အဲဒိနေ့ကပေါ့……
ပျင်းပျင်းရှိတာနဲ့
ငါ့ရင်ဘတ်ထဲ ဖွက်ထားဖူးခဲ့တဲ့
မသိခြင်းသေတ္တာကို ပြန်လည်တူးဆွ
နားမည်ခြင်း password နဲ့ဖွင့်လိုက်တော့
တံဆိပ်သာမြင်ဖူးပြီး
အရသာမမြည်းစမ်းဖူးသေးတဲ့
အရက်ပုလင်းတွေရယ်…………
ခေါင်းစဉ်သာတွေ့ဖူးပြီး
ခုထိမဖတ်ဖြစ်သေးတဲ့ ၀တ္ထုစာအုပ်တွေရယ်……..
ခေါင်းစဉ်သာတပ်ထားပြီး
မရေးဖြစ်ခဲ့တဲ့
ကဗျာခေါင်းစဉ်သာပါတဲ့စာရွက်အလွတ်တစ်ချို့ရယ်…………..
ထွက်ကျလာခဲ့ပေါ့…..။
အဲဒိနေ့ကပေါ့
ဂျွမ်းမထိုးတတ်တာရယ်
ကြိုးတန်းပေါ်လမ်းမလျှောက်တတ်တာရယ်နဲ့
ဟော့ဒိဇာတ်ခုံပေါ်မှာ မင်းသားမဖြစ်လိုက်ရဖူး……။

ခွေးလိုအူပြီး မျောက်လိုကနေတဲ့ကောင်ကိုကျတော့
ဆုတွေဘာတွေချလို့…………
ငါ့ကိုကျတော့ မသိချင်ယောင်ဆောင်နေကြရဲ့
ဒါနဲ့ ငါလည်းနေရာကလှည့်ထွက်ခဲ့တော့တယ်…..။
အဲဒိလိုနဲ့…………..
မသိခြင်းသေတ္တာကို
ငါ့ရင်ဘတ်ထဲမှာပဲ သေသေချာချာ ပြန်ဖွက်ထားပြီး
နေ့တစ်နေ့ဆီကို ခရီးဆက်ခဲ့တာပေါ့……………..။

နေ၀န်းနီ

About နေ၀န်းနီ

naywoon ni has written 241 post in this blog.

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ...........

Related posts:

  1. မပြောဖြစ်သောနေ့ရက်များ
  2. အယူသည်းခြင်း…….မသည်းခြင်း
  3. ကယ်တင်ရှင်သို့တိုးလျှိုးခြင်း
  4. အတိတ်ကာလရဲ့ ပုံရိပ်များကို ရှာဖွေခြင်း
  5. တနင်္ဂနွေ ပွဲစဉ်များကို ချဉ်းကပ်ခြင်း