ဂေဇက်သင်ခန်းစာ
|310- Hits|
ငယ်ငယ်တုန်းကပညာပေးသင်ခန်းစာတွေအများကြီးသင်ခဲ့ဖူးပါတယ်။၇တန်းကလေးကိုသင်ရင်းနဲ့လူတွေကိုပြန်မှတ်စေဖို့ဒီ”post”ကိုတင်လိုက်တာပါ။
ပုံပြင်လေးတွေပါ…………………………………
“The Fox and the Grapes”…မြေခွေးနုင့်စပျစ်သီး
တစ်နေ့မှာမြေခွေးတစ်ကောင်တောထဲမှာအစာရှာရင်းစပျစ်ပင်ကြီးအောက်ရောက်တော့စပျစ်သီးတွေမြင်တော့”အရမ်းချိုပဲဆိုပြီး”စဉ်းစားရင်းစပျစ်သီးကိုခူးဖို့ကြိုးစားတယ်။
ဒါပေမဲ့စပျစ်ကိုင်းကိုမမှီတော့ဘယ်လောက်ခုန်ခူးခူးမမှီဘူးပေါ့။
သူအလွန်မောပန်းလာတာပေါ့၊အဲ့ဒီအချိန်မှာသူစကားတခွန်းပြောတယ်”ဒီစပျစ်သီးတွေငါမလိုချင်တော့ဘူး၊အဲ့ဒါတွေအရမ်းချဉ်တယ်ဆိုပြီးထွက်လာခဲ့တယ်။”
ဒီပုံပြင်ကိုကြည့်ချင်းအားဖြင့်…………………..လူတွေကကိုလိုချင်တာရဖို့ဆိုရင်ဘာမဆိုလုပ်ပြီးယူတတ်ကြတယ်။
သူတို့လိုချင်တာမရတော့ဘူးဆိုရင်တော့အဒီအရာကိုပြစ်တင်ကဲ့ရဲ့တတ်ကြပြီး၊မကောင်းဘူးဆိုပြီးပြောတတ်ကြတယ်။
ဒီပုံပြင်လေးကလူတွေရဲ့စိတ်နေသဘောသဘာဝကိုဖော်ပြလိုက်တာပါ။အမှတ်တမဲ့ဆိုပေမဲ့လူတွေတော်တော်များများသတိလက်လွတ်ပြောမိကြပါတယ်။
ဒုတိယပုံပြင်လေးကတော့……………………………………
“The Dog in the manger”…….နွားစာခွက်ထဲကခွေး
တစ်နေ့မှာခွေးတစ်ကောင်၊နွားစာခွက်တဲဝင်ပြီးနေတယ်။
နွားတွေကောက်ရိုးစားဖို့လာတော့လာသမျနွားတွေကိုဟောင်လွတ်ပစ်လေတယ်။
သူကိုယ်တိုင်ကတော့ကောက်ရိုးကိုမစားဘူး၊ဒါပေမဲ့ဘယ်သူမှစားမရအောင်လုပ်တယ်လေ။
ဒီပုံပြင်ကိုကြည့်ချင်းအားဖြင့်………………….လူတွေကကိုလည်းအသုံးမတဲ့သူများကိုလည်းမပေးနိုင်။
ဒါကတော့လူတွေဖြစ်တတ်ပါတယ်၊ကိုနဲ့လည်းအသုံးမတည့်၊သူများကိုလည်းတွန့်တိုပြီးမပေးနိုင်၊ရှင်းရှင်းပြောရရင်တော့မက်မောခြင်းပါ။
ဒီပုံပြင်တွေကို”ဂရိပညာရှိ…” “Aesop” ရေးသားခဲ့တာပါ၊ “Aesop’s fables” Aesop ရဲ့ သင်ခန်းစာများဆိုပြီးအမည်တွင်ခဲ့ပါတယ်။
Related posts:





တို့ ကတော့ “ မတင့် ” ရဲ့  “ ပုံလာလာပြောတိုင်းယုံ ” ဘဲ
Was this answer helpful?
LikeDislikeကောင်းတယ်ဗျာ ကြိုက်တယ် ကြုံ၇င်လည်းတင်ပေးပါအုံး အားပေးနေပါတယ်။
Was this answer helpful?
LikeDislikeသိဘူးပီးသားပေမဲ့“အမှတ်တမဲ့ဆိုပေမဲ့လူတွေတော်တော်များများသတိလက်လွတ်ပြောမိကြပါတယ်“ဆိုသလို
ပါဘဲ..သတိထားနေရတုံးပါ..ပြန်တင်ပြပေးတဲ့အတွက်.သင့်ခရုပါ…
Was this answer helpful?
LikeDislikeဘယ်လိုမှတော့သဘောမထားပါနဲ့ဗျာ

သဂျီးမင်းက သူများနဲ့မတူအောင်ကြံဖန်ပြီးတွေးရမယ်ဆိုလို့ပါ
သဗျစ်သီးပင်ဆိုတာ အပ်ပင်ကြီးမျိုးမဟုတ်ဘူးလို့ထင်တာပါဘဲ ( အထင် )
ငှက်ပျောပင်နဲ့ ခပ်ဆင်ဆင်ထင်းဘာဒယ်
မြေခွေးရဲ့ သဗျစ်သီးကို လှမ်းတယ်ဆိုတဲ့အပိုင်းကို ဝေဖန်ကြည့်ရင်
အခြေနေတစ်ခုပေါ်မှာ သုံးသပ်နိုင်ခြင်းဉဏ် ( ပညာ ) ကင်းမဲ့မှု့လို့ မှတ်ယူပြီး
ထိုဉဏ် ( ပညာ ) မရှိသူတို့ဟာ လုပ်ငန်းဆောင်တာတစ်ခုပေါ်မှာ လုံးလထုတ်မှု့
မရှိကြကုန်လေသတည်းလို့ တွေးကြည့်ပါတယ်
ကောက်ရိုးပုံကိုစားတဲ့နွားတွေကိုဟောင်တဲ့ ခွေးကိုတော့
တာဝန်ထမ်းဆောင်ခြင်းကောင်းသော လုံခြုံရေးခွေးတစ်ကောင်လို့
အတိုက်ခံပြုပါတယ်
မဟုတ်လို့ကတော့ ကောက်ရိုးပုံကို ခင်ဗျားတို့စည်းမရှိကမ်းမရှိဝင်စားနေကြလျှင်ဖြင့် ..
Was this answer helpful?
LikeDislikeမြင်ဘူးသမျှ စပျစ်ပင်တွေကတော့ နွယ်ပင်အမျိုးအစားပါ။ ဗူးပင်လို စင်တင်စိုက်ပါတယ်။
နာဂါနိုလို့ခေါ်တဲ့ ဒေသမှာ အဝစား ၁၀၀၀ ယန်းနဲ့ စပျစ်ခြံတွေသွားလည်ဘူးပါတယ်။
ထင်တာတော့ စင်ပေါ်က စပျစ်သီးကိုမမှီတာမျိုးလည်း ဖြစ်နိုင်ပါကြောင်း။
Was this answer helpful?
LikeDislikeSandy ဥပမာပေးသလို … ပထမပုံပြင်ထဲက ကိုယ်မရတဲ့ အရာကို မကောင်းပြောတတ် ၊ဝေဖန်တတ်တဲ့ သူနဲ့ … ဒုတိယပုံပြင်ထဲကလို ကိုယ်အသုံးမ၀င်တာကိုသူများကိုလည်း မပေးနိုင်တဲ့ သူ….. ထိုလူနှစ်ဦးရဲ့ စိတ်ကတော့ .. ထပ်တူပါပဲ … ။
သဘောထားသေးသိမ်စိတ်ရှိပြီး .. သူတပါးကောင်းစားတာ မနာလိုတဲ့ သေးသိမ်နုံဖျင်းတဲ့ စိတ်ဓါတ်ပိုင်ရှင်မျိုးလို့ပဲ .. အဓိပ္ပါယ်ဖွင့်ဆိုချင်ပါတယ် … ။
Was this answer helpful?
LikeDislike