ငရဲမှာအပ ၀ဋ်မှာ အမြဲ
|376- Hits|ငရဲမှာ အပ ၀ဋ်မှာ အမြဲတဲ့
ငရဲဆိုတာတော့ သေလွန်ပြီးမှ ကျရောက်တက်သလို ကုသိုလ်ကောင်းမှု့တွေ ပြုလိုက်ရင်လည်း
ပပျောက်တယ်တယ်လို့ သိထားခဲ့ပါတယ်
ဒါပေမဲ့ ၀ဋ် ဆိုတာတော့ ဒီဘ၀ဒီခန်ဓါနဲ့ မဖြစ်မနေ ဆက်ရတဲ့ အရာလို့ ပြောချင်ပါတယ်
အခုရေးတဲ့ အဖြစ်အပျက်လေးက တကယ် ခံစားဖြစ်ပျက်ခဲ့တာမို့လို့ပါ
ညောင်း…ညောင်း..
သမီးငယ် ….ကြောင်ကို ဘာသွားလုပ်နေလည်း လွတ်ပေးလိုက်နော်
ကြောင်းလေးရဲ့ နားလွန်းလို့အော် နေသံတဲ့ အသံနဲ့ အတူ
အမေလုပ်သူရဲ့ သမီးကို လှမ်းပြီး အော်တဲ့ အသံတစ်ပြိုင်ထဲ ထွက်ပေါ်လာတယ်
ကလေးမလေးက ကြောင်ကိုလွတ်ပေးလိုက်ပြီး တခစ်ခစ်ရယ်နေတယ်
သူလုပ်ချင်တာကို လုပ်လိုက်ရလို့လေ
ကလေးမလေး လုပ်လိုက်တာကတော့
ကြောင်ဗိုက်ထဲက အူလေးတွေကို အပြင်ကနေကိုင်ရတာ အရမ်းသဘောကျတာပေါ့
ဒါကြောင့်မို့ အမေလစ်ရင် လစ်သလို ကြောင်လေးကို ဖမ်းဖမ်းပြီးကိုင်တယ်လေ
ကြောင်လေးကတော့ နာရှာလို့ အော်တယ်
ကလေးမကလေးကတော့သူလုပ်ချင်တာကို လုပ်လိုက်ရလို့ပျော်တာတစ်ခုပဲသိတယ်လေ
နောက်နေ့တွေလဲ ကြောင်လေးကို ဖမ်းပြီး လည်ပင်းကို ညှစ်တိုင်းဆော့တယ်
ကြောင်က အသက်ရှူကျပ်လို့ တဂစ်ဂစ်မည် ကလေးမကလေးက တခစ်ခစ်ရယ်ပေါ့
ဒီလို နဲ့ ကလေးမလေး ၁၀-၁၅ နှစ်လောက်ရာက်လာတော့ ကျောင်းပိတ်ရက် တွေမှာ
တရားစခန်းတွေဝင် ကုသိုလ်ကောင်းမှူ့တွေ လုပ်ယင်းနဲ့ ကြောင်တွေကို ဖမ်းပြီးမဆော့တော့ဘူးပေါ့
တစ်နေ့မှာတော့ ကလေးမလေး အပူအစပ်တွေစား အစာစားချိန် မမှန်ရာကနေ အစာအိမ် ရောင်ပါလေရော
အဲဒီ့ အချိန်မှာ သူခံစားနေရတာက သူ့ရဲ့ အူတွေကို တစ်ယောက်ယောက်က ညှစ်နေသလိုမျိုး
မခံမရပ်နိုင်အောင် ချွေးပေါက်ပေါက်ကျအောင် နာတာပေါ့
သူ့မျက်လုံးထဲမြင်နေတာကတော့ ကြောင်လေးတွေအော်နေတာပါပဲ
နောက်သူ လေးဘက်နာဖြစ်ပြီးပိုးတွေ များရကနေ နှလုံး နဲနဲထိခိုက်သွားပါတယ်
သူဆေးရုံကို တက်ရတယ် အသက်ရှူလို့ မရဘူး အောက်ဆီဂျင်ပေးထားတာတောင်
မျက်လုံးပြူးပြီး လျှာထွက်မတက် လေကို ရှူနေရတယ်ကြောင်တွေကို လည်ပင်ညစ်တိုင်းကစားသလို
သူ့လည်ပင်ကို သူများညစ်ထားတဲ့ အတိုင်း လေကို ရှူလို့ မရနိုင်ပါဘူး
ကြောင်တွေကို အပျော်သဘောဆော့ကစားခဲ့တာပါ နာစေလိုတဲ့ စိတ်မရှိခဲ့ပေမဲ့
ဒီဘ၀မှာတင် ကြောင်တွေ ခံစားရလို ထက်တူခံစားရင်း ၀ဋ်တွေ ပြေဘို့
ဆုတောင်းနေတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ဘူးပါတယ်။
Related posts:


အဲဒီကောင်မလေးက အန်တီနို့ပဲဖြစ်ရမယ်
ဝုတ်တယ်မလား
အညှစ်ခံရတဲ့ ရွာထဲက အူးကြောင်ကြီးပြောလို့ သိရတာ
သူ ငယ်ငယ်ကတဲ့
အန်တီနိုကတဲ့
ခဏခဏညှစ်တယ်တဲ့ (ဗိုက်ထဲကအူတွေကိုပါ)
အဲတာ
သများကို ဂျီတော့ခ်က လာပြောသွားတာဗျား
စကားမစပ်
ကျနော်ဖင်ပိတ်ပြီးငြင်းရရင်တော့
ငယ်ငယ်က မညှစ်ခဲ့လဲ အပူအစပ်စားမှတော့ ဖြစ်မှာပဲဗျာ.
တခြား ထင်သာတဲ့ ၀ဋ်လိုက်တာလေးနဲ့  အုပမာ ပေး ရေးပေးပါလား
Was this answer helpful?
LikeDislikeမနို ကိုယ်တွေ့တော့ မဟုတ်လောက်ပါဘူးနော်
ဝဋ်လိုက်သည် ဖြစ်စေ မလိုက်သည်ဖြစ်စေ ကိုယ်မကြိုက်တာ သူများကို မလုပ်မိတာ အကောင်းဆုံးလို့ ထင်ပါတယ်
Was this answer helpful?
LikeDislike” ၀ဋ်မှာ အမြဲ ငရဲမှာအပ” ဆိုတာလဲရှိသလို” ဥပါဒ်ဒါန်ကြောင့်ဥပါဒ်ရောက်တယ်” ဆိုတဲ့စကားလဲရှိပြန်ရော။ အဲဒီတော့ကာ အကောင်းဆုံးကတော့ မိမိကြောင့်မည်သူတဦးတယောက်ကိုမှမထိခိုက်စေတာဟာ အခုရောနောင်အရှည်သဖြင့်ပါနှစ်ဦးနှစ်ဖက်ကောင်းတာပေါ့။ ဆင်ခြင်နိုင်ကြပါစေ။
Was this answer helpful?
LikeDislikeအပူအစပ်စားတဲ့သူတိုင်း အစာအိမ်မရောင်ပါဘူး
အထူးအဖြင့် ရခိုင်၊ တောင်ပေါ်တိုင်းရင်သားတွေ စားလိုက်တဲ့ အစပ်
အခုအဲဒီ့ကောင်မလေး အပူအစပ်တွေစားတုံးပါပဲ
ကြောင်တွေကို မညစ်တော့လို့ ဗိုက်လဲမအောင့်တော့ပါဘူး
ဝဋ်ကုန်သွားပြီ လို့ထင်ပါတယ်
နောက်ထပ်ဝဋ်လိုက်တာလေးတစ်ခုထက်ရေးပါဦးမယ်
ကပေါက်ဖေါ်
Was this answer helpful?
LikeDislikeမနိုရေ.. ဆူး လည်း ဖြစ်ဖူးတယ်။
ဘယ်သူပြောလို့ ယုံနိုင်ပါ့မလဲ.. ကိုယ်တွေ့မို့ တိုက်ဆိုင်ချက်များ ပြောပြတာပါ။
ရေကန်ထဲမှာ ငါးတွေ ရေညှိတွေ တက်ပြီး ရေတွေ နောက်ကျိနေတာကို တဖက်က ရေပိုက်ထိုးပြီး တဖက်က ပိုက်နဲ့ စုပ်ထုတ်တယ်။ ရေအပြောင်းအလဲ ဖြစ်ရင် ငါးတွေက ရေပေါ်တက်နေတတ်တယ်။ အမှိုက်ပါတဲ့ ရေတွေကို ခွက်နဲကလည်း ခပ်သေးတယ်။
သူတို့တွေကို မခပ်ပေမဲ့ သူတို့ ခွက်ကို ရှောင်ဖို့အတွက် အမြဲ အာရုံထားရတဲ့ သဘောပေါ့..
အဲဒီနေ့က မနက် ၈နာရီခွဲလောက် ရှိမယ် ခြံထဲမှာ နေမပူသေးတော့ အပင်တွေ အရိပ်ရသေးချိန် ရေညစ်တွေ ပိုက်နဲ့ စုပ်ထုတ် ခွက်နဲ့လည်း ခပ်ထုတ်တယ်။
၁၀နာရီ လောက်မှာ ပြီးသွားတယ်။ အဲဒီနေ့က အလုပ်ကို နောက်ကျမှ သွားခဲ့တယ်။ အလုပ်ရောက်ရောက်ချင်း အိမ်သာဝင်ပြီး ပြန်ထွက်လာတော့ ရုတ်တရက် ခေါင်းတွေ တအားကိုက်ပြီး မျက်စိကလည်း အပေါ်ကို လန်ပြီး တက်ကပ်နေသလိုကို ခံစားရတယ်။ စိတ်မျက်စိထဲမှာတော့ အဲဒီ ငါးတွေ လူကို အပေါ်လှန်ပြီး မော့ကြည့်နေသလိုကို ခံစားနေရတယ်။ နာရီပိုင်းပဲ ကွာတယ် ချက်ချင်းကို အကျိုးပေးတာများ တော်တော် ကြောက်ဖို့ကောင်းတယ်။ ထမင်းစားချိန်လည်း ထမင်းမစားနိုင်ဘူး စားလိုက် အန်လိုက် နဲ့ အဲဒီ တနေ့ အချိန်ကုန်လွန်သွားတယ်။ အဲဒီလို ခေါင်းကိုက်တဲ့ အခါ မျက်စိပါ လန်လန်သွားသလိုကို ခံစားရတယ်။ ငါးတွေ နေရာက လူကို ကြည့်တဲ့ အကြည့်မျိုး မြင်မြင်နေတဲ့ အတွက် ဒါကြောင့် ဖြစ်ပါလားလို့ သိလိုက်ရတာ.. ခေါင်းကိုက်တဲ့ အခါတော့ ခေါင်းကိုက်တာကို ကျော်လွန်အောင် တရားနာနာ မှတ်ပေးလိုက်တယ်။ ၃ ၄ခါလောက် ကိုက်ပြီးတဲ့ အခါ ထပ်မကိုက်တော့ဘူး။ တရားမှတ်တဲ့ အခါမှာတော့ ဒီငါးတွေကို မေတ္တာပို့ပေးတယ်။ နောက်ပိုင်း ငါးကန် ရေလဲမယ် ဆိုရင် ငါးတွေ တကောင်မကျန် အကုန်ခပ်ထုတ်ပြီး မှ ရေလဲပေးတော့တယ်။ သူတို့ ခံစားနေရတာ မသိတဲ့ အတွက် နာစေချင်တဲ့ စိတ်မဟုတ်ယုံတင်မကဘူး သူတို့တွေ သန့်သန့်ရှင်းရှင်း ကျန်းကျန်းမာမာ ဖြစ်စေချင်တဲ့ စိတ်စေတနာပဲ ရှိပါတယ်။ ကိုယ်ကြောင့် သူတပါး ထိခိုက် နစ်နာအောင် တတ်နိုင်သလောက် မလုပ်တာ အကောင်းဆုံးပါပဲ။
Was this answer helpful?
LikeDislikeဒီတစ်ညတော့ ကောင်မလေးရာ
မီညောင်လေးနဲ့ ငါချော့သိပ်မှာ
မီညောင်လေး က စိတ်ဆိုးတဲ့အခါ
မင်းလေး ကျွေးလိုက်ဦး ….
ခင်မင်စွာဖြင့် မန့် သွားသူ
မောင်ပေ
Was this answer helpful?
LikeDislikeမနိုရေ- ကိုယ်လုပ်ဖူးခဲ့တဲ့ ကုသိုလ်တွေကို သတိရခြင်းဖြင့် ပွားများပေးရတယ်။
ကိုယ်လုပ်ခဲ့ဖူးတဲ့ အကုသိုလ်ကိုကျတော့ မေ့ထားပြီး သတ်ပစ်လိုက်ပါ။ လူတိုင်း မသိလို့မှားခဲ့တာတွေ ရှိနိုင်တာပဲ။ ဒါပေမယ့် ထိခိုက်နာကျင်စေလိုတဲ့ စိတ်နဲ့ လုပ်တာမဟုတ်လို့ အကျိုးပေးလည်း မထက်သန်နိုင်ပါဘူး။ (နောက်တော့ ထပ်မလုပ်နဲ့တော့ပေါ့နော်။)
Was this answer helpful?
LikeDislikeမနိုရေ
ကျောင်းတုန်းက ကန်တင်းဘေး ကျောင်းသားတစ်ယောက် ချော်လဲတာကို ဟားတိုက် ရီမိတာ မကြာဘူး။ ကိုယ်ချော်လဲ ပြီး သူများ ဝိုင်းရီတာ ခံဘူးတယ်။
ကိုယ်က သူများ ကို ရီမိ ထားလို့ထင်ရဲ့။ ကိုယ့်ကို သူများ ပြန်ဟားတာ ကို သိပ် ဒေါသ မထွက်လိုက်ဘူး။
မမ ရေ – စကားလေး မှတ်သွားတယ်။
Was this answer helpful?
LikeDislike.♪..♫…၀ဋ်မှာ အမြဲ ငရဲမှာအပ ….. ဆိုသည်ကြောင့်ပဲလေ.♪..♫… ဒီဝဋ်ကြွေး မကုန်ခမ်းသ၍ .♪..♫…လည်စင်းခံဆပ်မယ်မေ .♪..♫…
လူကြီးကြားပဲလှော်ဝင်နှိုက်လိုက်အုံးမှ ….. ဟိုလေ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့လည်းပြောပြီး … ကောင်မလေးကို ချစ်တယ်လို့ ပြောရင် ဘာလို့ပြန်မပြောဘဲ ပါးရိုက်တာလဲဟင် …. တစ်ဦးနဲ့တစ်ဦးချစ်တာကို ရန်ဖြစ်တာမှမဟုတ်တာ အဲဒါဘာဖြစ်လို့ပါလိမ့်
Was this answer helpful?
LikeDislikeအဲဒါကတော့ ကင်းရေ့….။ နင်ကကောင်မလေးစကားလိုက်ပြောတာ ဘာမှမှ မှ ၀တ်မထားပဲ…။ ပါးရိုက်ခံရတာတောင်နည်းသေးးးးးးး
Was this answer helpful?
LikeDislikeမနိုရေ ကျမတော့ ကြောင်ဆိုရင် အသဲယားလို့ ဘယ်တော့မှ မကိုင်ဘူး။ ကိုယ့်နားလာ ပွတ်သီးပွတ်သပ်လုပ်လည်း ဝေးရာပြေးတာပဲ။ လက်သည်းတွေ ကြောက်လို့။
စိတ်ထဲမှာ သိပ်လည်း အစွဲမထားပါနဲ့။ စိတ်ဆင်းရဲနေပါ့မယ်။ မမပြောသလိုလေးတွေးလိုက်ပါ။
Was this answer helpful?
LikeDislikeကိုနိုဇိုမိရေ..
ကိုယ်တွေ ပါဆိုရင်တော့ မအံ့သြပါနဲ့နော်
သဲနုနဲ့ဆူးရေ.
တက်နိုင်သမျှ သူတစ်ပါးထိခိုက်အောင် မလုပ်ဖြစ်တော့ပါဘူး
ကပေ
ကောင်မလေးက ချော့သိပ်စရာမလိုအောင် အိပ်ဆေးသောက်အိပ်ပါတယ်
မမရေ.
ကိုယ်လုပ်ဖူးခဲ့တဲ့ ကုသိုလ်တွေကို သတိရခြင်းဖြင့် ပွားများပေးရတယ်။
ကိုယ်လုပ်ခဲ့ဖူးတဲ့ အကုသိုလ်ကိုကျတော့ မေ့ထားပြီး သတ်ပစ်လိုက်ပါ။
အမြဲမှတ်ထားလိုက်ပြီနော်
မလတ်ရေ.
အလှည့်ကျတော့ မနွဲ့စတမ်းဆိုပေမဲ့ နဲနဲတော့ နွဲ့ချင်မိတယ်
ကင်းရေ.
သက်ရောက်မှု့ရှိလို့သာ ကောင်မလေးကပြန်ရိုက်တာပေါ့
pooh ရေ.
မနိုလဲ ကြောင်ကို ကြောက်မိရင် အကောင်းသားကွယ်
Was this answer helpful?
LikeDislike” ၀ဋ်မှာ အမြဲ ငရဲမှာအပ” ဆိုတာအရမ်းကိုမှန်တာဘဲနော်။ ၀ဋ်ဆိုတာနောင်ဘ၀တောင်မကူးဘူး။ အခုဘ၀မှာကတည်းက ချက်ခြင်းတန်ပြန်သက်ရောက်တယ်နော်။
Was this answer helpful?
LikeDislikeတိုက်ဆိုင်မှုပြောသွားပေမဲ့ အားပေးစကား မပြောရသေးလို့ ပြန်လာပြောတာပါ။
ဝဋ်ကြောင့် ဖြစ်တာ ဆိုရင် တရားမှတ်တာ အမြန်ဆုံး ကုစားနည်းပါပဲ..
တော်ယုံ ကိစ္စတွေဆို သတိအမှတ်နဲ့ ပြေပျောက်တယ်လို့ ယုံကြည်ပါတယ်။
ကြီးမားတဲ့ အကျိုးပေးတွေကိုတော့ မပါယ်ရှားနိုင်ပေမဲ့ သေးငယ်ပြီး ခဏခဏ အကျိုးပေး ပြန်လာနိုင်တာ ဆိုရင်တော့ အမှတ်သတိနဲ့ ရအောင် ကျော်ဖြတ်ပါ။
ဥပမာ ဆူး ခေါင်းကိုက်တဲ့ ဝေဒနာ ဖြစ်တုန်းက ထိုင်မရ ထမရ ဘယ်လိုမှ မနေနိုင်ဘူး။ နာကျင်လွန်းတဲ့ ဝေဒနာ ကို ဘယ်လိုပြောပြရမှန်းကို မသိတော့ပါဘူး။ ခေါင်းတခုလုံး ကို အညှစ်ခံရသလိုပါပဲ။
နာ လွန်းတော့ သတိတွေလည်း လွတ်လွတ်သလို ခံစားရတယ်။ နာတဲ့ ဝေဒနာ ကျယ်ပြန့်ပေမဲ့ သေချာ စူးစိုက်ကြည့်တဲ့အခါ နာကျင်မှု ဝေဒနာ ပြင်းထန်စွာ ခံစားနေရတဲ့ နေရာက နေရာ ၂ခု ၃ခု ဖြစ်နေတယ်။ သေချာ အာရုံစိုက် ကြည့်ရင်းနဲ့ တခြား နေရာတွေက မှေးမှိန်သွားတာမျိုး ၁ခုတည်း ဖြစ်လာတယ်။
အဲဒီ နေရာကို သေချာ စိုက်ကြည့်ရင်းနဲ့ နာတာ ပျောက်ပါစေဆိုတဲ့ စိတ်တော့ မဟုတ်ပါဘူး။ ကိုယ်လုပ်လို့ ကိုယ်ခံရတာပဲ.. နာပစေ ဆိုတဲ့ စိတ်နဲ့ နာတာကို စောင့်ကြည့်နေတာပါ.. နာတာကို ကြည့်ရင်းနဲ့ ပွိုင့် တခုစာလောက်က နာကျင်မှု ဖြစ်နေတာပါ။ ခေါင်းထဲမှာ သွေးကြောတွေထဲက သွေးတွေ ဝေါကနဲ ဖြတ်သွားပေမဲ့ အဲဒီနေရာမှာတော့ ထစ်ငေါ့နေလို့ ကောင်းကောင်း မသွားနိုင်ပဲ ထစ်နေတဲ့ အတွက် နာကျင်မှု ဖြစ်နေရခြင်းဖြစ်ပါတယ်။ နာကျင်မှုကို စောင့်ပြီး စိုက်ကြည့်တာ သတိလွတ်သွားရင်တော့ အဲဒီ ကိုယ့်ကြောင့် ဝေဒနာ ခံစားခဲ့ရသူတွေကို တလှည့် ပြန်ပြီး မေတ္တာပို့ပေးတယ်။ နောက်တော့.. နာကျင်မှုက ဆက်တိုက် မဟုတ်တော့ပဲ.. နှလုံးခုန်သံ စည်းချက်လိုပဲ ဒုတ် ဒုတ် နဲ့ နှလုံး တချက်ခုန် ရင် ခေါင်းက တချက် ထိုး ကိုက်တာ ပို ထင်ရှားလာတယ်။
နောက်ပိုင်းမှာတော့.. နာကျင်မှု က တချက်နဲ့ တချက်ကြားမှာ ပျောက်လိုက် ပေါ်လိုက် ဖြစ်နေတာ ပိုထင်ရှားလာပြီးတော့ ဆက်တိုက် ဆိုသလို မှတ်ရင်းနဲ့ နာကျင်မှုတွေ နှလုံး စည်းချက် လို ဆက်တိုက် မဟုတ်တော့ပဲ နှလုံး ၂ချက် ခုန် မှ တချက် နောက်တော့ ၃ချက် မှ တချက် နှုန်းနဲ့ လုံးဝ ပျောက်သွားပါတယ်။
တရားစခန်းမှာဝေဒနာ ခံစားရတာဆိုရင်တော့ ပျောက်အောင် မှတ်နိုင်ဖို့ အကောင်းဆုံး နေရာပါပဲ။
အားမလျော့ပါနဲ့.. ၀မ်းမနည်းပါနဲ့.. ကိုယ်လုပ်တာ ကိုယ်ခံရတာပါပဲ.. အရေးကြီးဆုံးကတော့ ဝေဒနာခံစားမှု နာကျင်လာရင် ဒေါသစိတ်ဖြစ်တတ်တယ်။ ဒေါသစိတ်လုံးဝ မဖြစ်အောင် ထိန်းပါ.. ဝေဒနာပေါ် ခံစားမှု လိုက်သွားရင်တော့ ဒေါသစိတ် ဖြစ်တတ်တယ်။ သတိမလွတ်ဖို့ အရေးကြီးတယ်။ သိပ်ဝေဒနာ ခံစားရရင်တော့ ကိုယ့်ကြောင့် နာကျင်ခဲ့ရသူကို ဒီလို ခံစားရတဲ့ ဝေဒနာ ဒီသတ္တ၀ါ အတွက် နောက်ဆုံး ဖြစ်ပြီး နောက်နောင်များ အဲလို မခံစားရပါစေနဲ့.. သူလည်း ရောက်ရာ ဘုံဘ၀မှာ အေးချမ်းပါစေ။ စသဖြင့် မေတ္တာပို့ပေးလိုက်ပါ။ ကိုယ်လုပ်ခဲ့တာ ခွင့်လွတ်နိုင်ပါစေ ဆိုပြီးသာ စိတ်ကို တိမ်းညွတ်ပေးလိုက်ပါ။
လူသား ဖြစ်တဲ့ အတွက် ခံစားနေရတဲ့ ဝေဒနာ ကို သက်သာစေအောင် ဆေးမျိုးစုံ အထောက်အကူပေး ခံရခြင်းဟာလည်း အလွန်ထူးတဲ့ ကုသိုလ်ပါပဲ။
အခုပြောတာ ယုံချင်ယုံ မယုံရင် ပုံပြင်သာ မှတ်လိုက်ပါ.. ပိုစ်ရေးတဲ့ သူ အတွက် တိုက်ဆိုင်မှု ရှိနေလို့ အားပေးသွားခြင်း ဖြစ်ပါသည်။
Was this answer helpful?
LikeDislikeမနိုရေ …
နွယ်ပင်ကတော့ ကြောင်လေးတွေကို ချစ်ပင်မယ့် သူတို့က အနားလာပြီး
ပွတ်သီးပွတ်သပ်လုပ်ရင်တော့ တော်တော်လေး အသဲယားတက်လို့
အနားကပ်လာပြီဆိုတာနဲ့ တွန်းတွန်းထုတ်ဖြစ်တယ် တစ်နေ့တော့ ကြောင်လေး
တစ်ကောင်က လာပြီး အနားကပ်တာ မထင်မှတ်ပဲ တွန်းထုတ်လိုက်တာ သူ့ခေါင်းကို
အနောက်က ဆက်တီနဲ့ ဆောင့်မိသွားပြီ တော်တော်လေးလဲနာသွားတယ်
ကိုယ်တွေကတော့ ကြောက်စိတ် အသဲယားစိတ်နဲ့ လုပ်လိုက်ပင်မယ့် အားပါသွားတော့
သူ့ခမျာ နာသွားရှာတယ်လေ တိုက်ဆိုင်တယ်ပဲပြောရမလား ဘာလားပဲ အဲလိုဖြစ်ပြီး
နောက်ရက်ကျတော့ နွယ်ပင့်တူလေးလက်ကကိုင်ဆော့နေတဲ့ သစ်သားတုတ်က
ချော်ထွက်ပြီး ကိုယ့်ခေါင်းကို လာမှန်တာလေ တော်တော်လေးလဲ အီပြီး ခေါင်းလဲမူးသွားခဲ့တာပေါ့
အခုတော့ ကြောင်လေးတွေ အနားလာပြီး ပွတ်သီးပွတ်သပ်လုပ်ရင် အရင်လို တွန်းမထုတ်တော့ပဲ
ကိုယ်ကချည်း ဦးအောင်ပြေးတော့တာပဲ ……
Was this answer helpful?
LikeDislikeနိုနိုကျီစားခဲ့တဲ့ ကြောင်လေးက ကြောင်ကြီးပါပဲကွယ်။ နိုနို့လက်ချက်နဲ့ ကြောင်ကြီး အသဲနှလုံး ကြေမွသွားခဲ့ရတယ်။ နိုနိုသာ သိတတ်မယ်ဆိုရင် ကြောင်ကြီး ကွဲကြေနေတဲ့ နှလုံးသားလေး ပြန်လည်နိုးထနိုင်ပါလိမ့်မယ်။ နိုနို့သဘောပါပဲ..မျက်နှာလွှဲခဲပစ် ကိုယ့်လုပ်ခဲ့တာ ကိုယ်တာဝန်မယူချင်ဘူးဆိုရင်လည်း ကြောင့်ထိုက်နဲ့ကြောင့်ကံပေါ့။ သို့ပေမဲ့ ပြုခဲ့တဲ့ကံကတော့ အရိပ်ပမာ ထပ်ချပ်မကွာ လိုက်နေမှာပဲ…ကာယကံရှင်ကလည်း ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပြီး ပြုခဲ့တဲ့အမှားအတွက် ပြန်ပေးဆပ်အုံးမှ ဖြစ်မှာ…နို့မို့ရင် ကာလကြာလာတာနဲ့ အတိုးတက်ပြီးရင်းတက်ပဲ။ ဦးကြောင် ခွင့်လွှတ်ချင်ပါတယ် ဒါပေမဲ့ ခွင့်လွှတ်ဖို့ကြိုးစားတိုင်း ရင်ထဲမှာ နာလာတယ်…ကြေမွသွားတဲ့ အသဲနှလုံးက လက်မခံနိုင်ဘူး ထင်ပါရဲ့…။ ဦးကြောင် တရားဓမ္မနဲ့ သက်ဆုံးတိုင်နေထိုင်သွားဖို့ ဆုံးဖြတ်ထားပေမဲ့ နိုနို အခုလို ခံစားနေရတာ မကြည့်ရက်ဘူး။ ပြီးတော့ သံသရာဝဋ်ကြွေးလည်း ပါမသွားစေချင်ဘူး။ ချောက်နေတာ မဟုတ်ဘူးနော်..ငရဲကြီး ရှစ်ထပ်မှာ အပြန်ပြန်အလှန်လှန် မလွတ်တမ်း ခံရမှာစိုးလို့ပါ။ ကြောက်စရာကြီးကွယ်.. မသိလို့လုပ်မိပေမဲ့ ငရဲက မနေဘူး…အားကြီးစိတ်ကြီးဒယ်…။ ဦးကြောင်ရင်မောဒယ်ကွယ်..။
Was this answer helpful?
LikeDislikeတော်တော်လေးလဲ အသက်ရှည်တဲ့ ကြောင်ကြီးပါလာကွယ်
စားသတိ သွားသတိနော် ကြောင်ကြီး
တော်ကြာ ဗိုက်ကို ညစ်တဲ့လူ မဟုတ်ပဲနဲ့
ဟင်းအိုးထဲထည့်ပြီး ဆော့တဲ့လူနဲ့တွေ့နေမယ်နော်
စိုးရိမ်မိတယ် ကြောင်ကြီးရယ်
Was this answer helpful?
LikeDislike” ၀ဋ်မှာ အမြဲ ငရဲမှာအပ” ဆိုတာကျွန်တော်တော့ယုံတယ်…အားရင်အချက်အလက်တိတိကျကျနဲ့
ရေးတင်ပါအုံးမယ်…ပသို့ဆိုစေကာမူ သူတပါးအားမိမိကိုယ်တိုင်နှင့် နှိင်းယှဉ် ကိုယ်ချင်းစာတရား
ထားပီး..မနှိပ်စက်သင့်ပါပေ…
Was this answer helpful?
LikeDislikeကျနော်တောင်မနေ့ကမှ သူငယ်ချင်းအိမ်ရောက်တော့ lucky fish တစ်ကောင် မွေးထားတာတွေ့လို့ စမ်းကြည့်ချင်တာနဲ့ သူတို့အိမ်ဘေးက ငါးအရှင်နှစ်ကောင် ၀ယ်ပြီးကန်ထဲချပေးလိုက်တာ အစပိုင်းတော့ဟိုကောင်က မကိုက်ပါဘူး သိပ်မကြာပါဘူး ခနလဲနေရော ပထမဆုံး တစ်
ကောင်ကို သုံးချက်လောက်တွတ်ပြီးတော့ ဟပ်ပြီးစားလိုက်တာပဲ ဒုတိယကောင်ကတော့ နည်းနည်းကံကောင်းတယ် အတွတ်မခံလိုက်ရဘူး
တစ်ခါတည်းမျိုခံလိုက်ရတယ်
Was this answer helpful?
LikeDislikeဘာကို စမ်းကြည့်ချင်တာလည်း
lucky fish က တခြားငါးကို စားမစား လား ဒါမှမဟုတ်
ဝဋ်လိုက်မလိုက်လား
Was this answer helpful?
LikeDislikeမနိုရေ
တရားတော်တွေကို နှလုံးသွင်းလက်ခံလာတဲ့အခါ( သတိထားမိနေတာလည်းပါမှာပေါ့နော်)
အကျိုးပေးတွေမြန်လာတာကိုမြင်ရတတ်ပါတယ်။
အထူးသဖြင့် မကောင်းတာတွေပေါ့။
ကျွန်မစိတ်ထင်တော့ ကိုယ်ကဖြူအောင်နေချင်လို့ ကြိုးစားလာတဲ့အခါမှာ ရှိပြီးသားအမည်းတွေ နည်းနည်းလျော့လာတော့ အမည်းလေးတစ်စက်ထပ်တင်ရင်လည်း သိသိသာသာဖြစ်နေတော့တာပါပဲ။
နောင် ဒီအကုသိုလ်မျိုးထပ်မလုပ်မိအောင် သတိပေးသလိုဖြစ်လို့ ပိုကောင်းပါတယ်လို့ပြောပါရစေ။
စကားအတင်းစပ်
ကင်မချီကိုမနိုနည်းအတိုင်းလုပ်ကြည့်ပြီးပြီ၊
ကောင်းကြောင်းထောက်ခံစာပါ။
Was this answer helpful?
LikeDislikeနောင် ဒီအကုသိုလ်မျိုးထပ်မလုပ်မိအောင် သတိပေးသလိုဖြစ်လို့ ပိုကောင်းပါတယ်လို့ပြောပါရစေ။
မနိုလည်း ဒီလိုပဲမှတ်သားထားလိုက်ပါတယ် မမpadomar ရေ.
ps
12က်နေ့ တွေ့ဖြစ်ရင် ကင်မ်ချီဘူးယူခဲ့ဘို့မမေ့နဲ့နော် ;p
Was this answer helpful?
LikeDislikeအော် သက်ရှိနေစဉ်မှာ ကို ငရဲကရှိနေတယ်ဆိုတာ ကို သက်သေပြုသလိုပါဘဲဗျာ။ကျေးဇူးပါနော်။
Was this answer helpful?
LikeDislike