WordPress နဲ့ Blog တစ်ခု တည်ဆောက်ခြင်း
|359- Hits|WordPress မှာ Blog (Free) တစ်ခု တည်ဆောက်ဖို့အတွက် ပထမဆုံး WordPress.Com ကို သွားပါ ………. ။
SignUp လုပ်ရန် -
၁။ Get Started Here ဆိုတဲ့ Button အောက်က Sign up now ဆိုတဲ့ link ကို နှိပ်ပါ။
၂။ Username နေရာမှာ ကိုယ်ပေးချင်တဲ့ နာမည်ကို ပေးပါ။ (Login ဝင်သည့်အခါ သုံးရမည့် နာမည်ဖြစ်သည်။)
၃။ Password နေရာမှာ ကိုယ်ပေးချင်တဲ့ Password ကို ပေးပါ။ (Login ဝင်သည့်အခါ သုံးရမည့် password ဖြစ်သည်။)
၎။ Comfirm နေရာမှာ အပေါ်မှာ ပေးခဲ့တဲ့ password နဲ့ တူအောင် ရိုက်ထည့်ပေးပါ။
၅။ Email Address နေရာမှာတော့ ကိုယ့်ရဲ့ emai ကို ရိုက်ထည့်ပါ။ email ပေးတဲ့အခါ အပြည့်အစုံ ထည့်ပေးပါ။ ဥပမာ – anzartone@gmail.com
၆။ အောက်က check box လေးကို အမှန်ခြစ်ချင်ရင် ခြစ်ပါ။
၇။ ပြီးရင် Sign Up ဆိုတဲ့ ဝါကျင့်ကျင့် button ကြီးကို နှိပ်ပါ။
၈။ ကိုယ့်ရဲ့ email ကို ဖွင့်ပြီး WordPress က ပို့လိုက်တဲ့ activate email ကို ဖွင့်ရပါမယ်။
၉။ ဖွင့်ပြီးရင် email ထဲက Activate Account ဆိုတာကို နှိပ်လိုက်ပါ။
၁၀။ WordPress ပွင့်လာပါလိမ့်မယ်။ WordPress ရဲ့ ညာဖက် အပေါ် ထောင့်နားမှာရှိတဲ့ ကိုယ့်ရဲ့ နာမည်ပေါ်ကို mouse တင်လိုက်ပါ။ Box တစ်ခု ပေါ်လာပါလိမ့်မယ်။
၁၁။ အဲဒီထဲကမှ register a blog ကို နှိပ်ပါ။
၁၂။ Blog Address ရဲ့ အောက်က box ထဲမှာ ကိုယ်ပေးချင်တဲ့ Blog Address အမည်ကို ပေးပါ။ နာမည်ကို WordPress က checking လုပ်ပြီး ရှိပြီးသားနဲ့ မရတဲ့ နာမည်တွေဆိုရင် အနီရောင် box ကြီး ပေါ်လာပြီး ပြပါတယ်။ အဲဒီအခါ နာမည်ကို ပြန်ပြင်ပြီး ပေးရပါမယ်။
၁၃။ ပြီးရင် Name Your Blog ရဲ့အောက်က Box ထဲမှာ My Blog ဆိုတဲ့ စာကို တွေ့ရပါလိမ့်မယ်။ အဲဒီ My Blog ကို ဖျက်ပြီး ကိုယ်ပေးချင် နာမည်ကို ပေးပါ။ My Blog ကို မဖျက်လည်း ဘာမှ မဖြစ်ပါဘူး။
၁၄။ ပြီးရင် အောက်ဆုံးထိ သွားပြီး Create Blog ဆိုတဲ့ ဝါကျင့်ကျင့် Button ကို နှိပ်လိုက်ပါ။
၁၅။ name.wordpress.com is yours ဆိုပြီး ပေါ်လာရင်တော့ ပြီးသွားပါပြီ။ အဲဒီစာအောက်က visit your dashboard ကို နှိပ်ပြီး post တွေ တင်နိုင်ပါပြီ။
ကဲ … အပေါ်က အဆင့်တွေမှာ နားမလည်တာ၊ မဆင်မပြေတာတွေ ရှိခဲ့ရင် comment ထဲကနေ မေးမြန်းနိုင်ပါတယ်။
ကြော်ငြာ ……...
Wordpress နဲ့ ပတ်သက်ပြီး မေးမြန်းလိုပါက တတ်သလောက်၊ မှတ်သလောက် ပြန်လည် ဖြေကြား ပေးသွားမည်။ တစ်ခါမေး – ၁၀၀၀၀ ကျပ် ……..
![]()
မှတ်ချက် ။ ။ အထက်ပါ post အား copy ယူခွင့် ရှိသည်။ သို့ရာတွင် ခွင့်တောင်းပါ။ ခွင့်မတောင်းနိုင်ပါက ရေးသူ နာမည်နှင့် လင့်အား ထည့်ပေးရန်။ ယင်းသို့ မဟုတ်ဘဲ copy ယူထားသည်ကို စစ်ဆေး တွေ့ရှိပါက ဒဏ်ငွေ – တစ်သိန်း (၁၀၀၀၀၀) …
ပုံ – အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
Related posts:


ကျေးဇူးတင်ပါတယ် အူးလေး
Credit မပေးပဲ ကူးသွားသူများကိုတွေ့ ရင် သတင်းပေးပါ့မယ်
တစ်ခါသတင်းပေးရင် အကျိုးဆောင်ခ ချယ်တိန်းတော့ ပေးပါနော့
Was this answer helpful?
LikeDislikeအူးလေး … ဟုတ်ပါဘူး ဂျာ …
… ကိုစိန်ပေါက်ပေါက် က ကျွန်တော့်ထက် ကြီးမယ်ထင်ပါတယ် … အသက် …
အကျိုးဆောင်ခ ချယ်သိန်း ဆိုတော့ …
အဟီး … လျော့လျော့ပေါ့ပေါ့ လေးတော့ လုပ်ပါဂျာ … နော့ … နော် … နော …….
Was this answer helpful?
LikeDislikeုပညာဗဟုသုတလေးတွေ ဝေငှပေးလို့ ကျေးဇူးပါ။ လေ့လာအသုံးပြုပြီး သိလိုတာလေးတွေ မေးပါမယ်
Was this answer helpful?
LikeDislike