ဂေဇက်ဘာလဲ..ဘယ်တော့လဲ…
|295- Hits|အကြောင်းအရာကတော့ မနေ့က ကိုမိုးသီးရဲ့ဆိုဒ်ထဲမှာပါလာတဲ့…မဇ္စိုမ သတင်းဌာနက မြန်မာပြည်မှာ ရုံးဖွင့်ပြီးတော့ ပြည်တွင်းသတင်းမီဒီယာအဖြစ်သို့ ၀င်ရောက်လာမယ့် အကြောင်းကိုဖတ်မိပြီး…မန်းဂေဇက်လည်း ဘယ်တော့ မြန်မာပြည်မှာ ရုံးဖွင့်နိုင်မလဲပေါ့နော်..ပြည်တွင်းမီဒီယာအဖြစ်ပါပြောင်လဲဖို့ရှိပါသလားဆိုတာကို သိချင်သောစိတ်ပြင်းပြလာသောကြောင့် ဤပို့စ်တင်ကာ သူကြီးအား ဗျူးလိုက်ခြင်းဖြစ်ပါသည်။(သူကြီးက သူများတွေကိုပဲ ဗျူးနေလို့ သူကိုပြန်ပြီး အခွင့်အရေးရတုံးဗျူးရတာခင်ဗျ)…။
မဇ္စိုမသတင်းဌာန၏ အယ်ဒီတယချုပ် ဦးစိုးမြင့်သည် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေဆုံရန်အပြင် အဆိုပါ ၀န်ကြီးဌာနမှပြုလုပ်သည့် မီဒီယာဖိုလ်ရမ်သို့တက်ရောက်ရန် ဇန်န၀ါရီလ ၂၆ ရက်နေ့ ညနေ ကိုးနာရီအချိန်တွင် ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပါသည်။
ဦးစိုးမြင့်သည် မြန်မာနိုင်ငံတွင် (၆)ရက်ကြာနေထိုင်မည်ဖြစ်ပြီး၊ မဇ္စိုမ သတင်းဌာနကိုလည်း ပြည်တွင်းသတင်းဌာနတစ်ခုအဖြစ်သို့ပြောင်းလဲနိုင်ရန် အားလုံးနှင့်လက်တွဲကာပူးပေါင်းဆောင်ရွက်ချင်ပါကြောင်း ရန်ကုန်တိုင်းဂျာနယ်သို့ပြောကြားခဲ့ပါသည်။
ကျနော်တို့ရဲ့ မန်းဂေဇက်ကြီးလည်း ပြည်တွင်းမီဒီယာအဖြစ်သို့ရောက်ရှိလာနိုင်စရာမရှိဘူးလို့ ပြောလို့မရပါဘူး…အကယ်၍ မန်းဂေဇက်သည် ပြည်တွင်းမီဒီယာတစ်ခုဖြစ်လာခဲ့ပါက ဆိုတဲ့ အတွေးနဲ့အိပ်၍မပျော်နိုင်သောကြောင့် သူကြီးအားအတင်းလှုပ်နှိုးကာ မေးမြန်းစပ်စုကြည့်မိပါသည်။
ရွာသူရွားသားရော စိတ်ဝင်စားကြပါသလားခင်ဗျာ….
ဓါတ်ပုံ..နှင့်သတင်းကို …http;//www.komoethee.blogspot.com မှ ရရှိပါသည်…။
Related posts:
- ပေးစာ
- မေတ္တာ Campaign (အထက်မြန်မာပြည်)က ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့မည့် ငြိမ်းချမ်းရေးပန်ကြားလွှာ ယနေ့ ထုတ်ပြန်လိုက်ပြီ
- မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည့် မိန့်ခွန်းဘယ်လို Live ကြည့်ရမလဲ ??????
- ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံအထွက်ဆုတ်ယုတ်ခဲ့သည့် အတွက်ပဲဈေးနှုန်းများဆက်တိုက်မြင့်တက်နေ
- ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သော တားမြစ်ဆေးဝါး(၅)ခုစာရင်း



သဂျီး ပြန်လာတာ မလာတာ စိတ်မ၀င်စားဘူး
သဂျီး တူမ ပြန်လာမှာကိုပဲ စိတ်ဝင်စားတယ် ….
သဂျီး ရုံးခန်းဖွင့် မဖွင့်စိတ်မ၀င်စားဘူး
သဂျီးတူမ ဖွင့်ဖို့ပဲ စိတ်ဝင်စားတယ် … အဲ သဂျီးတူမ ဦးစီးပြီး ဒီမှာရုံးခန်းဖွင့်မှာကို ပိုစိတ်ဝင်စားတယ်လို့ ပြောတာ … ပြောချင်ဇောနဲ့ လောကြီးသွားလို့ …
……………………………………………………
ကိုဇော်မင်းရေ ကိုဇော်မင်းမေးသလို ကျွန်တော်တို့လည်း သိချင်ပါရဲ့
ဒါပေမယ့် သူကြီးက အာဏာတောင် အသိမ်းခံစေချင်နေတာဆိုတော့ …..
Was this answer helpful?
LikeDislikedvb ကလဲ မြန်မာပြည်မှာ ရုံးထိုင်ဖို့  လာဆွေးနွေးမယ်ကြားတယ်..
အဲတော့..
သဂျီးလဲ တစ်ချက်စောင့်ကြည့်လိုက်ပေါ့..(အခြေအနေကိုပြောတာပါ)
သူရို့ အိုကေရင် သဂျီးလဲ အမေဒီကန်ကနေ စကိုက်ပ်နဲ့  လှမ်းပြီး အ၀ှာပြု..ဒီဝှာပြု ပြောလိုက်
ဒီကနေသများတို့  ရုံးခန်းသန့် ရှင်ရေးလုပ်ထားလိုက်မယ်
ညှင်း..ညှင်း.
Was this answer helpful?
LikeDislikeသဂျီး သန့်ရှင်းရေးသမားလိုရင်ပြော ရွာထဲက စိန်ပေါက်ပေါက်ကိုခေါ်ခိုင်း
ဘီအီးလေး ၂ပတ်လောက်ပေးလိုက် မျောက်က ကခိုင်းတောင်ရတယ်
ချစ်လို့ကိုဖော်
လုံခြုံရေးဆိုလည်း ကိစ္စမရှိ ရွာထဲက လူမိုက် ကိုပေ ဂျက်ကီချီးပေ ရှိတယ်
ဓာတ်ပုံဆရာဆိုလည်း အေးဆေး လေးပေါက်၊ ကိုစိန်သော့၊ ကိုဇာဂီ တို့ရှိတယ်
မော်ဒယ်မလေးတွေလည်းရှိတယ် မအီးတုံး၊မနွယ်၊မဆူး၊….etc
မော်ဒယ်ဘွိုင်းနဲ့ သူဂျီးတူမ အတွက်စိတ်မပူနဲ့ ကျွန်တော်ရှိတယ်
ဟီး
ဒါနဲ့ သူကြီးတူမက လန်းလား
Was this answer helpful?
LikeDislikeဂေဇက်ကို ပြည်တွင်း သတင်းမီဒီယာ ကြိး တစ်ခု အဖြစ် မြင်ချင်ပါသေးတယ်။
အခုလို တင်ပြပေးလို့ ..ကျေးဇူးးပါပဲ..ကိုဇော်မင်းရေ…
Was this answer helpful?
LikeDislikeသဂျီး အခု ယူအက်စ် မှာ စီအိုင်အေ နဲ့ အထူးညှိနှိုင်းဆွေးနွေးနေတယ်တဲ့ ။
ဘိရုမာ မှာ ရုံးဖွင့်ရင် “ပေါက်ဖော်” ကို ဦးစီးခိုင်းမှာ တဲ့ ။
ဂေဇက်အကျိုးကိုဆောင်မယ့် ရွာသူား အားလုံးကို အခြေခံ စလာရီ ဒေါ်လာတစ်ထောင် + အကျိုးခံစားခွင့်များစွာ စီစဉ်ထားပါတယ် တဲ့ ။
( သဂျီးအူးခိုင် ၏ လွှဲအပ်ချက် အရ )
အမိန့် ရအပေါင်ဆိုင် အဲလေ..မွှားလို့ 
အမိန့် ပြန်ပေးသူ = မောင်ပေ
Was this answer helpful?
LikeDislikeဖြစ်လာပါစေကြောင်း ဆုတောင်းပါတယ်ခင်ဗျာ…
တဂျီးးရေ အူးးတာဗျင်လေးးးကို လာဖြေပါဦးးးဗျို့….။
Was this answer helpful?
LikeDislikeသူကြီး ဘီယာနဲ့ ကိုဘေးနွားကင်မြည်းတုန်း ပြီးရင်လာလိမ့်မယ်…။ စောင့်နေ…။
Was this answer helpful?
LikeDislikeကြားဖြတ်ရွေးကောက်ပွဲ အမီ ပြန်လာမှာတဲ့
ရွာသူရွာသားတွေ ညှော်လွန်းလို့ သကြီးမလုပ်တော့ဘူး
ဲပြည်တော်ပြန်ပီး အမတ်လုပ်မှာ တဲ့
Was this answer helpful?
LikeDislikeသူကြီးအိပ်ပျော်နေ၍ အကြောင်းမပြန်နိုင်သေးပါဘူးခင်ဗျာ…အကယ်၍ မန်းဂေဇက်သည်ပြည်တွင်း မီဒီယာအဖြစ်သို့ပြောင်းလဲလာခဲ့မည် ဆိုပါက ရွာသူရွားသားက မည်သို့ကြိုဆိုကြပါမယ်ဆိုတာကိုလည်းသိချင်ပါတယ်။
မန်းဂေဇက်ကို ပြည်တွင်းမီဒီယာအဖြစ်သို့ပါ မြင်တွေ့ချင်ပါတယ်ဆိုရင် အစိမ်းပေါင်းထည့်၍ လည်းကောင်း…
ဒီအတိုင်းပဲ ဆက်ရှိစေချင်ပါတယ်ဆိုရင်တော့ ဒီအတိုင်းပဲထားပေါ့ဗျာ…
ကိုယ်ဘာသာကိုယ် Poll လုပ်ကြည့်တာပါ…။
Was this answer helpful?
LikeDislikeကျုပ်ကလာဂျင်ဘာဒယ်
ခင်ဗျားတို့ သိထားဘို့ဂ ဒီဆိုဒ်မှာ ခင်ဗျားတို့ကို စိတ်ရှိလက်ရှိ
လွပ်လပ်စွာပြောဆိုခွင့်တွေပေးထားတာ
ခင်ဗျားတို့ပေါက်လွတ်ပဲစား ( ကိုပေါက် ပဲဟင်းစားသလို )
ပြောခြင်တိုင်းပြောဆဲခြင်တိုင်းဆဲနေတဲ့ဟာကို
ကျုပ်က လွပ်လပ်ခွင့်ပေးထားတဲ့ ( ကောင် ) ( အရာရှိကို ( အကောင် ) ဟုခေါ်သှ် ) )
တစ်ခြားမကြည့်နဲ့ မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့ကောင် ဘယ်လောက်မိုက်ရိုင်းလဲ
နိုင်ငံဒေါ်လူဂျီးဒွေကို စော်ဂါးဒယ် ကျုပ်ဂိုဆဲဒယ် ကျုပ်သမီးကို ကြံစည်ဒယ်
ကျုပ်နွားလဲလူခိုး ကျုပ်သမီးလဲ
ကျုပ်သမီးလဲ
ကျုပ်သမီးလဲ
ကျုပ်သမီးလဲ …???????????????????
ဒင်းဂိုသတ်မယ်
ဒင်းဂိုသတ်မယ်
Was this answer helpful?
LikeDislike့ပြည်တွင်းမှာ မီဒီယာတစ်ခုအဖြစ်တကယ်ကိုမြင်ချင်ပါတယ်။လက်ရှိဒီရွာသူ/သားတွေကပဲ
သတင်းထောက်ကြီးတွေဆက်လုပ်ပေးကြပေါ့
Was this answer helpful?
LikeDislikeအင်း ဖြစ်လာရင်တော့ကောင်းတယ်..။ ဘယ်တော့လဲ…ဘယ်လောက်ကြာမှာလဲဆိုတာတော့ သူကြီးပဲ သိမှာလေနော့..ဒါပေမယ့် အကောင်အထည်ဖော်ပေးစေလိုပါတယ်လို့တော့ ပြောရမှာပါပဲ…။ ပြည်တွင်းမှာ လာရောက်ပြီး မီဒီယာတစ်ခုအဖြစ်ရပ်တည်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့..။ မကြာမှီ လာမည် မျှော်လား……သူကြီးရေ…ကဲကဲ ဂေဇက်က မန်ဘာတွေလည်း ၀ိုင်းဝန်း ဆော်သြလိုက်ကြပါဦး အ..ထ မြောက်သွားအောင်..
Was this answer helpful?
LikeDislikeသူကြီးဆီက သဘောထားလေးပြောပြပေးပါလား။ကျနောတို့ ကတော့ စိတ်ပါဝင်စားတာအမှန်ပါဘဲဗျာ။
Was this answer helpful?
LikeDislikeမြန်မာပြည်မှာ ပြန်လုပ်ဖို့အစီအစဉ်တော့ ရှိပါတယ်..
မန္တလေးဂေဇက်က.. မြန်မာပြည်ကနေ..ဟိုးအရင်ကတည်းကတည်းက.. ကြည့်လို့ရနေပြီး.. အခုလည်းရနေတာပါ..
ဆိုတော့..
တခြားမီဒီယာတွေနံ ပုံစံတူမယ်တော့မထင်ဘူး..။
..
အဲလောက်ပဲ…။
Was this answer helpful?
LikeDislikeအခြားဟာတွေနဲ့ ပုံစံမတူဘူးဆိုတော့ သဂျီးထုတ်မဲ့စာစောင်က ကင်းမြီးကောက်ထောင် ဇောက်ထိုးမိုးမျှော် ဖြစ်မှာမိုလို့လား…။
Was this answer helpful?
LikeDislike