ဒီတစ်ခါတော့ ပျိုပျိုမေတို့ အတွက် ဖြစ်လေ့ဖြစ်ထရှိပြီး ဆေးရုံဆေးခန်းပြဖို့ အချင်းချင်းတိုင်ပင်ဖို့ မ၀ံ့မရဲဖြစ်တဲ့ရောဂါလေးအကြောင်းဆွေးနွေးပြောပြပေးပါမယ် ။

အမျိုးသမီးများအဖြစ်များပြီး ဝေဒနာကြာရှည်စွာခံစားနေရာမှ ဆေးခန်းရောက်လာလို့ ဒီပို့ စ်လေးရေးဖြစ်တာပါ။ တိုးတိုးတိတ်တိတ်ခံစားနေကြရတာ အဖြူဆင်းလို့ တဲ့ ။ မပြောရဲပဲ ငြိမ်နေတာကြောင့် မပျောက်ပဲ စိတ်ဒုက္ခရောက်နေသူများလည်း ရှိပါတယ် ။ အထူးသဖြင့် အဖြူဆင်းတယ်။ယားယံပါတယ်ဆိုသူများအတွက်ပါပဲ ။

 

ဒီပြသနာ ဘာကြောင့်ဖြစ်တာလဲဆိုရင် infection ကြောင့်ပါ။ candida albicans= မှိုကြောင့်နဲ့  trichomonas vaginalis= ပရိုတိုဇိုးဝါး(protozoa) ကြောင့် ဖြစ်ရတာ 90%လောက်ရှိတယ်။

 

Candida infections (မှို ) ကြာင့်ဆိုရင် ဝေဒနာရှင်က တော်တော်ကြီးယားယံမယ်၊နီရဲနေမယ်၊ညနေပိုင်းနဲ့ ညပိုင်းမှာပိုဆိုးပါတယ်။          နွားနို့ မလိုင်ဖတ်တွေလိုပဲ မိန်းမကိုယ်မှာ အဖြူဖတ်တွေ ကပ်နေမယ်။

မိန်းမကိုယ်၊မိန်းမကိုယ် နှုတ်ခမ်းသားသေးမှ စအိုဝ ပတ်ဝန်းကျင်ထိ၊ဆိုးရင် ပေါင်အထိ အင်ပြင်ထသလို နီရဲထူပြိန်းနေမယ်။ အဲ့ဒီလို သွင်ပြင်တွေပါ ရောထွေးခံစားရပြီး တစ်ခါတစ်ရံ အစာအိမ်နဲ့ အူလမ်းကြောင်း infection ပါ တွဲဖြစ်နေတတ်တယ်။ဗိုက်အောင့်တာတို့ ၊အန်တာတို့ ၊ဗိုက်ရစ်တာမျိုးတို့ ပေါ့။

 

ဒီပြသနာက အပျိုကြီးတွေကစလို့ အပျိုလတ်၊ အပျိုဟိုင်း ၊ အန်တီကြီး ၊ အမယ်အိုကြီးတွေထိ ဖြစ်တတ်ပါတယ် ။  ကိုယ်ဝန်ဆောင်မိခင်တွေမှာ commonest infection အဖြစ်များဆုံးပါ။ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့  ၁၅-၂၀% လောက်ရှိပါတယ်။

 

ဖြစ်တဲ့ အခြေနေတွေများစွာရှိပေမယ့်  အမျိုးသမီးများ ရာသီမလာခင်အချိန်ဖြစ်ရင် ဖြစ်တဲ့ လက္ခဏာတွေက ပိုဆိုးတယ်။   ဆီးချို၊သွေးချို နဲ့  သွေးအားနည်းရောဂါတွေဖြစ်ရင် ပို ဖြစ်နိုင်တယ်။

တားဆေးတွေ၊အစွမ်းထက်ပိုးသတ်ဆေးတွေ၊စတီးရွိုက်တွေ၊ကိုယ်ခံအားစနစ်ကို ဖိနှိပ်ထားတဲ့ဆေးမျိုးတွေ သုံးနေသူတွေဆိုရင် ပိုဖြစ်စေတယ်။ အထူးသဖြင့် အတွင်းခံ အကျပ်တွေဝတ်ရင်၊ဘောင်းဘီအကျပ်တွေ ၀တ်လွန်းရင်လည်း ဖြစ်တတ်တယ်ဆိုတာသိထားဦးနော်။

 

မှိုသတ်ဆေး တွေပေးရင်ပျောက်တယ်။ဆေးမတိုးရင် နောက်ဆုံးထွက်ဆေးတွေပေးရတယ်။အဲဒီဆေးတွေက အသည်းမကောင်းရင် မသောက်ရဘူးနော်။ နောက် မိန်းမကိုယ်ကို ရေချိုးရင် ဆပ်ပြာနဲ့ ဆေးလို့ ရတယ်။genital hygiene လေ။ အရမ်းကျပ်တဲ့ ဘောင်းဘီတွေရှောင်၊ heat control လုပ်ချင်ရင် လျှော်ရင်လည်း >80ံC မှာလျှော်ပေါ့။ တစ်ချို့ကျတော့လည်း သူများကြပ်တာနဲ့ ကြားဖူးနားဝ လျှောက်လုပ်ရင်း အရက်ပျံနဲ့ဆေးကြတယ်တဲ့ ။ ယနေ့ဈေးကွက်ထဲမှာ အမျိုးသမီးတွေအတွက် သီးသန့်ဆေးရည်တွေပေါ်နေပါပြီ ခက်ခက်ခဲခဲ ခေါင်းစားစရာမလိုတော့ပါဘူး ။

 

Trichomonas Infection ကြောင့်ဆိုရင် လိင်ဆက်ဆံတာကြောင့်ရယ်၊ကူးစက်ထားတဲ့ ။ တကိုယ်ရည် သန့်ရှင်းမှုမရှိပဲ သူများ ဘောင်းဘီတွေယူဝတ်ကြတာကြောင့် ဖြစ်ရတာ။ သူ့ကြောင့်ခံစားရတဲ့ဝေဒနာတွေထဲအများစုကတော့ ယားမယ်၊ပူလောင်နေသလိုဖြစ်နေမယ်။

အဖြူဆင်းရင်အနံ့ ဆိုးမယ်၊အဖြူမဟုတ်ပဲ အစိမ်းရောင်၊အညိုရောင်ဖြစ်တတ်တယ်။

မိန်းမကိုယ်က ဖောယောင်နေမယ်။နီရဲနေမယ်။

မိန်းမကိုယ်ကြည့် မှန်ပြောင်းနဲ့ ကြည့်ရင် စတော်ဘယ်ရီ စပေါ့ လို့ ခေါ်တဲ့ အနီရင့်ရင့်အစက်လေးတွေတွေ့ ရမယ်။

 

ဂနို(ဆီးပူညောင်းကျရောဂါ) infection နဲ့ လည်းတွဲဖြစ်တတ်တာကြောင့် ဂနိုပါတွဲ ကုရမယ်နော်။

 

ပရိုတိုဇိုးဝါး(protozoa) သတ်ဆေး ပေးရင်ပျောက်တယ်။ဒီဆေးသောက်ရင် alcohol တော့ရှောင်ရတယ်။

ထပ်ဖြစ်ရင် နဂိုအတိုင်း ပြန်သောက်ရမယ်နော်။ တစ်ခါဖြစ်ပြီးလျှင်လည်း တကိုယ်ရည်သန့်ရှင်းမှု အားနည်းလျှင် ထပ်ဖြစ်နိုင်တာကြောင့်ပါပဲ ။

 

အချင်းချင်းဖွင့်ဟမတိုင်ပဲရဲကြတဲ့ အမျိုးသမီးရောဂါထဲက အဖြူဆင်းခြင်းရောဂါအကြောင်း အနည်းငယ်ပြောပြပေးလိုက်ပါတယ် ။ အချိန်မရလို့  အဓိကအချက်တွေ ပဲပြောရတာပါ။

 

သိလိုသည်များကို ဆက်လက်မေးမြန်းဆွေးနွေးနိုင်ပါတယ် ။ ရွာသူတို့လည်း တကိုယ်ရည်သန့်ရှင်းမှုအလေးကာ အဖြူဆင်းခြင်းကို ကာကွယ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ် ။

AKKO

About AKKO

A K K O has written 49 post in this blog.

Related posts:

  1. နတ်ဖွက်ခြင်းအကြောင်း သိကောင်းစရာ
  2. မြန်မာပြည်ဆင်းရဲရခြင်းအကြောင်း ဆရာ”ဝိကီ”(Wikipedia) ရဲ့အမြင်
  3. ခေါင်းကိုက်ခြင်းအကြောင်း လေ့လာရအောင်
  4. Hiccups ကြို့ထိုးခြင်းအကြောင်း သိကောင်းစရာ
  5. Hiccups ကြို့ထိုးခြင်းအကြောင်း သိကောင်းစရာ