ကမ္ဘာ့ အဆန်းကြယ်ဆုံး တိရစ္ဆာန် (၂၅) မျိုး – အပိုင်း (၃)
|388- Hits|ကမ္ဘာ့ အဆန်းကြယ်ဆုံး တိရစ္ဆာန် (၂၅) မျိုး – အပိုင်း (၁) နဲ့ (၂) ကို တင်ပြီး နောက်ထပ် မတင်ဖြစ်ခဲ့တာကို အခု တင်လိုက်ခြင်း ဖြစ်ပါတယ်။
၁၂။ Proboscis Monkey

ဒီမျောက်တွေရဲ့ ထူခြားချက်ကတော့ မျောက်ထီးတွေရဲ့ နှာခေါင်းဟာ ကြီးမားပြီး ရှေ့ကို ထိုးထွက်နေတာပါပဲ။ ဘယ်လို အကြောင်းကြောင့် အဲဒီလို ဖြစ်နေတာလဲ ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။ လိင်ပိုင်းဆိုင်ရာကြောင့် ဖြစ်တာလို့ အကြံပြုကြတာပါပဲ။ မျောက်မတွေကလည်း နှာခေါင်းကြီးတဲ့ မျောက်ထီးကို ပိုပြီး နှစ်သက်ကြတယ်ဆိုပဲ။ Proboscis Monkey တွေဟာ နှာခေါင်း ကြီးရုံတင်မက ဝမ်းဗိုက်ကလည်း ကြီးကြပါသေးတယ်။
၁၃။ Pink Fairy Armadillo

Armadillo ဆိုတဲ့ အဓိပ္ပါယ်ကို အဘိဓာန်ထဲမှာ ကြည့်မိတော့ သင်းခွေချပ်တွေလို ကြေးခွံမာတွေနဲ့ ဖုံးလွှမ်းလျက်ရှိပြီး အန္တရာယ်ရှိရင် ခွေလုံးနေတတ်တဲ့ သတ္တဝါ ဆိုပြီး ဖွင့်ဆိုထားတာကို တွေ့ရပါတယ်။ ဟုတ်ပါတယ်။ Pink Fairy Armadillo တွေဟာလည်း သင်းခွေချပ် မျိုးနွယ်တွေပဲ ဖြစ်ကြပါတယ်။ သူတို့ဟာ နှင်းဆီဖျော့ဖျော့ ဒါမှမဟုတ် ပန်းရောင် အဆင်းရှိပါတယ်။ အာဂျင်တီးနား အလယ်ပိုင်းမှာ တွေ့ရလေ့ရှိပြီး ပုရွက်ဆိတ်တွင်းတွေနားမှာ တွင်လေးတွေတူးပြီး နေထိုင်လေ့ရှိကြပါတယ်။ သူတို့ရဲ့ အဓိက အစားအစာကလည်း ပုရွက်ဆိတ်တွေပဲ ဖြစ်ကြပါတယ်။
၁၄။ Axolotl

Axolotl တွေကို အမေရိကန်၊ ဗြိတိန်၊ Australia နဲ့ ဂျပန်နိုင်ငံတွေမှာ အိမ်မွေးတိရစ္ဆာန်တွေအဖြစ် ထိန်းသိမ်းထားကြပါတယ်။ သူတို့ဟာ ရေပျော် သတ္တဝါလေးတွေဖြစ်ပြီး သာပေါက်လွယ်သလို၊ သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများကိုလည်း regenerate လုပ်နိုင်စွမ်းရှိကြပါတယ်။ ဒါကိုပဲ သိပ္ပံပညာရှင်တွေက ကျယ်ကျယ်ပြန့်ပြန့် လေ့လာနေကြပါတယ်။
၁၅။ Aye-aye

သူတို့ဟာ ညဘက်မှာ ကျက်စားတဲ့ တိရစ္ဆာန်တွေဖြစ်ပြီး အစာရှာတဲ့ နေရာမှာတော့ ပြိုင်ဘက်ကင်း ဆိုပဲ။ သူတို့ဟာ သစ်ပင်တွေကို ဖောက်ပြီး အစားအစာကို ရှာကြပါတယ်။ သစ်ပင်မှာရှိတဲ့ တွင်းလေးတွေကို တစ်စတစ်စ ကိုက်ဖဲ့ပြီး အဲဒီ တွင်းထဲမှာရှိတဲ့ အကောင်လေးတွေကို သူတို့ရဲ့ လက်ခလယ်လေးနဲ့ နှိုက်ထုတ်ပြီး စားလေ့ရှိကြပါတယ်။
၁၆။ Alpaca

သိုးတွေနဲ့ ခပ်ဆင်ဆင် တူပေမယ့် Alpaca တွေဟာ သိုးတွေထက် ပိုကြီးပြီး ရှည်ပါတယ်။ သူတို့ကို ပင်လယ် ရေမျက်နှာပြင်အထက် ၃၅၀၀ နဲ့ ၅၀၀၀ ကြားမှာရှိတဲ့ ချီလီ မြောက်ပိုင်း၊ အီကွေဒေါ၊ ပီရူးတောင်ပိုင်းနဲ့ ဘိုလီးဗီးယား မြောက်ပိုင်းတွေမှာ တစ်နှစ်ပတ်လုံး ထိန်းသိမ်းထားကြပါတယ်။
၁၇။ Tarsier
Tarsier တွေမှာ ကြီးမားတဲ့ မျက်လုံးတွေရှိပြီး ခြေထောက်တွေကလည်း ရှည်ပါတယ်။ သူတို့ဟာ insect တွေကို ခုန်ပြီး ဖမ်းလေ့ရှိကြပါတယ်။ ငှက်နဲ့ မြွေတွေကိုလည်း ဖမ်းပါတယ်။ သစ်ပင် တစ်ပင်နဲ့ တစ်ပင်ကို ခုန်ကူးနိုင်သလို ငှက်တွေကို ဖမ်းတဲ့အခါမှာလည်း အဲဒီလို ခုန်ကူးရင်းနဲ့ပဲ ဖမ်းနိုင်ကြပါတယ်။ Tarsier မျိုးစိတ် အားလုံးဟာ ညဘက်မှာ ကျက်စားတဲ့ သတ္တဝါတွေ ဖြစ်ပေမယ့် အချို့ကတော့ နေ့ဘက်မှာလည်း ကျက်စားကြပါတယ်။ အခြား ညကျက်စားတဲ့ တိရစ္ဆာန်တွေနဲ့ မတူတဲ့ အချက်ကတော့ သူတို့ရဲ့ မျက်လုံးမှာ light-reflecting ဧရိယာ ချို့တဲ့နေခြင်းပဲ ဖြစ်ပါတယ်။
Source : http://divaboo.info/
ဘာသာပြန် – အံစာတုံး
Related posts:
- ကမ္ဘာ့ အဆန်းကြယ်ဆုံး တိရစ္ဆာန် (၂၅) မျိုး – အပိုင်း (၁)
- ကမ္ဘာ့ အဆန်းကြယ်ဆုံး တိရစ္ဆာန် (၂၅) မျိုး – အပိုင်း (၂)
- အသက် ငါးနှစ်အရွယ် ကလေးက ၎င်းခံစားရသည့် ကင်ဆာရောဂါ ကုသနိုင်ရန် တိရစ္ဆာန်ရုပ်ပုံ ၃၀၀၀ ကျော် ရေးဆွဲရောင်းချ
- လူတိုင်းပိုင်ဆိုင်ထားသော အဆန်းပြားဆုံးလက်နက်
- မြန်မာနိုင်ငံတွင်း အမဲလိုက်ခွင့် လိုင်စင် . . .



ဟာ
အောက်ကပုံက အီးတီနဲ့  တူသဟ
အဖြူကောင်က မောင်ပေနဲ့ တူသဟ
နောက်ထပ်ဆန်းကျယ်တဲ့အကောင်တွေလဲ များကြီးရှိဦးမှာပဲနော့
Was this answer helpful?
LikeDislikeNo 14 is very cute
Was this answer helpful?
LikeDislikeအပေါ်ဆုံးကနေအစဉ်လိုက် ကိုပေ၊ ဘဘကင်း၊ ကိုဂြိုဟ်သား၊ ကိုစိန်မျောက်မျောက် အဲ စိန်ပေါက်ပေါက်၊
ပြီး ကိုရင်စည်သွပ်၊ အောက်ဆုံးက mr. frog နဲ့တူတယ်
Was this answer helpful?
LikeDislikeအံစာတုံးရဲ့
အဖန်ဖန်သာ မဆုံးတဲ့
ပို့စ်တွေကို စောင့်မျှော်လျှက် ..
…………………………………………………………………………..
ကျွန်ုပ်သည်ကား Pink Fairy Armadillo ဖြစ်၏ (ဤကား မြေးမလေး၏ အလိုတည်း)
မိုးဇက်သည်ကား ပုရွက်ဆိတ် ဖြစ်၏ (ဤကား ကျွန်ုပ် အလိုတည်း)
(မှတ်ချက်။ အမည်တူများရှိက သည်းခံဖတ်ရှုပေးပါ) ….
ချစ်ခင်တဲ့
KING
Was this answer helpful?
LikeDislike၁၅။ Aye-aye
ဒီအကောင်နာမည် ဘယ်သူပေးတာလဲ၊ဒီလောက်ရုပ်ဆိုးတာကို နာမည်လှလှလေးပေးရတယ်လို့
Was this answer helpful?
LikeDislikeAye Aye ရဲ့ အသံထွက် အမှန် သိချင်လိုက်တာ …
ပင်လည် ဓါးပြ ကားတွေမှာတော့
Aye Captain !
ဆိုရင်
အား ယား ကတ်ပီတင်န် လို့ ထွက်တယ်…
yes sir ပေါ့ ……..
သိတော့ဘာဘူးဗျာ…
Aye အန်ဇာတုံးရယ်…
Was this answer helpful?
LikeDislikeAye အသံထွက် အမှန် က “eye (I)” ထွက်တယ် in U.S.A မှာ…..
Was this answer helpful?
LikeDislikeအေးအေး ဆိုတာ ပေါက်ဖော်ရဲ့ အရင်ဘဝပါကွယ်
သူ့ ခဗျာ ၊ သူ့ အရင်ဘဝ ရုပ်အသွင် ကို မျက်မြင်တွေ့ လိုက်ရရှာတော့
ပီတိတွေဖြာအီအီးတွေ ပါပြီး ဘီအီးဒီစီ သွားဆွဲရှာသကွဲ့ 
Was this answer helpful?
LikeDislikeဘာကောင်လေးတွေမှန်းလည်း မသိဘူး… အသည်းယားစရာလေးတွေ .. 15ဆိုပိုဆိုးသေး .. မည်းပိန်ခြောက်လေး ။
Was this answer helpful?
LikeDislikeထူးထူးဆန်းဆန်း အကောင်လေးတွေပဲ
(14) က အကောင်လေးက ချစ်စရာလေးနော် ……..
Was this answer helpful?
LikeDislikeအေးလေဟာ……… aye aye ကရုပ်ဆိုးလိုက်တာ
ကွက်တိ !!
အေးအေး ဆိုတဲ့နာမည်နဲ့ကောင်မလေးတွေတွေ့ ရင်
ဒီကောင့်ကိုပဲမြင်မိတာ့မှာ ဟဟား
အေးအေးဆို ဒီလိုပုံပဲ
Was this answer helpful?
LikeDislike