ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့နော် (၁)
|349- Hits|သူတို့လို နိုင်ငံ ခေါင်းဆောင် ကြီးများကိုယ်တိုင် တန်းမစီတတ်ကြတော့ သူလို ကိုယ်လို သူသူ ငှါငှါ တန်းမစီတတ်ကြတာ တိုးဝှေ့နေကြတာ ကျွန်တော်တို့တိုင်းပြည်မှာတော့ ဘာဆန်းတော့မလဲနော် .. ယူန်ီဖောင်း စိမ်းစိမ်းနဲ့ သူများလည်း ထိုနည်း၎င်းပါဘဲ။ ရိုက်တာ မမီလိုက်လို့ မတင်လိုက်ရပါဘူး ။
သူများနိုင်ငံသွားလို့ တစ်ဘက် immigration ကနေ စ တန်းစီ ၊ ကားငှါးဖို့တန်းစီရ ၊ ဘတ်စ်ကား ရထားပေါ် တက်ဖို့က အစ တန်းစီရတာတွေ ။စိတ်ချမ်းသာ စွာနဲ့ ကြားဖြတ် မခံရတာတွေဟာ ပြန်ဖို့လို့ ဘန်ကောက်က မြန်မာပြည် ပြန်မဲ့ ရွှေမြန်မာ များရဲ့ လေယာဉ်ပေါ်တက်ခါနီးက စပြီး ပြန်လည် တိုးဝှေ့တာ ခံရတော့တာပါဘဲ။
တန်းစီပြီးသွားလာ လှုပ်ရှားနေတဲ့ ပုရွက်ဆိတ် တန်းတွေ့ရင် ကျွန်တော် တို့တွေ သူတို့လောက်တောင် အသိမရှိပါလား တွေးမိသလို ဒီလိုပုံတွေ တွေ့ရင်လည်း ကျွန်တော်တို့တတွေ သူတို့ နဲ့ ဘာများကွာတော့မှာလည်းလို့ မကြာခဏ အတွေးဝင်မိပါတယ် …
ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့နော်…….
Related posts:





ကိုထူးဆန်း။ ။ကဲ ကဲ ကလေးတွေတန်းစီ မုန့်ဝေမယ်၊ ဟဲ့ သြော် တန်းစီပါဆို ဘယ်လိုဖြစ်လို့အတင်းတိုးနေကြတာတုန်း။

ကလေးများ။ ။ အနော်တို့ကအများကြီး ဦးလေးယူလာတဲ့မုန့်က နည်းနည်းလေး၊ နောက်ကျရင်ဘယ်ရတော့မလဲ …..
(နောက်တာ)
Was this answer helpful?
LikeDislikeကိုယ်ဆွေးနွေးဖို့ အကြောင်းအရာ မရှိသေးတော့ ခိုးငိုက်ရမယ် .. ညကျ KTV သွားဖို့ကလည်း ရှိသေး
နောက်ကြရဖို့မလွယ်တဲ့ ပါမစ်ကိစ္စ အပြန်မှာ ၀င်တွေ့ရမယ်
ဟိုတစ်ခေါက် ဘွားတော်မှာထားတဲ့ဟာ ၀င်ပေးရင်း ဟိုကိစ္စ တင်ပြရမယ် …
ဟူးးးးးးး
(မှတ်ချက်။ @%^$*^%**#%&(& )
————————————————————————————–
မမကြီး မိုးဇက်ပုံက လှတယ်နော်
တားတားလည်း ပုံလှလှလေး လိုချင်တယ် ….
Was this answer helpful?
LikeDislikeကိုထူးဆန်း။ ။ကဲ ကဲ ကလေးတွေတန်းစီ မုန့်ဝေမယ်၊ ဟဲ့ သြော် တန်းစီပါဆို ဘယ်လိုဖြစ်လို့အတင်းတိုးနေကြတာတုန်း။
ကလေးများ။ ။ အနော်တို့ကအများကြီး ဦးလေးယူလာတဲ့မုန့်က နည်းနည်းလေး၊ နောက်ကျရင်ဘယ်ရတော့မလဲ
ကိုထူးဆန်း ။ မင်းတို့ဆရာမလေး ဇိ သိမ်းသွားလို့ပါကွယ်..
Was this answer helpful?
LikeDislikeသြော်..
ကျနုပ်တို့ တွေ.ပုရွက်ဆိတ်လောက်တောင် စည်းကမ်းမရှိပါကလား ကထူးဆန်းရေ
အပေါ်က ၂ ယောက် အဆိုးဆုံး
ကြည့်လေ..
တန်းစီ မမန့် ပဲ တစ်ခုက ဘေးထွက်နေတယ်..
Was this answer helpful?
LikeDislikeမှန်လိုက်တာဗျာ၊ ရှက်စရာကောင်းမှန်းတောင်သိပုံ မရဘူး။ အပြန်ကျ ရင်လည်း ကားပေါ် လုတက်ကြ မယ်ထင် တယ်နော်။
Was this answer helpful?
LikeDislikeထူးဆန်း ဆိုတဲ့အတိုင်း ထူးထူးဆန်းဆန်း မြင်တတ်ပါ၏ ။
ကိုးဆယ့်ကိုးစားပါသည် ။
Was this answer helpful?
LikeDislikeအဟိ….မြန်မာကွလို့…အော်လိုက်ရမလားးဗျို့…
Was this answer helpful?
LikeDislikeကိုထူးဆန်းရေ…
“တန်းစီပြီးသွားလာ လှုပ်ရှားနေတဲ့ ပုရွက်ဆိတ် တန်း”…
နဲ့ပတ်သက်ပြီးတီချာဖြင့် မတွေးခဲ့မိဘူး။ မောင်ရင့်အတွေးလေးကို
လိုအပ်ရင် ငှားသုံးမယ်နော်။
Was this answer helpful?
LikeDislikeဆရာမကြီးခင်ဗျား .. ခွင့်တောင်းစရာမလို အကုန်သုံးနိုင်ပါသည် ခင်ဗျား။
Was this answer helpful?
LikeDislikeI like your idea.
Was this answer helpful?
LikeDislikeထောက်ခံပါတယ် ကိုထူးဆန်း၊
တန်းစီတယ်ဆိုတာ ငါ့အလှည့်ရောက်ရင် ရထိုက်တဲ့ အခွင့်အရေးရမှာပါဆိုတဲ့ ယုံကြည်မှုလေးရှိရပါမယ်။
မိုးစက်ရဲ့ ဥပမာလေးက ကွင်းကွင်းကွက်ကွက်ပဲ။
ဒီမှာ မရေရာတာတွေနဲ့ ရင်ဆိုင်နေရတော့ ဗြဟ္မစိုရ်တရားခေါင်းပါးလာရတော့တာပါပဲ။
ရုံးနောက်မကျရေး၊အိမ်စောစောပြန်ရောက်ရေး အတွက် အဖွားကြီးနဲ့ ကိုယ်ဝန်ဆောင် မချန် တိုးဝှေ့ပြီး ကားပေါ်တက်ကြရပါတယ်။
ကြာတော့ အကျင့်တွေပါကုန်ကြရော။
လူကြီးပိုင်းကလည်းပြင် ကလေးတွေကိုလည်း Queue Here ဆိုတာ နားလည်အောင် သင်ပေးကြပါစို့။
Was this answer helpful?
LikeDislikeအဲဒါဟာ နိုင်ငံတကာနဲ့ယှဉ်လိုက်တော့ တော်တော်ကွာနေပြီ။
ဒီမှာ လူတွေမပြောနဲ့ ကားမောင်းကြရင်ကို တန်းစီသွားနေတဲ့ကားတန်းထဲ အတင်းလမ်းလု အတင်းခေါင်းထိုးထည့်တာ နေရာတိုင်းလိုဖြစ်နေပါပြီ။
အဲဒီဒုက္ခက ကားရောင်းထားပြီးလို့ ငြိမ်းသွားပြန်တော့
ဘတ်စ ကားစီးတဲ့အခါ သူများနဲ့ ယှဉ်မတိုးတော့ တက်လို့မရပြန်ဘူး။
ဒါနဲ့ပဲ ညစ်ပတ်စုတ်ပြတ် အန္တရာယ်များပြီး ဆက်ဆံရေးဆိုးဝါးလှတဲ့ တက္ကစီတွေကို မကြာခဏ မှိတ်ကြိတ်စီးနေရတယ်။
Was this answer helpful?
LikeDislikeအရင်တခါ ဒီရွာထဲမှာပဲ တစ်ယောက်ရေးဖူးသေးတယ်။
after you ဆိုတာလေး။
ကိုယ်ကတိုးဝှေ့လိုက်တာကို နိုင်ငံခြားသားက after you လို့ ပြောလိုက်လို့ ရှက်စိတ်ကလေး ဖြစ်သွားတဲ့ အကြောင်း။
နေရာတိုင်းမှာ တန်းစီခြင်းအားဖြင့် စည်းကမ်းရှိတဲ့တိုင်းပြည်၊ စည်းကမ်းရှိတဲ့လူမျိုးဆိုတာ ပြချင်တယ်။
တကယ်တော့လည်း တိုးဝှေ့နေကြတယ်ဆိုတာကိုက မပြည့်စုံမှုများရဲ့ ပြယုဂ်လို့များ ပြောရမလားတောင် မသိပါဘူး။
Was this answer helpful?
LikeDislikeအန်တီပဒုမ္မာ ရေ .. အဲ့ဒီ “ရုံးနောက်မကျရေး၊အိမ်စောစောပြန်ရောက်ရေး” စသဖြင့် စတဲ့ စိုးလို့ဆိုတဲ့ လောဘစိတ်လေးတွေကြောင့် စည်းပျက်ကြတာပါ ။ မထိန်းနိုင်ကြ ထိန်းရမှန်းမသိကြတာပါ ။ ကိုယ့်ခုံနံပါတ်နဲ့ ကိုယ်ထိုင်ရမဲ့ လေယာဉ်လို နေရာတောင် ကိုယ့်ပစ္စည်းလေးတွေ ခေါင်းပေါ်မထည့်နိုင်မှာ စိုးတာနဲ့ အိနြေ္ဒမရ တိုးကြတော့တာ ။
ဦးဦပါလေရာရေ. ကားမောင်းသူများ တနေ့တစ်ခြားကို ပိုဆိုးလာတာပါ .. ချစ်ကိုတို့ဆိုတာ လေးနဲ့တစ်မျိုး ၊ဂရုမစိုက်ဘဲ အတင်းထိုးထည့်တာ တစ်မျိုးနဲ့ နောက်ဆုံး ကျွန်တော့် အသိပြောတဲ့ “တိရစ္ဆာန်တွေလိုသာ သဘောထားလိုက် . အဲ့ဒါဆို ကိုယ်စိတ်ချမ်းသာသွားလိုက်မယ်” ဆိုပြီး ပြောမှ သဘောထားနိုင်မှဘဲ သွေးမတက်ဘဲ သွားလိုရာရောက်တော့တယ် ။
မမရေ “စည်းကမ်းရှိတဲ့တိုင်းပြည်၊ စည်းကမ်းရှိတဲ့လူမျိုးဆိုတာ ပြချင်တယ်။” ရုပ်မြင်သံကြား ကစလို့ လူထုကြားရောက်နိုင်တဲ့ နည်းများနဲ့ စည်းရုံးလှုံ့ဆ်ာတာမျိုးတွေ အရမ်းမြင်ခြင်မိတယ် ။
Was this answer helpful?
LikeDislikeပုံထဲမှာ ဆားဗစ်ပေးနေသူက အများကြီး၊ ကိုယ်စားလှယ်တွေကလည်း မများတာမို့ တန်းမစီတာ အပြစ်မရှိထင်ပါတယ်။ အကယ်၍သာ ကောင်တာမှာ ဆားဗစ်ပေးနေသူကလည်း တဦးစ နှစ်ဦးစသာရှိပြီး ကိုယ်စားလှယ်က အဲသလောက် များနေရင် စုပြုံတိုးဝှေ့နေခြင်းဟာ ထောက်ပြစရာ ဖြစ်ပါတယ်။ အပြုသဘောနဲ့ ဆွေနွေးခြင်းပါနော်။ အခုတလော ကျုပ်စိတ်တွေ ဖောက်ပြန်နေဒယ်။ လူတိုင်းနဲ့ ဘုပြောချင်စိတ်ပဲ ပေါက်နေဒယ်၊ ခွှေးလွှတ်ကြပါ..။
Was this answer helpful?
LikeDislikeကြောင်ပြာသို ကြားဘူးတာ ဦးကြောင် ပြာသိုတုန်းက အလိုမပြည့်ခဲ့ဘူးထင်တယ် ..
Was this answer helpful?
LikeDislike