အခုခေတ်မှာ မြန်မာပြည်ရဲ့ ရုပ်မြင်သံကြား လိုင်းပေါင်းစုံတွေမှာ
ကိုရီးယားဇာတ်လမ်းတွေကို ပြသတာ အလွန်အင်မတန်များပြားလာပါတယ်။

ကိုရီးယားဇာတ်လမ်းတွေကို ကြည့်ရှု့အားပေးနေကြတဲ့ မြန်မာပရိတ်သတ်ကြီးဟာလည်း
ကိုရီးယား မင်းသား မင်းသမီးတွေကို ကိုယ့်ဆွေကိုယ့်မျိုးတွေလို ရင်းနှီးလာပါတယ်။

မြန်မာလို ဘာသာပြန်ပေးတာမို့လို့ ဇာတ်လမ်းကို ရေရေလည်လည် နားလည်ကြရပြီး
ကိုရီးယားလူမျိုးတွေရဲ့ ဓလေ့ထုံးစံတွေ၊ အစားအစာတွေ၊
ကိုရီးယားနိုင်ငံရဲ့ သဘာဝအလှအပတွေနဲ့ ရင်းနှီးကျွမ်းဝင်လာတာပေါ့။

ဒါပေမယ့် မင်းသားမင်းသမီးတွေရဲ့ ကိုရီးယားနာမည်အရင်းကို မသိကြတော့
စကားပြောကြတဲ့အခါ ဇာတ်ကားထဲက နာမည်ကိုပဲ ပြောနေကြရပါတယ်။

ဂျာနယ်တွေ စာစောင်တွေမှာ ကိုရီးယား မင်းသားမင်းသမီးတွေရဲ့ အကြောင်းကို နာမည်အရင်းနဲ့ ဖော်ပြတဲ့အခါ ဓာတ်ပုံမပါရင် ဘယ်သူမှန်းမသိ၊ အူလည်လည် ဖြစ်နေရတာပေါ့။

အဲဒီနေရာမှာ မင်းသားမင်းသမီးတွေရဲ့နာမည်အရင်းကို မြန်မာလိုရေးပေးရင်
မြန်မာပရိတ်သတ်လည်း နိုင်ငံတကာနဲ့အမှီ လိုက်နိုင်လာလိမ့်မယ်ထင်မိပါတယ်။

ဇာတ်လမ်းအစမှာ ဇာတ်လမ်းထဲက နာမည်နဲ့ နာမည်အရင်းကို တွဲရေးပေးလိုက်မယ်ဆိုရင်
ကိုရီးယားမင်းသား မင်းသမီးတွေနဲ့ မြန်မာပရိတ်သတ်ရဲ့ ရင်းနှီးကျွမ်းဝင်မှုကို တိုးတက်စေမယ်။

ကိုရီးယားမင်းသားမင်းသမီးတွေ၊ ကိုရီးယားဇာတ်လမ်းတွေကိုလည်း ပိုမိုအောင်မြင်စေမယ်လို့ ထင်မြင်မိပါတယ်။

ကျမကတော့ ကိုရီးယားမှ ကိုယ့်ဆွေကိုယ့်မျိုးများနဲ့ ရင်းနှီးချင်မိပါတယ်။ :lol:

MaMa

About MaMa

Ma Ma has written 57 post in this blog.

ဗေဒင်ဆရာ မမေးပဲ နာမည်ပေးလိုက်မယ်။ သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေကို အားကျပြီး ရေးမိရေးရာ ရေးထားတဲ့ လက်စမ်းစာပေလို့။

Related posts:

  1. ကိုရီးယား အင်မီဂရေးရှင်းကို လူ့ အခွင့်အရေးချိုးဖောက်မှုနှင့် တရားစွဲပြီ။
  2. တခါတုန်းက အေသင်ချိုဆွေ နဲ့ ဖွေးဖွေး…
  3. တို့မြန်မာ သောက်ပေါရုပ်ရှင်ကားများ
  4. မြန်မာပြည်ရဲ့ ၀ါရင့် ဒါရိုက်တာကြီး အတွေး
  5. မြန်မာပြည်မှ ရွသော၊ထသော မင်းသမီးများ …..