ဂေဇက်ရွာ အာဏာသိမ်းပွဲ Coup
|844- Hits|“မန်းလေပြဲလေဂေဇက်ရွာ ဂျောက်ထဲကျမည့်ဘေး လက်မတင်လေးအလိုတွင် ကတ်မတော်မှ ရွာတာဝန်များကို မလွှဲမရှောင်သာ လွှဲပြောင်းယူလိုက်ရသည်။ ပုံ- ကတ်ချုပ်ကြောင်ကြီး” တီဗွီရေဒီယို မီဒီယာ သတင်းဌာနများမှ ဂေဇက်ရွာ အာဏာသိမ်းပွဲ သတင်း ပျံ့လွှင့်လာနေသည်။ ဟုတ်၏ မှန်၏။ ဇိမ်ဘုန်းဂျီးလူထွက် ဂေဇက်ရွာသဂျီး အာဏာရှင်ဦးခိုင်အား ဖြုတ်ချပြီး ရွာဝပ်ငြိမ်ပြားပိရေးအဖွဲ့ ငါးကြော်ကြောင်စာ ၁/၂၀၁၂ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ သဂျီးဦးခိုင် ဂျပန်ဘီယာနှင့် ကိုဘေးနွားကင်နှင့် စားသောက်မူးယစ် အိပ်ပျော်နေစဉ် ကြွက်ခလေး စာခလေး ကြောင်ဖမ်းသလို အလွယ်တကူ ခုတ်ယူဖမ်းဆီးခြင်း ခံလိုက်ရသည်။ ဝါးရင်းတုတ် ဗိုလ်ဖြိုးဦးစီးသည့် အပျိုစင်ဂျော်လကီး ကိုယ်ရံတော်တပ်ဖွဲ့မှာလည်း အာဏာသိမ်းပွဲကို တားဆီးရန်ဝေးစွ၊ ဘောလုံးဝိဇ္ဇာကပေ၏ ပရီးမီးယားလိဂ်ဘောပွဲ ခန့်မှန်းချက် တက်တက်စင်အောင်လွဲသဖြင့် စိတ်ဓာတ်ကျကာ ကိလေသာစိတ်ပင် မထနိုင်ကြ။ ထောက်လှမ်းရေးမူး BEDC ဗိုလ်စိန်ပေါက်မှာလည်း အာဏာသိမ်းရန် အသံပေးနေသူ ရွာသူ အရီးလတ်အား မျက်ခြေမပြတ် စောင့်ကြည့်နေရသဖြင့် ကြောင်ကြီးအား သတိလက်လွတ် ဖြစ်သွားခဲ့သည်။ (အရက်သမားများ ဆင်ခြင်နိုင်ကြရန်ဖြစ်၏။ )
သဂျီးအိမ်တော်အား ရှာဖွေရာတွင် ရွှေချောင်းတန်ချိန်တထောင်၊ ယူအက်စ်ဒေါ်လာ သန်းတထောင်၊ ယူရိုသန်း တထောင်၊ ပထမတန်းစားစိန် ရတီတသောင်း၊ လက်ဝတ်ရတနာ ကာလတန်ဖိုး ဒေါ်လာသန်းငါးထောင်၊ ဆွစ်ဇာလန်ရှိ ဘဏ်များ၌ အပ်နှံငွေစာရင်း ဒေါ်လာ သန်းငါးသောင်း၊ ပတ္တမြားငမောက် အပါအဝင် အဖိုးတန် ကျောက်သံပတ္တမြား ရတနာများ၊ ရှေးဟောင်းပစ္စည်းများ၊ ကာလပေါက်ဈေး ဒေါ်လာ သန်းတသောင်းတန်ဖိုး ရှိသော ဘိန်းဖြူ၊ ဆေးခြောက်၊ ယာဘစိတ်ကြွဆေးများကို တွေ့ရှိရလေသည်။ ထို့အပြင် မည်သည့်ဘဏ်မှ လက်မခံသော အစုတ်အပြဲ ငွေစက္ကူ ကျပ်ငွေတသောင်းကို ရန်ကုန်နာရေးကူညီမှုအသင်းသို့ လှူဒါန်းရန် ကျွတ်ကျွတ်အိတ် တလုံးဖြင့် ထုတ်ထားသည်ကိုလည်း ချောင်ကြိုချောင်ကြားတွင် တွေ့ရလေသည်။ (သဒ္ဓါတရား ထက်သန်ပုံများနော်..)
ပြည်သူ့ချဉ်ဖတ် အာဏာရှင်ဟောင်း သဂျီးကို စစ်ခုံရုံးမတင်ဘဲ အော်မေဂိုဏ်းသို့အပ်နှံပြီး အသိတရားရစေရန် သက်ညှာစွာ စီရင်ချက်ချသည်။ အာဏာရှိစဉ် မဟုတ်တရုတ်နိုင်ငံနှင့် ပူးပေါင်းပြီး ပြည်သူကို နှိပ်စက်ကလူပြု၊ အတိုက်အခံများအား စစ်ကြောရေး ငရဲခန်းများတွင် လူမဆန်စွာ ရက်စက်ခဲ့ပုံများနှင့် တခြားစီပင် ဖြစ်သည်။ အော်မေဂိုဏ်း ဆရာကြီး အေတီဝမ်နှင့် အူးတီဆန်တို့မှာ ရုပ်ဝါဒီသဂျီးအား သောက်မြင်လွန်စွာ ကပ်နေသည့် အလျောက် ကိုဘေးနွားကင်သကဲ့သို့သဂျီးအား ဆား ဆနွင်း၊ အချိုမှုန့်နယ်ပြီး နေ့ဖက်တွင် မီးအေးအေးဖြင့် ကင်သည်။ ကျက်ခါနီးမှ အသားသိုလှောင်ရာ အအေးခန်းထဲထည့်၍ ညသိပ်လေသည်။ သဂျီးခင်မျာ နေ့ပူညအေး ဒဏ်ခံရသည်သာမက အိမ်မက်ထဲတွင်ပါ သူစားခဲ့သော ကိုဘေးနွားများ၏ ဂျပန်လို ပြစ်တင်ကြိမ်းမောင်းကို မရှုမလှ ခံနေရတော့သည်။ တချိန်က ငရဲနတ်ပြည်မရှိဟု ငါတကော ကောခဲ့သော သဂျီးမှာ အကျွတ်တရား ကြီးစွာရလျက် ရှိနေပေသည်။ ဘုန်းမီးနေလ တောက်ပနေသော ကတ်ချုပ်ကြောင်ကြီး လာရောက်စစ်ဆေးသည်တွင် ချပ်ဝတ်တန်ဆာ အပြည့်အစုံနှင့် သိကြားမင်းကို တွေ့ရသည်ထင်ပြီး အားပါးတရ တိုင်တည်ဆုတောင်းသည်။ သူ့ရုပ်သူ မှန်ထဲတွေ့သောအခါမူကား ငရဲသားလာခေါ်နေသည်ဟု အလွန်အမင်း ကြောက်ရွံ့နေပေသည်။ (လက်ခုပ်တီးဂျပါ….)
ကတ်ချုပ်ကြောင်ကြီးမှ ရွာပြုပြင်ပြောင်းလဲရေးအတွက် ရွာပညာရှိ ဒေါက်တာဆြာသစ် ဦးဆောင်၍ တဦးချင်း ပြုပြင်ရေး ဆီမီနာ ဆွေးနွေးပွဲများကို ပြုလုပ်စေရာ ရွာသားများ စိတ်ဝင်စားမှု နည်းပါးသဖြင့် မားကက်တင်းပါရဂူ မောင်မောင်ဂီထံ အကြံညဏ်တောင်းခံရသည်။ နောက်ဆုံးတွင် သူအကြံပေးသည့်အတိုင်း လောင်းကစားပွဲ၊ မော်ဒယ်ရှိုး ထည့်သွင်းကျင်းပပေးမှ ဝက်ဝက်ကွဲ စည်ကားတော့သည်။ သဂျီးအား ပညာပေး ဆုံးမနေသကဲ့သို့ ပစ်စုတ်ပန်ဂိုဏ်း၊ မိုးပြားဂိုဏ်းသားများကိုလည်း လူပျံတော် မိုက်ကဲဂျော်နီအောင်ပုထံ အပ်နှံပေးသည်။ အောင်ပု ငယ်စဉ်က စောင်ခြုံပြီး မိုးပေါ်ပျံရန် အကြိမ်ကြိမ်ကြိုးစားခဲ့ဖူး၍ လူပျံတော်ဘွဲ့ရသည်ကို ကတ်ချုပ်ကြောင်ကြီး ဘုန်းကြီးလူထွက် ပညာရှိ လူပြန်တော်နှင့် အထင်မှာခြင်းဖြစ်လေသည်။ မကြာခင် ရွာပြင်ဇရပ်တွင် ဆဲဆိုသံများ တသောသောညံနေ၍ ဖုတ်ကျက်တစ္ဆေ မကောင်းဆိုးဝါးမှန်မျှ ထွက်ပြေးကုန်ကြတော့သည်။ နားမခံသာသော ရွာသားများတိုင်ကြား၍ ၎င်းတို့အား အကင်ခံနေရသော သဂျီး၏ ဖြစ်အင်ကို ခေါ်သွားပြရာ သံဝေဂမရဘဲ အကင်နံ့ တထောင်းထောင်းထနေသော သဂျီးအား စားမည်ဝါးမည် တကဲကဲ လုပ်နေ၍ အလျင်အမြန် ရွာပြင်သို့ ပြန်လည်ခေါ်ဆောင်သွားရသည်။ (သစ္စာမဲ့ပုံများပြောပါဒယ်…)
မဟုတ်တရုတ်နိုင်ငံသူလျှို မမှန်နှင့်ဇိုတို့ နှစ်သစ်ကူး ပြည်ကြီးပြန်နေ၍ လွတ်မြောက်သွားသည်။ ၎င်းတို့နှစ်ဦး လွန်စွာကံကြီးပေသည်၊ နို့မို့ပါက အလွန်စိတ်ကြီးသော ကတ်ချုပ်ကြောင်ကြီး လက်ချက်မိသွားလျင် မတွေးဝံ့ တော့ပေ။ သူတို့ ခွင့်ပြန်ရာဝယ် ကျွန်းသစ်လုံးအပြည့်တင်ထားသော ဆယ်ဘီးကား အစင်းတရာ၊ ကျောက်စိမ်း အရိုင်းတုံး တန်၁၀၀၊ ပတ္တမြားခဲ တန်တရာ၊ ရှားပါးတိရိစ္ဆာန် အကောင်တသောင်း၊ အဖိုးတန်ရှားပါး ပရဆေးပင် ကားဆယ်စီးတိုက် ပါသွားခဲ့သည်။ ၎င်းတို့က မြန်မာပြည်သို့ ပလပ်စတစ်ကော်ပတ်ရုပ်၊ ချိုချဉ် သကြားလုံး၊ တပတ်ရစ်စက် အစုတ်ရောင်းရငွေများကို မြန်မာပြည်မှ ပြန်မယူသွားဘဲ သနားသဖြင့် ပြည်တွင်းထွက်ပစ္စည်း များကို အနစ်နာခံ ပြန်ယူသွားရသည်၊ ကားစားရိတ်ရှုံးသည်ဟု ငြီးငြူကြသည်။ ( ဒင်းတို့ကယ်ပေလို့…..)
၎င်းတို့နှစ်ဦး ကတ်ချုပ်ကြောင်ကြီးအား ရန်ညှိုးထားပြီး မဟုတ်တရုတ်နိုင်ငံတွင် မြန်မာပြည်မှကြောင်သား ၉၆ပါးရောဂါပျောက်သည်ဟု လျောက်ပြောသောကြောင့် မြန်မာကြောင်များ မျိုးတုန်းမည့် အန္တရာယ်နှင့်ကြုံတွေ့ ရတော့သည်။ ဤကား မြန်မာနှင့် မဟုတ်တရုတ် နှစ်နိုင်ငံအကြား စတင်ခဲ့သည့် ရန်မီး အစကနဦးပင် ဖြစ်ပေတော့သည်။ နဂါးနှင့်ကျား ရင်ဆိုင်တွေ့ကြလေပြီ။ မည်သူနိုင်၍ ပြည်သူထိုင်မည်နည်း…။ ဆက်ရန်လာမည်မျှော်..
Related posts:



ဟား ဟား ဟား………
ဘယ်နှစ်ခါပဲ ဖတ်ဖတ် အခါခါရီရတယ်။
ဘယ်အချိန်ပဲ ထဖတ်ထဖတ် ဖတ်မိတဲ့ အချိန်တိုင်း ရီရတယ်။
အကြိမ်ကြိမ် ပြန်ဖတ်မိတယ်။
ပြန်ဖတ်မိတိုင်းလည်း ဟား ဟားဟား……..
Was this answer helpful?
LikeDislikeရွှီး.. ဖြောင်း… ဖြောင်း…


ဖတ်တာ အားရလို့ ၃ခေါက်လောက်ဖတ်ခဲ့တယ်ဗျာ…
အဲ့လို သရော်ရေးကွက်တွေကို ခိုက်နဒါ… ပစ်စုတ်ပန်ဝါဒီ
တို့သဂျီးတော့ ဖတ်ရင်း ကြောင်ကြီးကို ကြွတ်ကြွတ်ဝါးမလားမသိဘူး..
ဒီစာလေးကို Ideas & Plans ခေါင်းစဉ်အောက်ထည့်ပေးဖို့
တောင်းဆိုပါတယ်ခင်ဗျာ….
Was this answer helpful?
LikeDislikeဟိုက်…ကုန်ပါလေရော..တို့ ဘဂျီး အတွင်းရေးတွေ..
အာဏာသိမ်းချင်တဲ့ အာဏာရှင်ကတ်ချုပ်ကြာင်ကြီးးသတိထားပေအုံးလော့…..
မြန်မာပြည်က ကြောင်တွေ နုတ်နုတ်စင်းပီး အိတ်စပို့ လုပ်ပစ်မယ် ..
Was this answer helpful?
LikeDislikeဆက်ရန် လာဦးမယ် ဆိုပါကလား..
လောလောဆယ်တော့ အူးကျော်သူဆီလှူမဲ့ ဂျောင်ထဲဖွက်ထားတဲ့ ရန်ပုံငွေ..အလှူငွေထုတ် ကကြောင်ကြီး မတွားဘီဟေ့.
လိုက်ဟ..လိုက်ဟ….
Was this answer helpful?
LikeDislikeပွဲလန့်တုန်း သဂျီးတူမကို ၀င်သိမ်းလေ အဲဒီပိုက်ဆံအစုတ်တွေဘာလုပ်မှာတုန်း
Was this answer helpful?
LikeDislikeသဂျီးတူမ နာနဲ့ ရ..သဂျီးတူမ နာနဲ့  ရ
Was this answer helpful?
LikeDislikeကြောင်တွေ မင်းမူနေပါတယ်ဆိုမှ ကြွက်ရယ်….
ကိုယ့်ဟာကိုယ် တွင်းအောင်းနေတာမဟုတ်ဝူး…
စိုးရိမ်လို့ဘာ …….
ဟိုဘက်မှာလည်း ကကြောင်ဂျီးကို အခါတော်ပေးတဲ့ ကိုလံဘတ်ဂျီး ရှိသေးတယ်မလား…
ခိခိ…
Was this answer helpful?
LikeDislikeအခါတော်ပေးတဲ့ ကိုလံဘတ်ဂျီးက ဓါတ်ရိုက်ဓါတ်ဆင် လုပ်နေလို့
လောလောဆယ်တော့ မအားသေးဘူး တဲ့
ဆက်လုပ်…ဆက်လုပ်… ခ်ခ် …
Was this answer helpful?
LikeDislikeသူကြီးတူမကို ၀င်သိမ်းစရာမလိုတော့ဘူး
ဘာလို့လဲဆိုတော့ ကတ်ချုပ်ကြီးရဲ့ အာဏာသိမ်းမှုကို တိုက်ရိုက်ထုတ်လွှင့်ဖို့အသွား
သူကြီးတူမ လျှို့ဝှက်ချက်တွေကို တွေ့သွားလို့
အခုဆိုရင် သူကြီးတူမက ဘဘ ထ ဆိုရင် ထ
ထိုင်ဆိုရင် ထိုင် ဖြစ်နေပြီဗျ …
Was this answer helpful?
LikeDislikeဟိုက် …
အဖျားခတ် သမ သွားဒယ်ဟ….
ဘယ့်နှယ့် လောင်းကစားပွဲ မော်ဒယ်ရှိုးလို့ …….
သများက ဒါတွေ ကျင်းပဖို့ နည်းနည်းမှ စိတ်ကူးမရှိဘာဘူးကွယ်…
(တယောက်ထဲ အကျအန ခံဇားဂျင်ဒါ….)
ခိခိ။။။
Was this answer helpful?
LikeDislikeအော့ အော် အနာ သိမ်းတာ ကိုကြောင်ဂျီးကိုးး
ပြောပြောကစောရောပေါ့ဂျာ ။ လွယ်လင့်တကူ ပေးလိုက်မှာ ။
ခုတော့စ် . . .
Was this answer helpful?
LikeDislikeသတ်သတ်လွတ်သမားပေမယ်.
ကိုဘေးသကြီးဆားနယ်ကိုတော.မြည်းကြည်.ချင်သား
Was this answer helpful?
LikeDislikeနဂါးနဲ့ ကျား ဘယ်သူနိုင်မလဲဆိုတော့ နဂါးနှစ်ဆိုတော့ ဘယ်သူနိုင်မလဲစဉ်းစားသာကြည့်တော့လေ….
Was this answer helpful?
LikeDislikeဗိုလ်ကြောင်ကြီးခင်ဗျား
ရွာကို အာဏာသိမ်းတယ်ဆိုတော့ တံခါးစောင့်ကိုလုပ်ကြံလိုက်သလားဗျ။
ထင်တာပြောရရင် တံခါးစောင့်ကျဆုံးတာမှန်ပါက လုပ်ကြံသူ “ဗိုလ်မှူးချုပ် သများ” ရဲ့
“အေ-ကိုက်လက်နက်ကြီး” ထိသွားတာဖြစ်နိုင်တယ်။
ကြောင်တပ်မတော် ကြောင်တပ်မတော် နဲ့ ကပ်ဖား ရပ်ဖား ခွါဖား ထိုင်ဖား၊ မထိတထိဖား
လှဲလျှောင်းဖား၊ တွေ လဲရှိလာတော့မယ်။ ကင်ပလိုက်ဗျာ။
(ညီလေး အော်ရီဂျင်နယ် ဖားသက်ပြင်း နဲ့မဆိုင်ပါ။ သူက ဗိုလ်ကြောင်ကနေ ဦးကြောင်ဖြစ်အောင်
နှပ်ကြောင်း ပေးပြီး မြန်မာချိတ်အစား ဂျပန်ကီမိုနိုနဲ့ အသွင်ပြောင်းရေး မားကက်တင်းကို လုပ်ချင်လို့
ဖားသက်ပြင်းလို့ ဖြစ်နေတာပါ။ )
အင်း ဇာတ် ဆရာလင်းဝေက ပြည်တည်ပြီး ခွဲ ( အဲလေ) ။
ပြည်တည်ပြီးစ ရှိသေးတယ် သိမ်းပြီတဲ့။ သိမ်းရင်တော့ ပြောင်အောင်သိမ်းနော်။
ဖုံတွေကျန်နေရင် မေမေဆူလိမ့်မယ်။
=~~~~~~~
ရီသွားပါသည်။
မောင်သစ်မင်း(^^)
Was this answer helpful?
LikeDislikeအင်း သိမ်းချင်သလိုသိမ်းကြ၊ မြဲစေရန် ၊ ယတရာချေတော့ လွတ်မယ်မထင်ဘူး၊ တစ်ခါလောက်တော့ဆရာအခေါ်ခံရအောင်၊ ကိုရင်နဲ့ပေါင်းပြီး ဗေဒင်၊ယတရာ ၊ ဓါတ်ဆင်၊ဓါတ်ရိုက်ဆိုင်းဘုတ်
ကလေးထောင်ထားအုံးမှပါလေး။
Was this answer helpful?
LikeDislikeသူကြီး။ ။အိမ်း …ငါ့ကို အာဏာသိမ်းထားပြီဆိုတော့ ရွာသားတွေ ရစရာရှိတဲ့ ပွိုင့်တွေကို ကြောင်ကြီးဆီသာထုတ်ကြပေတော့။ သာဓုပါကြောင်ကြီးရေ…။
Was this answer helpful?
LikeDislikeဒီထဲ.. ရွာသူား ၈၀၀၀လောက်ရှိနေပြီ..
တယောက် ပွိုင့်၅ထောင်နဲ့ပျမ်းမျှထားရင်ကို.. ငွေစာရင်းနဲ့.. ဒေါ်လှ ၄ သောင်းကျော်ရှိတယ်..။
အာဏာသိမ်းအဖွဲ့အား.. လွှဲလိုက်လိုပါကြောင်း…။
..အိမ်း …ငါ့ကို အာဏာသိမ်းထားပြီဆိုတော့ ရွာသားတွေ ရစရာရှိတဲ့ ပွိုင့်တွေကို ကြောင်ကြီးဆီသာထုတ်ကြပေတော့။ သာဓုပါကြောင်ကြီးရေ…။
Was this answer helpful?
LikeDislikeသူကြီးခင်ဗျာ……
ဒီနေရာကနေ အတည်ပြောပါရစေ….
ကျနော့ တစ်ဦးတည်းအတွက်ပါ…
ကျနော့ အတွက်ပေးထားမယ့်  ပွိုင့် တွေ ငွေစာရင်းတွေကို ပြန်ဖျက်လိုက်ပါ။
ဒီရွာထဲ စာတွေဖတ်ရ၊ မန်ဘာအဖြစ် အသိအမှတ်ပြုပေးထားတာနဲ့ တင်ပဲ
သူကြီးကို ကျေးဇူးအထူးတင်ပါတယ်။
Was this answer helpful?
LikeDislikeအရီးလတ်ရေ …တွေ့လား .. ပေါ်ပြီ.. ပေါ်ပြီ.. သူကြီးက ကျွန်တော်ပြောတဲ့ အာဏာသိမ်းစေချင်နေတာ ဆိုတာ…..
Was this answer helpful?
LikeDislikeကိုထူးဆန်း ရေ – ကျွန်မတော့ အသံကြောင့် ဖားသေပါပြီ။
(တူတော် ဖားကို မရည်ရွယ်ပါ။ စကားပုံ ဖြစ်ပါ၏)
Was this answer helpful?
LikeDislikeပွိုင့်က အဓိက မဟုတ်ပါဘူး တဂျီးရယ်
ဘီယာဖိုးလေးရရင် တော်ပါဘီ
Was this answer helpful?
LikeDislikeအရီးလတ်က ကြံစည်တုန်းရှိသေးတယ် … ဦးကြောင်ကြီးက အကောင်ထည်ဖော်လိုက်ပြီ …
ဖတ်ရတာ အားရပါးရ ရှိလိုက်တာ ….
Was this answer helpful?
LikeDislikeဟေး – မထင်…. မထင် … မထင် …..
ဝေဝေ့ Post မှာ ပိုပြီးတော့ တောင်မှ သောင်းကျန်းနေတယ်။
Was this answer helpful?
LikeDislikeဟားဟားးးး
ရယ်လိုက်ရတာ..ဖတ်ဖတ်ကိုမောရော…..။
Was this answer helpful?
LikeDislikeကိုကြောင်ကြီး၇ဲ့ အတွေးဖတ်စာ…..
လွန်စွာကောင်းချီးပေးသွားပါ၏ဗျား..။
Was this answer helpful?
LikeDislikeအရင်ကတဲ က ကိုကိုကြောင့် ရဲ့ အရေးအသား ကို ကြိုက်ပြီးသားမို့ ထပ်မချီးကျွေး အဲလေ မချီးကျူးတော့ပါဘူး နော် ။ မြန်မာနိုင်ငံပြန်လာပြီး ဟာသ စတိုင်းယား တွေ ရေးထုတ်ရင် ကို ၊ ဒေါ်လာ သန်းတစ်ထောင်လောက်ရနေလောက်ပြီဗျ ။
အိုဘာတဲ့… “ အိမ်ကိုပြန်ခဲ့တော့…..ဟေ့ကိုဂျီး ”
Was this answer helpful?
LikeDislikeကတ်ချုပ်ဂျီးက အာနာပဲသိန်းဒါ အကျွေးဒွေ မသိမ်းတွားဘူးဒဲ့
ကိုယ့်ဟာလေးကိုယ် မစွန့်လွှတ်နိုင်ရင်တော့
သဂျီးမင်းနောက်ပဲလိုက် လိုက်တောင်းရမယ်ထင်ဒယ်…….
Was this answer helpful?
LikeDislikechar too lan ရေ။ စကားလေးတခွန်းရှိတယ်လေ။ ငါးကြော်မကြိုက်ရင်ကြောင်မိုက်တဲ့။ ကြောင်က မမိုက်အောင်ငါးကြော်ကို စားရင်လဲ အရိုးပါ စားရမှာလေ။ အဲဒီလိုပေါ့ ဒူးယား ခပေါင်း တွဲကုန်လေ။
Was this answer helpful?
LikeDislikeအာဏာသိမ်းပြီးရင် ကာဖျူးထုတ်မှာလားဟင်၊
ရွာထဲကို ညဖက်လမ်းမလျှောက်ရရင် သေပြီဆရာပဲ။
ကိုးနတ်ရှင်က ညကျမှကောင်းတာ။
Was this answer helpful?
LikeDislikeပြည်သူ့ချဉ်ဖက် သူကြီး သန်းရွှေ
အချစ်တော် သူကြီးက မမခိုင် အင်မှားလို့ မာမီခိုင် အော် ငါ့နှယ်မှားပြန်ပြီ ကိုခိုင် ဖြစ်ပါကြောင်း
Was this answer helpful?
LikeDislikeအော်မေ့ ဂိုဏ်းသားတွေ ဘယ်ရောက်ကုန်ကြပြီလဲတောင် မသိဘူး။ ဟိဟိ..
သဂျီးလည်း ခေတ်တွေ ပြောင်းလို့ ဘ၀တွေလည်း မကောင်း ဖြစ်ကုန်ပါပကောလား..
ခရီးလေး ၃ရက်လောက် ထွက်လိုက်တာ အာဏာတောင် သိမ်းပြီးသွားပြီ။
ဝိုင်ဖိုင်ရလို့ ခဏ တဖြုတ် ဖုန်းနဲ့ ၀င်ကြည့်လိုက်သေးတယ်။ သေးသေးကွေးကွေးနဲ့ နှေးလွန်းလို့ စိတ်မရှည်တာနဲ့ ဘာမှ မကြည့်ပဲ ပြန်ပိတ်ထားလိုက်တာ မတွေ့လိုက်မိဘူး။
ခေတ်တောင် တော်တော် နောက်ကျနေပြီ။
ကတ်ချုပ်ကြီး က ရေးသာရေးတာ လက်တွေ့မှာ သဂျီး လည်း အခုလောက်ဆို ဆီလူးပြီး ကမ်းခြေမှာ နေကာမျက်မှန်နဲ့ အုန်းစိမ်းရေလေး စုပ်ပြီး မှောက်နေလောက်ပြီထင်တယ်။
Was this answer helpful?
LikeDislike