ပွတ်လိုက်ရင် ပြောင်ပေမယ့်
|560- Hits|အလုပ် ကိစ္စ တစ်ခုနဲ့ မြို့ ထဲ .. တိတိကျကျ ပြောရရင် ဆိပ်ကမ်းသာ လမ်းဘက်ခြေဦးလှည့်ဖြစ်ခဲ့တယ်။ ..
အဲ့ဒီ့မှာ မြင်ကွင်း တစ်ခုက နဲနဲ အတွေးပွားစေခဲ့တယ်။ ပလက်ဖေါင်း ဈေးဆိုင်ပိုင်ရှင် တစ်ယောက် က အဘအရွယ် ပေါ့ . ဦးလေး တစ်ယောက် ကို HandSet ရောင်းနေတာပါ။ ထုံးစံအတိုင်း အာဝဇန်း ရွှင်ရွှင် နဲ့ပေါ့လေ။ ဖုန်းလက်ကိုင်လေး က ဟောင်းနေပါပြီလေ။ ဒါပေမယ့် သူဘာပြောလဲ .သိလား ..ပွတ်လိုက်ရင် အသစ်ပါပဲ အဘရယ်တဲ့။ ပကျွတ် .. ပကျွတ် .. (ပုဆိုး နဲ့ ပွတ်သံ) ကြည့် .. တွေ့လား .. ပြောင်သွားပြီတဲ့ …
ဒါ လက်ပူတိုက် .. ပြီးပြီးရော .. ပြောလဲပြော .. လုပ်လဲလုပ် တာပါ။
ဒီလိုမျိုးတွေ ဘယ်လောက တွေမှာ ဘယ်လောက်များများ ဖြစ်နေပြီလဲ ?
ကိုယ်သန် တဲ့ လောက အကြောင်းလေး .. အပုပ် ချလိုက်ဦးမှ.. Software Package တစ်ခုရောင်းမယ်ဆိုပါတော့ .. မ၀ယ်ခင်မှာ ၀ယ်ချင်လာအောင် ပြောရတယ်။ ဈေးဆစ် ရင်လဲ ဖြစ်အောင် ကို လုပ် ပေးကြတယ်။ After Sale Service ကျမှ ချို လုပ်ကြကော … နောက် ..
IT Product တစ်ခု ၀ယ်တယ်။ အာမခံ က လဲ ကောင်းတယ် ၂ နှစ် … ၁ နှစ်ကျော်ကျော် လောက်မှာ ပျက်လို့ သွားပြ တော့ ၂ လ စောင့်ခိုင်းတယ်။ မစောင့် နိုင်ရင် အလိုက်ပေးပြီး နောက်တစ်ခု ယူပါတဲ့။
ခု အလွန် ခောတ်စားနေတဲ့ 5000 တန်ဖုန်း ကေစ့် လေး .. သတင်းစာရှင်းလင်းပွဲ လုပ်တဲ့ သူက ပြည်သူ နဲ့ ၀န်ကြီးဋ္ဌာန ကို ရန်တိုက် ပေးတယ်ပဲ မှတ်တယ်။ ဒါမျိုးကို ဘာကျင့် ဘာကြံ လို့ တင်စားရမှန်းကို မသိတော့ဘူး။ ဆက်သွယ်ရေး ဥပဒေ သာ သေချာသွားကြည့် ၅၀၀၀ မဟုတ်ဘူး။ အလကား ပေးမယ့် company တောင် ပေါ်လာဦးမှာ.. သူ့လိုပဲ proposal တင်ထားတဲ့ company တွေရှိတယ်။ ရာကျော် တယ်လို့ တော့ ပြောတာပဲ။ ကဲ .. အဲ့ဒီ့ ရာကျော် ထဲက ဒီတစ်ခု က ပဲ ထ ပြီး ရှင်းလင်းပွဲ လုပ်တာဆိုတော့ …. !!!
ပညာရေးဘက်မှာ ကြည့် … နီးမှ ပွဲတိုး မေးခွန်းလိုက် .. အလွတ်ကျက် .. ပြီး ဖြေ အမှတ်ကောင်း … ကဲ … ကျွန်တော် မရင်းနှီး သေးတဲ့ လောက မှာ လဲ ဒီလို လက်ပူတိုက် အဖြစ်တွေ ရှိကောင်းရှိနေနိုင်လောက်သေးတယ်။
လက်ပူတိုက် တတ် တာ နဲ့ လောဘ နဲ့ ပေါင်းလိုက်တဲ့ အခါကျ .. မောဟ ထူထူကြီးတွေ ဖုံးလို့ ….
ဒီလိုနဲ့ မတော်တဆ လူငယ်တွေများ … လက်ပူတိုက် ဖြေရှင်းနည်း (ပြီးပြီးရော..တပွဲတိုး!!တမျိုးထင်သွားမှာ စိုးလို့!!) ရဲ့ အရသာ ကို သိဖူး ခံစားဖူးသွားကြ မယ်ဆိုရင်ဖြင့်.. ဒီ generation က နေ နိုင်ငံခေါင်းဆောင်တွေ ဖြစ်လာတဲ့ အခါ …. အဆုံးထိ စဉ်စား ဖို့ ရေထ သောက်ရမယ့် အခြေအနေပါပဲ ..
လေးစားစွာဖြင့်.
Mလုလင်
Related posts:


ရွှေပြည်တံခွန်က Mလုလင်ပြောသလို နံမည်ကြီးခြင်လို့ လုပ်တာလား… တကယ်ဘဲတိုင်းပြည်ပေါ် စေတနာရှိလို့လား၊ သူ့ဘက်က အမြတ်တွေအများကြီးကျန်မှာမိုလို့ လုပ်တာလားတော့ မပြောတတ်ပါဘူး… တကယ်ဖြစ်စေခြင်ပေမဲ့ အပေါ်ကပြောသလို အချိန်အနည်းငယ်အတွင်း ကွန်နက်ရှင်ကောင်းကောင်းနဲ့ ဟလိုနဲ့တင်လိုင်းကျတာ မဖြစ်အောင် လုပ်နိုင်ပါ့မလား…. အဲ့ဒါလည်းစဉ်းစားစရာဘဲ… ပွတ်ရင်ပြောင်တယ်ဆိုလို့ ရွာသားတွေကို တစ်ခုစကားထာဝှက်လိုက်မယ်… ငယ်ငယ်ကကြားဖူးတာလေးပါ.. အဲ့ဒါကတော့ ” ပွတ်ရင်ပြောင် ဆောင်ရင်လေး ရေစိမ်သောက် ရူရူပေါက်တဲ့ဆေး ” တဲ့ အဲ့ဒါဘာလဲ…. ဖြေနိုင်တဲ့သူကို ကျွေးမှာကတော့ ဒန်ပေါက်ရယ် ရေခဲမုန့်ရယ် ဖွာလူတာရယ် အုန်းထမင်းရယ် ကြိုက်ရာကို ကြိုက်တဲ့ဆိုင်မှာ ကျသလောက်ရှင်းပြီး စားနိုင်ပါတယ်…
Was this answer helpful?
LikeDislikeမြွေမှန်ရင်တွင်းဝင်ဖြောင့်မှာမို့ဘယ်သူကမြွေလဲဆိုတာစောင့်ကြည့်ဖို့ပဲကျန်ပါတော့တယ်။ ရွှေပြည်တံခွန်ကပဲစေတနာမှန်ရင်တော့ပြည်သူတွေဈေးသက်သက်သာသာနဲ့ဖုန်းကိုင်နိုင်တာပေါ့။ သူပြောခဲ့သလိုပဲလူမှု့ရေး၊ စီးပွားရေးတွေမြန်ဆန်လွယ်ကူချောမွေ့သွားတာပေါ့။ ဆက်သွယ်ရေးကတော့ဘယ်တုန်းကမှစေတနာ မထားခဲ့ဘူးဆိုတာအခုမှသိတာတော့မဟုတ်ပါဘူး။ သိနေတာတော်တော်ကြာခဲ့ပါပြီ။ အားနာစိတ် ကလေးနဲ့ပဲဖြစ်ဖြစ်၊ အားမတန်လို့မာန်လျော့တာပဲဖြစ်ဖြစ် ရွှေပြည်တံခွန်နဲ့ပူးပေါင်း မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ရှင်။ ကျွန်မကတော့နာမည်ကြီးအောင်လုပ်တယ်လို့တော့ မထင်ပါဘူး ရှင်။ အကြီးအကျယ်ပြောပြီးမှ ပြောသလိုမလုပ်နိုင်ခဲ့ပဲအဖျားရှုးသွားရင်တသက်လုံးခေါင်းဖော်နိုင်စရာရှိတော့မှာ မဟုတ်တဲ့အတွက်ဒီလိုကြီးမားတဲ့စိမ်ခေါ်မှု့နဲ့တော့စတန့်ထွင်မှာမဟုတ်လောက်ပါဘူး။
Was this answer helpful?
LikeDislikeအဲဒါတော့ ဟုတ်တယ် အစ်မ သဲနုအေး ရေ .. စတန့်မထွင်လောက်ဘူး လို့တွေးရတာပါပဲ …
ခေါင်းဖော်နိုင် တဲ့ အဖြစ်အပျက် လေးနှစ်ခုလောက်တော့ သိတယ်ဗျ ..
ဒီလိုဗျာ.. ကြာပါပြီ . ဟိုးကျန်ခဲ့ တဲ့ နှစ်တွေထဲမှာ အတိုး ၆ ရာခိုင်နှုန်းပေးတဲ့ အကျိုးဆောင် company တွေ ဒေ၀ါလီ ခံသလိုလို ဖျက်သိမ်းတဲ့ ကေစ့် လေး … အဲ့ဒီ့ တုန်းက ဘောစိ နဲ့ ဒါရိုက်တာ အဖွဲ့ဝင် (အချို့ ) .. ခုထိ ခေါင်းတထောင်ထောင် နဲ့ဗျ .. တစ်ယောက် ဆို Shopping Mall ကြီးတောင် လုပ်လိုက်သေး… နောက်တစ်ခု က … ဂျာနယ် တစ်ဆောင် နဲ့ .. အထူးကု ဆေးခန်း အပြန်အလှန် တရားစွဲကြတဲ့ ကေစ့်လေး … နှစ်ဖက်လုံးက မှန်တယ် ဆိုပြီး တင်းခံ ထားကြတုန်း .. Third party က တစ်ယောက် ၀င်ညှိ ပေးလို့ အင်တာဗျူး တစ်ခု ပြန်ဗျူးပေးပြီး ညိမ်သွားကြဖူးတယ်။ .. လူသိရှင်ကြား ကေစ့်တွေ မှာ .. အဲလို တွေဖြစ်ဖူးကြတယ်ဗျ။ (ကျွန်တော့ တစ်ယောက်ထဲ အမြင်ကတော့ အဖျားရူး သွားတယ် လို့ ပေါ့)… စီးပွား ရေးတစ်ခုမှာ အားနာစိတ်နဲ့ ဆိုတာ မရှိပါဘူး။ သူတောင် လုပ်နိုင်ရင် .. သူ့ထက်လုပ်နိုင်သူတွေ တစ်ထောကြီးပါ။ Media ကို လက်နက် တစ်ခုလို သုံးတာကို အနည်းငယ် ခံပြင်း ရုံ သက်သက်ပါ။ အစ်မ ရေ ..
လေးစားစွာဖြင့်
Mလုလုင်
Was this answer helpful?
LikeDislikeလွန်ခဲ့တဲ့ ၁ နှစ် ၀န်းကျင် လောက်က ဖြစ်မလားပဲ။ သူသာ ရွေးကောက်ပွဲဝင်မယ်ဆို ကျွန်တော် တို့ပါတီကိုဖျက်သိမ်းပြီး သူ့ ပါတီထဲ ၀င်မယ် လို့ ပြောခဲ့ တဲ့ လူ တစ်ယောက် ရှိခဲ့သလားလို့ပါ။ ခုတော့ လဲ မသိချင်ယောင်ဆောင် နေတဲ့ အပြင် သွားလေသူကိုအားနာလို့ သူ့ ပါတီ ၀င်မယ့် နေရာတွေကို ကျွန်တော်တို့ပါတီက ရှောင်ပါမယ်တဲ့လေ။
လေးစားစွာဖြင့်
Mလုလင်
Was this answer helpful?
LikeDislike“ဓါတ်လုံး” ပေါ့။
တကယ်သာဓါတ်လုံး သုံးလို့ရမယ်ဆိုရင် ၅၀၀၀တန်ဖုံးဆိုတာလည်း မဖြစ်နိုင်စရာမရှိပါဘူး။ မလေးရှား မှာ sin card တစ်ခု RM 8.5 နဲ့ pass port ပြပြီး အလွယ်ဝယ်လို့ရနေတာပဲ။ ဆက်သွယ်ရေးက လူတွေကို “ဓါတ်လုံး”ပြလိုက်ပေါ့၊ ဒါမှ ဓါတ်ပေါက်သွားမှာ။
Was this answer helpful?
LikeDislikeမှန်သပ ကိုလု ရေ တကယ်ပဲ ဖြစ်လာရင်တော့ကောင်းတာပေါ့…… ကိုလုပြောသလို လက်ပူတိုက် တဲ့ အလုပ်တွေ မလုပ်ကြရင်ကောင်းမယ်နော… အခုတော့ အဲဒီအထဲက ရုန်းထွက်ဖို.တော်တော်ကိုကြိုးစားရအုံးမယ်..
သူတို.တွေဘာပဲပြောပြော စိတ်ထဲတော့မရှိပါဘူး.. ကိုယ်စီးပွားကို မနည်းရှာနေရတာ… ၅၀၀၀ တန်ဖုန်း ၅သိန်းတန်ဖုန်း သိန်း၅၀ တန်ဖုန်း ဘယ်ဖုန်းလာလာ ဆက်သွယ်ရေးအဆင်ပြေဖို. ၀ယ်သုံးခဲ့ရတာပါပဲ…….
လာချင်တာလာ လိုရင်ဝယ်သုံးမယ် မချပေးလဲ စိတ်ထဲတော့မရှိပါဘူး.. ဒါပဲ နော
Was this answer helpful?
LikeDislikeမျှော်လင့်ရတဲ့ ပင်ပန်းမှုမျိုး ထက်စာ ရင် လုပ်ယူလိုက်လို့ ပင်ပန်းတာမျိုး ပဲ ပိုမျှော်လင့်မိတယ် အစ်ကိုရေ ..
Was this answer helpful?
LikeDislikeတစ်ယောက်ယောက် က တော့ တစ်ကွက်ချန်ထား နေပြီ။ နှစ်ဘက်လုံး ပွင့်ပွင့်လင်းလင်း ပြော
သင့်ပြီထင်တယ်။ အခုက ရှင်းတာရှင်းနေ ကြတယ်၊ အကုန်မပြောကြဘုး၊ မယ်သီလ ရန်တွေ့သလို
ဖြစ်နေပြီ၊ “ငါ့ဟာငါ ဟိုဒင်း ပြု ချင်လို့ ဟိုဟာလုပ်ထားတာ၊ ဘယ်သူယူသွားတာလဲ၊ ကိုယ့်ဟာကို ဟိုဒင်း
ုလုပ်ချင် ဟိုဟာလုပ်ပါ လား”
Was this answer helpful?
LikeDislikeအလိုလေး
အိမ်က မိန်းမကြီးကိုလဲ ပြန်မှ ပကျွတ်ပကျွတ် ဆို ပွတ်ကြည့်ဦးမယ်
သစ်လွင်တောက်ပပြောင်လက်လာမလားလို့ ..စမ်းကြည့်ဦးမှ
Was this answer helpful?
LikeDislikeပကျွတ် ပကျွတ် မည်အောင် တိုက်နော် … တိရား .. မမြည် မချင်း တိုက်နော့ ..။
Was this answer helpful?
LikeDislikeအဲ အဲ့လို ၁နှစ်အာမခံပေးပြီးေ၇ာင်းတဲ့ဆိုတဲ့ဆိုင်ထဲမှာတော့ DoDo Ko Ko ကိုေ၇ှာင်ဗျို့ ဗြောင်လိမ်စားတွေသွားဝယ်တုန်းက ကောင်းလိုက်တဲ့ ဆားဗစ် IBM လေးဝယ်လာတာ ၄လတောင်မခံဘူး Memory card ကစကြွတယ် နောက်ပိုင်းတော့မပြောချင်တော့ဘူးဗျာ။
ဖုန်းဆက်ပြီး မေးတော့ ဘယ်သူကပြောတာလဲတဲ့ပြန်တောင်ပောာက်ခံလိုက်၇သေးတယ်။
Was this answer helpful?
LikeDislikeအဲဒလို ဆိုင် နံမည် တွေနဲ့ တက်ခဲ့တဲ့ ပြသနာ တွေ စာစီရေးလိုက်ရင် တစ်ထောင့်တည ပုံပြင်ဖစ်သွားနိုင်တာမို့ …… စိတ်လျှော့ပါ ငါ့ညီရေ .. (UCSY က ဆိုတော့ ကျွန်တော့ Junior ဖြစ်နိုင်တာမို့ .. ငါ့ညီလို့ ပဲ သုံးလိုက်ပါတယ်နော့- ကျွန်တော် က 13 ကပါ။)
Was this answer helpful?
LikeDislikeဟုတ်တယ် ဗျို့ ပစ္စည်း ဆိုတာ မသိရင် မ၀ယ်နဲ့ ၊ marketing ကတော့ ကောင်းတယ် ပဲ ပြောကြတာ၊
နယ်ကနေ ကာလာ ပရင်တာ အရေးတကြီး လို လို့ မှာ တော့၊ များများ သုံ ရအောင် ink-box တွဲပြီးသား ပရင်တာ ၀ယ် ပေး လိုက်မယ် ပေါ့၊
ဒီမှာ inbox ပြန်တွဲတဲ့ ပရင်တာ တွေက နယ်ပို့ရင် error ရှိနိုင် လို့ Espon L100 original ink-box တွဲပြီးသား 130000 ကျပ် နဲ့ ၀ယ်ပေး လိုက်တယ်၊
နယ်ရောက်တော့ photo paper print out တာ အဆင်မပြေလို့ service ကို ဖုန်းဆက်မေးတော့
Espon L100 က photo paper မရဘူးတဲ့ လေ။
color printer ဆိုပေမဲ့ ရုံးသုံးမို့ photo paper မရတာတဲ့ လေ။
Was this answer helpful?
LikeDislikeLaptop ကို အာမခံ ပေးပြီး Battery ကို မပေးတာမျိုးလဲ ရှိသေးသနော့ .
Was this answer helpful?
LikeDislikekanjosan ရေ… ကြိုက်ရာကိုကြိုက်တဲ့ဆိုင်မှာ ကျသလောက်ရှင်းပြီး စားရမှာလား…ကြိုက်ရာစားတာကို ကျသလောက် ရှင်းပေးမှာလား..စကားကိုရှင်းအောင်ပြောလေ။ ဟိုလူကြီးလိုတော့ မလုပ်နဲ. ။ ။
Was this answer helpful?
LikeDislikeသိတော့ပါဘူးကွယ် လုပ်ချင်သလိုသာလုပ်ကြပါတော့ ရှင်တို့ရ လူကြီးတွေပဲ
Was this answer helpful?
LikeDislikeအပေါစား မြူဆွယ်မူ့
အပေါစား ဖြေရှင်းမူ့တွေနဲ့နေ့စဉ်လည်ပါတ်နေတဲ့ဘ၀ကြီးတွေနဲပအသားကျနေရတဲ့သူတွေပါကွာ။
Was this answer helpful?
LikeDislikeပြောတော့မိုး ထိုးတော့မြေကြီးဆိုတာလည်း အဲဒီသဘောတွေပါပဲ။
လက်ပူတိုက်တဲ့ အလုပ်က အဖျားရှူးတော့လည်း ဒါတို့ပြေ ဆိုကြရပြန်ရော။
ဒါတွေ အားလုံးဟာ ခိုင်မာတဲ့ဥပဒေ မရှိတာရယ်၊ဥပဒေအထက်မှာ လူတွေရှိနေတာရယ်ကြောင့်ပါ။
လူများစုက မျက်စိမပွင့်တော့လည်း လှည့်စားခံရတာကို ဒါထုံးစံပဲလို့ ရောင့်ရဲလိုက်ကြတာပဲ။
ဒီတာဝန်ကို Media တွေက စတုတ္ထမဏ္ဍိုင်အနေနဲ့တာဝန်ယူပေးနေကြပါပြီ၊
တချိန်တည်းမှာပဲ အစွန်းရောက်မသွားဖို့တော့ သတိထားရပါမယ်။
Was this answer helpful?
LikeDislikeဟုတ်တယ် တီတီ ရေ .. Media အလွဲသုံးမှု ပပျောက်ရေး . ဒို့အရေး … ဒို့အရေး … ဒို့အရေး
ဒပ်ကလောက်..ဒပ်ကလောက်..ဒပ်ကလောက်
Was this answer helpful?
LikeDislikeလက်ပူတိုက် တတ် တာ နဲ့ လောဘ နဲ့ ပေါင်းလိုက်တဲ့ အခါကျ .. မောဟ ထူထူကြီးတွေ ဖုံးလို့ ….
ကောင်းလိုက်တာMလုလင်ရာ။သိပ်ကောင်း။
Was this answer helpful?
LikeDislike