ကုန်ဈေးနှူန်း
|201- Hits|clean government ၊လာဘ်စားမှူပပျောက်ရေး၊တရားစီရင်မှူဖြောင့်မှန်ရေး၊လူကုန်ကူးမှူပပျောက်ရေး၊အားကစားအဆင့်မြင့်မားရေး….စသည့်စသည့်အားလုံးဟာ ကုန်ဈေးနှူန်းကျဆင်းဘို့ပေါ်မှာမှူတည်ပါတယ်၊ဒါကိုအကြံပေးအရာရှိမင်းများ အကြံပေးနိုင်မှ အောင်မြင်ပါမယ်၊ ဒါကိုသက်သာစေနိုင်တာက လူအများ အလုပ်အကိုင်ရရှိစေဘို့ပါဘဲ၊ဒီအတွင်းမှာ ကုန်ဈေးနှူန်းလဲကျရင်တော့အဆင်ပြေဆုံးပါဘဲ၊တက်စေတဲ့အရာမှန်သမျှကို အစိုးရက ဖယ်ရှားနိုင်ရပါမယ်၊
ကျွန်တော်သိသလောက် လောင်စာပေါ်မှူတည်ပြီးဈေးနှူန်းတက်ခဲ့တယ်၊ဘာလို့လဲဆိုတော့ သယ်ယူပို့ဆောင်စရိတ်တွေ၊ဘတ်စ်ကားခတွေ တက်သွားလို့ပါ၊
CNGသုံးတဲ့စရိတ်က သက်သာသော်လဲ CNGကားခများကိုလျော့ချ မပေးပဲထားသဖြင့်လူအများ စရိတ်ထောင်းနေကြရသည်၊
မီတာခ တက်တော့ဈေးကတက်သည်၊ မီတာထိန်းသိမ်းခ ဆိုတာက အဆမတန်များနေလို့မီတာခမတတ်နိုင်လို့လုံးဝမသုံးတဲ့အိမ်လဲ တလ တထောင်ပေးရသည်။
ယခင်က ဒေါ်လာတက်ရင် ဈေးလိုက်တက်သည်၊ယခု ဒေါ်လာကျတော့ပြန် မကျ၊
ကုန်သည်များဟာ တဦးနဲ့တဦး ဦးနာအောက်နဲ့ ဧရာဝတီ ကုမ္ပဏီဖြစ်ရမဲ့အစား အသင်းဖွဲ့ပြီး ဈေးနှူန်းတည်ငြိမ်အောင် လုပ်သယောင်ယောင်နဲ့ ဈေးညှိ သတ်မှတ် နေ
ကြသည်၊
သယ်ယူစရိတ်ကြီးနေတဲ့အထဲ မလိုတဲ့ဂိတ်ကြေးများကြောင့်ပို ပို ဈေးတက်သွားသည်၊
…စသည်စသည် ကဲ့သို့သောအခြားအချက်များကို လုပ်ဆောင်ပေးပါက နဲနဲတော့ ထူးခြားမည် ထင်မိပါသည်၊သင် ကော၊ ဘယ်အချက်များ စဉ်းစားလို့ရပါသလဲ???
Related posts:


အင်း. စဉ်းစားရခက်လှချည့်ဗျာ။ဘောဂဗေဒ ကိုကျွမ်းကျင်ပိုင်နိုင်သော ဆရာများ၏
အကြံဥာဏ်များကို ဖတ်ရလိုပါ၏။
Was this answer helpful?
LikeDislikeဟုတ်ပါတယ်ဗျို့……. စပါးဈေး ကျနေပေမဲ့ ပိုးသတ်ဆေးနဲ့ မြေသြဇာက ဈေးမကျဘူးဗျို့….။ အဲ ဈေးမချဘူး….။ အဲဒေါ့ နောက်နှစ်ကျရင် စပါးမစိုက်တော့ဘူးလို့ ပြောကုန်ပြီ…။ အဲဒါ ဘိုလို လုပ်ကြမလဲ………။ ????????????????
Was this answer helpful?
LikeDislikeဟုတ်တယ်…
ဘာ.. ကုန်သည်ကြီးများအသင်း ညာ…ကုန်သည်ကြီးများအသင်းဆိုပြီး
အချင်းချင်းညှိနှိုင်းပြီးအကျိုးတူ ပူးပေါင်းဆောင်ရွက်နေကြတာလေ..
အချင်းချင်းလဲ ကြွေးတွေ ပါတ်လည် ရိုက်နေကြတော့ သူ့အကျိုး ကိုယ့်အကျိုး ငဲ့နေကြတာ.
ဈေးတက်ဖို့ဆို ညီညီညွှတ်ညွှတ် တက်ကြတယ်
ဈေးချဘို့ဆိုရင်တော့ စည်းဝေးတောင် မလာကြဘူး။
အဲ..ဝယ်တဲ့ ရာသီဆိုရင်တော့ အပြီုင်အဆိုင် အောက်ဈေး နှိုက်ကြတာ..
ခံကြရတာ တောင်သူတွေ..သေပြီသာမှတ်… တဲ့။
အခုမှ ကြောက်ရမဲ့သူမရှိတော့..ဒီမိုကရေစီ သူတို့ အရင်ရကြတာ..
ပြည်သူနဲ့ တောင်သူ..ညှာတာရန်မရှိ ငါ့ကိုယ်ကျိုးသာကြည့်…ဖြစ်နေကြတယ်။
ဒီခေတ်ကုန်သည်ကြီးများ အရှုံးမရှိ..။
Was this answer helpful?
LikeDislikeသူ့ဘက် ကိုယ့်ဘက် မျှမျှတတ အပြန်အလှန်လည်း စဉ်းစားကြည့်ပါဦးကွယ်။
မောင်ရင် ဈေးဝယ်ရင်-
၁။ ဈေးသက်သာတဲ့ဆိုင်ကို ရွေးဝယ်လား……..
၂။ ဈေးကြီးတဲ့ဆိုင်ကို ရွေးဝယ်လား ………..
မောင်ရင့်မှာ ရောင်းဖို့ ပစ္စည်းရှိရင်-
၁။ ဈေးပိုပေးတဲ့လူကို ရောင်းလားးးးးးးးး
၂။ ဈေးနည်းနည်းပဲပေးတဲ့လူကို ရောင်းလားးးးးးးးးးးးးးး
ကုန်သည်ကြီးများ အရှုံးမရှိဆိုတာ ဘယ်အဆင့်ကို ပြောတာလဲ မသိဘူး။
သာမန် သမာအာဇီဝ လုပ်ကိုင်စားသောက်နေရတဲ့ ကုန်သည်တွေမှာလည်း ဘေးကြပ်နံကြပ်ဆိုတော့ကာ….
ကိုယ်တိုင်လည်း လုပ်ကြည့်လိုက်ပါဦး။
Was this answer helpful?
LikeDislikeဈေးနှုန်းဆိုတာ ရောင်းအားနဲ့ဝယ်အားရဲ့အားပြိုင်မှုတခုပါပဲ။ ၂၆၀၀၀ ပေါက်ဈေးရှိတာကို ၃၃၀၀၀ နဲ့ဝယ်တာတောင် အကောင်းပြောမခံရဘူးဆိုတော့…။
ဈေးကွက်ပေါက်ဈေးကို အရှုံးခံဝယ်နေရင်တော့ ဆင်းရဲမွဲတေမှု ကိုဖြစ်စေနိုင်ပါတယ်။ စပါးကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပေးရင်းက စပါးဈေးကျတာ နိုင်ငံတော်နဲ့မဆိုင်ဘူးလို့ထင်ပါတယ်။ နိုင်ငံတော်က ပါမစ်တွေ ချမပေးဘူးဆိုရင်တော့ စပါးဈေးကျတာ နိုင်ငံတော်နဲ့ဆိုင်ပါတယ်။
Was this answer helpful?
LikeDislikeစပါးဈေး ဘာလို့ကျရတယ်လို့ထင်လဲ?? လွန်ခဲ့တဲ့ ၉ ရက်လောက်က ကျွန်တော့်ဆီကို လူတစ်ယောက် ရောက်လာတယ် သူက စပါးဝယ်တဲ့သူ အစိုးရက အရံဆန် ဆိုပြီးတော့ ဝယ်မှာတဲ့ ၊ဒါက စီမကိန်း အသစ်တဲ့၊
အဲလိုဆိုတော့ သူက 330000 ဈေးပေးမယ်တဲ့ ၊ အပြင်မှာက 260000 လောက်ပဲ ရှိတာလေ၊ ဟုတ်တော့ဟုတ်ပါပြီ ၊ ဒါပေမယ့် ဝယ်တဲ့သူက ဘယ်တင်း နဲ့ဝယ်မှာလဲ၊ နောက်ပြီးတော့ တောင်သူကရော တစ်ကယ်ပဲ 330000 ဈေးနဲ့ရမှာလားဆိုတော့ သူ သေသေချာချာ မပြောတော့ဘူး၊ ကျွန်တော် သိသလောက်ပြောရရင် အစိုးရ (ကုန်သွယ်ရေးဝန်ကြီး) က 330000 နဲ့ဝယ်ခိုင်းတယ်၊ ဒါပေမယ့် သူတို့ သိမ်းတဲ့ ဒိုင် ကိုရောက်အောင် ပို့ပေးရမှာတဲ့ ၊ အဲဒီ သယ်ယူစရိတ်ကို ဘယ်သူက ခံပေးမယ် ဆိုတာကို ထည့်ပြောမသွားဘူး (သူတို့ လည်ပုံပြောပါတယ်) တစ်ကယ်ဆိုရင် ဈေးကို အရောက် 330000 လို့ပြောလိုက်ပါလား ၊ အဲလိုဆိုရင်လဲ ပွဲစားက ပဲစားသွားလိမ့်မယ်လေ၊ အပြင် ကုန်သယ်တွေဘက်ကလဲ ဈေးတက်ပေးမလား မသိပါဘူး၊ ကျွန်တော် သိသလောက်ပြောပါမယ် စပါးဈေး အဲဒီလောက် အထိ ကျဆင်းသွားတာဟာ နိုင်ငံရေး နဲ့ အများကြီး ပတ်သက်နေပါတယ်၊ ကျွန်တော် ဒေါင့်ကန်ဘောပဲ ကန်လိုက်တော့မယ်နော် စာဖတ်သူတို့ ခေါင်းတိုက်ပြီး သွင်းကြည့်လိုက်ပါ၊
Was this answer helpful?
LikeDislike