ကျွန်တော်တို့ နေပြည်တော်မှာဗျာ (၂)
|360- Hits|အရင်ပို့စ်မှာ ကိုကြောင်ကြီးက နေပြည်တော်မှာ ရွေးကောက်ပွဲ အခြေအနေလေးရေးပါဦးလို့ မန်းထားတော့ အဲဒါနဲ့ပတ်သတ်ပီး စိတ်ထဲကျလိကျလိဖြစ်ရတာ ပြောချင်တာလေးတွေ ရှိထားလို့ အမှတ်(၂) ဆိုပီး ဆက်ရေးလိုက်ပါတယ်.။
ပြီးခဲ့တဲ့ အပတ်ထဲမှာ နေပြည်တော်က ၀န်ထမ်းအားလုံး မဲပေးနိုင်ဖို့ရာအတွက် မိမိတို့ လက်ရှိစာရင်းပေါက်တဲ့ အိမ်ထောင်စုဇယားမှ အထွက်စာရင်းလုပ်လာပီး ဒီမှာအိမ်ထောင်စုစာရင်းဝင်ကြရမယ်လို့ အုတ်ကျော်သောင်းနင်း ဖြစ်လိုက်ပါသေးတယ်။
မည်သည့် ပုဂ္ဂိုလ်က ဘယ်သို့မှလိုက်မမှီသော ညဏ်နီ၊ ညဏ်နက်၊ ညဏ်စိမ်း၊ ညဏ်ပြာ၊ ညဏ်မဆလာတွေ သုံးလေသည်မသိ လူဝင်မှုကြီးကြပ်ရေးက စာရောက်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့စည်းကမ်းများနဲ့ လျော်ညီစွာ မဲပေးနိုင်ကြစေဖို့ အိမ်ထောင်သည်၊ တခုလပ်နဲ့ တစ်လင်ကွာ၊ လူပျို ̸အပျိုသိုး အပုပ်အပွ နုနုရွရွပါမကျန် နေပြည်တော် တင်းပြည့်အိမ်ထောင်စုဇယားနဲ့ ပြောင်းကြရမှာပါတဲ့။ ဤလုပ်ငန်းစဉ်ကြီး လျှင်မြန်ချောမွေ့စေရေး စနေ၊တနင်္ဂနွေပါမကျန် ဆောက်ရွက်ပေးကြရန် သူတို့ဘက်က မြို့နယ်ဦးစီးဌာနများအထိ အော်ဒါထုတ်ထားတယ်လို့ဆိုပါတယ်။
(ဓာတ်ပုံကို ja.wikipedia.org မှရပါတယ်)
ဝန်ထမ်းများခမျာ ဒီမှာလည်း တသက်လုံးနေရမှာမဟုတ်ဘဲ (အဲဒီ ဇယားကြီးက င၀ိုင်းလေးမှမကုန်ရင် အ၀င်အထွက် ခက်ကခက်ပါဘိသနဲ့) ဘာ့ကြောင့်ဒီစတန့်က ထွင်ပြန်တာပါလိမ့်ပေါ့။ အိမ်ထောင်စုဇယားမပြောင်းချင်လို့ နယ်ပြန်ပီး မဲပေးမယ်ဆိုလည်း မဟုတ်ရဘူး ဒီက၀န်ထမ်း ဒီမှာပဲပေးရမတဲ့။ အပျိုကြီးဘ၀ တကိုယ်တည်းကျွန်မ ဆိုသူများမှာလည်း နဂိုကမှ ခိုကိုးရာမရှိပါဘူးဆို အမေ့အရိပ်ကပါ ခွဲထွက်ခိုင်းနေပါပေါ့လားနဲ့..။ ငိုချင်ရက် လက်တို့ ဖြစ်ကရောလေ။ အဲ.. သောကြာနေ့ (၂၇.၁.၁၂) မနက်မှ အစိုးရအဖွဲ့ရုံးက ဖုန်းလာပါတယ်.. ထိုကိစ္စ အပြတ်ဟော့မှာ စိုးလို့ထင်ရဲ့ ဒတ်စတော့လိုက်ပါသတဲ့။
ပါတီတွေကို လွတ်လွတ်လပ်လပ် မဲဆွယ်ခွင့်ကတော့ ထူးထူးခြားခြား လှုပ်ရှားမှုသိပ်မလုပ်ကြတာကို သတိထားမိတာလောက်ပဲ.. သေချာမသိပါ။ သမ္မတဂျီးက တံခါးကိုကျယ်ကျယ်ဟပီး အပြောင်းအလဲ မီးစိမ်းလေးပြထားလေတော့ကာ ဟိုပြည်ဒီပြည်ဆီက သံခင်းတမန်ခင်းဆိုသလို ဥဒဟို ၀င်ထွက်နေကြပါရဲ့..။ ပါတီတွေ အနေနဲ့တော့ သူ့နယ်ရယ်လို့ စွန့်ထားလိုက်ပီထင်ရဲ့ မဲဆွယ်တဲ့အကြောင်းကို ခပ်ကျယ်ကျယ်ထွက်မလာသေးဘူး။ အန်တီစုလည်း ရန်ကုန်မှာ ဟိုပွဲဒီပွဲတက်၊ ပဲခူးတို့ဘယ်တို့လည်း ခရီးထွက်၊ ပါတီရုံခွဲတွေလည်းဖွင့်နေတာ လှုပ်ရှားမှုတွေ မပြတ်ရှိပေမယ့်လို့ နေပြည်တော်ဘက်တော့ ဟိုလူကြီးတွေနဲ့တွေ့ဖို့ပဲ ရောက်သေးတယ်။ ဒီနေ့လည်း ထားဝယ်သွားတယ်… ရွေးကောက်ပွဲမတိုင်မီ နှစ်လအတွင်း အရောက်လာမယ်တော့ မျှော်ပါတယ်။ ၀န်ထမ်းဆို သူ့ဘက်သားရယ်လို့ ပေလျကံထားမယ် မထင်ပါဘူး။ (အရင်းအနှီး မတတ်နိုင်လို့ ၀န်ထမ်းလုပ်ပါတယ်.. အသားလွတ် အဆဲခံရတာလည်းရှိတယ်ဗျာ။ ငယ်ပေါင်းတစ်ယောက်ကဆို သံဃာပစ်မှားတဲ့လူတွေခိုင်းတာ လုပ်နေတဲ့ကောင်၊ သူတို့ ငရဲသွားရင် နင်ပါပါမှာတဲ့လေ..။ ၀န်ထမ်းဖြစ်ရတဲ့ဒုက္ခ..)
ရုံးမှာ ဘယ်သူ့ပဲ မဲထည့်ရမယ်လို့တော့ ဘိုင်ဖို့စ် အလုပ်မခံရပါဘူး။ ကြိုတင်မဲကတော့ (ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့စည်းကမ်းများနဲ့ အညီပေါ့ဗျာ) ရှိအုံးမယ်လို့ သတင်းတွေမှာကြားပါတယ်။ ပါတီများအားလုံးကြပ်မတ် ပေးဖို့လိုပါတယ်။
ဘယ်ဘက်ကနိုင်ခြေရှိလည်းဆိုရင် ကျွန်တော်ပြောခဲ့သလိုပေါ့.. ၀န်ထမ်းဟူက သူ့ဘက်တော်သား ဆိုတဲ့အမြင်ကို ဖျောက်နိုင်မှ တော်ကာကျမယ်။ (သစ္စာဓိဌာန် ငါးချက်ကို အားလုံးဆိုဖို့ လိပ်ပြာမလုံဘူးဆိုတဲ့ ဗိုလ်ကြီးတွေရှိပါတယ် ကိုယ်တွေ့ပါ)
ခက်နေတာကဗျာ.. ဦးရွှေမန်းတို့ ဦးသိန်းစိန်တို့ မဟုတ်ဘဲ ငါတို့က ဘယ်သူ့မဲပေးရမှာပါလိမ့်လို့ ညည်းတဲ့ ဒေါက်တာ အော့ဖ် ဖီလိုဆိုဖာ ဘွဲ့ရ၊ နိုင်ခြံကား လေး၊ငါးခေါက်ပြန်တဲ့ အရာထမ်းများလည်းရှိနေကြောင်းပါ။
နောက်တစ်ချက်က ဘယ်လောက်ပဲ ဒီပါတီကြိုက်ကြိုက် ဟစ်ပ်ဟော့အဆိုတော်ကိုတော့ မဲမပေးချင်ဘူး ဆိုလာသူလည်းရှိပါသေးတယ်။ ကိုယ်ကြိုက်လို့မဲပေးလိုက်ပီး အထဲရောက်မှ ပေါက်တတ်ကရလုပ်မှာစိုးပါသတဲ့။ ကျွန်တော်တို့ထက်တော့သာတယ်ဗျာ၊ သူ့ယုံကြည်ချက်အတွက် ထောင်ထဲကတောင် မကြာသေးခင်မှ ထွက်လာရှာတာလို့ ကျွန်တော်ပြောမှ အဲလိုဆိုရင်တော့ ထားပါတော့တဲ့။ ကိုဇေယျာသော်ကိုဖြင့် လေးစားပါတယ်ဗျာ.. ဒီလိုဒီလို အကြောင်းလေးတွေကိုလည်းသိစေချင်ပါတယ်။ ၀န်ထမ်းတွေအပေါ် အမြင်ကိုလည်း ပြောင်းစေချင်ပါတယ်၊ ၀န်ထမ်းတွေရဲ့ အမြင်ပြောင်းအောင် လှုပ်ရှားကြပါအုံးလို့လည်း တိုက်တွန်းပါရစေ။
ကျွန်တော် တစ်ယောက်တည်းရဲ့ သဘောကတော့
အခွင့်ထူး ခံပြီး ခေါင်းရှောင်တတ်တဲ့ သူတွေထက်
အနစ်နာ ခံပြီး ခေါင်းဆောင်မယ့်သူကိုသာ ကြိုလင့်ပါကြောင်း….
Related posts:



ရွာစားကျော်နဲ့ ထပ်တူ
အခွင့်ထူး ခံပြီး ခေါင်းရှောင်တတ်တဲ့ သူတွေထက်
အနစ်နာ ခံပြီး ခေါင်းဆောင်မယ့်သူကိုသာ ကြိုလင့်ပါကြောင်း….
နောက်ထပ်လဲမြင်တာလေးတွေ အော်ပါဦး..
Was this answer helpful?
LikeDislikeနေပြည်တော်မှကြိုဆိုပါ၏ နောက်မှာထန်းပင်တွေနဲ့
Was this answer helpful?
LikeDislikeအဲဒါ အထာ အထာ
မြွေမြွေချင်း ခြေမြင်ဆိုသလို
သမားဆိုတော့ ကျော်မြင်တယ်.. ထန်းပန်ကို
Was this answer helpful?
LikeDislikeဟုတ်ကဲ့ပါဗျာ…ရွာစားကျော်လိုပဲ
အခွင့်ထူး ခံပြီး ခေါင်းရှောင်တတ်တဲ့ သူတွေထက်
အနစ်နာ ခံပြီး ခေါင်းဆောင်မယ့်သူကိုသာ ကြိုလင့်ပါကြောင်း….
Was this answer helpful?
LikeDislikeမကြာမီ လာမည် မျှော်
သို့သော်
မျှော်တော်ဇော ဖြင့် မောနေရမည်သာတည်း ။
Was this answer helpful?
LikeDislikeအော်စရာရှိတာ အော်ပဗျို့ အားပေးနေဒယ်
သန်း ၁၀၀ စီမံချက်များကို ချမှတ်ပေးမည့်
ဦးဆောင်သူများကို မျှော်လင့်နေကြောင်း
လူပြိုဂျီးးး
မင်းကောင်
Was this answer helpful?
LikeDislikeကျွန်တော် သိသလိုပြောမယ်နော်.. အဲဒီ မဲ ပေးတဲ့ နေရာမှာ Pressure မကင်းဘူး.. အထက်ကနေ နောက်က လိုက် အရိပ်ထိုးနေတယ်.. ကျွန်တော် ကြားမိတာကတော့ ကြိုတင်မဲ ဆိုပြီးတော့ ယူခိုင်းတယ်၊ ပြီးတော့ သူ့ရှေ့မှာ ဒီနေရာ အမှန်ခြစ် လို့ပြောတာတွေ ရှိနေပါတယ်.. ကျွန်တော်နဲ့ ခင်ဗျားနဲ့ က သူငယ်ချင်း တွေ ဖြစ်နေပေမယ့်၊ ခင်ဗျားက နိုင်ငံတော် အတွက် တစ်ကယ် မလုပ်ဘူး လို့ယူဆရရင် ကျွန်တော်က ခင်ဗျားကို မဲမပေးပါဘူး၊ ဆိုလိုချင်တာက ပြည်သူတွေမှာ ကြောက်တာ ရှိနေပါတယ်၊ မဲမပေးတတ်တဲ့သူတွေ ရှိနေပါတယ်၊ ကျွန်တော်ကတော့ စိုးရိမ်မိပါတယ်၊ ရွာစားကျော် ပြောသလိုပါပဲ
အခွင့်ထူး ခံပြီး ခေါင်းရှောင်တတ်တဲ့ သူတွေထက်
အနစ်နာ ခံပြီး ခေါင်းဆောင်မယ့်သူကိုသာ ကြိုလင့်ပါကြောင်း…
Was this answer helpful?
LikeDislikeရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်းကို ရွေးဂေါက်ပွဲကော်မရှင်ရုံးက အတည်မပြုသေးလို့ တရားဝင်စည်းရုံးခွင့်မရသေးလို့ သိထားပါတယ်။ လာမည့်နှစ်ပတ်လောက်အတွင်းမှာ ရွေးကောက်ပွဲစည်းရုံးမှုများ စတင်လိမ့်မယ် ထင်ပါတယ်။ အခုလို ရွာစားကျော် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ဆွေးနွေးတာ အလွန်တန်ဖိုးရှိပါတယ်။ ဆက်ပြီးတော့လည်း သိပါရစေအုံး။ မိမိလုံခြုံရေးကိုလည်း ဂရုစိုက်ပါ။။။ တခုခုဖြစ်ရင် သဂျီးကအနေသာကြီး…ဝမ်းနည်းစိတ်မကောင်းဖြစ်ကျန်ခဲ့မှာ ကျုပ်တို့ရွာသူားတွေ…။
Was this answer helpful?
LikeDislikeမှန်လိုက်တာ ဇာတို့လည်းနေပြည်တော်ဝန်ထမ်းဆိုတော့ ပထမက အိမ်ထောင်စုစာရင်းထဲက ခွဲထွက်ရမယ် ဆိုတော့ တော်တော်လေးကို စိတ်တိုနေတာ အခုတော့ ခွဲထွက်စရာ မလိုတော့ဘူးလို့ ကြားတယ် ပါးစပ်က ဖွင့်မပြောရဲပေမယ့် စဉ်းစားကြည့်အုံးလေ သူ့ဆန်စားရဲ ဆိုသလို စိတ်မပါပဲ မဲလဲပေးရအုံးမယ် ဒီလို အိမ်ထောင်စု စာရင်းထဲကပါ ခွဲထွက်ခိုင်းတယ်ဆိုတော့
Was this answer helpful?
LikeDislike၀င်ရောက်ဖတ်ရှုအားပေး မန်းမှုတ်သွားကြတဲ့
စိန်ပေါက်ပေါက်, water-melon, kotun winlatt, ဘမျိုး ဘိုးတူ,
အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ သီရိပျံချီ KING , မိုးမြင့်သူ,
ဦးကြောင်ကြီး နဲ့ zarlay တို့ကို ကျေးဇူးတင်ပါတယ်ဗျာ..
the voice နဲ့ အင်တာဗျူးမှာ ၈၈ က ကိုလှမျိုးနောင် ပြောထားတယ်
ဒီအချိန်မှာမှ ထ မရပ်ရင် ဒီ generation(မျိုးဆက်) waste (အချည်းနှီး) ဖြစ်သွားလိမ့်မယ် တဲ့။
ရှေ့ဆုံးက ထ ရပ်နေတဲ့ သူတွေနဲ့စာရင် ကျနော်က ပုဆိုးခြုံပီး လက်ညှိုးထောင်ပြရုံလောက် ရှိတာပါ။
တခုခုဖြစ်တော့လဲ ဦးကြောင်မေးလို့ ဖြေရတာပါလို့ ဆိုလိုက်မှာပေါ့..
အဖော် လိုက်မယ်မလား
Was this answer helpful?
LikeDislikeဟစ်ဟော့အဆိုတော်ကိုတော့ မဲမပေးချင်ဘူးဆိုတဲ့ စကားကြားရတာ
စိတ်ထဲတမျိုးဖြစ်နေသလားလို့။
သူ့ခေတ်နဲ့ သူ့အနုပညာရေစီးကြောင်းကို မလိုက်နိုင်တိုင်း
တွံတေးသိန်းတန်သီချင်းမှ၊ စိုင်းထီးဆိုင်မှ ဆိုပြီး ခေတ်ကို တားထားလို့ ရနိုင်ပါ့မလား။
ဒေါ်စုပြောတဲ့အထဲမှာ တစ်ဦးချင်း တစ်ယောက်ချင်းကို မဲပေးတယ်လို့ သဘောမထားပါနဲ့လို့ ပြောတာ ကြားလိုက်မိသလားလို့။
နောက်ပြီး သူတို့ပါတီအနေနဲ့လည်း သက်တမ်းကြာလာတာနဲ့အမျှ သူ့ပါတီဝင်တွေကို ထိန်းကျောင်းနိုင်ပါတယ်လို့ ပြောထားပါသေးတယ်။
Was this answer helpful?
LikeDislikeပြောဖို့ကျန်သွားလို့-
ဇေယျာသော်အနေနဲ့လည်း လူငယ်ပီပီ ဟစ်ဟော့ဆိုတာလည်း ဆိုပေမယ့်
ခုတော့လည်း လည်ကတုံးနဲ့ လူကြီးလူကောင်းလို ၀တ်စားဆင်ယင်တာအပြင်
သူနဲ့ မေးမြန်းပြောဆိုတာတွေမှာ တွေ့ရတာကတော့ စကားပြောတဲ့နေရာမှာ တိတိကျကျ ပြတ်ပြတ်သားသားအသံကို ကြားရတာနဲ့ သူ့ကိုလည်း အမှတ်ပေးမိပါတယ်။
Was this answer helpful?
LikeDislikeကျေးကျေးပါမမရေ
ကိုယ်ရေးရာဇ၀င်ကို သေချာမသိတဲ့လူတွေ စိတ်ထဲမှာ
ကိုဇေယျာသော် အသက်ငယ်တာကြောင့်ရော၊ သူ့ ပရော်ဖက်ရှင်နယ်အလုပ်ကြောင့်ရော
မချင့်မရဲ ဖြစ်ကြပုံပဲ
အန်တီစု ခရီးစဉ်တွေကြောင့် ပိုပီးနားလည်လာကြမယ် မျှော်လင့်ပါတယ်ဗျာ
နောက်ပိုင်းမှာလည်း ကိုဇေယျာသော် ပိုအားထုတ်ဖို့လိုလိမ့်မယ်
Was this answer helpful?
LikeDislikeနေပူတော်မှ ကြိုဆိုပါတယ်။ မြို့တော်ဆိုပေမယ့် ထန်းရိပ်နဲ့ဆိုတော့ အေးမယ်ထင်မိတာပေါ့။ ကွင်းပြောင်ပြောင် နေပူပူမှာ ချွေးတစိုစို ကားခဈေးကြီးကြီးနဲ့ မြို့တော်ကြီးကို ကြိုဆိုနေလည်း မလာချင်ဖြစ်မိပါရဲ့….
Was this answer helpful?
LikeDislikeအို
လှမ်းလာခဲ့ပါ
မနောဖြူကညာ
နေပြည်တော်သားတွေ
ရှိနေတာ
ကိုငှက်သီချင်းမှာ
ဆိုထားတာ..
:sing: နွေနေပူမှာ ရွှေရင်အေးအောင် ကိုယ်လေ အေးသော ယပ်တောင်လေး ..
ရင်ထဲမှာအေးမြသွားမယ် ဒန် ဒန့် ဒန်.. ဟီး နောက်တာ
Was this answer helpful?
LikeDislikeဘယ်ဘက်ကနိုင်ခြေရှိလည်းဆိုရင် ကျွန်တော်ပြောခဲ့သလိုပေါ့.. ၀န်ထမ်းဟူက သူ့ဘက်တော်သား ဆိုတဲ့အမြင်ကို
ဖျောက်နိုင်မှ တော်ကာကျမယ်။ (သစ္စာဓိဌာန် ငါးချက်ကို အားလုံးဆိုဖို့ လိပ်ပြာမလုံဘူးဆိုတဲ့ ဗိုလ်ကြီးတွေရှိပါတယ်
ကိုယ်တွေ့ပါ)
ခက်နေတာကဗျာ.. ဦးရွှေမန်းတို့ ဦးသိန်းစိန်တို့ မဟုတ်ဘဲ ငါတို့က ဘယ်သူ့မဲပေးရမှာပါလိမ့်လို့ ညည်းတဲ့ ဒေါက်တာ
အော့ဖ် ဖီလိုဆိုဖာ ဘွဲ့ရ၊ နိုင်ခြံကား လေး၊ငါးခေါက်ပြန်တဲ့ အရာထမ်းများလည်းရှိနေကြောင်းပါ။
Was this answer helpful?
LikeDislike