“မန်းလေးသုံ့း -ရန်ကုန်တစ် အသဲအသန်ရိုက်ကြနှက်ကြ တဲ့ပွဲက ပုံတွေပါ”
|1742- Hits|
1အလှမ်းမဝေးပေါင် မန်းတောင်တော်က ဓါတ်တော်တိုက်နန်း၊အရုဏ်တက်မှာလ မြူငွေတွေ့သီသီဝေပုံက လက်တို့လို့ လွမ်း။

- 2 နံနက်ခင်းအရုဏ်တက် ၀င်းပတဲ့နေရောင်ခြည် ။ကိုရင်လေးများအစီအရီ လာပြီကွဲ့ ရွာအတွင်း
- ၊ လောင်းလှုမယ်ပြင်ဆင်ကြ ချစ်စရာ့ရွာအဆင်း
-

- 3 နံနက်ခင်း တကယ် မပျင်းအားပါဘု အိမ်စိုက်ခင်းရယ်နဲ့ အလုပ်တွေပို ။
- ကွမ်းရွာညှာစိုစိုစိမ်း ပျိုချစ်သူ အသာဝါးရအောင်ခူးလို့ပျိုသိမ်း။

- 4 မြသိန်းတန်စေတီတွင်းရယ်က လှမ်းမြင်ရ ပုထိုးတော်။
- ဘိုးတော်ကောင်းမူ့ရယ်ကကြီးမားလှသေနာ်။သို့ပါသော် အသံတိတ်ရယ်နဲ့၊
- မမြဲခန္ဓာ အမှန်ပါ သက်သေပြသလို ပြိုကျနေခြင်း။
- 5 အပြင်မှာဆယ်နေကဲပါလို့ အေးရိပ်ကိုရှာ၊ မြတ်ဗုဒ္ဓရှေ့မှောက်မှာ ပူဇော်ကာ ဦးချ။ မြင်ရသူ ဘ၀င်အေးတယ် မြင်ကွင်းကလှ။

6ဆင်ယဉ်ယဉ် မှာ တင်ကာကြွ ပါလို့ သာသနာ အမွေ ။မင်းဖေဖေ သားကို ပေး မယ်ပ လူလှရွှေသွေး။

-
- 7 မြင်းသည်တော် အရှေ့က သွားပါလို့ မင်းခင်းလို့ဝင်းတည် ။
- လူတန်းက အစီရီ သီပါလို့စီတန်း ရှေးရိုးရာ မူမပျက်တယ် မြန်မာ့ထုံးတမ်း။
-

- 8ရွှေထီးကို အသာဆောင်းပါလို့မောင်ရှင်လောင်းကိုလ မြင်းပေါ်တင် ။
- စေတီက နီနီ နေခြည်မှာ ရွှေရည်လင်းပါတဲ့ တို့ မြန်မာ့မြင်ကွင်း။

9 ကမ်းစပ်မှာ နဖူးတင်ပါတဲ့ ခြင်္သေ့မင်းညီနောင် ။နေရောင်မှာ ခေါင်းကိုမော့ပါလို့ဘယ်ဆီကိုသူရောရမ်းပါလို့ လွမ်း မျှော်တဲ့မြင်ကွင်း

10 ရှေးဟောင်းက ကျောင်းအိုအို ကိုရင်ပျို အလည်သွားမယ် ကွဲ့ လိုက်ခဲ့တော့ သူငယ်ချင်း။

11 ဖော်တစ်သင်းရယ် နဲ့ ပျော်ခြင်းတွေအတူဖွဲ့ပါလို့ ကစားစို့ အတူတူ။

- 12 တောင်သမန် ရွှေအင်းမှာလ ရေလယ်မှာပိုက်ကွန်ခင်း။
- ကိုတံငါ ၀မ်းစာရေး အတွက် အားမာန်ကိုတင်း။
- အင်းရေမှာပျော်ရှာတဲ့ကိုရွှေငါးရယ် အနေခက်လေခြင်း။

- 13 ဆည်းဆာအိုနေညိုညို ဧရာအတွင်းမှာပ။
- လှေနာဝါ ရေယာဉ်စီးပါလို့ အိမ်အပြန်.
- ရွက်မပါ တက်ကိုသာ အဖော်ပြုရှာသမို့
- ကူပါ့လေမင်း။
Related posts:



ဒီထဲကပုံလေးတွေက M လုလင် ရွှေမင်းသား ကိုစိန်သော့ ကိုပေါက် အသက်အရရော
ကိုယ်အလေးချိန်အရရော မတူတဲ့ သူလေးယောက် တွဲလိုက်ခွဲလိုက်နဲ့ရိုက်ထားခဲ့တဲ့ပုံတွေပါဘဲ။
ဘယ်သူဘယ်ပုံကိုရိုက်ထားတယ်ဆိုတာ မှန်အောင်ဖြေနိုင်ရင် သူကြီးက ဆုပေးလို့ အကြောင်းကြားထားပါတယ်။
ပထမဆုံးမှန်သူ ဆယ်ယောက်ကို ဆုပေးမှာပါတဲ့။
အဲတော့ ရွာသူားအားလုံးက ခန့်မန်းပေးစေချင်ပါတယ်။
သူကြီးဆီက ရခဲသောဆုကိုယူလိုက်ကြရအောင်ပါ။
Was this answer helpful?
LikeDislikeလေးပေါက်ရေ သဂျီးဖြေရင်တော့ကွက်တိပဲ သူတစ်ခါပြောဖူးတယ် ပုံတင်ရင် ကင်မရာအမျိုးအစားပါပေါ်တယ်တဲ့ သဂျီးပြောပြပါလားဟင်
ဆုလည်းမလိုချင်ပါဘူး၊ မှန်းကြည့်ထားတာတော့ရှိတယ် နောက်မှတိုက်ကြည့်တော့မယ်။
Was this answer helpful?
LikeDislikeအဲလိုတွေ မပါကြေး…………… ဟေးဟေး
Was this answer helpful?
LikeDislikeပုံလေးတွေကအသက်ဝင်လိုက်တာဗျာ…..တကယ်ကိုဆရာတန်းဝန်လက်ရာတွေပါဘဲ..
အပျော်တမ်းလိုက်ရိုက်တဲ့သူတွေရဲ့လက်ရာမျိုးမဟုတ်တော့ဝူး…
Was this answer helpful?
LikeDislikeခင်ဗျားတို့ပြည်တွင်းပြည်ပ ပြက္ခဒိန် ထုတ်ရောင်းလို့ရနေပြီ၊ နိုင်ငံတကာဈေးကွက်ဝင်တဲ့ပုံတွေဘဲ။
သူကြီးနဲ့ အဲဒီဟာညှိရမှာ။ အသေးအဖွဲတွေမစဉ်းစားနဲ့တော့။ ပို့စ်ကဒ်၊ဒိုင်ယာရီလဲလုပ်လို့ရတယ်။
Was this answer helpful?
LikeDislikeဆရာ့ဆရာကြီးတွေရဲ့ ရိုက်ချက်ကို ခန့်မှန်းရမယ်ဆိုရင်
၁။ ကလေးခုန်ဆော့နေတဲ့ပုံ (၁၁) က ကိုပေါက်
(လျှပ်တစ်ပျက်ရိုက်ချက်တွေ မိအောင်ရိုက်တတ်လွန်းလို့)
နောက်ထပ် (၂၊ ၄၊ ၈၊ ၉) ပုံတွေလည်း ကိုပေါက်လို့ပဲထင်တယ်။
၂။ M လုလင် (၃၊ ရ)
၃။ စိန်သော့ (၅၊ ၁၂၊)
၎။ ရွှေမင်းသားရဲ့ ရိုက်ချက်တွေကတော့ (၁၊ ၁၀၊ ၁၃)
ရမ်းတုတ်ပြီး ဖြေလိုက်တယ်။
ကြည့်ပြီးတော့ ကိုပေါက်လက်ရာတွေချည်းပဲလို့ ထင်နေတယ်။
ကိုပေါက်တို့ကို အားကျပြီး မမ နဲ့ ပဒုမ္မာ ရိုက်ထားတာတွေ ပဟေဠိလုပ်ပြီး တင်ဦးမှ ထင်တယ်။
Was this answer helpful?
LikeDislikeမမရေ ကျနော်လဲ အပိုင်မှန်းမယ်ဗျာ။
၁ နဲ့ ၂ က ကိုပေါက်မှ ကိုပေါက်ဘဲ။ လုံးဝပြောချင်တယ်။
သူက စောစောထတာ ဝါသနာကိုပါတာ။ (ပေါင်းလို့ဖြစ်ပါ့မလား)
Was this answer helpful?
LikeDislikeကိုပေါက်ရဲ့ ၀ီရိယက သြချလောက်တယ်။
တလက်စတည်း ပြောရဦးမယ်။
ကိုသစ်ရဲ့ ပိုစ့်ကို လေးလေးနက်နက် ဖတ်ရမှာမို့…
(သာမန်ကာ လျှံကာတော့ ဖတ်ပြီးပါပြီ။)
မမန့်ရသေးတာပါ။
Was this answer helpful?
LikeDislikeကိုပေါက်သည်ကား အနှီ၊ အနှီ သော အပိုင်ကွက်တွေပျောက်အောင်၊ ဒိုင်စားများ လုပ်ထားပါကြောင်း လက်တို့အပ်ကြောင်း
Was this answer helpful?
LikeDislikeလေးပေါက် ရိုက်တာက ၁ ၊ ၂၊ ၄၊ ၈၊ ၁၃
ကိုစိန်သော့ က ၃၊ ၆၊ ၉၊ ၁၂
လုလင် က ၅၊ ၇
ရွှေမင်းသား က ၁၀ ၊ ၁၁
ဘာမှ မဟုတ်တာ လုပ်မထားဘူး စိတ်ထဲက ခံစားမှုနောက်ကို လိုက်ပြီး ခံစားမိတဲ့ အတိုင်းဖြေထားတာ
ကိုယ်မှန်းထားတဲ့ အာရုံခံစားမှု ဘယ်လောက်မှန်လဲ နီးစပ်လဲ သိချင်ရုံသက်သက်
Was this answer helpful?
LikeDislikeဂီလည်း တူတူပဲခည ….
ပုံ-၅ ကို အကြိုက်ဆုံးရယ်…
ခင်တဲ့…
ဂီ
Was this answer helpful?
LikeDislikeပုံ(၁၂) သည် ကိုပေါက်ရိုက်တာမဟုတ်နိုင်၊ (အဲဒါနဲ့လှေသမားကို ကွန်ပစ်ခိုင်းပြီး ရိုက်လိုက်ကြတာ သူတို့ကတော့ ကျွမ်းကျင်တော့ပုံကောင်းတွေရ။)
မင်းကွန်းပုံများသည် ကိုစိန်သော့၊ မောင်လုလင်၊ကိုပေါက်တို့]လက်ရာများဖြစ်သည်။
(မရမ်းခြံဆိပ်ကမ်းရောက်မှ စိန်လုပေါက်တို့လမ်းခွဲကြပါတယ်။)
ပုံ(၂) (၃) တို့သည်လုလင်လက်ရာဖြစ်ရမည်။(လုလင်က ပုသိမ်ကြီးတို့ မင်းဂံတို့ ဘုတ်ရွာတို့ဖက်သွားရိုက်ပါသေးသတဲ့။
ပုံ(၁၁) အသက်(၂၆)နှစ်သာရှိသေးသော အငယ်ဆုံးဆရာသာ ကလေးပုံရိုက်မည်ထင်ပါသည်။
ဆုမယူချင်ပါ။အပျော်ဝင်မန်းခြင်းပါ။
Was this answer helpful?
LikeDislikeအရှေ့က တီချယ်ကြီး အဖြေထုတ်သွားတာ တွေ့ရမှ ဘယ်လို စဉ်းစားရမယ်ဆိုတာ သိသွားခွင့် ရတဲ့ အတွက် ကျေးကျေးပါ။ ကျွန်တော်ဖတ်ထားတဲ့ ပို့စ်တွေကို အခြေခံပြီး စံရှား၊ဒိန်းဒေါင် လုပ်ရမယ်ဆိုရင်တော့ ကိုပေါက်က ၁၊ ၄၊ ၉၊ ၁၃ (သူက အိပ်ရာက စောစော ထတတ်သောသူ၊ နေဝင်နေထွက် ကြိုက်သူ)
ကိုစိန်သော့က ၆ နဲ့ ၈။ (၁၂ လည်း ဖြစ်နိုင်ပေမယ့် M- လုလင်နဲ့ ရွှေမင်းသားတို့ လည်း ဖြစ်နိုင်ပါတယ်)
ကို M-လုလင်က ၂၊ ၃၊ ၅ ၊ ၁၀ (ကိုပေါက်စာအရ သူက ဒီတစ်ခေါက် အင်းဝ၊ မင်းကွန်း၊ ပုသိမ်ကြီး၊ ရန်ကင်းတောင် ရောက်တယ်ဆိုလို့)
ကျန်တာ ကိုရွှေမင်းသားဗျာ။
Was this answer helpful?
LikeDislikeလေးပေါက်ရေ သဂျီးဖြေရင်တော့ကွက်တိပဲ သူတစ်ခါပြောဖူးတယ် ပုံတင်ရင် ကင်မရာအမျိုးအစားပါပေါ်တယ်တဲ့ သဂျီးပြောပြပါလားဟင်
ဒီပဟေဠိပွဲတွင်သူကြီးပါဝင်ခွင့်မရှိပါ။
ဆရာမကြီး မာမီ လမ်းစရအောင်ရှာနိုင်သည့်အတွက်
လေးစားပါ၏x10000။
Was this answer helpful?
LikeDislikeပုံလေးတွေကြည့်ပြီး
စိတ်အလွမ်းနဲ့
အနီးချော့မြူလို့
မန္တလေးကို လွမ်းသွားတယ်ဗျာ…
Was this answer helpful?
LikeDislikeအလန်တွေချည်းပဲဗျာ
ဝါသနာတူတွေ ပေါင်းဆွဲထလိုက်တာ လန်ထွက်နေတာပဲ
အင်ဇာဂီလာရင် နောက်တစ်ပွဲ ထက်နွှဲကြ
ကျနော် မှန်ထိုးပေးမယ်
အပေါ်ဆုံးက လေးပေါက်
ဒုတိယက အူးစိန်သော့
တတိယက အမ်လုလင်
၎ က အူးပေါက်
၅ က အူးစိန်သော့
၆ က အမ်လုလင်
၇၊၈၊ မသိ
၉ က လေးပေါက်
၁၀ မသိ
၁၁ က အမ်လုလင်
၁၂ မသိ
၁၃ လေးပေါက်
ဟုတ်..ဟုတ်..မဟုတ်ဟုတ်..
သဂျီးဆီက ရခဲသော ဆုကို သများကိုပေးတော့
မပေးရင် သဂျီးတူမကို ခိုးပြေးပစ်လိုက်မယ်..
ဟွင့်
Was this answer helpful?
LikeDislikeမ သိ ဆိုတဲ့ မိန်းကလေးက ရိုက်တဲ့ အထဲမှာ မပါပါကြောင်း သများစိန်ပေါက် သိစေအပ်ပါကြောင်း …
Was this answer helpful?
LikeDislikeဓတ်ပုံ တွေကို ကဗျာ ချိုး လေးတွေနဲ့ အားဖြည့်ထားတော့ ကြည့်ရတာ ကော ဖတ်ရတာ ကော တ၀ ကြီးပဲ ဗျို့ ။ ကဗျာလေး တွေ လှတယ် ဗျာ။
Was this answer helpful?
LikeDislike၁ ။၂ ။၅ ။၈ ။၁၀ ။ပုံတွေအကြိုက်ဆုံးဘဲဗျို
ဘယ်သူတွေရိုက်တယ်ဆိုတာတော့မပြောတော့ပါဘူး…..
အရမ်းကောင်းတဲ့လက်ရာတွေပါ…..
Was this answer helpful?
LikeDislikeဖြေကြတဲ့အဖြေထဲမှာ အတော်နီးနီးစပ်စပ်မှန်သူတွေရှိနေပါပြီ။
လူတစ်ယောက်ထဲကို ဘယ်လောက်ဖြေ ဖြေ ဖြေလို့ရပါ၏။
Was this answer helpful?
LikeDislikeပုံ(5)ကိုတော့ ကြိုက်တဲ့သူများတယ်နော်…………………………
လူကြိုက်အများဆုံးပုံကိုရိုက်ထားသူကိုလဲ သူကြီးက ဆုပေးမှာတဲ့ဗျာ။
Was this answer helpful?
LikeDislikeကျုပ်ကတော့ ပုံ-၅ ကို ကိုလုလင် လက်ရာ လို့ထင်ရဲ့….
ပြောင်းအမျိုးအစားတော့မပြောတတ်ဘူး…
အတော်ကြီးတော့ ၀ိုက်ဒ်တယ်…
ကနွန်း ၁၀-၂၂မမ လား
တမ်မရွန်း ၁၀-၂၄မမ လား
ဆစ်ဂမာ ၁၀-၂၀လား .. ပြောပြပေးပါလား ဟင်င်င်
ကျနော်ဝိုဒ် ပြောင်း ရှာနေလို့ဘာ …။
ကောင်းတာလေးတွေ့ရင် လက်တို့ပါဦး ….
ခင်တဲ့
ဂီ
Was this answer helpful?
LikeDislikeလာမဲ့မြန်မာနှစ်ကူးမှာ..(၂၀၁၂ဧပြီ- ၂၀၁၃ ဧပြီ) မြန်မာကလင်န်ဒါထုတ်ပြီး ဝေချင်တာ..။
အဲဒါ.. ရွာသူဒေါ်မမက.. ကလင်န်ဒါရက်စွဲတွေပါတဲ့.. စီဒီပို့ပေးလိုက်တာ..ရပါပြီ…။
(ကျေးကျေးကမ္ဘာပါခင်ဗျား)
၎မျက်နှာထုတ်မှာမို့.. ပုံ၎ပုံပဲသုံးချင်ပြီး.. ပုံတွေထဲ. လူပုံတွေမပါစေချင်ပါဘူး..။
ယူအက်စ်မှာ ဘာသာပေါင်းစုံကိုးကွယ်တဲ့.. လူပေါင်းစုံနေတာမို့.. ဘာသာရေးမနွယ်ချင်ပါဘူး..
မြန်မာအိမ်တွေရဲ့.. ထမင်းစားခန်းမှာချိပ်နိုင်တဲ့ပုံတွေဖြစ်စေချင်တယ်လေ…
ဆိုတော့…
၁) မုန့်ဟင်းခါးပွဲ နှင့်သူ့အနွယ်တော်များ
၂) မြန်မာထမင်းပွဲစစ်စစ်နှင့် သူ့ဆိုင်ရာများ
၃) အကြော်စုံနှင့် သူ့ပက်သက်ကြောင်းများ
၎) ပဲပြုတ်နံပြားနှင့် လက်ဖက်ရည်တို့ သူငယ်ချင်းအုပ်စု
အဲဒီပုံလေးတွေ..တကယ်လိုချင်မိပါတယ်..။
ကလင်န်ဒါ အလကားဝေမှာမို့..ပြက္ခဒိန် ရိုက်ခ စပွန်စာရှာနေပါတယ်…
အဲဒါ…
ဓါတ်ပုံကို..အမည်ခရက်ဒစ်..အပြည့်ပေးမယ်လေ…
ပြီးတော့.. အဲဒီဓါတ်ပုံရိုက်တဲ့အထဲပါတဲ့.. အစားအသောက်ကုန်ကျစရိတ်အကုန်.. ရှင်းပေးမယ်..။
ဖြစ်မလားဟင်င်…။
ဆြာတို့ရေ… ကူညီပါနော..။
Was this answer helpful?
LikeDislikeမြန်မာတို့ရဲ့ အထိမ်းအမှတ် Burmese Cat ကို မျက်နှာဖုံးတင်ရိုက်ပါလား…။ ငါးကြော်တကောင်ကျွေးလိုက်ရင်ပြီးတယ်။
ဦးပေါက်ရိုက်တဲ့ပုံများ အားလုံးရှယ်ပဲ။ အထူးသဖြင့် ကိုရင်လေးပါတဲ့ ဓာတ်ပုံနဲ့ ရှင်လောင်းဆင်စီးနေတဲ့ပုံများက အသွင်တမျိုးဆန်းစေပါတယ်။ ကျနော်နဲ့ ဦးပေါက်တူမ မင်္ဂလာဆောင်ကြရင်လည်း ရိုက်ပေးအုံးနော်…။
Was this answer helpful?
LikeDislikeသဂျီးရေ-မြန်မာ ကလင်န်ဒါအတွက်ဆိုရင်
အပေါ်က ကလေးတွေ ခုန်ဆော့နေသလိုမျိုး မြန်မာ့ရိုးရာ အားကစား ပုံလေးတွေ ဆိုရင်ကော မကောင်းဘူးလား။
ကိုယ်တိုင်တော့ မရိုက်နိုင်/တတ်ပါဘူး။ အိုင်ဒီယာလေးရလို့ အကြံပေးကြည့်တာ။
Was this answer helpful?
LikeDislikeပုံ ၁၂ ကတော့ ကိုစိန်သော့ လက်ရာလို့ ထင်ပါတယ်။
ပုံ ၄ နဲ့ ပုံ ၉ က ကိုပေါက်။
ပုံ ၂ က Mလုလင်။
ပုံ ၁၁ က ရွှေမင်းသား။
ကဲ ကိုပေါက်ရေ။ ကျန်တာတော့ မခန့်မှန်းတတ်တော့ဘူး။
Was this answer helpful?
LikeDislikeလက်ဖက်နဲ့အကြော်စုံကို ကျနော်တာဝန်ယူတယ်ဗျာ။
ကြိုက်မကြိုက်တော့မသိဘူးရိုက်ပြီးရင်ဘယ်ပို့ပေးရမလဲသာပြောလိုက်တော့။
Was this answer helpful?
LikeDislikeအမ်..
မန္တလေးသားဆိုတော့.. အကြော်စုံပြောရင်..လ္လက်ပါထည့်ပေါင်းလိုက်သပေါ့…။
ဒါလည်းဖြစ်တာပါပဲ..။
တကယ်လည်း နိုင်ငံခြားနေသူတွေလွမ်းတဲ့.. အစားအသောက်ပါပဲ..။
ထည့်မလို့စဉ်းစားထားတာက.. ကြက်သွန်ကြော်၊ဘူးသီးကြော်၊ငျက်ပျောကြော်၊ အာလူးကြော်၊ ဘယာကြော်၊ ပဲကပ်ကြော်၊ မန္တလေးပဲကြော်၊ စတဲ့အကြော်စုံဗန်းကြီးနဲ့.. ဘေးနောက်မှာ ဘက်ဂရောင်းနဲ့.. ဆလတ်ရွက်..အချဉ်ရည်လေးနဲ့.. ဟိုးနောက်မှာက..ဆီအိုးကြီးနဲ့.. မီးခိုးတလူလူနဲ့.. ကြော်နေတဲ့..အကြော်သည်ကြီး(၀ါးတားတား)နဲ့.. လမ်းဘေးကအကြော်ဆိုင်…
ဒီလိုစိတ်ကြိုက်ပြက္ခဒိန် တကယ်ဖြစ်လာရင်.. ကုလသမဂ္ဂရူံးနဲ့..အိမ်ဖြူတော်ထဲရောက်အောင်ကို ပို့ပေးမယ်..။
Was this answer helpful?
LikeDislikeအပေါ်က ကလေးတွေ ခုန်ဆော့နေတဲ့ပုံလိုမျိုး မြန်မာ့ရိုးရာ အားကစာနည်းလေးတွေ (ဥပမာ- ရွှေစွန်ညို၊ ကြက်ဖခွပ်) နဲ့ ကစားပုံလေးတွေ ဆိုရင်ကော မကောင်းဘူးလား။
စိတ်ကူးရလို့ အကြံပေးကြည့်တာပါ။
ကိုယ်တိုင်တော့ ရိုက်လည်း မရိုက်နိုင်၊ ရိုက်လည်း မရိုက်တတ်
Was this answer helpful?
LikeDislikeအဲလိုဆိုရင်လဲဖြစ်တယ် မင်းကွန်းအသွားမှာတောင် အကြော်ဆိုင်လေးရိုက်လာခဲ့သေးတယ်။
၇တယ်အဲလို အကြော်ဆိုင်လေးဆိုလဲ ဖြစ်အောင်ရိုက်ပေးမယ်။
ကြိုးစားကြည့်မယ်ဗျာ။
တူတော်မောင်(ပြောင်းပြန်ဆိုပြီးအရသာမခံရ)
မင်းနဲ့ငါ့တူမ မင်္ဂလာဆောင်တဲ့အခါ မင်းကို ငါ ဆင်ရော မြင်းရောတင်ပေးမယ်နော်။
စိတ်ချ။
Was this answer helpful?
LikeDislikeလေးပေါက်ရေ ရိုက်မယ်ဆိုရင်လေ အကြော်သည်ကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းပုံစံမျိုးရှာရိုက်ပါနော် Tour တွေအတွက်ရည်ရွယ်ပြီး ထုတ်တဲ့စာအုပ်တွေမှာ မြန်မာဆိုရင် စုတ်စုတ်ပြတ်ပြတ် ပုံတွေပဲမြင်နေရတာ စိတ်မကောင်းဘူး
Was this answer helpful?
LikeDislikeဟုတ်ပါတယ်လေးပေါက်ရေ…
ရွစိအိတ်တွေ .. ရေသန့်ဗူးတွေ ဆီပူထဲထိုးထည့်တာတွေ
လည်း မပါအောင် ရိုက်နော် …..
အော် … ဒါနဲ့စကားမစပ် ..
ရိုက်တဲ့အခါ သုံးမယ့် ဆပ်ပဂျက်(မော်ဒယ်လ်) တွေကိုလည်း
ပေမီဒေါက်မီလေးတွေပဲ သုံးပါနော်….။
ပုံထဲ ဂျာပုတွေပါလာလို့ ..သများတို့တိုင်းပြည်ကို
လူတွေ အာဟာရမပြည့်ဝလို့ ညှပ်စိလေးတွေဖြစ်ကုန်ရှာပြီ
လို့ ထင်မှာ စိုးလို့ပါ….။
ဟီးဟီး…..။
ခင်တဲ့ …
ပေမီဒေါက်မီ မစ္စတာဂီ
Was this answer helpful?
LikeDislike၅။ ကို ကိုပေါက် ရိုက်တာပါ… အရင်က အဲဒါမျိုးတင်ဖူးတယ်..
ကျန်တာတော့မသိပါဘူး
ပုံတွေ က အားလုံးကောင်းပါတယ်၊ ကျွန်တော် အဲလိုမျိုးရိုက်ချင်နေတာ
သင်ကြားပြသ ပေးပါနော်
Was this answer helpful?
LikeDislikeမိုးစက်ရေ
စိတ်ချ လေးပေါက် ကမြန်မာပြည်ပုံကို သတင်းကလွဲရင် ကျန်တာတွေက
အလှတွေဘဲတင်တာ။
ြုမန်မာပြည်သူများအထင်သေးအောင်မလုပ်ဘူး။
ဂီ
ဆပ်ပ်ဂျက်က လှတ ပတ ကြွကြွ ရွရွလေးတွေဘဲသုံးမှာကွဲ့။
မင်းလဲစိတ်ချ
အဲတော့
နှစ်ယောက်ပေါင်းရင် မိုးစက်+ဂီ=စိတ်ချ
Was this answer helpful?
LikeDislikeအားလုံကောင်းပါတယ်၂၊၆၊၇၊၈၊၁၂ သဘောအကျဆုံးပဲ
Was this answer helpful?
LikeDislikeပုံတွေအောက်က ကဗျာစာသား တွေ ကို မြင်ရတော့ ဆရာ သော်တာဆွေ ကို သတိရမိတယ်ဗျာ ။
ကာရံလေးတွေ နဲ့ ဆိုတော့ လန်း မှ လန်း ဘဲ ။
Was this answer helpful?
LikeDislikeနံပါတ် ၂ ကို အကြိုက်ဆုံးပါဘဲ.. (သဘာဝကျလွန်းလို့ )
)
နံပါတ် ၁၁ ကိုလည်းကြိုက်ပါတယ် (ခလေးသဘာဝ ပျော်ရွှင်နေကြတာပါ.. ခုန်နေတဲ့ ခလေးသာ ပိန်ပိန်တစ်ယောက်ဆို ပိုကြည့်ကောင်းမယ်.. အခုပုံကတော့ ဝမ်ချိုင်း ဒူးပျံကျွေးနေသလိုမျိုး
Was this answer helpful?
LikeDislikeကိုငြိမ်းချမ်းရေ- ကလေးက ၀ နေတာကိုက မြန်မာကလေးတွေ ကျန်းမာသန်စွမ်းတယ်ဆိုတာကို ပြသလိုဖြစ်တာမို့ ကျမကတော့ ပိုသဘောကျတယ်။
Was this answer helpful?
LikeDislikeလက်ရာတွေကတော့ အလန်းတွေချည်းပဲ … လှချက်က ကမ်းကို ကုန်ရော … ။ ဓါတ်ပုံဆြာတို့ရဲ့ အနုပညာမျက်စိကို အထူးပင်လေးစား ဂုဏ်ယူမိပါတယ် … ။
မှန်းကြည့်ရလျှင်တော့ (မှားတာရှိလျှင် ၀န္ဒာမိပါ ဟီး )
1.ပေါက်
2.လု
3.စိန်
4.ပေါက်
5.ရွှေ
6.ပေါက်
7.ပေါက်
8.ပေါက်
9.စိန်
10.ရွှေ
11.လု
12.လု
13.စိန်
Was this answer helpful?
LikeDislikeပုံတွေကို စာသားလေးတွေနဲ့ တွဲလိုက်တော့ ပိုပြီးလှသွားတယ်ဗျာ………
ကွန်ပြစ် သမားကို ကြုံရင် မေးပေးပါ အဲဒီလို လေးထောင့်ပုံ ဖြစ်အောင် ဘယ်လိုပြစ်ရသလဲလို့….:(
Was this answer helpful?
LikeDislikeဘယ်သူဘယ်ပုံ ရိုက်လဲ တော့ မပြောတတ်ဘူး။
အားလုံးကို သဘောကျပေမဲ့ အကြိုက်ဆုံး ကို အစဉ်လိုက် ၁က ၅ ကို ပြောကြည့်မယ်။
ပုံ ၁၁ – ခလေး ခုန်လိုက်တာကို အမိရိုက်နိုင်လို့
ပုံ ၂ – မနက်စောစော မှာ နေအထွက် မြန်မာ့ချစ်စရာ တောဓလေ့ ကို မြင်အောင်ပြနိုင်လို့
ပုံ ၁၂ – ပစ်လိုက် တဲ့ ပိုက်ချက် ကို အမိအရ ကိုဖမ်းနိုင်ခဲ့လို့
ပုံ ၄ – စိတ်ကူးကောင်းကောင်း နဲ့ အတွင်း ကနေ အပြင် ကို ပါအောင် ရိုက်ပြလို့
ပုံ ၉ – ခြင်္သေ့ ၂ကောင် နဲ့ ကမ်းပါးကို ပါ ပါအောင် ပင့်ရိုက်ချက်က လှလို့
ဘယ်ပုံ ကို ဘယ်သူရိုက်လဲ သိချင်ပါ၏။
Was this answer helpful?
LikeDislikeလေးပေါက်ရေ
ခန့်မှန်းလိုက်ပြီ
လေးပေါက်က သဘာဝပုံ
ကိုစိန်သော့က အလင်းအမှောင်
ကိုလုလင်က ဖန်တီးပြီးရိုက်တာ
ကိုရွှေမင်းသားရဲ့ ပုံတွေကတော့ မမြင်ဘူးသေးလို့
Was this answer helpful?
LikeDislike2 နံနက်ခင်းအရုဏ်တက် ၀င်းပတဲ့နေရောင်ခြည် ။ကိုရင်လေးများအစီအရီ လာပြီကွဲ့ ရွာအတွင်း
၊ လောင်းလှုမယ်ပြင်ဆင်ကြ ချစ်စရာ့ရွာအဆင်း
ကျနော့် ရဲ့ အိမ်ခြေ 150 လောက်ပဲရှိတဲ့ ကြူတောရွာ နံနက်ခင်းမြင်ကွင်းလေးကို ပြန်မြင်ယောင် ရသလိုပဲဗျာ
အလွမ်းပြေတယ် လေးပေါက်
Was this answer helpful?
LikeDislikeပုံ ၅ ကို အကြိုက်ဆုံးပဲ။ ၂ခါပြန်ကြည့်ပြီးရွေးထားတာ။ ဒါပေမဲ့ စေတီစောင်းနေတယ်။ စေတီပါတည့်ရင် ပိုကောင်းမှာပဲနော်။ ကာလာချိန်ထားတာလည်း ကြိုက်တယ်။ အလင်းအမှောင်လည်း ကောင်းတယ်။ အယူအဆလည်းကောင်းတယ်။ လှဲရိုက်ထားတာနဲ့ တူသလိုပဲ။ ကျန်ပုံတွေလည်းတော်တော်ကောင်းတယ်။ မြန်မာကို ကမ္ဘာကသိအောင် လုပ်နေတာလား ဆြာကင်မရာမန်းတို့ ရယ်။
Was this answer helpful?
LikeDislikee က နံပါတ်နှစ်ကို အကြိုက်ဆုံး … 12လည်းကြိုက်တယ် ..ငါးလည်းကြိုက်တယ် … ခုနှစ်လည်းကြိုက်တယ် … ပြောရလျှင် အကုန်လုံးကြိုက်တယ် … ။
Was this answer helpful?
LikeDislikeမလတ်ရေ မလတ်သိချင်သလို ကျနော်လဲသိချင်လိုက်တာ
အရမ်း အရမ်း အရမ်း အရမ်း …………………..ပါဘဲခင်ဗျာ။
ဒီပုံတွေကို လျှို့ဝှက်စနစ်နဲ့ပို့ထားတာလေ။
နောက်တော့ သိလာ မှာဘာ……………………………………
Was this answer helpful?
LikeDislikeဒီအတိုင်းဆိုရင်တော့ ပုံ(5)က ပရိသတ်အကြိုက်ဆုံးဆုပါ ရတော့မယ်ထင်ပါရဲ့ ။
ဟုတ်တယ် အေကေကေ အိုရေ
အစကတော့ ကြုံတုန်း လူစုပြီးဓါတ်ပုံ ကိုယ်ကြိုက်တာ ကိုယ်ရိုက်ကြတာ။
နောက်မှ ကိုယ်ရိုက်ထားတာထဲကနေ တစ်ယောက်သုံးပုံစီကြိုက်တာ ထုတ်ပြီး စုတင် ဘယ်သူရိုက်တယ်ဆိုတာ
မပြောကြေးဆိုပြီးတင်လိုက်တာ.
ဒါမှ ကြည့်သူက လွတ်လွတ်လပ်လပ် ရွေးလို့ရအောင်
Was this answer helpful?
LikeDislikeအေကြိုက်တာ အီးကြိုက်
ဒါမှ မိုက်မှာ။
Was this answer helpful?
LikeDislikeအကယ်ဒမီ တစ်ကြိုနဲ့ အပြိုင် ။
ကဲ မှန်းလိုက်မယ်။
မမှန်ရင် လွဲစေ။
၁၊ပေါက်
၂၊ရွှေ
၃၊လုင်
၎၊စိန်
၅၊စိန်
၆။လုင်
၇။စိန်
၈။ပေါက်
၉။ပေါက်
၁၀။ရွှေ
၁၁။လုင်
၁၂။ရွှေ
၁၃။ပေါက်
တစ်ယောက် ၃ပုံဆိုပြီး ၁၃ ပုံဖြစ်နေတော့ ကိုပေါက်ကို ၁ပုံ ပိုပေးလိုက်တယ်။
Was this answer helpful?
LikeDislikeအဖြေမှန်ဖို့ တော်တော်လေး နီးစပ်နေကြပါပြီ။
ပြောပြချင်နေပြီ
Was this answer helpful?
LikeDislikeရိုက်ချက်တွေ ကတော့ ရှယ် ရှယ့် ရှယ်ဗျာ……..ကျွန်တော်တော့ portrait ကျင့်နေတာ model မရှိလို့ လှော်ကားကမျောက်တွေ ငှက်ပျောသီး လာဘ်ထိုး ပြီးရိုက်ရတယ်…..
Was this answer helpful?
LikeDislikeကျနော်က တော့ သက်ရှိမော်ဒယ်စိတ်တိုင်းမကျတော့ သစ်ပင်တို့ တိမ်တို့ တောင်တို့ကိုဘဲရိုက်တယ်ဗျာ/
Was this answer helpful?
LikeDislikeအဖြေတွေပြောချင်လှပြီနော် ဖြေစရာလူကုန်ပြီဆိုရင်ပြောမယ်နော်……………….
Was this answer helpful?
LikeDislikeပြောလိုက်တော့ ဦးပေါက် ရေ။ ကျွန်တော် လဲ မရိုးမရွ ဖြစ်နေပြီ .. ပြောချင်လွန်းလို့
Was this answer helpful?
LikeDislikeဖြေသူတွေအားလုံးကျေနပ်ပြီ ဆိုရင် အဖြေမှန်ကို ပိုစ်တင်ပါတော့မယ်။
Was this answer helpful?
LikeDislikeရိုက်ချက်တွေကတော့လန်ထွက်..အန်ထွက်နေတာပဲဗျာ..
ဒါမဲ့…မော်ဒယ်.လေးတွေဆို..ပိုလို့.ကောင်းလောက်တယ်
Was this answer helpful?
LikeDislikeမော်ဒယ် မယ်တော်
ကြေးခေါ်တော့
ကျနော်တို့က မတတ်နိုင်လို့ ပါခင်ဗျာ။
Was this answer helpful?
LikeDislikeကျွန်မတော့ သဘာဝ အလှပုံ တွေ ကိုဘဲ ပိုချစ်ပါတယ် ကိုပေါက်ရေ။
တတ်နိုင်ရင်တောင်မှ တစ်ခြား သဘာဝ အလှ တွေ သာ ရှာရိုက်ပါ လို့ တောင်းဆိုပါတယ်။
Was this answer helpful?
LikeDislikeအဖြေပေးရတော့မလားဆိုတာ သိချင်ပါတယ်။
ကျနော်တို့ကတော့ဖြေချင်နေပြီနော် အဖြေကို ပိုစ်တစ်ခုအဖြစ်တင်ပါမယ်။
အဖြေက ရိုက်ပြိးသားတင်ရုံဘဲနော်။
Was this answer helpful?
LikeDislikeအော်…ရယ်….
ဖြေမှာများ မူနေသေးတယ်..
စကတ်ဂျူးလ်တွေ ပြည့်နေတဲ့ဟာကို…
သများ ဆီက ကိုတာ ချေးရမလား ….
လူဇိုး…
ပုံ
လေဒီဂီဂီ
Was this answer helpful?
LikeDislikeဟုတ် ပနော်……………
Was this answer helpful?
LikeDislike(10-2-2012) အဖြေပေးလိုက်ပါပြီ.
“အဖြေလေးပေးလိုက်ပါတယ်”
(လုရွှေစိန်ပေါက်ရဲ့ ပေါက်ကရရိုက်ချက်များပဟေဠိရဲ့အဖြေမှန်)
မှာကြည့်တော်မူကြပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်ခင်ဗျာ…………………
Was this answer helpful?
LikeDislikeရိုက်ကြ၊နှက်ကြဆိုလို့ လန့် သွားပြီး ခုမှဝင်ကြည့်မိတာ။
ထုံးစံတိုင်းပါဘဲ အင်မတန်လှပါပေတဲ့ ကိုပေါက်လက်ရာတွေ
ပါဘဲဗျာ။
Was this answer helpful?
LikeDislike“အဖြေလေး” မပေးသေးပါဘူးဗျို့။ ၁၀ရက်ရောက်နေပါပြီ။
Was this answer helpful?
LikeDislikeအားလုံးကိုပေါက်ရိုက်တာ ဟုတ်ဘူးဗျို့။
ကိုကိုလတ်ရေ အဖြေတက်သွားပါပြီအေ့ အခုလေးတင်မှာတင်တာပါအေ့
ညည်းကလဲအေ့ ငါကလဲအေ့
အေ့……………………..
(လေချဉ်တက်သောအသံမဟုတ်ပါ)
Was this answer helpful?
LikeDislikeဟုတ်ပါ၏အေ။
လေချဉ်မတက်ပါ။သွားဖတ်လိုက်ပါမည်။
Was this answer helpful?
LikeDislikeကိုပေါက်ရေ ။ ကိုရင်လေး ရှေးဟောင်းပုထိုးတော်ကိုဖူးနေတဲ့ပုံလေးကို ဓါတ်ပုံပြိုင်ပွဲဝင်ပြိုင်ပါလားဗျ ။ အရမ်းကောင်းတယ် ။ ဆုရမှာသေချာတယ် ။ တစ်ကယ်ပါ ။
Was this answer helpful?
LikeDislikeအရမ်းကောင်တဲ့ ပုံတွေပါ ပြိုင်ပွဝင်ရင်ဆုရမှာသေချာတယ်ဗျ
Was this answer helpful?
LikeDislikeကိုရင်လေးပုံက ရွှေမင်းသားရဲ့ လက်ရာပါခင်ဗျာ။
အင်းဝမြို့ဟောင်းမှာရိုက်ထားတာပါ။
Was this answer helpful?
LikeDislikeThank you Ko Pauk. All are good photos.
Was this answer helpful?
LikeDislikeဝေးလွင့်တိမ် says: (Edit)
ကိုပေါက်ရေ ။ ကိုရင်လေး ရှေးဟောင်းပုထိုးတော်ကိုဖူးနေတဲ့ပုံလေးကို ဓါတ်ပုံပြိုင်ပွဲဝင်ပြိုင်ပါလားဗျ ။ အရမ်းကောင်းတယ် ။ ဆုရမှာသေချာတယ် ။ တစ်ကယ်ပါ ။
ခင်ဗျား နိမိတ်ပေးလိုက်တာ တကယ်မှန်သွားပါပြီ.
ဒီမှာတင်ထားတဲ့ပုံက ရွှေမင်းသားရိုက်ထားတာပါ။
အဲဒီအချိန်က Mလုလင်ရိုက်တဲ့ပုံလေးကို ပြိုင်ပွဲဝင်လိုက်တာ တတိယဆုချိတ်သွားပါတယ်။
မှန်လိုက်လေခြင်းကွယ်……………………………..
Was this answer helpful?
LikeDislike