နိုဗွီရဲ့ကင်မ်ချီ (လုပ်နည်း)
|472- Hits|ကင်မ်ချီလုပ်ရန်ပါဝင်သော ပစ်စည်းများ
၁). မုန်ညင်းဖြူထုပ် – ၅၀ သား
၂). မုန်လာဥနီ - ၁ လုံး ကြီးကြီး
၃). မုန်လာဥဖြူ – ၁ လုံး ကြီးကြီး
၎).ဂျူမြစ် – ၁၀ သား
၅).ကြက်သွန်ဥနီ – ၅လုံးဥသေး
၆).ကြက်သွန်ဖြူ – ၃လုံးဥသေး
၇).ဂျင်း – ၂လက်မ
၈).နှမ်းလှော် – ၂ ထမင်းစားဇွန်း
၉). သကြား – ၂ ထမင်းစားဇွန်း
၁၀). ဆားနု /ဆားကြမ်း
၁၁). ငရုတ်သီးခြောက် အပုတောင့် – ၅ ကျပ်သား
၁၂). ကိုရီးယား /ယိုးဒယား ငံပြာရည် – ၂ ထမင်းစားဇွန်း
၁၃). နာနက်ပွင့် -၂ပွင့်
ပစ်စည်းတွေဆုံရင် စပြီးလုပ်မယ်နော်
မုန်ညင်းဖြူထုပ်တွေကို တစ်လွှာချင်းခွာ ရေဆေး/ရေစစ်
ပြီးရင် ဆားကြမ်းနဲ့တစ်ရွက်ချင်းစီကို သေချာပွတ် ပြီးရင် ဇလုံကြီးထဲထည့်ပြီး ၅နာရီလောက် နှပ်ထားလိုက်
ငရုတ်သီးခြောက် အပုတောင်ကို အညှာချွေပြီး ရေနွေးစိမ်ထားလိုက်
နူးလာရင် အစေးပေါက်အောင်ထောင်း / စက်နဲ့ကြိတ်လည်းရပါတယ်
မုန်လာဥနီ / ဂျင်း ကို ရေဆေးပြီး အချောင်းလေးတွေလှီထားပါ
မုန်လာဥဖြူကိုလည်း မထူမပါး အ၀ိုင်းလေးတွေလှီးပါ
ဂျူမြစ်ကိုလည်း ရေဆေးပြီး ၁လက်မလောက်လေးတွေဖြတ်ထားလိုက်
ကြက်သွန်နီကို အတုံးလေးတွေတုံးထား
ကြက်သွန်ဖြူကို တော့ ဓါးပြားရိုက်ထား
နာနက်ပွင့်ကိုတော့ လှော်ပြီး ထောင်းထားနော်
အစာတွေ အားလုံးလုပ်ပြီးသွားပြီ
မုန်ညင်းဖြူထုပ်တွေ နှပ်ထားတာအချိန်ပြည့်ပြီဆိုရင်တော့
ရေနဲ့ ၂-၃ခါလောက်ပြန်ဆေးပါမယ် ပြီးရင် ရေတွေစင်အောင် ဖြေးဖြေးညှစ်ပါ ဇလုံ /အိုးကြီးထဲမှာ မုန်ညင်း၊ဥနီ၊ဥဖြူ၊ကြက်သွန်နီ/ဖြူ၊ဂျင်း၊ငရုတ်သီးနှစ်၊နှမ်းလှော်၊သကြား၊ငံပြာရည်၊နာနက်ပွင့်လှော်မှုန့်၊ဂျူးမြစ်၊
ဆားနုကလွဲပြီး ကျန်တာတွေကို အကုန်ရောသမမွေပါ ( လက်အိတ်စွပ်ဖို့တော့ မမေ့နဲ့နော် )
သမသွားရင် အပေါ့အငန်မြည်းပါ ပေါ့ရင်တော့ ဆားနုလေးထည့်လိုက်ပေါ့
ပြီးရင်တော့ လေလုံတဲ့ဘူးထဲကို သိပ်ထည့်လိုက်တော့နော်
မြန်မြန်စားချင်ရင်တော့ အပြင်မှာပဲဘူးတွေကိုထားလိုက်ပေါ့
ပူတဲ့ ရာသီဆိုရင်တော့ ၃ရက်လောက်ဆို ချဉ်ပါပြီ
ချဉ်ရင်တော့ ရေခဲသေတ်တာ ထဲထည်ဖို့ မမေ့နဲ့နော် အပြင်မှာဆက်ထားရင် အရမ်းချဉ်သွားမယ်
တစ်ချို့တွေကတော့ နာနက်ပွင့်ကို မထည့်ကျဘူး
မနိုကတော့ ကင်မ်ချီဘူးကို ဖွင့်လိုက်တဲ့ အချိန်မှာ ချဉ်နံ့စူးစူးကြီးကို မကြိုက်ဘူး
နာနက်ပွင့်ကို ထည့်လိုက်တော့ ဘူးဖွင့်လိုက်ရင် မွေးတဲ့ အနံ့လေးရတယ်လေ
သကြားကတော့ အချဉ်ဖေါက်ဖို့ အတွက်ထည့်တာပါ
ကဲ. အားလုံး လုပ်စားကြည့်လိုက်အုံးနော်
Related posts:


စမ်းလုပ်ပြီးသွားရင်တော့ မနိုကို ခေါ်ကြွေးဘို့လည်းမမေ့နဲ့နော်
ဆိုဂျူးလေးပါ ပါစေနော် …
Was this answer helpful?
LikeDislikeအင်း ဒီကင်(မ်)ချီဆိုတာကို လုပ်ကြည့် စားကြည့်ချင်တယ်
ကိုယ်တဆိုင် လည်းလုပ်ကြည့်ချင်တယ်
ညီမလေးကို ဖတ်ခိုင်းပြီးလုပ်ခိုင်းအုံးမပဲ
သင်းက နှစ်ကူးကိစ္စတွေ နဲ့ အလုပ်ရှုပ်နေမလားပဲ
Was this answer helpful?
LikeDislikeအားပါး
မနိုရဲ့ ကင်ချီ နဲ့ ဆိုဂျူး နဲ့ ဆွဲ လိုက်တော့မယ်နော
မနို လဲ စိတ်ပါရင် လာဆွဲဖို့ ဖိတ်ခေါ်တယ်နော်
Was this answer helpful?
LikeDislikeမန်လေးကို လာလည်ဖြစ်ရင် ကင်မ်ချီယူပါမည်
အဲ့ကျမှ မဒန်ပေ ခွင့်မပြုလို့ မသောက်ရဘူးမလုပ်နဲ့နော်
Was this answer helpful?
LikeDislike@ Novy
အစောပိုင်းက ဓါတ်ပုံတွေကို ကြည့်ပြီး သားရေယိုနေတာရယ်…..
အခု လုပ်နည်းကို ဖတ်ပြီးတော့ မနေနိုင်တော့ဘူးဟူးဟူး………..
ထမင်းစားချိန်လည်း ရောက်နေပြီ ဆိုတော့ ကင်မ်ချီနဲ့  ရှင်လာမြောန် နဲ့  တွေ့ ကြပြီပေါ့ဗျာ ။
တံတွေးတွေ ဂလုဂလုနဲ့ ကို မြိုချနေရတယ် ။
======================
ဒါနဲ့  Novy ရဲ့  ကင်မ်ချီ ပို့ စ်ကို ဖတ်ပြီး ကွန်မန့် ရေးချင်လာတယ် ။
ကျုပ်လည်းပဲ ကင်မ်ချီကို အရူးအမူးကြိုက်နှစ်သက်သူဆိုတော့ နှစ်ပေါင်းများစွာ
မွှေနှောက် လေ့လာ ထားတဲ့
၁ ။ သူ့ ရဲ့  အမျိုးအစားကွဲများ
၂ ။ သူ့ ရဲ့  ကောင်းကျိုးများ
စတာတွေကို ကွန်မန့် ရေးရမယ် ဆိုရင်ဖြင့် အလွန်ကို ရှည်လျားတဲ့ ကွန်မန့် ကြီး ဖြစ်သွားပါလိမ့်မယ် ။
ဒါကြောင့် Novy ရဲ့  ပို့ စ်ကို ဖတ်ပြီး အာရေ လျှာရေ တွေ ..ဝေ…စေတဲ့ ကင်မ်ချီ အကြောင်းကို
ပိုစ့် တခု အနေနဲ့  တင်ချင်ပါတယ် ။ ကြိုက်ရာတူသူတွေ အချင်းချင်း ရန်သူလို့ တော့ မသတ်မှတ်လိုက်
ပါနဲ့  ……
ဝေဖန်ရ ၊ ဆဲဆိုရတာ အားပြတ်နေလို့  အစားအသောက်ဖက်ကို လှည့်လိုက်ဦး
မယ် ။
ခင်တဲ့
နိုမူ နိဂိမိ
Was this answer helpful?
LikeDislikeဝမ်းသာပါတယ်။
အစားလုပ်နည်း တွေ တိုးလာမှာမို့ပါ။
Was this answer helpful?
LikeDislike၁ ။ သူ့ ရဲ့  အမျိုးအစားကွဲများ
၂ ။ သူ့ ရဲ့  ကောင်းကျိုးများ
ဖတ်ရန် စောင့်မျော်နေပါကြောင်း
Was this answer helpful?
LikeDislikeမနက်ဖြန်ဈေးသွားမှာမို့ကူးထားလိုက်ပါတယ်။ လုပ်ပြီးရင်မနိုကိုအကြောင်းကြားလိုက်မယ်နော်။
Was this answer helpful?
LikeDislikeသဲနုရေ..
ကဲ အစွမ်းပြလိုက်ပါအုံး
Was this answer helpful?
LikeDislikeအန်တီနို့ရေ
သများလဲ စားသောက်ဆိုင်ဖွင့်မလား စဉ်းစားနေတာ
ရွာထဲမှာ ချက်နည်းပြုတ်နည်းတော်တော်များသမို့ ..တယ်ပဲ အကျိုးများ လှပါကြောင်း…
စကားမစပ်
ပေါင်းမတင်တော့ဘူးလားဂျ
Was this answer helpful?
LikeDislikeစာဖိုမှူး လိုရင် လက်တို့လိုက်နော်
ပေါင်မတင်တော့ဘူး
ဒီတစ်ခါတော့ ရင်နင့်ဖွယ် သရဲဇာတ်လမ်းလာမယ်
Was this answer helpful?
LikeDislikeပြော၇င်းဆို၇င် သေ၇ ကျလာပြီ..
ကျွန်မ က ကင်ချီသပ်ကြိုက်တာ..
Was this answer helpful?
LikeDislike၀မ်းရေ..
ရန်ကုန်မှာဆိုရင်တော့ လာစားလို့ရတယ်နော်
Was this answer helpful?
LikeDislikeကိုရီးယားဇာတ်လမ်းတွေ ခေတ်စားလာတာနဲ့အမျှ ကိုရီးယားအစားအစာတွေလည်း ရင်းနှီးလာတယ်။
ဘန်ကောက်ရောက်တုန်းကတော့ နိုင်ငံခြားသားတွေ ဇလုံကြီးနဲ့ ထည့်ထားတဲ့ အရွက်တွေကို အားရပါးရစားနေတာတွေ့တော့ ကိုယ်လည်း အားကျမခံ သွားယူကြည့်တော့ ကင်မ်ချီဖြစ်နေတယ်။
အဲဒီကနေ စားဖူးပြီး ကြိုက်သွားတာ။
အိမ်မှာ လက်တည့်စမ်းလုပ်ကြတာတွေ စားရတော့ သိပ်အဆင်မပြေဘူး။
မနိုဆီက နည်းရပြီဆိုတော့ … ဂွတ်ရှယ်ပေါ့။ ကျေးဇူးပါ။
Was this answer helpful?
LikeDislikeနိုဗွီ ရေ – ဒီလို ရေးပြတော့လဲ သိပ်မခက်လောက်ဘူး။
တစ်ခါမှ မလုပ်ကြည့်ဘူးပေမဲ့ ဒီတစ်ခါစမ်းကြည့်ဦးမယ်။
ကျေးဇူးပါ။
ခင်မင်စွာဖြင့်
Was this answer helpful?
LikeDislikeမမ နဲ့ မလတ် ရေ.
လုပ်ရတာ လွယ်ပါတယ်
တစ်ခါလောက်စမ်းလုပ်ပြီးသွားရင် နောင်ထက်လုပ်ရင်လွယ်သွားပါပြီ
Was this answer helpful?
LikeDislike