                                      21.3.64

ဒါလောက်ဆိုဒီစာအုပ်လေးအကြောင်းနဲနဲသိသွားပီပေါ့….

မူရင်းစာရေးသူက ဟိန္ဒီစာရေးဆရာ

ဒရဗာရီလာလ ဆတျဘတ္တ ပါ..သူ့ရဲ့ ရည်ညွန်းချက်ကလေးကလဲအင်မတန်..

စိတ်ဝင်စားစရာကောင်းလှပါတယ်…မြည်းစမ်းကြည့်ကြပါအုံး…

 

ရည်ညွှန်းချက်

အို ရှင်တော်ဗုဒ္ဒ

နှစ်ပေါင်းနှစ်ထောင့်ငါးရာရှည်လျား ဝေးကွာနေသော်လည်း တပည့်တော် အရှင်ဘုရား

၏ ဒိုင်ယာရီစာလွှာများကို ဖတ်နိုင်ခြင်း၏အဓိကအကြောင်းမှာ အရှင်ဘုရား၏အကြောင်းအရာ

သည် အရှင်ဘုရား၏အကြောင်းအရာမဟုတ်ဘဲ ကမ္ဘာပေါ်ရှိ မဟာလူသားတို့၏မည်သည့်အခါ

မှလည်း မဟောင်း၊မည်သည့်အခါမှလည်းမဝေးသော အသက်ရှင်နေသည့်အကြောင်းအရာဖြစ်

သောကြောင့်ဖြစ်လေသည်။

အရှင်ဘုရားသည် ကမ္ဘာလောက၏ ကောင်းကျိုးအတွက် ရှိသမျှကို စွန့်လွှတ်လျက် လူ

သားတို့အား မှန်ကန်ကောင်းမွန်သော လမ်းစဉ်ကိုညွှန်ပြသူမဟာလူသား ဖြစ်လေသည်။သို့ရာ

တွင် လူသားတို့သည် ဒေါသကြောင့်လည်း အရှင်ဘုရားအား မုန်းတီးကြသည်။အ၀ိဇာကြောင့်

လည်း အရှင်ဘုရားအား မေ့လျော့ကြသည်။မောဟကြောင့်လည်း အရှင်ဘုရားအားဘ၀ဂ်သို့ ပို့

ကြသည်။မဟာလူသားအဖြစ်ဖြင့် အရှင်ဘုရားအား တိကျမှန်ကန်စွာ နားလည်သဘောပေါက်

သူမှာရှာမှရှားလှပေသည်။အရှင်ဘုရားအား လူအများတိကျမှန်ကန်စွာနားလည်သဘောပေါက်

စေရန် ရည်သန်လျက် အရှင်ဘုရား၏ ဒိုင်ယာရီစာလွှာများကို တပည့်တော် ကမ္ဘာလောကတွင်

ဖြန့်ကြဲရခြင်း ဖြစ်ပါသည်။

အချိန်ကာလ၏ဒဏ်ကြောင့် မှန်သောအကြောင်းမှာတခါတရံ အတန်ငယ်ပုံပျက်နေချင် ပုံပျက်

သွားတတ်လေသည်။သို့ရာတွင်သစ္စာတရားကမူ အချိန်ကာလ၏အစွမ်းသတ္တိမှ အပဖြစ်လေ

သည်။အချိန်ကာလသည်သစ္စာတရားအားပူဇော်သူဖြစ်သည်။အချိန်ကာလသည်သစ္စာတရား

အား အသစ်အသစ်ဖြစ်သောနည်းဖြင့် ပူဇော်သော်လည်း ပုံပျက်သွားအောင် ပြုလုပ်ခြင်းငှာမူ

မစွမ်းနိုင်ပေ။

ဒီစာလွှာများ၌ မှန်သောအကြောင်းများမှာ အတန်ငယ်ပုံပျက်နေချင်နေမည် ဖြစ်သော်လည်း သစ္စာတရားကမူ ပုံပျက်ခြင်းမရှိပေ။ယင်းအချက်ကို ကမ္ဘာလောက သိသိ မသိ

သိ အရှင်ဘုရားကမူ သိပေသည်။သို့ဖြစ်သောကြောင့်ဒီစာလွှာများကို အရှင်ဘုရားအား ရည်ညွှန်းလိုက်ရခြင်း ဖြစ်ပေသည်။

အရှင်ဘုရား၏တပည့်

ဒရဗာရီလာလ ဆတ်ဘတၱ

ဒီစာအုပ်ပထမအကြိမ်ထုတ်ဝေခဲ့တာ..၁၉၆၄ခုနှစ်ကပါ…

ဒါပေမဲ့အကြိမ်ကြိမ်ပုံနှိတ်ခဲ့ရလို့..ကော်ပီသစ်နဲ့..စာအုပ်ဆိုင်တွေမှာ

ဝယ်လို့ရနေပါသေးတယ်…ရွာသားများကြိုက်လိမ့်မယ်လို့မျှော်လင့်ပါတယ်…

စာဖတ်သူအပေါင်းကိုကျေးဇူးတင်ပါတယ်..(စာလုံပေါင်းမှားတာတွေ့ရင်တော့ခွေးလွှတ်ကြပါ..အခုမှကျင့်၇ိုက်နေရလို့ပါ..)

 

kyeemite

About kyeemite

has written 34 post in this blog.

မစပ်သောငြုပ်သီးတစ်တောင့်ပါ

Related posts:

  1. ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင်အရှင်ဂမ္ဘီရ၏ (၃၁)နှစ်မြောက် မွေးနေ့အမှတ်တရ အထိမ်းအမှတ်သ၀ဏ်လွှာ
  2. eros ပြောသော Eros အကြောင်း
  3. ဖိုင်ဘာဖြင့် အင်တာနက်လိုင်း ၆၀၀၀ မန္တလေးတွင် ချပေးမည်
  4. မှော်ဘီ နည်းပညာ တက္ကသိုလ် မှ ကျောင်းသားတစ်ဦး ၇န်ဖြစ်ရာမှ သေဆုံး
  5. ခင်ပွန်းကြီး(၁၀)ပါး ပူဇော်ခြင်း အကျိုး