14
လူ့ စည်း နဲ့ လမ်းမျဉ်း
|194- Hits|
နိုင်ငံခြားသား ဧည့်သည်တစ်ယောက် အလုပ်ကိစ္စနဲ့မြန်မာပြည်ရောက်တုန်း စကော့ဈေးထဲ ခြေဦးလှည့်ချင်တယ်ဆိုတာနဲ့ လိုက်ပို့ပေးဖို့ … ဗိုလ်ချုပ်လမ်းအတိုင်းလျှောက်လာခဲ့ပါတယ် … ။ သူတည်းခိုတဲ့နေရာက ထရိတ်ဒါးဟိုတယ်မှာ ဖြစ်လို့ …. ဗိုလ်ချုပ်လမ်းအတိုင်းနောက်ပြန်လျှောက်ခဲ့ကြတ ယ် ။ တစ်ဖက်လမ်းကို ကူးဖို့ ကားရှင်းတဲ့ အချိန် ကျွန်မက မျဥ်းကြားရှာမနေတော့ပဲ အလွယ်သာ ကူးဖို့ ပြင်လိုက်ပါတယ် ။ သူ့ကိုလည်း ကူးဖို့ အသံပေးရင်း ကားအလစ်ဖြတ်ကူးမယ်အလုပ် … ကျွန်မကို လမ်းပေါ်က ဖြတ်မကူးဖို့ တားပြီး ရှေ့ဆက်လျှောက်ပါတော့တယ် …. ။ ဗိုလ်ချုပ်လမ်းလို နေရာမျိုးက ကားအသွားလာ ပြတ်တယ်လို့မရှိပါဘူး .. ကားလမ်းကူးလျှင် ကားသွားလာများတာကြောင့် …စိတ်ရှည်လက်ရှည်နဲ့ ကူးရတဲ့ လမ်းမျိုးဖြစ်တာမို့ … ကားလစ်တုန်းကူးဖို့ ပြင်ရတာပါ … ။ ထို နိုင်ငံခြားသားက ဆက်လျှောက်နေတာကြောင့် …ကျွန်မလည်း … ကားလမ်းမကူးဖြစ်ပဲ နောက်ကဆက်လျှောက်ရပါတော့တယ် …။
ဂရမ်းမီးရထားရှေ့က လူကူးမျဉ်းကြားလည်းရောက်ရော … မပြောမဆို ဖြတ်ခနဲ လမ်းကူးတာ ကျွန်မဖြင့် ကြောင်ငေးကြည့်ပြီး ဒီဘက်ပလတ်ဖောင်းပေါ်ကပဲ .. ပါးစပ်အဟောင်းသားပေါ့… သူကတော့ … ကားတိုင်း သူ့အမျိုးကားလိုများတွေးသလားမှတ်တယ် … အေးဆေးလက်ပြပြီးဖြတ်ကူးတာ ဟိုဘက်ကားလမ်းရောက်သွားပါလေရော … ။ ကားတွေကလည်း လက်တားပြီးကူးတဲ့ သူ့ကို ရပ်ပေးတဲ့ကားရှိသလို .. အနားရောက်မှ ဘရိတ်စောင့်အုတ်တဲ့ကားလည်းရှိတယ် … တချို့ လိုင်းကားတွေရဲ့ မေတ္တာပို့သံလည်း ကြားရပါသေးတယ် … ။ ကားရှင်းတဲ့အချိန် လမ်းဖြတ်ကူးရအောင်ဆိုတုန်းကတော့ … မကူးပါပဲ .. ကားတွေလာတော့မှ မကြောက်မရွံ့လက်တားကူးတာ … ဒီလူ ကြပ်ရော ပြည့်ပါ့မလားလို့ ကြံကြံဖန်ဖန်တွေးဇဝေဇ၀ါဖြစ်မိတဲ့အထိပါပဲ … ။ ကားတွေအတော်တန်ရှင်းအောင် စောင့်ပြီးမှသာ တစ်ဘက်ကားလမ်းကို ကျွန်မကူးရဲခဲ့ပါတယ် … ။ သိချင်စိတ်က ထိန်းမရတာကြောင့် … လောလောလတ်လတ်ပဲ သူ့ကို မေးကြည့်မိပါတယ် ။
သူတို့နိုင်ငံမှာ ယာဉ်တွေရော လူတွေပါ လမ်းပေါ်ရောက်နေတဲ့အချိန် ချမှတ်ထားတဲ့ စည်းကမ်းအတိုင်းသာ ပြုမူလုပ်ဆောင်ကြပါသတဲ့ … ။ ကားတွေဆိုလည်း လမ်းပြောင်းပြန်မောင်းတာမရှိသလို ၊ ဖြူနီကြားမရပ်တာမျိုး ၊ ဂငယ်ကွေ့မကွေ့ရဆိုတဲ့နေရာမကွေ့တာမျိုး (မြင်ကွယ်ကွယ် ၊ မမြင်ကွယ်ကွယ်မလုပ်ကြဘူးတဲ့လေ ) ။ ဒီလိုပါပဲ … လမ်းလျှောက်သူများအနေနဲ့ကလည်း သတ်မှတ်ထားတဲ့ လမ်းလျှောက်တဲ့ ဧရိယာကသာ လျှောက်ကြပြီး လူကူးမျဉ်းကြားက ဘယ်လောက်ပဲ ဝေးဝေး … အဲ့ဒီက သွားကူးပါတယ်တဲ့ … ။ အရင်က ကျွန်မမကြားဖူးတဲ့ စကားကတော့ … သူတို့နိုင်ငံမှာ လူကူးမျဉ်းကြားက ကူးတဲ့လူကို တိုက်လျှင် အတော်အပြစ်ကြီးတယ်ဆိုပဲ …. ။ လူကူးမျဉ်းကြားမျာ လူရှိတာနဲ့ … ကားတွေ အရှိန်လျှော့ရပ်ပေးကြပြီး ဖြတ်သန်းမှု ပြီးမှသာ ဆက်လက်ထွက်ခွာ မောင်းနှင်ကြပါတယ်တဲ့ … ။ ဘယ်လောက်ပဲ အရေးကြီးကြီး မျဉ်းကြားကလမ်းဖြတ်ကူးသူကို ဦးစားပေးပြီး ရပ်တန့်ပေးကြပါသတဲ့ … ။ ဒါကြောင့်လည်း သူက သူ့အတွေးနဲ့သူ လက်ပြပြီးကားလမ်းကူးရဲတာကိုးလို့ ပြုံးမိပြန်တယ် …။
##############
လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ်လောက်က အဖြစ်ပျက်လေး သတိရမိပြန်တယ် … ။ ကျွန်မတစ်ယောက်တည်း မြေနီကုန်းဂမုန်းပွင့်သွားပြီး ခဏပြန်အလာ မြေနီကုန်းပန်းခြံရှေ့ကနေ ပြည်လမ်းမပေါ်ကို ကားလမ်းကူးမျဉ်းကြားက မကူးပဲ ကြုံသလို ကူးတုန်း .. လမ်းလည်ခေါင်ရောက်မှ ပလိတ်ဖမ်းခံရပါလေရော … ။ ကားတွေက များလို့ ဖြတ်ပြေးလို့ကလည်းမရတာနဲ့ ..ယောင်လည်လည်နဲ့  ယာဉ်စည်းကမ်းထိန်းသိမ်းရေးကားကြီးပေါ်ပါသွားပါတယ် … ဒိုင်နာကားလိုမျိုး14ပေကားကြီးမှာ ဗီနိုင်းတွေနဲ့ယာဉ်စည်းကမ်းထိန်းသိမ်းရေးလို့လည်းရေးထားသေးတယ် … ။ အဲ့ဒီကားပေါ်မှာ ကျွန်မလို ဘ၀တူတွေ .. ပုပုကွကွနုနုရွရွ အရွယ်ကိုစုံလို့ပေါ့ … ။ အားလုံးကတော့ မျက်နှာသေလေးတွေနဲ့ …. ရှုံ့မဲ့မဲ့ပေါ့ … ။ ကားကလည်း လူမပြည့်လျှင် မထွက်တဲ့ လိုင်းကားတွေလိုပါပဲ .. စောင့်ပြီးဖမ်းနေတုန်း…ကားပေါ်က လူတွေကို အထူးဆန်းသတ္တ၀ါလေးတွေလို ပြူးပြဲကြည့်တဲ့ လမ်းသွားလမ်းလာတွေကြောင့် .. ခေါင်းလေးတောင် ခဏဖြုတ်ပြီး ဖွက်ထားမိချင်ပါရဲ့ … ။ ထိုင်စရာနေရာလည်းမရှိတော့မှ … ကျွန်မတို့ကို လှည်းတန်းက ရုံးကိုခေါ်ပြီး ဒဏ်ကြေးတပ်ကာ စည်းကမ်း အကြောင်း လက်ချာရိုက်ပြီး ပြန်လွှတ်လိုက်ပါတယ် .. အဲ့ဒီတုန်းက ပေးလိုက်ရတဲ့ ဒဏ်ကြေးက နှစ်ထောင်နှစ်ရာလောက်သာဖြစ်ပေမယ့် .. ဒဏ်ကြေးထက်ပိုတဲ့ အသိဥာဏ်တော့ရလိုက်ပါတယ် … ။ အသိဥာဏ်ဆိုတာမျိုးကလည်း ရတာသာရှိတာ ကိုယ်တိုင် လိုက်နာ မကျင့်သုံးဖြစ်လျှင်တော့ .. စွဲမြဲတဲ့ အကျင့် မဖြစ်နိုင်ဘူးပေါ့လေ … ။ ဒါကြောင့်လည်း .. ဗိုလ်ချုပ်လမ်းပေါ်မှာ တွေ့ကရာနေရာက ကားရှင်းတာနဲ့ ဖြတ်ကူးဖို့ ကြံခဲ့မိတာလေ … ။
နိုင်ငံခြားသားပြောပြတဲ့ အကြောင်းလေးသိရတော့မှ … လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ်က အဖြစ်ပျက်လေး ခေါင်းထဲ ပြန်ပေါ်လာပြီး ဒီလိုအသေးဖွဲကစလို့ .. ကိုယ့်စိတ်ဓါတ်ကိုပြင်ရမယ်ဆိုတဲ့ အသိဖြစ်မိပါတယ် … ။ မိမိအဆင်ပြေဖို့အတွက် အတ္တတစ်ခုတည်းရှေ့တန်းတင် မမြင်ကွယ်ရာလုပ်တတ်တဲ့ အကျင့်လေး သံမှိုစွဲနေတာ .. နှုတ်ရခက်လှပါတယ် … ။ ကိုယ်တွေ ဒီလိုလုပ်လို့ …နောက်လူလည်း ထပ်ကူးမယ် … ဆိုလျှင်ဖြင့် … ခေတ်တွေ ၊ စနစ်တွေ ၊ နှစ်တွေသာပြောင်းသွားမယ် … သတ်သတ်မှတ်မှတ် လူကူးမျဉ်းကြားကို သွားကူးတဲ့ အကျင့်ဖြစ်လာကြမှာ မဟုတ်ပါဘူး … ဘယ်သူဘယ်ဝါကလုပ်သည်ဖြစ်စေ .. မလုပ်သည်ဖြစ်စေ .. မိမိကိုယ်တွင်းရှိတဲ့ စိတ်ကလေးကနေစတင်ပြီး ပြုပြင်ယူလျှင် … အတုမြင်အတတ်သင်တတ်တဲ့ လူသားတွေဆီပါ .. အကျင့်ကောင်းလေးတွေ ကူးစက်လာမယ်လို့ ထင်မိပါတယ် … ။
အားလုံးပဲ … မျဉ်းကြားကလမ်းမကူးလို့ ဒဏ်ရိုက်ခံခြင်းမှ ကင်းဝေးပါစေလို့ ဆန္ဒပြုလိုက်ပါတယ် … ။
p.s // ( ဒီရက်ပိုင်းအတွင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးက … မျဉ်းကြားက မကူးတဲ့လူတွေကို ပြန်ဖမ်းနေတာမြင်တာကြောင့် … ရေးဖြစ်ခဲ့ပါတယ် … ။ မီဒီယာတွေကနေလည်း .. ထိရောက်စွာ အရေးယူမယ်လို့ ကြေငြာထားတာတွေ့ရပါတယ် … ။ ဒဏ်ကြေးဘယ်လောက်ဖြစ်သွားပြီလဲ မသိဘူး … ဈေးဦးပေါက်ဖူးတဲ့ သူများရှိလျှင် အတွေ့ကြုံလေးတွေ ပေးကြပါဦးနော့် )
Related posts:


တော်ဘီ တော်ဘီ တင်းလာပြီ .. အက်ဒစ်လုပ်တာ .. ဆယ်ခါရှိတော့မယ် … ခဏခဏပဲ .. လိုင်းတွေပူးနေလို့ ကြားထဲက စာပိုဒ်လေးတွေခွဲထားတာ .. အခုတော့ စာပိုဒ်က ထူလပြစ်ဂျီး … မုန်းစရာကောင်းတယ် … ။ အက်ဒစ်မလုပ်တော့ဘူး … ။
Was this answer helpful?
LikeDislikeဟယ်
ပြန်ဖမ်းနေပြီဆိုတော့
သတိထားမှ
လှည်းတန်းသွားရင် လစ်ရင်လစ်သလို ကူးတာဆိုတော့
ရှော့ရှိတယ်..
ညှင်း.ညှင်း..
Was this answer helpful?
LikeDislikeတုံတုံ ရေ – အတော်လေး နာယူဖို့ ကောင်းတဲ့ Post လေးပါဘဲ။
မြန်မာပြည်မှာ က “ဂျာအေး သူ့အမေရိုက်” သလို ဖြစ်နေတာ။
တစ်ခါတစ်ခါ ကားတွေကလဲ လူကူးမျဉ်းကြား မှာတောင် မရပ်ဘဲ စွတ်မောင်း တာကြုံ ဘူးပါတယ်။
ရှေ့ က ကား က လူကူးမျဉ်းကြား မို့ ရပ်ပေးရင်တောင် နောက်က ကားတွေ က ဟွန်းတီး ဆဲပြီး ကျော် သွား တတ်ပါတယ်။
အဲဒီ ဟွန်းတီး ဆဲပြီး ကျော် သွား တဲ့ ကားတွေထဲ မှာ လူအပြည့် နဲ့ လိုင်းကား တွေပါသလို ဖိုးဝှီး ဒရိုက် ကားကြီး တွေ လဲ ပါပါကြောင်း။
ဒီတော့ လူကူးမျဉ်းကြား မှာ ရဲ အစောင့် မရှိ ရင် လူတွေ လဲ မကူးရဲ ဖြစ်ကုန် တာလဲ အချက်တစ်ချက်ပါဘဲ။
Was this answer helpful?
LikeDislikeအီတုံးရေ- လူကူးမျဉ်းကြားက မကူးတာ၊ နေရာတကာ တန်းမစီပဲ တိုးဝှေ့တာ၊ အမှိုက်ကို စည်းကမ်းမရှိပစ်တာ အဲဒါတွေအားလုံးကို ပြုပြင်ပြောင်းလဲဖို့ လူတွေအားလုံး အသိရှိလာအောင် သဂျီးပြောသလို နိုင်ငံတော်အဆင့်နဲ့ campaign လုပ်ရင်ကောင်းမယ်။
ပြောမယ့်သာ ပြောရတယ် ကိုယ်တိုင်တောင် အဲဒီစည်းကမ်းတွေကို အပြည့်အ၀ မလိုက်နာဖြစ်ဘူး။
Was this answer helpful?
LikeDislikeတောမှာနေရတာပဲကောင်းတယ်…။ လမ်းကူးဖို့မျဉ်းကျားလဲမရှိဘူး…။ ကတ္တရာလမ်းပေါ် လမ်းကြမ်းကြီးတစ်ဒိုင်းဒိုင်း ဆောင့်မောင်းနေလဲ အေးဆေး …။ ဘယ်သူမှဆရာလုပ်ပြီးတားမဲ့သူမရှိဘူး…။ ခုဆို ကွန်ကရစ်လမ်းတွေပေါ်တောင် လှည်းတွေ တက်မောင်းနေတာ …..။
Was this answer helpful?
LikeDislikeမျဉ်းကျားလဲတခါတလေကူးမလို့ပါပဲ။ ဒါပေမဲ့သူ့ရှာရတာနဲ့အချိန်ကတော်တော်ကုန်တာ။ တခါတလေမျဉ်းကျားရှာလိုက်တာ ၁ မှတ်တိုင်လောက်ပြန်လျှောက်လိုက်ရတယ်။ ပြီးတော့ကိုသွားမဲ့နေရာကို ၁ မှတ်တိုင်ပြန်လျှောက်လာဆိုတော့ မျဉ်းကျားကူးဖို့ ၂ မှတ်တိုင်လောက်လမ်းလျှောက်လိုက်ရသ လိုဖြစ်နေတာ။ လမ်းဒီတိုင်းကူးမယ်ဆိုရင် ၁၀ ခါပြန်လောက်ကူးပြီးနေပြီဆိုတော့ရှာမနေတော့ဘူး။ အကျင့်ပါနေတာလဲပါတာပေါ့လေ။ မျဉ်းကျားကကူးလဲကားကရပ်မှမရပ်ပဲဟာကိုး။
Was this answer helpful?
LikeDislikeကိုပေါက်ဖော်ရေ .. လည်းတန်းလို နေရာမျိုးစောင့်ဖမ်းလျှင်တော့ … ဒဏ်ငွေများများရမှာ … မျဉ်းကြားက မကူးတဲ့ လူအပြင် … မှတ်တိုင်မှာ မရပ်တဲ့ကားတွေပါ ဖမ်းသင့်တာ … အဲ့ဒီနား . .ရှုတ်ရှပ်ခတ်နေတာပဲ … ။
အရီးလတ်ရေ … ဒီမှာက … မုန့်လုံးကို စက္ကူကပ်တဲ့ဖြစ်စဉ်တွေအတော်များပါတယ် … ။ လူကူးမျဉ်းကြားမှာ စီစီတီဗွီကင်မရာလေးတွေ တပ်ထားပြီး အရေးယူလျှင်ကောင်းမှာပဲ … မရပ်ပေးတဲ့ကားနံပါတ်ကိုပါ မှတ်သား ဒဏ်ရိုက်နိုင်တဲ့အတွက်ကြောင့်ပါ … မျဉ်းကြားက မကူးတဲ့ လူတွေကိုတော့ … စောင့်ဖမ်းဒဏ်ရိုက်လျှင် … နောက်ပိုင်း အကျင့်ဆိုးကြီးပျောက်သွားလောက်ပါရဲ့ … ။
အန်တီမမရေ… ဟုတ်ပါတယ် …ကျွန်မတို့ ကိုယ်တိုင်ကလည်း … အဲ့ဒီလိုမျိုးလုပ်ခဲ့ဖူးပါတယ် … ။ အများတိုးဝှေ့နေတဲ့ အချိန် တန်းစီနေလျှင် မိုးချုပ်တာတောင် ကိုယ့်အလှည့်မရောက်မှာစိုးတာလည်း ပါတာပေါ့လေ … ။ ဒီနေရာမှာ ဘယ်သူကမှ စည်းကမ်းတွေ ၊ လုပ်ထုံးတွေ စဉ်းစားမှာ မဟုတ်တော့ပဲ .. အများနည်းတူ … တိုးဝှေ့တော့မှာပါ … ။ ဒီတော့ရာ … ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါသည်ဆိုတာလေးကိုပဲ … ပြေးသတိရမိပါတော့တယ် ။
အဘနီရေ … နယ်မှာလည်း အဝေးပြေးလမ်းတွေပေါ် နွားမကျောင်းရ ၊ ဆိတ်မကျောင်းရလို့များ သတိပေးထား မလားရယ် …။ မြို့တွင်းက စည်းကမ်းမဲ့သူတွေတောင် သေချာ မကိုင်တွယ်နိုင်သေးတာ …. ဆိုတော့ ….
နောက်တော့ နယ်မှာလည်း စည်းကမ်းတွေ ကြပ်လာမယ်ထင်တာပါပဲ … ။
အစ်မ သဲနုအေးရေ … ဟုတ်တော့လည်း ဟုတ်ပါတယ် … မျဉ်းကြားကသာ ကူးဖို့ပြောထားတာ… မျဉ်းကြားကို တစ်မျှော်တစ်ခေါ်ကြီး လုပ်ထားတော့ .. လူတွေလည်း အလွယ်ပဲ ကြုံသလို ကူးဖြစ်သွားတာပေါ့ .. တကယ်တမ်း စည်းကမ်းထိန်းသိမ်းရေးတွေလုပ်ချင်လျှင် မှတ်တိုင်နဲ့ မျဉ်းကြား ရှိရမယ့်အနေထား သေချာတော့တွေးဖို့ လိုနေပြီပဲ … မျဉ်းကြားဆိုတာမျိုးကလည်း … တစ်ခုနဲ့တစ်ခု အကွာဝေးဘယ်လောက်ရှိရမယ်လို့ စံတွေ စနစ်တွေများ ရှိသလားဆိုတာ .. ဗဟုသုတအနေနဲ့တော့ သိချင်သား ။ အခုဖြစ်နေတဲ့ ပုံစံက …. မှတ်တိုင်တွေက ကြုံသလိုပြောင်းထားပြီး .. မျဉ်းကြားတွေက လိုက်မပြောင်းပဲ အရင်ကလိုဆိုတော့ … ကားလမ်းကူးရတာအတော်ကြီး အဆင်မပြေဖြစ်သွားတယ် … ။
Was this answer helpful?
LikeDislikeတခါက.. အဖွားကြီးတယောက်ရယ်..။ လူလတ်တယောက်ရယ်.. မျဉ်းကျားထိပ် တဖက်စီမှာ ရပ်နေကြတယ်..။
ဟိုးမှာဖက်..ကားလာပြီဆိုရင်.. လမ်းစဖြတ်ကြတာပေါ့..။
ကားကအရှိန်လေးလျှော့ ပြီး လူကျော်တာနဲ့မောင်းတာရှိတယ်…။
ရပ်ပေးတာရှိတယ်..။
ဆိုတော့..
မရပ်ပဲ.. ဆက်မောင်းတဲ့ကား.. ရှေ့ဆက်သွားလို့.. ဓါတ်တိုင်၂ပြန်လောက်ရောက်ရင်… လမ်းဘေးကွယ်ရပ်ထားတဲ့.. ရဲဆိုင်ကယ်က .. ပီပေါ်ဆိုအသံထုတ်.. မီးလေးပြပြီး.. ခတ်လှမ်းလှမ်းက.. ဓါတ်ဆီဆိုင်ဝင်းထဲ.. မောင်းသွင်းတာပါပဲ..။
အဲဒီလို ထောင်ချောက်ဆင်ဖမ်းတာပါ…။
အဲဒီအဖွားကြိးနဲ့.. လူလတ်ပိုင်းတယောက်က.. ဗော်လန်တီယာတွေလေ.. ဥပဒေအတွက်အကူပေးနေတာ…။
လုပ်နေတဲ့နေရာက.. အယ်လ်အေ.. တရုတ်တန်းနေရာမို့.. တရုတ်ပြည်နဲ့အေရှန်းအင်မီးဂရန့်တွေများတာေါ့…
မိလိုက်ကြတာမှ သောက်သောက်လဲ…
ဒဏ်ကြေးမနည်းဘူး…။ ၃-၄ရာအသာလေး..
အဲဒီလို…
ဆိုတော့…
အမေရိကန် ဘိုတွေအများစုက.. မျဉ်းကျားဖြတ်ရင်.. ကားလမ်းမှာကားလာ/မလာတာ.. စောင်းငဲ့ကြည့်တာတောင်မဟုတ်… သူ့ဘကြီးဆောက်ပေးထားတဲ့လမ်းလို.. အေးဆေးဖြတ်ကူးတာ…
ကားက.. အသည်းအသန်ထိုးရပ်လို့.. သူ့စိတ်အနှောက်အယှက်ဖြစ်သွားမယ်လား…
တချို့.. ကားဘောနက်ပေါ်.. တံတွေးထွေးချလိုက်တယ်..။
မှန်ပေါ်လှမ်းထွေးလိုက်တယ်..။
ကားဘောနက်ကို.. ၀ုန်းဝုန်းဆို.. ထုတယ်..။
အဟမ်း..
တိုက်မိလို့ကတော့.. ကားမောင်းသူ… ဘ၀အပျက်ပဲ..
ဒေါ်လှ.. ၁သိန်းလည်းဟုတ်.. ၅သိန်းလည်းဟုတ်သွားနိုင်ပါတယ်ခင်ဗျ….။
အဲဒီလို….
ဆိုတော့..
လူက.. ကားလမ်းဘယ်ညာကြည့်.. ကားရှင်းတာနဲ့.. လူကူးမျဉ်းကျားမဟုတ်ပဲ.. ကူးမလား..
လာထား.. ဂျေးလ်ဝပ်ခ်..jaywalk.။
လူကို ရဲကတစ်ကက် (Ticket)ပေးပြီး.. ဒေါ်လာ၁-၂ရာချတာ…
အဲဒီလို…
=
မြန်မာပြည်မှာ..Ticket စံနစ်လုပ်သင့်တယ်..။
Was this answer helpful?
LikeDislikeအမိမြေမှာ အဲဒီ “တစ်ကက်” က “လဲ” ပြီးပြန်ပေး လို့ရတယ်လေ သူကြီး။
ဘာကို အရင်ပြင်မှာလဲ။ (thinking – ပုံလေး)
Was this answer helpful?
LikeDislikeသဂျီးတို့ဆီမှာ စောင့်ဖမ်းတဲ့ရဲနဲ့ .. ကားတိုက်ခံရမှာ မကြောက်ပဲ ဗိုလန်တီယာလုပ်ပေးတဲ့ လူတွေလည်းရှိတာ အတော်ကောင်းတယ် … ။လမ်းဖြတ်ကူးတဲ့ လူတွေကိုလည်း ထိထိရောက်ရောက်ဒဏ်ရိုက်တာကောင်းတယ် … မျက်ကွယ်ဆိုပေမယ့် … အဲ့ဒီယာဉ်ထိန်းရဲ လာဘ်မစားဘူး မို့လား ။ ဒဏ်ရိုက်လို့ရတဲ့ ဒဏ်ငွေတွေကို တခြားလိုအပ်တဲ့နေရာတွေမှာ ပြန်အသုံးချနိုင်မယ်ဆိုလျှင် လူတွေလည်း စည်းကမ်းရှိလာမယ် …အကျိုးလည်းရှိမယ်လို့ ထင်ပါတယ် .. ။
Was this answer helpful?
LikeDislikeEtone ရေ။
လှည်းတန်းမီးပွိုင့်မှာ
အရင်တုန်းက မျဉ်းကျားမကူးတဲ့လူတွေကို ရဲ က ဖမ်းခဲ့ဘူးပါတယ်။
လူတွေကလည်း ညီညွတ်ကြပါတယ်။
လစ်ရင် အတူတူကူးကြတယ်။
ရဲ က ချောင်းဖမ်းရင် ပြေးပြေး ရဲ လာပြီဆိုပြီး
ဝိုင်းအော်ပေးကြတယ်။ လွတ်တဲ့လူလည်း ရှိပါတယ်။
မိတဲ့လူလည်း ရှိပါတယ်။
တွေးကြည့်လိုက်တော့ အဲဒီအချိန်မှာ စည်းကမ်းဖေါက်ဖျက်တာ က အပြစ်မဟုတ်တော့ပဲ
စည်းကမ်းထိန်းသိမ်းဘို့ ကြိုးပမ်းတဲ့ ရဲ တွေကို သောက်မြင်ကတ်ပြီး အပြစ်ရှိသူတွေလို ထင်ကုန်ကြတာပါ။
အဲဒါလေးက ကိုယ်တွေ့ လေးပါ။
Was this answer helpful?
LikeDislikeဟီးဟီး ကိုချောကလက်ကြီးပြောတာကို မြင်ယောင်မိပြီး ပြုံးမိပါတယ် …။
အဲ့ဒီလိုဖြစ်မှာပေါ့လေ .. စည်းကမ်းထိန်းသိမ်းရေးက လူအင်အားထက် .. စည်းကမ်းဖောက်ဖျက်တဲ့ လူအင်အားက များနေတာကိုး … ။ စည်းကမ်းထိန်းသိမ်းရေး တကယ်သာ အုပ်စုလိုက် အင်တိုက်အားတိုက် လုပ်ကြည့် … တဖြည်းဖြည်း လူတွေ လိုက်နာနိုင်မယ်ထင်တာပါပဲ … ။ ဒဏ်ကြေးကိုလည်း မြင့်ထားသင့်ပါတယ် … ။
Was this answer helpful?
LikeDislikeဒီ လဆန်းလောက်က လှည်းတန်းမီးပွိုင့် မှာ အော်လံကြီးတတ်ပြီး မျဉ်းကြားကနေ ကူးဖို့လို့ သတိတွေ ပေးတယ် . ထုံးပေသီးတွေကလည်း သူတို့ကင်းတဲကနေ ကိုယ်ယောင်ပြပြီး ၀ီစီမှုတ်တယ် ။ ရလာတဲ့ အဖြေက အလယ်မျဉ်းဖြူကနေ လူတန်းကြီး မျဉ်းကြားဘက် သွားကူးကြတယ် ။ (ပြည်လမ်းဘက်ပါ)
နောက် ..တစ်ချိန်ထဲဘဲ ဗိုလ်ချုပ်ဈေးနား မီးရထား apartment နားက လူကူးမျဉ်းကြားမှာ ရဲက အော်လံနဲ့ အော်ပြီး မျဉ်းကြားက ကူးဖို့ အော်တယ် ။ မော်တော်ပီကယ်က မျဉ်းကြားမှာ ယာဉ်ထိန်းပေးတယ် ။ လူတွေ မျဉ်းကြားက သွားကူးကြတယ် ။
လဆန်းကျော်လို့ လလည် လောက်က စပြီး လှည်းတန်းကအော်လံလည်း မတွေ့တော့ဘူး။ ထုံးပေသီးလည်း ၀ီစီမမှုတ်တော့ဘူး ။
ဗိုလ်ချုပ်ဈေးနားက ရဲလည်းမတွေ့တော့ဘူး ..
အခုတော့ … Business as Usual ပါဘဲ။
ရေတက် ငါးဇင်ရိုင်းတွေပါဘဲ။
Was this answer helpful?
LikeDislikeကိုထူးဆန်းပြောတဲ့ ထုံးပေသီးတွေကလည်း တကယ် ရေတက်ငါးဇင်ရိုင်းတွေလိုပါပဲ … ။
တကယ်တမ်း စည်းကမ်းတင်းကြပ်တယ်ဆိုတာမျိုးက နေ့မို့ ၊ ညမို့ ၊ စီမံချက်မို့ လုပ်တာဘာဆိုတာမျိုးမဖြစ်သင့်ပဲ… အချိန်ပြည့် အလှည့်ကျ စောင့်ကြည်နေသင့်တာမျိုးပါ … ။ တကယ်သာ စေတနာမှန်မှန်နဲ့ … တာဝန်သိသိ လုပ်မယ်ဆိုလျှင် ကြုံလျှင်ကြုံသလို မကူးကြတော့သလို ၊ စောင့်ဖမ်းစရာလူလည်း လိုတော့မယ်လို့ မထင်ပါကြောင်း ………
Was this answer helpful?
LikeDislike